en
Feedback
Hlaing Info

Hlaing Info

Open in Telegram

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info

Show more

📈 Analytical overview of Telegram channel Hlaing Info

Channel Hlaing Info (@infohlaing) in the Burmese language segment is an active participant. Currently, the community unites 49 363 subscribers, ranking 5 325 in the News & Media category and 2 928 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 49 363 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -999 over the last 30 days and by -28 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.81%. Within the first 24 hours after publication, content typically collects 5.12% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 870 views. Within the first day, a publication typically gains 2 529 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 68.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info”

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

49 363
Subscribers
-2824 hours
-2047 days
-99930 days
Posts Archive
"အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ချီးမြ
"အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ချီးမြှင့်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာလည်း အသိပေးလိုပါတယ်။ ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော် လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွပ်ရွပ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။" ရည်မွန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၏ ဆုတံဆိပ်ဖြစ်ပေါ်လာခြင်းနှင့် ပေးအပ်ရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားမှုမှ ကောက်နုတ်ချက်) #PVTV #HlaingInfo

ပြည်ပပို့ကုန်များ လိုင်စင်ချထားပေးသော်လည်း အမှန်တကယ်တင်ပို့ခြင်းမရှိသော ကုမ္ပဏီများတွေ့ရှိ၍ စစ်တပ်လက်အောက်ခံ ကုန်သွယ်ရေးဌာနက
ပြည်ပပို့ကုန်များ လိုင်စင်ချထားပေးသော်လည်း အမှန်တကယ်တင်ပို့ခြင်းမရှိသော ကုမ္ပဏီများတွေ့ရှိ၍ စစ်တပ်လက်အောက်ခံ ကုန်သွယ်ရေးဌာနက ကုန်သည်နှင့်ကုမ္ပဏီများကို အစည်းအဝေးခေါ်ယူ စက်တင်ဘာ ၉ ရက် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များ တင်ပို့နိုင်ရန် လိုင်စင်ချထားပေးသော်လည်း အမှန်တကယ်တင်ပို့ခြင်းမရှိသော ကုမ္ပဏီများတွေ့ရှိ၍ စစ်တပ်လက်အောက်ခံ ကုန်သွယ်ရေးဌာနက ကုန်သည်နှင့်ကုမ္ပဏီများကို အစည်းအဝေးခေါ်ယူထားကြောင်း UMFCCI သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်လျာထားချက် ပြည့်မီရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ရရှိထားသော်လည်း အမှန်တကယ်တင်ပို့နိုင်ခြင်း မရှိသေးသည့် ကုမ္ပဏီ ၁၃ ခုကို စိစစ်တွေ့ရှိထားသဖြင့် စစ်တပ်လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ကုမ္ပဏီများကို ခေါ်ယူ၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်ရေးဦးစီးဌာနက ပင်လယ်ရေကြောင်းမှ တင်ပို့သည့် အဓိကပို့ကုန်အမယ်များဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တို့အတွက် ပို့ကုန်လိုင်စင်ခွင့်ပြုထားသော်လည်း အမှန်တကယ် တင်ပို့နိုင်ခြင်းမရှိသေးသည့် ကုမ္ပဏီ ၁၃ ခုရှိကြောင်း စိစစ်တွေ့ရှိထားကြောင်း သိရှိရသည်။ ထိုကုမ္ပဏီများအနေဖြင့် အမှန်တကယ်ပို့ကုန် တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီ တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် အသင်းဝင်ကုမ္ပဏီများ တက်ရောက်ရန် ညွှန်ကြားထားပြီး နောက်ဆက်တွဲစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများအနေဖြင့် အဆုံးအဖြတ်ပေးနိုင်သည့် ဒါရိုက်တာ သို့မဟုတ် မန်နေးဂျင်းဒါရိုက်တာတစ်ဦး မပျက် မကွက် တက်ရောက်ရန် ဖိတ်ကြားထားသည်။ ထို့အပြင် တက်ရောက်မည့် ကုမ္ပဏီတာဝန်ရှိသူများ၏ အမည်၊ ရာထူး၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို သက်ဆိုင်ရာအသင်းအဖွဲ့များကတစ်ဆင့် ကုန်သွယ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲသို့ စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား၍ ပေးပို့ရန်လည်း ညွှန်ကြားထားသည်။ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများ ခံနေရချိန် ပြည်တွင်းမှ ထုတ်ကုန်များကို တင်ပို့၍ နိုင်ငံခြားငွေရရှိရန် အပြင်းအထန် ကြိုးစားပြီး ပြည်တွင်းကုမ္ပဏီများကိုလည်း ပို့ကုန်များ တင်ပို့ရေး အမျိုးမျိုး ဖိအားပေးလျက်ရှိကြောင်း ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ #KTM #HlaingInfo

ဒေါက်တာညီညီဆွေနှင့်အတူ အစုရှယ်ယာခေါ်ယူ ငွေကြေးများလိမ်လည်ခဲ့သော Lite Finance Myanmar Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ်
ဒေါက်တာညီညီဆွေနှင့်အတူ အစုရှယ်ယာခေါ်ယူ ငွေကြေးများလိမ်လည်ခဲ့သော Lite Finance Myanmar Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ကျော်ရဲရင့် အရေးယူမခံရဘဲ  လွတ်မြောက်နေ၊ ထည့်ဝင်ထားသော  အစုရှယ်ယာငွေကြေးများလည်း ပြန်လည်ထုတ်မပေး စက်တင်ဘာ ၉ ရက် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများထံမှ ငွေကြေးများကို ဒေါက်တာညီညီဆွေနှင့်အတူ လိမ်လည်ခဲ့သော LiteFinance Myanmar Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ကျော်ရဲရင့် လွတ်မြောက်နေပြီး  ငွေကြေးများလည်း ပြန်လည်ထုတ်မပေးဘဲ တိမ်းရှောင်နေကြောင်း ငွေကြေးနစ်နာသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒေါက်တာညီညီဆွေက  Galaxy Leader Group အမည်ဖြင့် အများပြည်သူများထံမှ ငွေကြေးများကို အစုရှယ်ယာများခေါ်ယူခဲ့ပြီးနောက်  LiteFinance Myanmar Forex Trading Broker မှတစ်ဆင့် အစု ရှယ်ယာများထည့်ဝင် ရောင်းချမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ငွေကြေးများကို ခေါ်ယူရာတွင်  LiteFinance Myanmar Forex Trading Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း အငြိမ်းစား စစ်အရာရှိ ကျော်ရဲရင့်နှင့်အတူ အလုပ်လုပ်ခဲ့ကြောင်း သိရှိရသည်။ ဒေါက်တာညီညီဆွေကို ၂၀၂၅ ခုနှစ်ဧပြီလအတွင်း စစ်တပ်က ဖမ်းဆီးချိန် LiteFinance Myanmar Forex Trading Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း အငြိမ်းစား စစ်အရာရှိ ကျော်ရဲရင့်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် လပိုင်းခန့်သာ အဖမ်းခံရပြီးနောက် အငြိမ်း စား စစ်အရာရှိ ကျော်ရဲရင့်မှာ လွတ်မြောက်သွားခဲ့ကြောင်း၊  ဒေါက်တာညီညီဆွေ ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရသော်လည်း အတူတူ လိမ်လည်ခဲ့သော စစ်အရာရှိဟောင်း ကျော်ရဲရင့်မှာမူ တစ်စုံတစ်ရာ အရေးယူ မခံရကြောင်း သိရှိရသည်။ "ကျော်ရဲရင့်က ဘာမှ အရေးယူမခံရဘူး။ တကယ်က ဒေါက်တာညီညီဆွေနဲ့ ကျော်ရဲရင့်က အတူတူ အလုပ်လုပ်ကြတာ။ ဒေါက်တာညီညီဆွေဆီကနေတစ်ဆင့် LiteFinance Myanmar Broker မှာ ကျနော်တို့က အကောင့်တွေဖွင့်ပြီး ငွေတွေထည့်ထားတာ။ အခု ထည့်ထားတဲ့ငွေလည်းပြန်မရ၊ အမြတ်လည်းမရ၊ အတိုးလည်းမရ၊ အရင်းလည်းထုတ်မရ ဖြစ်နေတယ်။ အဲဒီ စစ်အရာရှိဟောင်း ကျော်ရဲရင့်ကလည်း လွတ်မြောက်ပြီး ဘာမှ တာဝန်ယူ တာဝန်ခံတာမရှိတော့ဘူး" ဟု ငွေကြေးနစ်နာသူတစ်ဦးက ရှင်းပြသည်။ ဒေါက်တာညီညီဆွေ၏ စည်းရုံးမှုကြောင့် LiteFinance Myanmar Forex Trading Brokerတွင် ပါဝင်ခဲ့ကြသူ ပြည်သူများစွာရှိပြီး အဆိုပါ LiteFinance Myanmar Brokerက မြန်မာနိုင်ငံအတွင်း ရုံးခွဲများနှင့် ဒေသတွင်းကိုယ်စားလှယ်များ ဖွင့်လှစ်ကာ ဈေးကွက်ရှာဖွေစည်းရုံးခဲ့သော​ကြောင့် ပြည်သူများက  ယုံကြည်စွာဖြင့် Account များဖွင့်လှစ်၍ ငွေကြေးထည့်ဝင်ခဲ့ကြ​ကြောင်း သိရှိရသည်။ ဒေါက်တာညီညီဆွေသည် LiteFinance Myanmar Broker ၏ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် ကြောင်း၊ LiteFinance Myanmar Brokerက ဒေါက်တာညီညီဆွေကို လုပ်ငန်းလုပ်ဆာင်မှု မြင့်မားသူ အဖြစ် ဆုချီးမြှင့်ထားကြောင်း သိရှိရသည်။ LiteFinance Myanmar Broker တွင် အကောင့်ဖွင့်လှစ်၍ Trader လုပ်သူ ပြည်သူ  စုစုပေါင်း ၄,၀၀၀ ခန့်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလ ဒေါက်တာညီညီဆွေ ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အထိ ပြည်သူများ ၏ Depositပေးသွင်းငွေများ နှင့် Profit အမြတ်ငွေများကို အကောင့်အတွင်းမှ ပြန်လည်ထုတ်ပေးခြင်းမရှိတော့ကြောင်း သိရှိရသည်။ ပြည်သူများထံမှ ငွေကျပ် ဘီလီယံ ၂၀ ထက်မနည်း လိမ်လည်ခဲ့သော ဒေါက်တာညီညီဆွေကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ် ၆ နှစ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(က) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် စီးပွားရေးဆိုင်ရာအမှု ၁၇ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၂ နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောင် ဒဏ် ၄၃ နှစ် ချမှတ်ကာ ပိုင်ဆိုင်မှုများအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူလိုက်ကြောင်း ဩဂုတ်လအတွင်း စစ်တပ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ #KTM #HlaingInfo

စစ်အာဏာသိမ်း (၂၀၄၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၄၄) ဦးထိရှိလာ စက်တင်ဘာလ ၉ ရက် AAPP ရဲ့ စက်တင်ဘာ ၈ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနို
စစ်အာဏာသိမ်း (၂၀၄၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၄၄) ဦးထိရှိလာ စက်တင်ဘာလ ၉ ရက် AAPP ရဲ့ စက်တင်ဘာ ၈ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၆) ရက်အတွင်း ပြည်သူ (၈၃၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ကိုးကား - AAPP #TLT #HlaingInfo

" နိုင်ငံနဲ့ လူမျိုးအတွက် ကိုယ်တတ်နိုင်သလောက်လုပ်၊ လုပ်နိုင်တဲ့နေရာကလုပ်၊ ကိုယ့်လောက် သူများမလုပ်နိုင်လို့လည်း မဝေဖန်နဲ့၊ သူမ
" နိုင်ငံနဲ့ လူမျိုးအတွက် ကိုယ်တတ်နိုင်သလောက်လုပ်၊ လုပ်နိုင်တဲ့နေရာကလုပ်၊ ကိုယ့်လောက် သူများမလုပ်နိုင်လို့လည်း မဝေဖန်နဲ့၊ သူများလောက် မလုပ်နိုင်လို့လည်း အားမငယ်နဲ့။ "                 á€’္ဍ်ဥ္ဏင်ဆန်းစုကဟည်          နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်                                   နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများကို  https://t.me/infohlaing မှ တင်ပေးလျှက်ရှိပါသည်။ #HlaingInfo

KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းမိထားတဲ့ စစ်ကောင်စီရဲ့ ဗန်းမော်စစ်ကူ စစ်သုံ့ပန်းတွေထဲ အရာရှိအဆင့် ၄၀ ကျော်ပါဝင် စက်တင်ဘာလ ၉ ရက် ကချင
KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းမိထားတဲ့ စစ်ကောင်စီရဲ့ ဗန်းမော်စစ်ကူ စစ်သုံ့ပန်းတွေထဲ အရာရှိအဆင့် ၄၀ ကျော်ပါဝင် စက်တင်ဘာလ ၉ ရက် ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကို လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်သည်အင်အားတင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုထဲက KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းမိထားတဲ့ စစ်ကောင်စီရဲ့ ဗန်းမော်စစ်ကူ စစ်သုံ့ပန်းတွေထဲမှာ အရာရှိအဆင့် ၄၀ ကျော် ပါဝင်ကြောင်း KIA ဘက်က သတင်းထုတ်ထားပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့မှာ ရွှေကူကနေ ဗန်းမော်ဘက်ကို သင်္ဘောနဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စင်းခန်းတံတားအောက်နားမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ သင်္ဘောပေါ် လိုက်ပါလာသူ စုစုပေါင်း ၁၅၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ “ဖမ်းမိထားတဲ့အထဲ အရာရှိတွေ ပါတယ်။ ဖမ်းခံရတဲ့ သူတွေထဲမှာ လူငယ်တွေ များတယ်။ လူငယ်တွေက စစ်မှုမထမ်းမနေရ အမိန့်နဲ့ စစ်မှုထမ်း ခေါ်ခံရတာထင်တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ သုံ့ပန်းတွေထဲမှာ လက်နက်ကိုင် စစ်သည် ၁၁၈ ဦး ပါဝင်ပြီး ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနဲ့ တပ်သား ၃၅ ဦး ပါဝင်ပါတယ်။ အရာရှိနဲ့ အဆင့်မြင့်စစ်သည် ၄၀ ကျော် ပါဝင်နေတယ်လို့လည်း လိုင်ဇာ FM မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်မှုမထမ်းမနေရ အမိန့်အောက် ပြည်သူ့စစ် ကိုယ်ပိုင်အမှတ်ရရှိထားတဲ့ အသက် ၁၉ နှစ်ကနေ ၃၀ နှစ်ကြား လူငယ် ၃၄ ဦးလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ရဲမေ ၁၇ ဦး၊ သူတို့ရဲ့ ကလေးငယ်တွေနဲ့ သင်္ဘောပေါ် လိုက်ပါလာတဲ့ ဒေသခံပြည်သူ ၈ ဦးလည်း ပါဝင်ပြီး စစ်သုံ့ပန်းတွေကိုတော့ KIO က သီးသန့်နေရာချထားကာ စစ်သုံ့ပန်းဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ စက်တင်ဘာလ ၂ ရက်နေ့မှာပဲ ဧရာဝတီမြစ်အတွင်း သင်္ဘောတစင်း နစ်မြုပ်ခဲ့ပြီး သေဆုံးသူနဲ့ ရေကူးပြီး လွတ်မြောက်သွားသူတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တဲ့ စင်းခန်းတံတားထိပ်ဘက်ကို စက်တင်ဘာလ ၆ ရက်နေ့မှာတော့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ကာ တံတားသံဘောင်နဲ့ တံတားထိပ်ပိုင်း ကားလေး တစ်စီးစာခန့် ပေါက်သွားပြီး တံတားပေါ်တက်တဲ့ လှေကားလည်း ထိခိုက်ပျက်စီး သွားတယ်လို့ သိရပါတယ်။ ‎ ဓာတ်ပုံ - CJ (ပုံဟောင်း) #SPM #HlaingInfo

ရန်ကုန်တွင် လူဆိုး၊ လူမိုက်၊ သူခိုးများက အုပ်စုဖွဲ့ လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးရောင်းစားနေမှုများ အမှန်တကယ်ဖ
ရန်ကုန်တွင် လူဆိုး၊ လူမိုက်၊ သူခိုးများက အုပ်စုဖွဲ့ လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးရောင်းစားနေမှုများ အမှန်တကယ်ဖြစ်ပွားနေဟု ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော် ပြောဆို၊ ▪️လူငယ်များ လာရောက်ဖမ်းဆီးလျှင် ငြိမ်ခံမနေဘဲ ခုခံချကြရန်လိုအပ်ဟုပြော စက်တင်ဘာလ ၉ ရက် ရန်ကုန်မြို့တွင် လူဆိုး၊ လူမိုက်၊ သူခိုးများက အုပ်စုဖွဲ့ကာ လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် လူစားထိုးရောင်းစားသည့် လုပ်ရပ်များ အမှန်တကယ် ဖြစ်ပွားနေကြောင်း ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောဆိုသည်။ ဝင်းဇော်က စက်တင်ဘာ ၇ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ လူမှုကွန်ရက် TikTok တွင် တိုက်ရိုက်ထုတ်လွှင့်ပြောဆိုရာ၌ အဆိုပါ လူငယ်များ ဖမ်းဆီးခံနေရမှုများမှာ လူပွဲစားများနှင့် ရာဇဝတ်မှုကျူးလွန်သူများက ဖမ်းဆီးရောင်းစားနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းက ရန်ကုန်တိုင်း၊ လှိုင်သာယာခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်း ဘိုရှည်ကုန်းကျေးရွာဘက်တွင် ထိုသို့လုပ်ဆောင်နေသည့် အဖွဲ့များရှိပြီး မိမိတို့အနေဖြင့်လည်း လိုက်လံစုံစမ်းနေကြောင်း ဆိုသည်။ စက်တင်ဘာ ၄ ရက်နေ့ ရွှေပြည်သာမြို့နယ်၊ဘိုရှည်ကုန်းကျေးရွာအတွင်းမှ လူငယ်တစ်ဦးကို အလုပ်မှအပြန်တွင် လူတစ်စုက ကားပေါ်သို့ ထိုးနှက် အတင်းဆွဲတင်ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်စစ်တပ်ထဲသို့ ပို့ဆောင်ခံလိုက်ရကြောင်း သူက ပြောဆိုသည်။ အဆိုပါလူငယ်၏ ဇနီးဖြစ်သူမှာ ကလေးမွေးဖွားထားသည်မှာ မကြာသေးဘဲ မိသားစုကို ရှာဖွေကျွေးမွေးနေရသူဖြစ်ကြောင်းလည်း ဘိုရှည်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောဆိုသည်။ “အလုပ်အပြန်မှာ အတင်းကားပေါ် ဆွဲတင်သွားတယ်တဲ့။ ဆွဲတင်သွားပြီးတော့ ကလေးလေးက မနေ့ကစပြီးတော့ နေပြည်တော် ရောက်သွားပြီလို့ ကြားတယ်။ မနေ့ကတုန်းက ဖုန်းဆက်ပြီး သူ့မိသားစုတွေက လာပြောတယ်” ဟု ၎င်းက ပြောသည်။ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအချို့ထံ သတင်းပေးထားသော်လည်း လုပ်ဆောင်သော အဖွဲ့ကို စုံစမ်းမရကြောင်း ပြောဆိုသည်။ ထို့အပြင် လူငယ်များကို ဖမ်းဆီးနေသည့် လုပ်ရပ်များမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြုလုပ်နေခြင်းမဟုတ်ကြောင်း၊ သို့ရာတွင် လူကုန်ကူးသည့်အဖွဲ့များက ရန်ကုန်မြို့တွင် အလွန်များပြား ဖောင်းပွနေကြောင်း သူက ပြောဆိုသည်။ “တပ်မတော်ကလည်း မဟုတ်ဘူး၊ ဌာနဆိုင်ရာ ပြည်သူ့စစ်ကလည်း မဟုတ်ဘူး။ ဘာမှလည်း မသိရဘဲနဲ့ ဒီလိုမျိုး လုပ်စားနေကြတာ။ ဒါတွေက တဖြည်းဖြည်း ဖောင်းပွပြီး လွန်လာပြီ” ဟု ဝင်းဇော်က ပြောသည်။ လူဆိုး၊ လူမိုက်များနှင့် သူခိုးများ ပါဝင်သော လူပွဲစားများက လူငယ်များကို ဖမ်းဆီးပြီး နယ်ဒေသများသို့ ပို့ဆောင်ကာ စစ်မှုထမ်းလူစားထိုး ရောင်းစားခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် ပြန်ပေးဆွဲခြင်းများကဲ့သို့ ဖြစ်နေကြောင်း ဝင်းဇော်က ဆိုသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ပေါ်တာဆွဲ လာရောက်ဖမ်းဆီးပါက ခုခံရန် ၎င်း၏ ရပ်ကွက်အတွင်းရှိ လူငယ်များကို မှာကြားထားကြောင်း၊ ထိုသို့ဖမ်းဆီးသည့်အဖွဲ့များကို မိမိတို့နှင့်တွေ့ဆုံပါက အရေးယူမည်ဟု ပြင်းပြင်းထန်ထန် သတိပေးပြောဆိုခဲ့သည်။ “ငါ့ရပ်ကွက်မှာ ဒီကောင် ထပ်မိမိ... ငါ အကုန်မှာထားတယ် လူငယ်တွေကို၊ ခုခံ၊ ချ။ လူကြီးတွေက သတ်မှတ်ထားတာ ဒီတစ်မျိုး၊ အောက်ခြေမှာ လုပ်စားနေကြတာ။ အဲဒီတော့ ကိုယ်ကျိုးရှာပြီး စီးပွားရှာနဲ့ ပြန်ပေးဆွဲတဲ့ ဂိုဏ်းပုံစံမျိုး ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။ ဝင်းဇော်၏ ပြောဆိုချက်အရ ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များအတွင်း အဆိုပါကဲ့သို့ လူငယ်များ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဖြစ်စဉ်များအကြီးအကျယ်ဖြစ်ပွားနေကြောင်း သိရှိရသည်။ "တကယ်တမ်း လုပ်စားနေတာက လူမှောင်ခိုကူးပြီး ပြန်ပေးဆွဲ လုပ်စားနေတဲ့ သူခိုးဓားပြတွေ။ ကိုယ်ချင်းစာစိတ် မရှိဘူး၊ စေတနာစိတ် မရှိဘူး။ ဒီနေရာမှာ ငါ့ညီလေး၊ ငါ့သားလေး၊ ငါ့တူလေး ဖြစ်နေမယ်ဆိုရင်ရော ကိုယ်ချင်းစာစိတ် တစိမှ မရှိတဲ့ကောင်တွေကို ပြောချင်တာ။ ငါတို့နဲ့ မမိပါစေနဲ့။ ဥပဒေက နောက်မှ ငါတို့ အရေးယူခံမယ်။ ငါတို့နဲ့ မင်းတို့နဲ့က မင်းတို့ လက်တွေကို အကုန် ခုတ်ထစ်ပစ်မှာနော်" ဟု အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဆိုသည်။ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော်မှာ စစ်တပ်မှ အငြိမ်းစားယူထားသော တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး တက်လုပ်နေသူတစ်ဦးဖြစ်သည်။ ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်ပွားနေစဉ်။ #KTM #HlaingInfo

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် စက်တင်ဘာလ ၉ ရက် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က ထုတ်ပြန်ပါတယ်။ (၈၀) ကြိမ်မြောက် အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲကို အဲဒီနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ကြတာပါ။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအကုန်အထိ ကျင်းပပြုလုပ်ခဲ့တဲ့Main Part of the Session ကာလနဲ့၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းမှ စက်တင်ဘာလ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ Second Part of the Session ကာလအတွင်း အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်ပြီးမြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း သံအမတ်ကြီး က ကုလအစည်းအဝေးတွေမှာ တင်ပြပြောကြားခဲ့တာပါ။ #PVTV #HlaingInfo

မြန်မာတိုင်းရင်းသားတော်လှန်ရေးတပ်များကို ဒရုန်းနှင့် နည်းပညာ စစ်သင်တန်းပေးခဲ့သော အမေရိကန်နိုင်ငံသား VanDyke နှင့် ယူကရိန်း ၆
မြန်မာတိုင်းရင်းသားတော်လှန်ရေးတပ်များကို ဒရုန်းနှင့် နည်းပညာ စစ်သင်တန်းပေးခဲ့သော အမေရိကန်နိုင်ငံသား VanDyke နှင့် ယူကရိန်း ၆ ဦးတို့အပေါ် အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆိုမှု အိန္ဒိယက ရုပ်သိမ်း၊ ▪️လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်သာ ပြောင်းလဲတရားစွဲ စက်တင်ဘာလ ၉ ရက် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များကို ဒရုန်းစစ်ဆင်ရေးနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့မှုဖြင့်  အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား Matthew Aaron VanDyke နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့အပေါ် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ  ဖြင့် တရားစွဲဆိုမှုကို ယာယီအားဖြင့် ရုပ်သိမ်းလိုက်ကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရှိရသည်။ အမေရိကန်နိုင်ငံသား VanDyke နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့ကို ယခုနှစ်မတ်လအတွင်း အိန္ဒိယနိုင်ငံရှိ လေဆိပ်များတွင် ဖမ်းဆီးခဲ့ပြီး အစောပိုင်းတွင် အိန္ဒိယ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၁၈ အပါအဝင် ပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် စက်တင်ဘာ ၈ ရက်တွင် နယူးဒေလီရှိ အထူးတရားရုံးသို့ တင်သွင်းသည့် တရားစွဲဆိုလွှာတွင် အကြမ်းဖက်မှုဥပဒေကို ထည့်သွင်းတရားစွဲဆိုခြင်း မပြုတော့ဘဲ လူဝင်မှုကြီးကြပ်ရေးဥပဒေ- Immigration and Foreigners Act ၏ ပုဒ်မ ၂၁ နှင့် ၂၃ တို့ဖြင့်သာ ပြောင်းလဲ တရားစွဲလိုက်ခြင်းဖြစ်သည်။ အဆိုပါဥပဒေပုဒ်မများမှာ နိုင်ငံခြားသားများ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်ခြင်း၊ သွားလာခြင်းနှင့် နေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ဖြစ်သည်။ သို့သော် NIA က အကြမ်းဖက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုံးဝပိတ်သိမ်းလိုက်ခြင်း မဟုတ်ဘဲ ဆက်လက်စုံစမ်းရန် အချိန်ပိုလိုအပ်နေသေးကြောင်း တရားရုံးသို့ တင်ပြထားသည်။ စုံစမ်းစစ်ဆေးမှုအတွင်း အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုမြောက်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိပါက နောက်ထပ်တရားစွဲဆိုလွှာ ဖြည့်စွက်တင်သွင်းနိုင်ကြောင်း NIA ဘက်က ပြောထားသည်။ NIA ၏ တရားစွဲဆိုလွှာအရ VanDyke နှင့် ယူကရိန်းနိုင်ငံသားများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ခရီးသွားဗီဇာများဖြင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် ဂူဝါဟာတီနှင့် မီဇိုရမ်ဒေသများသို့ သွားရောက်ခဲ့ကြသည်။ ယင်းနောက် မီဇိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်ခဲ့ပြီး ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းအသုံးပြုမှု၊ ဒရုန်းတပ်ဆင်မှုနှင့် ဆက်သွယ်ရေးလှိုင်းပိတ်ဆို့ရေးနည်းပညာများကို လေ့ကျင့်ပေးရန် စီစဉ်ထားခဲ့သည်ဟု NIA က  ပြောဆိုသည်။ ထို့အပြင် ၎င်းတို့သည် ဥရောပမှ ဒရုန်းများနှင့် ဆက်စပ်ပစ္စည်း အမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ သယ်ယူခဲ့ကြောင်းလည်း NIA က စုံစမ်းတွေ့ရှိထားသည်ဟု ဆိုသည်။ အဆိုပါ ဒရုန်းများ၊ ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် အိန္ဒိယနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုများကို NIA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသား VanDyke ကို မတ်လ ၁၃ ရက်တွင် ကိုလ်ကတ္တားလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသား ၆ ဦးကို ဒေလီနှင့် လက်ခ်နောင်းလေဆိပ်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ရေးလေ့ကျင့်ပေးခဲ့သည်ဟု NIA က အစောပိုင်းတွင် စွပ်စွဲထားခဲ့သည်။ NIA က အခုအချိန်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားစွဲဆိုထားသော်လည်း အကြမ်းဖက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်နေခြင်းကြောင့် VanDyke နှင့် အဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များကို လုံးဝပယ်ဖျက်ပြီးဖြစ်သည်ဟု မဆိုနိုင်သေးပေ။ အဆိုပါ အမှုကို နယူးဒေလီရှိ အထူးတရားရုံးက အောက်တိုဘာ ၁ ရက်တွင် ဆက်လက်ကြားနာရန် သတ်မှတ်ထားသည်။ #KTM #HlaingInfo

မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ လုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်နေသော ဘုန်းကြီးကျောင်း၊ သီလရှ
မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ လုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်နေသော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက် အပါအဝင် သာသနိကအဆောက် အအုံများကို စစ်တပ်က ချက်ချင်းဖယ်ရှားခိုင်း စက်တင်ဘာလ ၉ ရက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက်နှင့် အခြားသာသနိကအဆောက်အအုံများကို စက်တင်ဘာလအတွင်း အပြီးဖယ်ရှားပေးရန် စစ်တပ်က အမိန့်ပေးနေကြောင်း ပြင်ဦးလွင်မြို့ရှိ စာသင်တိုက်ကျောင်းထိုင်ဆရာတော်တစ်ပါးက မိန့်ကြား သည်။ စက်တင်ဘာလဆန်းပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် စာသင်တိုက်များထံသို့ စီမံကိန်းဧရိယာအတွင်း ဆောက် လုပ်ထားခြင်းဖြစ်သဖြင့် ဖယ်ရှားရှင်းလင်းပေးရန် စစ်တပ်ကအကြောင်းကြားစာများ ပေးပို့လာခြင်းဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးက ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အကြောင်းကြားစာတစ်စောင်တွင် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်း မြေဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းအား စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင်းပေးရန် အမိန့်ပေးထားသည်။ “ဟုတ်တယ် ဒကာကြီး။ မြို့သစ်စီမံကိန်းဧရိယာ လယ်မြေတွေပေါ်မှာ ဘုန်းကြီးကျောင်းဆောက်ထားလို့ဆိုပြီး ဖယ်ရှားခိုင်းတာ။ သူတို့က အကြောင်းပြတာက ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်တဲ့ ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာ။ ဦးဇင်းတို့သိသလောက်တော့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ စာသင်တိုက် ၁၀၀ လောက်တော့ ရှိမယ်ထင်တယ်။ ဒီစက်တင်ဘာလကုန်အပြီး ဖယ်ပေးရမှာပါ” ဟု ပြင်ဦးလွင်ရှိ စာသင်တိုက်ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။ ပြင်ဦးလွင်မြို့မှ တောင်ပုလဆရာတော်ကလည်း ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် စာသင်တိုက်များကို ဖယ်ရှားပေးရန် သက်ဆိုင်ရာက အကြောင်းကြားစာများ ထုတ်ပြန်နေသည်မှာ မှန်ကန်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။ တောင်ပုလဆရာတော်၏ ပြောဆိုချက်အရ စီမံကိန်းဧရိယာအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားခံထားရသည့် သာသနိကအဆောက်အအုံများတွင် စာသင်တိုက်၊ ရိပ်သာ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ မျက်မမြင်ကျောင်းနှင့် ပရဟိတကျောင်းများ ပါဝင်ကြောင်း သိရသည်။ “ဆရာတော်တွေ၊ သီလရှင်တွေဆိုတာ ပရိယတ္တိနယ်ပယ်မှာ ဓမ္မစာပေကျမ်းဂန်တွေ တတ်ကျွမ်းကြတာပါ။ ဒကာ၊ ဒကာမတွေက မြေလှူပါတယ်ဆိုတော့ အလှူခံလိုက်တယ်။ ပြီးတော့ ကုသိုလ်ရှင်တွေက သဒ္ဓါတရားနဲ့ သိမ်တွေ၊ ကျောင်းတွေ၊ သာသနိကအဆောက်အအုံတွေ ဆောက်လုပ်ကြပြီး သာသနာရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေကြတာပါ” ဟု တောင်ပုလဆရာတော်က ရေးသားထားသည်။ စီမံကိန်းဧရိယာအတွင်း ကျရောက်နေသဖြင့် ဖယ်ရှားပေးရန် အကြောင်းကြားစာ ရရှိထားသည့် သာသနိကအဆောက်အအုံများမှာ မိမိတို့နည်းလမ်းဖြင့် ဖြေရှင်းရန် နည်းလမ်းမျိုးစုံ ရှာဖွေနေကြကြောင်းလည်း တောင်ပုလဆရာတော်က ဆိုထားသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

မင်းအောင်လှိုင်၏ သံခင်းတမန်ခင်း ပတ်စာခွာ ဖျာသိမ်းတော့မည် - ရှေ့ဘာဆက်လုပ်မည်နည်း ****** မင်းအောင်လှိုင်သည် ဟနွိုင် တွင် ဗီယက်န
မင်းအောင်လှိုင်၏ သံခင်းတမန်ခင်း ပတ်စာခွာ ဖျာသိမ်းတော့မည် - ရှေ့ဘာဆက်လုပ်မည်နည်း ****** မင်းအောင်လှိုင်သည် ဟနွိုင် တွင် ဗီယက်နမ်-မြန်မာ စီးပွားရေး ဖိုရမ် ဖြစ်မြောက်အောင် စီစဉ်ခဲ့ပြီး ၎င်း ကိုယ်တိုင် တက်ရောက်ခဲ့သော်ငြားလည်း မည်သို့သော ရင်းနှီး မြုပ်နှံမှု အသစ် ဟူ၍ တခုတလေမျှ ထွက်မလာဘဲ လက်ချည်း ဗလာ နှင့် တနင်္ဂနွေ့နေက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ၎င်း၏ အာဆီယံ ထိုးစစ် မစမီ ဒေါ်အောင် ဆန်းစုကြည်အား ထုတ်ပြပြီး ပျားရည် နှင့် ဝမ်းချခဲ့သည်၊ အာဆီယံ နိုင်ငံများကလည်း ထိုမျှ လောက်နှင့် ရပြီ ဆိုကာ လက်ခံခဲ့သည်၊ အာဆီယံ အဖွဲ့ကြီးသည် သဘောထား တူညီစွာ ရပ်တည် နိုင်စွမ်း မရှိသည့် အဖွဲ့ကြီး အဖြစ် ကမ္ဘာအလယ်တွင် ဗူးပေါ်သလို ပေါ်သွားခဲ့ခြင်းသာ အဖတ်တင်ခဲ့သည်။ မင်းအောင်လှိုင် အနေနှင့်လည်း ထိုကဲ့သို့ မီးရောက်အောက်တွင် နေခဲ့ရသည့် အချိန်ကလည်း ခဏတာ မျှသာ ဖြစ်သည်။ ၎င်း၏ ကမ္ဘောဒီယား ခရီးစဉ် အပြီးတွင် ပတ်စာခွာ ဖျာသိမ်းရတော့မည် ဖြစ်သည်။ ဤသည်ကလည်း ၎င်း၏ သံတမန် ထိုးစစ် ‌အရှိန်အဟုန်ကို စီးပွားရေး အကျိုးအမြတ်များအဖြစ်သို့ ပြောင်းလဲရန် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်သည်ကို သဘောပေါက်သွား လောက်ပြီ ဖြစ်သည်။ ရင်းနှီးမြုပ်နှံ မှု ဖြစ်လာအောင် ကလည်း တိုင်းပြည်တွင် အလုပ်လုပ် နိုင်သူ အင်အား မကျန်တော့၊ အရွယ်ရောက်သူ တိုင်း စစ်ထဲ ဆွဲသွင်းနေရ၍ စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်သည့် အလုပ်သမား အင်အား ဟူ၍ မယ်မယ်ရရ မရှိတော့သော တိုင်းပြည်သို့ ကိုယ်လူ ကိုယ်ခေါ်၍ လာလုပ်ရမလို ဖြစ်နေ၍ cheap labour ဆိုသည့် ဆွဲဆောင်မှုက အလိုလို နေရင်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ နည်းပညာမြင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်သွားခြင်း၊ လူငယ်များအပြင်သို့ မထွက်ရဲ လောက်‌ အောင် ဖြစ်လာ၍ ဝယ်လိုအား ဆုတ်ယုတ်ကာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ပျက်စီးခြင်း သို့ ဦးတည်လာနိုင်ပေသည်။ ပြည်တွင်းရှိ လူငယ်များ စစ်မှုထမ်းဥပဒေကို ရှောင်ကွင်းပြီး သင်္ဘောသားအလုပ်အကိုင် အကြောင်းပြကာ ပြည်ပသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေသည်ဟု ယူဆလာကာ ပိတ်ဆို့ဖြတ်တောက်လာပြန်သည်။ ၎င်း အနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဗျူဟာမြောက် ကူညီမှု ကိုသာ အဓိကအားကိုးရတော့မည် ဖြစ်သည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ ဆိုသည်ကလည်း တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများကို တရုတ်လုပ်သားများနှင့် နည်းပညာအကူအညီဖြင့် အရှိန်မြှင့်တင်ပြီး ဖြတ်သန်းခနှင့် အခွန်အခများမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ ရှာဖွေလာ ပေမည်။ ထိုင်း ဖက်က မျှော်လင့်၍ ရသည်က လည်း ပင်လယ်ပြင်တွင် သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည်၊ ထိုင်းသည် တနိုင်ငံလုံး မီးလင်းဖို့ သဘာဝ ဓါတ်ငွေ့ ၁၅ ရာနှုန်း ခန့်အား မြန်မာမှ အားကိုးအားထား ပြုနေရသည်။ ဇွန်လအတွင်း မင်းအောင်လှိုင် ဘီဂျင်းသို့ ရောက်ခဲ့စဉ်က လက်ရှိ ဘာမှ ပြန်မစနိုင်သေးဘဲ ရပ်တန့်နေခဲ့သည့် မီးရထားလမ်းနှင့် ကားလမ်းများအပါအဝင် CMEC (တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ) စီမံကိန်းများကို တရုတ်နိုင်ငံအနေဖြင့် ပြန်လည်အသက်သွင်း နိုင်ရန် အလွန်အမင်း မျှော်လင့်နေကြောင်း ၎င်းအား ပြောကြားခဲ့သည်ဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။ ထို့အတွက် CMEC ကို အဆင်ပြေချောမွေ့စေရန်အတွက် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ပြ နေကြရသည်။ ၎င်းအပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တလျှောက်အပြင် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း အဓိကထိုးစစ်များကို စတင်လုပ်ဆောင်နေသည်။ ထိုးစစ်များဟု ခေါင်းစဉ် တပ်ထားသော်လည်း လေကြောင်းမှ ဗုံးကြဲ နေမှု ကို ဖယ်ထားမည် ဆိုလျင် အဓိကအားဖြင့် ‌စစ်တွေ နှင့် ကျောက်ဖြူတဝိုက်ရှိ အာရက္ခ တပ်များကို တွန်းလှန်နေခြင်းသာ ဖြစ်သည်။ စက်တင်ဘာ ၄ ရက်တွင် စစ်တွေ တွင် တပ်အင်အား ဖြည့်တင်းပြီး ပုဏ္ဍားကျွန်း ကို အင်အား။၁,၀၀၀ ခန့် ဖြင့် ထိုးစစ်ဆင်လာသော စစ်အုပ်စု တပ်များသည် အကျအဆုံးများစွာ ဖြင့် တပ်လန်သွားသည်ဟု ဒေသ သတင်းအရင်းအမြစ်များအား ကိုကား၍ ဒီဗီဘီ တွင် ဖေါ်ပြထားသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

မင်္ဂလာနံနက်ခင်းပါ.... ကျန်းမာရွှင်လန်းကြပါစေ.... ပူပင်သောကတွေ ကင်းဝေးပီး ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်လေး ဖြစ်ပါစေ.... စိတ်ဆ
မင်္ဂလာနံနက်ခင်းပါ.... ကျန်းမာရွှင်လန်းကြပါစေ.... ပူပင်သောကတွေ ကင်းဝေးပီး ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်လေး ဖြစ်ပါစေ.... စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ ရွက်ဆောင်နိုင်ကြပါစေ.... ဘေးရန် ရောဂါ ကင်းစင်ကွာ၍ လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ.... Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏 #HlaingInfo

ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသာ
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။ မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ Good night ပါခင်ဗျာ။ #HlaingInfo

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၈ ရက်နေ့ ရရှိထားသော အချက်
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၈ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KTM #HlaingInfo

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ကန့်ကွက် စက်တင်ဘာလ ၈ ရက် ချင
ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ကန့်ကွက် စက်တင်ဘာလ ၈ ရက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) မှ ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း Global Khumi Organization (GKO) က ကန့်ကွက်ရှုံ့ချကြောင်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ULA/AA မှ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ယခုကဲ့သို့ ပညာရေးသင်ရိုးများကို စတင် ပြဋ္ဌာန်းလာခြင်း ဖြစ်သည်။ "လက်ရှိမှာ AA က ပလက်ဝမြို့နယ်အတွင်းက အခြေခံပညာရေးကျောင်းတွေမှာ ရခိုင်ဘာသာစကား သင်ရိုးညွှန်းတမ်တခုအနေနဲ့ ထည့်သွင်းတယ်။ ဒေသခံတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာမျိုးမရှိဘူး။ရခိုင်ဘာသာစကားနဲ့ အတင်းအကျပ် သင်ကြားစေနေတာ ဖြစ်ပါတယ်"ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ ရခိုင်ဘာသာစကားဖြင့် ပညာရေးသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းသင်ကြားခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူမီးလူမျိုးများနှင့် အခြားတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး ယခုဆောင်ရွက်မှုသည် ဒေသတွင်း တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း GKO က ထောက်ပြထားသည်။ "ကိုယ့်ဘာသာစကားကို ကာကွယ်ပိုင်ခွင့် ရှိသလို အခြားလူမျိုးစုတွေရဲ့ အချုပ်အခြာနဲ့ ကိုယ်ပိုင်လက္ခဏာကို အဓမ္မလွှမ်းမိုးဖို့ ကြိုးစားတာဟာ တန်းတူရေးကို တိုက်ရိုက်ဆန့်ကျင်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ဒါကြောင့် ပလက်ဝမြို့နယ်မှာ ရခိုင်စာ အတင်းအကျပ် သင်ခိုင်းနေတာကို ကျတော်တို့ လက်ခံနိုင်စရာ မရှိပါဘူး"ဟု GKO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒေသခံပြည်သူ အများစု၏ ဆန္ဒမပါဘဲ မိမိတို့အလိုကျ အတင်းအကျပ် လုပ်ဆောင်မှုများသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အဆိုပါလုပ်ရပ်ကို GKO က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။ #AYAT #HlaingInfo

SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးယူနစ် တို့ပါဝင်လာ စက်တင်ဘာလ ၈ ရက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထော
SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးယူနစ် တို့ပါဝင်လာ စက်တင်ဘာလ ၈ ရက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှာ အဖွဲ့ဝင်အသစ်တွေ အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ် တို့ ပါဝင်လာပြီဖြစ်တယ် လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်အသစ်တွေကို အတည်ပြုခဲ့ ကြတာပါ။ အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက် ထားရှိမှုတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF ရဲ့ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြပြီး သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ မူလက KIO ၊ KNU ၊ CNF ၊ KNPP ၊ CRPH နဲ့ NUG တို့ ၆ ဖွဲ့ရှိခဲ့ရာ အခု ၃ဖွဲ့ထပ်မံဝင်ရောက်လာတဲ့အတွက် ၉ ဖွဲ့အထိ ရှိသွားပြီလည်းဖြစ်ပါတယ်။ #PVTV #HlaingInfo

ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အကြိမ်ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ
ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အကြိမ်ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိ စက်တင်ဘာလ ၈ ရက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူး၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ကမမောင်းဒေသဘက်မှတစ်ဆင့် ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို KNU/KNLA/KNDO နှင့် နဂါးနက်စစ်ကြောင်း အပါအဝင် မဟာမိတ် တပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် လေကြောင်း ပစ်ကူများနှင့် လက်နက်ကြီး ပစ်ကူများကို အပြင်းအထန် အသုံးပြုကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။ "စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာကတော့ ကြာပါပြီ။ စစ်ကောင်စီဘက်ကတော့ အင်အား အရမ်းသုံးလာတာပါ။ တခြား စစ်ကူတပ်တွေ၊ လေယာဉ်တွေ၊ လက်နက်ကြီး ပစ်ကူတွေပါ အလုံးအရင်း သုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးလာလိုက် ကျွန်ုပ်တို့ဘက်က ခုခံတိုက်ခိုက်လိုက်နဲ့ ခဏခဏ တပ်က လန့်ကျပြီး ပြန်ဆုတ်သွားလိုက်၊ ပြန်တက်လာလိုက် လုပ်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတာ ရှိပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ ၁၀၀ ကျော်လောက် ရှိနေပါပြီ။ သူတို့က ဖာပွန်ထဲကို ပြန်ထိန်းချုပ်ဖို့ လုပ်နေတာပါ" ဟု နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကတိုင်တိကျေးရွာနှင့် မင်းပုလဲကျေးရွာတို့၌ အထိုင်ချ တပ်စွဲထားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။ #KTM #HlaingInfo

မကွေးတိုင်းက စစ်မှုထမ်းတွေကို နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေမှုတွေ ရှိနေ စက်တင်ဘာလ ၈ ရက် မကွေးတိုင်းမှာ စစ်မှုထမ်
မကွေးတိုင်းက စစ်မှုထမ်းတွေကို နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေမှုတွေ ရှိနေ စက်တင်ဘာလ ၈ ရက် မကွေးတိုင်းမှာ စစ်မှုထမ်းတွေကို သင်တန်းကျောင်း မပို့ဘဲ နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေဖို့​ လုပ်ဆောင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သင်တန်းအပြီး ရှေ့တန်း ပို့ခံရမှာစိုးရိမ်တာကြောင့် မိသားစုနဲ့ငွေကြေးညှိနှိုင်းတာ ဒါမှမဟုတ် နယ်မြေတပ်စခန်းတွေမှာပဲ သင်တန်းပေးပြီး စခန်းစောင့်ထားတာတွေရှိတယ်လို့ သိရပါတယ်။ "တချို့က ပထမအကြိမ် စစ်မှုထမ်းစာရင်းပါလို့ ငွေကြေးနဲ့ညှိပြီးလွတ်ပြီးသားတွေ၊ နောက်တစ်ခေါက် ပြန်စစ်မှုထမ်း အဖမ်းခံရတော့ အထက်နဲ့ညှိမရဘဲ န​ယ်မြေစခန်းနဲ့ပဲ ညှိပြီး ဝက်စာကျွေးတာ၊ စိုက်ပျိုးရေး လုပ်တာစတာတွေမှာ ခိုင်းတာပေါ့။"လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီလိုမျိုး လုပ်ကိုင်နေရသူတွေ အများစုဟာ အုပ်ချုပ်ရေးမှုး၊ ဒါမှမဟုတ် စစ်တပ်လက်အောက်ခံစစ်သားတွေနဲ့ ဆွေမျိုးနီးစပ်သူတွေဖြစ်ပြီး စစ်မှုထမ်းစာရင်းဝင်တယ်လို့ သိရပါတယ်။ စစ်မှုထမ်းသက်တမ်း ကြာမြင့်တဲ့အချိန်ထိ သက်ဆိုင်ရာနယ်မြေတပ်စခန်းမှာ လုပ်ကိုင်နေရမှာဖြစ်ပြီး အဲဒီ အချိန်ပြည့်ချိန်မှာ မိသားစုထံပြန်လို့ရတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေတပ်စခန်းတွေကနေ အဲဒီလိုမျိုး ညှိနှိုင်းလုပ်ဆောင်မှုတွေရှိနေပေမဲ့လည်း ထွက်ပြေးနေသူတွေလည်းရှိနေတ​ယ်လို့ သိရပါတယ်။ "ရွာက ကလေးက စက်ပစ္စည်း နည်းနည်း ပြင်တတ်တယ်။ သူ့ဦးလေးတွေကလည်း စစ်တပ်ကပဲ။ အဲဒီအဖမ်းခံရတဲ့တပ်ထဲမှာပဲ စက်ပစ္စည်းတွေ၊ ကားတွေတောက်တိုမယ်ရ ပြင်ပေးပြီးနေတာ။ နောက်တော့ထွက်ပြေးတယ်လို့ သိရတယ်။"လို့ စကုမြို့နယ်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မကွေးတိုင်းက စစ်မှုထမ်းစာရင်းပါသူတွေနဲ့ ပေါ်တာဆွဲခံရသူတွေကို တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းသင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းတွေကို ရခိုင်ပြည်နယ်ရှေ့တန်းကိုပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ #TLT #HlaingInfo

ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖ
ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစား စက်တင်ဘာလ ၈ ရက် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေတွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝက်ထီးကန်၊ အရှေ့ဈေး၊ ထန်းကုန်းရပ်ကွက်ရှိ ကွမ်းယာဆိုင်တွင် ရောက်ရှိနေသောအသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ဝက်ထီးကန်ရဲစခန်းမှ ရဲများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသော လူငယ်သည် ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ဝက်ထီးကန်ရဲစခန်းသို့ ခေါ်ဆောင်လာပြီးနောက် ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းရှိ စစ်မှုထမ်း လူသစ်စုဆောင်းရာ နေရာကို ရဲများက သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် မိသားစုဝင်များက ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းသို့ သွားရောက်၍  မောင်စောတင်မိုးသည် အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ကြောင်း ပြောဆိုကာ ပြန်လည်ရွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့သို့ ရွေးထုတ်နိုင်ခဲ့သော်လည်း ဩဂုတ်လ ၂၈ ရက်နေ့တွင် ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းရှိ ကွပ်သစ်မှ ပျူစောထီး ကိုလတ် နှင့် ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးတို့ ပူးပေါင်းကာ မောင်စောတင်မိုးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးပြီး မကွေးတိုင်းဘက်သို့ စစ်မှုထမ်း တပ်သားသစ် အဖြစ် ရောင်းစားလိုက်ကြောင်း သိရှိရသည်။ ထိုသို့ ပျူစောထီးများ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် လက်ရှိချိန်ထိ မိသားစုဝင်များနှင့်  မောင်စောတင်မိုးတို့ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။ "မောင်စောတင်မိုးက ပြည်မြို့နယ် ဝက်ထီးကန် အရှေ့စျေးက နှောကန်အုပ်စုထန်းကုန်းရပ်ကွက်မှာ နေထိုင်တာ အသက်က ၁၇ နှစ်ပဲရှိသေးတယ်။ ပထမအကြိမ် အဖမ်းခံရက ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းခံရတာ ဝက်ထီးကန် အရှေ့စျေး ကွမ်းဆိုင်မှာ အဖမ်းခံရတာ အဲတာက ဝက်ထီးကန်ရဲစခန်းက ဖမ်းတာ မိသားစုဝင်တွေက အသက်မပြည့်သေးဘူးဆိုပြီး လိုက်ထုတ်လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီး သိပ်မကြာဘူး။ ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းမှာ ကွပ်သစ်က ပျူစောထီး ကိုလတ်နဲ့ ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးနှင့်ပူးပေါင်းပြီး မောင်စောတင်မိုးကို ထပ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။  ယခုလ ပထမပတ်ထဲမှာပဲ နယ်ကျော်ပြီး မကွေးတိုင်းဘက်ကို စစ်မှုထမ်းဖို့ ထပ်ရောင်းစားလိုက်တယ်လို့သိရတယ်။ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ #KTM #HlaingInfo

ငါန်းဇွန်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး စက
ငါန်းဇွန်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ငါန်းဇွန်-မြို့သာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းက စက်တင်ဘာလ ၆ ရက်နေ့တွင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ယင်းနေ့တွင် မြောက်ကျင်းရွာနှင့် ကျေးရွာ အနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သားကျင်ကျေးရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အဆောက်အဦးများနှင့် စေတီများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။ "ငါန်းဇွန်-မြို့သာ လမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပြီး ၆ ရက်နေ့မှာ စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ စစ်ကြောင်းထိုးပြီး ၂ ရက်ဆက် ဗုံးကျဲတာ ၆ ရက်နေ့က ဒရုန်းနဲ့ ကျဲတာ အဲ့မှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ပြီး သံဃာတော်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာ ၇ ရက်နေ့က လေယာဉ်နဲ့ ကျဲတာ အဲတာကတော့ အဆောက်အဦးနဲ့ စေတီတွေလောက်ပဲ ထိခိုက်ပျက်စီးတယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော ပါရာမော်တာ ၂ စီးနှင့် ဂျိုင်ရိုကော်ပတာ ၃ စီးတို့ဖြင့် ချောင်းဦးမြို့နယ် အရှေ့တောင်ဘက်ခြမ်းနှင့် အနောက်မြောက်ခြမ်းတို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်များ ပျက်စီးခြင်းမျိုး မရှိကြောင်း သိရှိရသည်။ "စခတွေ ပါရာမော်တာ ၂ စီးနဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုး မရှိဘူးလို့ သိရတယ်။ အရှေ့တောင်ဘက်ခြမ်းနဲ့ အနောက်မြောက်ခြမ်း တောထဲကို ကျဲသွားတာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ - မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo