မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Open in Telegram
1 971
Subscribers
-124 hours
+157 days
+14130 days
Posts Archive
မေ၃၁ရက်
🔺စကစမှ အာဏာလုယူပြီးနောက် သံမဏိစက်ရုံမှာ ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက်(7:40am)က သံမဏိစက်ရုံစက်နှိုးလည်ပတ်။လက်နက်ထုတ်မယ်လို့ သတင်းထွက်နေပြီး စိုးဝင်း(သို့)မအလ လာမယ်လို့ ဖရဲသီးသတင်းမှ သိရ။
သံမဏိစက်ရုံ ပတ်ချာလည် ဂျုပ္ပင်၊နန်းမြင့်တောင်၊ဆားခါး၊ထနောင်းတောင်ဘက်တွေမှာ ယခုရက်ပိုင်းအတွင်း စခတွေ တပ်စွဲခဲ့ကြပြီး။မေ၂၉၊မေ၃၀(၂ရက်အတွင်း) မြင်းခြံမြို့ကို မိတ္ထလာ၊မန္တလေးမှ စခအင်အားအများအပြား တိုးမြင့်ခဲ့ပါတယ်။မြင်းခြံမြို့တွင်းမှာလည်း စခကား၄စီးခန့်ဖြင့် မကြာခန ကင်းပတ်နေပြီး တပင်ကန်ရွာနားထိပါ ကင်းပတ်ရောက်တယ်လို့ သိရပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၃၀
🔺အဖြူရောင်လက်များကားပါတဲ့ ကား၅စီးယာဉ်တန်းက ၉နာရီထိုးကာနီးက နွားထိုး သို့ ကုက္ကဲဘက်ထွက်သွားပြီး
၉နာရီ၁၀မိနစ်ခန့်မှာ အာရာဖတ်၂စီး၊အာရာဖတ်လိုမျိုး အါ့ထက်ပိုရှည်တဲ့ ကားတစ်စီး စခကားကြီး၂စီးက တောင်ဘက်ထွက်သွားတယ်လို့ သိရ
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၃၀
🔺မိတ္ထီလာဘက်မှ ထွက်လာတဲ့ စခကား၁၇စီး တောင်သာမြို့ကို ဖြတ်လာပြီး မြင်းခြံမြို့ကို ဦးတည်ထွက်လာနေ(7:40pm)
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၉ရက်
🔺မနေ့က ညနေ၆နာရီခန့်က မြင်းခြံမြို့၊အမှတ်၁၈ရပ်ကွက်၊ဗောဓိတစ်ထောင်ဓာတ်တော်တိုက်လာတဲ့ စုံတွဲဆီမှ ဆိုင်ကယ်အား အမှတ်(၁)၊အမှတ်(၂)မှ ပျူများမှ လုယက်ခဲ့ပြီး၊အနီးဝန်းကျင်မှ ဒေသခံများမှ ဝိုင်းဖမ်းလို့ ပျူ၂ဦး ဖမ်းဆီးခံရပြီး ပျူ၁ဦး ထွက်ပြေးသွားတယ်လို့သိရ။ဖမ်းဆီးခံရတဲ့ပျူက အမှတ်(၂)မှ ပေါလျှံနှင့်အခြားတစ်ဦးဖြစ်ပြီး အမှတ်၂ စကစအုပ်ကြီးတပည့်တွေလို့ သိရပြီး ထွက်ပြေးသွားသူတစ်ဦးက အမှတ်(၁)စကစခန့်အုပ်ကြီးရဲ့တူ လို့ သိရပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၉ရက်
🔺သံမဏိစက်ရုံဘက်မှာ မအလ လမ်းကြောင်းရှိတယ် သတင်းထွက်နေ။နံနက်စောက စခကားတန်းက ကန်ချောဆည်ဘက်မှ တဆင့် တဲရွာဘက်ကနေထွက်သွားတယ်လို့ သိရ။မြင်းခြံခရိုင်အတွင်း စခအင်အားအများအပြားတိုးမြှင့်ထားသည့်အတွက် လုံခြုံရေးသတိရှိထားကြဖို့ အသိပေးအပ်ပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၈ရက်
🔺မနက်၅နာရီခန့်က မန္တလေးမှ စခကား၁၀စီးဝင်လာပြီး တောင်သာမြို့နယ်ဘက်မှာလည်း မိတ္ထီလာဘက်မှ စခကား၅စီးဝင်လာတယ်လို့ သိရ။နန်းမြင့်ဘက်မှာလည်း တောင်သာဘက်မှစခတွေ ဖောကားနဲ့ရောက်နေကြတယ်လို့ သိရ။သံမဏိစက်ရုံဘက်မှာ အလံတိုင်တွေစိုက်နေပြီး ယခုရက်ပိုင်းအတွင်း စခအကောင်ကြီး လမ်းကြောင်းရှိနိုင်တယ်လို့ သတင်းရင်းမြစ်များမှ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺ဖုံရွာမှ စခ၃၀ခန့် သမုန်းကိုင်းဘက် ရောက်နေ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺တောပုရွာမှာစခတွေရောက်နေပြီး ကိုင်းတာဘောင်တကြောမှာလည်း စခတွေ ကင်းပုန်းဝပ်နေ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺တောင်သာမြို့နယ်၊ပဲခင်းကျော်ရွာ ရောက်နေတဲ့စခတွေ နွားထိုးကြီးမြို့နယ်၊ညောင်ဇင်ရွာ ရောက်နေ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ ၂၇ ရက်
🔺သရက်ချိုပင်ရွာ မှာ ဒလန်အရှင်းခံရပြီးနောက် ဘုန်းကြီးကျောင်းထဲမှာ စခ ၅၀ ခန့် တပ်စွဲထား။
နံနက် ၇ နာရီ ခန့် က သရက်ချိုပင်ရွာ မှ စခ များ မိုးတောင်ရွာ ဘက်
သို့ ထွက်ခွာသွားဟု သိရ။
နံနက် ၇ နာရီ ၁၅ မိနစ် ခန့်က တလုပ် မှ ဆိုင်ကယ် ၈ စီး စခ ၁၆ ကောင် ခန့် ဆီမီးခုံ ဘက် သို့ ထွက်ခွာသွား။
#ဆီမီးခုံသတင်း
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
May 27
🔺ဇရပ်ကြီးမှ စခများ အနောက်ဘက်တောရိုးစစ်ကြောင်းထိုးနေ..ပေပင်ကုန်းမှ ပြည်သူ ၇ဦးခန့်ဖမ်းဆီးသွား၊
လေးတင်းကျ တောရိုးမှ ပြည်သူများ၏ မှတ်ပုံတင်များ သိမ်းဆည်းသွား..
ယခုအခါ ၎င်းစခများနှင့်ဖမ်းဆီးခံပြည်သူများ တာလဝန်ကျောင်းအနီး တတိုင်မကျီးပင်ကန်အနားက ဦးသောင်းစိန် ဇရပ်(ဇရပ်ကြီး-တောင်သာလမ်းပေါ်) သို့ရောက်ရှိ၊
=> ဒါန်းတိုင် အရှေ့ဘက် ဘုရားကြီး တွင် စခ ၂၀ ခန့်ရောက်ရှိနေပြီး ၁၅ ကောင်ခန့်မှာ အရှေ့ဘက် ညောင်ချောင်းဘက်သို့ ဆင်းသွား..
ပြည်သူများဂရုစိုက်နေထိုင်ကြပါ
#လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺သင်ပြွန်းရွာရောက်နေတဲ့ စခအင်အား၅၀ခန့်မှာ နံနက်စောထဲက ပျိုးကန်-ကံစွယ်ဘက်မှ ပြည်သူ၅ဦးခန့်ကို ဖမ်းခေါ်ပြီး စစ်ကြောင်းသုံးကြောင်းခွဲ၍ နံနက်စောထဲက ဒူလဗိုလ်၊မီးပေါက်တကြော တောနင်းနေတယ်လို့ သိရ။
မီးပေါက်မှ၂ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဖွဲ့မှာ ပျိုးကန်နှင့်ဒူလဗိုလ်ကြားမှ မြောက်ဘက်ကိုဦးတည်နင်းနေပြီး တစ်ဖွဲ့မှာ မီးပေါက်မြောက်ဖက်မှ အရှေ့ဘက်ကို ဦးတည်နေပြီး တစ်ဖွဲ့မှာ နောက်ချန်လိုက်နေတယ်လို့ သိရ။ဖမ်းဆီးခံရသူများမှာ တံငါသည်များဖြစ်ပြီး ကံဆွယ်မှ၅ဦး၊ပျိုးကန်မှ၁ဦး၊မီးပေါက်မှ၃ဦးလို့ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺နံနက်အစောပိုင်းက စခတွေ တောင်သာမြို့နယ်၊ဇရပ်ကြီးရွာမှာ ယောက်ျားလေးအတော်များများကို ဖမ်းခေါ်ထားတယ်လို့ သိရ။
#လူထုလှုပ်ရှားမှုကော်မတီတောင်သာ
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၇ရက်
🔺သင်ပြွန်းရွာဘက်ရောက်နေတဲ့ စခတွေ ပျိုးကန်ရွာဘုန်းကြီးကျောင်းမှတစ်ဦးကို ဖမ်းခေါ်ပြီး ကန်နီရွာ(မီးပေါက်)ရောက်နေ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၆ရက်
🔺မြင်းခြံမြို့၊အမှတ်၁ရပ်ကွက်၊မြို့သစ်မှ ဘာဒီ၊သန့်ဇင်ဦး၊ငညီ၊မခိုင်တို့၄ဦးကို
စခ၊ပျူများမှ လိုက်ရှာနေတာဖြစ်ပြီး မတွေ့ရင် မိသားစုကိုဖမ်းမယ်လို့ သတင်းရထားပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၆ရက်
🔺နွားထိုးကြီးမြို့နယ် မင်းရွာကစခတွေ ကုန်းသာ၊ကံရွာဘက်ကို ရောက်နေပြီး နနွင်းတော်ဘိုးရွာတောင်ဘက်ဇရပ်မှာလည်းစစ်ဆေးနေပြီး သာယာကုန်းလမ်းထိပ်မှာလည်းရှိနေ။
အုတ်ရှစ်ကျင်းရွာကစခတွေက ညထွက်ထွက်သွားပြီးနံနက်ပြန်ရောက်နေ။
#နွားထိုးကြီးဂျာနယ်
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၅ရက်
🔺နဘူးအိုင်-မြင်းခြံလမ်းပိုင်းမှာ မကျီးစုရွာကိုမီးရှို့တဲ့ စခနှင့်ပျူများကို မြင်းခြံ ပ.က.ဖနှင့်ကျနော်တို့ရွှေခြံသားအဖွဲ့မှ ယနေ့ညနေ၅နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၅ရက်
🔺ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာအနီးမှ နံနက်ကတစ်ကြိမ်၊ညနေပိုင်းက တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၅ရက်
🔺မြင်းခြံမြို့၊အမှတ်၁၇ရပ်ကွက် အပိုင်း၂နေ မမော်ထွန်းမှာ၂၀၀၈ခုနှစ်က အခြေခံဥပဒေထောက်ခံပွဲ မြင်းခြံမြို့တွင် ပြုလုပ်စဥ်ထဲက သီတာယုမွန်နှင့်ပေါင်းပြီး ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယနေ့
စကစမှ ကျောင်းများဖွင့်လှစ်ရန် ကျောင်းအပ်လက်ခံချိန် အမေပြန်လာမှကျောင်းတက်မည်သူတွေအခုဘာတတ်နိုင်သေးလည်း သူ့အဖေဗိုလ်ချုပ်က တိုင်းပြည်ကယ်ဆယ်တယ် အောင်ဆန်းစုကြည်လက်ထက်မှ တိုင်းပြည် ပြိုကွဲတယ်ဆိုကာ ပတ်ဝန်းကျင်ဆဲဆိုရမ်းကားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။PDFတွေ ဘာတတ်နိုင်သေးလည်းဟု
ကြိမ်းဝါးခဲ့သေးတယ်လို့ ပြည်သူတစ်ဦးမှ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံ သတင်းပေးပို့ခဲ့ပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
မေ၂၅ရက်
🔺ညနေ၃နာရီ၁၀မိနစ်ခန့်က နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ဘာလိ ပြန်ရောက်နေတယ်လို့ သတင်းရပြီး စခနဲ့ပျူများမှ ဆိုင်ကယ်များဖြင့် မြို့သစ်ထဲပတ်ပြီးရှာနေတာလို့ သိရ။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
