en
Feedback
Student Armed Force (S.A.F)

Student Armed Force (S.A.F)

Open in Telegram

Show more
Myanmar19 508The category is not specified
2 552
Subscribers
-424 hours
-147 days
-2330 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+1
in 0 channels
November '24
+10
in 0 channels
Get PRO
October '24
+9
in 0 channels
Get PRO
September '24
+10
in 0 channels
Get PRO
August '24
+14
in 0 channels
Get PRO
July '240
in 0 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '24
+29
in 0 channels
Get PRO
February '24
+297
in 0 channels
Get PRO
January '24
+124
in 0 channels
Get PRO
December '23
+2 334
in 3 channels
Date
Subscriber Growth
Mentions
Channels
21 December0
20 December0
19 December0
18 December0
17 December0
16 December0
15 December0
14 December0
13 December0
12 December0
11 December0
10 December0
09 December0
08 December0
07 December0
06 December0
05 December0
04 December0
03 December0
02 December+1
01 December0
Channel Posts
ကျောင်းသားလက်ရုံးတပ်တော်အခြေခံစစ်ပညာသင်တန်း(အပတ်စဥ်သစ်)အတွက် တပ်သားသစ် ခေါ်ယူခြင်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် အပတ်စဉ်သစ် ရဲဘော်များ စတင်လက်ခံစု‌ဆောင်းနေပြီဖြစ်သည်။ တော်လှန်ရေးရှည်ကြာလာသည်နှင့်အမျှ လက်နက်၊ ရိက္ခာ၊ ဆေးဝါး စသည်တို့ လိုအပ်လာသည်နှင့်အတူ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်ပုံကျ၍ အမိန့်နာခံမှုကောင်းသော တော်လှန်ရေး တပ်သားများမှာ အဓိကနေရာမှ အရေးပါသည်။ ထို့ကြောင့် မိမိတို့ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ ရန်သူစစ်ကောင်စီအား လက်တွဲတိုက်ပွဲ၀င်ရန် တပ်သားသစ်ရဲဘော်များအား လိုအပ်လျှက်ရှိသည်။ ကျောင်းသားလက်ရုံးတပ်တော်တွင် တက္ကသိုလ်ကျောင်းသားရဲဘော်များသာမကဘဲ အမှန်တရားအတွက် အသက်ပင်ပဓာဏမထား တော်လှန်တိုက်ပွဲဝင်သည့် ကျောင်းသားစိတ်ဓာတ်ရှိသူမည်သူမဆို အမှုထမ်းဆောင်နိုင်သည်။ ‌တပ်တော်သို့ ဝင်ရောက်အမှုထမ်းလိုသူများအနေဖြင့် တပ်တော်၏ Facebook Page သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။အောက်ပါ တပ်သားသစ်စုဆောင်းရေးဆိုင်ရာ မူဝါဒနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ၁။ ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်လောင်းများဖြစ်သည်နှင့်အညီ တပ်တော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများနှင့် သစ္စာအဓိဋ္ဌာန်များကို လက်ခံနိုင်သူဖြစ်ရမည်။၂။ လက်နက်ကိုင်တော်လှန်ရေးအတွက်စိတ်ပိုင်းဖြတ်ပြီးသူဖြစ်ရမည်။ ၃။ အသက် (၁၈) နှစ်မှ အသက် (၅၀) နှစ်အတွင်းဖြစ်ရမည်။ ၄။ အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။၅။ တပ်တော်မှပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမည်။ ကျောင်းသားလက်ရုံးတပ်တော်စစ်ချီသီချင်းအားအောက်ဖော်ပြပါlinkတွင် download ရယူနိုင်ပါသည်။ https://shorturl.at/gsyLS သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9

2
ကျောင်းသားလက်ရုံးတပ်တော် နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းပြီး စစ်ကိုင်း‌ဒေသအတွင်း လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရ+6
ကျောင်းသားလက်ရုံးတပ်တော် နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းပြီး စစ်ကိုင်း‌ဒေသအတွင်း လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ စစ်ကိုင်းဒေသ၊ ဘုတလင်မြို့နယ် တနေရာတွင် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ဆေးမှူးများနှင့်ပူးပေါင်းကာ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်၍ ရပ်ရွာအ‌ခြေပြုဆေးခန်းဖွင့်လှစ်ကုသပေးခြင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါဆေးခန်းသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပြင် အဖွဲ့အစည်းအသီးသီးမှ လက်နက်ကိုင်တော်လှန်ရေးရဲဘော်များကိုလည်း အရေးပေါ်ကုသမှုပေးနိုင်ရန် ရည်ရွယ်ပါသည်။ ၎င်းအပြင် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် စစ်ရေးလှုပ်ရှားဆောင်ရွက်လျက်ရှိသောလှုပ်ရှားစစ်ဒေသအသီးသီးရှိ ကျေးရွာများမှ လူထုအားလည်း ကျန်းမာရေးစောင့်ရှောက်မှုများ အခါအားလျော်စွာ ဆောင်ရွက်လျက် ရှိပါသည် ။ https://t.me/studentarmedforce ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ တိုက်ပွဲသတင်းများ နှင့် လှုပ်ရှားဆောင်ရွက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အထက်ပါ telegram ကို subscribe လုပ်ပေးထားပါရန် လေးစားစွာ ပြန်ကြားအပ်ပါသည် ။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
3 944
3
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက် (သောကြာနေ့) ၂၀၂၃ ခုနှစ်၊ ဒီဇ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက် (သောကြာနေ့) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်‌နေ့ တွင် မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင် ရွာအနီးသို့ မင်းတုန်း (၅) မိုင်ဂိတ်မှ Faw ကား ၂စီးဖြင့် တက်လာသော ခန့်မှန်း အင်အား ၃၀ ဝန်းကျင် ရန်သူ့စစ်ကြောင်းအား မိမိတို့ ကျောင်းသားလက်ရုံးတပ်‌တော် (SAF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်း (Eagle Force)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်း၍ နံနက် (၀၉:၅၁) အချိန်ခန့်တွင် မိမိတို့ဘက်မှ မိုင်းဆွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် ၆ ဦး သေဆုံးကာ၊ အရာရှိ (၁) ဦးအပါအဝင် ၂၀ဦးခန့် အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတိုက်ပွဲတွင် ရန်သူ့ဘက်မှ လက်နက်ကြီး (၄၀ မမ)၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းရေးရာဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9
3 447
4
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၁ရက်ကျောင်းသာ+4
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၁ရက်ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟို‌‌ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆု‌ချီးမြှင့်ခြင်း၊ တက်ရောက်လာသူများအား ဧည့်ခံ‌ကျွေးမွေးခြင်းမှာ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှ အရာရှိ၊ အရာခံများနှင့် အကြပ်စစ်သည်များ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည် ၊ရဲဘော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထပ်မံ၍ သင်တန်းအပတ်စဉ်သစ်များအတွက် တာဝန်ထမ်းဆောင်ရန် တပ်သားသစ်များအား ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်‌တော်မှ ခေါ်ယူလျှက်ရှိသည်။ - သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9
4 265
5
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၊ ၉ ရက် (ကြာသပတေးနေ့) ယနေ့ ည ၇နာရီ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၊ ၉ ရက် (ကြာသပတေးနေ့) ယနေ့ ည ၇နာရီ ၊၅၀ မိနစ် အချိန်တွင် သရက်ခရိုင်၊ကံမမြို့ စစ်ကောင်စီ၏ တောင်ပေါ်စစ်ဆေးရေးဂိတ်စခန်းအား ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သရက်ခရိုင် အမှတ် - ၄ တပ်ရင်းEagle Force) လွတ်မြောက်သောစစ်သည်တော်များတပ်ဖွဲ့(W.O.L.F) ပူးပေါင်းစစ်​ကြောင်းမှ ပြင်းအားမြင့် မိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ နှစ်ဦးကျဆုံး၍ ခုနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ သတင်းပြန်ကြားရေးနှင့်စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF Telegram Panel: https://t.me/+PO_yNnUQxLxiYTk9
5 046
6
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၃၀ ရက် (တနင်္လာနေ့) ယနေ့ အောက်တ+3
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။      ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၃၀ ရက် (တနင်္လာနေ့) ယနေ့ အောက်တိုဘာလ၊ ၃၀ရက်နေ့တွင် မိမိတို့ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ Anonymous heros အဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာအနီးတွင် အင်အား ၇၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ မျက်မြင်ရန်သူ ၅ဦး ကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်စဉ်မှာ နေ့လည် ၁၂နာရီ ၅၄မိနစ်ခန့်တွင် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ ထို့နောက် ရန်သူစစ်ကြောင်းသည် နမခအနီးရှိ ဖန်ခါးကျင်းရွာသို့ပြန်လည်ဆုတ်ခွာခဲ့ရာ ၎င်းတို့ဆုတ်ခွာသည့် လမ်းကြောင်းနေရာများသို့ မိမိတို့နှင့် လာရောက်ပူးပေါင်းသည့် ကာကွယ်ရေးတပ်များမှ လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် ရန်သူဘက်မှ ၅ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
5 786
7
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၂၈ ရက် (စနေနေ့) ယမန်နေ့ အောက်တိ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။      ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၂၈ ရက် (စနေနေ့) ယမန်နေ့ အောက်တိုဘာလ၊ ၂၇ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် ကျောင်းသားလက်ရုံးတပ်တော်(SAF)၊  မုံရွာခရိုင် အမှတ်-၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်) ၊ ဒေသ‌‌ကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီဘက်မှ မျက်မြင် ၅ဦးကျဆုံး၍ ခဲယမ်းအချို့သိမ်းဆည်းရမိပြီး မိမိတို့ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ၊ ၂၇ရက်နေ့ မနက်၇နာရီခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှ ဘုတလင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ခန့်ရှိ ရန်သူစစ်ကြောင်းအား မိမိတို့မဟာမိတ်ပူးပေါင်းတပ်များမှ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ မိနစ် ၃၀ခန့်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ဦးမျက်မြင်ကျဆုံးခဲ့ပြီး  ယူနီဖောင်း ၁ ထည် ၊ ၄၀ မမ ဗုံးသီး ၁ လုံး၊  7.62 ကျည် ၈၂ တောင့်၊ 5.56 ကျည် အတောင့် ၂၀ ၊ ကျည်ဘောက် ၃ ခု၊ စစ်သုံးအိတ် ၁ လုံး၊ ပိုက်ဆံ ၅၀၀၀ကျပ်၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး နှင့် အခြားသော ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ မိမိတို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ  မုံရွာခရိုင် အမှတ် ၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်) ‌‌‌‌‌‌‌‌‌‌‌‌‌‌မှ တပ်စိတ်မှူး ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ရသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
5 300
8
ကျောင်းသားလက်ရုံးတပ်တော်မှ ရပ်ရွာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေပြုအခမဲ့ဆေးခန်း ဖွင့်လှစ်၍ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပ+5
ကျောင်းသားလက်ရုံးတပ်တော်မှ ရပ်ရွာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေပြုအခမဲ့ဆေးခန်း ဖွင့်လှစ်၍ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ မိမိတို့တပ်လှုပ်ရှားဆောင်ရွက်လျက်ရှိသော စစ်ဒေသနှင့်ဆက်စပ်ကျေးရွာများအတွင်း ကျေးရွာလူထုအား အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်၍ ရပ်ရွာအ‌ခြေပြုအခမဲ့ဆေးခန်းဖွင့်လှစ်ကုသပေးခြင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ဆေးခန်း၌ ရပ်ရွာ လူထုအား ယခုရာသီ အကူးအပြောင်းကာလ အတွင်း အဖြစ်များလျက်ရှိသော ရာသီတုပ်ကွေး ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ၊ တိုက်ဖွိုက် စသည့်ရောဂါများ ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးငယ်များကို ‌ စောက်ရှောက်မှုပေးခြင်း ၊ မီးဖွားပေးခြင်း ၊ မိခင် နှင့် ကလေးများ ၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ၊ အခြေခံ ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းများကို ပြုလုပ်လျက်ရှိပါသည် ။ ၎င်းအပြင် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် စစ်ရေးလှုပ်ရှားဆောင်ရွက်လျက်ရှိသောလှုပ်ရှားစစ်ဒေသအနီးရှိ ကျေးရွာများမှ လူထုအားလည်း ကျန်းမာရေးစောင့်ရှောက်မှုများ အခါအားလျော်စွာ ဆောင်ရွက်လျက် ရှိပါသည် ။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
5 995
9
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း(အပတ်စဥ်သစ်) တပ်သားသစ် ခေါ်ယူခြင်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် ကျော
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း(အပတ်စဥ်သစ်) တပ်သားသစ် ခေါ်ယူခြင်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် အပတ်စဉ်သစ် ရဲဘော်များ စတင်လက်ခံစု‌ဆောင်းနေပြီဖြစ်သည်။ တော်လှန်ရေးရှည်ကြာလာသည်နှင့်အမျှ လက်နက်၊ ရိက္ခာ၊ ဆေးဝါး စသည်တို့ လိုအပ်လာသည်နှင့်အတူ အဖိနှိပ်ခံလူထု လွတ်မြောက်ရေးအတွက် လူထုကိုမျက်နှာမူသည့် စစ်ပုံကျ၍အမိန့်နာခံမှုကောင်းသော တော်လှန်ရေး တပ်သားများမှာ အဓိကနေရာမှ အရေးပါသည်။ ထို့ကြောင့် မိမိတို့ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ ရန်သူစစ်ကောင်စီအား လက်တွဲတိုက်ပွဲ၀င်ရန် တပ်သားသစ်ရဲဘော်များအား လိုအပ်လျှက်ရှိသည်။ ကျောင်းသားလက်ရုံးတပ်တော်တွင် တက္ကသိုလ်ကျောင်းသားရဲဘော်များသာမကဘဲ အမှန်တရားအတွက် အသက်ပင်ပဓာဏမထား တော်လှန်တိုက်ပွဲဝင်သည့် ကျောင်းသားစိတ်ဓာတ်ရှိသူမည်သူမဆို အမှုထမ်းဆောင်နိုင်သည်။ ‌တပ်တော်သို့ ဝင်ရောက်အမှုထမ်းလိုသူများအနေဖြင့် တပ်တော်၏ Facebook Page သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။အောက်ပါ တပ်သားသစ်စုဆောင်းရေးဆိုင်ရာ မူဝါဒနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ၁။ ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်လောင်းများဖြစ်သည်နှင့်အညီ တပ်တော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများနှင့် သစ္စာအဓိဋ္ဌာန်များကို လက်ခံနိုင်သူဖြစ်ရမည်။ ၂။ လက်နက်ကိုင်တော်လှန်ရေးအတွက်စိတ်ပိုင်းဖြတ်ပြီးသူဖြစ်ရမည်။ ၃။ အသက် (၁၈) နှစ်မှ အသက် (၅၀) နှစ်အတွင်းဖြစ်ရမည်။ ၄။ အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ ၅။ တပ်တော်မှပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနစစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
6 731
10
ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရဲဘော် သောမတ်စ် သည် စစ်ကိုင်းတိုင်းဒေသကြီး၌ တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့စွာ အ+1
ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရဲဘော် သောမတ်စ် သည် စစ်ကိုင်းတိုင်းဒေသကြီး၌ တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့စွာ အသက်ပေးလှူ ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major)ကျောင်းသားတစ်ဦးဖြစ်သော တပ်စုမှုး သောမတ်စ်သည် ယမန်နေ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့အနီး၌ တိုက်ပွဲတွက် ကျဆုံးခဲ့ရသည်။ ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ခြင်းဖြစ်သည် ။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 963
11
Fundraising by နွေဦး Page နှင့်ပတ်သတ်၍ သတင်းထုတ်​​ပြန် ကြေညာချက် နေ.စွဲ။ ။၂၀၂၃ခုနှစ်၊စက်တင်ဘာလ၊၃ရက် ၁။ Fundraising by နွေဦး
Fundraising by နွေဦး Page နှင့်ပတ်သတ်၍ သတင်းထုတ်​​ပြန် ကြေညာချက် နေ.စွဲ။ ။၂၀၂၃ခုနှစ်၊စက်တင်ဘာလ၊၃ရက် ၁။ Fundraising by နွေဦး page သည် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ တရားဝင် ဘဏ္ဍာငွေရှာဖွေရေးနှင့် လူထုဆက်ဆံရေး page ဖြစ်ကြောင်း တော်လှန်လူထုအား လေးစားသမူဖြင့် အသိပေး ပန်ကြားလိုပါသည် ။ ၂။ အဆိုပါ fundraising နွေဦး page သည်တော်လှန်ရေးတာဝန်အရပ်ရပ်အား ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်အတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေနိုင်ရေး နှင့် ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားဆောင်ရွက်နေသည့်များကို ပြည်သူလူထုထံ တင်ပြရင်း ကျွန်ုပ်တို့ နှင့် လူထုကြား အစဉ်မပြတ် ထိတွေ့ဆက်ဆံနိုင်ရေးကိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါသည် ။ ၃။ တော်လှန်စစ်တွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသော ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ စစ်ရေး ၊ နိုင်ငံရေးနှင့် ပက်သက်၍ ပူးပေါင်း ဆောင်ရွက်လိုသော တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း ၊ မေးမြန်း စုံစမ်းလိုသော သတင်း မီဒီယာများ အနေဖြင့်လည်းကောင်း ၊ ပူးပေါင်းပါဝင်လိုသော တော်လှန် ရဲဘော်များအနေဖြင့်လည်းကောင်း ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ official facebook page - Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် - သို့လည်းကောင်း ၊studentarmedforce.protonmail.com တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်သူလူထုထံသို့ လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည် ။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနစစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 900
12
အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဧပြီလ၊၂၉ရက်နေ့ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၊ ၂၈ ရက+7
အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေ့စွဲ။      ၂၀၂၃ခုနှစ်၊ ဧပြီလ၊၂၉ရက်နေ့ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၊ ၂၈ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ် ၌ ရက္ခိုင့်တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သင်တန်း၌ သင်တန်းသား ၆၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းသား ၅၈ ဦး သင်တန်းဆင်းနိုင်ခဲ့သည် ။ အခမ်းအနားတွင် သင်တန်းဆင်း တပ်သားစစ်ကြောင်းမှ   ချီတက် အလေးပြုခြင်း ၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် ရက္ခိုင့်တပ်တော်မှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြသည် ။ အဆိုပါအခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှအရာရှိ ၊ အရာခံ များ နှင့် အကြပ်စစ်သည်များ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည် ၊ရဲဘော်တို့ တက်ရောက်ခဲ့ကြပါသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 872
13
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၂၆ ရက် (စနေနေ့) သြဂုတ်လ၊ ၂၃ရက်နေ့တွ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၂၆ ရက် (စနေနေ့) သြဂုတ်လ၊ ၂၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အက်တောကျေးရွာသို့ ပြည်သူများအား ဆက်ကြေးကောက်ခံရန်လာရောက်သော စစ်ကောင်စီတပ်သားများအား မိမိတို့ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပစ်တိုင်းထောင် - local PDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ တိုက်ပွဲဖြစ်စဥ်သည် မုံရွာမြို့၊ ပညာရေးကောလိပ်အထိုင်ချရာ နေရာမှ ဆက်ကြေးကောက်ခံရန်လာရောက်သော စစ်ကောင်စီတပ်သားများအား မိမိတို့တပ်ဖွဲ့မှ နှစ်ဖွဲ့ခွဲ၍ ချဥ်းကပ်တိုက်ခိုက်ခဲ့သ​ည်။ ရန်သူအား ချေမှုန်းနိုင်ရန်နှင့် လက်နက်သိမ်းယူနိုင်ရန် မိမိတို့မှရှေ့သို့တက်ရန်ကြိုးပမ်းသော်လည်း လက်နက်များချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့ချေ။ ထို့နောက်ရန်သူမှ ယာဥ်ဖြင့်စစ်ကူအင်အားလာရောက်ခြင်းကြောင့် ၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီးနောက် မိမိတို့မှ ပြန်လည်ဆုတ်ခဲ့သည်။ တိုက်ပွဲတွင် မိမိတို့ဘက်မှ တပ်သားရဲဘော်တစ်ဦး ယာလက်မောင်းကျည်ကွဲစမှန် ဒဏ်ရာရရှိခဲ့ပြီး  ရန်သူစကစဘက်မှ မျက်မြင် (၃)ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 195
14
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၂၅ ရက် (သောကြာနေ့)သြဂုတ်လ၊ ၂၃ ရက်နေ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၂၅ ရက် (သောကြာနေ့)သြဂုတ်လ၊ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ကြို့ဝ ကျေးရွာမှ ရွာသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းအား ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်း - ၄ (Eagle Force) ၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည် ။သြဂုတ်လ၊ ၂၃ရက် ရင်ဆိုင်တိုက်ပွဲဖြစ်စဥ်မှာနံနက်(၈)နာရီခန့်တွင် ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းအား မိမိပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြရာ ရင်ဆိုင်တိုက်ပွဲ ၂နာရီနှင့်မိနစ်၄၀ ခန့်အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရန်သူ ၁၅ဦးခန့် (မျက်မြင်) ကျဆုံးခဲ့သည်။ထို့နောက် ကြို့ဝကျေးရွာကုန်းထိပ်မှ ရန်သူစစ်ကောင်စီ နောက်ချန်အင်အားတို့သည် လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ မိမိတို့ပူးပေါင်းတပ်ဖွဲ့များ၏ နောက် ရန်သူစစ်ကောင်စီတပ်များပေါ်သို့ တည့်တည့်ထိမှန်ပေါက်ကွဲခဲ့ခြင်းကြောင့် ရန်သူအတွင်းသတင်းများအရ အဆိုနှစ်နာရီကျော်ကြာတိုက်ပွဲအတွင်း ရန်သူအင်အား ၅၀ခန့်(အတည်မပြုနိုင်)ကျဆုံးခဲ့ကြောင်းသတင်းရရှိခဲ့သည် ။ရန်သူ့ တပ်ဖွဲ့ဝင်များသည် ရွာသစ်ရွာအတွင်းသို့ဝင်ရောက်ကာ ဒေသခံပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက်သိမ်းယူခဲ့ပြီး ရွာသစ်ရွာတွင်း မတိမ်းရှောင်နိုင်သော ဒေသခံ ပြည်သူ (၅) ဦးကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည် ။ထို့နောက် ယမန်နေ့ သြဂုတ်လ၊ ၂၄ရက်တွင် မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာမှ ဖောကား (၁)စီးနှင့်သစ်ကား (၁)စီး အင်အား ၃၀ ခန့်ဖြင့် ကြိုဝရွာသို့ ပြန်လည်ထွက်ခွာလာ​သော စစ်ကောင်စီတပ်များအား မိမိတို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ ဖောကား(၁)စီးပျက်စီး၍ ရန်သူ ၈ဦး (မျက်မြင်)ကျဆုံးခဲ့ပြီး ရန်သူစီးနင်းလာသော ကားတစ်စီး ပျက်ဆီး၍ နေရာ၌ပင် ထားရှိခဲ့ရသည် ။ လက်ရှိတွင် ရန်သူတပ်ဖွဲ့ဝင်များသည် ရွာသစ်ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသယ်ဆောင်နေကြပြီး ရွာအား မီးရှို့ဖျက်ဆီးလျက်ရှိခြင်းကြောင့် အပြစ်မဲ့ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါသည် ။ _သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်း၏ရေးဌာနစစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
1 941
15
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၁၆ရက် (ဗုဒ္စဟူးနေ့) ယမန်နေ့ သြဂုတ်လ
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။      ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၊ ၁၆ရက် (ဗုဒ္စဟူးနေ့) ယမန်နေ့ သြဂုတ်လ ၁၅ရက်နေ့တွင် မိမိတို့ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် သရက်ခရိုင်တပ်ရင်း - ၄ (Eagle Force) ၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့  (W.O.L.F) တို့ပူးပေါင်း၍ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနီးရှိ မင်းတုန်းမြို့ဝင် ၅မိုင်ဂိတ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ၁ နာရီဝန်းကျင်ခန့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည် ။ ရန်သူစခန်းအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်နက်ခဲယမ်း ချို့ယွင်းမှုတချို့ကြောင့် မအောင်မြင်ခဲ့ပေ ။ ရန်သူစကစ ဘက်မှ ၆ဦး မျက်မြင် ကျဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည် ။ တိုက်ပွဲ၌ ရန်သူမှ စက်လက် ၊  ၄၀မမများ နှင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 006
16
တောင်ကျရေ အဆမတန် မြင့်မားမှုကြောင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်းပျက်စီးဆုံးရှုံးမှုအချို့ရှိ နေ့စွဲ။ ။၂၀၂၃ခု+5
တောင်ကျရေ အဆမတန် မြင့်မားမှုကြောင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်းပျက်စီးဆုံးရှုံးမှုအချို့ရှိ နေ့စွဲ။       ။၂၀၂၃ခုနှစ်၊သြဂုတ်လ၊၁၂ရက်နေ့(စနေနေ့) ဆယ်ရက်ခန့် မိုးရက်ရှည်ရွာသွန်းမှုကြောင့် တောင်ကျရေအဆမတန်ကျဆင်း၍ ကျောင်းသားလက်ရုံးတပ်တော်ဗဟိုလေ့ကျင့်ရေးကွင်းရှိ ရုံးအဆောက်ဦးတချို့နှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးခင်းများနှင့် အခြားပစ္စည်းများ ကာလတန်ဖိုး (ကျပ်သိန်းတရာ )ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 258
17
ရှေ့တန်းစစ်မျက်နှာ၌ တာဝန်ထမ်းဆောင်နေသော ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်အချို့၏ လှုပ်ရှားမှု ပုံရိပ်များ နေ့စွဲ။ ။၂၀၂၃ခုနှစ်+6
ရှေ့တန်းစစ်မျက်နှာ၌ တာဝန်ထမ်းဆောင်နေသော ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်အချို့၏ လှုပ်ရှားမှု ပုံရိပ်များ နေ့စွဲ။ ။၂၀၂၃ခုနှစ်၊သြဂုတ်လ၊၄ရက်(သောကြာနေ့) - စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှေ့တန်းစစ်မျက်နှာ၌ တာဝန်ထမ်းဆောင်နေသော ရဲဘော်အချို့၏ လှုပ်ရှားမှုပုံရိပ်များဖြစ်သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 261
18
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက် (တနင်္လာနေ့) ယမန်နေ့ ဇူလိုင်
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။     ။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက် (တနင်္လာနေ့) ယမန်နေ့ ဇူလိုင် (၃၀)ရက်နေ့တွင် မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီးရှိ မင်းတုန်းတံတား(ကန်လည်တံတား) စစ်ဆေးရေးဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့အား ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ သရက်ခရိုင် အမှတ်(၄) တပ်ရင်း (Eagle Force) နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်တော်များတပ်ဖွဲ့ (WOLF) မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့​ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါဖြစ်စဥ်သည် မိမိတို့မဟာမိတ်ပူးပေါင်းစစ်ကြောင်းသည် Drone၊ 40mm လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ဝင်​ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အတွင်းရှိ ရန်သူစစ်ကောင်စီတပ်များမှပြန်လည်ပစ်ခတ်ခြင်းရှိသော်လည်း မိမိတို့မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ရန်သူဘက်မှထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ကျဆုံးစာရင်းအား အတည်ပြုနိုင်ခြင်းမရှိသေးချေ။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
2 051
19
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ၂၉ရက် (စနေနေ့) ယနေ့ ဇူလိုင် ၂၉ ရက်နေ့
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ၂၉ရက် (စနေနေ့) ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အနောက်ဘက်ဇီးတောရွာ၌ ကျောင်းသားလက်ရုံးတပ်တော်နှင့် သွေးကြွေး Local PDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်များအားတိုက်ခိုက်ခဲ့ကြသည်။ အဆိုပါဖြစ်စဥ်သည် ၁၄:၁၀အချိန်ခန့်တွင် ဆုံကုန်းရွာ မှ  နှောပင်ရိုးရွာသစ် အတိုင်း တက်လာသော စကစတပ် အင်အား ၈၀ခန့်အား မိမိတို့ တပ်မှ အနောက်ဇီးတော ရွာသုသာန်အတွင်းမှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရန်သူစကစတပ်များမှာ လက်နက်ငယ် လက်နက်ကြီးပစ်အား ဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံကာကွယ်ရေးတပ်များဘက်မှ ပြန်လည်၍ လက်နက်ကြီးပစ်ကူပစ်အားဖြင့် ပစ်ခတ်ပေးခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး အကျအဆုံးအား မိမိတို့မသိရှိရသေးပေ။ ထို့သို့ ပစ်ခတ်နေစဉ် အတွင်း မိမိ တို့ ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်များ နှင့်သွေးကြွေးLocal PDF တပ်ဖွဲ့ဝင် များမှာ အထိအခိုက်မရှိအောင်မြင်စွာ အဆင့်ဆင့်ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
1 762
20
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၉ရက် ယမန်နေ့၊ ဇူလိုင်လ (၂၈) ရက်နေ့တွင
ကျောင်းသားလက်ရုံးတပ်တော်​ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၉ရက်       ယမန်နေ့၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်၊ Anonymous Hero (Local PDF)နှင့်ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်များမှ လွန်ခဲ့သောရက်များက ဘုတလင်မြို့နယ်တွင်း အကြမ်းဖက်စစ်ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်လျက်ရှိသော ရန်သူစစ်ကောင်စီ၏စစ်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာသာရွာနှင့် ကြက်ရိုးကုန်းရွာကြားတွင် တိုက်ခိုက်ခဲ့သည်။      အဆိုပါဖြစ်စဥ်တွင် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သော ရန်သူ့တပ်များအား မိမိတို့မဟာမိတ်ပူးပေါင်းတပ်များမှ စတင်စီးကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်မှ ဒုဗိုလ်အဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် ၄ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း ကနဦးသိရှိရသည်။ ထို့နောက်မိမိတို့မဟာမိတ်တပ်များမှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
1 682