en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
နီးစပ်တော့မလိုလိုနဲ့ ဝေးကွာသွားရတဲ့ ဆက်ဆံရေးတွေ ၊ ချစ်နေပါလျှက်နဲ့ မချစ်ချင်ယောင်ဆောင်ပေးလိုက်ရတဲ့ အခိုက်အတန့်တွေ တဖက်လူပျော်ရွှင်နိုင်ဖို့ တဖက်က မျက်ရည်ကျပေးရသတဲ့လား.. ? အချစ်က ပေးဆပ်ခြင်းလား ရယူခြင်းလား ဝေခွဲမနေတော့ပါဘူး ကိုယ်ချစ်တဲ့သူက သူချစ်တဲ့သူနဲ့ပျော်ရွှင်ဖို့ စွန့်လွှတ်ပေးလိုက်ရတာပါပဲ။ တိုက်ဆိုင်မှု့တွေရှိလို့ ကိုယ့်ကို သတိတရရှိခဲ့ရင် အရင်နေရာလေးမှာ ကိုယ့်ကိုပြန်ပြီး လာရှာလှည့်ပါ ခဗျားလေးကို နေ့စဥ်မျှော်နေပါတယ် အတိတ်တွေက ဝေဝါးလဲ အလွမ်းတွေကတော့ အချိန်ရာသီမပြောင်းပဲ ယနေ့ချိန်တိုင်အောင် လတ်ဆတ်နေမြဲပါအချစ်ရာယ်.....။ -လမင်းလေး🌻

မောင်ရေ..... တကယ်လို့ အလွမ်းတွေသာ တိမ်ညိုတွေ ဖြစ်မယ်ဆိုရင် မောင့်ဆီကို အမှာစကားတွေ လမ်းကြုံပါးလိုက်မယ်။ မရဲ့ စကားသံလေးတွေဟာ မောင့်ရဲ့ထံပါး လေပြည်တွေအဖြစ် ခစား ဝင်ရောက်ပါစေ။ မရဲ့အနမ်းတွေကတော့ လည်ပတ်နေတဲ့ သွေးကြောလေးတွေထဲ စီးဆင်းကာ မောင်တယောက် အေးမြပါစေ။ ။ -မုဒြာ🌻 @KLP251021

ချစ်သူရေ.... ကမ်းမကပ်ပဲ ရွက်လွှင့်နေတဲ့ လေတစ်စင်းလို. လှိုင်းကြမ်းတွေကို ကူးဖြတ်ရင်းနဲ့ အလွမ်းရွာလေးထဲမှာ အတိတ်တွေကို အဖော်ပြုပြီး မင်းကို သတိရနေပါတယ်.// -မုဒြာ🌻 @KLP251021

မိန်းကလေးနဲ့ယောကျာ်းလေးနှယောက်မှာ ဘယ်သူကပိုချစ်တက်ကြလဲ မသိပေမဲ့ သေချာတခုကတော့ မိန်းကလေးအများစုက တကယ်ချစ်မိသွားရင် အရမ်းတွယ်တာသွားတက်ကြတာပဲ။ ကိုယ့်ချစ်သူမကြိုက်ဘူးဆိုတဲ့အရာတွေကို ပြောနေစရာမလိုပဲနဲ့ ကိုယ့်ဘာသာပြင်တက်ကြတယ်။ ချစ်သူဆိုတာထက် မိခင်စိတ်ကပိုများလာတာပါ ဘယ်ပဲသွားသွား ဘာပဲလုပ်လုပ် စိတ်ပူပြီး နေရာတကာ လိုက်ပြောမိတက်ကြတယ်။ ဒါကို အချစ်ခံရတဲ့ယောကျာ်းလေးတွေက ချုပ်ချယ်မှု့တခုလို့ပဲ မြင်လာတက်ကြတယ်။ မိန်းကလေးတွေက မချစ်တဲ့သူကိုဆိုရင် အချိန်ကုန် လေကုန်ခံပြီး မပြောတက်ကြပါဘူး။ သူတို့ဒီလောက်နားပူအောင်ပြောနေပြီဆိုရင် သေချာပါတယ် သင်ကသူ့ဘဝတစ်ခုလုံးအတွက် အရေးပါတဲ့လူတယောက်ဖြစ်နေပြီဆိုတာကို။ -မုဒြာ🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

တချိန်က တယောက်ကိုတယောက် ရင်နင့်အောင်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်က အခုချိန်မှာ တယောက်ကိုတယောက် ပတ်သတ်ခဲ့ဘူးတယ်ဆိုတဲ့ အတိတ်လေးပဲ ထင်ကျန်ရစ်ခဲ့တော့တယ် ဘယ်လောက်ထိ ရင်နာဖို့ကောင်းလဲ😥။ -မုဒြာ🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

ကိုယ်ချစ်တာကို ချစ်တဲ့အလျောက် သူသိအောင်ပဲ ထပ်တလဲလဲပြောချင်နေခဲ့တာ မာနတွေသိက္ခာတွေဆိုတာလဲ မရှိဘူး။ ချစ်တာတခုပဲ သိတဲ့သူ့အပေါ်မှာ ကိုယ့်မေတ္တာတွေဟာ အပေါစားဆန်သွားခဲ့တယ်။ ကိုယ်ဘယ်လောက်ချစ်တာကို သူမသိပေမဲ့ ကိုယ်ကသူ့အတွက် အရေးမပါဘူးဆိုတာတော့ ကောင်းကောင်းကြီး သိလိုက်ရပါပြီ....🥀။ -မုဒြာ🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

သံယောဇဉ်တွေဟာ ကုန်ခမ်းတတ်သလား ချစ်ခြင်းမေတ္တာကို တိခနဲ ဖြတ်တောက်ပစ်လို့ရသလား အရိပ်အကဲ ကြည့် နေခဲ့သူမှာ မမေးရက်ခဲ့ပါ....။ ။ -လမင်းလေး🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

ကျနော်အတွက် သီးသန့်တည်ရှိပေးမဲ့အချစ်မျိုး တကြိမ်တခါလောက်ပဲ ရဖူးချင်ပါတယ်။ -မုဒြာ "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

မီးပွိုင့်နီလို့ ရပ်သွားတဲ့ကားတွေကို ကိုယ်လမ်းဖြတ်ကူးလို့ ရပ်ပေးတယ်လို့ ထင်ယောင်ထင်မှားမိခြင်းဟာ ဘယ်လောက်တောင် အရှက်မရှိ မိုက်မဲတဲ့ ဘဝင်မြင့်မှုမျိုးလဲ နော် ။ ဒီဥပမာလောက်ဆိုဒီနှစ်တွေအတွင်း ကျွန်တော် ဘာကိုရှက်နေလဲဆိုတာ ခင်ဗျားနားလည်မှာပါ ။ - ချောနကျယ်🌻 - လူမိုက်ကဗျာ "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

မင်းဓာတ်ပုံလေးပြန်မြင်တဲ့အခါ messenge လေးတွေပြန်ဖတ်မ်ိတဲ့အခါ အနားမှာ မင်းရှိနေတုန်းကလို နှလုံးသားမှာ နူးညံ့ညင်သာစွာစီးမျောလို့… အခုတော့ အရာရာ အိပ်မက်လိုလို မနေ့တနေ့ကလိုလို တစ်ရေးနိုးတိုင်းလွမ်းတဲ့ စိတ်မှာ ဒဏ်ရာဟာ ကိုယ်နဲ့အသားမကျသေးဘူး မင်း ချမ်းမြေ့ပါစေကွယ်။ -စစ်ငြိမ်း🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

သာနေတဲ့လကို အဝေးကငေးကြည့်တဲ့အခါ ကိုယ့်ဘဝ ဗလာဆိုတာ မေ့သွားသလိုမျိုး အချစ်ဆိုတာ ကိုယ့်ဖက်ကသေချာရင် တကယ်ရှိပါတယ် ။ -စောနန္ဒာခိုင်🌻 "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈