en
Feedback
Saw Ka Zaw

Saw Ka Zaw

Open in Telegram

📈 Analytical overview of Telegram channel Saw Ka Zaw

Channel Saw Ka Zaw (@sawoffice96) in the Burmese language segment is an active participant. Currently, the community unites 16 278 subscribers, ranking 13 275 in the News & Media category and 8 331 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 16 278 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -317 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 13.51%. Within the first 24 hours after publication, content typically collects 8.04% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 199 views. Within the first day, a publication typically gains 1 309 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 58.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

16 278
Subscribers
-1024 hours
-617 days
-31730 days
Posts Archive
နွေဦးတော်လှန်ရေးကြီး မှာ စိတ်ပါခဲ့တဲ့သူတွေ ၊ ဘယ်လောက်တော်ခဲ့လဲ ဖြေကြည့်ရအောင် ? ( #ဆုတင် မှတ်စု ) ၁. အာဏာထိန်းပြီးပြီးချင်း ၇၂ နာရီ စောင့်တို့၊ ဘာတို့ ဆိုတာတွေ ယုံပြီး ၊ လိုက်ယောင်ခဲ့ဘူးရင် (၁၀) မှတ်။ ၂. ကမ္ဘာကသိအောင်ဆိုပြီး မြန်မာလို ရေးထားတဲ့စာတွေကို # တွေခံပြီး Copy -Paste တွေ လုပ်ခဲ့ဘူးရင် (၁၀) မှတ်။ ၃. ၂၂၂၂၂ နောက်ဆုံးတိုက်ပွဲဆိုပြီး အပြင်မှာလိုက်ယောင်ဘူးရင် (၁၀) မှတ်။ ၄. UN Page တွေ ၊ US Page တွေ မှာ Save ပါ Helpပါ comment တွေကို Spam လုပ်ခဲ့ဘူးရင် (၁၀) မှတ်။ ၅. R2P တွေ ၊ UN တွေ လာတော့မယ်၊ လာနေပြီဆိုတဲ့ ဂျင်း Post တွေကို ယုံပြီး ပျော်ခဲ့ဖူး ၊ Share ခဲ့ဘူးရင် (၁၀) မှတ်။ ၆. နေရာမသိ လိပ်စာမရှိ Online ပေါ်မှာပဲ မြင်ရတဲ့ ဝရမ်းပြေးအဖွဲ့ တစ်ခုက လွှတ်တော်ခေါ်၊ အစိုးရဖွဲ့တာကို အဟုတ်ကြီးထင် ခဲ့ဘူးရင် (၁၀) မှတ်။ ၇. Online ပေါ်က ဝရမ်းပြေးအဖွဲ့က မီတာမဆောင်နဲ့၊ အခွန်မဆောင်နဲ့ ဆိုတာကို အဟုတ်ကြီး မှတ်ပြီး မဆောင်ပဲနေရာကနေ မီးတွေဖြတ်၊ စာတွေရောက် လာလို့ အသဲအသန် အပြေးဆောင်ခဲ့ဘူးရင် (၁၀) မှတ်။ ၈. မြေပြင်အခြေအနေကို မသိပဲ PDF က ကယားကိုသိမ်းသွားပြီတို့၊ ချင်းကို သိမ်းသွားပြီတို့ ဆိုတဲ့ Facebook ပေါ်က သတင်းတွေကိုယုံပြီး အားရ၊ ပါးရ Share ခဲ့ဘူးရင် (၁၀) မှတ် ၉. Post လေးတွေ Copy - Paste လုပ်ရင်း အောက် ဆုံးမှာ # ငါတို့တွေ နိုင်နေပြီ # နိုင်ကိုနိုင်မှာ # နိုင်မယ့်ပွဲ တို့ ရေးခဲ့ဘူးရင် (၁၀) မှတ် ၁၀. ဒီ Post ကိုဖတ်ပြီး ဒေါသတွေဖြစ်၊ အားကြီးတွေနဲ့ စိတ်တွေဆိုး ၊ ဆဲဆိုဖို့လုပ်နေပြီဆိုရင် (၁၀) မှတ် အမှတ် ၁၀၀ အပြည့်ရပြီဆိုရင်တော့ တော်တော် စိုးရိမ်ရတဲ့ အခြေအနေပါ ။ ကိုယ့်အခြေအနေ ၊ ကိုယ်ပြန်သုံးသပ်ပါ ။ ကိုယ့်ကို‌ မွေးတုန်းက ကိုယ်ပိုင်ဦးနှောက် ပါခဲ့ရဲ့ လား ပြန်စဉ်းစားပါ။ Credited #ဆုတင်

ပြောရပြီးရော --- "မြန်မာအရေးကို လုံခြုံရေးကောင်စီကတဆင့် ICC ကိုလွှဲဘို့"တောင်းဆိုသတဲ့.. --- ICC ကိုဖျက်မယ်လို့အမေရိကန်ကကြိမ်း
ပြောရပြီးရော --- "မြန်မာအရေးကို လုံခြုံရေးကောင်စီကတဆင့် ICC ကိုလွှဲဘို့"တောင်းဆိုသတဲ့.. --- ICC ကိုဖျက်မယ်လို့အမေရိကန်ကကြိမ်းထားတယ်.. ရုရှားကလဲ သမတပူတင်ကိုဖမ်းဝရန်းထုတ်တဲ့ ICC ကိုဂရုမစိုက်ဘူး.. တရုတ်ဆိုလဲ ICC ရဲ့ အခြေခံ The Rome Statute ကို ၁၉၉၈ ကထဲကအပြတ်အသတ်ကန့်ကွက်ထားခဲ့တာ.. --- ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ (အမေရိကန် ရုရှား တရုတ် ) အဲဒီ ၃ နိုင်ငံလုံးက ဗီတိုအာဏာရှင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီးတွေ.. --- UNHCR မဟာမင်းကြီးလုပ်နေပြီး ဒီအခြေအနေတွေကိုမသိတာတော့မဟုတ်နိုင်ဘူး.. သိသိကြီးနဲ့ "လေကြီးလေကျယ် ပြောရပြီးရော"ပြောလိုက်တာဖြစ်မယ်.. မြန်မာဆိုရှယ်မီဒီယာတွေပေါ်က "အာကျယ်ဆရာကြီးတွေ"ကိုအတုယူတာလဲဖြစ်နိုင်တယ်..🤓 သန်းလွင်ထွန်း ၈ စက်တင်ဘာ ၂၀၂၆ Credit ###Than Lwin Htun

စင်းခန်းတံတားကို စစ်ရှုံးကောင် KIA ခိုင်းဖတ် PDF တွေကိုယ်တိုင် မိုင်းခွဲဖျက်ဆီးထားကြောင်း ဝန်ခံထားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ UPN

ရခိုင်ဒေသရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က ချေမှုန်းသုတ်သင်နေသည့် ရုပ်သံ။ NOM

photo content

နေပြည်တော်က ကားသမားကို သတ်ပြီး ကားလုခဲ့သူဟာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင်ဖြစ်နေ စက်တင်ဘာ ၈၊ ၂၀၂၆ GG (VOM) နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူကို သတ်ပြီး ကားလုယက်ခဲ့သူဟာ နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင် ရဲရင့်အောင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုကျူးလွန်သူ ရဲရင့်အောင်ဟာ တီးတိန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့လာတာ တလကျော်လောက်သာရှိပြီး လက်ရှိ နေပြည်တော် ရုံးအမှတ် ၃၈ က ရဲတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။ တရားခံဟာ လူသတ်မှုကျူးလွန်ပြီးနောက်မှာ အလောင်းကို မိတ္ထီလာမြို့နယ်အပိုင် အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ စွန့်ပစ်ခဲ့ပြီး ကားကိုယူဆောင်ခဲ့ကြောင်း ၊ အဲဒီကားနဲ့ပဲ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရုံးကို ပြန်လာကာ မူးယစ်သောက်စားနေချိန် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ " နေပြည်တော် လူကုန်ကူးတားဆီးရေးက ရဲတပ်သားပါ ။ သူက မိတ္ထီလာက သူ့ကောင်မလေးကို တွေ့ဖို့ ကားငှားလာတာ။ ပျော်ဘွယ်လောက်ရောက်တော့ သူ့အိမ်က ဖုန်းဆက်လာတယ်။ သူ့ညီမကဆေးရုံတက်ရမှာ ပိုက်ဆံလိုတယ် ပို့ပေးအုံးဘာညာဆိုတော့ သူ့လက်ထဲမှာက မရှိဘူး ။အဲဒီမှာ ကားသမားလက်မှာ လက်စွပ်ကြီးတွေ့တော့ သူကလိုချင်စိတ်ကပေါက်သွားတယ်။ အဲဒါနဲ့ သူဖုန်းပြောချင်တယ် ကားခဏရပ်ပေးပါဆိုပြီး ဖုန်းပြောရင်းသေးပေါက် ပြီးတော့ ကားပေါ်မတက်ပဲ ကားသမားကို သေနတ်နဲ့ချိန်ထားပြီး လက်စွပ်ဘယ်လောက်တန်လည်းမေးတော့ မတန်ပါဘူး ကားသမားကပြောရင်းရုန်းရင်းဆန်ခတ် နည်းနည်းပဲဖြစ်လိုက်ပြီး သူကချက်ခြင်းပစ်လိုက်တာ ။ ညာဘက်မျက်ခုံးနားကနေ ကျည်ထွက်သွားတယ်။လက်ဖဝါးတချက်ထိတယ်။ သေသွားတယ်။ အဲဒါနဲ့ သူကအလောင်းကို မိတ္ထီလာဘက်ရောက်တော့ လှည်းလမ်းကြောင်းတွေ့တော့ ချထားခဲ့လိုက်တယ်။ အဲဒါပြီးတော့ မိတ္ထီလာကို ဆက်လာတယ်။ ကောင်မလေးနဲ့မတွေ့တော့ အဲဒီကားကြီးနဲ့ပဲ သူ့ရုံးကိုပြန်သွားတယ်။သူ့သူငယ်ချင်းတွေကလည်း ကားပါလာတယ်ဆိုပြီး ဘီယာသောက်မယ်ဆိုပြီး ထွက်လာပြီး ဂီတာတီးနေကြတာ။သူအပါအဝင် ရဲခြောက်ယောက်ပေါ့။အကုန်လုံးဖမ်းလိုက်တယ်။ ကျန်တဲ့ရဲငါးယောက်ကတော့ ပြန်လွှတ်မှာပါ ။သူတို့ကတော့ဘာမှမဆိုင်ဘူးကိုး ။ " လို့ လုံခြုံရေးတပ်ဖွဲ့ နီးစပ်သူက ပြောပါတယ် ။ လူသတ်မှုကျူးလွန်သူဟာ ကိုဝင်းကိုရဲ့ကားကို လေးသိန်းကျပ်နဲ့ ငှားရမ်းလာတာ ဖြစ်ကြောင်း ၊ ကားပိုင်ရှင်ကိုသတ်ပြီး အလောင်းပစ်ပြီးနောက်မှာ ကားပေါ်ပါ ပစ္စည်းတွေကိုလည်း နေပြည်တော် လှေခွင်းတောင်ဘက်မှာ အားလုံးလွှင့်ပစ်ခဲ့ပြီး ကားကိုဆက်လက်အသုံးပြုခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို အခင်းဖြစ်တဲ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ လူသတ်မှုကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင်ကို မိတ္ထီလာမြို့ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #နေပြည်တော် #လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ #လူသတ်ကားလုယက်

photo content
+2

မြန်မာ တရုတ်နဲ့အမေရိကန် --- မြန်မာ့အရေးကိုင်တွယ်လုပ်ကိုင်နေပုံနဲ့ပါတ်သက်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို လတ်တလောလွှတ်တော်ကြားနာပွဲတခုမှာပြောသွားခဲ့တာကို တိုက်ရိုက် (word by word) ဘာသာပြန်မဟုတ်ဘဲ nuance and tone လို့ခေါ်တဲ့နောက်ခံအဓိပ္ပါယ်ခပ်ပါးပါးလေးတွေပါပါအောင် "စကားပြောဟန်"အပြည့်နဲ့ဘာသာပြန်လိုက်ရင်.. "ဖြစ်နိုင်ရင်တော့ဗျာ.. ကျနော်တို့ကလဲ ကိုယ်နဲ့ပလဲပနံသင့်တဲ့ ဒီမိုကရေစီနည်းလမ်းကျအရွေးခံထားရတဲ့အစိုးရမျိုးနဲ့ဘဲဆက်ဆံအလုပ်လုပ်ချင်တာပေါ့.. ဒီလိုမဟုတ်ဘဲ တခြားအင်အားကြီးနိုင်ငံတခုရဲကြိုးကိုင်မှုအောက်ရောက်နေတဲ့အစိုးရတခုနဲ့တော့ဘယ်အလုပ်လုပ်ချင်ပါ့မလဲ.. မြန်မာအစိုးရကိုတရုတ်နိုင်ငံကဘယ်လောက်ပြောဆိုထိန်းကြောင်းနိုင်စွမ်းရှိတယ်ဆိုတာအသိသာကြီးပါ.. ဒါပေမဲ့.. မြန်မာအစိုးရကကြမ်းကြမ်းတမ်းတမ်းအုပ်ချုပ်နေသလို အဲဒီအပေါ်မှာတရုတ်ကဩဇာလွှမ်းမိုးနေတာကြောင့်ပါ ဒီအခြေအနေကြီးတရပ်လုံးဟာဖြေရှင်းဘို့အတော်ခက်ခဲနေတယ်ဆိုတာလဲထင်ရှားပါတယ်.. ဒီအခြေအနေကိုပြောင်းလဲနိုင်မဲ့အခွင့်အလမ်းတွေကိုကျနော်တို့ဆက်ရှာနေမှာပါ.. မဆိုစလောက်(မွေးခါစကလေး)ခြေလှမ်းလောက်လေးဖြစ်ချင်ဖြစ်မယ်.. ခုန်ပျံကျော်လွှားသွားတာမျိုးလဲဖြစ်ချင်ဖြစ်မယ်.. သမိုင်းကြောင်းရဲ့ဘယ်လိုအချိန်မျိုးမှာ တမူထူးခြားတဲ့လုပ်ရပ်တွေအခွင့်အလမ်းတွေရလာနိုင်မလဲဆိုတာတော့ဘယ်သူမှကံသေကံမမပြောနိုင်ပါဘူး.." တဲ့.. --- Marco Rubio ရဲ့စကားပြောဟန်နဲ့ nuance ကို ကျနော်နားလည်သလောက်အတိုချုပ်ပြောရရင်တော့... "လောလောဆယ်မြန်မာပြည်အရေးမှာ တရုတ်ကိုကျော်ပြီးအမေရိကန်ကဘာမှလုပ်လို့မရသေးဘူး.. အားကြိုးမာန်တက်လဲမလုပ်ဘူး.. အခြေအနေအခွင့်အခါကောင်းကိုစောင့်ကြည့်နေရုံဘဲ" ဆိုတဲ့သတင်းစကားပါ.. --- ဆရာ့ဆရာကြီးများကြိုက်သလိုဘာသာပြန်အဓိပ္ပါယ်ကောက်ပြီး သဘောထားကွဲလွဲနိုင်ပါတယ်.. Nuance လို့ဆိုကထဲက စောင်းပါးရိပ်ခြည်ခပ်ပါးပါးလေးပါနေတဲ့အဓိပ္ပါယ်သဘောကိုပြောတာပါ.. ချဲ့တွေးဘို့နေရာချန်ထားတာပါ.. --- အမေရိကန်ဟာ တရုတ်နဲ့အပေးအယူ Horse Trading လုပ်တဲ့အခါ မြန်မာ့အရေးကိုအသုံးချလာနိုင်တယ်.. "ခင်ဗျားတို့လူကိစ္စကိုကျုပ်တို့ဘက်ကဘာမှဝင်မပြောဘဲထားလိုက်မယ် ခင်ဗျားတို့ကလဲကျုပ်တို့ဟိုကိစ္စမှာဝင်မပါနဲ့" စသဖြင့်ပေါ့.. ---- နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုဟာ အမေရိကန်နိုင်ငံရေးမှာအလွန်အံတိုနေတဲ့အထက်လွှတ်တော်အမတ်ဟောင်းပါ.. "အဖော့နဲ့အဖိ"နိုင်ငံရေးကိုသူအလွန်ကျွမ်းကျင်ပါတယ်.. သန်းလွင်ထွန်း ၈ စက်တင်ဘာ ၂၀၂၆

Repost from Michael Saw
စက် ၈ အင်္ဂါ မနက် USDP ပြည်​ထောင်စုနယ်​မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ခရာကာတို မီး​တောင်နှင့် အခြား ၂ လုံး ၊ ​ပေါင်း ၃ လုံး​ပေါက်ကွဲ မီးခိုးလိပ်များ ​ပေ ၅၀၀၀၀ အထိတက် ၊မြို့​တော်ဂျကာတာအပါအဝင် ​နေရာအနှံ့ ပြာပူမိုးများရွာချ ၊​လေဆိပ် ၈ ခု ၊ ​လေ​ကြောင်း ခရီးစဥ် ၁၅၀၀ ပိတ်သည်။ Prime Air ပိုင်ကုန်တင် ဘိုရင်း ၇၆၇ - ၃၀၀ ​အမျိုးအစား​လေယာဥ် မီယာမီ​လေဆိပ်အဆင်း၌ လမ်း​ချော်၊ ကားများကိုဝင်တိုက်မီး​လောင် ၊ ၅ ဦး​သေ ၊ ၅ ဦးဒဏ်ရာရသည်။ ထရန့် ၏ ငြိမ်းချမ်း​ရေးအထူးသံအဖွဲ့ ​မော်စကို နှင့် ကိဗ် သို့ သွားညှိခဲ့​သော်လည်း အကျိုးမထူး ၊ ​ဆောင်းဦး​ပေါက်အတွက် လက်နက် နှင့် ​လောင်စာ ​ထောက်ပံ့ရန် ဇလမ်းစကီးက​တောင်းဆိုသည်။ အီဂျစ် တွင် နာမည်ကြီးရုပ်သံတင်ဆက်သူ အမျိုးသမီး ဆာရာကာဟာလီဖာ အပါအဝင် ၁၁ ဦး မူးယစ်​​ဆေးမှောင်ခိုမှု့ဖြင့် ​သေဒဏ်ကျသည်။ ယီမင်နိုင်ငံ ပင်လယ်နီကမ်းရိုးတန်း၌ အီရန်​ထောက်ပံ့ ဟူသီသူပုန်အဖွဲ့ နှင့် ​ဆော်ဒီ​ထောက်ပံ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ရာ ၆၈ ​ယောက်​သေသည်။ ဂျာမနီ အ​ရှေ့​မြောက်ပိုင်း ဆက်ဆွန်နီပြည်နယ် ကြားဖြတ်​ရွေး​ကောက်ပွဲ ၊ အာဏာရပါတီ ရှုံးနိမ့်ပြီး လူဝင်မှု့​တွေနှိပ်ကွပ်မည် ဆို​သော လင်္ကျာစွန်း AFT ပါတီ ၄၄.၅% ဖြင့်အနိုင်ရသည်။ ကန် - က​နေဒါ နယ်စပ်ရှိ နိုင်ရာဂရာ ​ရေတံခွန်ကြီးအနီး တားမြစ်ထား​သော​နေရာ၌ ငါးမျှားသူ မြန်မာလူမျိုး ​မောင်​အောင်လှ ( ၁၈ နှစ်) ​ရေထဲပြုတ်ကျ​ပျောက်ဆုံး သည်။ အ​မေရိကန်တွင် ရာဇဝတ်မှု့ကျူးလွန် ၍ ပြည်နှင်ဒဏ်​ပေးမည့် သူများစာရင်း ထုတ်ပြန်ရာ မြန်မာ ၁၆၈ ဦးပါဝင်သည်။ Ubribo အမည်ရှိ လူမဲ အာဖရိကန် ( ၄၃ နှစ် )တစ်ဦး ဘန်​ကောက်ရှိ​ဆေးခန်းတစ်ခုအတွင်း ​မွေးရာပါပစ္စည်း ကြီးထွား​ဆေး ၄၀စီစီထိုး ၊ ​သွေး​ကြောပိတ် ၊ အသက်ရှုကြပ် ​သေဆုံးသည်။ ပြည်တွင်းထူးခြားသတင်းမှာ - လပခ တွင် PDF ၂၀၃ ဦး ၊ လက်နက်ခဲယမ်း အချို့နှင့်အတူ အလင်းဝင်သည်။ ဗန်​မော်တိုက်ပွဲ၌ ​သေသွား​သော KIA ဗျူဟာမှုးအဆင့် အပါအဝင် တိုက်ပွဲများအတွင်း​သေသွားသူ PDF ၁၉၇၂ ဦးအား NUG က ဘွဲ့တံဆိပ်များ ချီးမြှင့်သည်။ ဖြူးမြို့နယ် ဘုတ်စုခင် ​ကျေးရွာ ကင်းလှည့် တပ်စစ်​ကြောင်း အား PDF ဒ​ရော့ဗုံးချ ၊ ​နေအိမ်တစ်လုံး​ပေါ်ကျ ၊ မိသားစု ၅ ဦးလုံး​သေသည်။ အမြန်လမ်း ၂၇၉/၁ ဖာလုံအနီး ကားအငှားလိုက်သူ ၊ နိုင်/ဖြတ် ရဲမှုး ၏ သား ​မောင်ဝင်းကို ( ၃၄ နှစ်) ကို သတ်ဖြတ်၍ ဟွန်ဒိုင်းအက်ဆက် အဖြူ​ရောင်စလွန်းကား အား ယူ​ပြေးသူ ၆ ဦး ၊ ​နေပြည်​တော်တွင်မိ ၊ တရားခံ ၆ ဦးစလုံး မှာ ရဲ တပ်သားများဖြစ်​နေသည်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် မလိုက်ဖြစ်​သော ​ရေ​ဘေးကယ်ဆယ်​ရေးယဥ်တန်း KNU ​ချောင်းပစ် ၊ ကြက်​ခြေနီလူငယ် ၁ ဦး ​ခြေ​ထောက်ရှပ်ထိ သည်။ မဟာ​အောင်​မြေမြို့နယ် လမ်း ၈၀ ၊ ၃၉×၄၀ ကြား ကျားဖြန့် တရုပ် ၂ ၊ မ​လေး ၁ ၊ အင်ဒို ၄ ၊ မြန်မာ ၂၀ ၊ ဖုံး ၄၈၉ လုံး ၊ ​ကျောက်စိမ်းအတု များနှင့်ဖမ်းမိသည်။ ချမ်း​အေးသာဇံ ရဲစခန်း ၊ ရဲအရာရှိဇနီး ဆွမ်း​လောင်းထွက်စဥ် ၊ ဆိုင်ကယ်ဖြင့်လာသူမှ ဆွဲကြိုးလု ၊ထွက်​ပြေး ၊ ၃ ကျပ်သား ၁ ကုံးပါသွားသည်။ ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် - ​ပေါင်း​လောင်းဆည် ​ရေများ၍ HED တခါး ၁၄ ချပ် လှဲ လိုက်ပြီး ​ရေပိုလွှဲမှ ​ရေ ၅ ​ပေခန့်​ကျော်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်​သော အင်းသာ ၊ သာယာစု ၊ ကြို့တန်း ၃ ​ပေ ခန့်​ရေဝင်နစ်မြုပ်သည်။ ယ​နေ့မနက် ​နေပြည်​တော်တွင် အနိမ့်ပိုင်းအချို့​ရေဝင်​​သော်လည်း လူ/ပစ္စည်း ထိခိုက်မှု့မရှိ​​သော​ကြောင့် ထူးခြားဖြစ်စဥ်မရှိ​ကြောင်း တင်ပြအပ်ပါသည်။

photo content

ချစ်သူထံသို့ အငှားကားဖြင့်သွားသူက အငှားကားမောင်းသူအား သေနတ်ဖြင့် ပစ်ခက်ပြီး လမ်းဘေးစွန့်ပစ်/ဖမ်းဆီးခံရ Top Phoenix ၊ စက်တင်ဘာ ၇/၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီးမှာ အငှားကား စီးနင်းသူက ကားမောင်းသူကို ပစ်ခက်၍ လမ်းဘေးစွန့်ပစ်ထားမှု စက်တင်ဘာလ ၆ ရက်နေ့ (၆)နာရီခန့်က ဖြစ်ပွားခဲ့ပါတယ်။ "မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၇၉/၁)၏ အရှေ့ဘက် ၂၃၅ ပေခန့်အကွာ လှည်းလမ်းမဘေး ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်စဥ် ဖမ်းဆီးရမိပါတယ်"ဟု ပြောပါတယ်။ "နေပြည်တော်၊ မြို့မစျေးမှ အငှားမော်တော်ယာဉ်တစ်စီးအား လေးသိန်းကျပ်(၄၀၀၀၀၀)ဖြင့် ငှားရမ်းပြီး ချစ်သူရှိတဲ့ မိတ္ထီလာမြို့သို့ လာသူက အမြန်လမ်းတစ်နေရာမှာ အငှားယာဥ်မောင်းကို သေနတ်ဖြင့် ပစ်ခက်တာပါ"ဟု ဒေသခံများက Top Phoenix မီဒီယာကို ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ရဲရင့်အောင် (၂၂-နှစ်)က လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်ဟု ကြားသိရပေမယ့် Top Phoenix မီဒီယာမှ အတည်မပြုနိုင်သေးပေ။ ၎င်းအား မိတ္ထီလာမြို့မရဲစခန်း(ပ)၁၄၉/၂၀၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရပါတယ်။ မယု(မရမ်းကုန်း) #TopPhoenix #မိတ္ထီလာ #နေပြည်တော် #အမြန်လမ်း #လူသတ်မှု

စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲ ၄ ရက်ဆက် ပြင်းထန်နေဆဲ စစ်တပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်မှုကြောင့် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ယနေ့ (စက်တင်ဘာ ၇ ရက်) အထိ ၄ ရက်ဆက်တိုက် ပြင်းထန်စွာဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့၊ နံနက်ပိုင်းမှ စ၍ လက်ရှိအချိန်အထိ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီး၊ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီးတို့တွင် စစ်တပ်နှင့် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိနေသည် ယမန်နေ့ (စက်တင်ဘာ ၆ ရက်)ကလည်း မင်းချောင်းတံတားအနီးတွင် စစ်တပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ကို ခြေကုပ်ရယူပြီး ယင်းမှတစ်ဆင့် AAထိန်းချုပ်မြို့နယ်များအား ထိုးစစ်တက်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်နေသကဲ့သို့ ကျောက်ဖြူမြို့နယ်တွင်လည်း ရေကြောင်းမှတစ်ဆင့် စစ်ရေးလှုပ်ရှားမှုများ၊ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။ ယင်းအပြင် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင်လည်း စစ်တပ်က ရေကြောင်းလှုပ်ရှားမှုပြုလုပ်ကာ ကမ်းတက်ရန်ကြိုးပမ်းနေပြီး တစ်ဖက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။ စစ်တပ်သည် ရခိုင်ပြည်အတွင်း AA ထိန်းချုပ်မြို့နယ်များကို ပြန်ရရန်အတွက် လေကြောင်း၊ ရေကြောင်းအပြင် မြေပြင်အင်အားအလုံးအရင်းသုံးလာနိုင်၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။

စိုင်းစိုင်းရဲ့ ရှိုးပွဲမှာ ပရိသတ် လူနှစ်သောင်းကျော်အထိ စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးခဲ့ကြလို့ပြည်ဖျက်နီပေါနီပိန်းအုပ်စုကဝမ်းနည်းကျေကွဲနေကြတယ်နီပေါနီပိန်းတွေသိအောင်ပြောလိုက်မယ် မင်းတို့တော်လှန်ရေးဘယ်တော့မှာအောင်မှာမဟုတ် တသက်လုံးပဲငိုနေလိုက်ကြတော့

Repost from Michael Saw
စက် ၇ ရက် တနင်္လာ မနက် USDP ပြည်​ထောင်စုနယ်​မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - အ​မေရိကန်​ရေတပ်၏ပစ်ခတ်မှု့​ကြောင့် ခပ်ကျွန်းအနီး အီရန်​ရေနံတင်သင်္ဘောကြီး ၃ စင်း မီး​လောင်ပျက်ဆီးသည်။ ​လော့အိန်ဂျလိ လမ်းမ ​ပေါ်တွင် တရားမဝင်ကား​မောင်းပြိုင်​နေ​သော လမ်းသူရဲ အုပ်စုအား ရဲ ကဝင်ဖမ်းရာ ကား အစီး ၂၀၀ ​ကျော် ၊ လူ ၆၉ ဦး ၊ ​သေနပ် ၇ လက်ဖမ်းမိသည်။ တရုပ်ပြည်တွင် စင်ကာပူ နိုင်ငံသား Pyramid Team ၅၂ ဦးကို MLM ​ပုံစံ မင်ဘာရှာခိုင်းပြီး ပါဆင်းနစ်ယူ စျေး​ရောင်းမှု့ ဖြင့် ဖမ်းဆီးသည်။ ဂရိနိုင်ငံ ​​​အေသင်မြို့ ​၊ လေ​ကြောင်းပြပွဲ F - 4 ဂျက်တိုက်​လေယာဥ်ပျက်ကျ ၊ ပိုင်း​လော့ ၂ ဦး​သေသည်။ မူးယစ်​ဆေးသုံးပြီးကား​မောင်း၍ ယဥ်မ​တော်တဆဖြစ်မှု့ ​၊ ဂေါက်ချန်ပီယံ​ဟောင်း တိုက်ဂါးဝုဒ် ၊ ယဥ်​မောင်းလိုင်စင် ၅ နှစ်ပိတ်သည်။ အကယ်၍ ရုရှားကျူး​ကျော်မှု့ခံရခဲ့သည်ရှိ​သော် ​နေတိုး ၏ ပုဒ်မ ၅ အရ မဲခွဲဆုံးဖြတ်မှု့ကို​စောင့်​နေလျှင် တနိုင်ငံလုံးအကုန်ပါသွားနိုင်၍ UN ၏ ပဋိမ်ညာဥ် အပိုဒ် ၅၁ အရ သာ ချက်ခြင်းလက်တုန့်ပြန်သွားမည်ဟု ရုရှားနှင့်အိမ်နီးခြင်း လစ်သူ​ရေးနီးယား နိုင်ငံခြား​ရေးဝန်ကြီး Kestutis Budrys က ​ပြောသည်။ ပြည်တွင်းထူးခြားသတင်းမှာ စစ်​တွေမှတဆင့် ပုဏ္ဏားကျွန်း သို့၎င်း ၊ ဧရာဝတီတိုင်း ​ရွှေ​သောင်ယံ မှ တဆင့် ဂွ ကျိမ်တလီ သံတွဲ ဘက်သို့၎င်း ၊ မင်းဘူး အမ်း လမ်းမှတဆင့် အမ်း သို့၎င်း ၊ ​ကျောက်ဖြူ မှတဆင့် စနဲ ရမ်းဗြဲ သို့၎င်း တင့် ၊ သံချပ်ကာ ၊ ဒရုန်း ၊ ​လေ​ကြောင်း ၊ စစ်သင်္ဘောကြီးများပစ်ကူ ယူ၍ တပ်မကြီး ၁၁ ခု ဖြင့်ထိုးစစ်ဆင်​လာသဖြင့် အရပ်သားများလွတ်ရာ​ပြေးကြရန် AA ကစာထုတ်သည်။ ​ကျောက်​တော်မြို့နယ် သိန်းတန်​ကျေးရွာအ​​ခြေစိုက် AA တပ်ဖွဲ့ မှ တပ်သား ​မောင်​အေးလှ ၊ ၁၄ နှစ်သမီး ကိုမုဒိမ်းကျင့် ၊ ၈ နှစ်သမီးကို မဖွယ်ရာလုပ်ခိုင်းမှု့ဖြင့် AA တရားရုံးက ​ထောင်အနှစ် ၃၀ ချသည်ဟုဆိုသည်။ လက်ပန်တန်းမြို့နယ် မြင်းကဝအုပ်စု အထက ၁ မှ G - 10 ​ကျောင်းသူ မတွယ်တာ​ဝေ ( ၁၇ နှစ်) အား ၊ G - 11 ​ကျောင်းသား က ဒါးနှင့်ထိုး၍ ​သေ ၊ ၎င်းထွက်​ပြေး၊ လိုက်ရှာ ၊ ပြန်ဖမ်းမိသည်။ ဘာ အ​ထောက်အပံ့ မှ မရ​တော့၍ NUG လက်​အောက်မှ ခွဲထွက်​ကြောင်း နှင့် တရုပ်​ ကြော​​​ထောက်​နောက်ခံရှိ AA ၊ PLA တို့ နှင့် ပူး​ပေါင်း​ကြောင်း ​YPDF မှ ​နာမည်​ပြောင်းပြီးအသစ်ဖွဲ့လိုက်သည့် ယောတပ်​တော် YLA က​ပြောသည်။ ​တပခ ဂွင် ​ကျောက်ကြီးတွင် KNU ၆ ဦး လက်နက်အများအပြားဖြင့် အလင်းဝင်ခဲ့ရာ ​အ​ရေးကြီးအဆင့် လင်မယား ၂ ဦးပါဝင်၍ ရဟတ်ယာဥ်ဖြင့် ​ခေါ်​ဆောင်သွားသည်။ ဒက်ဆာမီသာဇုန်း စတီးရိုက် ​ဆေး ကို အမှုံ့ကြိတ် ​၊ ရေနှင့်နယ် ကာ ရှည်​မျော​မျောအ​တောင့်ရှည်ပုံဖန်တီးထား​သော လိမ်​မော်​ရောင် ​ဆေး​တောင့်အား ​အောင်ပန်းဆရာ​တော်၏ ၉၆ ပါး​ပျောက်နတ်​ဆေး ဟုလိမ်ညာ​ရောင်းချ​နေမှု့ ကျယ်ပျံ့စွာ ဖြစ်​ပေါ်လျှက်ရှိသည်။ FDA မှ စားသုံးရန်မသင့်သည့် ကွင်း စ​တော်ဘယ်ရီ ၊ ပါဝါဘူးလ် ၊ ​​အောင် အင်နာဂျီဒရင့် ၊ လိုင်းယွင်း အချိုရည် ၊ စီ ပလပ် ဝမ်း ၊စသည့်အချိုရည် ၉ မျိုး ၊ ​ခေါက်ဆွဲ​ခြောက် ၅ မျိုး ၊ အဝိုင်းပုံ တံဆိပ် ၊ တြိဂံ ပုံ ၊ ဆဌဂံ ပုံ တံဆိပ်ပါ ပဲပြား ၃ မျိုး ၊ကြက်ဖ တံဆိပ် နှင့် ​အောင်သိဒ္ဒိ ငြုပ်ဆီ ၂ မျိုး၊​အောင်ထက်ဖြိုး ဒုတ်ထိုးချိုချဥ် ၊ နှင်းပုလဲ ငြုပ်အ​ရောင်တင်မှုံ့ ၊ ​ရွှေပိ​တောက် တံဆိပ် ဆန်ကြာဇံ တို့အား ပိတ်ပင်သည်။ ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် - နိုင်ငံ​တော်သမ္မတ နှင့် ဇနီး ဗီယက်နမ် မှ ဧလာ​ လေဆိပ်သို့ အထူး​လေယာဥ်ဖြင့် ည​နေပိုင်းတွင် ပြန်​ရောက်ပြီး စက် ၁၁ နှင့် ၁၂ ရက် က​မ္ဘောဒီးယား သွားမည်ဖြစ်သည်။ ယ​နေ့မနက်​ခင်း နေပြည်​တော်တွင် ထူးခြားဖြစ်စဥ်မရှိ​ကြောင်း တင်ပြအပ်ပါသည်။

စိုင်းစိုင်းရှိုး စည်ချက်ကြီးက တမြို့လုံး ရောက်နေသလိုပဲ NM News

photo content
+7

■နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မဟာအောင်​မြေမြို့နယ်၊ လမ်း၈၀၊ ၃၉လမ်းနှင့်လမ်း၄ဝကြားရှိ နေအိမ်တစ်ခုကို သတင်းအရ ဝင်ရောက်စစ်ဆေး ခဲ့ရာ တရုတ်နိုင်ငံသား၂ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် မြန်မာအပါအဝင် ၂၀ ဦးကို ဖုန်းအလုံးရေ ၈၀ ခန့်၊ Desktopကွန်ပြုတာ ၂၈ လုံး၊ Laptopများ၊ Wifiလွှင့်စက်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ၎င်းတို့ကိုစစ်ဆေးချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၁၀၁ လမ်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးသို့ ဆက်လက်ရှာဖွေခဲ့ရာ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။ ၎င်းတို့၏ ထွက်ဆိုချက်အရ ၄၂ လမ်းနှင့် ၆၆လမ်း အနီးရှိ ဟိုတယ်တစ်ခုသို့ ထပ်မံရှာဖွေခဲ့ရာ လူ ၆ ဦး၊ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွား ရုပ်အပြားများ၊ ကျောက်စိမ်းအတုဟု ယူဆရသည့် ကျောက်စိမ်းဘယက်များ နှင့် လက်ဝတ်ရတနာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ " သတင်းရရှိလို့ ကျွန်တော်တို့ ရောက်တဲ့အချိန် ပြေးဖို့ကားပေါ်ပစ္စည်းတွေ တင်ပြီးနေပြီ။ ပထမဆုံး လမ်း ၈၀ က အိမ်မှာ ကနဦးမိတယ်။ နောက်ဆက်တွဲ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဟိုတယ်ထဲက ကားပေါ်မှာ ဖုန်းအလုံးရေ ၅ဝဝနီးပါးနဲ့ ထပ်မိတယ်။ အဓိကတော့ အွန်လိုင်းလိမ်လည်မှုပေါ့။ မလေးရှားနဲ့ အင်ဒိုနီးရှားက သူတွေကို ကျောက်စိမ်း Live လွှင့်ပြီး လိမ်​ရောင်းခိုင်းတာ။ အကောင့်များစွာနဲ့ သူတို့လူတွေကပဲ ကွန့်မန့်တွေ ကနေ ဝင်ဝယ်ကြတယ်။ အဲလိုလိမ်ရာင်းပြီး ငွေလွှဲဝင်ရင် အကောင့်ကို ဘလော့တယ်။ မူးယစ်ဆေးဝါးတွေ လည်းတွေ့ရှိရလို့ ဆက်စပ်မှုတွေကို အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပါတယ်" ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို မဟာအောင်​မြေမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးဖြင့်တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)အရသော် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ###Eleven Media Group

photo content

■ မန္တလေးမြို့တွင် နံနက်ခင်း အိမ်ရှေ့ဆွမ်းလောင်းနေသူ ရဲအရာရှိ၏ဇနီးဖြစ်သူ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး လုယက်ခံရမှုဖြစ်ပွား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆ရလမ်းနှင့်၆၈လမ်းကြားရှိ နေအိမ်ရှေ့တွင် ဆွမ်းလောင်းနေသူ ရဲအရာရှိ၏ဇနီးဖြစ်သူ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး လုယက်ခံရမှု စက်တင်ဘာလ ၅ရက် နံနက်ရနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လမ်း၃၀၊ ၆ရလမ်းနှင့်၆၈လမ်းကြားရှိ နေအိမ်ရှေ့တွင် ဒုတိယရဲမှူးတစ်ဦး၏ဇနီးဖြစ်သူသည် နံနက်တိုင်းပုံမှန်ဆွမ်းလောင်းလေ့ရှိသူဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က ဆွမ်းလောင်းပြီးနောက် အိမ်ထဲဝင်စဉ် လည်ပင်း၌ဆွဲထားသော ရွှေဆွဲကြိုးအား ဆိုင်ကယ်ဖြင့်လူတစ်ယောက်က အိမ်ထဲထိဝင်ကာ လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ "ဆွမ်းလောင်းပြီး အိမ်ထဲအဝင်မှာ လုခံလိုက်ရတာ။ မနက်ခင်းအစော ဆွမ်းလောင်းချိန်ဆိုတော့ လူလည်းရှင်းနေတာ အခွင့်ကောင်းယူပြီး စောင့်ကြည့်ကျုးလွန်သွားပုံရပါတယ်။ လမ်းမျက်နှာချင်းဆိုင် တိုင်းရဲအကူတပ်ခွဲဘက်က ဆွမ်းလောင်းနေတဲ့လူတွေလည်းရှိတော့ ဖြစ်ဖြစ်ချင်း ၀ိုင်းအော်ကြတာပဲ။ ဆိုင်ကယ်နဲ့မောင်းပြီး ပြေးသွားတာ။ရွှေကတော့ ၃ကျပ်သားလောက်ရှိမယ်ထင်တယ်" ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားရာအနီးနေထိုင်သူ တစ်ဦးက ဆိုသည်။ အဆိုပါရွှေဆွဲကြိုးလုယက်ခံရမှုနှင့်ပတ်သက်ပြီး အမှတ်(၃)နယ်​မြေရဲစခန်းတွင်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိ​သည်ဟုလည်း သိရသည်။ ဇူလိုင်လ ၈ရက်ကလည်း ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၄လမ်းနှင့်၆၅လမ်းကြားရှိ အစိုးရဝန်ထမ်းလိုင်းခန်းတစ်ခုဖြစ်သည့် နေအိမ်တစ်ခုရှေ့တွင်ရပ်ထားသည့် ရဲအရာရှိတစ်ဦး၏ M Size specialized rockhopper အမျိုးအစား ကျပ်သိန်းလေးဆယ်ခန့် တန်ဖိုးရှိ စက်ဘီး ခိုးခံရမှုဖြစ်ပွားခဲ့သည်။ #မန္တလေးမြို့ #ရဲအရာရှိ၏ဇနီး #ရွှေဆွဲကြိုး လုယက်ခံရမှုဖြစ်ပွား #elevennews ###Eleven Media Group

နိုင်ငံရေးဝမ်းစာနဲ့ဆင်ခြင်ဉာဏ် NLDအာဏာရကာလက တက္ကစီသမားတစ်ယောက်ကပြောဖူးတယ်။အခုNLDအစိုးရ အလုပ်လုပ်လို့မရတာ အမြဲတမ်းအတွင်းဝန်တွေကြောင့်တဲ့။ အမြဲတမ်းအတွင်းဝန် တွေကို ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ခန့်ခဲ့တာဖြစ်ပြီး၊အမြဲတမ်းအတွင်းဝန် ဆိုတဲ့အတွက် သူတို့ကို NLDအစိုးရကလည်းဖြုတ်လို့မရဘူးတဲ့။ မိမိပင်ကိုယ်ညဏ်နဲ့အကြောင်းအကျိုးဆက်စပ်စဥ်းစားတွေးခေါ်မှုမပြုနိုင်ဘဲ ၊အမြဲတမ်းအတွင်းဝန် ဆိုတာနဲ့ အမြဲတမ်း(မသေမချင်း)ခန့်ထားရမယ် ဆိုတာမျိုး တွေးပစ်လိုက်တဲ့လူတွေများလာရင်တစ်ဦးချင်းစီအတွက်ကောတိုင်းပြည်အတွက်ပါ အလားအလာမကောင်းနိုင်ပါဘူး။ အခုလည်း ရုရှားကိုမြန်မာစစ်သား လေးသောင်းပို့ဖို့ လုပ်နေပြီလို့ မျိုးထိုက်တန်သိမ်းတို့ ၊နေမျိုးဇင်တို့ ဖွနေကြတာကို ယုံပြီး အဟုတ်မှတ်နေကြတဲ့ သူတွေ တွေ့လာရပြန်ပါတယ်။ ၂၀၂၁ အာဏာထိန်းကတည်းကစလို့ အခုအချိန်အထိ ပြောခဲ့သမျှဘာမှဖြစ်မလာဘဲ၊တာဝန်ယူမှုတာဝန်ခံမှုမရှိ၊ ပြောချင်ရာပြောပြီးလူထုကို မျှော်လင့်ချက်အမှားတွေတစ်မျိုးပြီးတစ်မျိုးပြောင်းပေး နေကြတာကို သိမြင်လာကြသူတွေက သုံးသပ်ဆင်ခြင်ပြင်ဆင်လာကြပြီဖြစ်ပေမယ့်၊ အကြိမ်ကြိမ် အလိမ်ညာခံနေကြတာ ကိုယုံနေကြသူတွေလည်းအများအပြားရှိနေကြပါသေးတယ်။ ဝန်ထမ်းတွေCDM လုပ်ကြပါ၊အားလုံးတာဝန်ယူပါတယ် လို့ လှုံ့ဆော်ခဲ့ကြတဲ့အနုပညာရှင်တချို့ အနေအစားမပျက် အနုပညာအလုပ်တွေပြန်လုပ်နေချိန်မှာCDM ဝန်ထမ်းတွေ ဘဝပျက်နေကြရတာ၊လက်နက်ကိုင်တော်လှန်ရေးတစ်နှစ်အတွင်းအောင်မြင်မယ်မြှောက်ပင့်ပြီးGZ တွေကို ဘဝပျက်အသက်ထွက်စေခဲ့သူတွေက ပြည်ပမှာမိသားစုနဲ့ အိမ်ဝယ်မြေဝယ်အခြေချ နေထိုင်နေတာပညာညဏ်နဲ့ စဥ်းစားဆင်ခြင်နိုင်ကြဖို့ သင့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဥ်တစ်ခုမှာ ဗလမင်းထင် တံတားအမည်ပေးတာနဲ့ပတ်သက်ပြီး၊(ဗလမင်းထင်ဆိုတာ ကုန်းဘောင်ခေတ် တရုတ်မြန်မာစစ်မှာ ကောင်းတုံခံတပ်ကိုမကျအောင်ကာကွယ်ခုခံနိုင်ခဲ့တဲ့ သူရဲကောင်းဆိုတာကို မသိဘဲ၊)ဗလမင်းထင်ဆိုတာ တပင်ရွှေထီးခေတ်က မိုက်ရူးရဲ စစ်သည်တစ်ယောက် ဖြစ်လို့ ဗလမင်းထင် ကိုသူမကြိုက်ကြောင်း၊ရမ်းကြိတ်တာကို၊အောက်ကပရိတ်သတ်ကလည်း လက်ခုပ်လက်ဝါးတီး အားပေးထောက်ခံကြတဲ့ဗီဒီယိုဖိုင်လိုပဲ မှားတာမှန်တာအရေးမကြီးဘူး၊တပ်မတော်နဲ့စစ်ခေါင်းဆောင်တွေ မကောင်းပြောရင် ရပြီဆိုတဲ့ နိုင်ငံရေးရေချိန်အဆင့် ကနေ အခုအချိန်အထိ တက်မလာကြသေးသူတွေ ရှိနေပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဇနီးဒေါ်ခင်ကြည် တို့က စီးကရက်ဗူးအပြည့်ထည့်ထားတဲ့ ရွှေဒင်္ဂါးပြားတွေသူ့ကို လက်ဆောင်ပေးကြောင်း ဦးနုကိုယ်တိုင် တာတေစနေသားစာအုပ်မှာဖော်ပြရေးသားထားတာ မသိဘဲ၊ဗိုလ်ချုပ်အလွန်ဆင်းရဲကြောင်းသာ ထိုးဇာတ်တွေနဲ့အလွန်အကျွံဇာတ်နာပြ ခဲ့ ကြတဲ့ စာပေဟောပြောပွဲအမည်ခံ မှိုင်းတိုက်ပွဲများ၊ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထ္တုပ္ပတိစာအုပ်မှာ သူတိုင်းမှူး တာဝန်ထမ်းဆောင်စဥ်ကာလက၊တပ်မတော်ရဲ့အရေးကြီးသတင်းများကို ပဲခူးရိုးမဗကပဗဟိုထံ ပေးပိုးခဲ့ကြောင်း ဝန်ခံရေးသားထားတာကိုမဖတ်ဘဲ၊ ဗိုလ်ချုပ်နေဝင်းက ဗိုလ်မှုးချုပ်ကျော်ဇောကို မလိုလားလို့အပြစ်ရှာ ထုတ်ပယ်ကြောင်း၊ ဝန်ကြီးချုပ်ဦးနုလက်ထက် ဒေါ်ခင်ကြည်ကို အိန္ဒိယသံအမတ်ခန့်တာမသိဘဲ၊ဗိုလ်ချုပ်နေဝင်းက မြန်မာပြည်မှာမရှိစေချင်လို့ အိန္ဒိယသံအမတ်ခန့် ပြီးပြည်ပကိုပို့ကြောင်း၊ (ဗိုလ်ချုပ်နေဝင်းလူကြမ်းဖြစ်ရင်ပြီးရော)ဝါဒဖြန့်ကြသလို၊စသုံးလုံးကို ဦးနုက စဖွဲ့စည်းတည်ထောင်ခဲ့တာတောင်မသိဘဲ ဗိုလ်ချုပ်နေဝင်းက စီးပွား​ရေးသမားတွေ ကိုနှိပ်ကွပ်ဖို့ စသုံးလုံး ကို စဖွဲ့တယ်လို့ပြောတဲ့ စီးပွားရေးပညာရှင်ဆိုသူ ဦးစိန်ဌေး ၊ ဦးသိန်းစိန်လက်ထက်မှာလက်ကိုင်ဖုန်းတွေ လူထုကြားမှာ အလွယ်တကူ သုံးစွဲလာနိုင်တာကိုမသိဘဲ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ လက်ကိုင်ဖုန်းတွေအလွယ်တကူစတင်သုံးလာနိုင်တယ်လို့ပြောတဲ့ အမေရိကန်အငြိမ်းစားဗိုလ်မှုးကြီးမီမီဝင်းဗတ်တို့လို ပညာရှင်ဆိုသူတွေ နဲ့ လေကြောင်းကအကြိမ်ပေါင်းရာချီ ဗုံးကြဲလည်း သူပုန်တစ်ယောက်မှထိခိုက်ဒဏ်ရာရမှုမရှိဘဲ၊အပြစ်မဲ့ပြည်သူတွေသာသေဆုံးတယ်ဆိုတဲ့ ပြည်ပြေးပြည်ဖျက်မီဒီယာတွေ ရဲ့ "သူပုန်တွေအားလုံးကောင်း၊တပ်မတော်ဘာမှမကောင်း" ဝါဒဖြန့်မှုတွေ ကို သုံးသပ်ဆင်ခြင်နိုင်တဲ့အခြေခံအသိညဏ်လောက်တော့ ရှိကြဖို့လို ပါတယ်။ နိုင်ငံရေးဝမ်းစာမရှိ၊အနာဂတ်ကိုဆင်ခြင်သုံးသပ်နိုင်တဲ့ဉာဏ်မရှိသူတွေ ဦးဆောင်တဲ့ဝန်းရံတဲ့ နောက်ကိုအကြောင်းအကျိုးဆက်စပ်စဥ်းစားနိုင်တဲ့ပညာညဏ်မရှိဘဲ၊ လိုက်မိ ရင် မိမိတစ်ဦးချင်း ဘဝပျက်တတ်ရသလို တိုင်းပြည် လည်း စုတ်ပြတ်သတ်သွားတဲ့အထိ ရောက်တတ်တယ်ဆိုတာ သင်ခန်းစာယူကြဖို့ လိုပါပြီ။ သောင်းလွင်ဟိန်း