en
Feedback
426
Subscribers
-124 hours
+217 days
+15930 days
Posts Archive
Repost from MMWeather
မိုးလေဝသပညာရပ်နဲ့ ရာသီဥတုလေ့လာမှတ်မ်းပြုခြင်းပညာရပ်တွေဟာ နက်နဲကျယ်ပြန့်ပြီး စိတ်ဝင်စားစရာလဲကောင်းပါတယ်။ ဒါကြောင့် "အခြေခံမိုးလေဝသပညာလေ့လာခြင်း" ကို အပိုင်းတွေခွဲပြီး နားလည်လွယ်အောင် ဆွေးနွေးတင်ပြပေးနေပါတယ်။ စိတ်ပါဝင်စားသူများ လေ့လာနိုင်အောင် Youtube MMweather Channel မှာလဲ မှတ်တမ်းပြုတင်ပေးထားပါတယ်။ အခြေခံမိုးလေဝသပညာလေ့လာခြင်း အပိုင်း-၁ https://youtu.be/r3olVKdHzCw အခြေခံမိုးလေဝသပညာလေ့လာခြင်း အပိုင်း-၂ https://youtu.be/mon_nUhC2nA

Repost from MMWeather
အကောင်ထွားထွား အမြီးရှည်ရှည် လာနေလောက်ပြီ။ သတိထားကြပါဦးဗျာ။

Repost from Mratt's Channel
မိုခါ မုန်တိုင်း (မနက် ၆ နာရီ ၄၅ မိနစ်ထိ) မိုခါ မုန်တိုင်း ဖြတ်မဲ့ 'အလယ်' လို့ပြောနိုင်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဒီနေ့မနက် ၆ နာရီကျော်က မြင်ကွင်းဖြစ်ပါတယ်။ ရုပ်သံထဲမှာ မိနစ်ပိုင်းလောက်ပဲ ခြားပြီး လေတိုက်နှုန်းပြောင်းသွားတာ သတိထားမိကြပါလိမ့်မယ်။ ခု စာရေးနေစဉ်မှာလည်း မိုးပြင်းထန်လာပြီး ရုပ်သံထဲကထက် အနည်းငယ် လေတိုက်နှုန်း မြင့်လာနေတယ်လို့ ရိုက်ကူးပေးပို့သူက ဆိုပါတယ်။ မုန်းတိုင်းဟာ လက်ရှိအချိန်မှာ ကုန်းတွင်းပိုင်းကို မဝင်သေးဘဲ နေ့လယ် ၁၂ နာရီခန့်မှာ ကုန်းတွင်းကို ဝင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပြီး ဒေသခံတွေကတော့ ၁၀ နာရီကျော်လာရင် ပိုဆိုးလာနိုင်မယ်လို့ တွက်ဆနေကြပါတယ်။