Chindwin Reflexion(ချင်းတွင်းပုံရိပ်)
Open in Telegram
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ယင်းမာပင်ခရိုင်အတွင်း ကွပ်ကွဲရေးတာဝန်ခံဆိုသူ ဒူပ(ဒူဟာမျိုးစော)က လက်နက်ကိုင်ရမ်းကား
➡️ ➡️ ➡️ ➡️ ➡️
မတ် ၂၈ ရက် ၂၀၂၄
ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ည ၈ နာရီတွင် ချောင်းမရွာမှ ဒိုးလေး စာသောက်ဆိုင်တွင် အရပ်သားပြည်သူတချို့နဲ့ ခရိုင်ကွပ်ကဲရေးတာဝန်ခံဆိုသူ ဒူပတို့ တဝိုင်းစီ သောက်စားနေခဲ့ကြပါတယ်။ ထိုသို့သောက်စားနေကြရာ ပြည်သူဝိုင်းမှ ဆူညံသည်ဟုဆိုကာ ဒူပက အနိုင်ကျင့် လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါတယ်။ ထိုကဲ့သို့ ပြုလုပ်သည်ကို အားမရဘဲ သေနတ်ဖြင့် (၆ချက်) လိုက်လံပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခံရသူမှာ အမြန်ထွက်ပြေးနိုင်ခဲ့၍ ထိမှန်မှု မရှိခဲ့ပါ။ ထိုပစ်ခတ်ခံရသူမှာ အောင်မင်္ဂလာရွာမှ ကိုဝင်းကိုဖြစ်ပြီး ယခုထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်။
ယနေ့ ၂၈ ဖြစ်စဉ်တခုမှာ-
ယင်းမာပင်နယ် နဂါးလက်အောက်ခံ မျက်လုံးအဖွဲ့က ချောင်းမရွာတွင် အသုံးမပြုဘဲ ရပ်ထားသည့် ပြည်သူပိုင်ကားတစီးအား မည့်သူတဦးတယောက်၏ ခွင့်ပြုချက် မရယူဘဲ ကိုယ့်သဘောနဲ့ကို ဖြုတ်ယူခဲ့ပါတယ်။ ထိုဖြုတ်ယူမှုကို ပြည်သူအချို့နဲ့ ဒု-ခရိုင်တာဝန်ခံဆိုသူ ကိုကိုအောင်ခေါ် မိုးကောင်းတို့က တားဆီးရာ အချင်းများပြီး နဂါးလက်အောက်ခံ မျက်လုံးအဖွဲ့က လက်နက်များဖြင့် ဝိုင်းဝန်းထားပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ထိုသို့ခြိမ်းခြောက်မှု့ကို ခရိုင်ကွက်ကဲရေးမှူး ဒူပ ရောက်ရှိလာပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြင့် ပြန်လည် ဝိုင်ဝန်းပိတ်ဆို့ခဲ့ပါတယ်။ ကံကောင်းစွာ ပစ်ခတ်မှု မဖြစ်ဘဲ အချင်းချင်း ညှိ့နိုင်အဆင်ပြေသွားတယ်လို့ ဒေသခံ မျက်မြင်သိရှိသူ တဦးက ပြောပါတယ်။
ထိုကဲ့သို့ လက်နက်ကိုင်များနဲ့ ခရိုင်အဆင့်ရှိသူများကိုယ်တိုင် ကျင့်ဝတ်မဲ့စွာ လက်နက်ကိုင် ရမ်းကားနေမှုများမှာ MOD ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း PDF တပ်ရင်းမှူးတဦး သုံးသပ်ပြောဆိုပါတယ်။
မြေပြင်မှာ အမှတ် (၁)စစ်ဒေသ ကွပ်ကွဲမှုနဲ့ MOD ကွပါကဲမှု ၂ ခုရှိရာ PDFတပ်ဖွဲ့များမှာ COC ၂ ခုကြား ရှုပ်ထွေးနေလျက်ရှိတယ်လို့ ထိုတပ်ရင်းမှူးက ဆက်ပြောပါတယ်။
MOD ဝန်ကြီးဌာနအနေဖြင့် အရည်အချင်းရှိတဲ့ သူများကို အချိန်မီ ခန့်အပ်ပြီး မြေပြင်သို့ စေလွှတ်ကွပ်ကဲစေလိုကြောင်း ထိုတပ်ရင်းမှူးက ဆိုပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ယင်းမာပင်မြို့နယ်မှာ စကစ အကြမ်းဖက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးနှင့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးကြောင်း သိရှိရ
➡️ ➡️ ➡️ ➡️ ➡️
မတ်လ ၁၃ ရက် ၂၀၂၄
ယနေ့ ညနေ ၄ နာရီအကျော်ခန့်တွင် စစ်ရေးလှုပ်ရှားမှုမရှိဘဲ ရွှေတောင်ဦးမှ စကစ စခန်းမှ အကြမ်းမဖက်များက ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် စည်လှောင်ရွာထဲသို့ လက်နက်ကြီးကျည် ၅ ကြီမ်းကျရောက်ခဲ့ပြီး အသက်ကြီးပြည်သူ ၄ ဦး သေးဆုံးခဲ့ရသည်။ ထို့ပြင် ပြည်သူ့အိမ်တလုံးပျက်စီးပြီး နွားတကောင်နှင့် ကြက်တကောင်သေးဆုံးခဲ့ကာ နွားလေးကောင် ဒဏ်ရာပြင်ပြင်ထန်ထန်ရရှိခဲ့ကြောင်း ဒေသခံတဦး သတင်းပေးပို့ပါတယ်။
အကြမ်းဖက် စကစတပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများမှာ
၁။ ဒေါ်ရွှေမှီ အသက် ၅၈နှစ်၊ ၂။ ဦးဖိုးရှင် အသက် ၇၈နှစ်၊ ၃။ ဒေါ်မြသန်း အသက် ၆၃နှစ်နှင့် ဒေါ်ဌေးမြင့် အသက် ၅၀နှစ်တို့ ဖြစ်ကြပါတယ်။
ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
လွန်ခဲ့တဲ့ ၂ရက်ကလည်း ဘန့်ဘွေးရွာမှ စကစ အကြမ်းဖက်များက လက်ပံရွာမှ ကိုဝင်းသိန်းကို အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ရခိုင်မှာ မအလ ကျွန်သပေါက်များ အညံ့ခံလက်နက်မှု ရုပ်သံ (ရုပ်သံ ခရက်ဒစ်)
ကနီမြို့နယ်တွင် ရဲဘော်အောင်ကြီး (၂)နှစ်ပြည့်နှင့် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော သူများအား အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့
➡️ ➡️ ➡️ ➡️ ➡️
ဖေဖော်ဝါရီ ၁၈ ရက် ၂၀၂၄
ကနီမြို့နယ်တွင် ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကျဆုံးကြွေလွင့်ခဲ့သော ရဟန်း ရှင်လူ ကျောင်းသားမိဘပြည်သူများအား ဦးညွှတ် အလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများကိုသပိတ်ခေါင်းဆောင် များမှ ဟောပြောခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေကြော်သံများ ကြွေးကြော်ချီတတ် ဆန္ဒပြခဲ့ကြကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
ကနီမြို့နယ်ရောက် စစ်ရှောင်အိမ်ထောင်စု (၁၇၆)စုအတွက် ဆန်များ ကူညီထောက်ပံ့
➡️ ➡️ ➡️ ➡️ ➡️
ဖေဖော်ဝါရီ ၁၈ ရက် ၂၀၂၄
စားသောက်နေထိုင်ခက်ခဲနေသော ကနီမြို့နယ်ရောက် စစ်ရှောင် အိမ်ထောင်စု ၁၇၆ စု အတွက် ဆန်များ ကူညီထောက်ပံ့ခဲ့ကြောင်း သိရှီရပါတယ်။
စေတနာရှင်များကတော့ The Way မိသားစု
နှင့်ပြည်သူများ ၊ BTS ARMY Myanmar တောင်ကိုရီးယားအဆိုတော်အဖွဲ့၏
ပရိသတ်များဖြစ်ကြပါတယ်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် (၂)နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်
နေကြရေသာကြောင့် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကနီမြို့နယ် သပိတ်အင်အားစုမှ သိရှိရပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
Repost from မြေလတ်အသံ - Myaelatt Athan
ကောလင်း ၆ ရက်မြောက်တိုက်ပွဲဆက်လက် ပြင်းထန်၊ ထောက်ပံ့မှုတွေပေးဖို့ NUG ကို ကောလင်းပကဖ မေတ္တာရပ်ခံ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ၆ ရက်မြောက်တိုက်ပွဲအဖြစ် မိုးမလင်းခင်ကတည်းက စတင်တိုက်ပွဲပြင်းထန်နေပြီး PDF တပ်ရင်းတချို့ကျည်ဆံကုန်နေသလို ထောက်ပံ့မှုတွေလည်းမရတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဒေသကြီးတွေ အပါအဝင် ပြည်သူတွေအနေနဲ့ ပစ်မထားကြဖို့ ကောလင်းမြို့နယ်ပကဖက မေတ္တာရပ်ခံထားပါတယ်။
"ကောလင်းမြို့ ပြန်မပေးရရေးကို ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမဆုံးသိမ်းယူထားတဲ့မြို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသကလူတွေက ပြန်မပေးချင်ကြဘူး။ အဲဒီပြန်မပေးရအရေးကို တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း စစ်ဦးစီးချုပ်ကိုပြောချင်တာကတော့ ကောလင်းမြို့ကို ပစ်မထားပါနဲ့။ ဝိုင်းပေးကြပါ။ ခရိုင်ပအဖ၊ တိုင်းပအဖအနေနဲ့လည်း ..
ပုံစာ - KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မံစီမြို့နယ် သိမ်းပိုက်နယ်မြေများကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့စဉ်။
သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကောလင်းမြို့တွင်_၆ရက်မြောက်တိုက်ပွဲဆက်လက်ပြင်းထန်_ထောက်ပံ့မှုတွေပေးဖို့_NUGကိုကောလင်းပကဖ_မေတ္တာရပ်ခံ
