အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Open in Telegram
Show more
1 030
Subscribers
-224 hours
-27 days
-1330 days
Posts Archive
" အင်း ပြောလေ သမီး ...အဖေလဲ သမီးကိုမေးစရာရှိလို့ ..ဟိုလေ သမီးရဲ့အမေ အွန်လိုင်းမှာ ဈေးရောင်းနေတာ သမီသိလား "
ကိုဇင်မောင်မေးလိုက်တော့ ပိုးအိဇင်က ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်သည်။
"သိပါတယ်... ဟိုရက်ကလိုင်းပေါ်မှာတွေ့လိုက်တယ်....အဲ့ဒါဘာဖြစ်လို့လဲ အဖေ ...."
"အင်း ဘာမှတော့မဟုတ်ပါဘူးကွာ ...သူက အဖေ့ဇနီးဆိုတာကိုလဲ တော်ရုံလူမသိပါဘူးလေ... သူ့ကိုမြင်ဖူးတဲ့သူလဲသိပ်မှမရှိတာ ... သူဈေးရောင်းနေလို့ သမီးလေးရှက်မှာစိုးလို့ပါ "
ကိုဇင်မောင်က သမီးငယ်ကို အကဲခတ်ကြည့်ရင်းပြောလိုက်သည်။
" မဆိုင်ပါဘူး အဖေရယ် ... အမေ့ကို သမီးရဲ့ငယ်သူငယ်ချင်းတွေပဲ မြင်ဖူးကြတာပါ ... သူတို့ သိလဲ သမီးက ဘာလုပ်ရမှာလဲ ...အဖေတို့လဲ ကွာရှင်းပြီးပြီပဲလေ "
သမီးဖြစ်သူက ပြောလိုက်သော်လည်း ကိုဇင်မောင့်ရင်ထဲ ဘာရယ်မသိ စိတ်ညစ်ညူးရှုပ်ထွေးနေမိလေသည်။
''ဟုတ်ပါပြီ... သမီးက အဖေ့ကို ဘာပြောမှာလဲ ပြောလေ "
ဖခင်၏ စကားကြောင့်ပိုးအိဇင် တစ်ခဏမျှ ငြိမ်သက်သွားမိသည်။ပြီးနောက်မှ အားတင်းလျက် ဖခင်ကိုပြောလိုက်သည်။
" ဟို...ကျောင်းသွားတက်ဖို့ ငွေသွင်းရတော့မယ် အဖေ ...အဲ့ဒါငွေက ရာကျော်နေလို့ ....အဘွားတို့ကိုလဲမပြောချင်ဘူး "
" ရာကျော်ဆိုတော့ ဘယ်နှစ်ရာကျော်တာလဲ သမီးရဲ့ ...အဖေပေးမှာပေါ့ကွယ် ... ငွေသွင်းရမဲ့ရက်ရောက်ရင်ပြောလေ ... အဖေလိုက်ခဲ့မှာပေါ့ ....အခုပဲ သမီးရဲ့အဘွားက ပြောလိုက်ပါတယ် .... ဒါနဲ့ သမီးလေး ခုတလေငွေတွေတအားသုံးနေတယ်ဆို ..ဘာတွေများ အသုံးလိုနေလို့လဲကွယ် .."
" ရှင် "
ဖခင်၏ စကားကြောင့် ပိုးအိဇင်ထိတ်လန့်တုန်လှုပ်သွားမိလေသည်။ချစ်သူကျော်သက်ကို ပိုးအိဇင်စရိတ်ထောက်ပံ့ပေးနေသည်ကို ဖခင်ကြီးများ သိသွားပြီးလားဟုတွေးပြီး စိုးရိမ်သွားမိလေသည်။
" ဟို ..ဟို ... သမီးသူငယ်ချင်းတွေထဲမှာ ငွေကြေးအဆင်မပြေတဲ့သူတွေပါလို့ ...ဘာစားစားဘာဝယ်ဝယ် သမီးကလိုက်ရှင်းနေလို့ ငွေပိုကုန်နေတာပါ အဖေ ... နောက်ဆို သမီးဆင်ခြင်ပါ့မယ် ... ပြီးတော့ ငွေသွင်းတဲ့ကိစ္စကလဲ သမီး ဘာသာလုပ်ပါ့မယ် ...အဖေက မင်္ဂလာပွဲကိစ္စနဲ့အလုပ်များနေတယ်မဟုတ်လား "
ပိုးအိဇင် အကြောင်းပြချက် ရှာလျက် ဖခင်ကိုပြောလိုက်သည်။
''အင်း ...အဲ့ဒါက လိုပါသေးတယ် ..မင်္ဂလာရက်ကိုနောက်ရွေ့ ထားတယ် ...သမီးရဲ့ကျောင်းကိစ္စတော့ အဖေလုပ်ပေးရမှာပေါ့ကွယ် ...အရင်လို သမီးရဲ့ကျောင်းကိစ္စတွေကို လိုက်လုပ်ပေးမဲ့သမီး အမေမှမရှိတော့တာ .. ငွေသွင်းရမဲ့ရက်ကျလာရင် အဖေ့ကိုပြောနော် ...ကဲ ....အဖေသွားတော့မယ် "
ဖခင်ဖြစ်သူ ပြန်သွားသောအခါ ပိုးအိဇင်စိတ်ပျက်လက်ပျက်နှင့်အိပ်ရာပေါ်သို့ဝုန်းခနဲ ပစ်လဲချလိုက်မိတော့သည်။
~~~~~~
"ဘယ်လိုဖြစ်လို့ တူတူမသွားချင်ရတာလဲမျိုးရယ်..ခါတိုင်းလဲ ဒီလိုပွဲတွေကို အတူတူသွားကြတာလေကွာ ...ကိုယ်မကွာရှင်းခင်က တောင် အတူတူသွားကြတာပဲကို ..."
ကိုဇင်မောင် အလိုမကျသော မျက်နှာနှင့်မျိုးမမကိုပြောလိုက်သည်။
"ဟုတ်ပါတယ် အစ်ကိုရဲ့ .... မျိုး ပြောတာကိုလဲနားထောင်ပါအုံး ... အခုဖိတ်တဲ့ပွဲက ဟော်တယ်ပွဲလေ...အဲ့ဒါကြောင့်မျိုးက အလှပြင်ဆိုင်မှာပြင်ပြီးမှရတနာတို့နဲ့အတူ လိုက်ခဲ့မှာ ... ပွဲရောက်ရင် တွေ့ရမှာပဲလေနော် အစ်ကို "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၈ ) ဆက်ရန်
#ဧကြည်ဖြူ
မိုးထက်မှာ မပိုးဖြူကိုကြည့်ရင်း သက်ပြင်းခိုးချလိုက်မိသလို ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးဆိုင်ကိုကြိုတင်အကြောင်းကြားထား ဖို့လဲမှတ်ထားလိုက်ရသည်။
"ဆိုင်က အရောင်းသွက်ရဲ့လား ပိုးဖြူ ....အွန်လိုင်ကရောင်းတာရော အဆင်ပြေရဲ့လား "
" အင်း တစ်လကျော်အတွင်းမှာ မဆိုးဘူးလို့ ပြောရမှာပဲ ..အွန်လိုင်းမှာလဲရောင်းရတယ် ... အွန်လိုင်းမှာ အမြဲတမ်းဖောက်သည်တောင် ရနေပြီသိလား ..သူကလေ တစ်ပတ်ကို လေးငါးသိန်းဖိုးလောက်ဝယ်တယ် ... နယ်မှာ ဆိုင်ဖွင့်ထားတယ်ပြောတာပဲ ....သူမှာတဲ့ ပစ္စည်းတွေကို တက္ကစီနဲ့လာယူခိုင်းပြီး ကားဂိတ်ကိုတင်ခိုင်းတာတဲ့လေ .. အဲ့ဒီဝယ်သူကြောင့် ကျွန်မလဲ အားတွေရှိပြီးပိုပြီးသတ္တိရှိလာသလိုပဲသိလား "
အပြုံးမျက်နှာလေးနှင့်ပြောနေသောမပိုးဖြူကို မိုးထက်ပြုံး၍ကြည့်နေမိသည်။
"နောက်ဆို ကျွန်တော်ပါအားပေး လို့ရအောင် ... ယောကျာ်းဝတ်တွေလဲ ရောင်းလေ...."
မိုးထက်၏ စကားကြောင့် မပိုးဖြူ မျက်နှာလေးကို စူတင်းလိုက်ပြီး
"မရောင်းပါဘူး ... အလုပ်ရှုပ်တယ် .. ရှင်ပြန်တော့လေ ... ဆိုင်ထဲမှာအကြာကြီးစကားပြောနေတော့ ဘေးဆိုင်တွေကတစ်မျိုးထင်ကုန်အုံးမယ် "
မပိုးဖြူ အားမနာတမ်းပြောချလိုက်သောအခါ မိုးထက်မှာ အပြုံးမပျက်ခေါင်းငြိမ့်ပြရင်း ဆိုင်ထဲမှ ထွက်ခဲ့ရတော့သည်။
~~~~~~
"ဟ...ဘာတွေ ဒီလောက်ကြည့်နေကြတာလဲ "
ကိုဇင်မောင်ဖုန်းဆိုင်ထဲသို့ဝင်လိုက်ချိန်တွင် ဝန်ထမ်းကောင်လေး၊ကောင်မလေးများအားလုံး ခေါင်းချင်းဆိုင်လျက် ဖုန်းကို ကြည့်နေကြသောကြောင့် ကိုဇင်မောင်လှမ်းမေးလိုက်မိခြင်းဖြစ်သည်။
"ဟို .. ဟို ... ဘာမှမဟုတ်ပါဘူး ဆရာ "
သူတို့အားလုံးကိုဇင်မောင်ကို မြင်လိုက်ကြသောအခါ မျက်စိမျက်နှာပျက်ဖြင့် နေရာမှအလျှိုအလျှို ထွက်သွားကြလေသည်။
" အမယ် ....ဘာကိုဘာမှမဟုတ်တာလဲ ...ဆိုင်ကိုတောင်ပစ်ထားပြီး ဘာတွေကြည့်နေတာလဲ ပြပါ အုံး ....ငါလဲကြည့်ချင်တာပေါ့ "
ကိုဇင်မောင်စသလို နောက်သလိုနှင့်ပြောလိုက်ပြီး ဝန်ထမ်းကောင်မလေးလက်ထဲမှ ဖုန်းကို ဆွဲယူကြည့်လိုက်သည်။ကိုဇင်မောင့်လက်ထဲသို့ ဖုန်းရောက်လာချိန်တွင် ကိုဇင်မောင်ဖုန်းကို ကြည့်ပြီး ကြက်သေသေသွားမိသည်။ဖုန်းတွင်လာနေသည်မှာ အွန်လိုင်းရှော့တစ်ခုမှ တိုက်ရိုက်ရောင်းချနေသော အစီအစဉ်ဖြစ်သည်။ရောင်းချနေသူမှာက မပိုးဖြူဖြစ်သည်။တစ်ချိန်ကကိုဇင်မောင်၏ချစ်ဇနီး မပိုးဖြူ ။ပိုးဖြူ ဆိုသည့်အတိုင်း အဖြူရောင်ဂါဝန်ကိုဝတ်ထားသည်။လှိုင်းတွန့် ဆံပင်ရှည်ရှည်များက ခပ်သွယ်သွယ်မျက်နှာလေးနှင့်လိုက်ဖက်လွန်းနေသည်။သူမပုံစံသည် အိမ်ကထွက်သွားစဉ်အခါကလို ဖြူဖြူဖျော့ဖျော့ပိန်သေးသေးလေးနှင့် အေးစက်တင်းမာနေသော မျက်နှာမျိုးမဟုတ်တော့ပေ။လှပသော၊ ကြည်လင်ရွှင်ပျသော၊ ရဲရင့်သော အမူအရာရှိလေသည်။ဖုန်းကိုကိုင်လျက် ကိုဇင်မောင်သတိလက်လွတ်နှင့်ကြည့်နေမိသည်။အချိန်နှစ်လအတွင်း၌ လူတစ်ယောက် ဤမျှပြောင်းလဲသွားသည်ကိုလည်း ကိုဇင်မောင်မယုံကြည်နိုင်အောင်ဖြစ်နေမိလေသည်။
~~~~~
"ဆေးလိပ်တွေတော့ မသောက်ပါနဲ့နော် ကိုကို ... ငွေလိုနေတာမဟုတ်လား ... ပိုးအိ ရှာပေးပါ့မယ်စိတ်မပူနဲ့နော် ..."
ပိုးအိဇင်ကချစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်ရင်းနှစ်သိမ့်လိုက်သည်။
"ပိုးအိကို အားနာလှပြီကွာ ... ဒီလောက်ခက်ခဲနေတဲ့ ခရီးစဉ်ကိုလဲ ကိုကိုမသွားချင်တော့ဘူးကွာ ...ဒီနိုင်ငံမှာပဲ ရရာအလုပ်လုပ်ပြီးနေလိုက်ပါတော့မယ် ...လကုန်ရင်ကုန်ကျစရိတ်သွင်းပြီး ပိုးအိလေးပဲ သွားလိုက်ပါတော့ကွာ ....ကိုကို အလုပ်လုပ်ရင်း ပိုးအိကိုစောင့်နေပါ့မယ် "
"မဟုတ်တာကိုကိုရယ် ...ပိုးအိက ကိုကိုသွားမယ်ဆိုလို့ ကိုကိုနဲ့အတူ လိုက်ချင်တာပါ ...ကိုကိုမသွားမှတော့ ပိုးအိကရောဘာသွားလုပ်ရမှာလဲ ...ပိုးအိအိမ်မှာ ပိုက်ဆံ တောင်းကြည့်မယ် ...အဖေနဲ့ အဘွားတို့က ပိုးအိကိုသိပ်ချစ်တာ ...ပိုးအိစိတ်တိုင်းကျအမြဲလိုက်လျောတယ် ..တကယ်လို့ ပိုအိတောင်းတဲ့ငွေကို ထုတ်မပေးရင်လဲ ပိုးအိသွင်းရမဲ့ငွေကို ကိုကို အတွက်၀င်ကြေးပဲသွင်းလိုက်ပါနော် "
"ဟာကွာ ....ပိုးအိရယ် ... ကိုကို့ကို အဲ့လောက်တောင် ချစ်တာလား ကွာ .."
ကျော်သက်က ပိုးအိဇင်၏ ကိုယ်လုံးလေးကို ခပ်တင်းတင်းပွေ့ဖက်ရင်းပြောလိုက်သည်။
~~~~
"သားငယ်ရေ ...မင်းလဲအိမ်လေးဘာလေးပြန်လာပါအုံး... မြေးလေးကျောင်းသွားတက်မဲ့ကိစ္စတွေကိုလုပ်ပေးအုံးလေ .. မြေးလေးက အမေတို့ကိုလဲဘာမှမပြောဘူး ..လကုန် ငွေသွင်းရမယ်လို့တော့ သတင်းကြားတယ်...ပြီးတော့ ခုတလောမုန့်ဖိုးတွေလဲတအားသုံးတာပဲ ... မဟုတ်မှ သူ့အမေ မျိုးမကောင်းကိုများခိုးပြီး ထောက်ပံ့နေသလားလို့ မေးပါအုံး "
" အဲ့လိုတော့ ဟုတ်ပါ့မလား အမေရယ် ... ကျွန်တော်မေးကြည့်ပါအုံးမယ် "
မိခင်ကြီး၏ စကားကို ကိုဇင်မောင် ခေါင်းငြိမ့်ပြလိုက်ပြီး သမီးဖြစ်သူအခန်းရှိရာ အပေါ်ထပ်ဆီသို့ တက်ခဲ့လိုက်သည်။
" ဒေါက် ... ဒေါက် "
" အဖေပါ သမီးလေ ..တံခါးဖွင့်ပါအုံး "
ကိုဇင်မောင်၏ စကားသံ အဆုံးတွင် ပိုးအိဇင်၏အန်းတံခါးမှာပွင့်လာသည်။
"အဖေလာတာနဲ့ အတော်ပဲ ...အဖေ့ကို သမီးပြောစရာရှိလို့ "
ကိုနောင်၏အမေးကို မျိုးမမအသံချိုချိုလေးဖြင့် ပြန်ဖြေလိုက်သည်။မိမိနှင့်အတူထိုင်စကားပြောနေသောသူသည် မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကြဲ စာရင်းဝင်သူဌေးတစ်ယောက်ဖြစ်နေသူမို့ မျိုးမမကျေနပ်သည်။ဂုဏ်ယူသည်။ဤအသိုင်းအဝိုင်းအတွင်းသို့ မျိုးမမ၀င်ရောက်ခွင့်ရလျှင် ကိုဇင်မောင်လိုလူမျိုးကို မစွန့်လွှတ်နိုင်စရာအကြောင်းမရှိ။ငွေကြေးချမ်းသာတာခြင်းတူလျှင်တောင် ဂုဏ်ရှိန်ဝါခြင်းမတူနိုင်။ မယှဉ်နိုင်ပေ။
" မျိုးနဲ့ ကိုယ့်ယောက်ဖနဲ့က ရင်းနှီးကြလား ... ဟိုနေ့က ဧည့်ခံပွဲမှာ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတာ အကဲခတ်မိတယ် "
" ကိုမိုးထက်နဲ့မျိုးက ခင်မင်ရုံပါ အစ်ကိုကြီး ...သိပ်ပြီးမရင်းနှီးကြပါဘူး ...ကိုမိုးထက်က အရမ်းအေးတယ် "
မျိုးမမအလိုက်သင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ် သူကအေးအေးဆေးဆေးနေတတ်တယ် ..... အစ်ကို့ဇနီးနဲ့မောင်နှမအရင်းတွေလိုနေတာတောင် အိမ်ကိုလာခဲတယ် ... မိန်းမကိစ္စလဲ ဘာသတင်းမှမကြားရပါဘူး .. ကိုယ့်ဇနီးကတော့ သူ့မောင်အတွက် သတို့သမီးလောင်းရှာပုံတော်ဖွင့်နေတာပါပဲ "
ကိုနောင်ပြောနေသမျှကို မျိုးမမအပြုံးလေးဖြင့်နားထောင်နေလိုက်သည်။
"မျိုးက ဘာလုပ်ငန်းလုပ်တာလဲ "
" အလှကုန်မီနီမတ်လေးပါ အစ်ကိုကြီး ... အွန်လိုင်းရှော့လေးလဲရှိပါတယ် ...."
"ဟုတ်လား ...ကောင်းပါကွာ ...အလှကုန်ပစ္စည်းကတော့ အစ်ကို့ဇနီးက ပိုစိတ်ဝင်စားတယ်ကွ ....ဒီမှာ ကိုယ့်ရုံးခန်းလိပ်စာ...လိုအပ်တဲ့အကူအညီရှိရင် ဖုန်းဆက်လေ.... မျိုးရဲ့ဆိုင်လိပ်စာလဲပေးလိုက်အုံးလေကွာ "
မျိုးမမကစလင်းဘတ်အိတ်ထဲမှလိပ်စာကတ်လေးကိုထုတ်ယူလိုက်ပြီး ကိုနောင်ထံသို့ကမ်းပေးလိုက်သည်။ထိုလိပ်စာကတ်လေးထဲတွင် မျိုးမမ၏မျှော်လင့်ချက်များ ပါဝင်နေသည်ကိုတော့ မျိုးမမတစ်ယောက်သာသိပါလေသည်။
~~~~~
"ကျွန်တော်ဆိုင်ထဲဝင်လာလို့ရလား ပိုးဖြူ "
မိုးထက်က ဆိုင်ဝတွင်ရပ်လျက် မပိုးဖြူကိုလှမ်းမေးလိုက်သည်။
" ဈေးဆိုင်ပဲ ရပါတယ်.... ရှင်သက်သက်လာလည်တာတော့ မဟုတ်ဘူးမဟုတ်လား "
မပိုးဖြူ၏အမေးက မိုးထက်ရင်ထဲ အောင့်ခနဲတော့ဖြစ်သွားစေသည်။
" လာလည်တယ်ဆိုတာထက် ပိုးဖြူပြောထားတဲ့ကိစ္စလေ ... ရှေ့ အပတ်ထဲမှာ ညဘက်ပါတီတစ်ခုဖိတ်ခံထားရတယ် ..အဲ့ဒါလေ ကျွန်တော်နဲ့အတူတူပွဲတက်ဖို့အတွက် ပိုးဖြူကိုဖိတ်ချင်လို့ပါ "
ပြောတုန်းက ပြောထားခဲ့ပြီးမှ အမှန်တကယ် ကြုံလာရတော့ ပိုးဖြူလန့်သွားမိသည်။ဤသို့ ပွဲမျိုးက အိမ်ထောင်ဦးကာလများကသာ ကိုဇင်မောင်နှင့်လိုက်ပါခဲ့ဖူးသည်။ဤသို့ပါတီပွဲများ၏ ရည်ရွယ်ချက်မှာစီးပွားရေးသမားများ၏ မိတ်ဆက်မှုများနှင့် အမျိုးသမီးများ အလှချင်းပြိုင် ၊ ဂုဏ်ပကာသနပြိုင်သည်သာများ ကြပြီး အစစ်အမှန်ခင်မင်ရင်းနှီ၍ လာသူမှာရှားပါးလှသည်။ထို့ကြောင့်လည်း နောက်ပိုင်းတွင် မပိုးဖြူကိုယ်တိုင်ပင် ထိုပွဲများကိုရှောင်ခဲ့သည်။ယခုတစ်ကြိမ်၌မူ မပိုးဖြူကိုယ်တိုင် မဖြစ်မနေသွားဖို့ရန် အကြောင်းဖန်လာခဲ့လေပြီ။
"ပွဲက ဘယ်မှာလဲဟင် ... ဟော်တယ်မှာလား ... အိမ်ခြံဝန်းမှာပဲလား "
" ဟော်တယ်ခန်းမမှာပါ..ကုမ္ပဏီသစ်နဲ့ကုန်ပစွည်းအသစ်မိတ်ဆက်ပွဲလဲပါတာမို့ လုပ်ငန်းရှင်တွေနဲ့ သူဋ္ဌေး တော်တော်များများကိုဖိတ်ထားတယ်လေ "
"အဲ့ဒါဆို ပွဲတက်ဝတ်စုံက အကောင်းစားမှရမယ်ထင်တယ်နော် "
မိုးထက်ထိုင်ဖို့ရန် ခုံထုတ်ပေးရင်းနှင်းမပိုးဖြူ ပြောလိုက်မိသည်။
"ကျွန်တော်စီစဉ်ထားတာတော့ရှိတယ်...ပွဲမတိုင်ခင် သုံးနာရီလောက်အလိုမှာ ပိုးဖြူဆီကိုကားလွှတ်ပေးလိုက်မယ် ....အဲ့ဒီကားနဲ့ ဗျူးတီးစလွန်းတစ်ခုကိုလိုက်သွားပြီး ပြင်ဆင်ရမယ် ..အဲ့ဒီဆိုင်မှာပဲ အဝတ်အစား ဖိနပ်အားလုံး ပြင်ဆင်ပေးလိမ့်မယ်လေ ..... ကျွန်တော့်အစီအစဉ်ကို သဘောကျလား "
မိုးထက်၏စကားကြောင့် မဖိုးဖြူမျက်မှောင်လေးကုတ်ကာ အတန်ကြာ စဉ်းစားနေပြီးမှ မိုးထက် ရှေ့တွင်ဝင်ထိုင်လိုက်ပြီး
"ကိုမိုးထက် စီစဉ်ထားတာကောင်းသားပဲ ... အဲ့ဒီလိုဆိုရင် ကုန်ကျစရိတ် ဘယ်လောက်လဲ "
မပိုးဖြူ၏ အမေးကြောင့် မိုးထက်မှာ ဘယ်လိုဖြေရမှန်းမသိ ဖြစ်သွားသည်။
"အဲ့ ...အဲ့ဒါက .... ကျွန်တော်ရှင်းမှာလေ .... "
" ကျွန်မအလှပြင်မှာလေ .. ကျွန်မအတွက်ကို ရှင်ကဘာလို့ရှင်းရမှာလဲ ..... "
"ဗျာ "
တွေးတွေးဆဆပုံနှင့်ပြောနေသော မပိုးဖြူကိုကြည့်ပြီး မိုးထက်မှာခေါင်းပင်ကိုက်ချင်လာသည်။
"အဲ့ဒါက ဒီလိုလေ ... ပိုးဖြူကို ကျွန်တော်ကခေါ်သွားမှာလေ ... အဲ့ဒါကြောင့် ကျွန်တော့်ဧည့်သည် ဖြစ်နေလို့ပါ ...ပြီးတော့ ပိုးဖြူကို နိုင်စေချင်လို့ ....အားလုံးကငေးကြည့်နေရအောင် ပြင်ပေးချင်လို့ လေ ...ကျွန်တော်ကပွဲကြည့်ပရိသတ်ပေါ့ "
" အင်းလေ ဘာပဲဖြစ်ဖြစ်ကိုမိုးတက်ကိုကျေးဇူးတင်ပါတယ် ... ပြင်ဆင်စရိတ်ကို ကျွန်မဘာသာ ပေးပါ့မယ် ... အဝတ်အစားအပါ ဆိုရင်ပြင်ဆင်ခက နှစ်သိန်းသုံးသိန်းကျော်လောက်လားဟင် "
" မဟုတ်တာ မကျော်ပါဘူး ...နောက်ဆိုရင် အဲ့ဒီဆိုင်မှာ ပိုးဖြူမန်ဘာ၀င်လိုက်လေ... "
ပိုးဖြူဆတ်ခနဲခေါင်းကိုငြိမ့်လိုက်ပြီး
"အင်းလေ .... တစ်ခါလောက်တော့ လုပ်ကြည့်လိုက်မယ်လေ ...."
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင် (၁၇ )
********
ပုံပို့ထားသော အင်္ကျီလေးများကိုရှာရင်း မပိုးဖြူမှာခြေဖျားလက်ဖျားများပင်အေးစက်လာရသည်။တော်ကြာ ပို့သမားနှင့်ပို့လိုက်ပြီးမှ မယူတော့တာဖြစ်ဖြစ်၊လိပ်စာမှားပို့တာဖြစ်ဖြစ် ဖြစ်မှာကို မပိုးဖြူ စိုးထိတ်ပူပန်နေမိသည်။ပထမဆုံးရောင်းစဉ်က လည်း ပစ္စည်းထုပ်ပို့ခိုင်းလိုက်ပြီးမှ မယူတော့ပါဆိုပြီး ၀ယ်သူက ငြင်းဆန်းခဲ့သည်လေ။ မပိုးဖြူ မယုံမရဲဖြင့်ပင် မှာယူထားသောအထည်များကိုလိုက်စုလိုက်သည်။
"ကတောင် "ဖုန်းထဲမှ စာရောက် သံထွက်လာသည်။ရောက်လာသောစာကို မပိုးဖြူမရဲတရဲဖြင့် ကြည့်လိုက်မိသည်။
" ငွေလွှဲလိုက်ပြီနော် ... ပစ္စည်းကို မနက်ဖြန်မှ တက္ကစီသမားနဲ့ယူခိုင်းလိုက်ပါ့မယ်...."
စာကိုဖတ်ပြီး ပျော်လွန်း၍ လူမှာကတုန်ကယင်ပင်ဖြစ်သွားရသည်။အကောင့်ထဲကြည့်လိုက်တော့ အမှန်တကယ်ပင် ငွေက ရောက်နေခဲ့ပြီ။မပိုးဖြူတစ်ကိုယ်လုံး လိပ်ပြာလေးတစ်ကောင်လိုပေါ့ပါးရွှင်မြူးသွားသည်။ဆိုင်ခန်းကျဉ်းလေးထဲတွင် ပန်းရောင်စုံများဖူးပွင့်နေသကဲ့သို့ပင် စိတ်မှာလဲ ကြည်နူးပျော်ရွှင်နေသည်။အနှစ်နှစ်အလလ ညစ်ထေး နောက်ကျိနေသောစိတ်များ ကြည်လင်လန်းဆန်းလာသလို ခံစားနေရသည်။ကိုယ်လုပ်ဆောင်နေသော လုပ်ငန်း၏အောင်မြင်မှု ခြေလှမ်းအစသည် နှလုံးအိမ်ကို ဤမျှနှစ်သိမ့်ကျေနပ်မှုပေးနိုင်သည်ဆိုတာကို ယခုမှပင်မပိုးဖြူခံစားဖူးခြင်းဖြစ်သည်။အိမ်ရှင်မဘ၀ဖြစ်နေစဉ်က မိုးလင်းမိုးချုပ် အလုပ်နှင့်လက်မပြတ်ခဲ့သော်လည်း အိမ်ရှင်မတစ်ယောက်၏ လုပ်ငန်းဆောင်တာကို ဂုဏ်ပြုမည့်သူလည်းမရှိ။လေးစားမည့်သူလည်းမရှိခဲ့။ယုတ်စွအဆုံး အိမ်ရှင်မတစ်ယောက်၏အလုပ် တာဝန်များကို လုပ်ကိုင်နေခဲ့သော သူမကို သားသမီးအပါအ၀င် ခင်ပွန်းက အစာအထင်သေးခဲ့သည်။အိမ်ရှင်မများ၏အလုပ် တာဝန်ကို အိမ်ရှင်မစစ်စစ်တစ်ယောက်သာ တာဝန်ကျေ လုပ်ဆောင်နိုင်သည်ကိုလည်း အသိအမှတ်မပြုခဲ့ကြ။အချို့သောသူများ၏ မှီခိုဆိုသော ဝေါဟာရအောက်တွင် အိမ်ရှင်မ ဘ၀မှာတန်ဖိုးမဲ့ခဲ့ရသည်။အမှန်တကယ်အားဖြင့် အိမ်ရှင်မများ သည် မှီခိုမဟုတ်ဘဲ မိသားစုအားလုံး၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများကို ထောက်ပံ့ပေးနေသူဆိုတာကို မိသားစုကိုယ်တိုင်ကပင် အသိအမှတ်မပြုခဲ့သောဘဝ။ ယခုသောအခါ မပိုးဖြူထိုဘဝမှရုန်းထွက်နိုင်ခဲ့လေပြီ ။သွေးသားရင်းကပင် အထင်သေးသောထိုဘဝမှ မပိုးဖြူ ရုန်းထွက်နိုင်ခဲ့ပါလေပြီ။ရှေ့ဆက်၍ လူတကာအထင်မသေးရအောင် မပိုးဖြူအစွမ်းကုန် ကြိုးစားသွားရမည်ဖြစ်သည်။
~~~~~~~
ဗိုလ်ချုပ်စျေးထဲတွင် မျိုးမမ ဈေးဝယ်နေစဉ် ခပ်လှမ်းလှမ်းမှ လျှောက်လာသော လူနှစ်ယောက်ကိုကြည့်ပြီး မျိုးမမစိတ်ထဲလှိုက်ခနဲပျော်ရွှင်သွားရသည်။ခြေလှမ်းများကိုမသိမသာပုံစံနှင့် သူတို့အနားသို့လျှောက်သွားလိုက်သည်။
"ဟယ် .... အစ်ကိုကြီး မင်္ဂလာပါ ..... မျိုးကိုမှတ်မိလား မသိဘူးရှင့် မျိုးမမနိုင်ပါ "
မျိုးမမနှုတ်ဆက်လိုက်သောအခါ ကိုနောင်ကခေါင်းကို ငြိမ့်ပြလိုက်ရင်း
" ဒီလောက်လှတဲ့ မိန်းမလှလေးကို မှတ်မိတာပေါ့ဗျာ...ဈေးလာဝယ်တာလား ....အချိန်ရရင် မိတ်ဖြစ်ဆွေဖြစ် တစ်ခုခုလိုက်စားပါလား "
ကိုနောင်ကဖိတ်ခေါ်လိုက်တော့ မျိုးမမငြင်းဆန်ခြင်းမပြုဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ကိုနောင်က သူ့လက်ထဲမှဖိုင်တွဲတစ်ထပ်ကို ဘေးရှိသူ့အတွင်းရေးမှူးထံသို့ပေးလိုက်ပြီးလျှင် ကားဆီမှာသွားစောင့်နေခိုင်းလိုက်သည်။
သူဌေးကြီးကိုနောင်၏ ဤကဲ့သို့ အပြုအမှုအတွက် မျိုးမမစိတ်ထဲမှကျေနပ်နေသည်။မျိုးမမ၏အလှအပကို ယောကျာ်းသားများမငြင်းဆန်နိုင်သည်ကို မျိုးမမကသိသည်။မိုးထက်လို လူပျိုသိုးသာလျှင် မပြောရဲမဆိုရဲဖြင့် အနားသို့မကပ်ရဲဖြစ်နေခြင်းကို မျိုးမမသိသည်။သူကမလာရဲ လျှင်ကိုယ်ကလမ်းဖွင့်ပေးရမည်ဖြစ်၍ မိုးထက်၏အသိုင်းအဝိုင်းနှင့် ရင်းနှီးအောင်လုပ်ဖို့ရန် မျိုးမမဆုံးဖြတ်ထားသည်။မိုးထက်နှင့် ပတ်သက်၍ မျိုးမမ၏ခံစားချက်မှာ အနည်းငယ်မျှတော့ထူးဆန်းသည်။ကိုဇင်မောင်နှင့် ပတ်သက်မှုတွင် မျိုးမမအတွက်လိုချင်တာမှန်သမျှရသည်။အလိုလိုက်ခံရသည်။မျိုးမမ၏အလှကိုယစ်မူးနေသော ၊လိုသလို စေခိုင်၍ရသောလူတစ်ယောက်ရှိနေခြင်းကစိတ်ကို ကျေနပ်နှစ်သိမ့်စေနိုင်သည်။အခြားတစ်ယောက်ထက် ကိုယ့်ကိုယ်အလေးပေးခံရသည်ဆိုသောအသိက မျိုးမမ၏စိတ်နှလုံးကိုကျေနပ်မှုအပြည့်ပေးသည်။အနိုင်ရခြင်းဟုသောစိတ်က မျိုးမမကိုပို၍ရဲရင့်စေသည်။သို့သော်လည်း ရင်ခုန်သံမပါခဲ့။အချစ်မပါခဲ့။ကိုဇင်မောင်ကို အပေါ်ယံအလှအပသွေးသားဆန္ဒဖြင့်ထိန်းချုပ်ထားနိုင်ခြင်းသည် မျိုးမမ၏အောင်ပွဲသာဖြစ်သည်။ခေတ်စကားအရရှင်းရှင်းပြောရလျှင် သူများခြံထဲမှနွားကို ကိုယ့်ခြံသို့ကျုံးသွင်းနိုင်ခြင်းသည့် ကိုယ့်အရည်အချင်းဟု သက်မှတ်သည်။မယားကြီးကိုရှေ့ထားပြီး ကိုယ့်ကိုတမ်းတမ်းစွဲဖြစ်နေသော ယောကျာ်းတစ်ယောက်သည် မျိုးမမတို့လိုလူမျိုးတွေအတွက်တော့ ခိုင်းကောင်းသော နွားတစ်ကောင်ကို လုယူနိုင်လိုက်ခြင်းသာဖြစ်သည်။
~~~~
" မျိုးလို့ပဲခေါ်မယ်နော် ရလား "
ကိုနောင်က မျိုးမမကိုကြည့်ပြီး မေးလိုက်သည်။
"ဟုတ်ကဲ့ ရပါတယ် အစ်ကိုကြီး... ရင်းနှီးတဲ့သူတိုင်းကတော့ မျိုးလို့ပဲခေါ်ကြပါတယ် "
@@@@@@@@@@@@@@@@@
အပိုင်း ( ၁၇ ) ဆက်ရန်
#ဧကြည်ဖြူ
ဆိုင်ခန်းထဲလျှောက်နေရင်း မှ မပိုးဖြူရပ်တန့်လိုက်ပြီးခုံတွင် ထိုင်ကာ ဖုန်းကိုဖွင့်လိုက်သည်။လေးငါးရက်လောက်နှင့်တော့ မပိုးဖြူစိတ်ဓါတ်ကျ၍မဖြစ်။စိတ်ဓါတ်ကျလျှင်အရှူံးသာရှိမည်။ဖုန်းကို ဖွင့်၍လေ့လာသည်။အဝတ်အစားများကို ရှူ့ထောင့် အမျိုးမျိုးမှ ပုံများရိုက်သည်။ဖုန်းဆိုင်မှ ဝန်ထမ်းလေးများသင်ပြလိုက်သည့်အတိုင်း မီးကွင်းကို အားပြုလျက် ပုံများကိုလှအောင် ရိုက်သည်။မပိုးဖြူအလုပ်များနေစဉ်ဆိုင်ထဲသို့ ၀င်လာသော လူရိပ်ကိုတွေ့ရသည်။မော့ကြည့်လိုက်သောအခါ ခပ်ချောချောကောင်မလေးနှစ်ယောက်။
"ဆိုင်သစ်ထင်တယ် ...အရင်ကမတွေ့မိဘူး ကြည့်မယ်နော် အစ်မ .."
" ကြည့်ပါနော် ...စိတ်တိုင်းကျ ကြည့်ပါနော် ..ဘောင်းဘီတွေ ဝတ်ကြည့်လို့ရတယ်ညီမတို့ .... ဈေးနှုန်းမကပ်ထားတာတွေဈေးသိချင်ရင်မေးပါနော်အားနာစရာမလိုဘူး ညီမတို့"
မပိုးဖြူကပြောလိုက်ပြီး ကောင်မလေးများနှင့် ခပ်လှမ်းလှမ်းမှသာ ရပ်နေလိုက်သည်။သူတို့လေးတွေကို မယုံကြ ည်သလိုပုံစံမျိုးနှင့်အနားသို့လုံးဝ မသွားပါ။ဒါက မပိုးဖြူဈေးဝယ်ရင်းရခဲ့သော အတွေ့အကြုံ ဖြစ်သည်။လူကို မယုံကြည်သလို သွားလေးရာနောက် အတင်းလိုက်နေတတ်သောဝန်ထမ်းများကြောင့် မပိုးဖြူလည်းစိတ်ညစ်ခဲ့ရသည်လေ။
" ဒါလေးတွေ ဝတ်ကြည့်လို့ရလား အစ်မ "
ကောင်မလေးတစ်ယောက်က ဘောင်းဘီရှည်နှစ်ထည်ကို မြှောက်ပြပြီးလှမ်းမေးခြင်းဖြစ်သည်။မပိုးဖြူ ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်မလေးနှစ်ယောက်က သူတို့စိတ်ကြိုက်ရွေးချယ်ပြီး နှစ်စုံစီ ဝယ်ယူကြလေသည်။
" ထုပ်ပိုးမဲ့အိတ်ကို အစ်မရဲ့ဆိုင်နာမည်နဲ့အိတ်မှာတံဆိပ်ရိုက်ပြီး ကိုယ်ပိုင်အိတ်နဲ့လုပ်ပါလား အစ်မ ...ဆိုင်နာမည်လဲကြေငြာပြီးသားဖြစ်တယ်လေ .... အစ်မဆိုင်ကဈေးမှန်လို့ ညီမတို့ကအကြံပေးတာပါ ...အွန်းလိုင်းပေ့ချ်ရှိလားအစ်မ ...ရှိရင်ညီမတို့ (join ) လိုက်မယ်လေ ....အသစ်တွေရောက်ရင် အွန်းလိုင်းကနေ ကြေငြာတယ်မဟုတ်လား... "
ကောင်မလေးနှစ်ယောက်က မပိုးဖြူကိုအကြံပေးစကားပြောလာသည်။ မပိုးဖြူကတော့ပျော်လွန်း၍ရင်ထဲတသိမ့်သိမ့်ခုန်နေသည်။ခပ်စောစောက ညစ်ညူးနေသောစိတ်များလည်း လျော့ပါးစပြုလာသည်။
~~~~~
"လက်ထပ်ဖို့ကို မလောပါနဲ့ အစ်ကိုရယ် ... တော်ကြာလူတွေက မျိုးတို့ကို အပြစ်ပြောနေပါအုံးမယ် "
" မျိုးရယ် ...အစ်ကိုက အတိအလင်းကွာရှင်းပြီးပြီလေကွာ ....မျိုးကရှက်လို့လားဟင် "
ကိုဇင်မောင်က မျိုးမမ၏ လက်ဖျားလေးကို ဆုပ်ကိုင်ပြီးမေးလိုက်သည်။ကိုဇင်မောင်၏ အမေးကြောင့် မျိုးမမမျက်နှာမပျက်အောင်ထိန်းလိုက်ပြီး
"မဟုတ်ပါဘူး အစ်ကိုရယ် .....အခုလဲ မျိုးတို့ကနေ့တိုင်းတွေ့နေရတာပဲလေ ... နှစ်လသုံးလလောက်သေချာအချိန်ယူပြီး... အခမ်းနားဆုံးလက်ထပ်ကြမယ်လေ ...ဘာလဲ အစ်ကိုကသဘောမတူဘူးလားဟင် "
မျိုးမမကမူနွဲ့နွဲ့လေးပြောလိုက်သည်။
"မဟုတ်ရပါဘူးကွာ ... အားလုံးမျိုးရဲ့သဘောပါ ... မျိုးကျေနပ်ရင် အစ်ကိုကကျေနပ်ပြီးသားပါ "
~~~~~
" မြေးလေး ခုတလောအိမ်ပြန်တာနောက်ကျတယ်နော် .."
အဘွားဖြစ်သူ၏ စကားကြောင့် ပိုးအိဇင်မျက်နှာမပျက် အောင်ထိန်းလိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ကာ ဘွားအေကြီးကိုပြန်ဖြေလိုက်သည်။
"သူငယ်ချင်းတွေနဲ့ မုန့်လိုက်စားနေလို့ပါ အဘွား "
"ဟုတ်လား...ဒါနဲ့မြေးလေးကိုပိုးဖြူလာဆက်သွယ်သေးလား ...သူလားခေါ်ရင်လဲ လိုက်မသွားနဲ့နော် မြေးလေး "
"ဟုတ်ကဲ့ပါ အဘွားရယ် ... သမီးလဲမလိုက်ပါဘူး ..... အဘွားတို့နဲ့ပဲနေမှာပါ "
ပိုးအိဇင်၏ အဖြေစကားကြောင့် ဘွားအေးကြီးမှာကျေနပ်ပြုံးနှင့်ပြုံးလိုက်လေသည်။
ပိုးအိဇင်ကတော့လေးလံသောခြေလှမ်းများနှင့်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။သိပ်မကြာခင်လပိုင်းအတွင်း ပိုးအိဇင်တို့ စင်္ကာပူကိုသွားရတော့မည်။ခက်သည်မှာ ချစ်သူကျော်သက်က လိုအပ်သောငွေကြေးကို မသွင်းနိုင်ခြင်းဖြစ်သည်။လိုအပ်သော ငွေကြေးကလည်း မနည်းလှ။သိန်းဆယ်ချီသည်။သည်ကြားထဲ သင်တန်းကြေးနှင့်စားစရိတ် သောက်စရိတ်များအတွက် ငွေမလောက်၍ ပိုးအိဇင်ကိုအဘွားတို့ဆင်ပေးထားသော လက်ဝတ်လက်စားများမှာလည်းတတိတိနှင့် ကုန်နေခဲ့ပြီဖြစ်လေသည်။ချစ်သူအတွက်လိုအပ်နေသောငွေကိုတောင်းဖို့ရန်ပိုးအိဇင် အချိန်ပြည့်ကြံစည်စိတ်ကူးနေမိသည်။ယခုလိုအချိန်တွင် မိခင်ဖြစ်သူသာရှိလျှင် ပိုးအိဇင်၏ အကြံအစည်စိတ်ကူးများ ပျက်စီးသွားနိုင်သည်။ကံကောင်းထောက်မ၍ကံကြမ္မာက ပိုးအိဇင်ဘက်မှာရှိနေခဲ့သည့်အတွက် ပိုးအိဇင် စိတ်သက်သာရာရခဲ့ခြင်းဖြစ်လေသည်။
~~~~~
" အခုပုံပို့ပေးလိုက်တဲ့ အထည်တွေယူမယ်နော် ... ငွေကြိုလွှဲပေးရမယ်ဆိုလဲပြောပါ "
မက်ဆင်ဂျာသို့ရောက်လာသောစာကိုကြည့်ပြီး မပိုးဖြူထခုန်မိမတတ်ဝမ်းသာပျော်ရွှင်သွားမိသည်။ပို့လာသောပုံများက မနည်းမနော အနည်းဆုံးအထည် သုံးလေးဆယ်ကျော်မည်။ချောက်ချီးချောက်ချက်ရောင်းနေရသော မပိုးဖြူအတွက် ဤပမာဏသည် မယုံကြည်နိုင်လောက်အောင်များပြားနေခဲ့သည်။ဝမ်းသာလွန်း၍ ဖုန်းကိုင်ထားသော လက်များပင်တဆတ်ဆတ်တုန်ယင်နေခဲ့သည်။မှာယူသည့်အထည်များမှာလည်း သောင်းကျော်တန်များဖြစ်နေ၍ မပိုးဖြူ၏စိတ်များမှာ လေထဲတွင် လွင့်နေသကဲ့သို့ပင်ဖြစ်နေလေသည်။
ဒီလိုပဲ ဧည့်ခံပွဲတွေမှာမကြာခဏ တွေ့ကြရုံပေါ့....အဲ့ဒီအချိန်မှာ ကိုဇင်မောင်နဲ့ မျိုးမမနိုင်တို့တွဲနေကြတာကိုသိတော့ ...အံ့ဩသွားမိတာအမှန်ပဲ...နောက်တော့ ပိုးဖြူနဲ့အမှတ်မထင်ဆုံခဲ့ကြတယ်လေ...ပိုးဖြူက ကိုဇင်မောင့်ဇနီး ဆိုတာကို ပိုးဖြူဆေးတွေသောက်ပြီး ဆေးရုံရောက်လာတဲ့နေ့မှ သိတာ .. ရှင်းရှင်းပြောရရင် ပိုးဖြူကိုသနားတာရော...နှမသားချင်းလို စာနာမိလို့ပါ လိုက်ပြီးကူညီပေးနေမိတာပါ ... ပိုးဖြူထင်သလို ကိုဇင်မောင်တို့ရဲ့သူလျှိုလဲမဟုတ်ပါဘုံး....ကောက်ကျစ်တဲ့အတွေးတွေလဲမရှိဘူးဆိုတာယုံပါဗျာ ....ကျွန်တော်လေ ပိုးဖြူနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ် "
မိုးထက်ပြောရင်း မပိုးဖြူ မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။မပိုးဖြူသည်မိုးထက်စကားများကိုနားထောင်ပြီး တစ်ခဏကြာငြိမ်သက်နေခဲ့သည်။
မပိုးဖြူသည် အတန်ကြာသောအခါမှ မိုးထက်မျက်နှာကို စူးစိုက်၍ ကြည့်လိုက်ပြီး
''ကိုမိုးထက်က ကျွန်မနဲ့မိတ်ဆွေဖြစ်ချင်တယ်ဆိုတော့.. ကျွန်မနဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ တွဲသွားတွဲလာလုပ်ရဲ့လို့လား ...ကျွန်မက ကလေးအမေတစ်ခုလပ်လဲဖြစ်တယ် ... ပညာအဆင့်အတန်းလဲမရှိဘူး .. ပိုင်ဆိုင်မှုလဲဘာမှမရှိတဲ့ ဆင်းဆင်းရဲရဲမိန်းမတစ်ယောက်ပါ ...ကျွန်မနဲ့မိတ်ဆွေဖြစ်တာကို ကိုမိုးထက်ရဲ့ မိဘဆွေမျိုးတွေကသိရင်ရော လက်ခံနိုင်ကြရဲ့လား ..."
တစ်လုံးချင်းမေးလာသော မပိုးဖြူ၏ မေးခွန်းများကြောင့် မိုးထက်လေးနက်စွာ ခေါင်းကိုငြိမ့်ပြလိုက်ပြီး
"ဘာလို့ တွဲသွားတွဲလာမလုပ်ရဲရမှာလဲ .. ပြီးတော့ ကျွန်တော့်မိဘတွေက မြန်မာနိုင်ငံမှာနေတာမဟုတ်ပါဘူး ... တစ်ကယ်လို့ မိဘတွေက ဒီမှာနေတယ်ဆိုရင်လဲ ... ကျွန်တော်ကဘာကိုဂရိုစိုက်ရမှာလဲ ..ကျွန်တော်လဲလူလွတ်....ပိုးဖြူလဲလူလွတ်ဖြစ်နေပြီ..ကျွန်တော်ကဘာကို ရှက်ကြောက်နေရမှာလဲ "
"ဟုတ်ပြီလေ ...အဲ့ဒါဆိုရင် ရှင်းရှင်းပဲပြောမယ် ..ခုနကိုမိုးထက်ပြောခဲ့တယ်နော် ... ဧည့်ခံပွဲတွေမှာ ကိုဇင်မောင်တို့နဲ့မကြာခဏတွေကြတယ်ဆိုတာလေ .....အဲ့ဒီလို့ ဧည့်ခံပွဲတွေကို ကျွန်မနဲ့တွဲသွားရဲလားကိုမိုးထက် ... အမှန်တိုင်းဖြေပါအားနာဖို့မလိုပါဘူးနော်ကိုမိုးထက် "
စူးရှတောက်ပသော အကြည့်နှင့်ပြတ်သားသော မပိုးဖြူ၏အသံသည်မိုးထက်၏ နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းလိုက်သလိုပါပင်။
"မပိုးဖြူ အဆင်ပြေမယ်ဆိုရင် ... ကျွန်တော်ကအဆင်ပြေပါတယ် ကျွန်တော့်ကိုဖိတ်တဲ့ ဧည့်ခံပွဲပဲ ဖြစ်ဖြစ်...မပိုးဖြူကိုဖိတ်တဲ့ ဧည့်ခံပွဲပဲဖြစ်ဖြစ် ... မပိုးဖြူလက်ကိုဆွဲပြီး သွားရဲပါတယ် .."
" ဟုတ်ပြီးလေ ...ကျွန်မတို့တွေ အသက်တွေလဲ ငယ်ကြတော့တာမဟုတ်ဘူးဆိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်.... ကိုဇင်မောင်တို့နဲ့ တွေ့နိင်မဲ့ဧည့်ခံပွဲတွေကို ကျွန်မလိုက်ခဲ့ချင်တယ် ..ဒါပေမဲ့ ကျွန်မတို့ကြားမှာ... မိတ်ဆွေအဆင့်ထက်ပို့ခွင့်မရှိဘူး ... ကျွန်မဘက်ကကိုမိုးထက်ကို အသုံးချသလိုဖြစ်နေတာမို့ သေချာစဉ်းစားပါ ...တကယ်လို့ ဒီကိစ္စကို သဘောတူလိုက်ပြီဆိုရင် ကိုမိုးထက်အနေနဲ့ တစ်ခုလပ်နဲ့တွဲနေတယ်လို့ အပြောခံရမှာပဲ ... အားလုံးကို ထည့်တွေ့စဉ်းစားပြီးမှ ကျွန်မနဲ့မိတ်ဆွေဖွဲ့နိုင်လား ဆုံးဖြတ်ပါ ...အခုတစ်ထိုင်တည်း မဆုံးဖြတ်ပါနဲ့နော် "
" ဟုတ်ကဲ့ပါဗျာ.....ကျွန်တော့်ဘက်ကစဉ်းစားဖို့မလိုပေမဲ့ ...ချက်ချင်းအဖြေမပေးဘဲ ပိုးဖြူပြောတဲ့အတိုင်းစဉ်းစားပါ့မယ် "
မပိုးဖြူသည် ပြောချင်တာပြောပြီးသွားသောအခါ ရေသန့် ဘူးထဲမှရေကို ဖန်းခွက်ထဲငှဲ့ထည့်ကာ သောက်ချလိုက်သည်။
မိုးထက်ကတော့ မပိုးဖြူ၏ တင်းမာအေးစက်နေသော မျက်နှာလေးကို ငေးမောကြည့်နေခဲ့မိသည်။
~~~~~~
"အမေပြောတာက အိမ်နဲ့ ခြံကို သမီးလေးနာမည်နဲ့ ထားမယ်ပြောတာလား..."
ကိုဇင်မောင် မိခင်ကြီးကို မယုံရဲစွာမေးလိုက်သည်။
"ဟုတ်တယ် သားငယ် ....အမေတို့အနနဲ့ မျိုးမမကိုသဘောကျပေမဲ့ ... မြေးလေးအတွက်အာမခံချက်ရှိဖို့လိုတယ်လေကွယ်......လင်ပိုင်ပစ္စည်းက မယားပါပိုင်တယ်လေ... သားတို့ လက်ထပ်ပြီးရင် မြေးလေးက နံပတ်သုံးဖြစ်သွားပြီလေ ... "
"အမေ့တို့သဘောပါပဲဗျာ ... ကျွန်တော်နဲ့မျိုးကလဲ အဲ့ဒါတွေကို မမက်ပါဘူး ....''
''အင်းပါကွယ်အမေကသိတာပေါ့...သူ့မှာ အပျိုလေးတန်မဲ့ငါ့သားကို ချစ်လွန်းလို့ဒီလိုနေနေတယ်ဆိုတာကို ... သားတို့ လက်ထပ်ရင်.. တိုက်ခန်းတစ်ခန်းတော့ အမေတို့လက်ဖွဲ့မှာပါ "
မိခင်ကြီးပြောသမျှကို ကိုဇင်မောင်ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။
~~~~
ဆိုင်းခန်းထဲတွင် ဟိုလျှောက်သည်လျှောက် လျှောက်ရင်း မပိုးဖြူရင်ထဲ စိုးရိမ်ပူပန်နေမိသည်။ယနေ့ဆိုလျှင်ဆိုင်ဖွင့်သည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း ငါးရက်အတွင်း ဈေးဦးပေါက်သည်မှာ အင်္ကျီသုံးထည်သာရှိသည်။အွန်လိုင်းပေါ်တွင်လည်း ပုံးများရိုက်ပြီး ကြိုးကြိုးစားစားတင်နေသော်လည်း မေးမြန်းမည့်သူပင်မရှိ။တစ်လျှောက်လုံးတင်းထားခဲ့သောစိတ်ဓါတ်များက လေးငါးရက်အတွင်းအောက်ဆုံးထိထိုးကျချင်သွားသည်။ဆိုင်ထဲလှည့်ပတ်လျှောက်လိုက်ဆိုင်ပြင်ထွက်လိုက်နှင့်လူကဂနာမငြိမ်ဖြစ်နေသည်။ရင်းထားသောပိုက်ဆံများ နည်းနည်းနောနောမဟုတ်။သည်တစ်ခုအဆင်မပြေ၍ နောက်တစ်ခုချက်ချင်းပြောင်းလုပ်လို့လဲမရ။
#နွေလယ်အိပ်မက်
(အခန်းဆက်၀တ္ထု)
အပိုင်း (၁၆)
********
ကားမှန်ပြတင်းမှတဆင့် မပိုးဖြူ အပြင်သို့ငေးကြည့်နေမိသော်လည်း မျက်လုံးအိမ်ထဲမှာတော့ ပလာဇာထဲတွင်ဆုံခဲ့ကြသော ကိုဇင်မောင်တို့ကို မြင်ယောင်နေမိသည်။မျိုးမမ၏ အနိုင်ရသော အကြည့်များ၊ အထင်သေးသောအကြည့်များနှင့် ကိုဇင်မောင်၏ စိတ်ရှုပ်ထွေးသွားဟန်အကြည့်များ။
" ဘာတွေစဉ်းစားနေတာလဲ ... အိမ်ပြောင်းသွားပြီးဆိုတော့တစ်ခုခုကို ဆုံးဖြတ်ချက်ချခဲ့ပြီပေါ့ ... မင်းကိုချီးကျူးပါတယ် ... ရှေ့ဆက်ပြီး လောကကြီးကိုသတ္တိအပြည့်နဲ့ရင်ဆိုင်လိုက်စမ်းပါကွာ "
မှိုင်တွေငေးမောနေသော မပိုးဖြူမျက်နှာလေးကိုကြည့်ပြီး မိုးထက်အားပေးစကားပြောလိုက်မိသည်။
"လူတွေက ကိုယ်ကအလျှော့ပေးလိုက်လေ ...အထင်သေးကြလေပဲ ....နောက်ဆုတ်အလျော့ပေးလိုက်တာဟာ သူတို့နဲ့ ပြိုင်ဖြစ်ဖို့အတွက်စိတ်ဝင်စားမှုမရှိလို့ဆိုတာကို သူတို့တွေသိပုံမရဘူး...တစ်ခါတစ်လေတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်ရင်ထောင်ပြရမှာပဲ ထင်တယ် "
အေးစက်တင်းမာသောအသံနှင့်အတူ ခပ်ဖျော့ဖျော့မျက်ဝန်းနက်များမှာ စူးရှတောက်ပနေသည့်မပိုးဖြူကို မိုးထက်နောက်ကြည့်မှန်ထဲမှ မသိမသာ ခိုးကြည့်နေမိသည်။
"ကိုမိုးထက် ကျွန်မအကြောင်းကို သိလား...အမှန်တိုင်းပြောနော် မလိမ်နဲ့ ..."
ရုတ်တရက်မိမိကို လှမ်းမေးလိုက်သော မပိုးဖြူ၏အမေးကြောင့် မိုးထက်ချက်ချင်းပြန်မဖြေနိုင်ဖြစ်သွားရသည်။
"ဟို .. ဟိုကွာ ...ကုန်တိုက်ထဲမှာ ပိုးဖြူကိုပထမဆုံးစတွေ့တော့ သမီးလေးတစ်ယောက်ရှိမှန်းသိလိုက်ရတယ် ...နောက်တော့ မိသားစုအဆင်မပြေဘူးဆိုတာကိုရိပ်မိလာတယ် ဒီလောက်ပါပဲ ..."
မိုးထက်စဉ်းစားပြီး စကား မမှားအောင် ဂရုတစိုက်ပြန်ဖြေလိုက်သည်။
''ကျွန်မအိပ်ဆေးသောက်ပြီး သေကြောင်းကြံစည်ခဲ့တာကိုရော သိလား "
"ဗျာ ....အဲ့..အဲ့ဒါတော့ ... "
မပိုးဖြူ၏ အမေးကိုလိမ်လည်းမလိမ်ချင်သဖြင့် မိုးထက် ခေါင်းကိုက်အောင်စဉ်းစားနေမိသည်။
"မလိမ်တတ်ဘဲနဲ့တော့ မလိမ်ပါနဲ့ရှင် .... ရှင်ဆေးရုံကိုလာတာ ကျွန်မသိတယ် "
"ဗျာ "
မိုးထက်အယောင်ယောင် အမှားမှာနှင့် ကားကိုပင်ရပ်မိတော့မယောင်ဖြစ်သွားရလေသည်။
"အမှန်တိုင်းပြောရရင် ...ကိုမိုးထက်ကို ...ကိုဇင်မောင်တို့ရဲ့ သူလျှိုလို့ ကျွန်မကထင်ခဲ့တာ....သူတို့ကျွန်မကို ကွာရှင်းချင်လို့ လုပ်ကြံဖန်တီးမဲ့ဇာတ်လမ်း လို့ ထင်ခဲ့မိတာ .... ကျွန်မဆေးတွေသောက်လိုက်ပြီး ဆေးရုံကို ရောက်တဲ့နေ့က သတိပြန်ဝင်လာချိန်မှာ ပထမဆုံးတွေ့လိုက်ရသူကို ကိုဇင်မောင်လို့ထင်ခဲ့မိတာ...ဒါပေမဲ့အဲ့ဒီအချိန်မှာ ရှင်နဲ့ ဒေါက်တာစကားပြောနေတာကို ကြားလိုက်ရတယ်လေ ....ရှင့် အသံကို ကျွန်မမှတ်မိလိုက်တယ်"
မပိုးဖြူက မိုးထက်၏ နောက်ကျောကိုကြည့်၍ တစ်လုံးချင်းပြောလိုက်သည်။
မိုးထက်မှာ ကိုယ့်ကိုယ်ကိုယ်လည်လှပြီထင်ခဲ့သော်လည်း အလုံးစုံကို သိလိုက်ရသောအခါ ဘာပြောရမှန်းမသိဖြစ်နေမိသည်။
" ကျွန်မက ဘ၀ကိုအေးအေးဆေးဆေးဖြတ်သန်းချင်လို့ အေးအေးဆေးဆေးပဲနေခဲ့တယ် ... ကျွန်မငတုံးငအမကြီး မဟုတ်ပါဘူး ...ကိုမိုးထက်က ငွေကြေးချမ်းသာတဲ့လူတစ်ယောက်ဆိုတာလဲ ကျွန်မရိပ်မိပါတယ် ... ကျွန်မကိုပျက်စီးအောင်လုပ်မဲ့သူမဟုတ်ဘူးလို့လဲ စိတ်ကသိနေပါတယ် ...ဒါပေမဲ့ ကျွန်မစဉ်းစားလို့မရတာက... ကိုမိုးထက်က ဘာရည်ရွယ်ချက်နဲ့ ကျွန်မကိုချဉ်းကပ်နေတာလဲဆိုတာကိုတော့ ကျွန်မတကယ်မသိဘူး ....အဲ့ဒီအကြောင်းကို ကိုမိုးထက်ရှင်းပြရင်လဲ ကျွန်မနားထောင်ချင်ပါတယ် ....မရှင်းပြချင်ရင်လဲကိုမိုးထက်သဘောပါပဲ ....ဒါနဲ့ ကိုမိုးထက်မှာအိမ်ထောင်ရောရှိလား "
မပိုးဖြူ၏ မေးခွန်းများကမိုးထက်အတွက်လွယ်မယောင်နှင့် ခက်ခဲလှသောမေးခွန်းများဖြစ်လေသည်။ဤမေးခွန်းများကို အမှန်အတိုင်းဖြေရလျှင်ဖြင် မည်သို့ဖြစ်မည်မသိချေ။ရိုးအအေးဆေးသောပုံစံလေးနှင့် ပါနပ်လှသောမပိုးဖြူကိုကြည့်ပြီး မိုးထက်မှာပို၍ပင်လေးစားအထင်ကြီးသွားမိလေသည်။
"ပိုးဖြူမေးတာတွေကို ကျွန်တော်ဖြေဖို့အတွက် .. ဆိုင်တစ်ဆိုင်မှာ ခဏဖြစ်ဖြစ်ထိုင်ကြမလား ...အခု ဖြေလိုက်ရင်လဲရပေမဲ့ ...ခရီးသွားဟန်လွဲပုံစံမျိုးကြီး မပြောချင်လို့ပါ "
" ဟုတ်ကဲ့ ရတယ်လေ... ကျွန်မလဲ ဗိုက်ဆာနေတော့... ဆိုင်တစ်ဆိုင်ဆိုင်ထိုင်တာပေါ့ "
~~~~~
''ကိုမိုးထက်ပြောမယ်ဆိုရင် ပြောလို့ရပြီနော် "
မပိုးဖြူက ထောပတ်သီးဖျော်ရည်ဖန်ခွက်လေးကို လက်က ချလိုက်ရင်း မိုးထက်ကိုပြောလိုက်သည်။
"ဟုတ်ကဲ့ ...ပထမဆုံးပြောချင်တာက ..ကျွန်တော့်မှာအိမ်ထောင်လဲမရှိသလို ချစ်သူရည်းစားလဲမရှိပါဘူး "
မိုးထက်ဖြေရင်းမပိုးဖြူကို မဝံ့မရဲကြည့်လိုက်သည်။
မပိုးဖြူက မိုးထက်မျက်နှာကိုစိုက်ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်.....ကိုဇင်မောင်ရော မျိုးမမနိုင်နဲ့ပါသိပါတယ်...ရင်းရင်းနှီးနှီးခင်ခင်မင်မင်ကြီးတွေတော့ မဟုတ်ဘူးပေါ့ ....
" ဟင် " မြင်လိုက်ရသော မျက်နှာများကြောင့် မပိုးဖြူ ခေါင်းထဲတွင် မိုက်ခနဲလိုဖြစ်သွားရပြီး အံကိုတင်းတင်းကြိတ်လိုက်မိသည်။
မျိုးမမကတော့ ခပ်တည်တည်ပင်မပိုးဖြူကိုကြည့်နေသည်။ မျိုးမမသည် ၀င်တိုက်မိသူမှာ မပိုးဖြူ မှန်းသိလိုက်သည်နှင့် ကိုဇင်မောင်၏ လက်မောင်းကို ချက်ချင်းပင်ဖက်တွယ်လိုက်သည်။ကိုဇင်မောင်မှာမူ သူတို့ရှေ့တည့်တည့်တွင်လဲကျနေသောမပိုးဖြူကို ကြောင်ငေး၍ ကြည့်နေမိသည်။
" အစ်ကို သွားမယ်လေ ... ဘာကြည့်နေတာလဲ .."
မျိုးမမက ကိုဇင်မောင်ကို ကြည့်လိုက်ပြီး အသံမာမာနှင့်ပြောလိုက်ကာ နေရာမှထွက်ခွါရန် ပြင်လိုက်သည်။
မျိုးမမ၏အပြုအမူကို ကြည့်ပြီး မပိုးဖြူလဲကျနေရာမှ ပြန်ကုန်းထလိုက်ပြီးလျှင် လှည့်ထွက်သွားကြသောမျိုးမမတို့ကို လှမ်းခေါ်လိုက်သည်။
"ဟေ့ ...ဒီမှာ ဟိုနှစ်ယောက် ...ရှင်တို့လူတွေ မဟုတ်ဘူးလား ... မတော်တဆဝင်တိုက်မိရင်လဲ အနည်းဆုံး ဆောရီးလို့တော့ပြောရမယ်လေ ...လူ့ယဉ်ကျေးမှုကို မသိတာလား ....လူတွေမဟုတ်တာလား "
" ဘာ...ဘာပြောတယ် "
"လာ ..လာပါကွာမျိုးရာ ....အစ်ကိုတောင်းပန်ပါတယ် ..သွားရအောင်နော် "
သူတို့နှစ်ယောက်မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး အသံမာမာနှင့်ပြောနေသော မပိုးဖြူကို ကြည့်ပြီး မျိုးမမတစ်ယောက် ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားရလေသည်။ကိုဇင်မောင်က မျိုးမမ၏လက်ကိုအတင်းဆွဲခေါ်လျက် အပေါ်ထပ်သို့တက်သော စက်လှေကားရှိရာဆီသို့ ခပ်မြန်မြန်ပင် လျှောက်သွားလိုက်သည်။
မပိုးဖြူအံလေးကိုတင်းတင်းကြိတ်လျက် အထုပ်များကို တစ်ခုချင်းစီလိုက်ကောက်လိုက်သည်။ထိုစဉ်မှာပင် လူတစ်ယောက်က မပိုးဖြူ၏အထုပ်များကို ကူ၍ကောက်ပေးလေသည်။အထုပ်များကို ကူကောက်ပေးနေသူကို မပိုးဖြူမော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေး....ကျေးဇူးပါရှင် ...ဟင် ... ရှင် ..ရှင် ကိုမိုးထက် "
" ဟုတ်ကဲ့ ကျွန်တော်မိုးထက်ပါ ...ပိုးဖြူ ကျွန်တော့်ကိုမှတ်မိသားပဲ ....ဘာလဲ ဒီမှာဈေးလာဝယ်တာလား ...၀ယ်လို့ပြီးပြီလား .. ကျွန်တော့်ကားကို ငှားစီးလို့ရတယ်နော် ....ကျွန်တော်လဲ အပိုဝင်ငွေလေးဘာလေးရလိုရငြား ရှာနေတာဆိုတော့လေ ... ဘယ်လိုလဲ ကားငှားမှာလား "
မိုးထက်မျက်နှာကိုကြည့်ပြီး မပိုးဖြူ တစ်ခဏမျှစဉ်းစားလိုက်သည်။ပြီးမှ အားနာနာဖြင့်မေးလိုက်သည်။
"ဟို ...တကယ်ပဲ ရှင့်ကားကို ငှားလို့ရလားဟင် "
"ရပါတယ်ဆိုဗျာ ... ကားငှါးခသာပေးရင် တစ်နေကုန်အောင်ငှားလို့ရတယ် "
"တကယ်လား ..ဒါဆို တစ်နေကုန် ငှါးမယ် ... ဒီနေ့ တစ်နေကုန်ရသလောက်လိုက်ဝယ်ချင်တာ ...အထုပ်တွေကို တက္ကစီကားပေါ်မှာမထားခဲ့ရဲလို့ ဘယ်လိုလုပ်ရမလဲစိတ်ညစ်နေတာ ... ကိုမိုးထက်ကိုတော့ ကျွန်မယုံပါတယ် "
"ဪ ..ဟုတ်ကဲ့ ....ကျွန်တော့်ကို ယုံပေးလို့ကျေးဇူးပါဗျာ....ကဲ ဒီမှာဝယ်အုံးမှာလား .... ဘယ်သွားမှာလဲ .... ယုံတယ်ဆိုရင် အထုပ်တွေပေးလေဗျာ ...မင်းရဲ့အထုပ်တွေ ကျွန်တော်ယူမပြေးပါဘူးဗျာ ."
ပြောပြောဆိုဆိုနှင့်မပိုးဖြူလက်ထဲမှ အထုပ်များကို မိုးထက်ယူလိုက်သည်။မပိုးဖြူက တုံ့နှေးနှေးနှင့် အထုပ်တချို့ကို မိုးထက် ဆီသို့ ပေးလိုက်သည်။
~~~~~
" အထည်ဆိုင်ဖွင့်မလို့လား ...အရင်အိမ်မှာပဲလား ..."
နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး မိုးထက်မသိဟန် ပြုလျက် မေးလိုက်သည်။ကားပေါ်ပါလာအောင်မနည်းခေါ်လာခဲ့ရ၍ စကားမမှားအောင်လည်း မိုးထက်မှာ ဂရုစိုက်နေရသည်။
" ဟုတ်တယ် အထည်ဆိုင်ဖွင့်မလို့ ....ပြီးတော့ ကျွန်မအိမ်ပြောင်းသွားပြီ အရင်နေရာမဟုတ်တော့ဘူး ... "
"ဟုတ်လား ...ကိုယ်ပိုင်အလုပ်ရှိတော့ ကောင်းတာပေါ့ ...အွန်လိုင်းကရောရောင်းမှာလား....အထည် ဝယ်ဖို့သွားတာဖြစ်ဖြစ်...စျေးဝယ်ထွက်ရင်ကျွန်တော့်ကားကို ငှါးလေဗျာ ... ပိုးဖြူကိုယ်တိုင် မသွားချင်ရင်လဲ ကျွန်တော်လိုက်ယူပေးလို့ရပါတယ် ....ဖုန်းနံပတ်ပေးထားတာရှိသေးတယ် မဟုတ်လား "
မိုးထက်၏အမေးကြောင့် မပိုးဖြူမျက်လုံးဝင့်ကြည့်လိုက်ပြီး
" အဲ့ဒီဖုန်းက ပျောက်သွားပြီ "
" ဟုတ်လား ...အဲ့ဒါဆို ဖုန်းနံပတ်အသစ်ပေးလေ "
မိုးထက်ပြောရင်း မပိုးဖြူ ထံမှ ဖုန်းနံပတ်တောင်းလိုက်သည်။မပိုးဖြူကနောက်ခုံမှနေ၍မိုးထက် နောက်ကျောကို ကြည့်နေလိုက်ပြီး တုံးတိတိနှင့် မေးလိုက်သည်။
"ဒီကားက တက္ကစီမှမဟုတ်တာ ... ရှင်က ဘာအလုပ်လုပ်တာလဲ "
မပိုးဖြူ၏ အမေးကြောင့် မိုးထက်ဖြုန်းခနဲဘာဖြေရမှန်းမသိဖြစ်သွားရသည်။
'' ဟို ..ဟိုဗျာ .... ကားအရောင်းဆိုင်မှာ အလုပ်လုပ်တာ..."
"ဪ ... ဟုတ်လား ... "
မပိုးဖြူမိုးထက်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်ရင်း လိုက်ပါလာခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
"ဆေးထိုးမှာသာထိုးပေးစမ်းပါကွာ...မင်းမသိပါဘူး ... လူလဲဖျားချင်သလိုဖြစ်နေပြီ "
မိုးထက်က ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဟ ...မသိလို့ မေးတာပေါ့ကွ ..."
ရဲသူက မိုးထက်ကိုဆေးထိုးပေးလိုက်ရင်းပြန်ပြောလိုက်သည်။
"အေးကွာ ရဲသူရာ ...ငါ့တစ်သက်နဲ့တစ်ကိုယ်ကွာ ... သူ့လောက်လမ်းလျှောက်နိုင်တဲ့သူ မတွေ့ဖူးဘူးကွာ ... သုံးလေးထပ်ရှိတဲ့ကုန်တိုက်ကိုနေရာလပ်မကျန်စေရအောင်သွားတယ်..ပြီးရင်မနားသေးဘူး ....နောက်ကုန်တိုက်တစ်ခုကိုထပ်သွားတယ်ကွာ.... တစ်ခါတစ်လေစိတ်ပေါက်ပေါက်နဲ့ .. သူ့ကိုချီပြေးပြီးတစ်နေရာမှာကြိုးနဲ့သာတုပ်ထားပစ်လိုက်ချင်တာ "
" မင်း ဘာတွေပြောနေတာလဲ ... ဘယ်သူ့ကိုပြောနေတာလဲ..နိုး..နိုး ...မဟုတ်သေးဘူး .... မင်းဘယ်သူ့နောက် လျှောက်လိုက်နေတာလဲ
မိုးထက်သတိလက်လွတ် ပြောနေသည်ကို ရဲသူက အငိုက်ဖမ်းပြီး မေးလိုက်သည်။ရဲသူ၏ အမေးကြောင့်မိုးထက်မှာ သူခိုးလူမိဖြစ်သွားရပြီး ရှက်ရယ်ရယ်လိုက်မိသည်။
" မင်းကလဲ လိမ်လို့ကို မရဘူးနော် ...ဆရာဝန်မလုပ်ဘဲ စုံထောက်လုပ်ခဲ့ရမှာ "
"ဟေ့ကောင် မိုးထက်ရ ..ငါကပါးနပ်တာမဟုတ်ဘူး .. မင်းက လွန်လွန်မင်းမင်းဖြစ်နေတာ ....မင်းသူသွားရာနောက် လျှောက်လိုက်နေတာလား ... မင်းတကယ်မလွယ်ဘူးပဲ ... နေစမ်းပါအုံး ဒီလိုတွေလုပ်နေရအောင် မင်းက (၁၆)နှစ်သားလား ...သူလဲ အခုလူလွတ်ဖြစ်သွားပြီ မဟုတ်လား ..မင်းကြိုက်ရင် ကြိုက်တယ်လို့ ဒဲ့ပြောလိုက်လေကွာ "
ရဲသူ၏စကားကြောင့် မိုးထက်တည်ငြိမ်စွာပင် ခေါင်းကိုခါယမ်းလိုက်မိသည်။
"ငါ သူ့နောက်ကို လျှောက်လိုက်နေတာက စိုးရိမ်လို့ကွ ...လမ်းမှာ သူတစ်ခုခုဖြစ်သွားမှာစိုးလို့ ... အခု ချက်ချင်းဖွင့်ပြောလိုက်ရအောင် ... ငါသူ့အပေါ်ထားတဲ့စိတ်က အဲ့လောက်မပေါ့ပျက်ဘူး...သူ့ကိုသန်မာစေချင်တယ် ...သတ္တိရှိစေချင်တယ် ... သူဘယ်လိုလူပဲဖြစ်ဖြစ် ငါတန်ဖိုးထားနိုင်တယ်ဆိုတာကို ပါးစပ်က မပြောချင်ဘူး ... ဒီထက်လေးလေးနက်နက်ဖော်ပြချင်တာ "
"ဟူး ...မင်းအဖြစ်ကတော့ မလွယ်ပါလား .....ဒါနဲ့ နေပါအုံ့ ...မင်းအဲ့ဒီလို လျှောက်လိုက်နေတာသူသိလား "
" ဟင့်အင်း ... သိဖို့နေနေသာသာ ... တစ်လောကလုံး သူတစ်ယောက်တည်ရှိနေသလို သွားလာနေတာလေ ..."
"အင်း ..... သူ့ရင်တွင်းဝေဒနာတွေကို မေ့ဖျောက်ဖို့အတွက်... ခန္ဓာကိုယ်ကို အလုပ်ပေးနေတာ နေမှာပေါ့ ..."
ရဲသူ၏စကားကြောင့် မိုးထက်သက်ပြင်းရှည်ကြီးချလိုက်မိရင်း အပြုံးအရယ်ကင်းမဲ့နေသော သူမမျက်နှာကို မိုးထက်မြင်ယောင်လိုက်မိသည်။
~~~~~
တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သောအခန်းလေးကို မပိုးဖြူ စိတ်တိုင်းကျပြင်ဆင်နေမိသည်။အခန်းလေးက မျက်နှာဝ(၁၂)ပေ အရှေ့အနောက် (၄၅)ပေရှိသည်။လူနေဆိုင်ခန်းအနေနှင့် ကျယ်သည်ဟုမဆိုသာသော်လည်း မပိုးဖြူလိုတစ်ယောက်တည်းသမား အတွက်ကအဆင်ပြေသည်။အဆင်ပြေလှစွာပင်တစ်ဝက်ထပ်ခိုးလေးလည်းပါသည်။လူက ထပ်ခိုးပေါ်တက်အိပ်ရလိမ့်မည်။အောက်ထပ်တွင် ပစွည်းများခင်းကျင်းလိုက်လျှင် ဆိုင်အပြည့်ဖြစ်သွားလိမ့်မည်။ဆိုင်ခန်းရပြီဆိုတော့ မပိုးဖြူအလုပ်များရတော့သည်။ဆိုင်ခန်းတွင်းကိုအရင်ပြင်ဆင်ရသည်။တစ်ယောက်တည်းမှတစ်ယောက်တည်းဖြစ်နေသော ဘဝတွင် ပင်တော့ပင်ပန်းလှသည်။ အလုပ်ပင်ပန်းလွန်း၍ မပိုးဖြူ၏ ရင်တွင်းမှဝေဒနာများသည်လည်းနာကျင်ကြေကွဲနေဖို့ရန်အချိန်လည်းမရတော့ပေ။
~~~~~~
"ရလားမျိုး ....ခဏလေးပါကွာ ... အစ်ကို့ဘော်ဒါက သူ့ဆိုင်ကိုလာဖို့ပြောထားလို့ပါ "
ရှူပ်ထွေးစည်းကားနေသော ပလာဇာထဲသို့ဝင်လာစဉ် မျိုးမမမျက်နှာကို ရှုံ့မဲ့ထားမိသည်။မျိုးမမကဈေးဝယ်ထွက်လျှင် အဲ့ကွန်းအပြည့်လွှတ်ထားသော ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများတွင်သာဝယ်သူ။ ယခုလို ပလာဇာမျိုးကို မျက်စောင်းပင်ထိုးကြည့်သူမဟုတ်ခဲ့။အဝတ်အစားချင်းတူလျှင်တောင် ယခုလို့နေရာမျိုးကနေမဝယ်ခဲ့။ ဆိုင်အကြီးကြီးတွေမှာပဲဝယ်ခဲ့သူ။ရန်ကင်းစင်လောက်တောင် သိပ်အရေးမစိုက်ချင်သောမျိုးမမက ကိုဇင်မောင်၏ တောင်းတောင်းပန်ပန်ခေါ်ဆိုမှုကြောင့်ပါလာခဲ့ရခြင်းဖြစ်သည်။ကိုဇင်မောင်ကလည်း မိတ်ဆွေတစ်ယောက်၏ဖုန်းဆိုင်ကို မဖြစ်မနေလာခဲ့ရခြင်းဖြစ်သည်။ဖုန်းဆိုင် တော်တော်များများက ကိုဇင်မောင်ဆီမှ တဆင့်ယူရောင်းကြသည်လေ။
~~~~~
လက်နှစ်ဖက်တွင် အထုပ်များတပွေ့တပိုက်နှင့် ဈေးဆိုင်ခန်းလမ်းကျဉ်းလေးများမှ မပိုးဖြူမနည်းပင်တိုးထွက်လျှောက်လာခဲ့ရသည်။အဖော်တစ်ယောက်သာပါလျှင်သော် အထုပ်များနှင့်တစ်နေရာမှာစောင့်ထားခိုင်းရုံပင်။ယခုတော့လက်နှစ်ဖက်လုံးလက်အံသေလျက် လူတစ်ကိုယ်လုံးလည်း နုံချိမောပန်းနေပေပြီ။
"ဘုတ် "
" အ "
ရုတ်တရက်တစ်ဖက်မှ အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်လိုက်လိုက်ရာ မပိုးဖြူမှာအထုပ်များနှင့်မနိုင်မနင်းဖြစ်နေသောကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ ဖင်ထိုင်ရက်လဲကျသွားရတော့သည်။ရုတ်တရက်မို့ မပိုးဖြူ နာလဲနာသွားသလို ရှက်လဲရှက်သွားသောကြောင့် ၀င်တိုက်မိသူကို မော့ကြည့်လိုက်မိသည်။
"လာပါအုံး ကိုယ်တော်ရယ် ... မင်းကို တွေ့ရဖို့ကလဲခက်ခဲလိုက်တာနော် ... ဒီပွဲကို မင်းလာမယ်ဆိုတာ သိလို့ .... တို့တွေကလာကြိုစောင့်နေတာသိရဲ့လား "
ရုတ်တရက် မိုးထက်၏ လက်ကိုဆွဲပြီးပြောလိုက်သော မမကျော့၏အပြုအမူကြောင့် မျိုးမမအံ့ဩသွားရလေသည်။သူတို့နှစ်ယောက်၏ ရင်းနှီးပတ်သက်မှုမှာမည်ကဲ့သို့များလည်းဟု မျိုးမမဇဝေဇဝါဖြစ်သွားရပြီး မိုးထက်တို့ကို မျက်လုံးပြူးလေးနှင့် ကြည့်နေမိသည် ။
"ရတနာနဲ့မျိုးကိုတော့ အားနာပါတယ်ကွာ ..သူများပါတီပွဲမှာ တို့ကဆွေမျိုးစပ်သလိုဖြစ်နေပြိ ... "
မမကျော့က မျိုးမမတို့ဘက်ကို လှည့်ပြောလိုက်ရင်း မိုးထက် ကို သူမဘေးကခုံတွင်ထိုင်စေလိုက်လေသည်။
"ဒီရက်ပိုင်းတွေ ဖုန်းဆက်လို့လဲ မရ ...လာရှာရင်လဲမတွေ့နဲ့ ဘာတွေလုပ်နေတာလဲ ပြောအုံး ... "
" နည်းနည်းအလုပ်များနေလို့ပါ မမရယ် ... ဖုန်းဆက်မရလဲစာပို့ထားလိုက်လေမမကလဲ ဘာခက်လို့လဲ ...ကျွန်တော်က ဧည့်သည်တွေနဲ့စကားပြောနေရင် ဖုန်းအသံပိတ်ထားတတ်လို့ပါ "
"ပြောလိုက်ရင် အဲ့ဒီလိုပဲ ... အိမ်ကိုလာခဲ့အုံး...ကလေးတွေကလဲ မေးနေတယ် "
" ဟုတ်ကဲ့ပါ မမ ...ဒီတစ်ပတ် အတွင်း လာခဲ့ပါမယ် "
" ဘာဒီတစ်ပတ်လဲ ....ခုညပဲလိုက်ခဲ့ရမယ်...မမ မင်းရဲ့ကားနဲ့ လိုက်ခဲ့မှာ "
စကားပြောနေကြသော မိုးထက်နှင့်မမကျော့ကို မျိုးမမ အကဲခတ်နေမိသည်။ကိုနောင်ဆိုသူကလည်း ကိုဇင်မောင်နှင့် စကားပြောနေရင်းမှ တစ်ချက်တစ်ချက်မှာတော့ မိုးထက်ကိုပြုံးမြမြနှင့်ကြည့်တတ်သည်။ဤစကားဝိုင်းနှစ်ခုတွင် ဟိုဘက်သည်ဘက် ငေးနေရသူများမှာမျိုးမမ နှင့်ရတနာစိုးပင်ဖြစ်ပါလေသည်။
" အားလုံးပဲ ရတနာတို့ကို ခွင့်ပြုပါအုံးနော် ...သွားမယ်လေ မျိုး "
နှုတ်ဆက်စကားပြောပြီး ထထွက်သွားသော ရတနာစိုး၏ နောက်မှ မျိုးမမထလိုက်လာခဲ့ရသည်။စားပွဲဝိုင်းမှထလာစဉ် မိုးထက်ကိုမသိမသာကြည့်လိုက်မိသောအခါ မိုးထက်ကလည်းလှမ်းကြည့်သည်ကိုတွေ့လိုက်ရသည်။ကိုဇင်မောင်ကိုမူ မျိုးမမလှည့်မကြည့်ဖြစ်လိုက်ပါ။
~~~~
"သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ ရတနာ "
စကားဝိုင်းနှင့်ခပ်လှမ်းလှမ်းသို့ရောက်ချိန်တွင် ရတနာစိုးကို မျိုးမမမေးလိုက်မိသည်
"ဘယ်သူတွေကို မေးတာလဲ ...မမကျော့နဲ့ကိုမိုးထက်ကိုမေးတာလား ... သူ့တို့ကမောင်နှမဝမ်းကွဲတွေလေ ... မျိုးကိုမပြောပြမိဘူးလား...မမကျော့အမေနဲ့ကိုမိုးထက်ရဲ့အဖေက မောင်နှမအရင်းလေ "
"ဟယ် ..ဟုတ်လား "
ရတနာစိုး၏အဖြေစကားကြောင့်မျိုးမမ၏ရင်ထဲတွင် ဘာရယ်မှန်းမသိသောခံစားချက်ဖြစ်သွားမိသည်။
~~~~~
ဧည့်ခံပွဲမှအပြန် ကားပေါ်တွင် မျိုးမမတိတ်ဆိတ်စွာပါလာခဲ့သည်။
" မျိုး တိတ်လှချည်းလား ...နေမကောင်းဘူးလား "
နှုတ်ဆိတ်ငြိမ်သက်နေသော မျိုးမမကိုကြည့်ပြီးကိုဇင်မောင်ကမေးလိုက်သည်။
ကိုဇင်မောင်၏ အမေးကို မျိုးမမက ခေါင်းငြိမ့်ပြလိုက်ပြီး
"ဒီနေ့ မျိုးသိပ်မလန်းဘူး ဖြစ်နေတယ် အစ်ကိုရယ် ...ဒီညတော့ အမေနဲ့ ပြန်အိပ်လိုက်အုံးမယ် ...အစ်ကို အိမ်ပြန်လိုက်နော် "
" နေမကောင်းရင်လဲ ဆေးခန်းသွားမယ်လေ မျိုးရယ် "
မျိုးမမကိုကြည့်ပြီးကိုဇင်မောင်က ထပ်ပြောလိုက်သည်။
"ရပါတယ် အစ်ကို ...ဆေးခန်းမသွားတော့ပါဘူး ... အမျိုးသမီး ပြဿနာပါ ...ဒီညတော့အိမ်မှာပဲ နားချင်လို့ပါ "
"အင်းပါ မျိုးရယ် ....အဲ့ဒါဆို အစ်ကို အိမ်ပြန်လိုက်ပါ့မယ်ကွာ ..အရေးအကြောင်းရှိရင် ဖုန်းဆက်လိုက်နော် "
~~~~~~
"ကမာရွတ်နဲ့ တောင်ဥက္ကလာ ကတော့တခြားစီပါ ... နေရာကကားလမ်းမကြီးမဟုတ်ပေမဲ့ မိန်းလမ်းမကြီးလို့ပြောတယ် .... နေရာကို ဖြူဖြူစိတ်ဝင်စားရင်သွားကြည့်လိုက်လေ ....တို့လိပ်စာပို့ ပေးလိုက်မယ် "
" အင်း ... သွားကြည့်လိုက်မယ် ဝေဝေ .. အဆင်ပြေရင် တစ်ခါတည်း ငှါးခဲ့လိုက်တော့မယ် ...အခုပဲဆယ်ရက်ကျော်နေပြီ
... နေရာကြိုက်တော့ ငွေမနိုင် ... ငွေနိုင်တော့ နေရာမကြိုက်နဲ့ အချိန်တွေကုန်တယ် "
" အင်းပါ ... နေရာတော့ သေချာကြည့်အုံး ....ဝေဝေက ဒီနေ့မအားလို့ပါ ...မဟုတ်ရင်အဖော်လိုက်ပေးပါတယ် "
"ရပါတယ် ဝေဝေရယ် ....ဒါပဲနော် ... သွားဖို့ပြင်ဆင်လိုက်အုံးမယ် "
ဝေဝေဖုန်းချသွားသည်နှင် အပြင်ထွက်ရန် မပိုးဖြူပြင်ဆင်လိုက်သည်။ဆယ်ရက်ကျော်အတွင်း အလုပ်မရှိသည်နှင့်နေရာအနှံ့လျှောက်သွားထားခဲ့သောကြောင့် လူမှာပို၍ပိန်သွားသလို အသားအရည်များပင်ညိုသွားသယောင်ထင်ရသည်။မည်သို့ပင်ဖြစ်စေ ရန်ကုန်တစ်မြို့လုံး မပိုးဖြူမရောက်ဖူးသည့်နေရာခပ်ရှားရှားဖြစ်သွားခဲ့လေပြီ။တောင်ဥက္ကလာနှင့် ရန်ကင်းဘက်ကလွဲလျှင် မပိုးဖြူမသွားခဲ့သောနေရာမရှိခဲ့။အစတုန်းကတော့ ဈေးကွက်လေ့လာရန်ဈေးများကို လျှောက်ကြည့်ခြင်းဖြစ်သည်။နောက်တော့ တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေလျှင် မွန်းကြပ်လွန်း၍ ရောက်မိရောက်ရာ လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ရင်ထဲမှ ဒဏ်ရာများကျက်ဖို့ရန် မပိုးဖြူအတွက် အချိန်တစ်ခုလိုအပ်နေသည်မှာတော့ အမှန်ပါပင်။
~~~~
"ဘာလဲကွ.....သွားလေရာကားနဲ့ သွားနေတဲ့ကောင်က ဘာကိစ္စ ခြေထောက်က ညောင်းကိုက်နေရတာလဲ ..."
လူနာခုတင်ပေါ်တွင် လှဲအိပ်ချလိုက်သော မိုးထက်ကိုကြည့်ပြီး ရဲသူမေးလိုက်သည်။
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၅)
*****
ကားပေါ်သို့ကြပ်ကြပ်သိပ်သိပ်တိုးတက်ခဲ့ပြီး မပိုးဖြူလိုက်လာခဲ့မိသည်။ ကားက ဘယ်ဆီကိုမောင်းလို့မောင်းနေမှန်းပင်မသိ။မပိုးဖြူမျက်လုံးအိမ်ထဲမှာတော့ စိမ်းကားအေးစက်နေသောသမီးငယ်၏အကြည့်စိမ်းများကိုသာမြင်ယောင်နေမိသည်။မပိုးဖြူ ကိုယ့်လက်ဖဝါးကို ပြန်ပြီးဆွဲညှစ်နေမိသည်။သမီးလေးက မပိုးဖြူ၏နှလုံးသားကို စကားလုံးများဖြင့်ရိုက်နှက်ခဲ့သည်။တန်ပြန်အနေဖြင့် မပိုးဖြူက သမီးလေး၏ပါးပြင်ကို ရိုက်ခဲ့မိသည်။သူတို့နှင့်ပတ်သက်၍ နှလုံးသာက အေးစက်ထုံကျင်သွားပြီဟုထင်ခဲ့မိသော်လည်း သမီးဖြစ်သူနှင့် မျက်နှာချင်းဆိုင်ဆုံမိသောအခါ နှလုံးသားသည် ဆတ်ဆတ်ခါနာကျင်နေမိမြဲပင်။
~~~~~~~
" အစ်မ ဂိတ်ဆုံးပြီခင်ဗျ "
"ရှင် "
အနားသို့ ကပ်ပြီးပြောလိုက်သော ကားဆရာ၏အသံကိုကြားမှ မပိုးဖြူရေတင်နည်းပြန်၍သတိဝင်လာခဲ့မိသည်။ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသောအခါတွင် ကျောင်းကဲ့သို့အဆောက်အဦးကြီးများနှင့် သစ်ပင်မြင့်ကြီးများကို တွေ့လိုက်ရလေသည်။
" ဒါ ..ဒါဘယ်နေရာလဲရှင် "
ကားဆရာကို မပိုးဖြူ အထိတ်တလန့်နှင့် မေးလိုက်မိသည်။
"ဒါ ....ဒဂုံတက္ကသိုလ်လေ .... ဘယ်ကိုသွားမှာလဲ "
" ရှင် .. ဒဂုံတက္ကသိုလ်ရောက်လာတာလား ..ဟို ... ဟို .. သိမ်ကြီးဈေးသွားချင်လို့ပါ "
မပိုးဖြူ၏ စကားကြောင့် ကားဆရာက အံ့ဩသလိုမျက်လုံးများဖြင့် ကြည့်သည်။
"ဒီကားကပြန်ထွက်လဲ သိမ်ကြီးဈေးမရောက်ဘူး ...သခင်မြပန်းခြံပဲ ရောက်တာ .. ဟိုးဘက်က ဂိတ်ကိုသွားပြီးစီး ....အဲ့ဒီကားက မြို့တော်ခန်းမရှေ့ရောက်တယ်...ခန်းမရှေ့ရောက်ရင်တော့ သိမ်ကြီးစျေးသွားတတ်မှာပေါ့ . "
"ဟုတ် ..ဟုတ်ကဲ့ .... ကျေးဇူးပါရှင် "
ကားဆရာကို ကျေးဇူးတင်စကားပြောပြီး ကားဆရာညွှန်ပြသောလမ်းအတိုင်းမပိုးဖြူ ယောင် အအနှင့် လျှောက်လာခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ်မရောက်ခဲ့ဖူးသော နေရာများသို့ပင် ရောက်ရှိလာခဲ့သည်။ရှည်လျားသော လမ်းများနှင့် သစ်ပင်မြင့်ကြီးများကြား မပိုးဖြူ တရွေ့ရွေ့လျှောက်လာခဲ့မိသည်။
~~~~~~~~
" မျိုးမမနိုင်ကတော့ အမြဲလှနေတာပဲနော် "
" ဒီလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် "
" ကျွန်တော်ကလဲ မျိုးမမကိုကျေးဇူးတင်ပါတယ်ဗျာ ...ကျွန်တော့်ပွဲကို တက်ပေးလို့ပါ "
ဧည့်ခံပွဲအတွင်း လျှောက်လာခဲ့ရင်း မျိုးမမ၏အကြည့်များမှာ ဧည့်ခံပွဲတစ်ခုလုံးသို့ မျက်လုံး ဝေ့ကြည့်လိုက်မိသည်။တွေ့ပါပြီ မျိုးမမရှာနေသောသူ။ ခဲရောင်စတိုင်ပန်ဘောင်းဘီနှင့် အဖြူရောင်ရှပ်ကိုတွဲဝတ်ထားသောသူ။ ဆံပင်ရှည်များကိုနောက်သို့လှန်စီးထားပုံက မျက်နှာပုံစံနှင့်လိုက်ဖက်လွန်းနေသည်။ဘေးကလူနှင့်စကားပြောရင်းရယ်နေပုံက မျိုးမမသိပ်ကြိုက်သော နိုင်ငံခြားမင်းသားနှင့်ပင်တူနေသည်။မျိုးမမ ကိုဇင်မောင်နှင့်တွဲလျှောက်နေရင်းမှ မသမသာလူချင်းခွါလိုက်သည်။
"ဟော ..မျိုးရောက်လာပြီလား . "
လာရောက်ဆွဲခေါ်သော ရတနာ့ကို မျိုးမမစိတ်ထဲမှကျေးဇူးတင်သွားမိသည်။ရတနာ စိုးကမျိုးမမကို ဆွဲခေါ်လာရင်းမှ မိုးထက်ရှိရာသို့ မျက်စပစ်ပြလိုက်သည်။ရတနာစိုး၏ အမူအရာကို ရိပ်မိသဖြင့် မျိုးမမကမခို့တရို့ ပြုံးလိုက်သည်။ရတနာစိုး၏ခြေလှမ်းများသည် မိုးထက် နှင့် အနီးဆုံးသို့ရောက်ရှိသွားခဲ့သည်။
"လာမျိုး ... ဒီမှာပဲထိုင်ရအောင် ..."
မျိုးမမတို့ထိုင်လိုက်သော စားပွဲဝိုင်းတွင် ခေတ်ဆန်လှပသောအမျိုးသမီးတစ်ယောက်နှင့်အတူ အသက်လေးဆယ်ခန့်ရှိ အမျိုးသားတစ်ယောက်ကိုတွေ့ရသည်။
"မမကျော့နဲ့ကိုနောင်မင်္ဂလာပါနော် ... မတွေ့တာတောင်ကြာပြီ ....မျိုးမှတ်ထားနော် ... ဒီကအစ်ကိုနောင်နဲ့မကျော့တို့က ( .....)ကုမ္ပဏီပိုင်ရှင်တွေလေ ...."
ရတနာစိုး၏ မိတ်ဆက်ပေးမှုကြောင့် ထိုစုံတွဲအားမျိုးမမ အံ့ဩအားကျစွာကြည့်လိုက်မိသည်။ရတနာစိုးပြောသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကြဲ စာရင်းဝင်ကုမ္ပဏီကြီးဖြစ်သည်လေ။ သူတို့ပိုင်ဆိုင်သောဟိုတယ်၊ ကုန်တိုက်နှင့်အိမ်ရာများမှာ မြန်မာတစ်နိုင်ငံလုံးလက်ညှိုးထိုးမလွဲရှိသည်။မျိုးမမ စင်္ကာပူမှာနေစဉ်ကတည်းက ကုမ္ပဏီ၏ အရှိန်အဝါကြီးမှုကို ကြားသိနေခဲ့ရသည်။သို့သော်လည်း ပိုင်ရှင်များမှာ ဤမျှအသက်ငယ်ရွယ်လိမ့်မည်ဟုမျိုးမမ မထင်ခဲ့မိ။မျက်မြင်တွေ့လိုက်ရချိန်တွင် နှစ်ယောက်လုံးမှာအသက်လေးဆယ်ဝန်းကျင်သာရှိလေသည်။
" ရတနာ့သူငယ်ချင်းက... မင်းသမီးများလားဟင် သိပ်လှတာပဲ "
"မဟုတ်တာပဲ မမကျော့ရယ် ... မျိုးလှတယ်ဆိုတာ မမကျော့ကို ဘယ်မီမလဲရှင်
မမကျော့ဆိုသောသူဋ္ဌေးမဆီမှ ချီးကျူးစကားကြောင့် မျိုးမမကျေးနပ်စွာပြုံးလိုက်မိရင်းအလိုက်သင့် ပြန်ပြောလိုက်သည်။ဒီဘက်မှာ မျိုးမမတို့မိန်းမသားသုံးယောက် အဖွဲ့ကျနေသလို တစ်ဖက်တွင်လည်း ကိုဇင်မောင်နှင့်သူဋ္ဌေးကိုနောင်တို့မှာစကား ဖောင်ဖွဲ့နေကြလေသည်။
ထိုစဉ်မှာပင်မျိုးမမတို့ရှိရာစားပွဲဝိုင်းဆီသို့ မိုးထက် ရောက်လာခဲ့လေသည်။စားပွဲဝိုင်းနားသို့ မိုးထက်ရောက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ မျိုးမမ၏ရင်ထဲတဒိန်းဒိန်းဆောင့်ခုန်လာလေသည်။မျိုးမမရှက်ပြုံးလေးပြုံးလျက် မိုးထက်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။
မပိုးဖြူ၏နေ့စဉ်ခရီးကို လျှောက်သွားနေခြင်းဖြစ်သည်။ဤသို့လျှောက်သွားနေခြင်းဖြစ် လည်း မပိုးဖြူ၏ရင်မှဝေဒနာများကို မေ့ထားနိုင်စွမ်းရှိလေသည်။မပိုးဖြူထိုင်နေရင်းမှ ရေဘူးကိုဖွင့်၍မော့သောက်လိုက်သည်။မပိုးဖြူရေသောက်နေစဉ် မျက်လုံး ရှေ့တည့်တည့်သို့ ရောက်လာသော လူငယ်စုံတွဲကို ကြည့်ပြီး ရေသောက်ရင်းတန်းလန်းမှ အသက်ရှူရပ်သလိုပင်ဖြစ်သွားရသည်။မပိုးဖြူ၏ရှေ့တွင် သမီးဖြစ်သူပိုးအိဇင်နှင့်အတူကောင်လေးတစ်ယောက်။ကောင်လေးကပိုးအိဇင်၏ ပခုံးကိုပိုင်ပိုင်နိုင်နိုင်ပင်သိုင်းဖက်ထားလေသည်။မပိုးဖြူကြောင်ငေး၍ကြည့်နေမိစဉ်မှာပင် ပိုးအိဇင်ကလည်း မြင်တွေ့သွားသည်။သားအမိနှစ်ယောက်လုံး ကိုယ်စီကြက်သေသေလျက်ငေးမောကြည့်နေမိကြသည်။အတန်ကြာလျှင် ပိုအိဇင်က ဦးစွာမျက်နှာကိုလွှဲလိုက်ပြီး ချစ်သူ၏လက်ကိုဆွဲ၍ စင်တာထဲသို့ခပ်မြန်မြန်လျှောက်ဝင်သွားလေသည်။မပိုးဖြူ ခပ်မဲ့မဲ့လေးပြုံးလိုက်ရင်း စင်တာရှေ့မှထွက်လာခဲ့ပြီး တွေ့ရာကားတစ်စီးပေါ် တက်ခဲလိုက်သည်။ယနေ့အဖို့မှာတော့ မိုးမချုပ်မချင်း မပိုးဖြူရွက်လွှင့်ပေအုံးမည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၅) ဆက်ရန်
#ဧကြည်ဖြူ
" ဟာကွာ မျိုးရယ်... အဲ့ဒီလိုဖြစ်နေတာကို ....ဘာလို့အစ်ကို့ကို မပြောရတာလဲကွာ ... ငွေက ဘယ်လောက်လိုတာလဲ ပြော ..."
"မဟုတ်တာ အစ်ကိုရယ် ...မျိုးဘာသာဆပ်ပါ့မယ် ...ရပါတယ် ...မျိုးရဲ့ဆိုင်က အရောင်းပါးနေလို့ပါ... မဟုတ်ရင် ဒီငွေကို ဆပ်ပြီးပါပြီ "
မျိုးမမကလက်ခါခါခြေခါခါနှင့်ငြင်းဆန်လိုက်သည်။
"ကဲပါကွာ ... ငွေက ဘယ်လောက် လိုတာလဲ ...လိုတာကို မနက်ဖြန် ဘဏ်မှာသွားထုတ်လိုက်နော် မျိုး "
"ဟုတ်ကဲ့ အစ်ကို ... ကျေးဇူးတင်ပါတယ်...အစ်ကိုသာမရှိရင်တော့ မျိုးဘယ်လိုရှေ့ဆက်ရမှန်း တွေးတတ်မှာမဟုတ်ဘူး ... အစ်ကိုက မျိုးအတွက်တော့ မရှိမဖြစ်ပဲသိလားအစ်ကို "
မျိုးမမကမူနွဲ့နွဲ့လေးပြောရင်း ကိုဇင်မောင်၏ရင်ခွင်တွင်းသို့တိုးဝင်လိုက်လေသည်။
~~~~~~~~
တိုက်ခန်းသို့ပြန်ရောက်သည်နှင့်မပိုးဖြူရေမိုးချိုးလိုက်ပြီး မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီးရှိခိုးကန်တော့သည်။ပြီးနောက်တစ်နေကုန်သုံးလာခဲ့သော ကုန်ကျစရိတ်များကိုတွက်ချက်ကြည့်သည်။ရေးသန့်ဘူးဖိုးမှအစ ကားခတစ်ရာနှစ်ရာပင်မကျန်စေရအောင်တွက်ချက်သည်။တွက်၍ ငွေကိုက်ညီသောအခါ ဖုန်းထဲမှ ဖေ့ဘုတ်ကိုစသုံးသည်။ပုံတင်၊သူငယ်ချင်းများရှာနှင့် ဖုန်းနှင့်အလုပ်ရှုပ်နေတော့သည်။ငွေဆိုသည်မှာက ဘယ်လောက်များများ အထွက်ပဲရှိပြီးအ၀င်မရှိလျှင် တစ်ချိန်ကုန်သွားမည်မှာသေချာသည်။သုံးတတ်လျှင်ရှာတတ်ရမည်။ငွေသည်လူတစ်ယောက်အတွက် ကိုးကွယ်ရာဘုရားသခင် မဟုတ်သော်လည်း မရှိမဖြစ်သောအရာဖြစ်သည်။ငွေကြောင့် လူဘဝအမြင့်ရောက်သွားနိုင်သလို ငွေကြောင့်ပင် လူ့ဘဝပျက်စီးနိုင်သည်။မပိုးဖြူဘ၀မအတွက်တော့ အမြင့်မရောက်နိုင်ခဲ့လျှင် တောင် ပျက်စီးခြင်းတော့မဖြစ် စေရဟုဆုံးဖြတ်ထားသည်။နည်းပညာပိုင်းကို မပိုးဖြူ နာရီပေါင်းများစွာလေ့လာသည်။မသိတာနားမလည်တာရှိလျှင် ဖုန်းဆိုင်က ဝန်ထမ်းလေးပြောသကဲ့သို့ ယူကျူ့မှာ သွားရှာသည်။ သင်ယူသည်။အငှါးခန်းရ၍ အထည်ဆိုင်လေးဖွင့်နိုင်လျှင် အွန်လိုင်းပေါ်က ပါ ရောင်းနိုင်အောင်ကြိုးစားမည်။အသက် (၃၆)နှစ်ပဲဖြစ်ဖြစ် (၆၃ ) နှစ်ပဲဖြစ်ဖြစ် အသက်ရှင်နေသ၍ မိမိဘ၀အတွက်ကြိုးစားနေရမည်ကို မပိုးဖြူနားလည်စပြုလာသည်။ညနှစ်နာရီကျော်တွင် မပိုးဖြူအိပ်ဖို့ပြင်သည်။နောက်နေ့အတွက် မပိုးဖြူအားမွေးရပေအုံးမည်။
~~~~
"လက်ထပ်ပွဲကို လူသိရှင်ကြား တရားဝင်လုပ်မှာမဟုတ်လား မျိုး ... အနည်းဆုံးတော့ ခန်းမတစ်ခုခုမှာလုပ်ခိုင်းပေါ့...ကိုဇင်မောင်ကို အပိုင်ကိုင်ထားနိုင်မှ တော်ရုံကျမှာနော် "
"အင်းပါ ..ရတနာရယ် .. တို့က မျိုးမမပဲဟာ "
ရတနာစိုး၏စကားကို မျိုး မမက ဝံ့ဝံ့ကြွားကြွားလေးတုံ့ပြန်ပြောဆိုလိုက်သည်။
"ဪ ..ဒါနဲ့မျိုးကို ပြောရအုံးမယ်သိလား ...ကိုမိုးထက်ကြီးလေ ...မျိုးအကြောင်းတွေကို တို့ဆီမှာလာမေးနေတယ်သိလား ...တို့တောင် စိတ်ထဲကနေသူ့ကိုသနားမိသွားသေးတယ် ...အစကတည်းကသာဆိုရင် ဘယ်လောက်ကောင်းမလဲ ...ချမ်းလဲချမ်းသာရုပ်လဲဖြောင့်
တယ် ... ပြီးတော့လူပျိုလေကွာ ကိုဇင်မောင်ကြီးထက်တော့သာ တာပေါ့ "
ရတနာစိုး၏စကားကြောင့် မျိုးမမ၏ရင်တွေတဒိန်းဒိန်းခုန်လှုပ်သွားပြီးအထစ်ထစ်အငေါ့ငေါ့ဖြင့်ရတနာစိုးကိုမေးလိုက်မိသည်။
''သူ ..သူက မျိုးအကြောင်းဘာတွေမေးတာလဲဟင် ရတနာ "
" မေးတာတော့ စုံနေရောပဲ...မျိုး စင်္ကာပူမှာ နေခဲ့တဲ့အကြောင်းတွေရော ... လက်ရှိအကြောင်းတွေရောပေါ့ ...ဆိုင်ကရောအဆင်ပြေရဲ့လားတဲ့လေ...ကြည့်ရတာရေခဲတုံးကြီး အရည်ပျော်လာတာများလား "
"ဟုတ် ... ဟုတ်လား ...ရတနာကဘာတွေ ပြောပြလိုက်လဲဟင်...ကို ..ကိုဇင်မောင်နဲ့ မျိုးအကြောင်းကို ပြောလိုက်သေးလားဟင် "
မျိုးမမစိုးထိတ်စွာ မေးလိုက်မိသည်။
" ကိုဇင်မောင်နဲ့ ပတ်သက်နေတာကိုတော့ ဘယ်ပြောမလဲမျိုးရယ် ...ကျန်တာတွေတော့ ပြောပြလိုက်တယ် ..."
ရတနာစိုး၏ စကားကြောင့် မျိုးမမစိတ်ထဲမှကြိတ်၍ ကျေးဇူးတင်လိုက်မိသည်။
''ဒါနဲ့ ကိုရန်ပိုင်ရဲ့ကုမ္ပဏီအသစ်ဖွင့်လှစ်တဲ့အထိမ်းအမှတ်ဧည့်ခံပွဲကို မျိုးကိုဖိတ်ထားသေးလား "
ရတနာစိုးပြောမှပင် ထိုအကြောင်းကိုမျိုးမမသတိရသွားမိသည်။
"ဖိတ်ထားတယ် ရတနာ ...မျိုးလဲသွားမှာပါ ''
"ဒါဆိုရင် ကိုဇင်မောင်ကိုလဲဖိတ်တယ်မဟုတ်လား ....မျိုးတို့ကို ကြည့်ပြီး ကိုမိုးထက်ကြီးအသည်းကွဲသွားမဲ့ပုံကို ရတနာတော့ မြင်ယောင်မိသေးတယ် ...ကိုရန်ပိုင်နဲ့ ကိုမိုးထက်က တအားခင်တာလေ...သူအဲ့ဒီပွဲမှာ အချိန်ကုန်အောင်ရှိမှာ သေချာတယ် "
" ဟုတ် ..ဟုတ်လား "
နှစ်ယောက်သားစကားပြောဆိုပြီးနောက် ရတနာစိုးပြန်သွားသည်အထိ မျိုးမမတစ်ယောက်တည်းအတွေးပေါင်းများစွာနှင့်ကျန်ခဲ့လေသည်။
~~~~
လူငယ်လူရွယ်များပေါများ သော လှည်းတန်းတစ်ဝိုက်သို့ မပိုးဖြူလှည့်ပတ်ကြည့်ရှုပြီးနောက် မောလွန်းလှ၍ လှည်းတန်းစင်တာ ရှေ့မှ အတက်အဆင်းလှေကားထစ်များတွင် အများနည်းတူထိုင်ချလိုက်ပြီးအမောဖြေနေမိသည်။ရေသန့်တစ်ဘူးနှင့်ဘေးလွယ်အိတ်ကိုလွယ်ပြီး နေရာအနှံ့လျှောက်သွားနေခြင်းကြောင့် ခြေထောက်များမှာ ကျိန်းစက်၍နေသည်။ယနေ့ဆိုလျှင် မပိုးဖြူဘ၀သစ်ကိုစသည်မှာ သုံးရက်မြောက်သောနေ့ဖြစ်သည်။လုပ်ငန်းစလုပ်ရန်အတွက်နေရာလည်း မတွေ့ရှိသေး၍
ရပ်တန့်ခဲ့ရတော့သည်။ပြောချင်တာမှာချင်တာရှိလျှင် ဖုန်းဗိုင်ဘာမှ မှာရပြောရသည်။နည်းပညာခေတ်ရေစီးကြောင်းသည် မပိုးဖြူနှင့်မဝေးလှပါ။သို့သော်လည်း မပိုးဖြူအတွက် ခင်ပွန်းနှင့်သမီးမှလွဲ၍ ဤအရာများ မလိုအပ်လှဟုထင်၍လျစ်လျူရှုခဲ့သည်။ယောက်ျားနှင့်သမီးက ကွန်ပျူတာရှေ့ထိုင်နေချိန်တွင် မပိုးဖြူကတီဗီရှေ့တွင် ငေါင်စင်းစင်းနှင့်ထိုင်နေခဲ့သည်။အိမ်ကြီးထဲတွင် မီးသားစုသုံးယောက်ရှိချိန်သည် ဘဝရဲ့အသာယာဆုံးအချိန်ဟုမပိုးဖြူထင်ခဲ့သည်။ပျော်ခဲ့သည်။အမှန်တကယ်တော့ ဘ၀ဆိုသည်မှာ မပိုးဖြူတွေးထင်ထားခဲ့သလို မရိုးရှင်းခဲ့ပါချေ။အထူးသဖြင့် တစ်စုံတစ်ယောက်ကို ချစ်ခင်တွယ်တာပြီး မှီခိုအားကိုးနေရသောဘဝသည် အချိန်မရွေး ပျက်စီးဆုံးရှုံးသွားနိုင်သည်ကို အချိန်နှောင်းမှ သိရှိခဲ့ရလေပြီ။တစ်စုံတစ်ဦးထံမှာ မိမိတစ်ဘလုံးကို မြှုပ်နှံပြီးပျော်ရွှင်နေခြင်းသည် မတည်မြဲနိုင်သောပျော်ရွှင်မှုမျိုးဖြစ်သည်ကို မပိုးဖြူသိရှိလာခဲ့ပါလေပြီ။ဘ၀ကိုတစ်ကပြန်စရခြင်းသည် လွယ်တော့မလွယ်ကူလှပါချေ။သို့သော်လည်း လျှောက်လက်စလမ်းမှာလုံး၀ဆက်လျှောက်၍မရတော့ဘူးဆိုလျှင်ဖြင့် လမ်းသစ်ကိုဖောက်၍ လျှောက်ရပေမည်။မပိုးဖြူတွင် သတ္တိမရှိပါ။ခွန်အားမရှိပါ။သို့သော်ငြား တစ်ဦးတစ်ယောက်၏ စကားကဲ့သို့ပင် သေ၍မရလျှင်ရှင်ဖို့ ကြိုးစားရပေမည်။
~~~~~~~
ဖုန်းဆိုင်ထဲမှ မပိုးဖြူထွက်လာသောအခါ နေ့တစ်ဝက်ပင် ကျိုးနေပြီဖြစ်သည်။ဖုန်းနှင့် ပတ်သက်၍လည်း အတော်အသင့် မပိုးဖြူ နားလည်ခဲ့လေပြီ။
"တူ ...တူ "
ဖုန်းဆိုင်အပြင်သို့ ရောက်ပြီးမကြာမီမှာပင် ဝေဝေ ပေးထားသောဖုန်းလေးမှာ မြည်လာသဖြင့် မပိုးဖြူဖုန်းကိုင်လိုက်သည်။
"ဟယ်လို ဝေဝေ "
" အေး ဖြူဖြူ ...မင်းကို မေးစရာရှိလို့ ... မင်းလိုချင်တဲ့ အခန်းကလေ .. ဘယ်မြို့နယ်မှာ လိုချင်တာလဲ ..ဒီမှာပွဲစားနဲ့ ချိတ်ပေးမယ် "
"တောင်ဥက္ကလာရယ် ရန်ကင်းရယ်နဲ့ဝေးရင် ပြီးတာပါပဲဝေဝေ .. ဆိုင်အကြီးကြီးမလိုဘူးနော် တော်ရုံအခန်းပဲ... ငွေလဲအများကြီးမနိုင်ဘူး "
ဝေဝေ့အမေးကို မပိုးဖြူ ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။
"အေးပါ ...ပြီးတော့ မနေ့ညကတည်းကပြောမလို့ပဲဖြူဖြူ....ငွေလိုရင်ပြောနော် ဝေဝေ့ကိုအားမနာနဲ့ "
"ကျေးဇူးပါ ဝေဝေရယ် ... တို့မှာ လုပ်အားခလစာငွေရလာပါတယ် "
"လုပ်အားခဟုတ်လား ...ဘယ်က လုပ်အားခလဲ "
" အင်း ဒါပဲနော်ဝေဝေ ... ဒီမှာလိုအပ်တာလေးတွေဝယ်ဖို့အတွက် ဆိုင်ရောက်နေလို့ပါ "
ဝေဝေ၏နားမလည်ဟန် အမေးကို မပိုးဖြူမသိဟန်ဆောင်ပြီး ဖုန်းကိုချလိုက်သည်။
~~~~
စကပ်အနက်တစ်ထည်နှင့်ဘလောက်စ်အင်္ကျီအဖြူတစ်ထည်ကို ဝယ်လိုက်သည်။ဝယ်ပြီးသောအခါမှတစ်စုံတစ်ခုကိုတွေးမိပြီး စတိုင်ပန်ဘောင်းဘီခဲ့ရင့် ရောင်တစ်ထည်နှင့် အနီရောင်အင်္ကျီတစ်ထည်ကို ဝယ်လိုက်သည်။အသစ်အတွက် ဝတ်စုံသုံးစုံနှင့်အိမ်နေရင်းဝတ်ဖုံးသုံးစုံဝယ်သည်။ဖိနပ်တစ်ရဲနှင့်ဘေးလွယ်အိတ်တစ်လုံးဝယ်လိုက်သည်။ယနေ့သုံးစွဲမည့်ငွေကြေးကို ညကတည်းကတွက်ချက်ထားပြီးပြီဖြစ်၍ သက်မှတ်ထားသောငွေပမာဏပြည့်သွားသောအခါ ဈေးဝယ်ခြင်းကို မပိုးဖြူရပ်တန့်လိုက်သည်။ပြီးနောက် ကုန်တိုက်၏ အပေါ်ထပ်အောက်ထပ်အနှံ့သို့ လိုက်လံကြည့်ရှုသည်။ဆိုင်များကို လေ့လာသည်။ယနေ့ခေတ်စား နေသောအဝတ်အစားအသုံးအဆောင်များကို လေ့လာသည်။ကုန်တိုက်အနှံ့သွားပြီးသောအခါ မင်္ဂလာစျေးနှင့်ယုဇနပလာဇာဘက်သို့သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။အခန်းမရမချင်းကတော့ ဈေးများနှင့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများသို့ လိုက်လေ့လာရန် မပိုးဖြူ တွေးထားသည်။ဖြတ်သန်းခဲ့ရသောနေ့ရက်များမှာ မပိုးဖြူကရိုးရှင်းသောအနက်ရောင်ထဘီ ၊ စကပ်၊ အဖြူရောင်ဘလောက်စ်အင်္ကျီနှင့် အဖြူရောင်တီရှပ်များကိုသာဝတ်ဆင်ခဲ့သည်။လူအများကြားဘာတွေခေတ်စားနေသည်ကိုလည်းမသိခဲ့ရိုးအမှန်။ယောကျာ်းအတွက်များဖြင့် ဝယ်နေကျဆိုင်တွင်အသစ်ရောက်သည်ဆိုသည်နှင့်ချက်ချင်းဝယ်ပေးခဲ့သည်။သမီးအတွက်ဆိုလျှင်လည်း ထိုကဲ့သို့ပင်။သေချာပြန်စဉ်းစားကြည့်သောအခါ မပိုးဖြူ၏ဘဝနေထိုင်မှုပုံစံမှားယွင်းနေခဲ့လေသည်လားမသိတော့ပါချေ။
ညနေ (၆)နာရီထိုးသောအခါ ကုန်တိုက်နှစ်ခုအပါအ၀င် မင်္ဂလာဈေးနှင့် ပလာဇာအနှံ့သို့ မပိုးဖြူရောက်ခဲ့သည်။ခရီးစဉ်အားလုံးကို ဘတ်စ်ကားဖြင့်သာသွားခဲ့သောကြောင့် လမ်းစရိတ်မှာ သိပ်မကုန်ခဲ့။မိုးချုပ်လာသောအခါ နေသော အခန်းဆီသို့ ပြန်လာခဲ့သည်။တိုက်ခန်းသို့မတက်မီ လမ်းဘေးထမင်းဆိုင်တွင် ထမင်းပေါင်းတစ်ပွဲဝင်စားလိုက်သည်။စားပြီးနောက် ရေသန့်တစ်ဘူးဝယ်ပြီး သုံးလွှာရှိ တိုက်ခန်းပေါ်သို့တက်ခဲ့သည်။
~~~~~
" မျိုးကဘယ်လိုလုပ်ချင်တာလဲ ...ဒီဆိုင်ကို ဆက်ဖွင့်ချင်တာလား ....နေတာက မျိုးတို့အိမ်မှာပဲနေမှာလား "
ကိုဇင်မောင်က မျိုးမမကို မေးလိုက်သည်။မျိုးမမက တစ်ခဏမျှ စဉ်းစားနေဟန်ပြုနေပြီးနောက်
"ဆိုင်ကတော့ ဆက်ဖွင့်မယ် အစ်ကို ... နေတာကအစ်ကိုအိမ်မှာနေလို့ရမလားဟင် ...မျိုးတို့အိမ်က မျိုးရဲ့ဆိုင်အတွက်ငွေလိုနေလို့ အသိတစ်ယောက်ဆီမှာ ထားထားလို့ပါ "
မျိုးမမ၏စကားကြောင့် ကိုဇင်မောင်၏ မျက်လုံးအစုံမှာပြူးကျယ်သွားရပြီး
ဝေဝေ့စကားကြောင့် မပိုးဖြူမဲ့မဲ့လေးပြုံးလိုက်မိသည်။နေ့စဉ်တစ်ယောက်တည်းနေခဲ့ရသော မပိုးဖြူအတွက်ဘယ်အရာကများ ကြောက်စရာကောင်းပါအုံးမည်နည်း။
"ဒီအခန်းမှာ အနှောက်အယှက်တွေရှိတယ်ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး ဝေဝေရယ် ....စိတ်မပူပါနဲ့ "
"အင်းပါ ...၀ယ်လာတဲ့ မုန့်တွေလဲ စားလိုက်အုံး ..... ဘယ်သူ့ အကြောင်းမှ မတွေးနဲ့ ...ကိုယ့်အကြောင်းကိုပဲတွေး ... အိမ်က နေ ဖုန်းအပိုတစ်လုံးယူလာခဲ့လိုက်တယ် .. ခဏဖြစ်ဖြစ်ယူထားလိုက်နော် ... အကြောင်းရှိရင် ချက်ချင်းဖုန်းဆက် "
"အင်းပါ ဝေဝေ ...ကျေးဇူးတင်ပါတယ် .. နင်ပြန်တော့လေ ....မိုးတွေလဲချုပ်နေပြီ ... ကလေးတွေ မျှော်နေတော့မယ် "
" အင်း ..ငါပြန်ပြီးနော် "
ဝေဝေပြန်သွားသည်နှင့် ဝယ်လာသောဖျာလေးကိုအခန်းထောင့်တွင်ခင်းလိုက်ပြီး ဗလာစာအုပ် အသစ်စက်စက်လေးနှင့်ဘောပင်ကို မဖိုးဖြူထုတ်ယူလိုက်သည်။အလယ်တန်းအဆင့် အောင်ခဲ့သော မပိုးဖြူအတွက် အတွက်အချက်ကို ကျွမ်းကျင်ပိုင်နိုင်လှသည်မဟုတ်သော်လည်း စာရင်း/လုပ်ရုံလောက်တော့ပိုင်နိုင်ပါလေသည်။
~~~~
''ဒေါက် ... ဒေါက် "
တံခါးခေါက်သံအဆုံးတွင် ပိုးအိဇင်က အခန်းတံခါးကိုထဖွင့်ပေးလိုက်သည်။
ကိုဇင်မောင်က သမီးဖြစ်သူဖွင့်ပေးသော တံခါးမှဝင်လာလိုက်ပြီး စားရေးစာပွဲမှခုံတွင်ဝင်ထိုင်လိုက်သည်။
"ဒီညနေပဲ အဖေတို့ကွာရှင်းလိုက်ပြီ သမီး ...သူက (၁၈) နှစ်နဲ့ နှစ်လစာလုပ်အားခတောင်းတယ်....တစ်လတစ်သိန်းခွဲနှုန်းနဲ့ အဖေရှင်းပေးလိုက်တယ် ... သမီးနဲ့ပါမပတ်သက်ဖို့ သူလက်မှတ်ထိုးပေးသွားတယ် .....နောက်ဆို သမီးနိုင်ငံခြားသွားလဲသူတားလို့ မရတော့ပါဘူး "
ဖခင်၏စကားကြောင့် ပိုးအိဇင်တိတ်ဆိတ်လျက်ပင် ဖခင်ကိုမော့ကြည့်လိုက်သည်။နှုတ်ကတော့ဘာမျှပြန်မဖြေပါ။
"အဖေနဲ့ သမီးရဲ့အန်တီမျိုးလက်ထပ်ဖို့ကိုတော့ ...တစ်လကျော်လောက်အချိန်ယူရအုံးမယ် "
"ဟုတ်ကဲ့ ...အဖေတို့အဆင်ပြေရင်ပြီးတာပဲ ...သမီးကိုမုန့်ဖိုးပေးအုံး အဖေ
ကိုဇင်မောင်သည် သမီးကို ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ဟိုရက်ကမှ သမီးဖြစ်သူကိုငွေငါးသိန်းထုတ်ပေးခဲ့သည်မဟုတ်ပါလား။
" အရင်ရက်ကပေးထားတဲ့ငွေက ...သင်တန်းကြေးသွင်းရတာတောင်မလောက်ဘူး အဖေ ... အဘွားဆီက ထပ်တောင်းထားရသေးတယ် "
ပိုအိဇင်က ဖခင်၏ အကြည့်ကို ရိပ်မိလိုက်သောကြောင့် ချက်ချင်းပင်ဖြေလိုက်သည်။
" အင်းပါ သမီးရယ် ... အဖေ မုန့်ဖိုးပေးခဲ့ပါ့မယ် ...ဒါနဲ့ သမီးအမေက သူ့ပစ္စည်းတွေဘာမှမယူသွားဘူး ...အဲ့ဒါတွေကို အလုပ်သမားတွေကို အဖေပေးလိုက်မယ်သမီး "
" အဖေ့သဘောပဲလေ ...သမီးလဲ ဘာမှလုပ်လို့ရတာမှ မဟုတ်တာ "
" ဟုတ်ပြီ ..ဒါဆိုလဲအဖေသွားတော့မယ် "
ပြောပြီးသည်နှင့် သမီးဖြစ်သူ၏အခန်းမှ ကိုဇင်မောင်ထွက်လာခဲ့လိုက်သည်။
~~~~~
" ကြည့်ရတာ အဲ့ဒီတိုက်ခန်းမှာနေမယ်ထင်တယ် အစ်ကို ... ခုန အိမ်ကအစ်မနဲ့သွားကြတာ "
"ဟုတ်ပြီး ငါ့ညီ ... သူ့ အဲ့မှာနေမှာ သေချာသွားရင် .. ငါ့ညီလဲ ပြန်နားတော့လေ .. နောက်ရက်မှ အစ်ကိုတို့လူချင်း တွေ့တာပေါ့ ... သူ့ကို လိုက်ကြည့်နေတာကိုတော့ သတိမထားမိစေနဲ့"
"ဟုတ်ကဲ့ စိတ်ချပါ အစ်ကို .... "
~~~~~~~
မပိုးဖြူအတွက် ဆယ်စုနှစ်ကျော်ဈေးဝယ်ထွက်လာခဲ့သော ကာလတွင် ယခုတစ်ကြိမ်ဈေးဝယ်ထွက်ခြင်းသည် ပထမဆုံးအနေဖြင့်မိမိအတွက်လိုအပ်သည်များကို ဝယ်ယူရန်သက်သက်ဈေးဝယ်ထွက်ဖူးခြင်းဖြစ်သည်။
"အစ်မက ဖုန်းကိုဖုန်းပြောရုံနဲ့ဖေ့ဘုတ်သုံးရုံပဲ သုံးမှာလား...လုပ်ငန်းသုံးအတွက်ပါ သုံးချင်တာလား "
ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးက မပိုးဖြူကို ချိုသာသောအသံဖြင့်မေးလာသည်။
"အင်း ...အစ်မကအွန်လိုင်းကနေအထည်လေးတွေရောင်းဖို့ စိတ်ကူးထားလို့ ..ကင်မရာလှတာလေးလိုချင်တယ် ...အဆင်ပြေရင်တက်ဘလက်တစ်လုံးပါယူမယ် ... ဖေ့ဘုတ်အကောင့်ဖွင့်တာရယ်ပေ့လဲဖွင့်ရမယ်ပြောတယ် ..အဲ့ဒါတွေရောလုပ်ပေးလား ..."
" ဟုတ်ကဲ့ အစ်မ ...ညီမတို့ဆိုင်မှာ ဝန်ဆောင်မှုမျိုးစုံရှိပါတယ် ...အစ်မအနေနဲ့ဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် ပြသပေးမဲ့ ဝန်ဆောင်မှုလဲရှိပါတယ် ... အစ်မရဲ့အကောင့်ကို လူသိများအောင်ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေလဲ ရှိပါတယ် ....၀န်ဆောင်မှုတိုင်းမှာတော့ ...သူ့ဝန်ဆောင်ခနဲ့သူ ရှိပါတယ်ရှင် "
"ဟုတ်ကဲ့ ညီမ ...ဖုန်းနဲ့တက်ဘလက်ကို အာမခံပါတာထဲကပဲယူပါမယ် ... အမျိုးအစားကိုအစ်မကြိုက်တာလေး ရွေးပါ့မယ် "
ဤနေရာတွင် ကိုဇင်မောင်၏ဖုန်းဆိုင်များသို့ သွားခဲ့ရင်းတွေ့ကြုံခဲ့ရသော အသိအရ သဘောတရားအချို့ကို မပိုးဖြူ နားလည်သဘောပေါက်ပါလေသည်။ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင်ကြီးမလုပ်တတ်သော်လည်း သမီးငယ်ကို နားလည်ပေးနိုင်ရန်အတွက်မပိုးဖြူဖုန်းသုံးစွဲပုံ၊ဖေ့ဘုတ်အသုံးပြုပုံများကို အတော်အသင့်နားလည်ခဲ့သည်။ကိုဇင်မောင် ဖွင့်ပေးခဲ့သောဖေ့ဘုတ်အကောင့်တွင် သမီးနဲ့ ယောကျာ်းအပါအဝင်အကောင့်ထဲတွင် ငါးဦးထက်မပိုခဲ့ ။ သမီးကပုံတင်လျှင် တိတ်တိတ်လေးကြည့်ပြီး ကြည့်နူးရသည်။ ယောကျာ်းကပုံတင်လျှင်လည်း ဤသို့ပါပင်။ နောက်ဆုံးတွင်မူ သမီးရောယောကျာ်းပါ မပိုးဖြူကို ဘလော့ သွားသောအခါမပိုးဖြူ၏ ဖေ့ဘုတ်သုံးခြင်းလည်း
