en
Feedback
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

Open in Telegram

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏သတင်းချန်နယ်ဖြစ်ပါသည်

Show more
1 971
Subscribers
-124 hours
+157 days
+14130 days
Posts Archive
မေ ၂၅ ရက် 🔺နံနက် ၁၁ နာရီ ခန့်က သရက်ချိုပင်ရွာ မှ ကြံ့ဖွတ် စည်းရုံးရေးမှူး ထွန်းဝေ ပစ်ခတ်ရှင်းလင်း ခံရတယ်လို့ သိရ။ #ဆီမီးခုံသတင်း 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၅ရက် 🔺မြို့သစ်မြောက်ပိုင်းမှာ အမှတ်၆ပျူအိမ်လာပစ်တဲ့ pdfကလေးတွေရောက်နေတယ်ဆိုပြီး ဝင်စစ်လိမ့်မယ်လို့ သိရ။(နေ့လည်၂နာရီရရှိသတင်း) 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၄ရက် 🔺နံနက်၂နာရီခန့်က ကျောက်ကန်ရွာမှပျူနှင့်ကျောက်ကန်ရွာရောက်နေတဲ့စခတွေ မန်ကျည်းစုရွာအရှေ့ပိုင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့။ အသက်၆၅နှစ်အရွယ်ဒေါ်အေးကြိုက် မီးလောင်သေဆုံးခဲ့။အိမ်ခြေ၂၅၀ခန့်ရှိတဲ့ မန်းကျည်းစုရွာမှာ အနည်းဆုံးအိမ်ခြေ၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ နေအိမ်၅၇လုံးမီးလောင်ဆုံးရှုံးခဲ့။ edit-ကိုယ်အောက်ပိုင်းသေနေတဲ့ ကိုခင်မောင်ဌေး(၃၅)နှစ်ကို ပြန်ရှာတွေ့ အသက်မသေ။ editလုပ်ထားပါသည်။ တယ်လီဂရမ်လင့်-https://t.me/mgnstrike 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၂ရက် 🔺မြင်းခြံထောင်အတွင်းမှ ခေါ်ထုတ်သွားသူများထဲမှ ကျော်ဇင်ဦး(မြင်းခြံ)မှာ ညနေက ပြန်ရောက်လာပြီး စိုးရာဇာကို ခေါ်သွားတယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၂ရက် 🔺၂၁ရက်နေ့ညနေပိုင်းက ဆားတောင်မြို့၊မြို့မရဲစခန်းကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)သည် မဟာမိတ်အဖွဲ့များနှင့်အတူ ၂နာရီမိနစ်၃၀ခန့်အကြာ တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ဖို့ မိနစ်ပိုင်းအလိုမှာ တိုက်လေယာဉ်၂စီးရောက်လာလို့ ပြန်ဆုတ်ခွာခဲ့ပြီး စခ၊ရခများမှ အရာရှိအပါ ၁၂ကောင်ဂန့်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၂ရက် 🔺မနေ့က ညနေပိုင်းမှ စ၍ စခ၊ရခများက ဥပဒေမဲ့ မြင်းခြံထောင်အတွင်းမှ နိုင်ကျဉ်းများကို ခေါ်ထုတ်နေတာ ယနေ့ထိဖြစ်ပြီး ဘယ်ကိုခေါ်ထုတ်သွားတယ်ဆိုတာမသိရဘဲ ထောင်အတွင်းမှ နိုင်ကျဉ်းများပါ စိုးရိမ်‌မှုတွေရှိနေပါတယ်။ မြင်းခြံထောင်အတွင်းမှ စခတွေခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်းများကို ကျနော်တို့ လူထုကော်မတီမှ စာရင်းသိရသလောက်ဖော်ပြပေးပါမည်။ ၁။သက်မောင်မောင်(တောင်သာ) ၂။ကျော်မင်းနိုင်(တောင်သာ) ၃။ကျော်ဇင်ဦး(မြင်းခြံ) ၄။ကျော်မျိုးတင့်(မန္တလေး) ၅။ဇော်ဇော်အောင်(မန္တလေး) ၆။ဥက္ကာ (မုံရွာ) အတည်ပြုသိရသလောက်တင်ပေးပါ့မယ်။ 🚩မြင်းခြံလူထုလှုရှားမှုကော်မတီ

မေ၂၁ရက် 🔺မြင်းခြံထောင်ကနေ နောက်ထပ်နိုင်ကျဥ်း၄ဦးကို စခ၊ရခများမှ ခေါ်ထုတ်သွားပြီး တစ်ဦးမှာငါန်းဇွန်ကလို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၁ရက် 🔺ယနေ့ညနေပိုင်းက တောင်သာမြို့နယ်မှ မြင်းခြံထောင်မှာထောင်ကျနေတဲ့ ကျော်မင်းနိုင်နဲ့သက်မောင်မောင်တို့ နိုင်ကျဉ်း၂ဦးကို စခ၊ရခများမှ ဥပဒေမဲ့ ထောင်တွင်းမှ ခေါ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၁ရက် 🔺ငါန်းဇွန်သတင်း ယနေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ် ကျွန်းပေါ်နေ ပြည်သူတစ်ဦး၏နေအိမ်ကို စခများမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းအိမ်မှ အဘိုး၊အဘွား(၂)ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ #ငါန်းဇွန်သတင်းစုံ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၀ရက် 🔺တောင်သာသတင်း တောင်သာ ၊ ငွေသောင်ကျေးရွာ ခင်ကြီးပုံ ဘုန်းကြီးကျောင်း အနီး မနေ့ည ၉နာရီကတည်းက စခ ၂၅ကောင် ခန့် ရောက်ရှိနေပြီး လူနေအိမ်များအတွင်း ဝင်ရောက်နေထိုင်၊ ဒီနေ့ တစ်နေကုန်အလှုပ်ရှားမရှိငြိမ်နေတယ်လို့ သိရ။ #လူထုလှုပ်ရှားမှုကော်မတီတောင်သာ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၀ရက် 🔺ယမန်နေ့ နံနက်၁၀နာရီခန့်က နွားထိုးကြီးမြို့နယ်၊ခက်လန်းဘက်မှာ NPDFနဲ့စခတွေ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၀ရက် 🔺နွားထိုးကြီးသတင်း နွားထိုးကြီးမြို့နယ် မနေ့က လျှော်ကျေးရွာအပစ်ခံရတဲ့ စခ ဖွဲ့တွေ သာယာကုန်းရောက်နေ။ မနေ့ကအင်ချောင်းရောက်နေတဲ့စခတွေကလည်း ပြည်သူနေ အိမ်တွေမှာတည်းခိုပြီး ချက်ပြုတ်စားသောက် စာသင်ကျောင်းတွေတည်းခိုရင်တိုက်ခိုက်ခံရမှာကြောက်လို့ ပြည်သူအိမ်တွေကာဘာယူတာလို့သိရ။ #NTI 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၂၀ရက် 🔺ယမန်နေ့၊နံနက်၁၀နာရီခန့်က ကျောက်ကန်ရွာမှပျူ၂၀ခန့် နှင့် ကုက္ကဲမှ စခ၁၀‌ကောင်ခန့် ရွာသာယာရွာကို ဝင်ရောက်ပြီး အသက်၅၀အောက်လူငယ်၊လူလတ်ပိုင်းတွေကို ရွာလည်မှာစုထိုင်ခိုင်းပြီး အိမ်တွေဝင်မွှေ။အနည်းဆုံး ဖုန်း၁၀လုံးနှင့်ရွှေ၊ငွေအချို့ကို ယူသွား။ရွာသားအချို့ကို ကုက္ကဲရဲစခန်းဖမ်းခေါ်သွားပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့။ edit-ပါဝါဘန့်တွေပါ ယူသွားကြ။ 🔺နေ့လည်ပိုင်းမှာ အါ့ပျူနဲ့စခတွေ ကုက္ကဲရွာက အိမ်ရှိလူကုန်ကို ဘုန်းကြီးကျောင်းထဲစုထိုင်ခိုင်းထားခဲ့ပြီးအသက်၁၀၀ကျော်အရွယ်အဘွားဒေါ်မြအေးကိုပါ ဘုန်းကြီးကျောင်းထဲစုခေါ်ခိုင်းခဲ့တာပါ။ရွာသားတွေထဲက ၆၄ဦးကို ရွေးခေါ်ကာ ပျူတွေက ရွာမပြန်ရဲလို့ ကျောက်ကန်ရွာထိ လူသားဒိုင်းအသုံးပြုပြန်လိုက်ပို့ခိုင်းခဲ့ပါတယ်။ကုက္ကဲစခန်းက စခတွေကတော့ အဓမ္မသန့်ရှင်းရေးလုပ်ခိုင်းခဲ့တယ်လို့ သိရ။ 🔺ယနေ့မှာတော့ ရွာသာယာနဲ့ကုက္ကဲက ရွာသူ/သား ၁၀၀ခန့်က ကြောက်လှန့်ပြီး ရွေ့ပြောင်းတိမ်းရှောင်နေကြရပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၉ရက် 🔺ရွာသာယာဘက်မှာ စခတွေရောက်နေပြီ နေအိမ်များမှ ဖုန်း၊ရွှေ၊ငွေ တွေ့ရာပစ္စည်းများကို အဓမ္မယူနေတယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၉ရက် 🔺မြင်းခြံမြို့နယ်အတွင်း မြင်းခြံ-နဘူးအိုင်၊မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း ညဘက်သွားလာဖြတ်သန်းမှုနှင့်ပတ်သတ်၍ MGN-35အဖွဲ့မှ ပြည်သူများကို‌မေတ္တာရပ်ခံထုတ်ပြန်ခဲ့ ထုတ်ပြန်ချက် -မြင်းခြံမြို့နယ်အတွင်းရှိ မြင်းခြံ-မြို့သာ၊မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို အသုံးပြုသွားလာနေကြသော မိဘပြည်သူများခင်ဗျား -တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ စစ်ရေးအရှိန်မြင့်တက်လာသည်မှာ မိဘပြည်သူများ အသိပင်ဖြစ်ပါသည်။ -အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားကားများချောဆွဲသွားလာခြင်း၊အရပ်သားများကို ဓားစာခံပြုသွားလာခြင်း စသည်ဖြင့် အရပ်သားပြည်သူများကို စစ်ရေးဒိုင်းကာအဖြစ်အသုံးချလျှက် သွားလာမှုများပြုလုပ်လျှက်ပါသည်။ -ကျနော်တို့ MGN-35အဖွဲ့အနေဖြင့် အရပ်သားပြည်သူများကို ထိခိုက်မှုမရှိဘဲ စစ်ရေးပစ်မှတ်များကို ထိထိရောက်ရောက် စစ်ဆင်ရေးလုပ်နိုင်ရန်အတွက် မြင်းခြံ-မြို့သာ၊မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို အသုံးပြုသွားလာနေကြသည့် မိဘပြည်သူများအနေဖြင့် ည၈နာရီမှနံနက်၅နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၈ရက် 🔺မနေ့က ဆီမီးခုံက စခတွေ ဆင်ချောင်းရွာမှ ဒရုန်းဖြင့် ပန်းညိုရွာက ဆေးခန်းကို ဗုံးကျဲချခဲ့ပြီး ‌အပြန် နေ့လည်၁၂နာရီခန့်မှာ တလုတ်မြို့တောင်ပိုင်းက ဖုန်းဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကား(၂)စီးဖြင့် ဆီမီးခုံဘက်ပြန်ထွက်သွားခဲ့တယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၆ရက် 🔺မေ၁၂ရက်နေ့ ညဦးပိုင်းက ကိုင်း(တ)ရွာမှ ပျူခေါင်းဆောင်အေးနိုင် အရက်မူးပြီး သေနတ်ရမ်းပစ်ရာမှ ဘေးအိမ်မှ သနပ်ခါးသွေးနေတဲ့ အသက်(၁၈)ခန့်ရှိ အမျိုးသမီးငယ်တစ်ဦး နောက်ကျောကျည်ထိမှန်ပြီး ဆေးရုံတင်ထားရတယ်လို့ သိရ။စခများမှ အေးနိုင်ကို အရေးယူတာတွေ မလုပ်ခဲ့ဘဲ မသိချင်ယောင်ဆောင်နေခဲ့ကြတယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၁ရက် 🔺ယမန်နေ့ ညနေ(၄)နာရီခန့်က ရွာသာယာကားဂိတ်ဘက်မှ ထွက်လာတဲ့ စခ၂၅ကောင်ခန့်သည် မန်ကျည်းစုရွာကို ဝင်မွှေခဲ့ပြီး ယောက်ျားသား(ရွာသား)များကို မတွေ့ရ၍ အမျိုးသမီးများကို ရွာလည်မှာ စုဖမ်းပြီး နင့်လင်တွေဘယ်သွားတာလဲပြောဟု မေးမြန်းကာ ရိုက်နှက်မေးမြန်းခဲ့ကြပါတယ်။အမျိုးသမီး(၁၀)ဦးခန့်မှာ ရိုက်နှက်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ရိုက်နှက်တာတွေကို ပြန်ပြောရင် နောက်တစ်ခါ ဒီထက်ပိုနာမယ်ဟု ကြိမ်းဝါးခဲ့တယ်လို့ သိရပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၁၀ရက် 🔺မေ၃ရက်နေ့ အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မ၅၀၅(က)နဲ့ ဖမ်းဆီးထားသူများမှ လွတ်ရက်နီးသူများကို လွတ်ငြိမ်းချမ်းလွှတ်ခဲ့ပြီးနောက် မေလ၁၀ရက်နေ့၊ယနေ့ထိ မြင်းခြံခရိုင်းအတွင်းမှာ ဖမ်းဆီး၊ရိုက်နှက်တာ၊ငွေညှစ်တာတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ ဖမ်းဆီးရိုက်နှက်ခံရသူများတွင် အမျိုးသမီးများပါပါဝင်ခဲ့ပြီး မေ၆ရက်နေ့၊နံနက်၈နာရီခန့်က ယုံထိုးရွာဘက်မှရောက်လာတဲ့ တည်ပင်နဲ့ကုက္ကဲက စခ၊ရခများမှာ စစ်ကြောင်းထိုးနေစဉ် လမ်းမှာတောလုပ်ပြန်လာသူ အမျိုးသမီးတစ်ဦးကို မန်ကျည်းစုရွာ၊ဓမ္မာရုံမှာ ဖမ်းဆီးထားပြီး နောက်ကျောပြင်ကို အချက်ရေ၁၅ချက်ကျော် ရိုက်နှက်ခဲ့ပြီး ညပိုင်းမှာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။မေ၆ရက်နေ့နံနက်(၁၀)နာရီခန့်ကလည်း မြင်းခြံမြို့၊အမှတ်(၁)ရပ်ကွက်၊မြို့သစ်မြောက်ပိုင်းက တောင်းရမ်းစေ့စပ်ပွဲတစ်ခုကို စခနဲ့ပျူများမှ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ခဲ့ပါတယ်။တောင်းရမ်းပွဲပြုလုပ်တဲ့ဇနီးမောင်နှံ၊နှစ်ဖက်ဖခင်များနဲ့ ကောင်မလေးရဲ့ဦးလေး အိမ်ရှင်(၅)ဦးတို့ကို ဖမ်းဆီးခဲ့တာပါ။ ယမန်နေ့နံနက်စောပိုင်းကလည်း ပျော်ခင်းသာရွာဘက် မိတ်ကပ်ပြင်သွားတဲ့ LGBTမိန်းမလျာ(၅)ဦးကို လည်းဖမ်းဆီးခဲ့ပါသေးတယ်။တပတ်အတွင်း မြင်းခြံမြို့နယ်မှ အမျိုးသား(၅)ဦး၊အမျိုးသမီး(၅)ဦး၊LGBT(၅)ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး(၄)ဦးက နေ့ချင်းပြန်လွတ်ခဲ့ပါတယ်။မနေ့ညကလည်း အမှတ်(၄)မှ ၂ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။ တောင်သာမြို့နယ်အတွင်းမှာလည်း ဇရပ်ကြီးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စခ၊ပျူများမှ ဇရပ်ကြီးရွာမှာ မေ၆ရက်၊၇ရက် နှစ်ရက်တာတပ်စွဲနေစဉ်အတွင်း ရွာသားများကို ဖမ်းဆီးပြီး တစ်ဦး၂သိန်းကျပ်နဲ့တောင်းယူခဲ့တာ ငွေကျပ်သိန်း၁ဝ၀ကျော်ထိ ရရှိခဲ့ပြီး ၆ရက်နေ့တစ်ရက်ထဲမှာပင် ဇရပ်ကြီးနဲ့ငွေသောင်ရွာမှ ၁၇ဦးကို ဖမ်းဆီးငွေတောင်းခဲ့တယ်လို့ ‌လူထုလှုပ်ရှားမှုကော်မတီတောင်သာ မှ ထုတ်ပြန်ခဲ့ပါတယ်။ အခြေချတပ်စွဲထားတဲ့နေရာထိ ဖမ်းခေါ်သွားပြီး ဝတ်ဆင်လာတဲ့ရွှေ၊ငွေများကို တောင်းယူခဲ့တာတွေရှိပြီး ဖမ်းခေါ်ခံရသူများထဲမှ ၄ဦးလွှတ်ပေးခဲ့ပြီး ၄ဦးရဲ့အခြေနေကတော့ မသိရသေးပါဘူး။ နွားထိုးကြီးမြို့နယ်နဲ့ငါန်းဇွန်မြို့အတွင်းမှာလည်း ယမန်နေ့နံနက်ပိုင်းမှယနေ့ထိ သားကျင်ရွာမှ အနည်းဆုံး(၁၀)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး နပဲပင်ရွာမှ ၁ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ငါန်းဇွန်သတင်းစုံ မှ သိရပြီး။နွားထိုးကြီးမြို့နယ်၊လျှော်ဖြူရွာမှ NLDဆိုင်းဘုတ်တင်ခဲ့တဲ့နေအိမ်ကို စခများမှ ချိတ်ပိတ်ခဲ့ပြီး NLDအစိုးရကာလက အုပ်ကြီးလုပ်သူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံ‌ထောင်အတွင်းမှ မန္တ‌လေး၊ပခုက္ကူ၊မုံရွာ၊မြင်းခြံခရိုင်မှလွတ်ရက်စေ့ကာနီးသူနိုင်ကျဉ်း(၂၁၇)ဦးကို စစ်ကောင်စီတပ်မှလွှတ်ပေးပြီး တပတ်အတွင်းမှာ မြင်းခြံခရိုင်အတွင်းမှ ဒေသခံအရပ်သား(၅၀)ဦးကျော် ဖမ်းဆီး၊နှပ်စက်၊ငွေညှစ် ခံခဲ့ရတာဖြစ်ပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မေ၉ရက် 🔺 Natogyi PDFမှ ထုတ်ပြန်ခဲ့။ #တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာခြင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်း ကို #Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း #ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ #Myingyan District Drone Strike Team #မြင်းခြံခရိုင်အမှတ်-၂တပ်ရင်း တို့ပူးပေါင်း၍(7.5.2023)ညနေ(၃)နာရီဝန်းကျင်အချိန်ခန့်တွင် ဒရုန်းဗုံးသီး(၆)လုံးဖြင့်တိုင်ခိုက်ခဲ့သည် ဤတိုက်ခိုက်မှုတွင် ရခ(၅)ကောင်သေဆုံးခဲ့ပီး စခန်းမှုး၏ယောက်ခမ အပါအဝင်(၄)ဦးဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်ပြည်သူများထံမှတစ်ဆင့်သိရှိရသည်။ မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ (စခ) (ရခ)များတပ်စွဲသည့်နေရာများနှင့် ဝေးဝေးကရှောင်ရှားပေးကြပါရန် အထူးသတိပေးအပ်ပါသည်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ - Statistics & analytics of Telegram channel @mgnstrike