Department of Traditional Medicine, Myanmar
الذهاب إلى القناة على Telegram
DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)
إظهار المزيد758
المشتركون
+224 ساعات
+17 أيام
+730 أيام
أرشيف المشاركات
+2
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ)မှ လက်ထောက်တိုင်းရင်းဆေးမှူးဦးငြိမ်းမင်းဟန် ဦးဆောင်သောအဖွဲ့သည် ၁၅-၉-၂၀၂၆ ရက်နေ့တွင် ရွှေသင်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကျား(လူကြီး ) ၄ ဦး ၊မ(လူကြီး ) ၈ ဦး ၊ စုစုပေါင်း ၁၂ ဦးတို့အား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခြင်းနှင့် ချောင်းဆိုးရောဂါ နှင့်ပတ်သက်ပြီး ကျန်းမာရေး အသိပညာများ ဟောပြောခဲ့ပြီး တက်ရောက်သူ ဦးရေမှာ ၁၅ ဦး ဖြစ်ပါသည်။
+3
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး
ရေနံချောင်းမြို့၊(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စံသွယ် ဦးဆောင်သော အဖွဲ့သည်
(၁၅.၉.၂၀၂၆)ရက်နေ့တွင်ရေနံချောင်းမြို့၊ညောင်လှရပ်ကွက်မှပြည်သူ(၂၅)ဦးအား ဝမ်းပျက်
ဝမ်းလျောရောဂါဖြစ်ပွားကူးစက်တတ်ပုံနှင့်ဖြစ်ပွားလာပါကထိရောက်သောဆေးကုသမှုခံယူရန်နှင့်ဆောင်ရန်၊ရှောင်ရန်များအကြောင်းအသိပညာပေး
ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး၊
ကျား(၁၃)ဦး၊မ(၃၀)ဦးပေါင်း(၄၃)ဦးကိုတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
+4
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး
ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊မုံရွာမှဆေးရုံအုပ်ဒေါ်တင်နန်းနွယ်၊
ဒုတိယဆေးရုံအုပ်ဒေါ်ကေသီအောင်ဦးဆောင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည်(၁၅.၉.၂၀၂၆)ရက်နေ့တွင်မုံရွာမြို့၊လယ်တီရပ်အခြေခံပညာအလယ်တန်းကျောင်းသို့ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြေားခြင်းများဆောင်ရွက်ကြရာအစာလည်းဆေး၊ဆေးလည်းအစာအကြောင်းအသိပညာပေးဟောပြောရာဟောပြောပွဲတက်ရောက်သူ ၆၀၇ဦးနှင့်ဆေးဝါးကုသပေးခြင်း
ကျား(၆၄)ဦး၊မ(၈၁)ဦးစုစုပေါင်း
(၁၄၅)ဦးကိုကျန်းမာရေးစောင့်ရှောက်မှု့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
+1
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းဆေးပညာဦးစီးဌာန၊ဟင်္သာတခရိုင်နှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍(၁၅-၉-၂၆)ရက်နေ့တွင် လေးမျက်နှာမြိနယ်
နဝင်းဘုန်းကြီးကကျောင်းရေဘေးရှောင်စခန်းသို့ကွင်းဆင်းကုသမှုများဆောင်ရွက်ခဲ့ရာကျား(၃၈)ဦးမ(၄၆)ဦးစုစုပေါင်းဦးရေ(၈၄)ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
+1
ကျန်းမာရေးဝန်ကြီးဌာန တိုက်းရင်းဆေးပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၀၂၆)ရက် နေ့တွင် လေးမျက်နှာမြို့နယ် ၊စစ်ကုန်းရေဘေးရှောင်စခန်းတွင်ဖွင့်လှစ်ထားသောတိုင်းရင်းဆေးခန်း မှကျား ( ၈)ဦး မ (၁၃) စုစုပေါင်း လူနာဦးရေ(၂၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၅.၉-၂၀၂၆) ရက်နေ့တွင် အ-ထ-က ၊အလမျိုး ကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ လူကြီးကျား(၄၀)ဦး၊ လူကြီး မ (၆၂)ဦး၊၊စုစုပေါင်း (၁၀၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး "မျှတအာဟာရ စားသုံးမှ ကျန်းမာသုခပြည့်စုံကြ"ခေါင်းစဉ်ဖြင့် လူဦးရေ (၃၀၈)ဦး အား ပညာပေးဟောပြောခဲ့ပါသည်။
+1
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ၊ မအူပင် ခရိုင်၊ ညောင်တုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅.၉.၂၀၂၆)ရက်နေ့တွင် အ.မ.က၊ဈေးဦးကျွန်းကျောင်း ၊ညောင်တုန်းမြို့တွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခဲ့ရာ ကလေး ကျား (၁၉၂)ဦး၊ ကလေး မ(၂၀၆) ဦး၊ ၊ ၊စုစုပေါင်းလူနာ (၃၉၈ ) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး
"တကိုယ်ရေသန့်ရှင်းမှုအကြောင်း" လူဦးရေ( ၄၀၀) ဦးအားအသိပညာပေးဟောပြောခဲ့ပါသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၀၂၆) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မြင့်သန်းသည် ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ရာ အဘိုး (၁၂)ဦး၊ အဘွား (၂၀)ဦး၊ စုစုပေါင်း (၃၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများအား လှူဒါန်းပေးခဲ့ပါသည်။
+1
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၆)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်၊ ရတနာပုံဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသော တိုင်းရင်းဆေးခန်းမှ ကျား (၁၂)ဦး၊ မ (၂၉)ဦး၊ လူနာစုစုပေါင်း (၄၁)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၅-၉-၂၀၂၆)ရက်နေ့တွင် အားကစားခန်းမရေဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသော တိုင်းရင်းဆေးခန်းမှ ကျား (၇)ဦး၊ မ (၈)ဦး၊ လူနာစုစုပေါင်း (၁၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၉-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် ကော့သောင်းမြို့ အိမ်တွင်းမှုသင်တန်းသို့ သွားရောက်၍ ဆရာမ(၅)ဦး ၊သင်တန်းသူ (၁၅)ဦးတို့အား “တိုင်းရင်းဆေးပညာအကြောင်း” သိကောင်းစရာများ ဟောပြောပေးခဲ့ပါသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းရင်းဆေကုဌာနမှ (၁၅-၉-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ခင်သိန်းဆင့်သည် အမှတ် (၁၁)ရပ်ကွက်၊ (ဖဆပလ) (အ-မ-က) ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ ကျောင်သား (၃၃)ဦး၊ ကျောင်းသူ (၃၈)ဦး၊ စုစုပေါင်း (၇၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး “တစ်ကိုယ် ရည်သန့်ရှင်းရေးအကြောင်း” ကို လူဦးရေ (၉၀)ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။
+3
ကျန်းမာရေး၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်သော အဖွဲ့သည် ရေးမြို့သီရိမာလာရပ်ကွက် အ-မ-က (၆) ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ ကျား (၄၂)ဦး၊ မ (၆၈)ဦး၊ စုစုပေါင်း (၁၁၀)ဦးအား “ကံ စိတ်၊ ဥတု အာဟာရ အကြောင်း” ဟောပြောခဲ့ပြီး ကျား (၂၄)ဦး၊ မ (၃၂)ဦး၊ စုစုပေါင်း (၅၆)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေ၀င်း ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့၊ ကင်းစိန်ဈေး အ-မ-က ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ ကလေး ကျား (၄၀)ဦး၊ ကလေး မ (၅၈)ဦး၊ စုစုပေါင်း (၉၈)ဦးတို့အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး “အပူကြောင့်ဖြစ်သော ခေါင်းမူး၊ ချွေးထွက်များခြင်း၊ အပူရှပ်ခြင်းတို့ အကြောင်း” လူဦးရေ (၁၀၄)ဦးအား အသိပညာပေး ဟောပြောခဲ့ပါသည်။
+3
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅-၉-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယဉ်မင်းလတ် သည် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ အ-မ-က မူလွန် ကလိုင်ကနိုင်ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦးအား ကျောင်းကျန်းမာရေးကွင်းဆင်းဆေး ကုသခြင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကျား (၂၀)ဦး၊ မ (၃၅)ဦး၊ စုစုပေါင်း (၅၅)ဦးတို့အား “တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ ဖြူး တိုင်းရင်းဆေးရုံမှ (၁၅-၉-၂၀၂၆) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်စိုးလက်မီသည် ဖြူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီဌာနနှင့် ပူးပေါင်း၍ “ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း” အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၉-၂၀၂၆)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင်သည် တပ်ကုန်းမြို့နယ် ဗျိုင်းအင်းအုပ်စု၊ သာယာအေးကျေးရွာ အ-ထ-က မူလွန် စာသင်ကျောင်းသို့သွားရောက်ပြီး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခဲ့ပြီး အဖြစ်အများဆုံး ရောဂါမှာ ချောင်းဆိုးနှင့် အစာမကြေရောဂါ တို့ဖြစ်ကြောင်း သိရသည်။
+2
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၉-၂၀၂၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မေဦးသည် မြို့နယ်ပညာရေးမှူးရုံး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပန်းသွင်းကြီးအုပ်စု၊ ချောက်ကြား ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသခြင်းနှင့် “ထိခိုက်ဒဏ်နာနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်၊ ရှောင်ရန်”များ အကြောင်း အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၃၀)ဦး နှင့် ကျောင်းသား (၃၀)ဦး၊ ကျောင်းသူ (၆၀)ဦး၊ စုစုပေါင်း (၉၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
+8
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) (၂၀)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း-
၁၅-၉-၂၀၂၆ နေပြည်တော်
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) (၂၀)စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်-
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ်များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် (သက်တမ်းတိုး)ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။
+4
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၁၃)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း-
၁၅-၉-၂၀၂၆ နေပြည်တော်
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၁၃)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်-
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ်များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍(၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် (ဖြည့်စွက်) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
