Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှာ ခမ်းပတ်မြို့ကို သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်
➡️➡️➡️➡️➡️
စစ်ရေးသတင်းထုတ်ပြန်ချက်
-----------------------------
ခမ်းပတ်ရပြီ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊
တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်သည်။
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍
ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်။
တိုက်ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားပါမည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အလောင်းတော်ကဿပ နယ်မြေသတင်း
မုံရွာမြို့တွင် စခနဲ့ ရခများ လှုပ်လှုပ်ရွဖြစ်နေကြပြီး တချို့အဖွဲ့များက အထုတ်အပိုးများပြင်ဆင်နေကြ
➡️➡️➡️➡️➡️
နိုင်ဝင်ဘာ ၅ ရက် ၂၀၂၃
ချင်းတွင်းမြစ်အနောက်ဘက်မှာ ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းရထားတဲ့အတွက်
မုံရွာမှ စစ်ခွေးများနဲ့ ရဲခွေးများ စိုးရိမ်ပြီး လှုပ်လှုပ်ရွရွဖြစ်နေကြကြောင်း သိရှိရပါတယ်။ မြစ်ကမ်းနံဘေး၊ လွတ်တော်ရုံးဘက်များနဲ့ အခြားနေရာစုံ ကင်းပုန်းဝပ်နေကြကြောင်း မုံရွာမြို့ခံ တဦးက သတင်းပေးပို့ပါတယ်။
သက်ဆိုင်ရာ တချို့အဖွဲ့များကလည်း သူတို့ရုံးတွေ ဝင်စီးခံရမှာ ကြောက်ပြီး အထုတ်အပိုးများပြင်ဆင်နေကြကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
စစ်ရှောင် စာသင်ကျောင်းမှာ ကျောင်းသား/သူ ၁၅၀ ကျော် အာဟာရကျွေးမွေး
နိုဝင်ဘာ ၅ ရက်၂၀၂၃
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းရှိ ေကျာင်းသား ကျောင်းသူ ၁၅၀ ကျော်ကိုကို ကြာဇံဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ပုလဲနယ်ရောက် စခများ ကန့်ဒေါင့်မှ အရှေ့သို့ ဦးတည်ထွက်ခွာနေကြောင်းသိရှိရ။4.11.2-2023
