en
Feedback
Department of Traditional Medicine, Myanmar

Department of Traditional Medicine, Myanmar

Open in Telegram

DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)

Show more
751
Subscribers
-124 hours
+57 days
+2130 days
Posts Archive
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၁၈)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း ၂၇-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၁၈)စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်။ ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ပြည်နယ် များက အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင် (သက်တမ်းတိုး) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်း ကြား အပ်ပါသည်။

သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက် ၁။         တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။ ၂။         အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၁)မျိုးသည် Microbial contamination တွေ့ရှိရကြောင်း၊ Product recall ဆောင်ရွက်ထားကြောင်း ပေးပို့လာပါ သဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။

မကွေးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ ထုံနာကျဥ်နာရောဂါ စာတမ်းအားလေ့လာတင်ပြခြင်း တိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ် (CTME)အခမ်းအနား ကျင်းပခြင်း တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် Continuing Traditional Medical Education Programme (CTME)အခမ်းအနား ကို ၂၀၂၆ခုနှစ် ဇူလိုင်လ (၂၆)ရက် နံနက်(၉း၀၀)နာရီ တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ ခုတင် ၅၀ ဆံ တိုင်းရင်းဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး(ငြိမ်း) ဆရာမကြီး ဒေါ်တင်တင်အောင်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနားမှုးများအဖြစ် မကွေးမြို့ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှုးများဖြစ်သော ဒေါ်သန်းသန်းဦးနှင့် ဒေါ်အိအိမွန်တို့မှ ဆောင်ရွက်ခဲ့ပြီးမင်းဘူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်မြတ်ဆုဝင်းမှ ထုံနာကျင်နာရောဂါ စာတမ်းကို ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ မကွေးမြို့ ၊ ခရိုင်တိုင်းရင်းဆေးကုဌာနများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ ဆရာမများ တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သတ်၍သိလိုသည်များကို မေးမြန်းဆွေးနွေး ဖြေကြားပြီး အခမ်းအနား ကို နံနက်(၁၀း၃၀)နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ၂၇-၇-၂၀၂၆ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဆေးဖက်ဝင်အပင်များ၏ အသုံးဝင်ပုံများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက်ရာ ဟောပြောလူဦးရေ ၇၀ ဦး နှင့် လူနာဦးရေ ကျား ၆ ဦး၊ မ ၁၇ ဦး စုစုပေါင်း ၂၃ ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ့တိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်ဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်ကျင်းပသော တိုင်းရင်ဆေးပညာစဉ်ဆက် မပြတ်ပညာပေးရေးအစီအစဉ် CTME အခမ်းအနားကို ဇူလိုင်လ ၂၄ရက် မွန်းလွှဲ(၂)နာရီက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်၊ အိုးဘို ရွှေကျင်ရပ်ကွက်ရှိ ခုတငိ(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ CTME အခမ်းအနားတွင် သဘာပတိများအဖြစ် ဦးစန်းလွင်(တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး-ငြိမ်း၊မန္တလေးမြို့)၊ဦးသံချောင်း ဆေးရုံအုပ်ကြီး(ငြိမ်း) (ခုတင်(၁၀၀)ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီး မန္တလေးမြို့) တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးသံချောင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် CTME အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီသော ဦးအောင်မြင့်ကျော်-ဒေါ်ထူးထူးဝါ (သဗ္ဗဇေယျဆေးတိုက် မန္တလေးမြို့) အား ဆေးရုံအုပ်ကြီး ဒေါ်မီမီက ဂုဏ်ပြုချီးမြှင်လွှာ ပေးအပ်ခဲ့ ပါသည်။ ဆကိလက်ပြီး ဆရာမ ဒေါ်မာမာချို အကြီးတန်းတိုင်းရင်းဆေးမှူး ကထုံနာကျဉ်နာရောဂါအကြောင်းဟောပြောပြီး တတ်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပေးခြင်း၊ ဒေါ်မာမာချိုအား တာဝန်ရှိသူ တစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ CTME အခမ်းမနားသို့ ဒုတိယဆေးရုံအုပ်ဒေါ်သိန်းထိုက်နှင့် ဆရာ၊ဆရာမများ၊ တိုင်းရင်းဆေးမှူး၊ဒု တိယတိုင်းရင်းဆေးမှူး၊ လက်ထောက်တိုင်းရင်း၊ ဆရာ၊ ဆရာမများ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)အလုပ်အမှုဆောင် ဦးသင်း၊ဦးကျော်ကျော်ဦးနှင့် နှီးနွယ်သူများ တတ်ရောက်ကြပါသည်။ တက်ရောက်သူဦးရေ စုစုပေါင်း (၇၅)ဦး တတ်ရောက်ပြီး အခမ်းအနားကို နေ့လည် (၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၂၆.၇.၂၀၂၆)ရက်‌နေ့ တနင်္ဂနွေနေ့တွင် ဆေးရုံအုပ်နှင့် အဖွဲ့ဝင် ၆ ဦးတို့သည် လွိုင်လင်မြို့၊ ဟိုခိုက်ကျေးရွာ၊ စိန်မာတင်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုးဘွား ကျား (၂၀)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း(၄၅)ဦး တို့အားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၆.၇.၂၀၂၆) ရက်နေ့တွင်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်သည် ဒလမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်းတွင် ဒေသပေါက်ဆေးဖက်ဝင်အပင်များအကြောင်းကို သင်တန်းသူ ( ၅၀) ဦး ကိုဟောပြောခဲ့ပြီး သင်တန်းသူ ( ၂၉ ) ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခဲ့ပါသည်။ ထို့အပြင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း သိရှိလာစေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်းဆောင်းပါးကို သင်တန်းသူများကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးစီးလမ်းညွန်မှုဖြင့် တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ်(CTME)ကို ၂၅.၇.၂၀၂၆ ရက်နေ့တွင် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီးတွင်ကျင်းပရာ သဘာပတိအဖြစ် ဆရာကြီး ဦးအောင်ကျော်မင်း စက်ရုံမှူး(ငြိမ်း)ကဆောင်ရွက်ခဲ့ပြီး ဒေါ်ထက်ထက်ဖြိုးလက်ထောက်တိုင်းရင်းဆေးမှူးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားကို နံက် ၁၀:၀၀ နာရီတွင်နဝရတ်ဂတိသစ္စာရွတ်ဆို၍ဖွင့်လှစ်ခဲ့ပါသည်။ ထုံကျဥ်ရောဂါ စာတမ်းကို ဒေါ်ယမင်းသိန်း လက်ထောက်ဆေးမှူးက ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသော ဆရာ/ဆရာမ များမှဝိုင်းဝန်း အကြံပေးဆွေးနွေး ကြပြီး စာတ်းရှင်မှပြန်လည်ဖြေကြားပေးခဲ့ပါသည်။ဆရာ/ဆရာမနှင့်ဝန်ထမ်း (၄၂)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားကို နေ့လည် ၁၁:၃၀ မီးနစ်တွင် ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၂၄-၇-၂၀၂၆) ရက်နေ့တွင် ပြည်နယ်ဦးစီဌာနမှူး ဦးဆောင်သောအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ အငြိမ်းစားဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကျား (၂၁)ဦး၊ မ (၄၂)ဦး၊ လူနာ စုစုပေါင်း (၆၃) ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ပုသိမ်မြို့နယ်တိုင်းရင်း ဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးသိန်းထွန်းဝင်း ကဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ညောင်တုန်းမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်သန္တာဦး မှဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် “ထုံနာ၊ကျဉ်နာရောဂါစာတမ်း” ကို မအူပင်ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဇော်လင်းမှ ဖတ်ကြားပြီး တက်ရောက်လာ သူများမှ စာတမ်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပြီး အခမ်းအနားသို့ ဌာနဝန်ထမ်းများ၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၄၃)ဦး ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ ‎