en
Feedback
Student Armed Force (S.A.F)

Student Armed Force (S.A.F)

Open in Telegram

Show more
Myanmar19 508The category is not specified
2 552
Subscribers
-424 hours
-147 days
-2330 days
Posts Archive
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ_ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်(ကလတ) မှ ဖွင့်လှစ်ထားသော ကျေးရွာလူထုအ
+2
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ_ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်(ကလတ) မှ ဖွင့်လှစ်ထားသော ကျေးရွာလူထုအခြေပြုစာကြည့်တိုက်တွင်စာဖတ်ရှိန်မြင့်တက်လာ အဆိုပါစာကြည့်တိုက်အား ဒေသခံကျေးရွာရှိကျောင်းသား၊​ပြည်သူ အပါအဝင် မဟာမိတ်ရဲဘော်များနှင့်  စစ်ဘေးရှောင်ခလေးငယ်များ ဖတ်ရှု​​​လေ့လာနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်

❙ (၆၁) နှစ်ပြည့် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ် နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (၆၁) နှစ်ပြည့် ဆဲဗ
+3
❙ (၆၁) နှစ်ပြည့် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ် နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (၆၁) နှစ်ပြည့် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကာ မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်ခဲ့သည်။ အခမ်းအနားကို တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုကာ စတင်ဖွင့်လှစ်ခဲ့ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးတော်လှန်ရေးခရီးတလျောက် ကျဆုံးခဲ့ရသော ရဟန်းရှင်လူအာဇာနည်ရဲဘော်အပေါင်းအားအလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁)မိနစ်ငြိမ်သက်ခြင်း၊ အမှတ်တရစကားပြောကြားခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်း တို့ဖြင့်အဆုံးသတ်ခဲ့သည်။ သတင်းပြန်ကြားရေးနှင့်စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်