Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ပုလဲနယ် ချင်းပြစ်ကျင်း၊ သက္ကယ်ကျင်းနဲ့နွယ်အင်းများကို မွှေနောက်နေပြီ ပြည်သူ ၅ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
➡️➡️➡️➡️➡️
နိုဝင်ဘာ ၃ ရက်၂၀၂၃
ပုလဲနယ်ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်းစီရဲ့” ခွေးဘီလူး”စစ်ကြောင်းဟာ ယနေ့မနက် ချင်းပြစ်ကျင်း၊ သက္ကယ်ကျင်းနဲ့ နွယ်အင်းရွာများကို ဝင်ရောက်မွှေနှောက်၍ တောင်ပိတောက်ကုန်ရွာဘက်သို့ ဦးတည်ထွက်သွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ နောက်ပြီး ချင်းပြစ်ကျင်းရွာမှ ပြည်သူ မောင်မြင့်ဆွေတို့ လင်မယားနဲ့ သူ့ရဲ့ နှမ မအေးလှဝင်းတို့နဲ့အတူ ဓါးခံရွာသား ၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ အခြားသောပြည်သူများလည်း ဘေးလွတ်ရာလို့ ယူဆရတဲ့နေရာများမှာ ရှောင်တိမ်းနေရဆဲ့ဖြစ်ပါတယ်။
ယင်းမာပင်နယ် ကပိုင်၊ သီးကုန်းအုပ်စုမှာတော့ ပြည်သူ့အိမ်များမှ တံခါးများကို ဖျက်ဆီးပြီး ပစ္စည်းများကို ခိုးဝှက်ယူသွားကြသည့်အပြင် ကဖြူရွာ အမျိုးသမီး နှစ်ဦးထံမှ နားရမ်းတရံ၊ နားကပ်တရံ အပြင် ဖုန်းတလုံးပါ လုယူသွားကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ခွေးဘီလူးစစ်ကြောင်း ပုလဲနယ် ချင်ပြစ်ကျင်းရွာမှာ ရောက်ရှီနေကြောင်း သိရှိရပါတယ်။ ၂.၁၁.၂၀၂၃
ကနီမြိုပေါ်ရောက်ရှိလာတဲ့ စကစ အကြမ်းဖက်များက အကြောက်လွန်၍ ပရိတ်ရွက်ဖတ်ပွဲများ ပြုလုပ်နေ
➡️➡️➡️➡️➡️
နိုဝင်ဘာ ၁ရက် ၂၀၂၃
ချင်းတွင်းအထက်မှ ရေကြောင်းအတိုင်းစုံဆင်းလာတဲ့ စကစ အကြမ်းဖက်များဟာ ကနီမြိုပေါ်သို လွန်ခဲ့ရက်တွင်းရောက်ရှိခဲ့ကြပါတယ်။
လမ်းတလျှောက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲများရဲ့ တိုက်ခိုက်မှုကို အကြိမ်းကြိမ်းခံခဲကြရပြီး သေကြေထိခိုက်မှုများရှိတယ်လို တရားဝင်ထုတ်ပြန်မှုများ ပြုလုပ်ထားကြပါတယ်။ ယခု ကနီမြိုပေါ်မှာရောက်ရှိလာသော်လည်း လုံခြုံမှု မခံစားရဘဲ အကြောက်လွန်၍ ပရိတ်ရွတ်ပွဲများ ပြုလုပ်နေကြတယ်လို မြိုခံတဦးထံမှာ သိရှိရပါတယ်။
“ကနီတော့ ခွေးတွေက အတော် ကြောက် ပုံ
ဘုန်းကြီးတွေ ပရိတ်တွေ ရွတ်ခိုင်းသတဲ့”လို မြိုခံတဦးက ပြောပါတယ်။
“ဆရာတော်တွေကတော့ ရှောင်လို မကောင်းလို လိုက်ရတဲ့ သဘောရှိတယ်”လို အထက်ပါ မြိုခံက ဆိုပါတယ်။
" ဘာသာရေးကို အသုံးချ, ကိုယ်ကျင့်တရာ ပျက်ယွင်းနေတဲ့ စစ်တပ်က လူတွေအတွက်ကတော့ ဘာပရိတ်မှ အကျိူးမထူးလောက်ပါဘူး"လို ဆရာတေ်တပါးက အမိန့်ရှီပါတယ်။
ကနီမြိုပေါ်မှာ အကြမ်းဖက် ၇၀ ခန့်နှင့် ရေလည်းကျွန်းမှာ ပျူနဲ့စခ ၅၀ ခန့်ရှိတယ်လို သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
မုံရွာ-ကလေးဝကားလမ်ပေါ်တွင် ၁၀၂၇ စစ်ဆင်ရး တလှိုင်းပြီးတလှိုင်းအောင်ပါစေ စာတမ်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြ
အောက်တိုဘာ ၃၁.၁၀.၂၀၂၃
မုံရွာ ကလေးဝကားလမ်း တစ်နေရာတွင် ကနီဒေသခံများမှ "၁၀၂၇ စစ်ဆင်ရေး တလှိုင်းပြီးတလှိုင်း အောင်ပါစေ " ဘန်နာစာတမ်း ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန်ကျင်ရေး ဆီမီးသပိတ်ကို ယနေ့ည (၁၀းဝဝ)နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ထံမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ဒီကောင်တွေ လုယက်စားသောက်ရလို့ထင်တယ် သိပ်သန်သန်မာ မဟုတ်ကြဘူး😂
ကနီမြို့နယ် ကျေးရွာတရွာတွင်း ၁၀၂၇ စစ်ဆင်ရေး တလှိုင်းပြီးတလှိုင်း အောင်ပါစေ စာတမ်းကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြ
➡️➡️➡️➡️➡️
အောက်တိုဘာ ၃၀ ရက် ၂၀၂၃
ကနီမြို့နယ် ကျေးရွာ တစ်ရွာ တွင် ဒေသခံပြည်သူများဦးဆောင်၍
၁၀၂၇ စစ်ဆင်ရေး တလှိုင်းပြီးတလှိုင်း အောင်ပါစေ ဘန်နာစာတမ်း
ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန်ကျင်ရေး ညသပိတ်ကို ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သတင်းပေးပို့ပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
