Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ယနေ့ မနက် ယင်းမာပင်နယ် ကပိုင်မှ မြေသြဇာ တချို့တဝက်ဟာ အနောက်မြောက်ဘက်သို့ ထွက်ကြတယ်လို့ သိရပါတယ်၊ ၂၈.၁၀.၂၀၂၃
ခွေးဘီလူး စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကပိုင်ရွာမှ စစ်ရှောင် ၉တန်းကျောင်းသားတဦး သေးဆုံ
➡️➡️➡️➡️➡️
အောက်တိုဘာ ၂၇ ရက် ၂၀၂၃
လက္ကပြားမှ ညအိပ်ပြီး ကပိုင်ဘက်သို့ ထွက်လာတဲ့ စစ်ကြောင်းဟာ ကံပေါက်တောပြင်တွင် စစ်ရှောင်နေတဲ့
၉ တန်းကျောင်းသားတဦး လှမ်းပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဖခင်ကိုတော့ ဖမ်းဆီးပြီး ပြန်လွှတ်လိုက်တယ်လို့သိရပါတယ်။
“ ကံပေါက်တောပြင်မှာ အလုပ်လုပ်ရင်း စစ်ရှောင်နေကြတာဗျ၊ သားကတော့ အပစ်ခတ်ခံရပြီး ဆုံးသွားတယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။
“ ကိုယ့်လူတွေရဲံ့ အားနည်းချက်ကြောင့်လည်းပါတယ်ဗျ၊ အမှန်က လက္ကာပြားရောက်ကတည်း ဝေးဝေးမှာရှောင်သင့်တာ၊ ဒီစစ်ခွေးတွေက တွေ့ရင် လုပ်နေတာလည်း သိနေတာကို” လို့ အထက်ပါဒေသခံက ဝမ်းနည်းစွာပြောပါတယ်။
“ခွေးဘီလူး”အမည်ရ မိစ္ဆာစစ်ကြောင်းဟာ သီးကုန်မှာ တဖွဲ့နဲ့ ကပိုင်မှာ ၂ဖွဲ့ ညအိပ်ကြောင်းသိရှိရပါတယ်။ မနက်ဖြန် သလောက်၊ ဝင်းကုန်းဘက်သွားမလား၊ သစ်ရာပင်ရွာဘက် ဦးတည်းမလားဆိုတာ သေချာ မသိရှိရသေးပါဘူး။
ဦးတည်ရာကို သိရှိသူများအနေဖြင့် အချိန်နဲ့တပြေးညီပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ချင်းရွှေဟော် မှာ ညီနောင် သုံးဖော်ရဲ့ မအလ ရာဇဝတ်ကောင်များအားဆုံးမခန်း
ကနီမြို့နယ် စစ်ရှောင်စခန်းတခုတွင် တော်လှန်ရေးဇာတ်ကားများပြသ၍ ညသပိတ်ပြုလုပ်
အောက်တိုဘာ ၂၆ ရက် ၂၀၂၃
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် တော်လှန်ရေးဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညပိတ်ကို ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သတင်းပေးပို့ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
စစ်မိစ္ဆာများ ယင်းမာပင်နယ် လက္ကပြားရွာကို ပြန်ဝင်သွားတယ်လို့ သိရှီရပါတယ်။ ၂၆.၁၀.၂၀၂၃
တာဝရွာ အနောက်ဘက် ဘုရားလေးခင်ဘက်မှာ စခတစ်ဖွဲ့ရောက်ရှိနေပြီး ကျန်၂ ဖွဲ့ကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ၂၆.၁၀.၂၀၂၃
ခွေးဘီလူးစစ်ကြောင်းအမည်ရ ခြင်းကျားမြေသြဇာများဟာ လက္ကပြား အရှေ့ဘက် ခင်တန်းဘက်ရောက်နေပြီဟု ယူဆရ
➡️➡️➡️➡️➡️
အောက်တိုဘာ ၂၆ရက် ၂၀၂၃
မောက်လုပ်မှ ထွက်လာတဲ့ ခွေးဘီလူး အမည်ရ ခြင်းကျားတံဆိပ်မြေသြဇာများဟာ လက္ကပြားအရှေ့ဘက် ခင်တန်းမှာ ရောက်နေပြီလို့ ယူဆရကြောင်း မြေပြင်မှ CJ တဦးက သတင်းပေးပို့ပါတယ်။
“ခင်တန်းဖြစ်တာရယ် ပဲစဉ်းငုံခင်းများတာရယ်ကြောင့် အတိအကျမြင်နိုင်ဖို့ ခက်ခဲတယ်”လို့ CJ က ဆိုပါတယ်။
မြေစာပုံရှာ ခြင်းကျားတံဆိပ်မြေသြဇာများဟာ ဉာဏ်များတဲ့အတွက်
တာဝ၊ အင်းသာ၊ အင်တောရွာများနဲ့ အခြားနီးစပ်ရာရွာများမှ ပြည်သူများအနေဖြင့် အထူး သတိထားသင့်ကြောင်း သတင်းပေးပို့မှု ရရှိပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ခြင်းကျားမြေသြဇာများ ယင်းမာပင်နယ် လက္ကပြားအနီးရောက်ရောက်ရှိနေ
➡️➡️➡️➡️➡️
အောက်တိုဘာ ၂၆ ရက် ၂၀၂၃
မောက်လုပ်ရွာမှာ ညအိပ်ခဲ့တဲ့ ခြင်းကျားမြေသြဇာများ စစ်ကြောင်းဟာ လက္ကပြားတောင်ဘက် ဇရပ်မှာ တဖွဲ့၊ လက္ကပြားနဲ့ အင်တောကြား ကျောက်ကုန်းပေါ်မှာ တဖွဲ့ ခဏတပ်ဖျောက်ထားပြီး လက္ကပြားရွာထဲသို့ ဝင်နေပြီ သတင်းရရှိပါတယ်။
ဒီစစ်ကြောင်းဟာ အရင်စစ်ကြောင်းများနဲ့ မတူဘဲ ဗျူဟာကျကျ စစ်ကြောင်းထိုးတဲ့အတွက် ၂ဖွဲ့မက ၃ ဖွဲ့လည်းဖြစ်နိုင်ကြောင်း မြေပြင်မှာ စောင့်ကြည့်လေ့လာနေတဲ့ ဒေသခံ တဦးပြောပါတယ်။ ပုလဲနယ်မှာ ထိုကဲ့သို့ လုပ်ဆောင်ခဲ့တဲ့အတွက် pdf အဖွဲ့တဖွဲ့ဟာ ညှပ်ပိတ်ခံရပြီး ရဲဘော်အချို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ အင်တော၊ အင်းသာရွားများနဲ့ အခြား ဦးတည်လာနိုင်ခြေရှိတဲ့ရွားများမှ ပြည်သူများအနေဖြင့် အထူးသတိထားကြာရန်လည်း ပြောဆိုပါတယ်။ ခြင်းကျားလမ်းကြောင်း သိရှိသူများ အချိန်တပြေးညီ သတင်းပေးခြင်းအားဖြင့် တော်လှန်ရေးမှာ ပါဝင်ကြပါဖို့နိုးဆော်အပ်ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
လက္ကပြားရွာသို့ ခြင်းကျား မြေသြဇာများ ရောက်ရှိသွားပြီဟု သတင်းရရှိ. ၂၆.၁၀.၂၀၂၃
စစ်မိစ္ဆာများ ယင်းမာပင်နယ် မောက်လုပ်မှာ ညအိပ်။ မြောက်အရပ်သို့ ဦးတည်နိုင်ခြေရှိကြောင်း ယူဆရတယ်လို့ သိရှိရ။ ၂၅.၁၀.၂၀၂၃
