en
Feedback
Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Open in Telegram

To promote Democracy and Human rights in Myanmar

Show more
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
လှလှပပ ဆုံးမခြင်း

ကနီမြို့နယ် ‌ကျေးရွာများတွင် ၅ ညတိုင် တော်လှန်ရုပ်ရှင်ပြသ၍ စစ်အာဏာဆန့်ကျင်ရေး ညသပိတ်ပြုလုပ် နိုဝင်ဘာ ၂၅ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ်ကျေးရွာ(၅)ရွာတွင် (၅)ညတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ်နှင့် ေတာ်လှန်ရုပ်ရှင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သတင်ပေးပို့ပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ကနီနယ် ဆယ်ရွာချောင်ဒေသ လာပို့ စခဆက်သွယ်ရေးစခန်းကို သိမ်းပိုက်ပြီးကြောင်းသိရှိရပြီး အသေးစိပ်အခြေအနေကို စုံစမ်းလျက်ရှိပါတယ်။ 23.11.2023

စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့ ကနီနယ် ဆယ်ရွာချောင်ကို ည ၁၂ ခန့် တကြိမ် လေကြောင်းဖြင့်ပစ်ခတ်ပြီး ယခု ၈း၃၀နာရီအချိန်မှာလည်း တကြိမ် ပျံဝဲနေကြောင်းသိရှိရ။ ၂၃.၁၁.၂၀၂၃

ကျဆုံးရဲဘော် မောင်လှိုင်၏ ၂နှစ် ၆ ပြည့်မှာ ကျန်ရစ်သူ မိသားစုနှင့် Kani ChinDwin Revolution Force-KCDRFတို့မှ ရည်မှန်းကုသိုလ်ပ
+6
ကျဆုံးရဲဘော် မောင်လှိုင်၏ ၂နှစ် ၆ ပြည့်မှာ ကျန်ရစ်သူ မိသားစုနှင့် Kani ChinDwin Revolution Force-KCDRFတို့မှ ရည်မှန်းကုသိုလ်ပြု၍ နွေဦးကဆုံးသူရဲကောင်းများအား အ‌လေးပြု နိုဝင်ဘာ ၂၂ ရက် ၂၀၂၃ ၂၀၂၁ ခု မေလ (၂၀)ရက်နေ့ ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် မောင်လှိုင်၏ (၂)နှစ် (၆)လပြည့် အခမ်းအနားကို ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ယနေ့နံနက်ပိုင်းက ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့နောက် NUG ကာကွယ်ရေးအလံအား အလေးပြုခြင်း ၊ ေခတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူကျောင်းသား ပြည်သူ အာဇာနည်အပေါင်းအား အလေးပြုခြင်း ၊ ကျဆုံးရဲဘော် မောင်လှိုင်အားအ လေးပြုခြင်း ၊ သွေးသစ္စာသီချင်းအား သံပြိုင်သီဆို၍ စစ်အာဏာရှင်ကြွေးကြော်သံ များ ကြွေးကြော်ခြင်းများပြုလုပ်ခဲ့ကြသည်။ ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ကြာဇံဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့သည်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ကနီမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် တော်လှန်ရေး ရုပ်ရှင်များပြသ၍ ပြုလုပ်ခဲ့ နိုဝင်ဘာ ၁၈ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတ
+5
ကနီမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် တော်လှန်ရေး ရုပ်ရှင်များပြသ၍ ပြုလုပ်ခဲ့ နိုဝင်ဘာ ၁၈ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများဦးဆောင်၍ (၁၃.၁၁.၂၀၂၃) ရက်နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ ကနီမြို့နယ်ကျေးရွာ(၅)ရွာတွင် (၅)ညတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ်နှင့် ေတာ်လှန်ရုပ်ရှင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှီရပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ပုလဲနယ် ဗိုလ်နဂါးအဖွဲ့မှ ရဲဘော် ၇ ဦးအား တော်လှန်ရေးရဲဘော် မင်းတက်နိုင်ကို ပစ်ခတ်သတ်ဖြတ်မှုဖြင့် အရေးပေးရန် တိုင်တန်းခြင်း ➡️ ➡️ ➡️ ➡️ ➡️ နိုင်ဝင်ဘာ ၁၇ ရက် ၂၀၂၃ ယင်းမာပင်ခရိုင် ရက်စွဲ။ ၁၅ ရက်၊ နိုဝင်ဘာ လ၊ ၂၀၂၃ ခုနှစ် အကြောင်းအရာ။ ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခြင်း။ ၁။ ကျွန်တော်သည် ပုလဲမြို့နယ်၊ တနယ်ကျေးရွာတွင်နေထိုင်ပြီး တော်လှန်ရေးကာလအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း (၃) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ (၁၄-၁၁- ၂၀၂၃) ရက်နေ့ည (၈)နာရီခွဲခန့် အချိန်တွင် ကျွန်တော်၏တပ်ဖွဲ့ဝင်များနေထိုင်ရာ ချောင်းဦးမှ ဇီးဖြူကုန်းပျူရွာစောင့် ကင်းတဲသို့ BNRA တပ်ဖွဲ့ဝင်များရောက်လာပြီး စစ်ဆေးမေးမြန်းခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များနေထိုင်ရာ စခန်းအတွင်း ဝင်ရောက်ကာ တပ်ဖွဲ့ဝင်များအား လက်သီးဖြင့်ထိုးခြင်း၊ ခြေဖြင့်ကန်ခြင်း၊ ရိုက်ခြင်းများပြုလုပ်သောကြောင့် သက်ဆိုင်ရာ အကြီးအကဲများက ဝိုင်းဝန်းဖြေရှင်းပေးခဲ့ပြီး ပြေလည်၍ ပြန်လည်ထွက်ခွာကာ လယ်တစ်ကွက်ခြာအရောက်တွင် BNRA တပ်ဖွဲ့ဝင်များမှ သေနတ်များဖြင့် ပစ်ခတ်ရာ ကျွန်တော်၏တပ်ဖွဲ့ဝင်ဖြစ်သူ မင်းတက်နိုင်အား ထိမှန်ပြီးသေဆုံးသွားခဲ့ပါသည်။ ထိုသို့ပစ်ခတ်စဉ်တွင် ကျွန်တော်၏ရဲဘော်များက ပြန်လည် ပစ်ခတ်မှု မပြုလုပ်ခဲ့ပါ။ ၂။ သို့ဖြစ်ပါ၍ တော်လှန်ရေးရဲဘော်အချင်းချင်း သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သော BNRA တပ်ဖွဲ့ဝင် အောင်ပု (ခ) Rock အပါအဝင် (၇) ဦးကို ဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန် တိုင်တန်းအပ်ပါသည်။ မိတ်တူကို- MOD(NUG) -ပလဖ၊ ပုလဲမြို့နယ် -တရားစီရင်ရေးအဖွဲ့၊ ပုလဲမြို့နယ် -ပကဖ၊ ပုလဲမြို့နယ် အထူးစုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (NUG) အလောင်းတော်ကဿပ နယ်မြေသတင်း

ဝါသဝ ဒါကို သတင်းမှာတဲ့၊ ‌ဆော်မဲလုံးအတိုင်း😃😜

အလှူရှင်က ပုံလေးတောင်ပါသေး😂
အလှူရှင်က ပုံလေးတောင်ပါသေး😂

ကနီနယ် ကျောင်းတကျောင်းတွင် ဖက်ဒရယ်ပညာရေး အသိပညာပး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သကနီမြို့နယ် သပိတ်အင်အားစုမှ သိရှိရပါတယ်။
+4
ကနီနယ် ကျောင်းတကျောင်းတွင် ဖက်ဒရယ်ပညာရေး အသိပညာပး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သကနီမြို့နယ် သပိတ်အင်အားစုမှ သိရှိရပါတယ်။

ကနီနယ် ချင်းတွင်းမြစ်တွင် စကစအကြမ်းဖက် ရေယာဉ် ၇ စီး သိမ်းဆည်းရမိ ➡️ ➡️ ➡️ ➡️ ➡️ နိုဝင်ဘာ ၁၁ ရက် ၂၀၂၃ ULFအဖွဲ့မှ အောက်ပါအတိုင်
+1
ကနီနယ် ချင်းတွင်းမြစ်တွင် စကစအကြမ်းဖက် ရေယာဉ် ၇ စီး သိမ်းဆည်းရမိ ➡️ ➡️ ➡️ ➡️ ➡️ နိုဝင်ဘာ ၁၁ ရက် ၂၀၂၃ ULFအဖွဲ့မှ အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ဟုမ္မလင်းမြိုမှ ဆုန်စင်းလာ‌သော အကြမ်းဖက်စစ်ကာင်စီ၏ ထောက်ပိုဖလပ်(၇)စီးကို ကနီမြိုနယ်၊ ချင်းတွင်းမြစ်ဘေးတစ်နေရာမှာ သောင်တင်နေစဉ် ကျွန်ုပ်တို ညီနောင်မဟာမိတ်တပ်ဖွဲများမှ (၇.၁၁.၂၀၂၃) မှ (၈.၁၁.၂၀၂၃)ရက်အထိ နှစ်ရက်သာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ နှစ်ရက်သာ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကာင်စီမှ အထိနာပြီး သောင်တင်နေသော ထောက်ပိုဖလပ်(၇)စီးကို စွန့်ခွာထွက်ပြေးခဲ့ပြီး (၉.၁၁.၂၀၂၃)ရက်နေ့တွင် ကျွန်ုပ်တို ညီနောင်မဟာမိတ်တပ်ဖွဲများမှ ၎င်းထောက်ပိုဖလပ်(၇)စီးကို သိမ်းဆည်းနိုင်ခဲ့ပါသည်။ ထောက်ပိုဖလပ်(၇)စီး‌ပေါ်မှ သိမ်းဆည်းရမိပစ္စည်းများလည်းရှိခဲ့ပါသည်။၎င်းတိုမှာ ၁။ ဒီဇယ်ပေပါ (၁၀၀)လုံး ၂။ သစ်လုံးရေ (၂၀၀)လုံး ၃။ ယာဉ်ယန္တယား (၃)စီး ၄။ ဆိုင်ကယ် (၅)စီးနဲ့ စက်ဘီး (၁)စီး တိုဖြစ်ပါသည်။ ၎င်းစစ်ဆင်‌ရေးကို ULF(မဟာမိတ်တပ်ပေါင်းစု)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF၊ တပ်မဟာ၊ BNRA၊ BLDF၊ KG ၊ ဘိုးတော်နီတပ်ဖွဲ့များ နှင့် ဒေသခံ ပကခများမှ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူကို ပထွေးထင်၊ ပထွေးကို အဖေထင်တဲ့ကောင်တွေ ခံပေါ့ကွာ😂
ပြည်သူကို ပထွေးထင်၊ ပထွေးကို အဖေထင်တဲ့ကောင်တွေ ခံပေါ့ကွာ😂

ကနီမြို့နယ် မုံရွာ-ကနီလမ်းပေါ်၌ ၁၀၂၇ လှိုင်းများအောင်ရမည် စာတမ်းများရေးထိုး၍ အာဏာရှင် ဆန့်ကျင့်ရေး ဆန္ဒပြ နိုဝင်ဘာ ၁၁ရက် ၂၀၂၃
+4
ကနီမြို့နယ် မုံရွာ-ကနီလမ်းပေါ်၌ ၁၀၂၇ လှိုင်းများအောင်ရမည် စာတမ်းများရေးထိုး၍ အာဏာရှင် ဆန့်ကျင့်ရေး ဆန္ဒပြ နိုဝင်ဘာ ၁၁ရက် ၂၀၂၃ ကနီမြို့နယ် တွင် ဒေသခံပြည်သူများစုပေါင်း၍ ကနီ-မုံရွာလမ်းပေါ်တွင် " ၁၀၂၇ လှိုင်းများ အောင်ရမည် ” စာတမ်းရေးဆွဲ၍ ၁၀၂၇ စစ်ဆင်ရေးလှိုင်းများကိုထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း လှုပ်ရှားမှု့ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သတင်းပေးပို့ပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း