en
Feedback
AAMIJ

AAMIJ

Open in Telegram

သတင်များပေးပို့လိုလျှင် ယခုဖော်ပြပါ accကို ပေးပို့နိုင်ပါသည် @Ko_HAK

Show more
256
Subscribers
No data24 hours
-17 days
-130 days
Posts Archive
photo content

(၂၀၁၉)နောက်ပိုင်း အာရှဖလားခြေစစ်ပွဲတွေမှာ မြန်မာအသင်း ပထမဆုံး နိုင်ပွဲပြန်လည်ရရှိ AAAMIJ | March 26 မတ်လ(၂၅)ရက်နေ့၊ညနေပိုင်းက ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ (၂၀၂၇)ခုနှစ်အာရှဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းက အာဖဂန်နစ္စတန် အသင်းကို (၂)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ အခုလိုအနိုင်ရရှိခဲ့တာဟာ (၂၀၁၉)ခုနှစ်ကကျင်းပခဲ့တဲ့ (၂၀၂၃)အာရှဖလားခြေစစ်ပွဲဒုတိယအဆင့်မှာ မွန်ဂိုလီးယားအသင်းကို (၁)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး နောက်ပိုင်း(၆)နှစ်အကြာ အာရှဖလားခြေစစ်ပွဲစဉ်တွေမှာ ပထဆုံးအကြိမ် ပြန်လည်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အာဖဂန်နစ္စတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်(၁၄)မိနစ်ထဲက ဦးဆောင်ဂိုးပေးခဲ့ရပြီး ပွဲချိန်(၂၈)မိနစ်မှာ ချေပဂိုး၊ဒုတိယပိုင်းပွဲချိန်(၇၅)မိနစ် မှာ ဦးဆောင်အနိုင်ဂိုးတွေ ပြန်လည်သွင်းယူပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ (၂၀၂၇)အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှာ အာဖဂန်နစ္စတန်၊ပါကစ္စတန်၊ဆီးရီးယားအသင်းတွေနဲ့အတူ တစ်အုပ်စုထဲကျရောက်နေပြီး အခုလို ခြေစစ်ပွဲတတိယအဆင့်မှာ အုပ်စုပထမနေရာရရှိတဲ့ အသင်းတစ်သင်းထဲကသာ (၂၀၂၇)အာရှ ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့လည်း နောက်ထပ်ခြေစစ်ပွဲစဉ်တွေအဖြစ် လာမယ့်ဇွန်လ (၁၀)ရက်နေ့မှာ ပါကစ္စတန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်သလို အောက်တိုဘာလအတွင်းမှာလည်း ဆီးရီးယားအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားပြိုင်ပွဲသက်တမ်းတလျှောက်မှာ (၁၉၆၈)ခုနှစ် ပြိုင်ပွဲအတွင်း ဒုတိယဆုရရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ခြေစစ်ပွဲအဆင့်ကနေ အကြိမ်ကြိမ်လှည့်ပြန်ခဲ့ရကာ အဓိကပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်မပြိုင်နိုင်တာဟာ နှစ်ပေါင်း (60)နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။ #aamij #Yangon

photo content

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်မှ ဂျက်ဖိုက်တာ ၅စီးဖြင့် ဗုံးကြဲတိုက်ခိုက် AAMIJ / မတ် ၂၆ မတ်လ (၂၄)ရက်နေ့ ည ၈နာရီခွဲမှ ၉နာရီခွဲအတွင်းစစ်ကောင်စီတပ်မှ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာနဲ့ ကံတောင်ကျေးရွာတို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာများနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အဦးများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ မပေါက်ကွဲခဲ့တဲ့ လေယာဉ်ဗုံးအချို့‌ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြည်သူများဘေးအန္တရာယ် ထိခိုက်မှုမရှိစေဖို့ ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ #aamij

photo content

အနုပညာရှင်အောင်ကိုမိုး၏ ဝတ်စားဆင်ယင်မှုဟာဘာသာရေး စော်ကားသည်ဟုဆိုကာ မျိုးချစ်များကတရားစွဲ AAMIJ / မတ် ၂၆ ပြီးခဲ့တဲ့ အကယ်ဒီပေးပွဲမှာ ပွဲတက်ဖက်ရှင်တစ်ခုနဲ့ တက်ရောက်လာတဲ့ အနုပညာရှင်အောင်ကိုမိုးရဲ့ ဝတ်စားဆင်ယင်မှုဟာ ဗုဒ္ဓဘာသာကိုစော်ကားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးချစ်အဖွဲ့တွေက တရားလိုလုပ်ပြီး ဖေဖော်ဝါရီလ ၁၉ရက်နေ့က တရားစွဲဆိုခဲ့ပါတယ်။ အနုပညာရှင် အောင်ကိုမိုးရဲ့ဝတ်စားဆင်ယင်မှုမှာ ပုဂံခေတ်က ဝတ်စားဆင်ယင်မှုကို တီထွင်ဖန်တီးထားတဲ့ ဖက်ရှင်တစ်ခုသာဖြစ်ပါတယ်။ ယမန်နေ့က အနုပညာရှင် အောင်ကိုမိုးကို တရားစွဲဆိုထားတဲ့ နေပြည်တော် ဒက္ခိဏသီရီမြို့နယ်တရားရုံကို ၄င်းဟာ ရုံးချိန်ကိုရောက်မလာခဲ့တာကြောင့် မျိုးချစ်အဖွဲ့တွေက တရားရုံးကိုဖမ်းဝရမ်းထုတ်ပေးဖို့ လျောက်တင်ခဲ့တယ်လို့ သိရပါတယ်။ ဒက္ခိဏသီရီမြို့နယ်တရားရုံးက‌တော့ နောက်ထပ်ရုံးချိန်းကို ဧပြီလ ၄ရက်နေမှာ ချိန်းဆိုထားပါတယ်။ AAMIJမှ ကိုအောင်ကိုမိုးကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးမှ မျက်နာပုံကိုသေချာအသေးစိတ် ကြည့်ရှုရာမှာလဲ မျက်နာပုံမှာ နားတောင်းပါရှိနေခြင်း၊ဆံပင်ပုံစံကို ကြည့်ရှုရာမှာလည်း ဆံပင်ကိုစည်းပြီး နားတောင်းဘေးကို ချထားတဲ့ပုံစံကိုမြင်တွေ့ရပါတယ် ။အဆိုပါ မျက်နှာဖုံးဟာ ပုဂံခေတ်က လက်ရာလို့ ယူဆရပြီး လူတစ်ယောက်ရဲ့ပုံသာဖြစ်တယ်လို့ သုံးသတ်ရပါတယ်။ ဗုဒ္ဓဘုရားရဲ့ မျက်နာတော်နဲ့ ဆင်တူတယ် ဆိုရမှာလည်း အထက်ပါအချက်အလက်တွေအရ မဖြစ်နိုင်ကြောင်းတွေ့မြင်ရပါတယ်။ ဒါပေမယ့် စစ်တပ်လော်ဘီတွေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဆိုသူတွေကတော့ အနုပညာရှင်အောင်ကိုမိုးဟာ ၄င်းတို့ကိုမတောင်းပန်လို့ဟုဆိုကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအခြေနေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်စွာဝတ်စားဆင်ယဉ်ခွင့်ကို ထင်ထင်ရှားရှား ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ #aamij #Yangon

photo content

ရန်ကုန်မြို့ မီးပျက်ချိန်တွင် ဧည့်စစ်ဝင်ပြီး လူဖမ်း AAMIJ / မတ် ၂၆ ယမန်နေ့ မတ်လ ၂၅ရက်နေ့ ညက ရန်ကုန်တစ်မြို့လုံးနီးပါး မီးပျက်နေချိန် ၉နာရီကနေ ၁၁နာရီကြားအချိန်မှာ စစ်တပ်က ဧည့်စာရင်းဝင်စစ်ပြီး လူဖမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့စကောက်သတင်းတွေအရသိရပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်တိုင်းနီးပါးမှာ ဧည့်စာရင်းဝင်စစ်ခဲ့တာဖြစ်ပြီး စမ်းချောင်း၊ ပုစွန်တောင်၊ လမ်းမတော်၊မင်္ဂလာတောင်ညွန့်၊ သာကေတ၊ သန်လျင်၊အင်းစိန်နဲ့ လှိုင်သာယာမြို့နယ်တို့က ရပ်ကွက်အချို့ကို ဝင်ရောက် စစ်ဆေးခဲ့တာပါ။ မတ်လ ၂၅ရက်နေ့ ည ၁၁နာရီခန့်က အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ရာထဲကို စစ်သား ၁၀ယောက်ခန့်နဲ့ ဧည့်စာရင်းဝင်စစ်ပြီး အမျိုးသားတစ်ဦးကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ RSN က ဖေါ်ပြထားတာကို တွေ့ရပါတယ်။ တစ်ရက်ကို ၄ နာရီလာ ၈နာရီမီးဖျက်တာဟာ ဧည့်စစ်ဝင်ပြီး လူဖမ်းဖို့များ လုပ်တာလားလို့တောင် ထင်ရပါတယ်။ မီးပျက်နေတော့ တစ်အိမ်အိမ်ကို ဧည့်စစ်ဝင်ပြီး လူဖမ်းရင် တစ်ခြားအိမ်တွေက မမြင်ရဘူးလေ။ ဘယ်သူပါလို့ ပါမှန်းမသိနဲ့ သတင်းအမှောင်ချတဲ့ပုံစံလို ဖြစ်နေတယ်"လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက AAMIJ ကို ပြောပါတယ်။ ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို ၄နာရီ‌ပေးပြီး ၈နာရီပြန်ဖြတ်တဲ့ အစီစဉ်ကို လုပ်ဆောင်ပြီးနောက်ပိုင်းမှာ ခုလို မြို့နယ်တော်တော်များများကို တစ်ပြိုင်တည်း ဧည့်စာရင်းဝင်စစ်ပြီး လူဖမ်းခဲ့တာ ဖြစ်ပါတယ်။ #aamij #Yangon

photo content

အားလုံးစုစည်းနေရင်ဘာမှမဖြစ် (၁၉၈၁-၂၀၂၂) https://youtu.be/--xof6Ph2B0

AAMIJ ၏ နေ့စဉ်သတင်းတင်ဆက်မှုအစီစဉ် (၂၅.၃.၂၀၂၅) https://youtu.be/ko7opjxm9So

AAMIJ ထံသို့ သတင်းများပေးပို့ရာမှာ AAMIJရဲ့ Facebook Messenger , Telegram အကောင့်ဖြစ်တဲ့ @aamij , TikTok အကောင့်ဖြစ်တဲ့ @aamijburma တို့ထံသို့ဆက်သွယ်ပြီ သတင်းများပေးပို့နိုင်ပါတယ်။ သတင်းပေးပို့သူ မိဘပြည်သူများရဲ့လုံခြုံရေးကို အထူးအစဉ်တစိုက် ဂရုစိုက်လျှက်ရှိပါတယ်။

မန္တလေးမြို့မှာ ကျီးလန့်စာစားနေရတဲ့ ပြည်သူများ https://youtu.be/hvWavlzoF9M

မြေတော်ကျေးရွာရှိ နေအိမ် ၂၇၂လုံးကို စစ်တပ်မှ မီးရှို့ခဲ့ AAMIJ / မတ် ၂၅ မကွေးတိုင်း၊ ရေစကြို့မြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာရှိ နေအိမ် ၂၇၂လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Yesagyo Township Info Committeeက မတ်လ ၂၄ရက်နေ့မှာဖေါ်ပြခဲ့ပါတယ်။ အဆိုပါရွာကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့အထိ ၂ ရက်ဆက်တိုက် နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၂၇၂) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကနေ ၄ရက်နေ့အတွင်းကလည်း ရေလယ်ကျွန်းဒေသရှိ မြစွန်းတော်ကျေးရွာကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၆၆လုံး မီးလောင်ပျက်စီးခဲ့ပြီး မတ်လ ၅ရက်နေ့ကလည်း ဇလပ်နီကျေးရွာက နေအိမ် ၆၈လုံးနဲ့ သာဂေါင်လေးရွာက နေအိမ် အလုံး ၂၀တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committeeက ထုတ်ပြန်ထားပါတယ်။ လူမဆန်အောင် ရက်စက်ယုတ်မာတဲ့ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရေစကြို၊ ရေလယ်ကျွန်းဒေသက ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရတဲ့ မြေစွန်းတော်ရွာ၊ ဇရပ်နီရွာနဲ့ မြေတော်ရွာများက ဒေသခံပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး ဆေးဝါးကအစ လိုအပ်နေပြီး ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရကာ အရေးပေါ်အကူအညီများ လိုအပ်လျှက်ရှိတယ်လို့ သိရပါတယ်။

photo content

မတ္တရာမြို့နယ်အတွင်းက တောင်ကန်ကျေးရွာကို စစ်တပ်က လက်နတ်ကြီးဖြင့်ပစ်ခတ် AAMIJ / မတ် ၂၅ မန္တလေးမြို့၊ မတ္တရာမြို့နယ်အတွင်းက တောင် ကန်ကျေးရွာကို စစ်တပ်က ယမန်နေ့ည ၁၁နာရီခန့်မှာ ၄င်းတို့တပ်စွဲထားရာ မြကန်သာကျေးရွာကနေ ဟောင်ဝှစ်စာ၂လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ AAMIJမှ စုံစမ်းသိရှိရပါတယ်။ စစ်တပ်က အဲ့ဒီလို ဟောင်ဝှစ်စာ ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ တောင်ကန်ကျေးရွာ ပတ်ဝန်းကျင်အနီး ဒေသခံအရပ်သားပြည်သူများနေထိုင်ရာနေရာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်ရှိမှာတော့ တောင်ကန်ကျေးရွာပတ်ဝန်းကျင်က အရပ်သားပြည်သူတွေဟာ စစ်ဘေးရှောင်နေရပြီး သေဆုံးထိခိုက်မှုနဲ့ အပျက်ဆီးအခြေနေတွေကိုတော့ မသိရှိရသေးပါဘူး။ ယမန်နေ့ကလဲ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအဆောက်အဦးများ ပျက်စီးခဲ့ပါတယ်။ #aamij #Mandalay #fypシ

photo content

photo content

#BreakingNews ယခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပဖို့ စစ်တပ်ပြင်ဆင်နေ AAMIJ / မတ်လ ၂၅ ယခုနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲကို အတင်းအဓမ္မကျင်းပဖို့ စစ်တပ်ကပြင်ဆင်နေကြောင်း နေပြည်တော် စစ်ရေးသတင်းအရင်းမြစ်ထံမှသိရပါတယ်။ “အခုနေပြည်တော်မှာ ရှုပ်ထွေးနေတယ် ရွေးကောက်ပွဲကို ဒီဇင်ဘာ (၇)ရက်နေ့လုပ်မယ်လို့ မင်းအောင်လှိုင်က ပြောတယ်။ ရွေးကောက်ပွဲကော်မစ်ရှင်ကိုလည်း အကြောင်းကြားတာမရှိသေးဘူး။ အမိန့်နဲ့မဖြစ်မနေလုပ်မယ်ပြောတော့ အကုန်အလုပ်တွေရှုပ်ပြီး ရှုပ်ထွေးကုန်ရော”ဟု နေပြည်တော်စစ်ရေးသတင်းအရင်းမြစ်က AAMIJ ကို ပြောပါတယ်။ AAMIJ မှ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ၄င်းတို့အနေနဲ့ မသိရှိသေးကြောင်း ဆိုပါတယ်။ စစ်ခေါင်းဆောင်က လာမည့်ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ပြည်သူဆန္ဒမပါတဲ့ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် ကျင်ပမည်ဖြစ်ကြောင်းကိုလည်း ဘီလာရုစ်သမ္မကို ပြောဆိုခဲ့ပါတယ်။ #aamij #elections #MinAungHlaing #fypシ

မန္တလေးမြို့မှာ ကျီးလန့်စာစားနေရတဲ့ ပြည်သူများ https://youtu.be/hvWavlzoF9M