en
Feedback
Hlaing Info

Hlaing Info

Open in Telegram

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info

Show more

📈 Analytical overview of Telegram channel Hlaing Info

Channel Hlaing Info (@infohlaing) in the Burmese language segment is an active participant. Currently, the community unites 49 414 subscribers, ranking 5 311 in the News & Media category and 2 943 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 49 414 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 064 over the last 30 days and by -64 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.83%. Within the first 24 hours after publication, content typically collects 5.09% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 880 views. Within the first day, a publication typically gains 2 518 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 68.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info”

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

49 414
Subscribers
-6424 hours
-2307 days
-1 06430 days
Posts Archive
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်မည့် မူးယစ်ဆေးဝါး ဆေးပြား ၂ သောင်းနှင့် ဒီဇယ်အင်ဂျင်များ
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်မည့် မူးယစ်ဆေးဝါး ဆေးပြား ၂ သောင်းနှင့် ဒီဇယ်အင်ဂျင်များ ဖမ်းဆီးရမိ စက်တင်ဘာ ၈ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒေသတွင် မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည့် ယာဘ မူးယစ်ဆေးဝါး ဆေးပြား ၂၀,၀၀၀ နှင့် ဒီဇယ်အင်ဂျင် ၅ လုံးအပါအဝင် ဆက်စပ်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က သီးခြားစစ်ဆင်ရေး ၂ ကြိမ်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ မီဒီယာတာဝန်ခံ ဒုတိယတပ်မှူး Sabbir Alam Sujon က ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပထမဖြစ်စဉ်မှာ လျှို့ဝှက်သတင်းပေးချက်အရ Teknaf ကမ်းခြေစောင့်စခန်းမှ တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် Teknaf ရဲစခန်းနယ်မြေအတွင်းရှိ နတ်မြစ်၊ Nazirpara အနီးတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ငါးဖမ်းပိုက်အမှတ်အသားနှင့် ချည်နှောင်ထားသည့် ရေပေါ်မျောနေသော အဖြူရောင်အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအထုပ်အတွင်းမှ ယာဘားဆေးပြား ၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၁ ကုဋေခန့် တန်ဖိုးရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောဆိုသည်။ ထို့အပြင် ဒုတိယစစ်ဆင်ရေးအဖြစ် စက်တင်ဘာလ ၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် Cox's Bazar ကမ်းခြေစောင့်စခန်းနှင့် Maheshkhali ကမ်းခြေစောင့်စခန်းတို့မှ ပူးပေါင်းတပ်ဖွဲ့က Maheshkhali ရဲစခန်းနယ်မြေအတွင်း Cheradweep ကျွန်းအနီး ပင်လယ်ပြင်တွင် သံသယဖြစ်ဖွယ် ငါးဖမ်းလှေတစ်စီးကို ကြားဖြတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ လှေကို စစ်ဆေးရာမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် မှောင်ခိုတင်ပို့ရန် သယ်ဆောင်လာသည့် ဆလင်ဒါတစ်လုံးတပ် ဒီဇယ်အင်ဂျင် ၅ လုံးနှင့် ဆက်စပ်စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် အင်ဂျင်နှင့် ပစ္စည်းများ၏ တန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၇ ဒသမ ၁ သိန်းခန့်ရှိကြောင်း သိရသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ကင်းလှည့်ရေယာဉ်များ ချဉ်းကပ်လာချိန်တွင် မှောင်ခိုသမားများမှာ ပင်လယ်ထဲသို့ ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိသည့် ယာဘားဆေးပြားများ၊ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည့် စက်ပစ္စည်းများနှင့် ငါးဖမ်းလှေတို့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ #KTM #HlaingInfo

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုလှုပ်ရှားမှု
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုလှုပ်ရှားမှု စတင်၊ အွန်လိုင်းမှ ပြည်သူများပါဝင်နိုင်ကြောင်း ဖိတ်ခေါ် စက်တင်ဘာ ၈ ရက် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်တွင် မြန်မာပြည်သူများ၏ အသံကို ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် အွန်လိုင်းမှ လူထုထောက်ခံမှု လှုပ်ရှားမှုတစ်ရပ်ကို People Movement Platform - Myanmar က စတင်ဆောင်ရွက်နေကြောင်း သိရသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂစင်မြင့်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုကာ စစ်အာဏာရှင်စနစ်၏ အခြေအနေများနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နိုင်ငံတကာအသိုင်းအဝိုင်း သိရှိနိုင်ရေး ဆက်လက်ပြောဆို တိုက်ပွဲဝင်လျက်ရှိသည်။ လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်နေရာကို ရယူနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေး ပြည်သူလူထု၏ ထောက်ခံမှု လိုအပ်နေကြောင်း People Movement Platform - Myanmar က ပြောဆိုသည်။ “ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်ညာဝါဒဖြန့်မှုတွေ နေရာမရစေဘဲ ပြည်သူ့အသံအစစ်အမှန်ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေနိုင်ဖို့အတွက် လူတစ်ဦးချင်းစီတိုင်းရဲ့ ထောက်ခံပံ့ပိုးမှုတွေ လိုအပ်နေပါတယ်” ဟု People Movement Platform - Myanmar က တိုက်တွန်းထားသည်။ အဆိုပါ လူထုလှုပ်ရှားမှုတွင် ပါဝင်လိုသူများအနေဖြင့် https://our-ambassador-our-voice.vercel.app/ သို့ ဝင်ရောက်ကာ အွန်လိုင်းမှ ထောက်ခံနိုင်ကြောင်း သိရသည်။ လှုပ်ရှားမှုတွင် ပါဝင်ရန် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး “I SUPPORT” ကို နှိပ်ကာ ထောက်ခံရသည့် အကြောင်းရင်းနှင့် အမည်ကို ရေးသားနိုင်ပြီး မရေးသားလိုပါကလည်း ကျော်သွားနိုင်ကြောင်း၊ ထို့နောက် “Add My Support” ကို နှိပ်၍ “Thank You. Your support has been counted.” ဟူသည့် အတည်ပြုစာတမ်း ပေါ်လာပါက ထောက်ခံမှုကို မှတ်တမ်းတင်ပြီးဖြစ်ကြောင်း သိရသည်။ People Movement Platform - Myanmar က ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေခြင်းသည် မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက အမှန်တကယ် ကြားသိနိုင်ရေးအတွက် အရေးပါကြောင်း ပြောဆိုထားသည်။ အကြမ်းဖက်စစ်အုပ်စုက အဆိုပါ ကိုယ်စားလှယ်နေရာကို ရယူသွားနိုင်ပါက မြန်မာပြည်သူများ၏ အမှန်တကယ်အသံ ကုလသမဂ္ဂစင်မြင့်တွင် အားနည်းသွားနိုင်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုများအတွက် နေရာပိုမိုရရှိသွားနိုင်ကြောင်းလည်း လှုပ်ရှားမှုဦးဆောင်သူများက စိုးရိမ်ထောက်ပြထားသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့် ကုလသမဂ္ဂစင်မြင့်ပေါ်မှ မြန်မာပြည်သူများ၏ အသံကို ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ သံတမန်ရေးတိုက်ပွဲတွင် ပါဝင်ထောက်ခံကြရန် People Movement Platform - Myanmar က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။ #KTM #HlaingInfo

ရန်ကုန်တွင် တစ်ပတ်အတွင်း မြို့နယ် ၁၀ ခု၌ ပြည်သူ ၃၅ ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရ၊ ၃၂ ဦးမှာ လမ်းမပေါ်တွင် အဓမ္မ ဖမ်းဆီးခံရသူများဖ
ရန်ကုန်တွင် တစ်ပတ်အတွင်း မြို့နယ် ၁၀ ခု၌ ပြည်သူ ၃၅ ဦး စစ်တပ်၏  ဖမ်းဆီးခြင်းခံရ၊ ၃၂ ဦးမှာ လမ်းမပေါ်တွင် အဓမ္မ ဖမ်းဆီးခံရသူများဖြစ် စက်တင်ဘာ ၈ ရက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၀ ခုတွင် စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိ တစ်ပတ်တာ ကာလအတွင်း ပြည်သူ ၃၅ ဦးထက်မနည်း ရွေးတုအစိုးရစစ်တပ်၏ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ယခု စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်တပ်၏ မတရား ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်သာယာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဒဂုံနှင့် လသာ မြို့နယ်တို့တွင်  ဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရသူ ၃၅ ဦးအနက် ၃၂ ဦးမှာ ကားလမ်းမပေါ်တွင် သွားလာနေစဉ်နှင့် လမ်းဘေးတွင် ရှိနေစဉ် အကြောင်းမဲ့ အဓမ္မ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် သုံး ဦးမှာမူ ၎င်းတို့၏ နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အခြေအနေများကို စောင့်ကြည့်နေ သည့် Rangoon Scout Network ထံမှ သိရသည်။ ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ ၆ ရက်အတွင်း ရန်ကုန်ရှိ  အဆိုပါ မြို့နယ်များတွင် လုံခြုံရေးအကြောင်းပြ၍ စစ်ဆေးမေးမြန်းမှုများ တင်းကျပ်စွာ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှုများနှင့် နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီး မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ပုံစာ-အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်တွင် အရန်မီးသတ်အရာရှိ က လူငယ်များကို ထိပ်တုံးခတ် ဖမ်းဆီးထားစဉ်။ #AYAT #HlaingInfo

မြဝတီမြို့နယ်၊ စစ်ဘေးရှောင်စခန်းအနီးသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂
မြဝတီမြို့နယ်၊ စစ်ဘေးရှောင်စခန်းအနီးသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံး စက်တင်ဘာ ၈ ရက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ တလောတပို့ စစ်ဘေးရှောင်စခန်းအနီးကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တလောတပို့ စစ်ဘေးရှောင်စခန်းအနီးရှိ လမ်းမတန်းပေါ်သို့ ဒရုန်းအသုံးပြု၍ ဗုံးများကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် ဒရုန်းဗုံးကျဲတိုက်ခိုက်မှုအတွင်း ဗုံးမှာ လမ်းမတန်းဘေးရှိ နေအိမ်တစ်လုံးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လည်ပင်းတွင် ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် နေအိမ်အတွင်းမှ ပစ္စည်းများ ပြန်လည်ယူဆောင်ရန် သွားရောက်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးကို ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပေးခဲ့သော်လည်း ဒဏ်ရာများပြင်းထန်မှုကြောင့် ယင်းနေ့ ည ၇ နာရီခန့်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand ထံမှ သိရှိရသည်။ Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုသည်။ “လက်နက်ကိုင်ပဋိပက္ခမှာ တိုက်ရိုက်မပါဝင်တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်။ စစ်အုပ်စုက ဒီလိုရာဇဝတ်မှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတာကို နေ့တိုင်းနီးပါး တွေ့မြင်နေရတယ်။ အခုဖြစ်စဉ်ကလည်း စစ်ရာဇဝတ်မှုတစ်ခု ထပ်တိုးလာတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် တလောတပို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုအရ စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း၊ စစ်ဘေးရှောင်အရပ်သားများကို သေဆုံးစေသည့် ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ၎င်းက ဆိုသည်။ တလောတပို့ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၄,၅၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။ မင်းလက်ပံ၊ မဲထော်သလေး၊ လေးကေ့ကော်အပါအဝင် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံများသည် တိုက်ပွဲများနှင့် စစ်တပ်၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာကာ ယင်းစခန်းသို့ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ သို့သော် စစ်ဘေးရှောင်များ ခိုလှုံနေသည့် တလောတပို့စခန်းနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဒရုန်းများနှင့် လက်နက်ကြီးများအသုံးပြု၍ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေသဖြင့် စစ်ရှောင်အရပ်သားများ၏ အသက်အန္တရာယ်မှာ အချိန်နှင့်အမျှ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း သိရသည်။ “ဒီမိသားစုတွေက အသက်ဘေးက လွတ်မြောက်ဖို့ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်လာကြတာဖြစ်တယ်။ ဒါပေမယ့် သူတို့ခိုလှုံနေတဲ့နေရာတွေကိုပါ ဗုံးကျဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ထပ်တလဲလဲ ဖြစ်နေတယ်။ အသက်ဘေးလွတ်ဖို့ ထွက်ပြေးလာတဲ့သူတွေ ထပ်မံအသက်ဆုံးရှုံးနေရတာဟာ အလွန်ရက်စက်တဲ့အခြေအနေတစ်ခုကို တွန်းပို့နေတာဖြစ်တယ်” ဟု Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူက ပြောသည်။ ၎င်းက စစ်အုပ်စုအနေဖြင့် အရပ်သားများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပြီး၊ မြေပြင်ရှိ စစ်ဘေးရှောင်များအတွက် လုံခြုံသည့်ခိုလှုံရာနေရာများ၊ ဆေးကုသမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းလည်း ပြောဆိုသည်။ ထို့အပြင် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုရရှိစေရန်နှင့် ဖြစ်စဉ်များကို မှတ်တမ်းတင်ရုံသာမက အနာဂတ်တွင် ကျူးလွန်သူများ တာဝန်ခံမှုရှိလာစေရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ အလားတူ ယခုနှစ် မတ်လ ၁၄ ရက်နေ့ကလည်း တလောတပို့ စစ်ဘေးရှောင်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

NLD အစိုးရလက်ထက်တွင် ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ် အုပ်ချုပ်နေခြင်းက အန္တရာယ်ကြီးဟု ပြောဆိုခဲ့သော မင်းအောင်
NLD အစိုးရလက်ထက်တွင် ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ် အုပ်ချုပ်နေခြင်းက အန္တရာယ်ကြီးဟု ပြောဆိုခဲ့သော မင်းအောင်လှိုင်က သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး  ထပ်မံ ခေါ်ယူရန် လေသံပင်မဟတော့ဟုဆို စက်တင်ဘာလ ၈  ရက် NLD အစိုးရလက်ထက်တွင် နိုင်ငံတော်ကို ကာ/လုံမခေါ်ဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးဟုပြောဆိုခဲ့သော မင်းအောင်လှိုင်က သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး  ထပ်မံခေါ်ယူခြင်းမပြုတော့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ သမ္မတရာထူးကို အတင်းအကျပ် လုယူပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကာလုံအစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် ၅ လကြာလာချိန်တွင် ကာလုံအစည်းအဝေး ခေါ်ယူရန် ထပ်မံပြောဆိုခြင်းမရှိတော့သကဲ့သို့ စစ်တပ်၏ စီမံခံခန့်ခွဲရေး အပါအဝင် နိုင်ငံ၏ ကိစ္စရပ်များအားလုံးကို သူနှင့် သူလွှဲအပ်ထားသော လူယုံအဖွဲ့များကသာ သူ၏တစ်ဦးတည်း သဘောထားကိုလိုက်၍ ဆုံးဖြတ်လုပ်ကိုင်နေကြောင်း  ပြောဆိုသည်။ "ကာလုံအစည်းအဝေးကို လစဉ် တစ်ကြိမ် အနည်းဆုံး ခေါ်ဖို့ သူတပ်ချုပ်ဖြစ်တုန်းက ပြောခဲ့တာရှိတယ်။ သမ္မတရာထူးယူပြီးတော့ တစ်ကြိမ်ပဲ ကာ/လုံအစည်းအဝေးခေါ်တယ်။ အခုတော့ ကာ/လုံအစည်းအဝေးခေါ်ဖို့ ပြောတာလည်းမရှိတော့သလို ကာ/လုံအစည်းအဝေး လုပ်တာလည်း မရှိတော့ဘူး။ ကာ/လုံအစည်းအဝေး ခေါ်ဖို့ ပြောသံတောင် မကြားရတော့ပါဘူး။ တပ်မတော်နဲ့ပတ်သက်တဲ့ စစ်ဆင်ရေးနဲ့ စီမံခန့်ခွဲရေးတွေကတော့ သူ့(မင်းအောင်လှိုင်) ဆီကို တပ်ချုပ်က အပတ်စဉ်တိုက်ရိုက် လာပြီး အသိပေး တင်ပြရတာရှိတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။  NLD အစိုးရလက်ထက်  ၂၀၂၀ ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားသတင်း မီဒီယာတစ်ခုနှင့် တွေ့ဆုံစဉ်  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)သည် နိုင်ငံတော်၏ အသက်ဝိဉာဉ်ဖြစ်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးကြောင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ရန် အလှမ်းဝေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ “ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ် ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံ တော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာ ခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ် ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်း သာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာ ကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်” ဟု အကြမ်းဖက် မင်းအောင် လှိုင်က ရုရှားမီဒီယာတစ်ခုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ လက်ရှိ အကြမ်းဖက် မင်းအောင်လှိုင်ဖွဲ့စည်းထားသော ကာ/လုံကောင်စီတွင် ညိုစော၊ နန်းနီနီအေး၊ ခင်ရီ၊ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ကျော်စွာလင်း၊ထွန်းအောင်၊ တင်မောင်ဆွေ၊ ညွန့်ဝင်းဆွေ၊ ဖုန်းမြတ်တို့ ပါဝင်သည်။ #KTM #HlaingInfo

ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာအနီးတွင် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး-ပါရာမော်တာ ၁ စီး ပျက်ကျပြီး စစ်သား ၁ ဦး သေဆုံး
ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာအနီးတွင် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး-ပါရာမော်တာ ၁ စီး ပျက်ကျပြီး စစ်သား ၁ ဦး သေဆုံး ​စက်တင်ဘာလ ၈ ရက် ​မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာအနီးတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) တပ် မှ တက်လာသော ပါရာမော်တာ ၁ စီး ပျက်ကျခဲ့ရာ စစ်သား  ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ​ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့  ကပစ ၂​၂ မှ ပျံတက်လာသည့်  စက်တပ်လေထီး- ပါရာမော်တာ ၁ စီးသည် ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းကျေးရွာ ရှားတောနဲ့ မုန်တိုင်းချောင်းအနီးတွင် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပါရာမော်တာ မောင်းနှင်သူ စစ်သား  ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။ "ကပစ (၂၂) ကနေ တက်လာတဲ့ ပါရာမော်တာ တစ်စီးလို့ သိရတယ်။ ပျက်ကျတာက ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းကျေးရွာ ရှားတောနဲ့ မုန်တိုင်းချောင်းအနီးမှာပျက်ကျတာပါ။ အဲဒီပါရာမော်တာက လေ ကြောင်းကနေ တိုက်ခိုက်ပြီးအပြန်မှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်သား  ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ ၂၀၂၅ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ပခုက္ကူမြို့နယ် တပ်မ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ် ၏ စက်တပ် လေထီး ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ၁ စီးမှာ ကျည်ထိမှန်ပြီး စက်ချို့ယွင်းကာ ပျက်ကျခဲ့ဖူးသည်။ ထို့အတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အစပ်တွင် ပြည်သူကို ဗုံးကြဲသတ်နေသည့် စစ်အုပ်စု၏စက်တပ်လေထီးတစ်စင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့ ပစ်ချခဲ့ဖူးသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM #HlaingInfo

နေပြည်တော်မှ ကားအငှား ဝန်ဆောင်မှုပေးသူ ကိုဝင်းကိုအား ပစ်သတ်သွားသူမှာ နေပြည်တော်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင်ဖြစ်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ခဲ့ စက်တင်ဘာလ ၈ ရက် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်မှ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ ကိုဝင်းကိုအား သတ်ဖြတ်ပြီး မော်တော်ယာဉ်ကို လုယူသွားခဲ့သူမှာ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင်ဖြစ်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာတွင် နေထိုင်ကာ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုသည် နေပြည် တော်မှ မိတ္ထီလာမြို့သို့ သွားရောက်ရန် ကားငှားရမ်းသူ ရဲအရာရှိ ရဲရင့်အောင်ကို တင် ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရဲအရာရှိ ရဲရင့်အောင်က နေပြည်တော် မြို့မစျေးမှ အငှားမော်တော်ယာဉ်ကို ငွေကျပ် ၄ သိန်းဖြင့် ငှားရမ်းခဲ့ပြီး မိတ္ထီလာမြို့တွင်ရှိသော ချစ်သူထံ သွား ရောက် ရန်ဟုဆိုကာ ကိုဝင်းကို၏ ကားကို ငှား ရမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် တစ်နေရာအရောက်တွင် ကားငှားရမ်းစီးနင်းလာသူက ကိုဝင်းကိုအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းကို လမ်းဘေးသို့ စွန့်ပစ်ခဲ့ကာ ကိုဝင်းကို၏ မော်တော် ယာဉ်ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကိုဝင်းကို၏ မိသားစုဝင်များက ၎င်း၏ ဖုန်းသို့ ဆက်သွယ်ခဲ့ရာ ကိုဝင်းကိုကိုယ်တိုင် ဖုန်းကိုင်ခြင်းမဟုတ်ဘဲ အခြားအမျိုးသားတစ်ဦးက ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း သိရှိရသည်။ ဖုန်းကိုင်ခဲ့သည့် အမျိုးသားက လက်ရှိတွင် မိတ္ထီလာမြို့သို့ ရောက်ရှိနေပြီး ကားဆရာမှာ အပြင်သို့ ခေတ္တ သွားနေသဖြင့် မိမိက ဖုန်းကိုင်လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံ ပြောဆိုခဲ့သည်ဟု သိရသည်။ ယင်းနောက် ကိုဝင်းကို၏ မိသားစုဝင်များက စိုးရိမ်သဖြင့် ဖုန်းသို့ ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေစဉ် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် နွားကျောင်းသားတစ်ဦးက နွားသိမ်းအပြန် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီးတွင် လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး ရာအိမ်မှူးမှတစ်ဆင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ကိုဝင်းကို၏ အလောင်းကို နေပြည်တော်မှ မန္တလေးဘက်သို့ အသွားလမ်းအခြမ်းရှိ အမြန်လမ်းဘေးမှ ပေ ၃၀၀ ခန့်အကွာတွင် ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။ အလောင်းတွင် ဦးခေါင်းပိုင်း၌ ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့က အလောင်း၏ ဓာတ်ပုံနှင့် အချက်အလက်များကို နေပြည်တော်ရှိ မိသားစုဝင်များထံ ပြသစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုဝင်းကိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ကိုဝင်းကို ပိုင်ဆိုင်သည့် အဖြူရောင် Hyundai Accent အမျိုးအစား၊ ယာဉ်အမှတ် 9Q/4825 သည်လည်း ပျောက်ဆုံးနေခဲ့ရာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ကို လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။ စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူမှာ အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင်ဖြစ်ကာ နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ ရဲရင့်အောင်က ကိုဝင်းကိုအား ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ကိုဝင်းကို၏ ရုပ်အလောင်းကို မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) ၏ အရှေ့ဘက် လှည်းလမ်းမဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီးနောက် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဒုရဲအုပ် ရဲရင့်အောင်အား မိတ္ထီလာမြို့မရဲစခန်းတွင် (ပ)၁၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူထားကြောင်း သိရှိရသည်။ #KTM #HlaingInfo

“ ကျမတို့ ရှေ့ဆက်ရမည့်လမ်းက ခရီးကြမ်းပါ။ ဒါကိုတော့ ပြည်သူတွေ နားလည်စေချင်ပါတယ်။ ကျမတို့ဟာ ညီညွတ်လို့ရှိရင်၊ ကျမတို့ဟာ စိတ်ထား
“ ကျမတို့ ရှေ့ဆက်ရမည့်လမ်းက ခရီးကြမ်းပါ။ ဒါကိုတော့ ပြည်သူတွေ နားလည်စေချင်ပါတယ်။ ကျမတို့ဟာ ညီညွတ်လို့ရှိရင်၊ ကျမတို့ဟာ စိတ်ထားခိုင်မာလို့ရှိရင်၊ ကျမတို့ဟာ စေတနာသန့် လို့ရှိရင်၊ ကျမတို့ နိုင်ငံရဲ့လမ်းဟာ ဘယ်လောက်ဘဲ ကြမ်းကြမ်း၊ ကျမတို့ လျှောက်လှမ်းပြီးတော့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါလို့ ကျမပြောချင်ပါတယ်။ “              ဒေါ်အောင်ဆန်းစုကြည်        နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများကို https://t.me/infohlaing မှ တင်ပေးနေပါသည်။ #HlaingInfo

ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို တွေ့ဆုံဆွေးနွေးနိုင်သည့် သံတမန်ရေးလမ်းကြောင်းများ ရှိနေသော်လည်း ယင်းလမ်းကြောင်းများမှတစ်ဆင့် အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဖိအားပေးနိုင်ခြင်း မရှိပါက ထိုသို့သော ထိတွေ့ဆက်ဆံမှုသည် အပြုသဘောဆောင်သော ဆက်ဆံရေး မဟုတ်ဘဲ စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။ “တိတ်ဆိတ်နေခြင်းကိုယ်တိုင်ဟာ နိုင်ငံရေးရပ်တည်ချက်တစ်ခု ဖြစ်တယ်” ဟု ကန်နာဝီက ထောက်ပြကာ ထိုင်းနိုင်ငံအနေဖြင့် ဘန်ကောက်တွင် နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်နေစဉ် တစ်ဖက်တွင် မြန်မာနိုင်ငံမှ ဒဏ်ရာရအရပ်သားများ ထိုင်းဆေးရုံများသို့ ရောက်ရှိလာနေရသည့် အခြေအနေကို မျက်ကွယ်ပြုမထားသင့်ကြောင်း တိုက်တွန်းခဲ့သည်။ #MPA #HlaingInfo

ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန်
ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန် ထိုင်းအစိုးရကို ကန်နာဝီ တောင်းဆို စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိနေမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရေးသမား ကန်နာဝီ ဆွပ်ဆန်က ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်အပေါ် အရပ်သားများအား တိုက်ခိုက်မှုရပ်တန့်ရန် ဖိအားပေးရေးအပါအဝင် အချက် ၅ ချက်ကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီသတ္တုတွင်းဒေသကို စက်တင်ဘာ ၁ ရက်က မြန်မာစစ်တပ်၏ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား အနည်းဆုံး ၅ ဦးမှ ၆ ဦးအထိ သေဆုံးခဲ့ပြီး ၇ ဦးမှ ၉ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများကို ကိုးကား၍ ၎င်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အပြင်းအထန် ဒဏ်ရာရရှိသူ ၅ ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်ကာ ခွန်ယွမ်ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး အချို့ကို စီဆန်ဝမ်ဆေးရုံနှင့် နခွန်ပင်းဆေးရုံများသို့ ဆက်လက်လွှဲပြောင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။ ယခုအခြေအနေသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်အဖြစ် သတ်မှတ်၍ မရတော့ကြောင်း၊ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေရသလို ဒဏ်ရာရသူများကိုလည်း ထိုင်းဆေးရုံများတွင် ကုသပေးနေရသောကြောင့် နယ်စပ်ဒေသခံများနှင့် ထိုင်းနိုင်ငံကိုယ်တိုင်ပါ စစ်ပွဲ၏ အကျိုးဆက်များကို ခံစားနေရကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရကူးလ် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ချက်ချင်း လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကန်နာဝီက အချက် ၅ ချက်ဖြင့် တောင်းဆိုခဲ့သည်။ ပထမအချက်အနေဖြင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား အရပ်သားပြည်သူများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ လူနေရပ်ရွာများနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနေရာများကို တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် ထိုင်းအစိုးရက ဖိအားပေးရမည်ဟု တောင်းဆိုသည်။ ထို့အပြင် ဖြစ်စဉ်များနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေအရ တာဝန်ခံမှုရှိစေရေး သက်သေအထောက်အထားများ ထိန်းသိမ်းထားရန်လည်း တောင်းဆိုခဲ့သည်။ ဒုတိယအချက်အနေဖြင့် ယင်းအရေးကိစ္စကို အာဆီယံ၏ သက်ဆိုင်ရာ ယန္တရားများသို့ အရေးတကြီး တင်ပြရန်နှင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံစွာ ဝင်ရောက်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အခြေခံလိုအပ်ချက်များအဖြစ် သတ်မှတ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ တတိယအချက်အနေဖြင့် မြန်မာစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု ပြန်လည်ရရှိစေရေး အထောက်အပံ့ပေးနေမှုများ ရပ်တန့်ရန်၊ ဖိနှိပ်မှုများအောက်တွင် စစ်တပ်က စီမံကွပ်ကဲထားသည့် ရွေးကောက်ပွဲသည် လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည်မဟုတ်သလို စစ်မှန်သည့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ စတုတ္ထအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုဖိအားပေးရမည်ဟု ဆိုသည်။ ပဉ္စမအချက်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးအတွက် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးရမည်ဟု တောင်းဆိုခဲ့သည်။ ပြည်သူများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် လက်နက်နှင့် လောင်စာဆီများ စီးဆင်းမှုကို ဖြတ်တောက်ရေး၊ အခြေခံလွတ်လပ်ခွင့်များ ပြန်လည်ရရှိရေးနှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းမှုများကို ထောက်ခံပေးရေးတို့ကို ဆောင်ရွက်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ ကန်နာဝီက ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအကျိုးစီးပွားများကိုသာ အာရုံစိုက်မနေဘဲ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မိမိတို့၏ သံတမန်ရေးလမ်းကြောင်းကို ထိရောက်စွာ အသုံးပြုသင့်ကြောင်းလည်း ဝေဖန်ထောက်ပြခဲ့သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန်
ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန် ထိုင်းအစိုးရကို ကန်နာဝီ တောင်းဆို စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိနေမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရေးသမား ကန်နာဝီ ဆွပ်ဆန်က ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်အပေါ် အရပ်သားများအား တိုက်ခိုက်မှုရပ်တန့်ရန် ဖိအားပေးရေးအပါအဝင် အချက် ၅ ချက်ကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီသတ္တုတွင်းဒေသကို စက်တင်ဘာ ၁ ရက်က မြန်မာစစ်တပ်၏ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား အနည်းဆုံး ၅ ဦးမှ ၆ ဦးအထိ သေဆုံးခဲ့ပြီး ၇ ဦးမှ ၉ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများကို ကိုးကား၍ ၎င်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အပြင်းအထန် ဒဏ်ရာရရှိသူ ၅ ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်ကာ ခွန်ယွမ်ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး အချို့ကို စီဆန်ဝမ်ဆေးရုံနှင့် နခွန်ပင်းဆေးရုံများသို့ ဆက်လက်လွှဲပြောင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။ ယခုအခြေအနေသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်အဖြစ် သတ်မှတ်၍ မရတော့ကြောင်း၊ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေရသလို ဒဏ်ရာရသူများကိုလည်း ထိုင်းဆေးရုံများတွင် ကုသပေးနေရသောကြောင့် နယ်စပ်ဒေသခံများနှင့် ထိုင်းနိုင်ငံကိုယ်တိုင်ပါ စစ်ပွဲ၏ အကျိုးဆက်များကို ခံစားနေရကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရကူးလ် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ချက်ချင်း လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကန်နာဝီက အချက် ၅ ချက်ဖြင့် တောင်းဆိုခဲ့သည်။ ပထမအချက်အနေဖြင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား အရပ်သားပြည်သူများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ လူနေရပ်ရွာများနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနေရာများကို တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် ထိုင်းအစိုးရက ဖိအားပေးရမည်ဟု တောင်းဆိုသည်။ ထို့အပြင် ဖြစ်စဉ်များနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေအရ တာဝန်ခံမှုရှိစေရေး သက်သေအထောက်အထားများ ထိန်းသိမ်းထားရန်လည်း တောင်းဆိုခဲ့သည်။ ဒုတိယအချက်အနေဖြင့် ယင်းအရေးကိစ္စကို အာဆီယံ၏ သက်ဆိုင်ရာ ယန္တရားများသို့ အရေးတကြီး တင်ပြရန်နှင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံစွာ ဝင်ရောက်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အခြေခံလိုအပ်ချက်များအဖြစ် သတ်မှတ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ တတိယအချက်အနေဖြင့် မြန်မာစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု ပြန်လည်ရရှိစေရေး အထောက်အပံ့ပေးနေမှုများ ရပ်တန့်ရန်၊ ဖိနှိပ်မှုများအောက်တွင် စစ်တပ်က စီမံကွပ်ကဲထားသည့် ရွေးကောက်ပွဲသည် လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည်မဟုတ်သလို စစ်မှန်သည့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ စတုတ္ထအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုဖိအားပေးရမည်ဟု ဆိုသည်။ ပဉ္စမအချက်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးအတွက် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးရမည်ဟု တောင်းဆိုခဲ့သည်။ ပြည်သူများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် လက်နက်နှင့် လောင်စာဆီများ စီးဆင်းမှုကို ဖြတ်တောက်ရေး၊ အခြေခံလွတ်လပ်ခွင့်များ ပြန်လည်ရရှိရေးနှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းမှုများကို ထောက်ခံပေးရေးတို့ကို ဆောင်ရွက်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ ကန်နာဝီက ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအကျိုးစီးပွားများကိုသာ အာရုံစိုက်မနေဘဲ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မိမိတို့၏ သံတမန်ရေးလမ်းကြောင်းကို ထိရောက်စွာ အသုံးပြုသင့်ကြောင်းလည်း ဝေဖန်ထောက်ပြခဲ့သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

ဆိပ်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပါရာမော်တာ ၁ စင်းပျက်ကျ စက်တင်ဘာလ ၈ ရက် မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ်မှာ ပြည်သူတွေကို လေကြောင်းကနေ
ဆိပ်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပါရာမော်တာ ၁ စင်းပျက်ကျ စက်တင်ဘာလ ၈ ရက် မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ်မှာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ ပျံတက်လာတဲ့ ပါရာမော်တာ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိပ်ဖြူ အခြေစိုက် ကပစ  (၂၂)မှ တက်လာတဲ့ စက်တပ်လေထီး ၁ စင်းဟာ စက်တင်ဘာ ၇ ရက်၊ မနက် ၉ နာရီခွဲမှာ ပျက်ကျသွားခဲ့တာပါ။ အဆိုပါ ပါရာမော်တာဟာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ ကပစ ၂၂ မှ ခဏတာ ပျံဝဲခဲ့ပြီး၊ အရှေ့တောင် အရပ်ကို ပျံသန်းလာချိန် ယင်းတို့ရဲ့ အကြမ်းဖက် စစ်တပ် နယ်နမိတ်ထဲမှာဘဲ ပျက်ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ စတင်ကာ စက်တပ်လေထီးတွေကို ကျယ်ပြန့်စွာ အသုံးပြုပြီး၊ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ပြည်သူများ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ မကွေးဒေသထဲက ပခုက္ကူ နဲ့ ပေါက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးတွေကို တော်လှန်ရေးဘက်မှ ပစ်ချ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ #PVTV #HlaingInfo

ကိုကိုကြီး၏ ပြည်သူ့ပါတီမှ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမတ်ရာထူးမှ ဖယ်ရှားပြ
ကိုကိုကြီး၏ ပြည်သူ့ပါတီမှ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမတ်ရာထူးမှ ဖယ်ရှားပြီး ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ် ၂ ဦးဖြင့် အစားထိုး စက်တင်ဘာလ ၈ ရက် ကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးကို  လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားဖြုတ်ပယ်လိုက်ပြီး  ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ် ၂ ဦးဖြင့် အစားထိုးလိုက်ကြောင်း စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က  တနင်္သာရီတိုင်းလွှတ် တော် ရွေး ကောက်ပွဲ အငြင်းပွားတိုင်ကြားမှုနှင့်ပတ်သက်၍  စက်တင်ဘာလ ၇ ရက်နေ့တွင် အပြီးသတ်ဆုံး ဖြတ်ချက်များ ထုတ်ပြန်လိုက်ပြီး ယင်းဆုံး ဖြတ်ချက်များအရ  ပြည်သူ့ပါတီမှ ရွေးကောက်တင်မြှောက်ခံထားရသူ အမတ် ၂ ဦးကို ဖြုတ်ပယ်ပြီး ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ်များဖြင့် အစားထိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တနင်္သာရီတိုင်းလွှတ်တော်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပသည့် မြိတ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၁ အဖြစ် ရွေးကောက်ခံထားရသည့် ပြည်သူ့ပါတီမှ ခိုင်ဦးကို ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ကာ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း၊ ပြည်သူ့ပါတီမှ အမတ်၏​ နေရာတွင်  ရွေးကောက်ပွဲ ယှဉ်ပြိုင်အရေးနိမ့်ခဲ့သူ  ကြံ့ဖွတ်ပါတီမှ ဝင်းကြူကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။ အလားတူ တနင်္သာရီတိုင်းလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် ၁ တွင် ပြည်သူ့ပါတီမှ ရွေးကောက်ခံထားရသည့် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂ တင်စိုးကိုလည်း ကိုယ်စားလှယ်အဖြစ်မှ ဆက်လက်ရပ်တည်ခွင့်မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ၎င်း၏နေရာတွင်  ကြံ့ဖွတ်ပါတီမှ မြမြစိမ်းကို အစားထိုးသတ်မှတ်လိုက်ကြောင်း သိရှိရသည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ပြည်သူ့ပါတီမှ ရွေးကောက်ခံထားရသူ ခိုင်ဦးနှင့် တင်စိုးတို့ ၂ ဦးစလုံးသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံလိုက်ရပြီး ၎င်းတို့၏နေရာများတွင် ကြံ့ဖွတ်ပါတီမှ ဝင်းကြူနှင့် မြမြစိမ်းတို့က အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယင်းဆုံးဖြတ်ချက်များကြောင့် ပြည်သူ့ပါတီက ရရှိထားသည့် တနင်္သာရီတိုင်းလွှတ်တော် ကိုယ်စားလှယ်နေရာ ၂ နေရာကို ကြံ့ဖွတ်ပါတီက အစားထိုးရရှိသွားခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်သူ့ပါတီမှ ကိုကိုကြီးသည် စစ်တပ်နှင့်အတူ ပူးပေါင်းနေကာ စိုးဝင်း ဦးဆောင်သော ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီတွင် ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ယူလျက်ရှိသည်။  ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်နေသော ပြည်သူ့ပါတီမှ ကိုကိုကြီးနှင့် မိန်းမ။ #KTM #HlaingInfo

ကျောက်ပန်းတောင်းမြို့လယ်ခေါင်တွင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ၊ အမျိုးသား ၆ ဦး ပါသွား စက်တင်ဘာလ ၈ ရက် မန္တလေးတိုင်း၊ကျောက်ပန်းတ
ကျောက်ပန်းတောင်းမြို့လယ်ခေါင်တွင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ၊ အမျိုးသား ၆ ဦး ပါသွား စက်တင်ဘာလ ၈ ရက် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့လယ်ခေါင်တွင် အရပ်ဝတ်များက စစ်မှုထမ်းအတွက် ပြန်ပေး ဆွဲ ဖမ်းဆီးခဲ့ရာ အမျိုးသား၆ဦး ပါသွားကြောင်း သိရသည်။ စက်တင်ဘာ၇ရက်၊ညနေ၆နာရီကျော်တွင် ကျောက်ပန်းတောင်းမြို့၊အမှတ်၅ရပ်ကွက်၊ ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်ရှေ့၌ Double Cab ကားတစ်စီးနှင့် Crown ကားတစ်စီးရပ်ကာ လမ်းသွားလမ်း လာ အမျိုးသားများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ အစိုးရတု အုပ်ချုပ်ရေးဝန် ထမ်းတစ်ဦးထံက သိရသည်။ “ရွှေကံ့ကော်ဆိုတာ ကျောက်ပန်းတောင်းမြို့လယ်ခေါင်က နာမည်ကြီး လက်ဖက်ရည်ဆိုင်။အဲဆိုင်နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ကနေ ဆွဲသွားတာ။ရွှေကံ့ကော်ဘေးမှာ ကျောက်ပန်းတောင်းပလာဇာ ရှိတယ်”ဟု ၎င်းက MPAသို့ပြောသည်။ ဖမ်းဆီးခံရသူတို့၏ အသက်အရွယ်အပိုင်းအခြားကိုမူ မသိရှိကြောင်း ၎င်းက ဆိုသည်။ “အချိန်က နည်းနည်းမှောင်နေပြီ။ အနားလည်း သွားမကြည့်ရဲဘူး။ကျနော် မြင်မိကြားမိသမျှ အခုလို မြို့လယ်ခေါင်မှာ ပေါ်တာဆွဲတာ ပထမဆုံးအကြိမ်ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။ စက်တင်ဘာပထမပတ်အတွင်း ကျောက်ပန်းတောင်းမြို့ပေါ်တွင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့တစ်ပတ်လောက်ကတော့ ဘူတာဘက်ထဲ ဆွဲတယ်။ကျန်တာကတော့ လှည့်ပတ်ပြီး ဆွဲနေ တာပဲ”ဟု ၎င်းက ပြောသည်။ ကျောက်ပန်းတောင်းမြို့ပေါ်တွင် ၁၂လရာသီ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲနေသလို ပြီးခဲ့သည့်ဇူလိုင် မှစတင်ကာ စစ်မှုထမ်းကြေးလည်း ကောက်ခံလျက်ရှိသည်။ ပြန်ပေးဆွဲခံရသူများကို ကျောက်ပန်းတောင်းမြို့နယ်ထွေအုပ်ရုံး၌ တစ်ညထားကာ နောက်တစ်ရက်၌ ကျောက်ပန်းတောင်းအမြောက်တပ်သို့ ပို့ဆောင်ကြောင်း သိရသည်။ #MPA #HlaingInfo

ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံး စက်တင်ဘာလ ၈ ရက် စစ်က
ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံး စက်တင်ဘာလ ၈ ရက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ရေဦး မြို့နယ်ပြည်သူ့ကာရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၈ မိနစ်အချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ Gyrocopter ၃ စီး၊ Mi 35 စစ်ရဟတ်ယာဉ် ၁ စီး တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ "တိုက်ပွဲမဖြစ်ဘဲ ဗုံးကျဲတာပါ။ ပြည်သူ ၇ ဦး သေဆုံးပါတယ်။ သေဆုံးသူတွေက အရပ်သားတွေပါ။ ကားတွေရော အိမ်တွေရော ထိခိုက်ပျက်စီးပါတယ်။" ဟု ရေဦးမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ လတ်တလော ရေဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး တော်လှန်ရေးတပ်များနှင့် စစ်တပ်အကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။ "ရေဦးဘက်မှာကတော့ စစ်ရေး အခြေအနေက တင်းမာနေတယ်။ ပြည်သူတွေအနေနဲ့ကတော့ လေကြောင်းအန္တရာယ်ရော၊ စစ်ကြောင်းအန္တရာယ်ရော ရင်ဆိုင်နေရတယ်" ဟု ရေဦးမြို့နယ် အခြေ စိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။ #KTM #HlaingInfo

ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ထိုင်းကုန်ပစ္စည်း တင်ဆ
ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၆၀ နီးပါးကို အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်ကားလမ်းရှိ ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာကြားမှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ဘုရားသုံးဆူမြို့ကနေ သယ်ဆောင်လာတာ ဖြစ်ပြီး ကျိုက်မရောမြို့နယ် ကတုံးစိကျေးရွာ ဘီးလပ်မြေ စက်ရုံအနီးမှာ တစ်ခေါက် နားကာ အဲဒီကတစ်ဆင့် ခေါက်တို ပြန်သယ်တဲ့ ကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံ တစ်ဦးကတော့ စစ်အစိုးရဟာ ထိုင်းကုန်ပစ္စည်းတွေကို ဂိတ်တွေမှာကအစ ဖမ်းဆီးတာ ရှိပြီး အခုလို ဖမ်းဆီးတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ “ထိုင်းကုန်က လက်ရှိ ဂိတ်တွေမှာကို ဖမ်းတာ၊ ကျွန်တော်တို့ ဘက်ခြမ်းကျတော့ ဘုရားသုံးဆူက ဝင်တာ၊ အဓိက ထိုင်းကုန်ပစ္စည်းတွေပဲ အသုံးများတယ်လေ။အများစုက ဒီထိုင်း စားသောက်ကုန်နဲ့ အသုံးအဆောင်တွေ အသုံးများတဲ့ အခါကျတော့ အခုလိုမျိုး ဖမ်းတဲ့ အခါကျတော့ ကုန်ဈေးနှုန်းတွေ တက်သွားတာပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်း လိုမျိုး အရည်အသွေး ရှိတဲ့ ကုန်ပစ္စည်း တွေကို မထုတ်လုပ်နိုင်ဘဲ အခုလို လိုက်လံ ဖမ်းဆီး နေတာဟာ ပြည်သူတွေကို အကျပ်အတည် ပိုမိုတွေ့အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။ လက်ရှိ ဖမ်းဆီးခံရတဲ့ ထိုင်းကုန်ပစ္စည်းတင် ကားအစီး ၆၀ နီးပါးဟာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ခွင့်ပြုချက်နဲ့ တရားဝင် ဖွင့်လှစ်ထားတဲ့ စပယ်ဂူ တံတားဂိတ်နဲ့ ကျိုက်မရောအဖွဲ့စုံဂိတ်ကို ဖြတ်ပြီးမှ ဖမ်းဆီးခံရတဲ့အပေါ် ဒေသခံတွေအကြား မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ တဖက်မှာတော့ မွန်ပြည်နယ် စစ်အစိုးရ လက်အောက်ခံတွေဟာ ထိုင်းကုန်ပစ္စည်းတွေကို မြို့ဝင် မြို့ထွက် ဂိတ်တွေမှာ ဖမ်းဆီးတာ၊ ထိုင်းကုန်ပစ္စည်း ဝင်ရောက်ရာ လမ်းကြောင်းတွေမှာ ဖမ်းဆီးတာ၊ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေမှာ ဖမ်းဆီးတာ အပြင် ရှောင်တခင် ဈေးတွေမှာကအစ ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုလို စစ်အစိုးရ လက်အောက်ခံတွေက ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းတွေ ဆိုပြီး ဖမ်းဆီး နေတာကြောင့် ‌ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်း တချို့ ဈေးနှုန်း အနည်းငယ် မြင့်တက် လာသလို့ တချို့ ကုန်ပစ္စည်းတွေ အနေနဲ့ ပြတ်လပ်မှုတွေပါ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိ ထိုင်းကုန်ပစ္စည်းတွေကို တရားဝင် သယ်ဆောင်နိုင်ဖို့ အတွက် ကုန်သည်တွေက လုပ်ဆောင် နေပေမယ့် စစ်အစိုးရက သွင်းကုန် လိုင်စင်တွေကို တင်းကျပ်ထားတာကြောင့် အခုလို မှောင်ခို ပုံစံ တင်သွင်း နေရတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မွန်ပြည်နယ်ဟာ ထိုင်းနိုင်ငံကနေ အဓိက သွင်းကုန်တွေ ဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိက တင်သွင်း အသုံးပြု နေရတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံ-Social Media #TLT #HlaingInfo

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပိုမိုဆိုးရွားလာ၍ ICC-နိုင်ငံတကာရာဇဝတ်တရားရုံး သို့ လွှဲပြောင်းရန် ကုလသမဂ္ဂလူ့အခွင့် အရေးမဟာမင်း
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပိုမိုဆိုးရွားလာ၍ ICC-နိုင်ငံတကာရာဇဝတ်တရားရုံး သို့ လွှဲပြောင်းရန် ကုလသမဂ္ဂလူ့အခွင့် အရေးမဟာမင်းကြီး တောင်းဆို၊ မြန်မာပြည်သူများအပေါ် ကျူးလွန်သူများကို တာဝန်ခံစေရမည်ဟု ဗြိတိန်အစိုးရ ကိုယ်စားလှယ်က သတိပေး စက်တင်ဘာလ ၇ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသော လူ့အခွင့်အရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြရန် စက်တင်ဘာလ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။ စက်တင်ဘာလ ၇ ရက်နေ့ ဂျီနီဗာမြို့တွင် ကျင်းပနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက်အစည်းအဝေးတွင် Volker Türk က နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းမှာ ပြေလည်ခြင်းမရှိဘဲ ပိုမိုဆိုးရွားလာနေကြောင်း သတိပေးပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သည့် အန္တရာယ်ရှင်းလင်းစွာရှိနေပါက လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ ဂျက်လေယာဉ်ဆီနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော Dual-use ပစ္စည်းများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်း ရပ်တန့်ရန်လည်း ၎င်းက နိုင်ငံများကို တိုက်တွန်းခဲ့သည်။ အစီရင်ခံကာလအတွင်း ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များက အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး အများပြည်သူရရှိနိုင်သော သတင်းအချက်အလက်များအရ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း Volker Türk က ပြောသည်။ အရပ်သားသေဆုံးမှုများအတွက် လေကြောင်းတိုက်ခိုက်မှုများမှာ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်ရှိနေကြောင်းလည်း ၎င်းက ထောက်ပြသည်။ ထို့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ အခြေအနေမှာလည်း “ကပ်ဘေးဆန်ဆန် ဆိုးရွားနေသည်” ဟု ၎င်းက ဖော်ပြခဲ့သည်။ ရိုဟင်ဂျာများအပေါ် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မအခြေပြု အကြမ်းဖက်မှုများ၊ အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊ အဓမ္မလုပ်အားပေးစေခိုင်းခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းတို့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း ပြောဆိုသည်။ ယင်းချိုးဖောက်မှုများတွင် မြန်မာစစ်တပ်သာမက ရက္ခိုင့်တပ်တော် (AA) ကလည်း ပါဝင်နေသည်ဟု Volker Türk က ထောက်ပြပြောဆိုသည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေအောက်ရှိ ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာနေကြောင်း ခိုင်လုံသောအထောက်အထားမရှိဘဲ စစ်တပ်နှင့် ဆက်ဆံရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းမှုများ မပြုလုပ်သင့်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက သတိပေးခဲ့သည်။ “အခြေအနေကို ချိန်ညှိထားသော ဆက်ဆံရေး (calibrated engagement) လို့ခေါ်ရုံနဲ့ မလုံလောက်ပါဘူး။ လူ့အခွင့်အရေးအခြေခံတဲ့ ဆက်ဆံရေးကို လိုအပ်ပါတယ်” ဟု Volker Türk က ပြောဆိုသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

‎သထုံက အရက်ဆိုင်တွေမှာ စစ်တပ် ပေါ်တာဆွဲနေ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ
‎သထုံက အရက်ဆိုင်တွေမှာ စစ်တပ် ပေါ်တာဆွဲနေ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ်းစစ်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ နန်းခဲ၊ လိပ်အင်းနဲ့ အောက်ကျင်းရပ်ကွက်တို့ရှိ အရက်ပုန်းဆိုင်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က အောက်ကျင်းရပ်ကွက် အောင်မြေရွေဘုံပိုင်းရှိ အရက်ဆိုင်မှာ အရက်သောက်နေသူ ၁၃ ဦး၊ အောက်ကျင်းရပ်ကွက် ရွေစာရံဘုရားအနီး အရက်ဆိုင်မှာ အရက်သောက်နေသူ ၅ ဦးကို ဖမ်းဆီးသွားတာပါ။ ဒါ့အပြင် စက်တင်ဘာ ၇ ရက်နေ့ကလည်း သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ အရက်ပုန်းဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ အရက်သမား ၈ ဦးကို ထပ်မံဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ မြို့ခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူအများစုဟာ အရက်ကြောင့် ခြေတုန်လက်တုန်ဖြစ်သူတွေ၊ လေဖြတ်ထားသူတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းတာ၊ အာရုံကြောဆွဲနေသူတွေနဲ့ ကိုယ်အင်္ဂါဖောရောင်နေသူတွေသာ ပါဝင်တယ်လို့ ဆိုပါတယ်။ အရက်သမားတွေအား ပေါ်တာဆွဲ ဖမ်းဆီးမှုဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၉ သင်တန်းအတွက် မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ဖိအားပေးမှုကြောင့် ဆိုကြပါတယ်။ သထုံမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်း သင်တန်းအတွက် စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။ ဓာတ်ပုံ-CJ #TLT #HlaingInfo

ဗန်းမော်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်လှ
ဗန်းမော်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်လှသော ရေကြောင်းကြားဖြတ်တိုက်ပွဲများ မှ လွတ်မြောက်လာသော စစ်ရေယာဉ်အချို့ ဗန်းမော်မြို့သို့ ဆိုက်ရောက်လာပြီးနောက် စင်းခန်းနှင့် ဇင်းဘုံကျေးရွာများအနီးတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ သည်။ မြစ်ကြောင်းတစ်လျှောက်တွင် ဂျက်တိုက်လေယာဉ်များ၊ Y-12 လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များ အသုံးပြုကာ စစ်ကောင်စီဘက်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ရေကြောင်းတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ ရက်တွင် ကသာ-ဗန်းမော်လမ်းပေါ်ရှိ စင်းခန်း ဧရာဝတီမြစ်ကူးတံတား (ကားနှင့် ရထားသွား သံမဏိသံဘောင်တံတားကြီး) ကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ရာ တံတားအစိတ်အပိုင်းအချို့ ပဲ့ထွက်ပျက်စီး သွားခဲ့သည်။ ဗန်းမော်မြို့ရှိ စစ်အုပ်စု ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အပါအဝင် မြို့တွင်းနှင့် မြို့အနီးပတ်ဝန်းကျင်ရှိ စစ်တပ်တပ်ရင်းအားလုံးကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား သည်။ ၎င်းတပ်ရင်းများသို့ ရိက္ခာနှင့် ခဲယမ်းမရောက်ရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များက ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားဆဲ ဖြစ်သည်။ ဗန်းမော်မြို့ပေါ်တွင် စစ်အုပ်စု တပ်နှင့် KIA ပူးပေါင်းတပ်များက နေရာအလိုက်၊ အပိုင်းလိုက် ခွဲခြားထိန်းချုပ်ထား သည့် စစ်ရေးတင်းမာမှု အနေအထားရှိနေသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကချင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့နယ်နှင့် အိမ်နီးနားချင်း မံစီမြို့နယ် တို့ကို ပစ်မှတ်ထားကာ မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာ ၄ ရက်တွင် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာဘက်သို့ စစ်ကောင်စီ၏ ခလရ (၅၆)၊ ခမရ (၆၀၂) နှင့် တပ်မ (၈၈) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများက ခြေလျင်ထိုးစစ်ဆင်လာသောကြောင့် KIA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန် ခဲ့သည်။ မြစ်ကြောင်းတိုက်ပွဲအတွင်း ရေယာဉ်များ ပျက်စီးပြီး ကုန်းပေါ်သို့ ထွက်ပြေးလွတ်မြောက်သွားသည့် မင်းအောင်လှိုင် သစ္စာခံ တပ်သားများကိုလည်း တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းလျက်ရှိသည်။ တရုတ် နယ်စပ် နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးအခြေအနေ ထိုကဲ့သို့ အလွန်တင်းမာနေသည့် ကြားမှပင်  မြို့ကို စွန့်ခွာတိမ်းရှောင်သွားကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တွင်းသို့ အမြန်ဆုံးပြန်လာကြရန် စစ်အုပ်စု ဘက်က ဖိအားပေး ဆင့်ခေါ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဗန်းမော်သည် ခရိုင်အဆင့် ရုံးစိုက်ရာမြို့ဖြစ်သဖြင့် ဌာနဆိုင်ရာယန္တရား မပျက်စီးကြောင်း တရုတ် နှင့် ၎င်းအား ထောက်ခံ‌ နေသူ များ သိရှိ‌ အောင် ပြသလိုသည့်အတွက် ယခုကဲ့သို့ အတင်းအကျပ် ပြန်ခေါ်နေခြင်း ဖြစ်သည်။ စစ်ရေယာဉ်အုပ်စု အကြီးအကျယ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ၊ ရိက္ခာများ မြစ်ထဲနစ်မြုပ်သွားခြင်း၊ စင်းခန်းတံတား ပျက်စီးသွားခြင်းတို့ကြောင့် စစ်ကောင်စီသည် ဗန်းမော်ရှိ ၎င်းတို့၏ စကခ (၂၁) နှင့် တပ်ရင်းများကို ရေရှည်ထောက်ပံ့နိုင်စွမ်း မရှိတော့ဘဲ လမ်းကြောင်း လုံးဝပြတ်တောက်သွားသည့် အခြေအနေ သို့ ရောက်ရှိသွား တော့မည် ဖြစ်သည်။ စင်းခန်းမြစ်ကူးတံတားကြီးကို ၎င်းတို့ကိုယ်တိုင် ဗုံးကြဲဖျက်ဆီးလိုက်ခြင်းသည် တော်လှန်ရေးတပ်များ မြစ်တဖက်ကမ်းသို့ အလွယ်တကူ ကူးမလာနိုင်စေရန် ကာကွယ်သည့် စစ်ရေးအရ ခုခံစစ်ဗျူဟာ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်လည်း ကုန်းလမ်းပြန်ဖွင့်ရန် လမ်းစမရှိတော့သည့် သဘော ဖြစ်သည်။ ဗန်းမော်မြို့တွင်းရှိ စစ်အုပ်စု တပ်များသည် ရိက္ခာနှင့် ခဲယမ်းပြတ်လပ်မှုဒဏ်ကို မလွဲမသွေ စတင်ခံစားရတော့မည် ဖြစ်သည်။ ထို့ကြောင့် မကြာမီကာလအတွင်း အိမ်နီးနားချင်း မံစီမြို့နယ်နှင့် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို တော်လှန်ရေးတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်မည့် ပြင်းထန်သော မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဆင့်သို့ ကူးပြောင်းလာနိုင်ဖွယ် ရှိနေသည်ဟု ယူဆရသည်။ စစ်အုပ်စုသည် စစ်ရေး အခြေအနေ ပြန်လည် နိမ့်ပါးလာနေသည့် အတွက်  စစ်အင်အားကို ဖြည့်တင်းရန် လူငယ်များကို လမ်းပေါ်တွင် ကြားဖြတ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် မိဘပြည်သူများအကြား စိုးရိမ်ပူပန်မှုများ အလွန်မြင့်မားနေသည်ဟု သတင်းများက ဆိုသည်။ ရန်ကုန်တွင် စက်တင်ဘာလဆန်းပိုင်း ၂ ရက်တာကာလအတွင်းတင် လူငယ် ၁၃ ဦးထက်မနည်း လမ်းပေါ်တွင် အဓမ္မဖမ်းဆီး ပေါ်တာဆွဲခြင်း ခံခဲ့ရသည်။ စစ်အုပ်စု တပ်များသည် လမ်းဆုံလမ်းခွများနှင့် မှတ်တိုင်များတွင် ကင်းပုန်းဝပ်ကာ အလုပ်သွားအလုပ်ပြန် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်သည်။ ဆက်လက်ဖတ်ရှူပါရန် - ⤵️⤵️

မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏 မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ က
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏 မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။ အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။ မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ #HlaingInfo