သီတင်းပေါင်းစုံ
رفتن به کانال در Telegram
1 185
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-530 روز
آرشیو پست ها
1 185
ထို့ကြောင့် ဆက်သွယ်ရေး စောင့်ကြည့်မှုကို ဖုန်းပြောဆိုမှုကို နားထောင်သည့် နည်းလမ်းတစ်ခုအဖြစ်သာ မမြင်ဘဲ လူပုဂ္ဂိုလ်၊ စက်ပစ္စည်း၊ ဆက်သွယ်ရေး၊ တည်နေရာနှင့် ကွန် ယက်တို့ကို ပေါင်းစပ်၍ ပစ်မှတ်သတ်မှတ်နိုင်သည့် ထောက်လှမ်းရေးစနစ်အဖြစ် နားလည်သိရှိထားရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။
ဇင်ယော်
၂၀၂၆ အောက် ၁၆ ၀၉၃၀
1 185
• CCTV၊ လူသားရင်းမြစ်၊ လူမှုကွန်ယက်၊ စစ်ဆေးရေးဂိတ်စသည့် ရင်းမြစ်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း
• လူ + စက်ပစ္စည်း + တည်နေရာ + ကွန်ရက်တို့ကို ပေါင်း စပ်စစ်ဆေးခြင်း
• Target ၏ တည်နေရာနှင့် လှုပ်ရှားမှုကို စောင့်ကြည့်ခြင်း- ဖမ်းဆီး/ထိန်းသိမ်းခြင်း
• ဖုန်း စက်ပစ္စည်း သိမ်းဆည်းခြင်း
• ထပ်မံရရှိသော သတင်းအချက်အလက်များ စုဆောင်းခြင်း
• ပစ်မှတ်အသစ်များ ဖော်ထုတ်ခြင်း
Telecom၊ ဖုန်းစက်ပစ္စည်း၊ Social Media၊ လူတစ်ဦး၏ အထောက်အထား၊ ဆက်သွယ်မှု၊ တည်နေရာနှင့် ကွန်ရက်ကို ဖော်ထုတ်ကာ စောင့်ကြည့်ခြင်း၊ဖမ်းဆီးခြင်းနှင့် ထပ်မံသော ပစ်မှတ်များကို ရှာဖွေခြင်း အထိချဲ့ထွင်နိုင်ပါသည်။
စောင့်ကြည့်စစ်ဆေးရေးစနစ်သည် တစ်ဦးကိုရှာဖွေခြင်းမှ ကွန်ရက်တစ်ခုလုံးကိုဖော်ထုတ်ခြင်းအထိ ချဲ့ထွင်နိုင်ပါ သည်။
အရေးကြီးသော ခွဲခြမ်းစိတ်ဖြာရာတွင် ကွဲပြားချက်
အောက်ပါအချက်များကို ခွဲခြားထားရန် လိုအပ်ပါသည်-
(က)ဖုန်းနံပါတ်တစ်ခုရှိခြင်းတစ်ခုတည်းဖြင့် GPS တည် နေရာသြဒိနိတ်ကို တိုက်ရိုက်ရရှိသည်ဟု မယူဆနိုင်ပါ။
(ခ) IMEI သည် စက်ပစ္စည်းအမှတ်အသား ဖြစ်ပြီး GPS တည်နေရာစနစ် မဟုတ်ပါ။ သို့သော် IMEI ကို ကွန်ရက်အချက်အလက်များနှင့် အခြားအချက်အလက်များနှင့် ချိတ်ဆက်အသုံးပြုပြီး စက်ပစ္စည်းခြေရာခံခြင်းကို အ ထောက်အကူပြုပါသည်။
(ဂ) ဘယ်သူနှင့် ဘယ်အချိန် ဆက်သွယ်သည်ဆိုသည့် မက်တာဒေတာနှင့် ဖုန်းပြောဆိုသည့်အကြောင်းအရာကို နား ထောင်ခြင်းသည် သီးခြားနည်းပညာအဆင့်များဖြစ်ပါ သည်။
(ဃ) လက်တွေ့ ပစ်မှတ်သတ်မှတ်ရာတွင် ဆက်သွယ်ရေးအချက်အလက်တစ်ခုတည်း မဟုတ်ဘဲ လူသားရင်းမြစ်ထောက်လှမ်းရေး ၊ CCTV၊ လူမှုမီဒီယာ၊ စစ်ဆေးရေးဂိတ်အချက်အလက် နှင့် အခြားထောက်လှမ်းရေးအချက်အ လက်များကို ပေါင်းစပ်အသုံးပြုပါသည်။
(င) အချက် အလက်ရရှိခြင်းသည် ဖမ်းဆီးမှုကို အလို အ လျောက်မဖြစ်စေနိုင်ပါ။ပစ်မှတ်သတ်မှတ်ခြင်း၊အတည် ပြုစစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ် ချက်များအပေါ် မူတည်ပါသည်။
ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်
မြန်မာစစ်တပ်၏ ဆက်သွယ်ရေးအခြေပြု စောင့်ကြည့်မှု ကို ဖုန်းနံပါတ်တစ်ခုချင်းစီကို သီးခြားစောင့်ကြည့်သည့် စနစ်အဖြစ်သာ မမြင်သင့်ဘဲ ကိုယ်ရေးအချက်အလက် + စက်ပစ္စည်းအချက်အလက် + ဆက်သွယ်ရေးအချက်အ လက် + တည်နေရာအချက်အလက် + ကွန်ယက်ခွဲခြမ်း စိတ် ဖြာမှု + အခြားထောက်လှမ်းရေးအချက်အလက်များ ပေါင်းစပ်အသုံးပြုနိုင်သည့် အလွှာစုံ စောင့်ကြည့်ရေးစနစ် အဖြစ် သိရှိထားရန် လိုအပ်ပါသည်။
အထူးသဖြင့် SIM နှင့် IMEI မှတ်ပုံတင်ခြင်းများကို ကိုယ်ရေးအချက်အလက်များနှင့် ချိတ်ဆက်ထားခြင်းသည် အ မည်မသိ မိုဘိုင်းအသုံးပြုမှု ကို လျော့နည်းစေပြီး လူတစ်ဦး၊ စက်ပစ္စည်းတစ်ခုနှင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုအ ကြား ဆက်နွယ်မှုကို ဖော်ထုတ်ရန် အခြေခံအချက်အလက်အလွှာတစ်ခု ဖြစ်ပါသည်။
ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာများအပေါ် ဆက်သွယ်မှုကြားဖြတ် စောင့်ကြည့်နည်းပညာ အသုံးပြုရန် ဖိ အားပေးထားတာကြောင့် ဆက်သွယ်ရေးအခြေခံအ ဆောက်အအုံသည် သာမန် ဆက်သွယ်ရေးအခြေခံအ ဆောက်အအုံအဖြစ်သာမက ထောက်လှမ်းရေးအချက် အ လက် စုဆောင်းရေးအခြေခံအဆောက်အအုံ အဖြစ်ပါ အ သုံးချခံနေရခြင်း ဖြစ်ပါသည်။
အဓိက သုံးသပ်ချက်
ဖုန်းနံပါတ်တစ်ခုကို သိရှိခြင်းသည် ဖမ်းဆီးမှု၏ နောက်ဆုံးအဆင့်မဟုတ်ဘဲ ထောက်လှမ်းရေးအချက်အလက် စု ဆောင်းမှုစက်ဝန်း ၏ အစပြုအချက်တစ်ခု ဖြစ်ပါသည်။
SIM မှတ်ပုံတင်ခြင်းနှင့် IMEI အချက်အလက်မှတစ်ဆင့် လူပုဂ္ဂိုလ်နှင့် စက်ပစ္စည်း ကို ချိတ်ဆက်ပြီး ဆက်သွယ်ရေး မက်တာဒေတာ ကြားဖြတ်ရယူမှုနှင့် တည်နေရာအချက် အလက်များကို အခြားထောက်လှမ်းရေးရင်းမြစ်များနှင့် ပေါင်းစပ်ပြီး ပစ်မှတ်တစ်ဦး၏ ဆက်သွယ်ရေးကွန်ရက်နှင့် လှုပ်ရှားမှုပုံစံကို ဖော်ထုတ်သည့် အခြေအနေ ဖြစ်ပါသည်။
ထိုအချက်အလက်များကို ရုပ်ပိုင်းဆိုင်ရာ စောင့်ကြည့်မှု နှင့် ချိတ်ဆက်အသုံးပြုပြီး ပစ်မှတ်ထားဖမ်းဆီးခြင်း ဖမ်း ဆီးခံရသူ၏ စက်ပစ္စည်းများမှ ရရှိသည့် အချက်အလက်များမှ နောက်ထပ်ပစ်မှတ်များကို ဖော်ထုတ်ကာ ဒုတိယအ ဆင့် ထောက်လှမ်းရေးရင်းမြစ်အဖြစ် ပြန်လည်အသုံးပြုခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စောင့်ကြည့်မှု၏ အဓိကအန္တ ရာယ်သည် “ဖုန်းနားထောင်ခြင်း” တစ်ခုတည်းတွင် မရှိဘဲ ဒေတာအမျိုးအစားများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ခြင်းတွင် ပိုမိုတည်ရှိသည်။
(က) SIM → လူပုဂ္ဂိုလ်
(ခ) IMEI → စက်ပစ္စည်း
(ဂ) ဆက်သွယ်ရေးအချက်အလက် → ဆက်သွယ်ရေးပုံစံ
(ဃ) ကွန်ရက်အချက်အလက် → တည်နေရာ
(င) ဆက်သွယ်ရေးချိတ်ဆက်မှုများ → လူမှုရေး/လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကွန်ရက်
(စ) အခြားထောက်လှမ်းရေးအချက်အလက် → ရုပ်ပိုင်းဆိုင်ရာ အတည်ပြုစစ်ဆေးမှု
(ဆ) ပေါင်းစပ်ထောက်လှမ်းရေး → ပစ်မှတ်သတ်မှတ်ခြင်း / ဖမ်းဆီးခြင်း
ဟူသော ဒေတာချိတ်ဆက်မှုကွင်းဆက်တစ်ခု ဖြစ်ပါသည်။
1 185
ကြားဖြတ်ရယူထားသော ဆက်သွယ်မှု ဥပဒေနည်းပညာနှင့် လုပ်ငန်းစနစ်ပေါ်မူတည်၍ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ အကြောင်းအရာများကိုရယူနိုင်ပါသည်။
💯 ၅. တည်နေရာဖော်ထုတ်ခြင်း
ဖုန်းသည် Mobile Network နှင့် ချိတ်ဆက်နေသည့်အခါ Network-side information များမှ Device ၏ တည်နေ ရာကို ခန့်မှန်းဖော်ထုတ်နိုင်သည်။
အဓိကအသုံးပြုသည့် အချက်များမှာ SIM / Device၊ Mobile Network Connection ၊ Cell Site / Network Data နှင့် ခန့်မှန်းတည်နေရာတို့ဖြစ်သည်။
SIM နှင့် IMEI Data များကို ပေါင်းစပ်ခြင်းဖြင့် လူတစ်ဦးနှင့် Device တို့၏ တည်နေရာ သတင်းအချက်အလက်များကို ရရှိနိုင်သည်။Cell-Based Location သည် GPS ကဲ့သို့ တိကျသော ကိုသြဒိနိတ်မဟုတ်ဘဲ Network ၏ Cell Site များ၊ Network Density နှင့် မြေမျက်နှာသွင်ပြင် စသည့် အချက်များအပေါ်မူတည်၍ တိကျမှုကွာခြားနိုင်သည်။
💯 ၆.ဆက်သွယ်ရေးကွန်ရက်နှင့် ချိတ်ဆက်မှုများကို ပုံဖော်ခြင်း
စောင့်ကြည့်စစ်ဆေးခြင်းမှရရှိသော အချက်အလက်များဖြင့် Target တစ်ဦး၏ ဆက်သွယ်ရေးကွန်ရက်နှင့် ဆက်သွယ်နေသူများကို ပုံဖော်နိုင်သည်။
ဥပမာ A -> B -> C -> D ကဲ့သို့ ဆက်သွယ်မှုလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။
ထိုမှတစ်ဆင့်—
အဓိကဆက်သွယ်သူများ
မကြာခဏဆက်သွယ်သူများ
ဆက်သွယ်မှု၏ အချိန်နှင့်ပုံစံ
တစ်နေရာတည်းတွင် တွေ့ရသည့် Device များ
ဆက်သွယ်မှုကွန်ရက်၏ အလယ်ဗဟိုဖြစ်နိုင်သူ ပုံစံများ
ကို ဖော်ထုတ်နိုင်သည်။
ထို့ကြောင့်စောင့်ကြည့်စစ်ဆေးခြင်းမှရရှိသည့် အချက် အလက်များဖြင့် Target ၏ ပတ်ဝန်းကျင်ကွန်ရက်ကို ပိုမိုဖော်ထုတ်နိုင်သည်။
💯၇. ပစ်မှတ်အတည်ပြုခြင်း
Telecom အချက်အလက်များကို အသုံးပြု၍ Target ဟုတ်/မဟုတ်ကို အခြားရရှိထားသော ထောက်လှမ်းရေးအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး နိုင်သည်။
အတည်ပြုရာတွင်—
လူကိုယ်တိုင်စောင့်ကြည့်ခြင်း
ဒေသခံသတင်းပေးများ
စစ်ဆေးရေးဂိတ်များ
CCTV / မျက်နှာမှတ်သားစနစ်
Social Media မှ သတင်းအချက်အလက်များ
သိမ်းဆည်းရမိသည့် ဖုန်းများ
ဖမ်းဆီးခံရသူများထံမှရရှိသည့်အချက်အလက်
အခြားဆက်သွယ်ရေးကွန်ရက်ဒေတာအချက်အလက်များပါဝင်သည်။
အကြမ်းဖက်တပ်ရဲ့ ထောက်လှမ်းရေးကွန်ယက်ဖြစ်တဲ့ စစ်ဖက်ရေးရာသတင်းတပ်ဖွဲ့ နဲ့ သတင်းရဲတပ်ဖွဲ့များဟာ လူထုအတွင်းစောင့်ကြည့်မှုများပြုလုပ်ခြင်း ၊ စစ်ဆေးရေးဂိတ်များတွင် လူနှင့်ပစ္စည်းများကိုစစ်ဆေးခြင်း၊ Cctv နှင့် အ ခြားအချက်အလက် အရင်းအမြစ်များကိုအသုံးပြုပါသည်။
တယ်လီကွန်းဆိုင်ရာ အချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာချက်သည် လူသားအရင်းအမြစ်မှ သတင်း နဲ့ နည်းပညာအရင်းအမြစ်မှ သတင်းတို့ကိုပေါင်းစပ်အသုံးပြုသည့်အခြေအနေဖြစ်ပါသည်။
💯 ၈. မြေပြင်တွင် ကိုယ်တိုင်စောင့်ကြည့်ခြင်း
Target ၏ အထောက်အထား၊ ဆက်သွယ်ရေးကွန်ယက်နှင့်ခန့်မှန်းတည်နေရာတို့ကိုသတ်မှတ်ပြီးနောက် စောင့်ကည့်စစ်ဆေးခြင်း (သို့) ဂိတ်တွင်စစ်ဆေးခြင်း၊ ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်း စသည့် နည်းလမ်းများနှင့် ချိတ်ဆက်ထားသည်။
အကြမ်းအားဖြင့် -
ဒစ်ဂျစ်တယ်နည်းဖြင့် အထောက်အထားဖော်ထုတ်ခြင်း
တည်နေရာအချက်အလက်
ကိုယ်တိုင်စစ်ဆေးအတည်ပြုခြင်း
ပစ်မှတ်မှန်ကန်ကြောင်း အတည်ပြုခြင်း
ဖမ်းဆီး/ထိန်းသိမ်းခြင်း ဟူသော လုပ်ငန်းစဥ်ဖြစ်ပါသည်
စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အခြေခံအဆောက် အအုံ သည် လူများ၏ ဆက်သွယ်ရေး၊ တည်နေရာနှင့် ကွန် ယက်အချက်အလက်များ ကို ခြေရာခံကာ Target များကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။
💯 ၉. (ဒစ်ဂျစ်တယ်ထောက်လှမ်းရေးအချက်အလက်) ထုတ်ဖော်ခြင်း
Target တစ်ဦးကိုဖမ်းဆီးပြီးနောက် ၎င်း၏မိုဘိုင်းဖုန်းနှင့် ဒစ်ဂျစ်တယ်စက်ပစ္စည်းများ မှ ရရှိသောအချက်အလက်များကို နောက်ထပ် ထောက်လှမ်းရေး အချက်အလက်အရင်းမြစ်အဖြစ် အသုံးပြုနိုင်သည်။
အဓိကရရှိနိုင်သည့်အချက်များမှာ..
Contacts — အဆက်အသွယ်စာရင်း
Messages — စာတို/မက်ဆေ့ချ်များ
Call History — ဖုန်းခေါ်ဆိုမှုမှတ်တမ်း
လူမှုကွန်ရက်အကောင့်များ
သိမ်းဆည်းထားသော ဓာတ်ပုံဗီဒီယို အချက်အလက်များ
Apps များမှ အချက်အလက်များ
ဆက်စပ်အဆက်အသွယ်များနှင့် ကွန်ရက်အချက်အလက်များ
ဖုန်းသိမ်းဆည်းခြင်းနှင့် ဟက်ခ်ခြင်းတို့ကို အကြမ်းဖက်တပ်ကိုဆန့်ကျင်သူများ၊၎င်းတို့နှင့်ဆက်စပ်သူများကို စောင့်ကြည့်ရန်အသုံးပြုပါသည်။
ထို့ကြောင့် ဖမ်းဆီးမှုတစ်ခုသည် ထောက်လှမ်းရေး လုပ်ငန်းစဥ်စက်ဝန်း၏ နောက်ဆုံးအဆင့်မဟုတ်ဘဲ နောပ်ထပ် Target များကိုဖော်ထုတ်နိုင်သည့် စုစည်းရာနေရာအသစ်ဖြစ်ပါသည်
Telecom အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး Target ကို ဖော်ထုတ်၊ အတည်ပြုရန် အသုံးပြုသည်။
အဓိကအားဖြင့်—
• SIM မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက် စုဆောင်းခြင်း
• IMEI နှင့် ဖုန်းစက်အချက်အလက် ဖော်ထုတ်ခြင်း
• ဖုန်းခေါ်ဆိုမှုနှင့် ဆက်သွယ်ရေးဒေတာ စုဆောင်းခြင်း
• ဆက်သွယ်မှုများကို စောင့်ကြည့်နိုင်ခြင်း
• Cell/Network မှတစ်ဆင့် တည်နေရာဖော်ထုတ်ခြင်း
• ဆက်စပ်ဖုန်းနံပါတ်များနှင့် ဆက်သွယ်ရေးကွန်ရက်ကို ဖော်ထုတ်ခြင်း
1 185
၂၀၂၆ခုနှစ် အောက်တိုဘာ ၁၆
မြန်မာစစ်တပ်၏ တယ်လီကွန်းနည်းပညာကို အခြေခံသည့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ပစ်မှတ်ထား ဖမ်းဆီးခြင်း
အထိ ဆက်တိုက်လုပ်ဆောင်သည့် Intelligence cycle ထောက်လှမ််းရေးလုပ်ငန်းစဥ် စက်ဝန်းတစ်ခုအကြောင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်တပ် သည် ဆက်သွယ်ရေးကွန်ယက်များ၊ SIM Card မှတ်ပုံတင်အချက်အလက်များ၊ IMEI နံပါတ်များ၊ ဆက်သွယ်မှုဆိုင် ရာ မက်တာဒေတာ၊ Intercept Survillance(ကြားဖြတ်စောင့်ကြည့်)နည်းပညာများနှင့် အခြား ဒစ်ဂျစ်တယ် intelligence ရင်းမြစ်များကို ပေါင်းစပ်အသုံးပြု၍ လူပုဂ္ဂိုလ်များ၏ ဆက်သွယ်မှု၊ တည်နေရာနှင့် ဆက်သွယ်ရေးကွန်ရက်များကို ဖော်ထုတ်နိုင်ရန် စောင့်ကြည့်မှုများ ပြုလုပ်လာခဲ့ပါတယ်
အထူးသဖြင့် SIM registration နှင့် IMEI registration အချက်အလက်များကို လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအ ချက်အလက်များနှင့် ချိတ်ဆက်နိုင်ခြင်း၊ Telecom Network များတွင်Intercept Survillance(ကြားဖြတ်စောင့်ကြည့်) စနစ်များ ထည့်သွင်းအသုံးပြုခြင်း၊ တည်နေ ရာနှင့် ဆက်သွယ်ရေးအချက်အလက်များကို စုဆောင်းခြင်းတို့မှတစ်ဆင့် လူတစ်ဦးချင်းစီသာမက ၎င်းတို့နှင့် ဆက်စပ်နေသည့် ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
ထို့ကြောင့် ဖုန်းနံပါတ်တစ်ခုမှ လူတစ်ဦးကို ဖမ်းဆီးသည့် လုပ်ငန်းစဥ်တွင် ဖုန်းနံပါတ်ရှာ လူကိုဖမ်း ဟု ရိုးရှင်းစွာမယူဆသင့်ဘဲ အချက်အလက်များကို အဆင့်ဆင့်စုဆောင်း ချိတ်ဆက် အတည်ပြုပြီး နောက်ဆုံးတွင် ရုပ်ပိုင်းဆိုင်ရာ ပစ်မှတ်ထားခြင်း နှင့်ဖမ်းဆီးခြင်း ပြုလုပ်သည့် ထောက်လှမ််းရေးလုပ်ငန်းစဥ်စက်ဝန်းတစ်ရပ်အဖြစ် နားလည်ထားရန်လိုအပ်ပါသည်။
ထောက်လှမ််းရေးလုပ်ငန်းစဥ်စက်ဝန်း (Intelligence cycle ) အဆင့် ၁၀ဆင့်ရှိပါတယ်
1. SIM အသုံးပြုသူကို ဖော်ထုတ်ခြင်း
2. အသုံးပြုသည့် စက်ပစ္စည်းကို ဖော်ထုတ်ခြင်း
3. ဆက်သွယ်ရေးအချက်အလက်များ စုဆောင်းခြင်း
4. ဆက်သွယ်မှုများကို ကြားဖြတ်ရယူ/စောင့်ကြည့်ခြင်း
၅.တည်နေရာကို ဖော်ထုတ်ခြင်း
6. ဆက်သွယ်ရေးကွန်ရက်နှင့် ချိတ်ဆက်မှုများကို ပုံဖော်ခြင်း
7. ပစ်မှတ်အတည်ပြုခြင်း
၈.မြေပြင်တွင် ကိုယ်တိုင်စောင့်ကြည့်ခြင်း
၉.ဖမ်းဆီး/ထိန်းသိမ်းခြင်း
၁၀.ဖုန်းကို သိမ်းဆည်းပြီး ထောက်လှမ်းရေးအချက်အလက်များ ထပ်မံစုဆောင်းခြင်း တို့ပဲဖြစ်ပါတယ်
အထက်ပါအဆင့်များဟာ ၁ကြိမ်တည်း အစဥ်လိုက်ဖြစ်ရမယ်လို့ မဆိုလိုဘဲ ရရှိလာသည့်ထောက်လှမ််းရေးလုပ်ငန်းစဥ်ပေါ်မူတည်၍ အပြန်အလှန်အသုံးပြုနိုင်သည့် လုပ်ငန်းစဥ်ဖြစ်ပါသည်။ဒီအဆင့်တွေကို သေချာပြန်ရှင်းပြပေးပါမယ်။
💯၁။ SIM အသုံးပြုသူကို ဖော်ထုတ်ခြင်း
SIM Registration မှတ်တမ်းများမှ ဖုန်းနံပါတ်၊ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို သိရှိနိုင်သည်။
SIM Registration Data များကို IMEI နှင့် ချိတ်ဆက်၍ ဖုန်းနံပါတ်၊ SIM၊ Subscriber အထောက်အထားနှင့် ကိုယ်ရေးအချက်အလက်များကို ဆက်စပ်ဖော်ထုတ်နိုင်သည်။
ထို့ကြောင့် Phone Number -> SIM -> Subscriber Identity -> Personal Information ဟူသော အချက် အလက် ချိတ်ဆက်မှုဖြစ်ပေါ်နိုင်သည်။
💯၂။ အသုံးပြုသည့် စက်ပစ္စည်းကို ဖော်ထုတ်ခြင်း
SIM Card အသုံးပြုသည့် ဖုန်း၏ IMEI သည် ထို Device ကို ခွဲခြားသတ်မှတ်နိုင်သည့် အချက်အလက်ဖြစ်သည်။
Person → SIM → Phone Number → IMEI → Device ဟူ၍ လူတစ်ဦးနှင့် အသုံးပြုသည့်စက်ကို ဆက်စပ်ဖော်ထုတ်နိုင်သည်။
ဤအချက်သည် လူတစ်ဦးက Sim card ကိုပြောင်းလဲအသုံးပြုသော်လည်း အဆိုပါ Sim card အသုံးပြုသည့် Device နှင့် ယခင် Data များကြား ဆက်နွယ်မှုကို စုံစမ်းနိုင်သည့် အခြေအနေကိုဖြစ်ပေါ်စေပါသည်။
💯၃။ ဆက်သွယ်ရေးအချက်အလက်များ စုဆောင်းခြင်း
Telecom Network အသုံးပြုသည့်အခါ ဆက်သွယ်မှုဆိုင်ရာ Data များကျန်ရှိနိုင်သည်။ ဥပမာ .
မည်သည့်နံပါတ် နှင့် ဆက်သွယ်ခဲ့သည်
ဆက်သွယ်မှုအကြိမ်ရေ
ဆက်သွယ်သည့်အချိန်
ဆက်သွယ်သည့်ကြာချိန်
အသုံးပြုခဲ့သည့် Network / Cell Site မှတဆင့် ချိတ်ဆက်ခဲ့သည်
Device နှင့် SIM ကြား ဆက်နွယ်မှုဆိုင်ရာမက်တာဒေတာ များသည် လူတစ်ဦး၏ဆက်သွယ်ရေးပုံစံကို ဖော်ထုတ်ရာတွင်အသုံးဝင်သည်။
မက်တာဒေတာသည် ဖုန်းပြောသည့် အကြောင်းအရာနှင့်မတူကြောင်းခွဲခြားသိရှိဖို့လိုအပ်သည်။ဖုန်းနံပါတ်များ အချိန်နှင့် ဆက်သွယ်မှုကြာချိန်ကဲ့သို့သော မက်တာဒေတာရရှိခြင်းနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကိုတိုက်ရိုက်နားထောင်နိုင်ခြင်းသည် နည်းပညာအရတူညီသည့်အရာမဟုတ်ပါ
💯၄။ ဆက်သွယ်မှုများကို ကြားဖြတ်ရယူ/စောင့်ကြည့်ခြင်း
Telecom Operator များအား ဆက်သွယ်မှု ကြားဖြတ်စောင့်ကြည့်နည်းပညာအသုံးပြုရန် စစ်တပ်ကဖိအားပေးခဲ့ပြီး Telecom Network မှတစ်ဆင့် ဆက်သွယ်ရေး အချက်အလက်များကို စောင့်ကြည့်နိုင်ပါသည်။
ထိုသို့ စောင့်ကြည့်ခြင်းဖြင့် ဆက်သွယ်သူများ၊ ဆက်သွယ်မှုအကြိမ်ရေ၊ အချိန်နှင့် ဆက်သွယ်မှု ပုံစံများကဲ့သို့သော မက်တာဒေတာဆက်သွယ်မှု ပုံစံများကို သိရှိနိုင်သည်။
1 185
🔘အခုတော့ စမက ဘက်က ၄၉၂၆ စစ်ဆင်းရေးလို့ ကြွေးကြော်ပြီးတော့ အာရက္ခတပ်တော်ရှိရာဘက်ကို ထိုးစစ်ဆင်းလာခဲ့တယ်..။ အဲဒီတပ်တွေ တပ်လှန်ပြီးတော့ အာရက္ခတပ်တော်ဘက်က စမက တပ်တွေ ဆုတ်လမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်ရှင်းရင်းနဲ့ စစ်တွေမြို့နယ်ဘက်ကို ရောက်ရှိသွားပြီဖြစ်တယ်..။ ဒီလောက်ထိ စကမ ဘက်က အခိုင်အမာ ချထားတဲ့ကြားက အာရက္ခစစ်သည်တော်တွေဟာ စစ်တွေမြို့နယ်ဘက်ကို ဝင်ရောက်သွားကြပြီလို့ သိရတယ်..။ တချို့ကာကင်းတွေကို သိမ်းပိုက်ထားတယ်လို့ သိရတယ်..။ ကဲ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းမိလောက်ကြမယ်လို့ ထင်ပါတယ်..။
သာလီစွပါ
ဝေဟင်အောင်
16/10/2026
1 185
"သံမဏိခံတပ်ကို ထိုးဖောက်သွားတဲ့ အာရက္ခနတ်စစ်သည်တော်တွေ.."
🔘အာရက္ခတပ်တော်ဘက်က စစ်တွေမြို့ကို ဝင်ရောက်တက်ခိုက်ဖို့အတွက်ဆိုရင် ဖြတ်ကျော်ရမယ့် အခက်အခဲက မနည်းဘူး..။ အရင်မြို့သိမ်းစစ်ပွဲတွေ တိုက်ခဲ့ရတာထက် နည်းနည်း အားစိုက်ရမယ့် သဘောရှိတယ်..။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ ကြားထဲက ဖြတ်ကျော်လာခဲ့တာက အာရက္ခတပ်တော်ဖြစ်တယ်..။ နိုင်ငံရေး ပရောဟိတ်တွေ၊ စစ်ဗိုလ်ထွက်တွေက ရခိုင်မြေမှာ ခေတ်အဆက်ဆက် ဘယ်လက်နက်ကိုင်မှာ ရပ်တည်လို့ မရဘူးလို့ တပြိုင်တည်း မှတ်ချက် ပြုခဲ့ကြတဲ့ ကြားက လုပ်ပြလာခဲ့တာဖြစ်တယ်..။ အခုလည်း နိုင်ငံတကာက မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ ကြားက အာရက္ခစစ်သည်တော်တွေဟာ စစ်တွေမြို့နယ်ထဲကို ချဥ်းနင်းဝင်ရောက်သွားကြပြီဖြစ်တယ်..။
🔘စစ်တွေမြို့နယ်ကို စကမ ဘက်က ခံစစ်ကို အခိုင်အမာတည်ဆောက်ထားတယ်..။ စစ်တွေမြို့နယ် တခုလုံးကို ခြံစည်းရိုးတွေကာထားတယ်..။ ခြံစည်းရိုးနောက်မှာ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ ဘန်ကာတို့ကို အခိုင်အမာ တည်ဆောက်ထားသလို တပ်စခန်းတွေကိုလည်း မြို့နယ်တခုလုံးကို ဖြန့်ကျက်ချထားတယ်..။ စစ်တွေတစ်မြို့နယ်လုံးကို နေရာလပ်မကျန်အောင် မြေမြုတ်မှိုင်းတွေ အထပ်ထပ်ထောင်ထားတယ်.။ စစ်တွေမြို့နယ်ထဲက ကျေးရွာပေါင်း ၂၆ရွာ လောက်ကိုလည်း လုံးဝဖြိုဖျက်ပြီးတော့ အဲဒီနေရာတွေမှာ စစ်စခန်းအသစ်တွေ တိုးချဲ့ချထားတယ်.။ မြို့ထဲမှာလည်း နေရာကောင်းတွေမှာ တပ်စခန်းတွေ တည်ထားတယ်..။ မြို့ထဲက အထပ်မြင့်တိုက်တွေမှာ စနိုက်ပါသမားတွေကို ချထားသလို တချို့နေရာတွေမှာဆိုရင် အထိုင်စခန်းတွေပါ ချထားတယ်.။ ကြေး၊ ရေ၊ လေတပ်တွေကိုလည်း စနစ်တကျ သုံးခွင့်ရှိတဲ့ နေရာဖြစ်တယ်..။
🔘တခြားတဖက်ကမှာ စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော်က ရင်ဆိုင်ရမယ့်ထဲမှာ စကမဘက်က မူဆလင်စစ်သားတွေ အမြောက်အမြားစုဆောင်းထားတယ်..။ မြို့ထဲမှာ ကင်းလှည့်နေကြတဲ့ ထဲမှာ မူဆလင်စစ်သားတွေ အများအပြားပါဝင်နေကြသလို ရခိုင်လူမျိုးဆိုပေမယ့် ALP တပ်ဖွဲ့ဝင်တွေပါ စကမ နဲ့ ပူးပေါင်းထားတယ်..။ ဒီ့အပြင် လက်နက် မကိုင်ဘဲ နိုင်ငံရေးပါတီအနေနဲ့ စမက နဲ့ရပ်တည်တည်နေကြတာက AFP ပါတီ၊ ကြံ့ခိုင်ရေးပါတီတွေက ရှိနေသေးတယ်..။ တခြား တစ်သီးပုဂ္ဂလတွေလည်း ရှိနေအုံ့မယ်..။ ALP ကတော့ စမက နဲ့ နောက်ထပ် အင်အားတစ်ခုဖြစ်တယ်..။
🔘အထူးသဖြင့် ဒီနေရာမှာ သတိပြုစရာက စမက နဲ့ ပူးပေါင်းပြီး လက်နက်ကိုင်ထားတဲ့ မူဆလင်စစ်သားတွေကို သတိပြုဖို့ လိုတယ်..။ စစ်ပွဲသဘာဝအရ စစ်မြေပြင်မှာ တွေ့ကြပြီးဆိုရင် သူသေ ကိုယ်ရှင် ချကြရတော့မယ်..။ အဲဒီခါ နိုင်ငံတကာရောက် လူ့အခွင့်အရေးဒိုင်းကာကို ယူထားတဲ့ မူဆလင်ရပ်ဝန်းက ဘယ်လို အသံတွေ ထွက်လာမလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားဖို့လိုတယ်..။ လက်နက်ကိုင်ချင်းကတော့ တိုက်ရတော့မှာ အမှန်ပဲ..။ ဟိုအခွင့်အရေး ဒီအခွင့်အရေးထက် စစ်မြေပြင်ဆိုတာ သေခြင်းတရားနဲ့ ရင်းထားတာဖြစ်တယ်..။ နောက်ပိုင်းမှာ လူ့အခွင့်အရေးအရ သူတို့က အတင်းအားဓမ္မစစ်သားစုဆောင်းခံရတာပါ..။ သူတို့နဲ့ မဆိုင်ဘူးဆိုတာကတော့ လုပ်လို့ ရလိမ့်မယ်မဟုတ်..။ မဟုတ်ရင် အခုကတည်းက လက်နက်ချပြီးတော့ ကျွန်တော်တို့က အတင်းအားဓမ္မစစ်သားစုဆောင်းခံထားတာပါဆိုရင် တမျိုးတမည် လုပ်လို့ ရအုံ့မယ်..။ မဟုတ်ရင် စကမကို ပြန်ချ..။ အာရက္ခတပ်တော်နဲ့ ပူးပေါင်းပြီး အာရက္ခပြည်ကို တည်ဆောက်ကြတာပေါ့..။
🔘စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်မြို့တော်ဖြစ်တယ်..။ အုပ်ချုပ်ရေးဗဟိုချက်မမြို့လည်း ဖြစ်ပြန်တယ်..။ စစ်တွေမြို့ထဲမှာ နပခ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော၊ ပြည်နယ်ဝန်ကြီးချုပ်နိုင်ဦးနဲ့ ဝန်ကြီးတွေ၊ ဒကစမှူးအပြင် စမက ဒေါက်တိုင်း လွတ်တော်အမတ်တွေနဲ့ အစိုးရဝန်ထမ်းအချို့ရှိကြနေကြသေးတယ်..။ စစ်တွေမြို့နယ်ဘက်က ပြည်သူတွေကို မြို့ထဲကို အတင်းပြောင်းရွေ့ထားပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်အဖြစ် ခိုလုံနေကြတယ်.။ မြို့ထဲမှာတော့ မြို့ခံအချို့ရှိနေသေးတယ်..။ မြို့ပြင်ဘက်ကို စစ်ရှောင်ဖို့က ထွက်ပေါက်လုံးဝ မရှိတော့ဘူး..။ ထွက်ချင်ရင် ရန်ကုန်ကို လေယဥ်လမ်းကြောင်းတစ်ခုပဲရှိတယ်..။ ဒါတောင် ထွေအုပ်ဌာနက ခွင့်ပြုချက်ရမှာ လေယဥ်လက်မှတ်ဝယ်လို့ ရတာဖြစ်တယ်..။
🔘ဒါတွေက လက်ရှိ စစ်တွေမြို့ရဲ့ စစ်ရေးအခြေအနေဖြစ်တယ်..။ စစ်တွေမြို့မှာ အဓိက ဒကစ က အခြေစိုက်ထားပြီးတော့ ဓညဝတီရေတပ်နဲ့ အခု အသစ်ဆောက်လုပ်ထားတဲ့ ရွှေမင်းဂံရေတပ်ဖို့လည်း ရှိသေးတယ်..။ နောက်ပိုင်းတော့ တပ်မ ၁၀၁ ကို အင်အားထပ်ဖြည့်ထားတယ်လို့ သိရတယ်..။
🔘စစ်တွေမြို့နယ်နဲ့ အဓိက ထိစပ်နေတာက ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ဝီရဌာနီ(ပေါက်တော)မြို့နယ်တို့ဖြစ်တယ်..။ ပေါက်တောမြို့နယ်ကို ကစ္ဆပနီမြစ်က ခြားထားတယ်..။ ရသေ့တောင်မြို့နယ်ကို မူစဲမြစ်က ခြားထားတယ်..။ အကျဉ်းဆုံးအပိုင်းကတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်ကို မင်းချောင်းက ခြားထားတယ်..။ ကုန်းမြေအရ ထိစပ်မှုအများဆုံးက ပုဏ္ဏားကျွန်းမြို့နယ်ဖြစ်တယ်..။ ချောင်းဆိုပေမယ့် မြစ်ငယ်တခုလောက်စာလောက် ကျယ်တယ်..။ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ဝီရဌာနီ(ပေါက်တော)မြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးတော့ စစ်တွေမြို့နယ်ကို ဝိုင်းရံပိတ်ဆို့ထားတာက ကြာပြီ..။
1 185
Politix Lab
29 JULY 2026
* ကျားဖြန့်အရေး BGFခေါင်းဆောင်ကို ထိုင်း ဖမ်းဝရမ်းထုတ်
#lynnkhanthane
#politixlab
#usa
#foryourpage
1 185
Economy Review
အောင်လံနဲ့ ကိုးပင်ကြားက စစ်ဆေးရေးဂိတ် (၉)ခုက ကုန်စည်တင်ကားတွေကို ငွေကြေး တောင်းခံနေပါတယ်။
#economyreview #အောင်လံမြို့ #ကိုးပင် #စစ်ဆေးရေးဂိတ် #ငွေကြေးတောင်းခံ
1 185
Economy Review
ဝန်ထမ်းတွေကို လစာတိုးပေးဖို့ အစီအစဉ် မရှိဘူး လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
#economyreview
#ဝန်ထမ်းလစာ
#ကုန်ဈေးနှုန်း #ဌာနဆိုင်ရာဝန်ထမ်း #လစာ
1 185
1 185
MPA News
ရေပြင်သွား ဒရုန်းတွေနဲ့ တရုတ် စစ်သင်္ဘောတွေကို မှတ်တမ်းတင်ခဲ့တဲ့ အမေရိကန် ဒရုန်းကုမ္ပဏီ
1 185
Economy Review
အိမ်ခြံမြေ ဝယ်မယ်ဆို မြေအရင်စစ်ပါ။ အမရပူရဘက်မှာ ပါသွားတဲ့ မြေတွေ ဆုံးရှုံးမှု တွေ မနည်းပါဘူး။
#economyreview #အမရပူရမြို့နယ် #မှန်
#မန္တလေး #အိမ်ခြံမြေ
1 185
🔴 ဖိလစ်ပိုင်ရေပိုင်နက်အနီး AIS ပိတ်ပြီး လျှို့ဝှက်သွားလာနေတဲ့ တရုတ်စစ်သင်္ဘောကို အမေရိကန် ရေပြင်ဒရုန်းက လျှို့ဝှက်ခြေရာခံနိုင်ခဲ့
အမေရိကန်ကုမ္ပဏီတစ်ခုရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေပြင်ဒရုန်းငယ်တစ်စင်းက တရုတ်ရေတပ်သင်္ဘောတစ်စင်းကို လျှို့ဝှက်မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။
ရိုက်ကူးထားတဲ့ ၄၂ စက္ကန့်ကြာ ဗီဒီယိုထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone - EEZ) အတွင်းမှာ တရုတ်ရေတပ်ရဲ့ Type 052D အမျိုးအစား လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (guided-missile destroyer) တစ်စင်းကို တွေ့ရပါတယ်။
အဆိုပါသင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း (Luzon Island) အနီး ဘာရှီရေလက်ကြား (Bashi Channel) မှာ ဇွန် ၁၆ ရက်နေ့က ရှိနေခဲ့တာဖြစ်ပြီး ကမ်းခြေကနေ မိုင် ၆၅ ခန့်အကွာမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဒီသင်္ဘောဟာ တရုတ်ရေတပ်သင်္ဘောဖြစ်ကြောင်းကို သင်္ဘောပေါ်ရှိ အပြင်အဆင်၊ အပေါ်ပိုင်းတည်ဆောက်ပုံ၊ ကရိန်းနဲ့ ရေဒီယိုတိုင်ပုံစံတွေကို ယခင်ဓာတ်ပုံမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ခွဲခြားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယိုကို ရိုက်ကူးခဲ့တာကတော့ အမေရိကန်၊ ဆန်ဒီယေဂိုအခြေစိုက် Seasats ကုမ္ပဏီရဲ့ Lightfish USV ဆိုတဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေပြင်ဒရုန်းဖြစ်ပါတယ်။
ကုမ္ပဏီကတော့ ဒီခရီးစဉ်ဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေယာဉ်စနစ်တွေ အသုံးပြုနိုင်မလားဆိုတာ စမ်းသပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
Lightfish ဟာ အရှည် ၁၂ ပေခန့်သာရှိတဲ့ ရေယာဉ်ငယ်တစ်စင်းဖြစ်ပြီး ပစ်ကပ်ကားနောက်ဘက်ကနေတောင် သယ်ဆောင်ပြီး လွှတ်တင်နိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ပင်လယ်ပြင်မှာ လူမပါဘဲ လည်ပတ်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။
ဒီဒရုန်းတွေဟာ ပင်လယ်ပြင်ထဲမှာ ရှိနေတဲ့ သင်္ဘောတွေကို ခြေရာခံနိုင်သလို၊ ရေအောက်အသံလှိုင်းတွေကို နားထောင်ပြီး အချက်အလက်တွေကို ဂြိုဟ်တုကနေတစ်ဆင့် မြေပြင်ရှိ ထိန်းချုပ်သူဆီ ပို့ပေးနိုင်ပါတယ်။
Seasats ကုမ္ပဏီရဲ့ CEO မိုက် ဖလန်နီဂန် (Mike Flanigan) က “တရုတ်သင်္ဘောအနီးအထိ သွားပြီး ဓာတ်ပုံရိုက်ကူးကာ အချက်အလက်တွေ စုဆောင်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
တရုတ်ဘက်ကတော့ ဒီသင်္ဘောနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။
ဖိလစ်ပိုင်ဘက်ကတော့ “ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း ဝင်ရောက်မှုရှိတယ်ဆိုရင် တင်းမာမှုတွေ ပိုမိုမြင့်တက်စေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ သက်ဆိုင်ရာအားလုံးကို သတိပေးထားပါတယ်” လို့ ပြောပါတယ်။
Seasats ကုမ္ပဏီကလည်း အရင်နှစ်တွေတုန်းက တရုတ်ရေတပ်သင်္ဘောတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။
မေလအတွင်းမှာလည်း ဒီကုမ္ပဏီက ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်သင်္ဘောတွေကို လျှို့ဝှက်ခြေရာခံနိုင်တဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ရေယာဉ်တစ်စင်းဟာ ထိုင်ဝမ်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်စစ်သင်္ဘောအများအပြားနဲ့ တွေ့ခဲ့ပြီး အဲဒီသင်္ဘောတွေဟာ သင်္ဘောတည်နေရာပြစနစ် (AIS) ကို ဖွင့်မထားခဲ့ကြောင်း ဆိုပါတယ်။
Seasats ကတော့ ဒီလို အဝေးထိန်းရေယာဉ်တွေဟာ ပင်လယ်ပြင်စောင့်ကြည့်ရေးအတွက် အရေးကြီးလာမယ်လို့ ပြောပါတယ်။
ကုမ္ပဏီတာဝန်ရှိသူ ဒက်ကလန် ကာဝင် (Declan Kerwin) က “ဒီနေ့ခေတ်မှာ ဂြိုဟ်တုနဲ့ အာရုံခံကိရိယာတွေ အများကြီးရှိနေပေမယ့် သင်္ဘောတစ်စင်းက ပင်လယ်ထဲမှာ ပျောက်ကွယ်နေတုန်းပါပဲ။ ဒါကြောင့် အကွာအဝေးဝေးကနေ လည်ပတ်နိုင်တဲ့ အလိုအလျောက်ရေယာဉ်တွေက အရေးကြီးတာပါ” လို့ ပြောပါတယ်။
Seasats ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ သန်း ၄၀ ခန့်နဲ့ အစိုးရကာကွယ်ရေးစာချုပ်တွေကနေ ဒေါ်လာ သန်း ၁၀၀ ခန့် ရရှိထားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်ရဲ့ ပင်လယ်ပြင်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အမေရိကန်ဘက်က အလိုအလျောက်မောင်းနှင်နိုင်တဲ့ ဒရုန်းနည်းပညာတွေ ပိုမိုအသုံးပြုလာနေကြောင်း ပြသနေပါတယ်။
-----
“When tyranny becomes law, rebellion becomes duty.”
#ဘာသာပြန်ဆောင်းပါး
#EagleNews 🦅
Ref: NYpost
1 185
ဘန်ကောက်မှာ ပစ္စည်းတုထုတ် လျှို့ဝှက်ဂိုဒေါင် ဝင်စီး... နာမည်ကြီးအမှတ်တံဆိပ် စက်ဆီ/ချောဆီအတု၊ ရေမွှေးအတုနဲ့ လူသုံးကုန်ပစ္စည်းအတု ၃ သောင်းကျော် သိမ်းဆည်းရမိ
ယနေ့ ဇူလိုင် ၂၈ ရက် တွင် ထိုင်းစီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ဉာဏမူပိုင်ခွင့်ဦးစီးဌာနနဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ် ပိုင်ရှင်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဘန်ကောက်မြို့ မင်းဘူရီခရိုင်၊ ဘွန်းခွမ်လမ်းသွယ် ၁၂/၂ အတွင်းရှိ လျှို့ဝှက်ငှားရမ်းထားတဲ့ ဂိုဒေါင်တစ်ခုကို တရားရုံးရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်ဆေးရာမှာ အပြင်ဘက်တံခါးကို အမြဲပိတ်ထားတဲ့ ဂိုဒေါင်အတွင်း ထိုင်းအလုပ်သမားတွေက အွန်လိုင်းကနေ မှာယူထားတဲ့ ကုန်ပစ္စည်းတွေကို ပါဆယ်ထုပ်ပိုးနေကြတာကို တွေ့ရှိခဲ့ပြီး၊ စုစုပေါင်း ကုန်ပစ္စည်းအတု ၃၂,၄၇၇ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိသည့် အတုအယောင်ကုန်ပစ္စည်းများမှာ -
• မော်တော်ယာဉ်သုံး ရေမွှေးအတု (Phraphai Aroma နှင့် INZEN) – ၂၂,၀၀၀ ကျော်
• LANOS အမှတ်တံဆိပ် Moisturizer (Skincare) အတု – ၇,၀၀၀ ကျော်
• LLMITO Matcha လက်ဖက်စိမ်းမှုန့် – ၁,၂၆၀ ခု
• နာမည်ကြီးတံဆိပ် အင်ဂျင်ဝိုင်/စက်ဆီချောဆီအတု (LIQUI MOLY, BENZ, SHELL, CASTROL နှင့် NISSAN) – ၁,၆၀၀ ကျော်
• Nutrilite ပရိုတင်းမှုန့် – အချို့
ဒီအမှုဟာ LIQUI MOLY အင်ဂျင်ဝိုင်အမှတ်တံဆိပ် ကိုယ်စားလှယ်က အွန်လိုင်းပလက်ဖောင်းတွေမှာ အတုအယောင် အင်ဂျင်ဝိုင်တွေကို ပုံမှန်ထက် အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေတာကို တွေ့ရှိပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာကနေ စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီလိုအတုကုန်ပစ္စည်းတွေဟာ အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက သုံးစွဲသူတွေအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တာကြောင့် လျှို့ဝှက်ဂိုဒေါင်ကို ခြေရာခံဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂိုဒေါင်မှာ အလုပ်လုပ်နေသူတွေရဲ့ ထွက်ဆိုချက်အရ တရုတ်နိုင်ငံသား မစ္စတာ ချူဖန် (ZHU FAN) ဟာ ဂိုဒေါင်ကို လွန်ခဲ့တဲ့ ၃ လခန့်က ငှားရမ်းထားပြီး၊ ထိုင်းအလုပ်သမားတွေကို တစ်ရက် ဘတ် ၅၀၀ နှုန်းနဲ့ ငှားရမ်းကာ ဖောက်သည်တွေ မှာယူတဲ့ အော်ဒါတွေအတိုင်း ကုန်ပစ္စည်းတွေကို ထုပ်ပိုးပို့ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။
ထွက်ဆိုချက်အရ ကုန်ပစ္စည်းအားလုံးကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မှာယူပြီး၊ အင်ဂျင်ဝိုင်နဲ့ လူမှုကွန်ရက်ပေါ်မှာ လူကြိုက်များနေတဲ့ ကုန်ပစ္စည်းတွေကို အဓိကထား တင်သွင်းကာ ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
ကနဦးအနေနဲ့ ရဲတပ်ဖွဲ့က မစ္စတာ ချူဖန်ကို မှတ်ပုံတင်ထားပြီးသား အခြားသူရဲ့ ကုန်အမှတ်တံဆိပ်ကို အတုအယောင်အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချရန် လက်ဝယ်ထားရှိမှု နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။
စီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အွန်လိုင်းပေါ်မှာ ဈေးနှုန်းအလွန်သက်သာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အင်ဂျင်ဝိုင်အတုတွေဟာ စက်မှုလုပ်ငန်းစံနှုန်းနဲ့ မကိုက်ညီတာကြောင့် ယာဉ်အင်ဂျင် ပျက်စီးနိုင်သလို ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားပြီး အသက်အန္တရာယ်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသုံးကုန်ပစ္စည်းနဲ့ အသားအရေထိန်းသိမ်းရေး ထုတ်ကုန်အတုတွေမှာလည်း စံမမီတဲ့ နေရာတွေက ထုတ်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
#ChiangMaiDaily
#ချင်းမိုင်နေ့စဉ်
#ထိုင်းသတင်း
#ဘန်ကောက်သတင်း
#မှုခင်းသတင်း
