ru
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Открыть в Telegram
803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
~~~~~~ မျက်နှာပေါ်တွင် မိတ်ကပ်ခပ်ပါးပါးလိမ်းပြီး ဆံပင်ကိုကျစ်ဆံမြီးကျစ်ဆံမြီးကျစ်လိုက်သည်။ပြီးနောက် နှုတ်ခမ်းနီ ခပ်ပါးပါးလေးဆိုးလိုက်သည်။သည်မျှဆိုရင် ပပိုးဖြူ အလှပြင်ခြင်းပြီးဆုံးပြီဖြစ်သည်။ဗီရိုကိုဖွင့်ကာ သူမကြိုက်နှစ်သက်သော ပန်းဆီရောင်ဖျော့ဖျော့ မြန်မာဝတ်စုံလေးကို ထုတ်ဝတ်လိုက်သည်။အားလုံး ပြီးသွားသောအခါ စလင်းဘက်အိလေးထဲသို့ လိုအပ်သည်များထည့်ပြီး အဆင်သင့်ပြင်ထားလိုက်သည်။ပြီးနောက် ထုံးစံအတိုင်း အောက်ထပ်ဧည့်ခန်းဆီသို့ ဆင်းခဲ့ပြီး တီဗီဖွင့်ကာ ငုတ်တုတ်ထိုင်နေလိုက်သည်။တီဗီက အသံများ ကြားနေရသော်လည်း ဘာအစီအစဉ်လာနေသည်ကို မပိုးဖြူစိတ်မဝင်စားမိပါ။အိမ်ခြံ၀ဆီမှ ထွက်ပေါ်လာမည့် ကားဟွန်းတီးသံကိုသာ နားစွင့်နေမိလေသည်။ အတန်ကြာသောအခါ ထိုင်နေရသည်ကိုပင် မပိုးဖြူ ညောင်းညာလာသည်။ အချိန်က မနည်းတော့ ညနေ (၆) နာရီထိုးနေချေပြီ ။မပိုးဖြူ ဖုန်းကို ကောက်ယူပြီး ဖုန်းခေါ်လိုက်သည်။ဖုန်းက တစ်ခါခေါ်ရုံနှင့်မကိုင်သဖြင့် နောက်တစ်ကြိမ်ထပ်ခေါ်ရသည်။နှစ်ကြိမ်မြောက်အထိ ဖုန်းမကိုင်သောအခါ စိတ်ထဲပူပန်လာသည်။ကားနှင့် သွားသောလမ်းခရီးဖြစ်၍ စိတ်ထဲပို၍ပူပင်လာရသည်။သုံးကြိမ်မြောက်ခေါ်လိုက်သောအခါ တစ်ဖက်မှဖုန်းကိုင်လိုက်သောကြောင့် မပိုးဖြူရင်ထဲ လှိုက်ခနဲနေအောင်ဝမ်းသာပျော်ရွှင်သွားရလေသည်။ "ဟယ်လို ...မောင် ... ဘယ်ရောက်နေတာလဲ ...မောင် ဖုန်းမကိုင်လို့ ဖြူမှာစိတ်ပူနေတာ " " ဪ ...အေး....ကိုယ်ဒီမှာ မိတ်ဆွေတစ်ယောက်ရဲ့ ဧည့်ခံပွဲကို ရောက်နေလို့ကွာ ..ဒီညနည်းနည်းနောက်ကျမယ် ...ဘုရားကို နောက်ပိတ်ရက်မှလိုက်ပို့မယ် ....ဒါပဲနော် ..ဖုန်းချလိုက်တော့မယ် " မပိုးဖြူ ဖုန်းလေးကိုကိုင်ရင်း ဆိုဖာခုံပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်လေသည်။ ~~~~~ "အစ်ကို့အိမ်ကဖုန်းဆက်တာလားဟင် " "ဟင် ..မ...မဟုတ်ပါဘူးမျိုးရယ် ...လာပါ ..ဘုရားသွားကန်တော့ကြမယ် " ပန်းစည်းများကို ကိုင်လျက် အနားသို့ရောက်လာသော မျိုးမမ၏လက်ကလေးအား ကိုဇင်မောင် အမှတ်တမဲ့ဆွဲခေါ်လိုက်ပြီး လူအများကြားမှ လျှောက်လှမ်းလာခဲ့လေသည်။မျိုးမမသည်လည်းငြင်းဆန်ခြင်းမပြုဘဲလိုက်ပါခဲ့လေသည်။ဘုရားဝတ်ပြုကြသောအခါတွင်လည်း နှစ်ယောက်သားမှာ နီးကပ်စွာထိုင်လျက် ဝတ်ပြုကြလေသည်။ ~~~~~ "ဟယ်လို ...အမေလား ...အဖေပြန်မရောက်သေးဘူးလား ...အိ ဒီည အဘွားတို့အိမ်မှာ အိပ်မလို့ အဲ့ဒါလှမ်းပြောတာ " " ဟို ...ဘာ...ဘာလို့ အိပ်မှာလဲ သမီးရဲ့ ... အမေလာကြိုရမလား " မပိုးဖြူခပ်မြန်မြန်လေး ပြောလိုက်သည်။ " ဟင့်အင်း လာမကြိုနဲ့ အမေ ..ဒီမှာကြီးကြီးတို့လဲရှိလို့.. ဒါပဲနော် အမေ ...အဘွားခေါ်နေပြီ " တစ်ဖက်မှ ဖုန်းချသွားလေပြီ ။ မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ ပြီးတော့ အပေါ်ထပ်ဆီသို့ တက်လာခဲ့သည်။တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးထဲတွင် တီဗီမှထွက်ပေါ်နေသောအသံများသည်သာ မပိုးဖြူကိုအဖော်ပြုနေသကဲ့သို့ရှိလေသည်။ အပေါ်ထပ်အခန်းထဲသို့ ရောက်သောအခါ ဝတ်ထားသော ဝတ်စုံကို ချွတ်လဲလိုက်သည်။လူက ဝတ်စုံကိုလဲနေသော်လည်း စိတ်သည် အဝေးသို့ ပျံ့လွင့်လျက်ရှိပြီး လူမှာထုံထုံထိုင်းထိုင်းကြီးဖြစ်၍နေလေသည်။လည်ချောင်းတစ်လျှောက်တွင်လည်း မီးစနှင့် အထိုးခံထားရသလို့ ပူလောင်စူးရှ၍ နေလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၄ ) ဆက်ရန် # ဧကြည်ဖြူ

မျိုးမမကပြောရင်း ကိုဇင်မောင်ကို ခရီးဦးကြိုပြုလိုက်သည်။ယနေ့က မျိုးမမ၏ဆိုင်တွင် အန္တရာယ်ကင်းဘုန်းကြီး ဆွမ်းကပ်ခြင်းဖြစ်သည်။အလှူအတွက် ဒန်ပေါက်အော်ဒါမှထားသောကြောင့် ကရိကထတော့မများပါ။ဖိတ်ထားသော ဧည့်သည်ကလည်း ဆိုင်နီးနားချင်းများနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေအချို့သာ။ ထိုရင်းနှီးခင်မင်သော မိတ်ဆွေများထဲတွင် ကိုဇင်မောင်နှင့်အတူ ရတနာစိုးအပါအဝင် ကို ရန်ပိုင်နှင့် ကိုမိုးထက်တို့ကိုလည်း ဖိတ်၍ထားလေသည်။ထိုသူများ ထဲမှ ကိုဇင်မောင်သည် အစောဆုံး ရောက်ရှိလာခြင်းဖြစ်ပါလေသည်။ ~~~~.~ "ရတနာရယ်နောက်ကျလိုက်တာ .." "ဆောရီးပါမျိုးရယ်...အိမ်ကလူကြီးပေါ့ ..ပိတ်ရက်လေးမှာ ရတနာနဲ့အတူ ကော်ဖီသောက်ချင်တယ်ဆိုလို့မ်ား လာခါနီးမှ ကော်ဖီအတူထိုင်သောက်ပေးနေရသေးတယ်လေ" ရတနာစိုးကပြောရင်း အထဲသို့ဝေ့ဝဲကြည့်လိုက်သည်။ထိုအခါ ကိုဇင်မောင်ကို တွေ့လိုက်ရသဖြင့် ရတနာစိုးသည် ကိုဇင်မောင်ကို မျက်လုံးဝင့်ကာကြည့်လိုက်သည် ။ ထို့နောက် မျိုးမမ၏ မျက်နှာကို အကဲခတ်လိုက်သည်။ ရတနာစိုးရောက်ပြီး မကြာမီ မှာပင် ကိုရန်ပိုင်လည်းရောက်လာသည်။နေလည်းအတော်မြင့်နေပြီဖြစ်သည်။နေမြင့်လာသည်နှင့်အမျှ မျိုးမမမှာ လမ်းမသို့ မကြာခဏမျှော်ကြည့်နေမိလေသည်။ထိုသို့ မျှော်ကြည့်နေရခြင်း မှာ မျိုးမမမျှော်နေသောဧည့်သည်မရောက်သေးသောကြောင့်ဖြစ်သည်လေ။ ထိုသို့ မျိုးမမမျှော်နေစဉ်မှာပင် ဧည့်သည်တစ်ယောက်ရောက်လာခဲ့လေသည်။ " မမျိုးမမနိုင်ရှိလားခင်ဗျာ " "ဟုတ်ကဲ့ ကျွန်မပါရှင် .." " ဟုတ်ကဲ့ ခင်ဗျာ ...မမျိုးမမနိုင် အတွက်... ကိုမိုးထက်က လက်ဆောင်ပို့ခိုင်းလိုက်လို့ပါခင်ဗျာ ..လက်ခံပေးပါအုံး " မျှော်နေသည်က လူကို ရောက်လာသည်မှာအလှပြပန်းအိုးကြီးတစ်လုံးသာဖြစ်သည်။ပုံစံအသွင်အပြင်ကိုကြည့်ရုံနှင့် အလှပန်းအိုးကြီး၏တန်းဖိုးမှာ မနည်းလှမှန်းသိသာသော်လည်း မျိုးမမစိတ်ထဲ မျက်ခနဲဖြစ်သွားရသည်။စိတ်ရှိလက်ရှိသာဆိုလျှင် ထိုပန်းအိုးကြီးကိုပင် တစ်စစီရိုက်ခွဲပစ်လိုက်ချင်တော့သည်။ ~~~~~ "အစ်ကိုပြန်တော့မယ်နော် မျိုးမမ " "ဟုတ်ကဲ့ ... လာပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရန်ပိုင် " " မျိုးရေ ...ရတနာလည်း ပြန်တော့မယ်နော် " ကိုရန်ပိုင်ပြန်ရန်ပြင်နေစဉ်မှာပင် ရတနာစိုးကလည်း ပြန်ရန်အတွက် မျိုးမမကိုနှုတ်ဆက်လိုက်သည်။ရတနာစိုးသည် မျိုးမမကို နှုတ်ဆက်နေရင်းမှ ကိုဇင် မောင်ကို လှမ်း၍အကဲခတ်သည်။ ကိုဇင်မောင်သည် မျိုးမမ၏မိခင်နှင့် စကားဖောင်ဖွဲ့နေပြီး ပြန်ရန် အရိပ်လက္ခဏာမမြင်ရသောကြောင့် ရတနာစိုးသည် တစ်ယောက်တည်း မသိမသာ ကြိတ်၍ပြုံးလိုက်လေသည်။ ~~~~~~ "အစ်ကို့ကိုလဲ အားနာလှပါပြီ..." "ပြောပြန်ပြီ ._မျိုးရယ် .. " ကိုဇင်မောင်သည် သိမ်းစရာရှိသည်များကို ကူသိမ်းပေးပြီး ပစွည်းများကိုနေရာပြန်ချနေရင်းမှ ပြန်ပြောလိုက်ပြီး မျိုးမမကိုခိုးကြည့်နေမိသည်။ယနေ့တွင် မျိုးမမသိပ်လှနေခဲ့သည်။ရင်ညွှန့်ထက်တွင် ဇာကွပ်ထားသောမြန်မာဝတ်စုံလေးဖြင့် မျိုးမမ၏ပုံစံလေးမှာ ထင်း၍နေသည်။ချပ်ချပ်ရပ်ရပ်ရှိသော ဝတ်စုံ၏အောက်မှ ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်သည်လည်း မြင်သူအကြည့်မလွှဲချင်လောက်အောင်ပင် ဆွဲဆောင်နိုင်လွန်းသည်ဟု ကိုဇင်မောင်ထင်နေမိလေသည်။တစ်ဆက်တည်းမှာပင် ကိုဇင်မောင်သည် မျိုးမမအပေါ် ထားရှိသော သူ၏စိတ်သည်အခြားအပျော်မိန်းခလေးများအပေါ်တွင်ထားရှိသောစိတ်နှင့်မတူသည်ကို သိရှိလာလေသည်။ " ဆိုင်က မနက်ဖြန်စဖွင့်တော့မှာပေါ့ ဟုတ်လား မျိုး ....ဆိုင်ဖွင့်ရင် တော့ အားမှာမဟုတ်တော့ဘူးနော် ...ဒီညနေ ဘယ်သွားချင်သေးလဲ " " အစ်ကိုပြောမှ သတိရတယ် ... ဒီညနေ ဘုရားသွားဖူးမလို့လေ ...ယတြာလဲချေစရာရှိလို့ ... ဘုရားပေါ်မတက်ခင် ကန်တော်ကြီးထဲ ခဏဝင်ဖို့လည်း တွေးထားတယ် " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်သည် မျိုးမမကို ကြည့်လိုက်ပြီး "တစ်ယောက်တည်းလား ...အဖော်ပါလားမျိုး ...အဖော်မပါရင် အစ်ကိုလိုက်ပို့ပေးပါ့မယ် " ကိုဇင်မောင်၏ စကားကြောင့် မျိုးမမ၏မျက်နာလေးမှာ မသိမသာလေးပြုံးယောင်သန်းသွားရပြီး "ရလို့လား အစ်ကို ...တော်ကြာ ပိတ်ရက်မှာ တစ်နေကုန်အပြင်ထွက်နေလို့ အစ်ကို့အမျိုးသမီးဆူနေပါအုံးမယ် " မျိုးမမ၏ စကားကြောင့် ကိုဇင်မောင်သည် ဇနီးသည်ကို ပြောခဲ့သော စကားကို ဖျတ်ခနဲ အမှတ်ရလိုက်သော်လည်း ဦးခေါင်းကို ဆတ်ခနဲ ခါလိုက်ပြီး "ကိုယ့်အိမ်ရှင်မက တီဗီကြည့်နေတာနဲ့ပဲ အချိန်ကုန်နေတာ... ကိုယ့်ကိုသတိမရပါဘူးကွာ..." ~~~~~~~ ပန်းခြံထဲတွင် ကိုဇင်မောင်တို့နှစ်ယောက်သားလမ်းလျှောက်ကြရင်း ပခုံးချင်းထိခတ်မိကြသည်။လက်ချင်းပွတ်တိုက်မိကြသည်။အပြုံးချင်းဖလှယ်မိကြသည်။နှစ်ယောက်သား အသားချင်းထိခတ်မိသည့်အခါကိုဇင်မောင်၏ ရင်ထဲတွင် တသိမ့်သိမ့်လှိုက်ဖို့ ခုန်လှုပ်နေလေသည်။အချိန်ကာလကြာရှည်စွာ ငြိမ်သက်နေခဲ့သော ရင်ခုန်သံများသည် ယခုအခါ၌ဆူပွက် လှုပ်ရှားခုန်လှုပ်နေခဲ့လေသည်။

တီဗီကိုခဏတစ်ဖြုတ်ဖွင့်ကြည့်သည်။မီးပူထိုးလို့ ပြီးသွားလျှင် အချိန်ကမနည်းတော့။ညစာချက်ပြုတ်ဖို့ အချိန်ရောက်နေပြီဖြစ်သည်။ညနေစာ ချက်ပြုတ်ပြီးလျှင် ဘုရားပန်းအိုးအပါအ၀င် တစ်တိုက်လုံးက အလှပန်းအိုးများကို အလှဆင်ရသည်။အားလုံးပြီးလျှင် ယောကျာ်းဖြစ်သူပြန်မလာခင်ဘုရားရှိခိုးရသည် ။ အားလုံးပြီးသွားလျှင်တော့ တီဗီရှေ့တွင်ထိုင်ရင်း ယောကျာ်းပြန်အလာကိုမျှော်ရသည်။ဒါက မပိုးဖြူ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်သည်။မပိုးဖြူအတွက်ကတော့ မပင်းပန်းလှပါ ။ပြုံးပျော်နေတတ်သော သမီး၏မျက်နှာလေးနှင့်ယောကျာ်းဖြစ်သူ၏ မျက်နှာကို မြင်ရလျှင်ပင် ကျေနပ်ဝမ်းမြောက်ပြီဖြစ်သည်။ ယနေ့တော့ ရုံးပိတ်ရက် အလုပ်ပိတ်သောရက်ဖြစ်၍ မပိုးဖြူပျော်နေမိသည်။နံနက်စာ အတွက် ကြက်သားများများနှင့်နန်းကြီးသုပ်ကျွေးရန် ပြင်ဆင်ချက်ပြုတ်လိုက်သည်။နန်းကြီးသုပ်နှင့် ဟင်းခါးပူပူလေးဖြစ်သည်။အချိုပွဲကတော့ ထုံးစံ အတိုင်း ကော်ဖီနှင့်ပေါင်မုန့်ကိတ်မုန့် ဖြစ်သည်။အဆာပြေစာစားပြီးလျှင် ရွှေတိဂုံဘုရားသို့လိုက်ပို့ရန် ယောကျာ်းဖြစ်သူကို ပြောမည်။ မိသားစုသုံးယောက်အတူဘုရားမသွားဖြစ်တာ ကြာခဲ့ပြီမဟုတ်လား။ ~~~~ အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသောအခါ မပိုးဖြူအပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ အိပ်ခန်းတံခါးကို မပိုးဖြူ ဖွင့်လိုက်သောအခါ ရေမိုးချိုးပြီး ပြင်ဆင်ထားသောယောကျာ်းဖြစ်သူကို တွေ့လိုက်ရသောကြောင့် စိတ်ထဲတော့ ထိတ်ခနဲ ဖြစ်သွားမိသည်။ "မောင် ဘယ်သွားမလို့လဲဟင် ... ဖြူက.. ဒီနေ့မောင့်ကို ရွှေတိဂုံဘုရားကိုလိုက်ပို့ခိုင်းမလို့ စိတ်ကူးနေတာ " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်မျက်နှာမပျက်အောင် သတိထားလိုက်ပြီး "ဆိုင်သစ်ဖွင့်ပွဲတစ်ခု မသွားမဖြစ်သွားရမှာရှိတယ် ဖြူရဲ့ ..ညတုန်းက မောင်ပြောဖို့မေ့သွားလို့ ကွာ ..ဒီလိုလုပ်ပါလား ..ညနေစောင်းမှ သွားဖူးကြမယ်လေ နော် ... ဒီနေ့က နောက်ကျနိုင်တယ် " " အင်းပါမောင် ... ဒါနဲ့ ကတ္တီပါဖိနပ်စီးမှာမဟုတ်လား ဖြူသွားထုတ်ထားလိုက်မယ် ...အနက်လား...နီညိုလားမောင် " ယောပုဆိုးအနက်နှင့် မိုးပြာရောင်ဖျော့ဖျော့ ရှပ်လက်ရှည်ကိုတွဲဝတ်ထားသော ယောကျာ်းဖြစ်သူကို မပိုးဖြူခေတ္တမျှငေးစိုက်ကြည့်ပြီး မေးလိုက်သည်။ " အင်း ...အနက်ပဲထုတ်ထားလိုက်ပါကွာ " ယောကျာ်းဖြစ်သူထံမှ အဖြေကို ကြားရပြီးသည်နှင့် မပိုးဖြူအောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ထိုသို့ ဆင်းလာရင်း မပိုးဖြူစိတ်ထဲတွင် ဘာရယ်မဟုတ်တင်းကြပ်၍နေသည်။ချောမောခန့်ညားလွန်းနေသော ယောကျာ်းဖြစ်သူကိုကြည့်ပြီး စိတ်ထဲတွင်လေးလံ သလို ခံစားနေရလေသည်။ ~~~~~~~ "သမီး နိုးပြီးလား ....အမေ နန်းကြီးသုပ်လုပ်ထားတယ် စားမှာ မဟုတ်လား ... ဒီနေ့တော့ အဘွားတို့အိမ်မသွားဘဲ ..အမေနဲ့ ခုနစ်ဆူဘုရားသွားကြမလား သမီး " သမီးငယ်ကို မပိုးဖြူ မျှော်လင့်တကြီးမေးလိုက်မိသည်။သမီးဖြစ်သူ ပိုးအိဇင်သည် နေ့လယ်နေ့ခင်းဆိုလျှင် တစ်လမ်းကျော်တွင်နေသော အဘိုးအဘွားများအိမ်တွင် အနေများသောကြောင့် ထိုသို့မေးရခြင်းဖြစ်သည်။။အဘိုးအဘွားများအိမ်တွင် ပိုအိဇင်စိတိုင်းကျနေခွင်ရှိသည်။တစ်နေကုန် ဖုန်းကလိနေလျှင်လည်း ပြောမည့်သူမရှိ။သူငယ်ချင်းကောင်လေးကောင်မလေးများကို အိမ်သို့ခေါ်ပြီး ဂိမ်းကစားနေလျှင်လည်း ဆူမည့်သူမရှိ။အိမ်မှာနေလျှင်တော့ သမီးဖြစ်သူကို မပိုးဖြူက သင်သင့်တာကိုသင်သည်။ဖုန်းကို အချိန်နှင့်သုံးခိုင်းသည်။စာအုပ်စာပေများလည်းဖတ်ခိုင်းသည်။ပိုးအိဇင်က ဒါကိုမကြိုက်ပါ။ထို့ကြောင့်ဖခင်ဖြစ်သူ အလုပ်သွားသည်နှင့် ပိုအိဇင်လည်း အဘိုးအဘွားအိမ်သို့ပြေးသည်။ညဘက် ဖခင်ပြန်လာမှသူမကို၀င်ကြိုရသည်။မပိုးဖြူကတော့ သမီးဖြစ်သူ၏ သည်သို့ အနေအထိုင်များကို မကြိုက်နှစ်သက်သော်လည်း ယောကျာ်းနှင့် ယောက္ခမများကို မလွန်ဆန်ရဲသောကြောင့် နှုတ်ဆိတ်၍နေရသည်။မပိုးဖြူ၏အဖြစ်က သမီးငယ်ကို ဆိုင်သာဆိုင်ပြီးမပိုင်ရသောအဖြစ် ။ပိုဆိုးသည်မှာ ကာယကံရှင်ဖြစ်သော ပိုးအိဇင်ကလည်း အလယ်တန်းကျောင်းသူအရွယ်သို့ရောက်ကတည်းကပင် စည်းကမ်းများ ထုတ်တတ်သော မိခင်ကို ခပ်ရှောင်ရှောင်နေလာခဲ့ပြီး သူမကိုအလိုလိုက်အကြိုက်ဆောင်သော ဖခင်ဖြစ်သူနှင့် အဘိုးအဘွားများကိုသာ အချစ်ပိုခဲ့လေသည်။သူမအတွက်တော့ မိခင်ဖြစ်သူမပိုးဖြူက နောက်ဆုံးတန်းမှ လူတစ်ယောက်သာဖြစ်ခဲ့လေသည်။ "အခုပဲ ဘွားဘွားဖုန်းဆက်ခေါ်လို့ အိသွားတော့မလို့ပါ အမေ ...ကြီးကြီးတို့ရောက်နေတယ်တဲ့ ..လှော်ကားဥယျာဉ်သွားမလို့တဲ့အမေ ... အဲ့ဒါ အိသွားတော့မယ်နော် ...နန်းကြီးသုပ်လဲ မစားတော့ဘူး အမေ " သမီးဖြစ်သူကို မပိုးဖြူဘာမျှထပ်မပြောဖြစ်တော့ပါ နှုတ်ဆိတ် လျက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ~~~~~~ တိတ်ဆိတ်ခြောက်ကပ်နေသောအိမ်ထဲက ထမင်းစားခန်းထဲတွင် မပိုးဖြူတစ်ယောက်တည်း နန်းကြီးသုပ်ထိုင်စားနေမိသည်။ယနေ့လို အခြေအနေမျိုးသည် မပိုးဖြူအတွက် မကြာခဏဖြစ်နေကြဖြစ်သော်လည်း ယနေ့မှပင် မပိုးဖြူရင်ထဲပို၍ဝမ်းနည်းမိနေသလိုခံစားနေရလေသည်။ ~~~~~ " ဘာတွေဝယ်လာတာလဲ အစ်ကိုရယ် ...မ၀ယ်ခဲ့ပါနဲ့လို့ ပြောလိုက်တာကို...လာ...လာ အစ်ကို ... တရားနာရအောင်"

#နွေလယ်အိပ်မက် " ( အခန်းဆက်ဝတ္ထု ) အပိုင်း (၃) ******* မပိုးဖြူဆတ်ခနဲ လန့်နိုးလာသောအခါထုံးစံအတိုင်း နံနက်(၅)နာရီထိုးနေပြီဖြစ်သည်။သူမခန္ဓာကိုယ်ပေါ်သို့တင်ထားသော ယောကျာ်းဖြစ်သူ၏ လက်တစ်ဖက်ကို အသာမပြီးဘေးသို့ ဖယ်လိုက်သည်။ညအိပ်ရာဝင်လျှင် သူမကို ကျောခိုင်းပြီးအိပ်လေ့ရှိသောသူသည် အိပ်ပျော်လုနီးနီး အခြေအနေသို့ရောက်လျှင်မူ အိပ်ချင်မူးတူးနှင့်ပင် လက်ဖြင့် စမ်း၍ သူမကိုရှာတတ်ပါသည်။မည်သို့ပင်ဖြစ်စေ ဆယ်စုနှစ်ကျော်ပေါင်းသင်းလာခဲ့သော သူ့ကို မပိုးဖြူစိတ်မဆိုးပါချေ။ညအိပ်မီးအလင်းရောင်၏ အောက်တွင် မြင်နေရသော ယောကျာ်းဖြစ်သူ၏မျက်နှာလေးကို မပိုးဖြူကြည့်လိုက်မိသည်။ နဖူးပြင်ပေါ်သို့ ဖရိုဖရဲဝဲကျနေသော နက်မှောင်မှောင်ဆံပင်များကြားမှ မျက်နှာလေးသည်လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်ကလိုပဲ မပြောင်းလဲဟု မပိုးဖြူထင်မိသည်။မပိုးဖြူသည် ချစ်ခင်းပွန်း၏ မျက်နှာလေးကို ကြည့်နေမိရင်းမှ နဖူးပြင်ကို ခပ်ဖွဖွတစ်ချက်နမ်းလိုက်သည်။ပြီးလျှင် အိပ်ရာထဲမှ အသာအယာထခဲ့သည်။ ရေချိုးခန်းဆီသို့ မသွားမီ သမီးလေးအိပ်နေသောအခန်းရှေ့သို့ မပိုးဖြူသွားလိုက်သည်။အခန်းတံခါးကို ညင်ညင်သာသာဖွင့်လိုက်ပြီး အထဲသို့ ကြည့်လိုက်သည်။ ခုတင်ထက်တွင်အိပ်ပျော်နေသော သမီးလေးကိုတွေ့လိုက်ရသောအခါမပိုးဖြူရင်ထဲ အေးချမ်းသွားရသည်။ဒါက နံနက်တိုင်းမပိုးဖြူ ပြုလုပ်နေကျ အကျင့်ဖြစ်သည်။သမီး၏ အခန်းရှေ့မှ ထွက်လာပြီးနောက် မပိုးဖြူ ရေအိမ်ဝင်သည်။ရေအိမ်ကထွက်လာပြီးလျှင် မျက်နှာသစ်ကိုယ်လက်သန့်စင်သည်။ထိုသို့မပိုးဖြူ၏ အလုပ်များပြီးသွားသည်နှင့် အိမ်ရှင်မလုပ်ငန်းခွင်သို့ဝင်ရန်ပြင်ဆင်ရတော့သည်။ဦးစွာ ဆန်ဆေးပြီးထမင်းအိုးတည်သည်။ဒါက ဘုရားဆွမ်းတော်ကပ်ရန်ဖြစ်သည်။ယောကျာ်းနှင့်သမီးဖြစ်သူသည် နံနက်စာကို ထမင်းစားလေ့မရှိ။အုန်းနို့ခေါက်ဆွဲ ၊မုန့်ဟင်းခါး၊ နန်းကြီးသုပ်လိုမျိုးကို ကော်ဖီ၊ လက်ဖက်ရည်ပူပူနှင့်တွဲစားတတ်သည်။ထိုစားစရာများကို တစ်ခါတစ်ရံ၌ မပိုးဖြူကိုယ်တိုင် ချက်ပြုတ်သည်။တစ်ခါတစ်ရံ၌မူ ယောကျာ်းနှင့်သမီးက မပိုးဖြူ လက်ရာကို မစားချင်၊ ဆိုင်လက်ရာမှ စားချင်သည်ဆိုလျှင် သူတို့မနိုးခင်မှာ မပိုးဖြူမှာဆိုင်သို့ ပြေးရသည်။ဒါသည်လည်း နေ့စဉ်လုပ်ဆောင်ရသည့်အရာဖြစ်သည်။ချက်ပြုတ်ပြင်ဆင်ပြီး နံနက် (၆) နာရီထိုးလျှင်မပိုးဖြူ ဘုရားဆွမ်းတော်ကပ်ရသည်။ဘုရားဆွမ်းတော်ကပ်ပြီးလျှင် ယောကျာ်းဖြစ်သူနှင့် သမီးအတွက် နံနက်အဆာပြေစာကို သူတို့အကြိုက်များကို အသင့် ပြင်ဆင်ထားလိုက်သည်။ပုံမှန်ဆိုလျှင်တော့ထိုသို့ပြင်ဆင်ပြီးသည့်နောက်တွင် ယောကျာ်းဖြစ်သူလည်းသူ့ဆိုင်သို့သွားသည်။ မပိုးဖြူလည်း ဈေးသို့ အပြေးအလွှားသွားရသည်။ဈေးကိုတော့ မပိုးဖြူနေ့တိုင်းမသွားပါ။နှစ်ရက်တစ်ခါသွားသည်။ စျေးတစ်ခါသွားလျှင် တစ်ပတ်စာဝယ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားလျှင်ရသော်လည်း ထိုသို့မလုပ်ပါ။အဓိက က ယောကျာ်းနှင့်သမီးကို လတ်ဆတ်သော အစားအစာများကိုပဲချက်ပြုတ်ကျွေးချင်သောကြောင့်ဖြစ်သည်။အသီးအနှံကြိုက်တတ်သောသမီးကို လတ်လတ်ဆတ်ဆတ် အသီးအနှံများကိုသာကျွေးချင်သောကြောင့် ဖြစ်သည်။ဈေးမှပြန်ရောက်လျှင် မီးဖိုထဲမှာအချက်အပြုတ်လုပ်ငန်းကိုစရသည်။ချက်ပြုတ်ရင်းမှမီးဖိုချောင်သန့်ရှင်းရေးကိုပါ လုပ်ရသည်။မီးဖိုချောင်ဆိုသည်မှာလည်း နေ့စဉ်သန့်ရှင်းရေးလုပ်နေသည့်ကြားမှပင် အနံ့မျိုးစုံထွက်တတ်သည်လေ။ ထိုအလုပ်များပြီးသွားလျှင် ရေအမြန်ချိုးပြီး ယောကျာ်းကို ထမင်းချိုင့်သွားပို့ပေးရသည်။ထမင်းချိုင့်ပို့ပြီးပြန်ရောက်လျှင်ထမင်းကို ခပ်မြန်မြန် စားရသည်။မစားလို့လည်း မဖြစ်။ထိုအချိန်သို့ရောက်လျှင် ဗိုက်ထဲမှတဂွီဂွီမြည်နေတတ်ပြီလေ။ ထမင်းစားပြီးလျှင် အဝတ်လျှော်ဖို့ပြင်ဆင်ရသည်။သုံးယောက်စာအဝတ်ဆိုသော်လည်း တစ်နေ့ ဆယ်စုံခန့်အနည်းဆုံးလျှော်ရသည်။ပြီးတော့မပိုးဖြူက အဝတ်များကို စက်ဖြင့်မလျှော်ဘဲ လက်နှင့်ပဲလျှော်လေ့ရှိသည်။သုံးလေးရက်တစ်ခါလျှော်လေ့ရှိသော အိပ်ရာခင်းနှင့် စောင်များကိုမူ စက်ဖြင့် လျှော်ရသည်။ထို့ကြောင့် အဝတ်များကိုဆပ်ပြာနှင့်စိမ်ထားပြီး အိမ်သန့်ရှင်းရေးကိုပါ တစ်လက်စတည်းလုပ်ရသည်။အိမ်သန့်ရှင်းရေးဆိုသည်မှာလည်းလွယ်ဘော့မလွယ်လှ မပိုးဖြူတို့ နေသောနှစ်ထပ်အိမ်တွင် အောက်ထပ်မှာစာကြည့်ခန်းနှင့်ဧည့်ခန်းကျယ်ရှိသည်။အပေါ်ထပ်တွင် အိပ်ခန်းသုံးခန်း၊ဘုရားခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိသည်။အိပ်ခန်းသုံးခန်းတွင် မပိုးဖြူတို့ဇနီးမောင်နှံနေသောအခန်းနှင့် သမီး၏အခန်းတွင် အိမ်သာရေချိုးခန်းများပါ တွဲလျက်ထားသည်။သို့အတွက် မပိုးဖြူမှာ တစ်တိုက်လုံးသန့်ရှင်းရေးလုပ်ရန် အချိန်တစ်နာရီကျော်ခန့် ပေးရသည်။အိမ်သန်းရှင်းရေးပြီးလျှင် ခြံထဲသန့်ရှင်းရေးလုပ်ရပြန်သည်။ခြံထဲမှာလှည်းကျင်းရသည်။ကားထားသော နေရာကိုလည်း အသေအချာသန့်ရှင်းရသည်။ခြံထဲတွင်သန့်ရှင်းရေးလုပ်ပြီးသောအခါ ခြံရှေကိုလည်း လှည်းကျင်းရပြန်သည်။သူများတကာတွေက ခြံရှေ့သန့်ရှင်းရေး ကို မိုးမလင်းခင်ကလုပ်ကြသည်။ မပိုးဖြူမှာမူ နံနက်စောစောတွင် မအားလပ်သဖြင့် နေ့ခင်းကြောင်တောင်တွင်မှ လှည့်ကျင်းနိုင်သည်။သန့်ရင်းရေးပြီးပြီဆိုလျှင် အဝတ်များလျှော်သည်။အဝတ်လျှော်၍ပြီးလျှင်မူ ယမန်နေ့ကလျှော်ထားသော် အဝတ်များကို မီးပူထိုးရသည်။ထိုသို့ မီးပူထိုး ချိန်တွင်

"နိုးပါနော် ...ရတနာ့လူမဟုတ်ရပါဘူး မျိုးရယ် ...ရတနာကကိုကြီးမှကိုကြီးပါပဲနော် .....ကိုမိုးထက်ရဲ့အကျင့်က အဲ့ဒီလိုပဲမျိုးရဲ့ ...အဲဒါကြောင့်လဲ ..အသက်ကသုံးဆယ့်ငါးဖြစ်နေပြီ... ခုချိန်ထိရည်းစားရှိတယ်မကြားမိဘူး ...ရှင် အတွေးမမှာနဲ့နော် မျိုး ...အဲ့ဒီလိုလူတွေက ချစ်မိပြီဆိုရင် အရူးအမူးနော် " "တော်ပါကွာ ...လူကို မတူမတန်သလို ဆက်ဆံသွားတာ ..လုံး၀မကျေနပ်ဘူး " မျိုးမမ တကယ်ပင် မကျေမနပ်ပြောနေမိခြင်းဖြစ်ပါလေသည်။ ~~~~~ "ပိုးဖြူရယ် ..နင်ဟာလေ သူဌေးသားကိုယူထားပြီး ...ဒီလိုမျိုးနေနေတာလား ... နေစမ်းပါဟ မိမိ မိုက်မိုက်...အိမ်အလုပ်ကို အိမ်အကူတွေဆီ တာဝန်ပေးထားလိုက် ... မင်းက သူဋ္ဌေးတွေကြား ဝင်ဆန့်အောင် အလုပ်တွေဘာတွေထွက်လုပ်ပစ်လိုက်ကွာ " သူငယ်ချင်းဖြစ်သူဝေဝေ၏ စကားကြောင့် မပိုးဖြူ မချိပြုံးလေးပြုံးလိုက်မိလေသည်။ "အပြင်အလုပ်မပြောနဲ့ အွန်လိုင်းကနေ လက်မှုပညာသင်တာတောင် မောင်ကမကြိုက်ဘူးဝေဝေ ... " " အေး ..အဲ့ဒါနဲ့ပဲ ဒီလိုချည်းနေ မနေနဲ့ ... ငါဆိုရင် ကိုကိုသွားရာနောက်ကို တကောက်ကောက်လိုက်နိုင်အောင်....သူ့အလုပ်တွေကို လိုက်လေ့လာထားတယ် " ဝေဝေပြောနေသည်ကို မပိုးဖြူ မျက်လုံးပြူးလေးနှင့် သာ နားထောင်နေမိသည်။မပိုးဖြူ အဖြစ်ကတော့ ယောကျာ်းနောက် တကောက်ကောက်လိုက်ဖို့နေနေသာသာ သမီးဖြစ်သူနောက်သို့ပင် လိုက်ရန်အခွင့်အရေးမရှိသည်လေ။ @@@@@@@@@@@@@@@@@@ အပိုင်း (၃ ) ဆက်ရန် #ဧကြည်ဖြူ

မျိုးမမကပြောလိုက်သော်လည်း ကိုဇင်မောင်သည် ဆိုင်ခန်းအတွင်းသို့ ရောက်သည်နှင့် ဝတ်ထားသော ခရမ်းဖျော့ရောင်ရှပ်လက်ရှည်ကို လက်ခေါက်၍တင်နေပြီဖြစ်လေသည်။ပြီးလျှင် နှစ်ယောက်သားမှာခုံများကိုနေရာတကျဖြစ်အောင် နေရာချလိုက်ကြသည်။ဝယ်လာသော ပစ္စည်းများကိုလည်း သူ့နေရာနှင့်သူ အစီအစဉ်တကျထားလိုက်ကြသည်။အချိန်သည် မည်သို့ ကုန်သွားမှန်းမသိတော့ပါချေ။ " ဟယ် အစ်ကို .. ( ၅)နာရီထိုးနေပြီးပဲ ...အားနာလိုက်တာအစ်ကိုရယ် ... အစ်ကို ပြန်တော့လေ ..." "အမေ့ " " ဟား ... မျိုး...သတိထားလေ .... " "ဝုန်း " မျိုးမမသည် လက်ထဲမှနာရီလေးကို ငုံ့ကြည့်ပြီး ကမန်းကတန်းထလိုက်ရာ အတန်ကြာ ဆောင့်ကြောင့်ထိုင်ထားခဲ့သောကြောင့် ခြေထောက်မှာ ထုံကျဉ်နေပြီး ယိုင်ခနဲလဲကျ လေသည်။ကိုဇင်မောင်သည် လဲကျလာသော မျိုးမမ၏ကိုယ် လုံးလေးကို ထိန်းဖမ်းလိုက်ရာနှစ်ယောက်သား ဖက်လျက်သား လဲကျသွားကြလေသည်။အိထွေး သော မျိုးမမ၏ကိုယ်လုံးလေးသည် ကိုဇင်မောင်၏ .ကိုယ်ပေါ်သို့ထပ်လျက်လဲကျသည်ဖြစ်လေရာကိုဇင်မောင်မှာ အိမ်ထောင်သည် ဖြစ်၍ အတွေ့အကြုံရှိသော်လည်း မျိုးမမ၏ရှိုက်ဖို့ကြီးငယ် အသွယ်သွယ်ရှိသောကိုယ်လုံးလေး၏ နုညံ့အိထွေးသော အထိအတွေ့ကြောင့် နှလုံးခုန်သံများ မြန်ဆန်လာသည်။ခန္ဓာကိုယ်ထဲရှိ သွေးများသည်လည်း ဆူပွက်လာသယောင်ထင်ရလေသည်။ " ဆော....ဆောရီးနော်အစ်ကို " မျိုးမမ၏ တောင်းပန်သံလေးက အဖျားခတ်၍တုန်ယင်နေလေသည်။နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက် ရှက်ကိုးရှက်ကန်းကြည့်လိုက်မိကြသည်။ "ဒါ....ဒါဆို...အစ်ကို ပြန်တော့မယ်နော် " ~~~~~ "ဟင် ...မောင်အဝတ်အစားတွေဘယ်လိုဖြစ်တာလဲ ...ဆိုင်မှာသန့်ရှင်းရေးလုပ်လာတာလား " စွန်းပေလာသော ယောကျာ်းဖြစ်သူ၏အဝတ်အစားများကိုကြည့်ပြီး မပိုးဖြူမေးလိုက်သည်။ "ဟုတ်တယ်ကွာ ...ဆိုင်မှာသန့်ရှင်းရေးလုပ်ခဲ့တာ ...ညစ်ပတ်လာရင်လဲ လျှော်လိုက်ပေါ့ကွာ...အကုန်လိုက်ပြောနေတာပဲ " ကိုဇင်မောင် မလုံမလဲစိတ်ဖြင့် မိန်းမဖြစ်သူကို အသံမာမာနှင့်ပြောလိုက်သည်။ "ဟော့တော် ... ဒါလေးမေးတာ ဘာဖြစ်လို့လဲ မောင်ရယ် ... မောင့်ကို ကြည့်ရတာ အခုလောဒေါသတွေ ကြီးနေတယ်နော် .. ဖြူ့ကို ဘာမကျေနပ်လို့လဲဟင် " မပိုးဖြူက ယောကျာ်းဖြစ်သူကို မျက်နှာချင်းဆိုင်ပြီးမေးလိုက်သည်။ ကိုဇင်မောင်သည် မျက်နှာချင်းနီးကပ်စွာရှိနေသော ဇနီးဖြစ်သူ၏ မျက်နှာလေးကိုကြည့်လိုက်သည်။လွန်ခဲ့သော ဆယ်နှစ်ကျော်က အရူးအမူးစွဲလမ်းခဲ့ရသော မျက်နှာလေးသည် ယခုလည်းပဲ ပြောင်းလဲမှုထူးထူးခြားခြား မရှိပါဘဲ ကိုဇင်မောင်၏ရင်ခုန်သံများမှာ ငြိမ်သက်လွန်းနေခဲ့သည်။လှိုင်းတွန့်ဆံပင်များကို ညှပ်တစ်ခုနှင့် ညှပ်တင်ထားပြီး ဖြူလွလွပါးပြင်ပေါ်တွင် ခပ်ပါးပါးလိမ်းထားသော သနပ်ခါးပါးကွက်ကြားလေး။ မပိုးဖြူသည် နေ့လယ်နေ့ခင်းဆိုလျှင် မျက်နှာမှာ မိတ်ကပ်ခပ်ပါးပါးကို လိမ်းလေ့ရှိသော်လည်း ညဆိုလျှင်ခပ်သင်းသင်းလေးမွှေးပျံ့နေတတ်သော ရှင်မတောင်သနပ်ခါးကိုလိမ်းလေ့ရှိသည်။ခပ်ပါးပါးလိမ်း ထားသောသနပ်ခါးများနှင့်မျက်နှာလေး တွင် နှုတ်ခမ်းနီဆိုးလေးမရှိသောနှုတ်ခမ်းလေးက ပင်ကိုယ်သဘာဝရောင်အတိုင်း နီဖျော့ဖျော့လေးရှိသည်။ထိုသို့မပိုးဖြူ၏ မျက်နှာလေးသည် ဖြုန်းခနဲကြည့်လျှင် လှသည်ဟုမထင်ရသော်လည်း သေချာကြည့်လျှင်မူ အကြည့်ခံသော အလှမျိုးဖြစ်သည်။ခန္ဓာကိုယ်လေးမှာမူ ရှိုက်ဖို့ကြီး ငယ်အသွယ်သွယ်နှင့်မဟုတ်သော်လည်း တင်းတင်းပြည့်ပြည့်နှင့်ကြည့်၍ကောင်းသည့် အထဲပါရှိလေသည်။ကိုဇင်မောင်သည် မိန်းမဖြစ်သူကို အတန်ကြာစူးစိုက်၍ကြည့်နေမိလေသည်။ "မောင် ဘာကြည့်နေတာတုန်း...ဖြူ့ကိုမမြင်ဖူးဘူးလား " မပိုးဖြူသည် ရှက်စနိုးမေးလိုက်ရင်း ယောကျာ်းဖြစ်သူ၏ ချောမောခန့်ညားသော မျက်နှာလေးကိုကြည့်ပြီး ယောကျာ်း၏လက်မောင်းကိုဖက်တွယ်လိုက်မိလေသည်။ "ဖယ်ပါကွာ ... သန့်ရှင်းရေးလုပ်လာရလို့ပင်းပန်းနေပြီ ....ရေသွားချိုးတော့မယ် " ကိုဇင်မောင်သည် ပြောပြော ဆိုဆိုနှင့် မပိုးဖြူ၏ကိုယ်လုံးလေးကို တွန်းဖယ်လိုက်ပြီး ရေချိုးခန်းသို့သွားရန်ပြင်လိုက်လေသည်။မပိုးဖြူသည်လည်း စွန်းပေလာသော ကိုဇင်မောင့်အင်္ကျီလေးကို ရင်ဝယ်ပိုက်လျက် လျှော်ဖွပ်ရန်ပြင်ဆင်လိုက်လေသ ည်။ ~~~~~~ "အားနာလိုက်တာဗျာ ... ကျွန်တော်က အရေးတကြီးကိစ္စ လေးချိန်းထားလို့ပါ ...ဒီမှာ ကျွန်တော် မန်နေဂျာက စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးပါလိမ့်မယ် " ပြောပြီးသည်နှင့် လှည့်ထွက်သွားသောကိုမိုးထက်ကို မျိုးမမ သည် အံလေးမသိမသိကြိတ်ကာ ကြည့်နေမိသည် ။မျိုးမမကဲ့သို့ လှပချောမောသောသူကိုပင် အရေးမစိုက်သော ဤလူသားသည် ယောကျာ်းစစ်စစ်မှဟုတ်ပါလေစဟုပင်ထင်ချင်စရာမဟုတ်ပါလား။ကိုမိုးထက်ကိုကြည့်ပြီး ကိုဇင်မောင်ကို မျိုးမမသတိရလိုက်မိသည်။အကွာကြီးကွာနေကြသော ထိုနှစ်ယောက်၏ အပြုအမူများသည် မျိုးမမ၏ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိနေသည်မှာတော့ အမှန်ပါပင်။ "ရတနာ့လူက မမိုက်ပါဘူးကွာ..သူ့ကို အားကိုးပြီးလာတဲ့သူကို ထားခဲ့ပြီး ပစ်ပစ်ခါခါထွက်သွားတာ ကြည့်ပါအုံး "

"မ...မလုပ်ပါနဲ့ အမေ ....သမီးလေးကို နေ့ခင်းဘက်တွေမှာခေါ်ထားချင်ခေါ်ထားပါ ...ညဘက်တွေတော့ အိမ်မှာပဲနေခွင့်ပြုပါနော် " ယောက္ခမကြီး၏ စကားကြောင့် မပိုးဖြူအထိတ်တလန့် ဖြင့်တောင်းပန်လိုက်မိသည်။ ယောက္ခမဖြစ်သူပြောသလိုသာဆိုလျှင် သမီးနဲ့ မပိုးဖြူကြားမှာ ပို၍ စိမ်းကားသွားပေလိမ့်မည်။သမီးသည် အဘယ်ကြောင့်ရယ်မသိ ငယ်စဉ်ကတည်းကပင် ဖခင်ကိုပို၍တွယ်တာသည်။ဖခင်သွားလေရာနောက် တကောက်ကောက်လိုက်ပါတတ်သည်။မပိုးဖြူကိုမူ ဖခင်ဖြစ်သူမရှိချိန်မျိုးမှ ကပ်သည်။မပိုးဖြူမှာ သမီးလေးကို ငုံထားမတတ်ချစ်ရသည်။မပိုးဖြူအတွက် သမီးသည်သာပထမ ဖြစ်ခဲ့သည်။မပိုးဖြူ၏ ဆယ့်ကိုးနှစ်အရွယ်ငယ်ရွယ်စဉ်ဘဝကနေ ယနေ့အချိန်အထိ သမီးဖြစ်သူ့အတွက်သာတွေးပြီး ရှင်သန်နေထိုင်ခဲ့သည်။သမီးငယ်ကို သူမလို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားမှာကို စိုးရိမ်ပူပန်ခဲ့ရသည်။သို့သော်ဖခင်ဖြစ်သူနှင့်ဘိုးဘွားများ၏ အလိုလိုက်ခြင်းကိုခံရသောသမီးမှာ ဆိုးနွဲ့ချင်သည် ။လုပ်ချင်ရာကို ဇွတ်လုပ်တတ်သည်။တခြားလူကိုလည်း သနားငဲ့ညှာရမှန်းမသိ။သာ၍ဆိုးသည်မှာ တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ မပိုးဖြူအပေါ်လေးစားမှုမရှိခြင်းဖြစ်သည်။သူတစ်ခုခုလိုချင်လျှင် ဖခင်နှင့်အဘိုးအဘွားများကို ပူဆာသည်။တောင်းဆိုသည်။မပိုးဖြူကိုမူ အထင်မကြီး။ ထမင်းချက်ကျွေးသူ၊အိမ်သန့်ရှင်းရေးလုပ်ပေးနိုင်သူတစ်ယောက်အဖြစ်သာစွမ်းနိုင်သည်ဟု မှတ်ယူထားပုံရသည်။ဤသို့ဖြစ်နေရသည်မှာ သမီးငယ်၏အပြစ်ဟုလည်းမဆိုသာပါချေ။ဤသို့မဖြစ်ဖြစ်အောင်တွန်းပို့နေသည်များရှိသည်လေ။သည်အခြေအနေများမဖြစ်အောင် မပိုးဖြူနေ့စဉ် ကြိုးစားနေခဲ့သမျှသည် သမီးအတွက် မုန်းစရာကောင်းသော မိခင်တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ချေပြီထင်သည်။ ''အေး ယောကျာ်းကို နားပူနားဆာလုပ်လိုက် ... သားသမီးကို နားပူနာဆာလုပ်လို က်နဲ့ ညည်းဘ၀ကသိပ်သာယာနေတယ်ပေါ့လေ ....ငါ့သားလေးမှာ တော့ တစ်ဆိုင်ပြီးတစ်ဆိုင်ပြေးလွှားပြီး ...ပင်ပင်ပန်းပန်းရှာဖွေနေရတာ ... ညည်းက အိမ်ထဲမှာ အခန့်သားနေပြီ ရန်လိုက်လုပ်မနေနဲ့...သက်သောင့်သက်သာနဲ့ ဝတ်နေစားနေရတာကိုတိတ်တိတ်ဆိတ်ဆိတ်နေစမ်းပါအေ ... ပြောတာကြားလား....;' ငယ်နိုင်လိုဖြစ်နေသော ယောက္ခမကြီး၏စကားများကို မပိုးဖြူလေးပင်စွာခေါင်းငြိမ့်ပြလိုက်ရပါလေသည်။ ~~~~~ "ဘယ်လိုလဲအစ်ကို....စက်တွေက အိမ်အထိလိုက်ဆင်ပေးမှာလားဟင် " မျိုးမမက အသံချိုချိုလေးဖြင့်မေးလိုက်သောအခါ ကိုဇင်မောင်သည် ပြုံးမြမြ အမူအရာနှင့် ခေါင်းငြိမ့်ပြရင်း ဖြေလိုက်သည်။ "ဝယ်သူကတောင်းဆိုရ...င်အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးမှာပါဗျာ.. ဟုတ်ပြီလား " " ကျေးဇူးပါ အစ်ကို ... မျိုးကပြန်ရောက်တာ မကြာသေးတော့ ...ဒီမှာလဲ အသိမိတ်ဆွေဆိုလို့ ငယ်သူငယ်ချင်းဖြစ်တဲ့ ...ရတနာပဲရှိတာ ... မျိုးရဲ့ဆိုင်အတွက်...တခြားလိုအပ်တဲ့ပစွည်းတွေ၀ယ်ဖို့တောင် မျိုးမှာ တစ်ယောက်တည်းဖြစ်နေလို့လေ...ကားကလဲ မဝယ်ရသေးဘူး " မျိုးမမ၏ အားငယ်ဟန်လေဟန်သွင်ပြင်ကိုကြည့်ပြီး ကိုဇင်မောင်မှာ ကရုဏာသက်ရပြန်လေသည်။ " မျိုးတစ်ယောက်တည်း ဖြစ်နေရင် ..အစ်ကိုကူညီပေးပါ့မယ်ကွာ ... ကားသွားကြည့်မယ်ဆိုလဲ အစ်ကိုလိုက်ခဲ့ပေးလို့ရပါတယ် " "ဟုတ်ကဲ့ ....ကျေးဇူးတင်ပါတယ် အစ်ကို.... ဒါဆို မျိုးရဲ့ဆိုင်ခန်းပြင်ဆင်ပြီးတာနဲ့ ...စီစီတီဗီနဲ့ ကွန်ပျူတာတွေတစ်ခါတည်း ဆင်ပေးနော်အစ်ကို " မျိုးမမနှင့် ကိုဇင်မောင်တို့၏ဒုတိယအကြိမ်တွေ့ဆုံမှုတွင် တစ်ယောက်နှင့်တစ်ယောက်ရှိန်၍မနေကြတော့ဘဲ ပို၍ရင်းနှီးခင်မင်လာကြလေသည်။သူတို့နှစ်ယောက်တွင်ရေစက်ပင်ပါလေသည်လားမသိ နှစ်ယောက်သား ဗိုလ်ချုပ်ဈေးတွင် လာဆုံကြ သည်။ဆုံကြတော့လည်း နှစ်ယောက်သား ကော်ဖီဆိုင်အတူထိုင်ဖြစ်ကြသည်။ " မျိုးရဲ့ဆိုင်က ရန်ကင်းမှာပဲလား ... အခုဘာနဲ့ပြန်မှာလဲ ...အစ်ကိုနဲ့လမ်းကြုံတာပဲလိုက်ခဲ့လေ " "မဟုတ်တာ အစ်ကိုရယ် ..ရပါတယ် ..မျိုးရဲ့ဆိုင်က မျိုးတို့အိမ်နားကလမ်းမမှာပါပဲ...ကားပဲငှားပြန်လိုက်ပါ့မယ် " " မဟုတ်တာကွာ ..ကဲပါ ..လိုအပ်တာတွေ၀ယ်ရင်... အစ်ကိုပါလိုက်သယ်ပေးပါ့မယ် " ကျေဇူးပါ အစ်ကို " မျိုးမမ၏နှုတ်ဖျားမှ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထွက်ကျလာသော ကျေးဇူးတင်သောစကားသံလေးသည် ကိုဇင်မောင်၏နားတွင် ပျားသကာကဲ့သို့ချိုမြနေသယောင်ထင်ရလေသည်။ ~-~~~~ "ဒီအခန်းပဲ အစ်ကို " မျိုးမမကပြောပြီးသည်နှင့် ဆိုင်ခန်းတံခါးသော့ကို ဖွင့်လိုက်လေသည်။ "ဆိုင်အတွက် ဝန်ထမ်းတွေမခေါ်ရသေးတာလား ... မျိုးတစ်ယောက်တည်းပြင်ဆင်နေတာပေါ့လေ " ကိုဇင်မောင်က တံခါးဖွင့်နေ သော မျိုးမမကိုမေးလိုက်သည်။ "ဟုတ်တယ် အစ်ကို ...လာလျှောက်တဲ့ဝန်ထမ်းတွေတော့ ရှိပါတယ်... မျိုးစိတ်တိုင်းကျမတွေ့သေးလို့လေ " " ဒီလိုဆိုရင် .... တစ်ယောက်တည်းပြင်ဆင်နေရတာ ...ပင်ပန်းတာပေါ့ မျိုးရယ်...ကဲ ...အခုဘာတွေလုပ်စရာရှိသေးလဲ ....အစ်ကို ဝိုင်းကူပေးမယ် " " မလုပ်ပါနဲ့ အစ်ကိုရယ် ...အခုကူညီတာတောင် ... အတော်များနေပါပြီ "

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း (၂) *******^ " မောင် ..ဒီမှာတဘက်လေ " ရေချိုးခန်းထဲမှထွက်လာသော ခင်ပွန်းဖြစ်သူထံသို့ မပိုးဖြူ တဘက်ကို ကမ်းပေးလိုက်သည်။ပြီးနောက် ခင်ပွန်းဖြစ်သူ၏ ကိုယ်ပေါ်မှ ရေစက်များကို သုတ်ပေးမည်ကြံသော်လည် ကိုဇင်မောင်က မသိမသာရှောင်ထွက်လိုက်လေသည်။ယောကျာ်း၏ အရိပ်အကဲကိုသိသော မပိုးဖြူသည်လည်း လက်ထဲမှတဘက်ကို လွှတ်ပေးလိုက်ပြီး မှန်တင်ခုံတွင်သွားထိုင်လိုက်သည်။ပြီးလျှင် ယောကျာ်းဖြစ်သူကို ကြည့်လိုက်ပြီး "မောင့်ကို ပြောစရာရှိတယ် " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်က "ဘာလဲ" ဟုသော သဘောဖြင့်ခပ်စူးစူးတစ်ချက်ကြည့်လိုက်သည်။ "ဟို ..ဒီလိုပါမောင် ... သမီးလေးကို ဒီလိုပဲသူ့စိတ်ကြိုက်လွှတ်ထားပေးမလို့လား ...သင်တန်းလေးဘာလေးတက်ခိုင်းပါလားမောင် ...အခုတော့ မိုးလင်းတာနဲ့... သမီးလေးက အပြင်ထွက်လည်ဖို့ပဲ....တွေးနေတာမကောင်းဘူးထင်တယ် မောင် " " လာပြန်ပြီလားကွယ် .ဖြူ မင်းဟာလေ ... မင်းမှာအလုပ်မရှိအကိုင်မရှိတိုင်း ...ကိုယ့်ကိုယ်ပြဿနာရှာလိုက် ...သမီးဘက်လှည့်ပြီး ပြဿနာရှာလိုက်လုပ်နေတာလား .. သမီးလေးအိမ်လည်တယ်ဆိုတာက ... သူ့အဘွားအိမ်သွားတာလေ....မင်းက ဘာတွေဖြစ်နေတာလဲ ... ပြီးတော့ မင်းကို ပြောရအုံးမယ် ..ဆိုင်က ကောင်မလေးတွေဆီကို ...မင်းက ဖုန်းဆက်ပြီး စစ်လိုက်ဆေးလိုက်နဲ့ ...ဘာလဲ ကိုယ့်သိက္ခာကို ချနေတာလား " ယောကျာ်းဖြစ်သူ၏ စကားကြောင့် မပိုးဖြူမျက်လုံးအပြူးသားဖြစ်သွားရပြီး "မဟုတ်တာပဲမောင်ရယ် ....ဖြူက ထမင်းချိုင့်လာပို့ပေးမလို့ ...မောင်ဘယ်ဆိုင်မှာ ရှိလဲလို့မေးလိုက်တာပါ ...ဘာရည်ရွယ်ချက်မှမရှိပါဘူး မောင်ရယ် " "မင်းကိုပြောလိုက်ရင် ဒီတိုင်းဘဲ... ဘာမှမသိသလို မျက်နှာလေးနဲ့ ...ယောကျာ်းကိုသိက္ခာလိုက်ချနေတယ် " ဇနီးသည်က ရှင်းပြနေသော်လည်း ကိုဇင်မောင်မလုံမလဲစိတ်နှင့်ဖိဟောက်ပစ်လိုက်သည်။တစ်နေ့က ဖြူဖုန်းဆက်ချိန်တွင် ကိုဇင်မောင်သည် ခိုင်သဇင်နှင့်စားသောက်ဆိုင်သို့ ရောက်နေခြင်းဖြစ်သည်။ခိုင်သဇင်မှာ ကိုဇင်မောင်တို့သွားနေကြ ဘီယာဆိုင်မှ ကောင်မလေးဖြစ်သည်။ခိုင်သဇင်က ချောသည် ၊ လှသည်၊ သွက်သွက်လက်လက်နှင့်ချစ်စရာကောင်းသည်။သို့အတွက် ကိုဇင်မောင်အရေးပေးမိသည်။သို့သော် ဤမျှသာဖြစ်သည်။သည်ထက်မပို။ခိုင်သဇင်နှင့်မှမဟုတ် ကိုဇင်မောင်တွဲသမျှ မိန်းခလေးတိုင်းကို သည်ထက်မပိုခဲ့။ခေတ်စကား အရပြောလျှင် ယောကျာ်းနှင့်မိန်းမအီစီကလီလုပ်ရုံအဆင့်မျှသာဖြစ်သည်။အသက်ဆယ့်ရှစ်နှစ်ကျော်တွင် မပိုးဖြူနှင့်ဆုံးစည်းခဲ့ရသော ကိုဇင်မောင်မှာ မပိုးဖြူကို မြင်တွေ့လိုက်ရသည်နှင့် သိပ်ကို သဘောကျချစ်ခင်သွားခဲ့သည်။သို့အတွက်မပိုးဖြူနှင့် ချစ်သူဖြစ်အောင်ကြိုးစားခဲ့သည်။ဆင်းရဲနုံချာလှသောမပိုးဖြူကို သူမ၏ အုပ်ထိန်းသူဦးလေးမှ အိမ်ထောင်ချပေးတော့မည့် သတင်းကိုကြားသိရသောအခါတွင် ဘဝမှာလိုတာမရ မရှိခဲ့သောကိုဇင်မောင်က မပိုးဖြူကို ခိုးပြေးခဲ့သည်။ကိုဇင်မောင်၏ မိဘများသည်လည်း ဘ၀အခြေအနေကွာခြားလှသော မပိုးဖြူနှင့် သဘောမတူကြသော်လည်း သဲသဲလှုပ်ချစ်ခင် အလိုလိုက်ထားခဲ့သော သားအငယ်ဆုံးလေးဖြစ်သောကြောင့် အားမတန်၍မာန်လျှော့လိုက်ကြရလေသည်။ကိုဇင်မောင်အနေနှင့် မပိုးဖြူကိုချစ်ပါသည်။ချစ်၍လည်း အရယူခဲ့သည်လေ။သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရသောအခါ လူငယ်ဘဝကို ပြည့်ပြည့်၀မခံစားခဲ့ရသလိုဖြစ်ပြီး အိမ်ထောင်သက် ငါးနှစ်ကျော်လာသည်မှစ၍ ကိုဇင်မောင်စိတ်ထဲမိန်းမချောမိန်းမလှလေးများနှင့်ပက်သက်နေရသည်ကို ပျော်ရွှင်လာခဲ့သည်။သူတို့လေးတွေနှင့် တွဲသွားတွဲလာလုပ်နေရလျှင် စိတ်ကျေနပ်သည်။သို့ သော်သည်မျှသာဖြစ်သည်။သည်အခြေအနေသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ်ဟု ကိုဇင်မောင်ယူဆထားသည်။ဘ၀ကို လွတ်လွတ်လပ်လပ်နှင့် ဖြတ်သန်းချင်ရုံသာဖြစ်သည်။မိန်းမဖြစ်သူကိုလည်း ပြည့်စုံကုံလုံအောင်ထားခဲ့သည်မဟုတ်ပါလား။ ညအိပ်ဝတ်စုံလဲပြီးသည်နှင့် အိပ်ရာပေါ်လှဲချလိုက်ပြီး တစ်ဖက်သို့လှည့်အိပ်လိုက်သော ယောကျာ်းဖြစ်သူကို ကြည့်ပြီး မပိုးဖြူသက်ပြင်းမောကိုချလိုက်မိသည်။ ~~~~ "ဘယ်လိုဖြစ်ရတာလဲ မိဖြူ ... ညည်းက ငါ့မြေးကိုနေရာတကာ လိုက်ချုပ်ချယ်နေတယ်ဆို ....ငါ့မြေးက ခေတ်လူငယ်ဆိုတာ ညည်းမသိဘူးလား...ပြီးတော့ ပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာ လူဖြစ်လာတာ ..ညည်းလို ဦးလေးသားချင်းအိမ်ကပ်နေရတဲ့ အဆင့်မျိုးမဟုတ်ဘူး ... ဒါကို ညည်းက ဘာကိစ္စငါ့မြေးကို ..ညည်းလို သိမ်သိမ်ငယ်ငယ်နဲ့နေရတဲ့ဘ၀နဲ့တူအောင်လုပ်နေတာလဲ ပြောစမ်း " " မ..မဟုတ်ပါဘူးအမေ... ကျွန်...ကျွန်မက...သမီးလေး လမ်းမှားတွေ့မှာစို့လို့ပါ " ယောက္ခမဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို မပိုးဖြူအထစ်ထစ်အငေါ့ငေါ့နှင့်ဖြေရှင်းလိုက်မိသည်။ "ဘာပြောတယ် လမ်းမှားဟုတ်လား ... ညည်းလိုရှစ်တန်းပဲ အောင်တဲ့ အဆင့်ကများ ... ငါ့မြေးကို လမ်းမှန်ပြနိုင်မယ်ထင်နေတာလား ...ငါ့မြေးကဆယ်တန်းအောင်ပြီးသွားပြီ....မကြာခင် တက္ကသိုလ်တက်တော့မဲ့သူဆိုတာ ညည်းသိရဲ့လား ...ညည်းဒီလိုသာ ဆက်လုပ်နေရင်...ငါ့မြေးကို ငါတို့အိမ်မှာပဲ ခေါ်ထားလိုက်တော့မယ် "

စိတ်ရှုပ်စိတ်ပျက်သွားရလေသည်။ဤအချင်းအရာကို မပိုးဖြူကတော့ မသိပါချေ။နေ့စဉ် သူ ပြုမူလုပ်ဆောင်နေကြအတိုင်းသာ လုပ်ဆောင်နေလေသည်။ "ဖယ်စမ်းပါကွာ ... ငါ့ခန္ဓာကိုယ်ပေါ်က အဝတ်တော့ငါ့ဘာသာ ချွတ်တတ်ပါတယ် " ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် မပိုးဖြူကို တွန်းထုတ်ပစ်လိုက်သည်။မဖြစ်စဖူးကိုဇင်မောင်၏ အမူအရာကြောင့် မပိုးဖြူမှာအံ့သြထိတ်လန့်သွားရလေသည်။ယခင်ကဆိုလျှင် ကိုဇင်မောင်သည် သူကိုယ်ပေါ်မှ အဝတ်အစားကိုပင်ချွတ်ရမှာပျင်းလှ၍ မပိုးဖြူကပင်ချွတ်ပေးရသည်။ရေချိုးခန်းသို့ အတင်းတွဲကာပို့ရသည်။ရေချိုးပြီးလျှင်ရေသုတ်ရန်ပျင်းသော ချစ်ခင်ပွန်းကို နောက်မှတကောက်ကောက်လိုက်ကာ ရေသုတ်ပေးရသည်။ဤအကျင့်သည် အသက်ဆယ့်ရှစ်နှစ်အရွယ် အိမ်ထောင်ဦးကာလမှစ၍ ယနေ့ .မပိုးဖြူအသက်သုံးဆယ်ငါးနှစ်ကျော်လာသည်အထိနေ့ စဉ်၀တ္တရားမပျက်လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။မှတ်မှတ်ရရ မပိုးဖြူအသက်ဆယ့်ကိုးနှစ်၌ သမီးလေးကိုမွေးဖွားပြီးခါစ အချိန်များတွင်သာ ဤ၀တ္တရားကိုပျက်ကွက်ခဲ့သည်။ယုတ်စွအဆုံး ကိုဇင်မောင်တစ်ယောက် မိန်းခလေးများတရုံးရုံးနှင့် ပျော်ပါးပြီးပြန်လာခဲ့လျှင်တောင် မပိုးဖြူမှာစိတ်ဆိုးစိတ်ကောက်ဖို့သတိမရဘဲ ချစ်ခင်ပွန်းကို ယုယကြင်နာမြဲ ကြင်နာခံသည်။ယောကျာ်းပဲလေ သည်လောက်တော့ ရှိပေမပေါ့ဟုမပိုးဖြူဖြေသိမ့်တွေးခဲ့သည်။ အတည်မတွဲဘဲ အိမ်သို့ညတိုင်းပြန်လာတတ်သည်ကိုပင် မပိုးဖြူမှာကျေးဇူးတင်နေခဲ့ရသည်။မပိုးဖြူသည် စိတ်ညစ်စိတ်ရှုပ်နေဟန်ဖြစ်နေသော ချစ်ခင်ပွန်း၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် မဝံ့မရဲ့ဖြင့် မေးလိုက်လေသည်။ "ဘာစိတ်ညစ်စရာရှိလို့လဲမောင် ... ဆိုင်မှာ အဆင်မပြေခဲ့ဘူးလား " "ကဲပါ ..ဖယ်စမ်းပါကွာ ...လူကို လိုက်ကပ်နေတာ တောက်တဲ့ ကျနေတာပဲ....ညဝတ်အင်္ကျီတွေပဲ ထုတ်ထားလိုက် .. ရေသွားချိုးတော့မယ် " ကိုဇင်မောင်သည် မပိုးဖြူကို တွန်းဖယ်လျက်ရေချိုးခန်းထဲသို့ ဝင်ခဲ့လေသည်။ကျန်ခဲ့သော မပိုးဖြူမှာမူ ခင်ပွန်းဖြစ်သူ၏ အမူအရာကြောင့်စိုးရိမ်ပူပန်၍နေလေသည်။ @@@@@@@@@@@@@@@@@@@@@@ အပိုင်း(၂ ) ဆက်ရန် မင်္ဂလာပါရှင် # နွေလယ်အိပ်မက် " အခန်းဆက်ဝတ္ထုစ/ဆုံး ကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။ *အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ် ၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ် ရေးသားပြီး အကောင့် /p age နဲ့ ဂရုတွေမှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံ ကျမ်းမာရေး၊ အလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ (၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် ) KPay 09773745413 Lai Lai win Wave 09773745413 Lae Lae win #ဧကြည်ဖြူ #AKyiPhyu

" အိက နေ့တိုင်းထွက်လို့မရဘူးလေ... တစ်ပတ်မှာ နှစ်ရက်ပဲရတာ..ဒါတောင်အိဖေဖေကြောင့် ထွက်လို့ရတာ ... မဟုတ်ရင် အမေက ... ညဘက်မပြောနဲ့နေဘက်တောင် ခွင့်မပြုဘူးလေ ... တို့ဖေဖေကိုကြောက်လို့သာ အိကိုခွင့်ပြုပေးနေတာ " သမီးဖြစ်သူ၏အခန်းရှေ အရောက်တွင် အခန်းထဲမှအသံများကြောင့် မပိုးဖြူတံခါးကိုဖွင့်ကာ အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ " သမီး....အိလေ အခုထိမအိပ်သေးဘူးလား ..." မပိုးဖြူသည် သမီးဖြစ်သူကိုမေးလိုက်ရင်းမှ အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲသို့ဝင်လိုက်လေသည်။ အခန်းထဲသို့ရောက်သောအခါ ဖွင့်ထားသောလက်တော့ဖန်သားပြင်တွင် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မပိုးဖြူစိတ်တိုသွားရလေသည်။ "သမီး ဘယ်အချိန်ရှိနေပြီလဲ ... လက်တော့ကို ပိတ်လိုက်တော့ ' မပိုးဖြူပြောနေစဉ်မှာပင် တစ်ဖက်မှ ကောင်လေးသည် ဖန်သားပြင်ကိုပိတ်လိုက်လေသူ။ကြည့်ရသည်မှာ မပိုးဖြူပြော လိုက်သော စကားကိုကြားပုံရလေသည်။ပိုးအိဇင်သည်လည်း လက်တော့ကိုပိတ်ပစ်လိုက်ပြီး မိခင်ကို ကြည့်လိုက်သည်။ " အခန်းတံခါးမခေါက်ဘဲ ဘာလို့ ၀င်လာရတာလဲ အမေ ..သမီးက (၁၆)နှစ်ပြည့်ပြီးပြီ ... ဆယ်တန်းလဲဖြေပြီးပါပြီ...သမီး ကလေးမဟုတ်တော့ဘူး.... သမီးရဲ့အခွင့်အရေးတွေကို လိုက်မပိတ်ပင်ပါနဲ့တော့ အမေ...ဝေယံက ဖေဖေ့မိတ်ဆွေရဲ့သား ...အဆင့်အတန်းရှိတဲ့လူပါ " " ဘယ်လိုပြောလိုက်တာလဲသမီး ...သူကဘယ်လိုလူဖြစ်ဖြစ်...ညဆယ်နာရီ ...ဆယ်တစ်နာရီမှာ ...သမီးဘယ်ယောကျာ်းလေးနဲ့မှ စကားမပြောရဘူး " မပိုးဖြူ အသံမာမာနှင့် ပြောလိုက်သောအခါ သမီးငယ်ပိုးအိဇင်သည် ခြေကိုဆောင့်လျက် ခုတင်ပေါ်တွင် လှဲအိပ်ချလိုက်လေသည်။ထိုစဉ်မှာပင်ခြံရှေ့မှ ကားဟွန်းတီးသံထွက်ပေါ်လာလေသည်။ "ပွမ် ..ပွမ် .. ကားဟွန်းသံကြားသည်နှင့် မဖိုးဖြူ အိမ်တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး ခြံထဲသို့ဆင်းခဲ့လိုက်သည်။အိမ်တံခါးဝနှင့် ခြံတံခါးမှာဆယ်ကိုက်စာမျှသာဝေးလေသည်။မပိုးဖြူတို့အိမ်တွင် အိမ်အကူမရှိ၊ ခြံအလုပ်သမားမထား အားလုံးကိုမပိုးဖြုတစ်ယောက်တည်းပင် တာဝန်ယူလုပ်ကိုင်သည်။ချက်ရေးပြုတ်ရေး၊ လျှော်ဖွပ်သန့်ရှင်းရေးနှင့် လစဉ်မီတာဆောင်သည်မှအစ အရာခပ်သိမ်းကို မပိုးဖြူကတာဝန်ယူထားသည်။အိမ်အကူ ခေါ်လျှင် ခေါ်နိုင်လျက်သားနှင့်ခင်ပွန်းနှင့်သမီးငယ်လေးကိုချစ်မြတ်နိုး၍ ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ပေးနေခြင်းဖြစ်လေသည်။ "ဘာတွေလုပ်နေတာလဲကွာ ...မောင်ရောက်နေတာကြာနေပြီ ..ဘာလဲ သမီးနဲ့ စကားများနေကြပြန်ပြီလား " ကိုဇင်မောင်က ခြံတခါးဖွင့်နေသော မဖိုးဖြူကို ပြောလိုက်သည်။ "မ ..မဟုတ်ပါဘူးမောင်ရယ် ... သမီးက ခုချိန်ထိ မအိပ်သေးလို့ပါ " မပိုးဖြူ ခြံတံခါးကို ဖွင့်ပေးရင်းပြောလိုက်သည်။ကိုဇင်မောင်က .ကားကို ခြံထဲသို့မောင်းဝင်ခဲ့လေသည်။ ~~~~ "မောင် ထမင်းစားမှာလား " "မစားတော့ဘူးကွာ ..မင်းကိုပြောရအုံးမယ်ဖြူ ....သမီးတို့ခေတ်က ငါတို့ခေတ်နဲ့တူတာမဟုတ်ဘူး ....သမီးကို နေရာတကာလိုက်မချုပ်ချယ်နဲ့ကွာ ...သမီးပေါင်းသင်နေတဲ့ ကောင်လေးတွေက အကုန်ပိုက်ဆံရှိ သားသမီးတွေကြီးပဲကွ.....ကလေကချေ ကောင်တွေမပါဘူး " ကျေးဇူးရှင်ချစ်ခင်ပွန်းက ဘာပြောပြော ငြိမ်၍နာခံတတ်သော မပိုးဖြူသည် သမီးနှင့် ပတ်သက်လာလျှင်တော့ မရ။ ဤအတွက်ကြောင့်လည်း ကိုဇင်မောင်နှင့် မပိုးဖြူတို့မှာမကြာခဏ စကားများကြရလေသည်။ "ဘယ်လောက်ပဲ ခေတ်က တိုးတက်ပါစေမောင် ...ဖြူတို့ မွေးထားတဲ့သမီးလေးပါ ... သမီး သူ့သူငယ်ချင်းတွေနဲ့ ကလပ်တွေသွားနေတာကိုလဲ မောင်ကခွင့်ပြုထားလို့သာ ..ဖြူက မလွှတ်ချင်ဘဲလွှတ်ပေးနေရတာ ဖြူမကြိုက်ဘူး ... " "တော်စမ်းကွာ ဖြူရာ .... မင်းဟာ ..ခေတ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တုန်းပဲလားကွာ ... မင်းမပျော်တတ်ရင်မပျော်နဲ့ကွာ.. တခြားသူရဲ့အပျော်တွေကိုတော့ လိုက်ပြီးမပိတ်ပင်နဲ့ ..သမီးလေးလဲဆယ်တန်းဖြေပြီးသွားပြီ... မင်းဘာမှလိုက်ပြီး ပိတ်ပင်တားဆီးမနေနဲ့ " ကိုဇင်မောင်၏အသံ မာလာသည့်အခါ မပိုးဖြူနှုတ်ကို ပိတ်လို့ ငြိမ်သက်တိတ်ဆိတ်လိုက်ပါသည်။ကြောက်၍ တော့ မဟုတ်ပါချေ။ချစ်လွန်း၍သာ ဖြစ်သည်။သူ့တစ်ခွန်းကိုယ်တစ်ခွန်းစကားများကြလျှင် အလုပ်မှ ပြန်လာသော ကိုဇင်မောင်စိတ်ညစ်စိတ်ရှုပ်ထွေးရမည်ကို စိုးရိမ်သည်လေ။ဤသို့ ကိုဇင်မောင်အပေါ်ထားရှိသော မပိုးဖြူ၏ချစ်ခြင်းသည် လင်ယောကျာ်းတစ်ယောက်ကိုချစ်သည့် အချစ်ထက်မကဘဲ မိဘညီကိုမောင်နှမကို ချစ်သော အချစ်မျိုးပါပေါင်းစပ်ထားလေသည်။မပိုးဖြူ ဤသို့ဖြစ်ရသည်မှာလည်း ဦးလေးအိမ်တွင် ခိုကပ်နေရသော (၁၇)နှစ်အရွယ် ကောင်မလေးသည် ငွေကြေးပြည့်စုံချမ်းသာသောချစ်သူကို အားကိုးယုံကြည်ခဲ့မိရာမှာ ချစ်ခင်တွယ်တာစိတ်များ ပို၍တိုးပွားများပြားလာခဲ့ခြင်းဖြစ်လေသည်။ ကိုဇင်မောင်သည် ဇနီးဖြစ်သူကိုပြောဆိုပြီးနောက် အိပ်ခန်းရှိရာဆီသို့တက်သွားခဲ့လေသည်။အခန်းထဲသို့ ရောက်လျှင်အဝတ်အစားများကို ချွတ်လဲလိုက်လေသည်။ထိုအခါ သူ၏အဝတ်စားများပေါ်မှ ချိုချိုအိအိမွှေးရနံ့ လေးကို ရှူရှိုက်လိုက်မိလေသည်။ထိုအခိုက်မှာပင် မပိုးဖြူ၏လက်အစုံသည် ကိုဇင်မောင်၏ အဝတ်အစားများပေါ်သို့ရောက်ရှိလာခဲ့သောကြောင့် ကိုဇင်မောင်မှာ

"ရပါတယ် ရတနာ .. တက္ကစီပဲခေါ်လိုက်မယ်လေ " မျိုးမမက ရတနာစိုးကို ပြောလိုက်သည်။ " မဟုတ်တာမျိုးရယ် မိုးချုပ်နေပြီလေကွာ " ထိုသို့ ရတနာစိုးနှင့်မျိုးမမတို့ ပြောနေစဉ်မှာပင် ကိုရန်ပိုင်က ဦးစွာထ၍ ပြောလိုက်လေသည်။ " တဆိတ်လောက်ခင်ဗျ ..မျိုးမမ က ဘယ်ကိုပြန်ရမှာလဲ " "ရန်ကင်းပါရှင် " ရတနာစိုးက ခပ်သွက်သွက် ဝင်ဖြေလိုက်သည်။ ရတနာစိုး၏ အဖြေကြောင့် ကိုရန်ပိုင်မှာ အားနာသလို ဖြစ်သွားရသည်။ကိုရန်ပိုင် ပြန်ရမည်မှာ ရေကျော်ဘက်လေ။မိုးထက်ကတော့ ကိုးမိုင်ဘက်ပြန်ရမည့်သူဖြစ်သောကြောင့်ဝင်မပြောဘဲရှိလေသည်။ထိုသို့စကားသံများကို နားထောင်နေရင်းမှ ဇင်မောင်မှာငြိမ်၍ မနေနိုင်တော့ဘဲ၀င်၍ ပြောလိုက်လေသည်။ "ကိုယ်က တောင်ဥက္ကလာပြန်မှာ ပါ ...အဆင်ပြေမယ်ဆိုရင် ကိုယ့်ကားနဲ့လိုက်ခဲ့လို့ရပါတယ် " "ဟို .. ရ .ရပါတယ် ကိုဇင်မောင် ...မျိုး ကားပဲငှါးစီးသွားလိုက်မယ် " "မဟုတ်တာမျိုးရယ် ... တို့က ကိုဇင်မောင်ကြီးကို မေ့နေလိုက်တာ ...ကိုဇင်မောင်က လမ်းကြုံနေတာပဲ ...လိုက်သွားလိုက်ပါ မျိုးရယ် " ကိုဇင်မောင်နှင့် မျိုးမမတို့သည် ပါတီပွဲအတွင်းမှ ယှဉ်တွဲထွက်လာခဲ့ကြသည့်အခါတွင် လူများစွာ၏ မျက်လုံးများသည် သူတို့နှစ်ယောက်၏ နောက်မှလိုက်ပါခဲ့ကြလေသည်။ ~~~~ ကားလေးက ကတ္တရာလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။ "အားနာလိုက်တာရှင် .." မျိုးမမက မပွင့်တပွင့်လေး ပြောလိုက်သည်။ "ရပါတယ် မျိုးမမ ..လမ်းကြုံနေတာပဲ ..ဒါနဲ့ မျိုးမမလို့ခေါ်ရတာတစ်မျိုးကြီးပဲ ... ကျွန်တော့်ထက်ငယ်မယ်ထင်တယ် ... ကျွန်တော်က (၃၇)နှစ်ထဲမှာပါ ..." "မျိုးက (၃၃)နှစ်ထဲမှာပါရှင် ... မျိုးလို့ပဲ ခေါ်လို့ရပါတယ်ရှင် ... နောက်ရက် အစ်ကို့ဆိုင်ကိုမျိုးလာခဲ့မယ်နော် " "အချိန်မရွေးလာခဲ့ပါဗျာ.. မျိုးနဲ့အနီးဆုံးဖြစ်တဲ့ဆိုင်ကိုပဲလာပါ... လာခါနီးရင်ဖုန်းဆက်လိုက်ပါ .. တခြားဆိုင်ခွဲတွေကို ရောက်နေမှာစိုးလို့ " " ဟုတ်ကဲ့ပါ အစ်ကို " နှစ်ဦးသားကြားပြန်လည် တိတ်ဆိတ်သွားလေသသည်။အဲကွန်းဖွင့်ထားသောကားထဲတွင် မျိုးမမထံမှချိုအီအီမွှေးရနံ့လေးက ကိုဇင်မောင်၏နှာခေါင်းဝသို့ တိုးဝှေ့ကျီစယ်နေလေသည်။ " ရောက်ပြီအစ်ကို ..ဒီမှာပဲရပ်လိုက်တော့နော် ..အိမ်က ရှေ့ကလမ်းထဲမှာပါ " မျိုးမမညွှန်ပြသော ခပ်မှောင်မှောင်လမ်းကြားသို့ ကိုဇင်မောင်လှမ်းကြည့်လိုက်ပြီး "ဟာ ...လမ်းကမှောင်နေတာပဲ..ကဲပါ ... အစ်ကို အိမ်ရှေ့အထိလိုက်ပို့ပေးပါ့မယ် ဟုတ်ပြီလား " ကိုဇင်မောင်သည် ပြောလိုက်ရင်း ကားကိုလမ်းကြားဆီသို့ ဦးတည်မောင်းလိုက်လေသည်။ " ရှေ့ကခြံပဲ အစ်ကို " မျိုးမမညွှန်ပြသော ခြံရှေ့တွင် ကိုဇင်မောင်ကားကိုရပ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကို .. မိုးချုပ်နေလို့ အိမ်ထဲတော့ အလည်မခေါ်တော့ဘူးနော် " မျိုးမမသည် ကားတံခါးကိုဖွင့်၍မဆင်းမီ ကိုဇင်မောင်ဘက်သို့လှည့်၍နှုတ်ဆက်စကားပြောလိုက်သည်။ပြီးလျှင် ကားတံခါးကို ဖွင့်၍ဆင်းရန် ကိုယ်လုံးလေးကို တံခါးပေါက်ဘက်သို့ပြန်လှည့်လိုက်စဉ်မှာပင် ရုတ်တရက်လှည့်လိုက်သလိုလဲဖြစ်သွားပြီး ပါတီပွဲတွင်ဝိုင်အနည်းငယ်လည်း သောက်ခဲ့သောကြောင့် မျိုးမမ သည် ရီဝေဝေဖြစ်နေခဲ့လေသည်။ထို့ကြောင့် မျိုးမမမှာခေါင်းထဲတွင်မူးဝေတာမိုက်ခနဲဖြစ်သွားပြီး ကိုဇင်မောင်ဘက်သို့ ယိုင်ကျလာလေသည်။ကိုဇင်မောင်သည် သူ့ဘက်သို့လဲကျလာသော မျိုးမမ၏ ခန္ဓာကိုယ်လေးကိုလျင်မြန်လှစွာပင် ထိန်းပေးလိုက်သည်။ထိုအခါ မျိုးမမ၏ကိုယ်လုံးလေးမှာ ကိုဇင်မောင်ရင်ခွင်တွင်းသို့ နောက်ပြန်ကျရောက်လာလေးသည်။ကိုဇင်မောင်လည်း မျိုးမမကိုယောင်ယမ်းဖက်ထားလိုက်ပြီး နှစ်ယောက်သားအတန်ကြာငြိမ်သက်နေကြလေသည်။ခေတ္တမျှကြာသောအခါမှ မျိုးမမသည် သတိဝင်လာပြီး ရှက်အင်းအမ်းဖြင့်လူးလဲထလိုက်လေသည်။နှုတ်မှလည်းဗလုံးဗထွေးနှင့်နှုတ်ဆက်စကားဆိုလိုက်သည် ။ " မျိုး .. သွား...သွားတော့မယ်နော် ..ကျေးဇူးတင်ပါတယ်အစ်ကို " ထိုအခါမှ ကိုဇင်မောင်သည်လည်း သတိဝင်လာပြီး " ဟုတ်..ဟုတ်ကဲ့ ... ရရဲ့လားဟင် ..... နည်းနည်းမူးနေတာထင်တယ် ... ခြံ၀ထိ ကိုယ်တွဲပို့ပေးပါမယ် " ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် ကားပေါ်မှ ဆင်းလိုက်ပြီး မျိုးမမကိုတွဲလိုက်သည်။ထိုအခါ မျိုးမမ၏ခန္ဓာကိုယ်ပေါ်မှချိအီသောမွှေးရနံ့သည် ကိုဇင်မောင်၏နှားခေါင်းဝမှတဆင့်ရင်ထဲအထိ ရောက်ရှိသွားလေသည်။နှုညံ့အိထွေးသော မျိုးမမ၏လက်မောင်းလေးကို ကိုဇင်မောင်ဖေးမထိန်းပေးရင်း ခြံ၀ဆီသို့တွဲလျှောက်ခဲ့ လေသည်။ "အိမ်မှာက ...မျိုးရယ်မေမေရယ် အိမ်အကူကောင်မလေးရယ်ပဲ ရှိတာလေ အစ်ကို...အဖေကလွန်ခဲ့တဲ့တစ်လကပဲဆုံးသွားခဲ့တာလေ ...အဲ့ဒါကြောင်း မျိုးလဲစင်္ကာပူကနေ ပြန်လာခဲ့ရတာပေါ့ " " ဪ ... ဟုတ်လား ...စိတ်မကောင်းပါဘူးကွာ " ဖခင်ဆုံးရှုံးထားသည်မှာ မကြာလှသေးသော မျိုးမမအပေါ် ကိုဇင်မောင်မှာ သနားကရုဏာဖြစ်သွားရလေသည်။ ~~~~~~~ " မနက်ဖြန်တော့ကလပ်ကို လာခဲ့လေကွာ .. ဒီနေ့ဘာလို့မလာတာလဲ "

ရတနာစိုးမိတ်ဆက်ပေးပြီး သောအခါ ယောကျာ်းသားသုံးယောက်ကို မျိုးမမပြုံးပြနှုတ်ဆက်လိုက်သည်။ရတနာစိုးပြောပုံအရဆိုလျှင် ထိုယောက်ျားသားသုံးဦးတွင် ဇင်မောင်ဆိုသူမှလွဲ၍ ကျန်လူနှစ်ဦးမှာလူပျိုလူလွတ်များဖြစ်သည်။"မျိုးရေ ...ကိုဇင်မောင်ကလွဲရင်... ကျန်တာတွေကို ချိန်ပစ်လိုက်စမ်းကွာ ...အထူးသဖြင်ကိုရန်ပိုင်ပေါ့..သူက လူပျိုကြီးပီပီနည်းနည်း ဇီဇာကြောင်တာကလွဲရင် မျိုးရိုးစဉ်ဆက်သူဌေးကွ..ကိုမိုးထက်ကတော့ ကားခရေဇီကွ ...ကားတစ်စီးပြီးတစ်စီးပြောင်းစီးပြီးခရီးသွားနေရတာလောက်... မိန်းခလေးတွေကို စိတ်ဝင်စားတဲ့သူမဟုတ်ဘူး..အားလုံးကသုံးဆယ့်ငါးသုံးဆယ့်ခြောက်ဝန်းကျင်တွေကြီးပဲကွသိလား...အဲ့လူသုံးယောက်ကို တစ်ဝိုင်းတည်းဖြစ်အောင် တို့စီစဉ်ပေးထားမယ် ...ပြီးရင်သူတို့အားလုံးနဲ့မျိုးကိုမိတ်ဆက်ပေးမယ် ...မျိုးအတွက်အသုံး၀င်မှာပါ "ဟု ဆိုခဲ့သော ရတနာစိုး၏ စကားကို ကြားယောင်ပြီးရှေ့တွင်ထိုင်နေကြသော ယောကျာ်းသားသုံးဦးကို မျိုးမမအကဲခတ်လိုက်သည်။ရှေ့ဦးစွာ သူဋ္ဌေးလေးကိုရန်ပိုင်ကို မသိမသိ အကဲခတ်လိုက်သည်တွင် နဖူးအနည်းငယ်ပြောင်ချင်သည်မှလွဲ၍ အသားဖြူဖြူနှင့်တည်ကြည်ခန့်ညားသောအသွင်ရှိသည်။သူ့၏အကြည့်များသည်လည်းမရိုင်းလှချေ။ထိုမှ ကိုမိုးထက်ဆိုသူကို ကြည့်မိသောအခါ မျိုးမမစိတ်ထဲမကျေချမ်းချင်သလိုဖြစ်သွားရသည်။ကိုမိုးထက် ဆိုသူသည် မျိုးမမလိုလှပချောမောသည့်သူကို ရှေ့တွင်ထားလျက် သူ၏မျက်လုံးများသည် ခြံဝန်းကျယ်ကြီးရှေ့တွင် အစီအရီ ရပ်ထားသော ကားများဆီသို့အကြည့်ရောက်နေသည်။လေးထောင့်ကျကျမေရုံးနှင့် ခပ်ထူထူမျက်ခုံးများ၊ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းနှင့် ပခုံးကျော်ပုံရသော ဆံပင်ရှည်ကိုစည်းထားသည့်ပုံစံက နိုင်ငံခြားမင်းသားတစ်ယောက်နှင့်ပင်တူ၍နေလေသည်။မျိုးမမကြည့်နေ့မှန်းသိ၍ထင်သည် မိုးထက်က မျိုးမမကိုခပ်စူးစူးတစ်ချက်ကြည့်လာပြီး ပြုံးယောင်ပြု၍ အကြည့်ကိုပြန်လွှဲသွားသည်။မျိုး မမလည်း ကိုမိုးထက်ကိုဆက်မကြည့်ဖြစ်တော့ပါ။ ဘေးတွင်ထိုင်နေသော ကိုဇင်မောင်ဆီသို့ အကြည့်ကို ပို့လိုက်လေသည်။ဤလူသားသုံးဦးထဲတွင်တော့ကိုဇင်မောင်သည် သပ်ရပ်သားနားဆုံးသောသူဖြစ်သည်။ဝတ်ထားသည့်အဝတ်အစားများတွင် တွန့်ရာကြေရာတစ်စက်လေးမျှပင်မရှိ။ဝတ်ထားသည့် အဝတ်အစားများသည်လည်းလူကြီးလူကောင်းဆန်ဆန် သပ်သပ်ရပ်ရပ်ဖြစ်သည်။ဘေးဘက်သို့ သိမ်းထားသော ဆံပင်ခပ်တိုတိုနှင့်ခပ်ပါးပါးမျက်မှန်က သူ၏ရပ်ရည်ကို ပို၍ကြည့်ကောင်းနေစေသည်။ပုစံကို ကြည့်၍ကိုဇင်မောင်တစ်ယောက် လူပျိုလူလွတ်မဟုတ်သည်မှာ သိပ်တော့မဆန်းလှဟုမျိုးမမ တွေးလိုက်သည်။နီညိရောင်ကိုင်းနှင့်ခပ်ပါးပါးမျက်မှန်အောက်မှ မျက်ဝန်ညိုများသည် မိန်းမတစ်ယောက်ကို အလွယ်တကူဖမ်းစားနိုင်သောမျက်၀န်းမျိုးဟု မျိုးမမခန့်မှန်းလိုက်သည်။ "ဒါနဲ့မမျိုးမမက ဘာလုပ်ငန်းများလုပ်ဖို့ စီစဉ်ထားလဲ " ကိုရန်ပိုင်ဆီမှ မေးသံ ထွက်ပေါ်လာသည်။ "ဟုတ်ကဲ့ မျိုးမမလို့ပဲ ခေါ်လို့ရပါတယ်ကိုရန်ပိုင် ... မျိုးက ဖက်ရှင်နဲ့ အလှအပဆိုင်ရာလုပ်ငန်းမျိုးလုပ်မှာပါ ..... " "လူနဲ့အလုပ်နဲ့က လိုက်ဖက်ပါတယ်ဗျာ...အကူအညီလိုရင်တော့ ပြောပါ ...ကိုယ့်နိုင်ငံတွင်းနှာပဲ အလုပ်လာပြန်လုပ်လို့ ...လေးလဲလေးစားကျေးဇူးလဲတင်ပါတယ် .. လုပ်ငန်းချင်းမတူကြပေမဲ့ အကူအညီလိုရင်ပြောပါခင်ဗျာ " "ဟုတ်ကဲ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် ....အရင်ဆုံးအကူအညီတောင်းရမှာတော့ ကိုမိုးထက်ကို အကူအညီတောင်းရမှာပဲ ...မျိုးမှာကားမဝယ်ရသေးဘူးလေ ... ကိုမိုးထက်ရဲ့ ဆိုင်ကိုနောက်ရက်လာခဲ့ ပါ့မယ် " မျိုးမမသည် ကိုမိုးထက်ကို မသိမသာစောင်းငဲ့ကြည့်ရင်းပြောလိုက်သည်။ထိုအခါကိုမိုးထက်က မျိုးမမကို ခပ်ပြုံးပြုံကြည့်လိုက်ပြီး "ရပါတယ်ဗျာ အချိန်မရွေးလာခဲ့ပါ... ဒီနေ့တော့ လိပ်စာကတ်မပါလာလို့ .. ဆိုင်ကိုရတနာအတူလာခဲ့လေ " မိုးထက်၏စကားကြောင့် မျိုးမမရင်ထဲမျက်ခနဲဖြစ်သွားရသည်။သူတွင် ဖုန်းတစ်လုံးလုံးပါ ပါလျက်သားနှင့် မျိုးမမကိုဖုန်းနံပတ်မတောင်းတာ၊ မပေးတာကတော့ အလိုလိုနေရင်းဘ၀င်မြင့်နေသူကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။မျိုးမမသည် ရင်ထဲမှမကျေနပ်မှုများကို မျိုသိပ်ပြီး ဇင်မောင်ထံသို့ အကြည့်ကိုလွှဲပစ်လိုက်သည်။ပြီးလျှင် သူမ၏ ကြည်လင်ချိသော အသံလေးဖြင့် "ပြီးတော့ ကိုဇင်မောင်ဆီမှာလဲ အကူအညီတောင်းရအုံးမယ် .. မျိုးကအွန်းလိုင်းကနေလဲ အလုပ်လုပ်မှာဆိုတော့ မန်း ဆိုင်အတွက်လိုအပ်တဲ့ လက်တော့နဲ့ဖုန်းတွေကို လာကြည့်ပါအုံးမယ်...လုပ်ငန်းအတွက်အဆင်ပြေမဲ့ ပစ္စည်းတွေကို ပြပေးနော်ကိုဇင်မောင် " သူ့ထံသို့ကြည့်ပြီး အသံချိုချိုလေးနှင့် ပြောနေသောမျိုးမမအား ကိုဇင်မောင်ကခေါင်းကို အသာငြိမ့်ပြလိုက်ပြီး "ကောင်းပါပြီဗျာ...အချိန်မရွေး လာခဲ့ပါ ....ဒီနေ့ လိပ်စာကတ်မပါလာလို့ ...ဖုန်းနံပတ်လေးပဲ ယူသွားလိုက်ပါနော် မျိုးမမ" ပြောပြီးသည်နှင့် ဇင်မောင်သည် သူ၏ဖုန်းကို မျိုးမမထံသို့ ကမ်းပေးလိုက်လေသည်။ " မျိုးရေ ... တို့ရဲ့ကားဆရာလဲ ဧည့်သည့်လိုက်ပို့တာ... ပြန်မလာသေးဘူး ... မျိုးပြန်တာနောက်ကျရင်တော့ အန်တီစိတ်ပူနေအုံးမယ် " သည်တစ်ခါ့တော့ ရတနာစိုးမှာ အကြံအဖန်လုပ်ခြင်းမဟုတ်ဘဲ အမှန်တကယ်ပြောဆိုနေခြင်းဖြစ်ပါလေသည်။

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း ( ၁ ) ******* ကြည့်မှန်၏ရှေ့တွင် မပိုးဖြူငူငူငေါင်ငေါင်နှင့်ထိုင်နေသည်။မှန်ထဲတွင်ပေါ်နေသော သုံးဆယ့်ခြောက်နှစ်အရွယ် မိန်းမတစ်ယောက်၏ရုပ်ရည်ရူပကာသည် ရှိရင်းစွဲအသက်ထက်ပို၍ရင့်ရော်နေသည်။နဂိုကောက်လှိုင်းတွန့် ဆံပင်များသည် မညှာမတာ စည်းနှောင်ထားသော ခေါင်းစည်း ကြိုးကွင်း၏အောက်မှ ပို၍ကောက်ကွေးလျက်ရှိကြလေသည်။မျက်ခုံးထူထူ၊ မျက်ဝန်းဝန်းနက်နက်နှင့်နှုတ်ခမ်းပါးပါးလေးများသည် ဆယ်ကျော်သက်အရွယ်တုန်းကလိုတော့ဖြင့် မလှပတော့သည်မှာ မှန်ပါသည်။သို့သော်လည်း အသက်သုံးဆယ် ကျော်စအရွယ်မိန်းမတစ်ယောက်နှင့် ယှဉ်လျှင်တော့ ယှဉ်၍ရအုံးမည်ထင်ပါသည်။ ''တီ..တီ.. တီ .." မှန်တင်ခုံပေါ်တွင် တင်ထားသော ဖုန်းက အသံမြည်လာသည် ။မပိုးဖြူ ဖုန်းကိုကောက်ကိုင်လိုက်သည်။ "ဟယ်လို " " ဖြူဖြူ ... ငါဝေဝေပါ ... တို့ မိသားစုချောင်းသာရောက်နေတာ မင်းသိတယ်မဟုတ်လား ...မင်းကို ပြောစရာရှိလို့ .. ဒီမှာကိုဇင်မောင်ကိုတွေ့တယ်...သူနဲ့အတူ အမျိုးသမီးတစ်ယောက်လဲပါတယ်သိလား ... တို့ပုံပို့ပေးလိုက်မယ်နော် " "မ ..မပို့ပါနဲ့ ဝေဝေ " မပိုးဖြူ၏ စကားမဆုံးလိုက်ရပါ။တစ်ဖက်မှ ဝေဝေကဖုန်းချသွားပြီဖြစ်လေသည်။မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ မျက်ရည်စများသည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့လေသည်။မောင်ရက်စက်သည်။သိပ်ကိုရက်စက်သည်။မပိုးဖြူ တောင်းပန်နေသည့်ကြားမှ လုပ်ရက်လေသည်။တကယ်ဆို မောင်သည်မျှလောက်အထိ မရက်စက်သင့်ဘူးမဟုတ်လား။မပိုးဖြူတို့က မိဘတွေပေးစားလို့ ယူခဲ့ရသူတွေလည်းမဟုတ်ကြပေ။ မပိုးဖြူအသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် မောင်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး မောင့်မိဘဆွေမျိုးများသဘောမတူသည့် ကြားမှ လက်ထပ်ခဲ့ကြသည်။မပိုးဖြူဘက်ကတော့ မိဘများမရှိတော့ပြီဖြစ်၍ ဦးလေးအိမ်မှာကပ်နေရသူပီပီ ကန့်ကွက်မဲ့သူ၊ တားဆီးမဲ့သူလည်းမရှိခဲ့ပါ။မပိုးဖြူ မောင့်ကိုသိပ်ချစ်သည်။ချစ်လွန်း၍ မိမိထက်အသက်တစ်နှစ်ကျော်ကြီးသော ခင်ပွန်းကိုမောင်ဟုမြတ်မြတ်နိုးနိုးခေါ်ခဲ့သည်။ယုံကြည်အားကိုးခဲ့သည်။မောင်နှင့်ဆုံခဲ့ရပြီးမှ မပိုးဖြူ၏ ဘ၀ကပျော်ရွှင်စရာများနှင့်ပြည့်နှက်လာခဲ့ရသည်လေ။ယခုသောအခါ၌မူ မင်္ဂလာဦး၏အချစ်များသည် ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူသည်လည်း ချစ်ရပါသောချစ်ခင်ပွန်း၏ သစ္စာဖောက်ဖျက်ခြင်းကို ခံစားနေရသည်မှာ ကြာခဲ့ပါလေပြီ။ ~~~~~ လွန်ခဲ့သာ (၆)လကျော် .... ပွဲရှင်နှင့်အတူခပ်နွဲ့နွဲ့လေး လျှောက်လာသော အမျိုးသမီး အပေါ်သို့ ပုရိသယောကျာ်းများ၏ အကြည့်များစုပြုံရောက်ရှိသွားကြလေသည်။ "ဘယ်သူလဲကွ ချောတယ်ကွာ " " ကြည့်လေ လှလေပဲကွာ " ပွင့်လင်းရဲတင်းလှသော အမျိုးသားများထံမှ စကားသံများ ထွက်လာသည်။ အသံရှင်အမျိုးသားများကြည့်ရာဆီသို့ ကိုဇင်မောင်လှမ်း၍ကြည့်လိုက်သည်။ မှန်ပါသည် လှပချောမောလွန်းလှသည့် အမျိုးသမီးတစ်ယောက်။သူမ၏ အလှကနန်းဆန်သည်။ပါတီပွဲသို့တက်ရောက်လာသော်လည်း အများသူငှာမိန်းမများကဲ့သို့ ဟိုပေါ်သည်ပေါ်ဝတ်ဆင်၍မလာဘဲ ပိုးပျော့ဂါဝန်းရှည်ကြီးကို ဝတ်ဆင်ထားသည်။ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး မဟူရာရောင်နားကပ်လေးနှင့် သူမ၏မျက်နှာက သိပ်ကိုလိုက်ဖက်နေသည်။အမှတ်တမဲ့ ကိုဇင်မောင်ကြည့်နေမိရာမှ အကြည့်ကို လွှဲရန်ပြင်လိုက်စဉ်မှာပင် သူမကလည်း ဖျတ်ခနဲလှမ်းကြည့်လာသည်။နှစ်ဦးသားအကြည့်ချင်းဆုံမိသွားကြလေသည်။ " ကိုရန်ပိုင်တို့ကို... ရတနာ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်နော် ..." အသံနှင့်အတူ ကိုဇင်မောင်တို့ ဝိုင်းနာသို့ရောက်လာသူမှာ ပါဇီပွဲကျင်းပသူပွဲရှင် ရတနာစိုးဖြစ်သည်။ရတနာစိုးက နာမည်နှင့်လိုက်အောင်ကျောက်မြတ်ရတနာဆိုင်များပိုင်ဆိုင်သူဖြစ်သည်။ကိုဇင်မောင်တို့နှင့် အသက်အနည်းငယ်မျှငယ်သည်။ "သူက ရတနာ့သူငယ်ချင်းမျိုးမမနိုင်တဲ့..စင်္ကာပူကပြန်လာတာမကြာသေးဘူး ... မျိုးကဒီမှာ စီးပွားရေးလုပ်ငန်းအခြေချမယ်ဆိုလို့ ...ဒီကလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုရန်ပိုင်တို့ ...ကိုဇင်မောင်တို့နဲ့ မိတ်ဆက်ပေးတာပါ ...အားလုံးပဲ ရတနာ့သူငယ်ချင်းကို ကူညီပေးကြပါနော် ... မျိုးလဲမှတ်ထားအုံးနော် ..ဒီကသူဌေးလေးကကိုဇင်မောင်တဲ့ ...ကိုဇင်မောင်က ကွန်ပျူတာ ..ဖုန်းနဲ့ဆက်စပ်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင် သုံးလေးဆိုင်ပိုင်တယ် ..မျိုးလိုအပ်တဲ့စက်ပစွည်းတွေ... ကိုဇင်မောင့်ဆီမှာဝယ်လို့ရတယ်..သူကတော့ သူဌေးလေးကိုရန်ပိုင်တဲ့ ...ကိုရန်ပိုင်ကတော့ ရန်ကုန်မြို့ရဲ့ လုပ်ငန်းတော်တော်များများမှာ ရှယ်ယာထည့်ဝင်ထားတဲ့ သူဋ္ဌေးကြီးပေါ့ ...ဒီကသူဋ္ဌေးကတော့ ကိုမိုးထက်တဲ့ ...ကိုမိုးထက်ကတော့ ကားအရောင်းစင်တာပိုင်ရှင်ကြီးလေ ..." ရတနာစိုးက စသလိုနောက်သလို အပြောမျိုးဖြင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ် မမျိုးမမနိုင် " " မျိုးကလဲ တွေရတာ၀မ်းသာပါတယ်ရှင် "

" ထာ၀ရအတွက်နှုတ်ဆက်လိုက်ပါတယ် ကိုခက်ဝေလတ် " ခက်ဝေလတ်ကိုဖူးငုံပွင့် အေးစက်စွာနှုတ်ဆက်စကားဆိုလိုက်ပြီး နေရာကနေကျောခိုင်းထွက်ခဲ့လိုက်တယ်။ ဖူးငုံပွင့်ထွက်သွားချိန်မှာ ခက်ဝေလတ်တစ်ယောက်တည်း နေရာမှာ ငူငူချည်းရပ်လျက်ကျန်နေခဲ့တော့တယ်။ ~~~~~ တစ်နှစ်တိတိကြာပြီးနောက်မှာတော့ ကလောမြေကို ဖူးငုံပွင့် ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့ပြန်တယ်။ " မငုဝါနဲ့ ကိုစိုင်းနော်တို့မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်နော် " ဖူးငုံပွင့်က လက်ဆောင်ဘူးလေးကို ငုဝါလက်ထဲကိုထည့်ပေးလိုက်ရင်း မင်္ဂလာပွဲအတွက်ဂုဏ်ပြုစကားပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ဖူးငုံ....လူကိုယ်တိုင်လာရောက်ချီးမြှင့်ပေးတာကိုလဲ ထပ်ဆင့်ကျေးဇူးတင်ပါတယ်နော် ...ဒါနဲ့ ဖူးငုံရော ရှေ့ဆက်ဘယ်လို စီစဉ်ထားလဲဟင် ...ကိုနေလင်းက ဖူးငုံကိုစောင့်နေတာသိလား.. " ငုဝါရဲ့စကားကြောင့် ဖူးငုံ ပွင့် အသာပြုံးလိုက်ပြီး ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းလိုက်တယ်။ "ဖူးငုံက ကိုနေလင်းကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားပါတယ် မငုဝါ ... ဒီတစ်သက်ဖူးငုံအိမ်ထောင်မပြုတော့ပါဘူး... ဒေါ်လေးနဲ့ပဲနေသွားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ် ....." "ဖူးငုံရယ် ... ငုဝါစိတ်မကောင်းလိုက်တာ ..ကိုခက်တစ်ယောက်လဲ ဘယ်မှာများရောက်နေလဲမသိဘူးနော် ... ဒေါ်ဝေဝေမာရဲ့ စိတ်ဝေဒနာကလဲ ပြန်ကောင်းမလာဘူးလို့သတင်းကြားတယ်...ဘာပစ္စည်းမှမယူဘဲထွက်သွားတော့ ...သူအဆင်ပြေရဲ့လားမသိဘူး " ငုဝါရဲ့စကားကို ဖူးငုံပွင့်ဘာမှပြန်မပြောဘဲ ပြတင်းပေါက်ကမြင်နေရတဲ့ ရူခင်းတွေကိုငေးမောကြည့်နေမိတယ်။ပြတင်းက တဆင့်မြင်နေရတဲ့ အရာရာဟာအေးစက်တိတ်ဆိတ်လို့ပေါ့။ ~~~~~~~~ သိပ်လည်း မအေးပါဘဲနဲ့ပန်းရောင်အနွေးထည်လေးကို ဝတ်ထားတဲ့.သူမရဲ့ပုံရိပ်လေးကို ခပ်ဝေးဝေးကနေ ခက်ဝေလတ်ရပ်တန့်ငေးမောကြည့်နေခဲ့မိတယ်။သူမကားပေါ်ကိုတက်ပြီး မောင်းထွက်သွားတော့မှပဲ ခက်ဝေလတ်လဲ ကားကိုမောင်းထွက်လာခဲ့လိုက်တယ်။ @@@@@@@@@@@@@@@@@@@ ပြီးပါပြီး အစမှအဆုံးဖတ်ရှူပေးခဲ့ကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်...... #ဧကြည်ဖြူ 26. 4.2023

ခြံနောက်ဘက်ကပဲပြန်ထွက်ခဲ့ကြတယ် ...သူတို့တွေ ပစ္စည်းတွေယူပြီး ပြန်ဆင်းဖို့လုပ်နေတုန်းမှာ ဘွားကြည်တွေ့သွားလို့... ဘွားကြည်ကို လည်ပင်းညှစ်သက်ပစ်လိုက်ပြီးမှ..လှေကားကပြုတ်ကျတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ခဲ့ကြတယ်... ပြီးတော့ သူတို့အုပ်စုမနက်လေးနာရီကျော်မှ ခြံနောက်သင်္ချိုင်းဘက်ကနေ ပြန်ထွက်ခဲ့ကြတယ် ....သူတို့အဲ့ဒီလို ထွက်ရတာလဲ... တစ်ယောက်ယောက်နဲ့တွေ့ခဲ့ရင် မြို့ဈေးသွားမဲ့သူတွေလိုလိုဘာလိုလို ထင်ရအောင်...ဦးအောင်မိုးက စီစဉ်ညွန်ကြားခဲ့တာတဲ့ " ဖူးငုံပွင့်မှာ နေလင်းပြောနေတာတွေကို ထိတ်လန့်တုန်လှုပ်စွာ နားထောင်နေမိပြီး သိချင်တာကို အလျင်စလိုနဲ့ ထမေးလိုက်မိတယ်။ "ဒါ ..ဒါဆို ..ကျွန်မ မိသားစုက ဒီကိစ္စထဲကို ဘယ်လိုပါသွားခဲ့ရတာလဲ " "အင်း ..ပြောပါ့မယ်ဖူးငုံ...ဒီလိုပါ ....ဘွားလေးရဲ့ ခြံထဲကထွက်လာကြတဲ့ဦးအောင်မိုးတို့အုပ်စုနဲ့ ...မြို့ဈေးသွားဖို့အတွက် ရွာနောက်သင်္ချိုင်းဘေးလမ်းကပဲ သွားခဲ့ကြတဲ့ ... ဖူးငုံတို့မိသားစုတွေ ဆုံခဲ့ကြတယ်တဲ့ ...ဖူးငုံရဲ့မိဘတွေက တခြားရွာကလူတွေထင်လို့ နှုတ်ဆက်ကြရင်းက ...ဦးအောင်မိုးကိုမှတ်မိသွားတယ်တဲ့လေ ... ဘွားလေးအိမ်မှာ ဘာတွေဖြစ်ခဲ့လဲမသိကြသေးတဲ့ ဖူးငုံရဲ့မိဘတွေက .... ဦးအောင်မိုးတို့နဲ့ တောင် အတူသွားခဲ့ကြသေးတယ်တဲ့ ... ပြောရရင် ဘွားကြည်ဆုံးသွားပြီဆိုတဲ့သတင်းကို သိရတဲ့အချိန်မှ ...ဖူးငုံ ရဲ့ မိဘတွေက သံသယဝင်ခဲ့ကြပုံရတယ် ...ဒါကိုရိပ်မိတဲ့ လူလည်းဦးမင်းခိုင်က ဖူးငုံရဲ့အဖေကို မြို့ပေါ် ကိုညာခေါ် ခဲ့တယ် ... ပြီးတော့မူးယစ်ဆေးတွေတိုက်ပြီး ဒေါ်ညိုညိုမာနဲ့ မြူဆွယ်ဖြားယောင်းပြီးလုပ်ကြံတဲ့ပုံတွေရိုက်ခဲ့ကြတယ် ...ခြိမ်းခြောက်ခဲ့ကြတယ်...နောက်တော့ ဘွားလေးရက်လည်ပြီးတဲ့နောက်နေ့မှာပဲ ... လူတွေအိပ်မောကျချိန်မှာ သုံးယောက်လုံးကို ဝင်ပြီးလုပ်ကြံလိုက်ကြတာပဲ.." နေလင်းရဲ့စကားအဆုံးမှာ ဖူးငုံးပွင့်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်ပေါက်ကြီးတွေတစ်ပေါက်ချင်းစီးကျလာခဲ့တယ်။ရှိုက်သံမထွက်အောင် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားရင်းမှ ခန္ဓာကိုယ်လေးကသိမ့်သိမ့်ခါလှုပ်ရှားနေခဲ့တယ်။ငုဝါက သူမ ထိုင်နေရာမှထလိုက်ပြီး ဖူးငုံပွင့်ရဲ့ဘေးမှာဝင်ထိုင်လိုက်ကာ ဖူးငုံပွင့်ကိုယ်လေးကို ဖက်ဖြိုးနှစ်သိမ့်ပေးလိုက်တယ်။ " ငိုလိုက်ပါ ဖူးငုံ...အားရအောင်ငိုပစ်လိုက်ပါ ..ငိုလို့ပြီးသွားရင် ... ဖူးငုံရဲ့မိသားစုကိုရော ... ငုဝါရဲ့ မိသားစုကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူယုတ်မာတွေကို ငုဝါတို့ အပြစ်ပေးကြပါစို့နော် " ငုဝါကလဲပြောရင်းမှ ဖူးငုံပွင့်ခန္ဓာကိုယ်လေးကိုဖက်ကာ သူမပါ လိုက်ငိုနေခဲ့မိတယ်။ ~~~~ "ဒါနဲ့ အမှုကိစ္စကသက်သေတွေရောပြည့်စုံရဲ့လား ကိုနေလင်း ... နှစ်တွေလဲကြာပြီဆိုတော့ သူတို့တွေလွတ်သွားနိုင်လား " ဖူးငုံပွင့်စိုးရိမ်ပူပန်စွာမေးလိုက်သလို ငုဝါကလဲစိုးထိတ်စွာနဲ့ နေလင်းရဲ့ တုံ့ပြန်စကားကိုနားစွင့်နေခဲ့တယ်။ "ဒီအတွက်တော့ မပူပါနဲ့ ..ခက်ဝေ လတ်က သူ့ရှာဖွေထားတဲ့ သက်သေတွေရော ..သူ့အဘိုးဆီက ရထားတဲ့သက်သေတွေကိုပါ သက်ဆိုင်ရာကို အပ်ခဲ့တယ်လေ " နေလင်းရဲ့ စကားကြောင့် ငုဝါက ဖူးငုံပွင့်ကိုကြည့်လိုက်တယ်။ဖူးငုံပွင့်ကတော့ အသက်မဲနေသူတစ်ယောက်လို တောင့်တောင့်ကြီးထိုင်နေခဲ့တယ်။ " လိုအပ်ရင် ..ဖူးငုံနဲ့ ငုဝါကိုလဲ စခန်းကခေါ်လိမ့်မယ်...ရန်ကုန်ကဖူးငုံရဲ့ဒေါ်လေးကိုလဲ... ဒီကိုလိုက်လာဖို့ အကြောင်းကြားထားပါတယ် '' "ဟုတ်..ဟုတ်ကဲ့ပါ ကိုနေလင်း " နေလင်းရဲ့စကားကို ငုဝါက ခေါင်းငြိမ့်ပြလိုက်ပေမဲ့ ဖူးငုံပွင့်ကတော့ ကျောက်ရုပ်တစ်ရုပ်ပမာ မလှုပ်မယှက်ရှိနေခဲ့တယ်။ ~~~~~ "ဖူးငုံတို့ အေးအေးဆေးဆေး စကားပြောကြနော် .. ငုဝါတို့ခြံထဲမှာရှိနေမယ်သိလား " ငုဝါကပြောပြီးတာနဲ့ ဦးဗလ တို့နဲ့အတူ ခြံထဲကိုဆင်းသွားခဲ့တယ်။ငုဝါအိမ်ထဲကထွက်သွားတာနဲ့ မတ်မတ်တောင့်တောင့်ကြီးရပ်ကာ ဖူးငုံပွင့်ကိုစိုက်ကြည့်နေခဲ့တဲ့ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့ရှေ့မှောက်မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီး လက်နှစ်ဖက်လုံးကို ကြမ်းပေါ်ထောက်လျက် ခေါင်းကြီးငုံ့ကာ ငြိမ်သက်နေတဲ့ခက်ဝေလတ်ရဲ့ ကျောပြင်ကသိမ့်သိမ့်ခါနေခဲ့တယ်။သူမရှေ့မှောက်မှာဒူးထောက်ချကာ အသံတိတ်ငိုကြွေးနေတဲ့ခက်ဝေလတ်ကို ကြည့်ပြီး ဖူးငုံပွင့်လဲနှုတ်ခမ်းကိုဖိကိုက်လျက် အသံတိတ်ငိုကြွေးနေမိတယ်။ဒီအနေအထားနဲ့ နှစ်ယောက်သား အတော်ကြာအောင် အသံတိတ်ငိုနေခဲ့ကြပြီးနောက်မှာတော့ ဒူးထောက်ထိုင်နေတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့်ဆွဲထူလိုက်တယ်။ခက်ဝေလတ်က ဖူးငုံပွင့်ဆွဲထူရာကိုပါလာခဲ့ပြီး ဆို့နင့်ကြေကွဲနေတဲ့အကြည့်တွေနဲ့ ဖူးငုံပွင့်ကိုကြည့်လိုက်တယ်။ဖူးငုံပွင့်ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ခက်ဝေလတ်ရဲ့ ရင်ခွင်ထဲကိုတိုးဝင်ကာဖက်တွယ်လိုက်တယ်။ခက်ဝေလတ်ကလဲ သူမကိုတင်းတင်းကြပ်ကြပ်ပြန်ပြီးသိုင်းဖက်လိုက်တယ်။နှစ်ယောက်သား မိနစ်အနည်းငယ်ကြာအောင်ငြိမ်သက်နေခဲ့ကြပြီးတဲ့နောက်မှာတော့ လူချင်းပြန်ခွါလိုက်ကြတယ်။လူချင်းခွါပြီးတဲ့နောက်မှာ ခက်ဝေလတ်ရဲ့နဖူးပြင်ကို ဖူးငုံပွင့်တစ်ချက်နမ်းရှိုက်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။

ဒေါ်ဝေဝေမာက အော်ဟစ်ပြေးလွှားဆင်းလာခဲ့ရင်း သားဖြစ်သူနောက်ကို အပြေးလိုက်လာခဲ့တယ်။ ခက်ဝေလတ်တစ်ယောက် အခန်းရှေ့ကိုရောက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ရှူရပ်မလိုပင်ဖြစ်သွားမိတယ်။ဒီအချိန်မှာပဲ ခက်ဝေလတ်ရဲ့နောက်ကလိုက်ပါလာတဲ့ ဒေါ် ဝေဝေမာတစ်ယောက် သွေးရူးသွေးတန်းနဲ့ အော်ဟစ်လိုက်တယ်။ "အမယ်လေး သား ..သားကြီး ... သားကြီးကိုသက်...ကိုမင်းလတ် ဘာဖြစ်ကြတာလဲ ..ဘာတွေဖြစ်ကြတာလဲ .... မိညို ..ခင်မိုး ... နင်တို့တွေ ဘာတွေဖြစ်ကြတာလဲ " ကြမ်းပြင်းပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေကြတဲ့ ဖခင်ဖြစ်သူ ၊ အစ်ကိုဖြစ်သူနဲ့ အဒေါ်နှစ်ယောက်ကိုကြည့်ပြီး ခက်ဝေလတ် အံ့ဩတုန်လှုပ်နေမိတယ်။ခပ်လှမ်းလှမ်းတစ်နေရာမှာတော့ ဒဏ်ရာတွေနဲ့လဲကျနေတဲ့လူစိမ်းနှစ်ယောက်ကိုလဲ တွေ့လိုက်ရတယ်။ခက်ဝေလတ်ကြာရှည် ငေးငိုင်နေချိန်မရပါ။ဆေးရုံကားကိုပါ ဖုန်းဆက်ခေါ်လိုက်ရတယ်၊၊ "သား ...သားကြီး ..ကိုမင်းလတ် ရှင်တို့ ဘယ်လိုဖြစ်ကြတာလဲ " လဲကျနေသူတွေထဲမှာ အခြေအနေကောင်းသူဆိုလို့ ဒေါ်ညိုညိုမာတစ်ယောက်သာရှိပြီး ဒေါ်ဝေဝေမာမှာ သတိမလည်တော့တဲ့သားဖြစ်သူ သက်ဝေလတ်ကိုပွေ့ဖက်ပြီး သားနဲ့ ခင်ပွန်းအကြားမှာ အရူးတစ်ယောက်ပမာ ငိုယိုလျက်ရှိလေတယ်။ဦးအောင်ဒင်မှာလဲ ခုတင်ပေါ်တွင် မျက်လုံးကြီးပြူးလျက်ဖြင့် သတိလစ်သကဲ့သို့ဖြစ်နေခဲ့တယ်။ခက်ဝေလတ်က အဘိုးဖြစ်သူဆီကိုပြေးသွားပြီးခေါ်ကြည့်လိုက်တယ်။ " အဘိုး ..အဘိုးသတိထားလေး ..ဒေါ်ခိုင် အဘိုးကိုကြည့်ပါအုံး " " တီ ...တီ ..တီ " "ပွမ်...ပွမ် .... ပွမ် " ခက်ဝေလတ်တို့ ဗျာများနေချိန်မှာပဲ ခြံရှေ့မှ ကားဟွန်းတီးသံများ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။ ~~~~ '' ကိုနေလင်းက စုံထောက်တစ်ယောက်လား " ဖူးငုံပွင့်မယုံကြည်နိုင်စွာ မေးလိုက်မိတယ်။ "ဟုတ်ပါတယ် ဖူးငုံ ... ပြောရရင် ဘွားကြည်ရဲ့အမှုကိုလိုက်ဖို့အတွက် ရဲတပ်ဖွဲထဲဝင်ခဲ့တယ်ဆိုရမှာပဲ ... အခုတော့ ကိုယ့်ဆန္ဒတွေပြည့်ခဲ့ပါပြီ ..." "ဆန္ဒပြည့်သွားပြီဟုတ်လား ...ဒါ ...ဒါဆိုရင် အဖြစ်မှန်တွေ ပေါ်သွားပြီလား... ဘယ်လိုဖြစ်သွားပြီလဲဟင် .. သုခမြိုင်က ဦးမင်းလတ်နဲ့ကိုသက်ဝေလတ်ဆုံးသွားတဲ့သတင်းကိုလဲ ကြားတယ် .. ဘာတွေဖြစ်ကုန်တာလဲ ...ကို ..ကိုခက်ဝေလတ်ရော ထိခိုက်သွားသေးလား ... ရဲအမှုအခင်းဆိုတော့ ဖူးငုံတို့လဲလာကြည့်ဖို့အဆင်မပြေလို့ပါ " မနားတမ်းမေးလိုက်တဲ့ ဖူးငုံ ပွင့်ရဲ့ အမေးကြောင့် နေလင်းက ခေါင်းကို ငြိမ့်ပြလိုက်ပြီး "ထိုင်ပါအုံး ဖူးငုံရယ်... အားလုံး ပြောပြပါ့မယ် ... ပြောချင်လို့ပဲ လာခဲ့တာပါ ... " " ဟုတ် ..ဟုတ်ကဲ့ပါ ကိုနေလင်း " ဖူးငုံပွင့်က နေလင်းကိုပြန်ဖြေလိုက်ပြီး ဆိုဖာခုံမှာစိတ်လှုပ်ရှားစွာထိုင်ချလိုက်သလို ငုဝါကလဲ ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။ " ဖြစ်ပုံက ....သူတို့အချင်းချင်းဖြစ်ခံ့ကြတာပါ....အသက်ရှင်ကျန်ခဲ့တဲ့ဒေါ်ညိုညိုမာနဲ့ ဒေါ်ခင်မိုးကို စစ်မေးလိုက်တဲ့အခါ ...ဦးမင်းခိုင်နဲ့ သူ့တပည့်နှစ်ယောက်ရယ်... ကိုသက်ဝေလတ်နဲ့ ဒေါ်ညိုညိုမာတို့ကတစ်ဖွဲ့... ခက်ဝေလတ်နဲ့ဦးအောင်ဒင်အခန်းထဲမှာ သူတို့သတင်းရထားတဲ့ ရတနာတွေကို၀င်ရှာတာ ...ဒီအချိန်မှာ သူတို့ပဲကံကောင်းတာလား ..ခက်ဝေလတ်ပဲကံကောင်းတာလား မသိဘူး...ခက်ဝေလတ်က အခန်းထဲမှာရှိမနေခဲ့ဘဲ ...အိမ်နောက်ဘက်က လသာဆောင်မှာ ရောက်နေခဲ့တာတဲ့ ... ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်မိုးမိုးနဲ့ သူ့လူနှစ်ယောက် ရောက်လာခဲ့ပြီး... အချင်းချင်းလုယက်ရင်းလက်လွန်ခဲ့ကြတာ...ဦးမင်းလတ်ကတော့ ပြဿနာဖြစ်နေချိန်မှာ ရောက်လာပြီး ဓါးနဲ့အထိုးခံခဲ့ရတာပဲ ...ဒီအမှုမှာဦးမင်းခိုင်နဲ့သူတပည့်တစ်ယောက်ရယ် ... ဒေါ်ခင်မိုးရဲ့လူတစ်ယောက်လွတ်သွားပေမဲ့ မကြာခင်မိမှာပါ ...ခက်ဝေလတ်က အမှုဖြစ်စဉ်မှာ ဘာထိခိုက်မှုမှမရှိခဲ့ပေမဲ့... ဒေါ်ဝေဝေမာကတော့ ရယ်လိုက်ငိုလိုက်နဲ့အသိစိတ်လွတ်သလိုဖြစ်နေတယ် " ကြားလိုက်ရတဲ့သတင်း စကားကြောင့် ဖူးငုံပွင့်ရင်ထဲ နင့်ခနဲပင်ဖြစ်သွားမိတယ်။ငုဝါကတော့ မျက်နှာမှာစိတ်မကောင်းဟန်တစ်ချက်ဖြစ်သွားပြီးမှ "ဒါဆို ဦးလေးကလွှတ်သွားတာပေါ့နော် ကိုနေလင်း ... ငုဝါအတွက် အန္တရာယ်များရိုနိုင်မလားဟင် " " ဒါအတွက် မပူပါနဲ့ မငုဝါ ....သူသွားလာတတ်တဲ့ နေရာတွေကို ...ကျွန်တော်တို့ ကင်းပုန်းချထားပါတယ်...သူကိုမိခဲ့ရင် သူအမှုတွေက ထောင်ထဲကထွက်ရာဖို့လမ်းမရှိတော့ပါဘူး " နေလင်းရဲ့စကားကြောင့် ငုဝါမှာ စိတ်အေးချမ်းသွားရတော့ တယ်။ "အမှုအကြောင်းနဲ့ပတ်သက်ပြီး အားလုံးကို ရှင်းပြပါ့မယ် ...ဘွားကြည်ကို လုပ်ကြံခဲ့တဲ့သူတွေက ဦးအောင်ဒင်ခေါ် ဦးအောင်မိုး ..ဦးမင်းလတ်နဲ့ ဦးမင်းခိုင်..ပြီးတော့ ဒေါ်ညိုညိုမာနဲ့ ဒေါ်ခင်မိုးတို့ လင်းမယားရယ်ပါဝင်ခဲ့ တယ် ...ဦးအောင်ဒင်က ဘွားလေးရဲ့ရတနာပစွည်းတွေထားတဲ့ လျှို့ဝှက်နေရာကိုသိထားတာမို့ ..သူတို့ကအုပ်စုလိုက် ညသန်းခေါင်ချိန်မှာ .... ခြံရဲ့နောက်ဘက်ကနေဝင်ပြီး အပေါ်ထပ်ကို တက်ခဲ့ကြတယ်တဲ့ ...အပေါ်ထပ်က ရတနာပစ္စည်းတွေနဲ့ ရှေ့ဟောင်းပစ္စည်းတွေကို သူတို့စိတ်ကြိုက်ယူပြီး...