en
Feedback
KengTungNews

KengTungNews

Open in Telegram

သတင်းများကို အကောင်းဆုံး တင်ဆက်ပေးသွားပါမည်

Show more
865
Subscribers
No data24 hours
-87 days
-2430 days
Posts Archive
မိုးကလည်း ကုန်တော့မည် မကြာမီ ပွင့်လင်းရာသီ ရောက်လာတော့မည် ဆောင်းဦးပေါက် သာယာတဲ့ ရာသီဥတုနဲ့အတူ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်မီးတေ
မိုးကလည်း ကုန်တော့မည် မကြာမီ ပွင့်လင်းရာသီ ရောက်လာတော့မည် ဆောင်းဦးပေါက် သာယာတဲ့ ရာသီဥတုနဲ့အတူ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်မီးတောက်လောင်မည်ဟု ကျွန်ုပ် ကြိုမြင်၏.. ..

မိုးကလည်း ကုန်တော့မည် မကြာမီ ပွင့်လင်းရာသီ ရောက်လာတော့မည် ဆောင်းဦးပေါက် သာယာတဲ့ ရာသီဥတုနဲ့အတူ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်မီးတေ
မိုးကလည်း ကုန်တော့မည် မကြာမီ ပွင့်လင်းရာသီ ရောက်လာတော့မည် ဆောင်းဦးပေါက် သာယာတဲ့ ရာသီဥတုနဲ့အတူ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်မီးတောက်လောင်မည်ဟု ကျွန်ုပ် ကြိုမြင်၏.. ..

ဘယ်သူတွေသေသေ ကိုယ့်တိုင်းရင်းသားတွေပဲ ဘယ်အရာတွေကြေကြေ ကိုယ်နိုင်ငံ အင်အားချိတာပဲ ရခိုင်ဖက်က အင်အားချိရင် ဘေးနိုင်ငံက အနှေးအမြ
ဘယ်သူတွေသေသေ ကိုယ့်တိုင်းရင်းသားတွေပဲ ဘယ်အရာတွေကြေကြေ ကိုယ်နိုင်ငံ အင်အားချိတာပဲ ရခိုင်ဖက်က အင်အားချိရင် ဘေးနိုင်ငံက အနှေးအမြန် လေဟာနယ်ကို ဖြည့်သွားလိမ့်မယ် ။ ဒါတွေကို မဖြစ်စေချင်လို့ State actor  vs  Non State actors ဆိုပြီးမကြာခဏ ရေးပြီးသတိပေးခဲ့ပါတယ်၊ အရူးတယောက်ရဲ့ မဖြစ်နိုင်တဲ့ အိပ်မက်ကြောင့် .... ရခိုင်ပြည်မှာ ကံကြမ္မာဆိုးကြီးနဲ့ရင်ဆိုင်ရတော့မယ်၊ ဘယ်သူမပြု မိမိမှုပါပဲ ..

လူဟူသည် နိုင်ငံရေးသတ္တဝါဟု စာရေးဆရာ သိပ္ပံမောင်ဝကဆိုဖူးသည်။ တစ်စုံတစ်ဦးကမျှ နိုင်ငံရေးနှင့်မကင်ကွာနိုင်ကြသည် ဖြစ်သည်နှင့်အညီ မိမိနိုင်ငံ မိမိတိုင်းပြည်ရေရှည်တည်တန့်ရေး စည်ပင်သာယာဝပြောရေး ရေးရပြောရဟောရပေအုံးတော့မည်။ ထိုင်းနိုင်ငံ၏ တပ်မတော်အင်အားခိုင်မာတောင့်တင်းရေး စွမ်းရည်မြင့် တပ်မတော်သားများမွေးထုတ်နိုင်ရေး မဟာဗျူဟာ၏ အစိပ်အပိုင်းအဖြစ် ယခု စေတနာ့ဝန်ထမ်းစစ်မှုထမ်းနည်းဗျူဟာကို ကျင့်သုံးခဲ့သည်။ ကောင်းလေစွ မြန်မာပြည်တွင်ကျင့်သုံးခဲ့ပါမူ အလုပ်လက်မဲ့လူငယ်တွေ အလုပ်ရပေမည်။ အထိန်းအကွပ်မဲ့မြေပေါ်မြေအောက်၊တောတွင်းမြို့ပေါ် လက်နက်ကိုင်တွေ တာဝန်ယူမှု တာဝန်ခံမှု ၊ သစ္စာတရား အမှန်တရားမြတ်နိုးမှုနှင့် တိုင်ပြည်ချစ်စိတ် ကာကွယ်လိုစိတ်တွေ ရှိလာပေတော့မည်။ စေတနာကို အရင်းခံသော ဉာဏ်ပညာသည် အဖိုးတန်လေစွ ----

photo content

လစဉ် ဘတ် ၁၅,၀၀၀ ပေးဦးမည့် စေတနာ့ဝန်ထမ်း စစ်မှုထမ်း အစီအစဉ်သစ် ထိုင်းကြည်းတပ် စတင်ခေါ်ယူ ဘန်ကောက်၊ စက်တင်ဘာ ၈ ထိုင်းတော်ဝင်ကြည်းတပ်သည် လစဉ် လစာနှင့် ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၁၅,၀၀၀ အထိ ပေးအပ်သွားမည့် "စေတနာ့ဝန်ထမ်း စစ်သည်" (Volunteer Soldier) အစီအစဉ်ကို အကောင်အထည်ဖော်ကာ တပ်သားသစ်များ စတင်ခေါ်ယူလိုက်ပြီ ဖြစ်သည်။ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းလိုသူများအတွက် လျှောက်လွှာများကို လာမည့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ စတင်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ စေတနာ့ဝန်ထမ်း စစ်သည်များ အနေဖြင့် လစဉ် ချီးမြှင့်ငွေအပြင် အောက်ပါ အကျိုးခံစားခွင့်များနှင့် အခွင့်အလမ်းများကို ရရှိမည်ဖြစ်သည် ဆေးဝါးကုသခွင့်၊ အသက်အာမခံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့ငွေများ ခံစားခွင့်၊အပြင် စစ်ရေးလေ့ကျင့်မှုများနှင့်အတူ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများ တက်ရောက်ခွင့် နှင့် တပ်မတော်အတွင်း ဆက်လက် အမှုထမ်းလိုပါက တပ်ကြပ်ကြီး သင်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် သီးသန့်ခွဲတမ်းနှင့် ဝင်ခွင့်စာမေးပွဲများတွင် အပိုဆုမှတ် ပေးအပ်မှု အခွင့်အရေးများရရှိပါဦးမည် တာဝန်ထမ်းဆောင်မှု စည်းကမ်းချက်များအရ ကနဦး စာချုပ်သက်တမ်းကို ၄ နှစ် သတ်မှတ်ထားပြီး နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်၍ စုစုပေါင်း အများဆုံး ၈ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။ ထိုင်းအစိုးရ အနေဖြင့် ယခုကဲ့သို့ အကျိုးခံစားခွင့်များ တိုးမြှင့်ပေးကာ ဆန္ဒအလျောက် ဝင်ရောက်လာမည့် စစ်သည်များကို ဆွဲဆောင်ခြင်းဖြင့် လက်ရှိ ကျင့်သုံးနေသော မဲနှိုက်စနစ်ဖြင့် မဖြစ်မနေ စစ်မှုထမ်းစေသည့် စနစ်အပေါ် မှီခိုနေရမှုကို တဖြည်းဖြည်း လျှော့ချသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ Ref Khaosod

photo content

ရုရှားက အိန္ဒိယသို့ ပဉ္စမမြောက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် လွှဲပြောင်းပေးမည်

အေအေ သူပုန်တွေရဲ့ လက်ရှိဘဝ . အင်္ဂါဂြိုလ်က လာ‌တားတောင် ကြဲစရာရှိတာ ကြဲရမှာပဲ.. ..

❗အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ ပြသနာတချို့နဲ့ ရင်ဆိုင်နေရ❗ စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ အာရှနိုင်ငံတွေက တယ်လီဂရန် အ
❗အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ ပြသနာတချို့နဲ့ ရင်ဆိုင်နေရ❗ စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ချန်နယ်တွေမှာ မန့်ဝင်ရေးလို့ မရတာတွေ၊ message ပို့မရတာ လက်ခံ မဝင်တာတွေနဲ့ login ဝင်မရတာတွေ အပါအဝင် connection ပြဿနာတွေ တစ်ချိန်တည်း ဖြစ်နေကြောင်း သိရပါတယ်။ တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ဒီပြသနာက တယ်လီဂရန်ဘက်ကနေ ဖြစ်နေတာသာ ဖြစ်ပြီး မိတ်ဆွေတို့ အသုံးပြုနေတဲ့ အကောင့် တစ်ခုချင်းစီက ပြသနာရှိနေတာ မဟုတ်လို့ စိတ်မပူကြဖို့ အသိပေးရပါတယ် ခင်ဗျာ။

ရန်ကုန် – မန္တလေး အမြန်လမ်းမတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈   ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) မိုင်အနီးတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   ဖြစ်စဉ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ နေထိုင်သည့် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို (၃၄ နှစ်)ထံ အမျိုးသားတစ်ဦးက နေပြည်တော်မှ မိတ္တီလာသို့ ကားငှားခဲ့သဖြင့် သွားရောက်ပို့ဆောင်စဉ် စက်တင်ဘာ ၆ ရက် ညနေပိုင်း အချိန်တွင် မိဘများက ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားသူမှာ ၎င်းတို့၏ သားအသံ မဟုတ်ဘဲ အခြား အမျိုးသားတစ်ဦးမှ ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း၊ ထိုနောက် ဖုန်းအား စက်ပိတ်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိဘများမှ မိတ္တီလာမြို့ ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ထို့နောက် ညနေ ၅ နာရီခွဲကျော်တွင် အမြန်လမ်း မိုင်တိုင် (၂၇၉/၁) အနီး လမ်းဘေး ပေ ၃၀၀ ကျော်အကွာ၌ ဦးခေါင်းနှင့် မျက်လုံးတို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် (၃၀)ဝန်းကျင် အမျိုးသား အလောင်းအား နွားကျောင်းသားတစ်ဦးမှ တွေ့ရှိခဲ့ဖြင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဝင်းကို ၃၄ နှစ် ဖြစ်သူသည် အတည်ပြုနိုင်ကြောင်း သိရသည်။   သေဆုံးသူမှာ ဦးခေါင်းခွံ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ သေဆုံးသူ၏ 9Q/4825 Hyundai Accent ကားအဖြူရောင်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။   ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်သူမှာ အသက် (၂၀)ကျော် အရွယ်ရှိ ရဲရင့်အောင် ဆိုသူဖြစ်ပြီး နေပြည်တော်တွင် နေထိုင်သူဖြစ်ကြောင်း၊ လက်ရှိ မိတ္တီလာမြို့ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

photo content

🏆 4926 Operation 🏆 စက်တင်ဘာ ၇ ရက်နေ့ ဆင်လန်ဒေသအတွင်းရှိ အကြမ်းဖက် AA စခန်းတစ်ခုအား တပ်မတော်က စီးနင်းတိုက်ခိုက်သိမ်းပိုက်။ ရန်သူမှာ ပြန်လည်မခုခံနိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေးသွားပြီး မိမိတပ်ဖွဲ့များက လိုက်လံချေမှုန်းလျက်ရှိ။ - Congratulations ပါ မြန်မာ့တပ်မတော်သားများ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန်းနီမြို့နယ် ၊ စယ်အူကျေးရွာအနီးရှိ MNDAA လက်နက်ခဲယမ်းသိုလှောင်ရုံ ယနေ့နံနက်(၅) နာရီ (၄၅) မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

ခရီးသည် ၂၄ ဦးလိုက်ပါနိုင်ပြီး တစ်နာရီလျင် ကီလိုမီတာ ၂၈၀ ကျော်အမြန်နှုန်းဖြင့် ကီလိုမီတာ ၈၀၀ ကျော်ပျံသန်းနိုင်သော Mi 171 A ဘက်စုံသုံး ရဟတ်ယာဥ်သစ်ကို ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပပြုလုပ်သော EEF တွင်မိတ်ဆက်ပြသ။

photo content

PDF များအတွက် သတင်းကောင်း တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ချင်သူ၊ မိသားစု/မိဘများနှင့် အေးချမ်းစွာ နေထိုင်လိုသူ၊ အကြမ်းဖက်ဝါဒကို ရွံမုန်းသူ PDF ညီငယ်၊ ညီမငယ်များအနေနဲ့ အလင်းဝင်ချင်ရင် အောက်မှာ ဖော်ပြထားတဲ့ Telegram acc Link နဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ - အေးချမ်းစွာနေထိုင်ရဖို့နဲ့ လုံခြုံရေးအာမခံ အပြည့်အဝ ပေးပါတယ်။ - မှတ်ချက်// နှောင့်ယှက်သူများ၊ အပြောင်သဘောလာပြောသူများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ - ဆက်သွယ်ရန် >> Tele Link >> @hminewai1980 Phone no >> 09682071179 KT Sep 8

အနုပိယဘာဏီ ဆိုတာ ဘယ်တော့မဆို အကြိုက်ကို လိုက်ပြော တတ်တဲ့မိတ်ဆွေ။ သူ့ အကြိုက်အတိုင်း လိုက်ပြောတာ၊ကောင်းလဲလိုက်ပြောတာပဲ၊ မကောင်းလဲလိုက်ပြောတာပဲ။ အဲဒီ မိတ်ဆွေမျိုးဟာ မိတ်ဆွေတု ပဲ။ ဘယ်လိုအကြိုက်လိုက်ပြောတုန်းဆို မကောင်း တာပြောလည်း “အေး  . . ကောင်းတယ် ကောင်းတယ်” ကောင်းတာပြောလည်း “အေး .. ကောင်းတယ်” ဟိုတစ်ဖက်သားအကြိုက်ကို လိုက်ပြောတာ။ ဘယ်တော့ဖြစ်ဖြစ်အကောင်းဘက် ကနေလိုက်ပြော၊ မကောင်းမှုတွေလုပ်လည်း “ဟာ ကောင်းတာပေါ့၊ ကောင်းတာတွေလုပ်လည်း “ဟာ... ကောင်းတာပေါ့။ ဘယ်ဟာဖြစ်ဖြစ် သူကြိုက်တာ သူပြောတဲ့ စကားသံနောက် လိုက်ပြီးတော့ သူ့အကြိုက် လိုက်ပြောတဲ့ မိတ်ဆွေမျိုးကလည်း မိတ်ဆွေ ကောင်း မဟုတ်ဘူးတဲ့။ ဒါတွေကိုလည်း လူတွေက ပေါင်းသင်းကြတာပဲ။ ဘာဖြစ်လို့တုန်း၊ကိုယ့် သဘောနဲ့ အံကျဖြစ်နေတာကိုး။ အဲဒီပုဂ္ဂိုလ်မျိုးဟာ လူရှေ့ကျတော့ ချီးမွမ်း တယ်။ “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။မင်း သိပ် တော်တာပေါ့” ဘာညာနဲ့ဆိုပြီး ဒီလူလည်း ထွက်သွားရော မေးငေါ့ကျန်ခဲ့တယ်။ ဒီကောင်လည်း ဒီအတိုင်းပဲ။ဒီကောင်လည်း ဘယ်ဟုတ်မလဲ၊ ဒါမျိုး နော်။ လူနှစ်ယောက် အတင်းပြောကြတယ်။ အခြား လူတစ်ယောက်အကြောင်းပြောကြတယ်။ အခြား လူတစ်ယောက်အကြောင်း မကောင်းတာတွေ ပြော။ တစ်ယောက်က ထသွား“အဲ. . . လုပ်စရာ ရှိသေးတယ်၊ပြန်လိုက်ဦးမယ်” ။ ဟိုကျန်တစ်ယောက် က ဘာလုပ်လဲဆို မေးထိုးပြီးကျန်ရစ်တယ်။ သူလဲ အတူတူပါပဲ။ ဒါမျိုးက ‘အနုပိယဘာဏီ’ တဲ့။ ရှေ့တင် ကောင်းတယ်၊ကွယ်ရာကျတော့ အတင်း ပြောတယ်။ အဲဒီလူလည်း မိတ်ဆွေကောင်း မဟုတ်ဘူးတဲ့။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

ချီးမွမ်းခံရရင် 🙏🙏🙏🙏🙏 ချီးမွမ်းခံရတဲ့ အခါလည်း “ချီးမွမ်းတယ်ဆိုတာ မြဲတာ မဟုတ်ဘူး၊ တော်တော်ကြာရင် အခု ချီးမွမ်းနေတဲ့သူတွေကပဲ ကဲ့ရဲ့ချင် ကဲ့ရဲ့မှာပဲ၊ အချီးမွမ်းခံရတဲ့ ငါဆိုတာလည်း ရုပ် နာမ်မျှပဲ အနိစ္စ ဒုက္ခ ဝိပရိဏာမ ဓမ္မသဘောမျှပဲ”စသည်ဖြင့် ဆင်ခြင်ရတယ်။ အဲဒီလို ဆင်ခြင်ရင် အလွန်အကျွံ တက်ကြွဝမ်းမြောက်ခြင်း မဖြစ်ဘူး၊ နောင်တစ်ချိန်မှာ အကဲ့အရဲ့ ခံရပေမယ့် သည်းခံနိုင်တယ်။ မဟာစည်ဆရာတော်ဘုရားကြီး

ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။ ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။ သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။ ဦးခေါင်းထက်၌ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊ ညာပုခုံးထက်၌ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊ ဘယ်ပုခုံးထက်၌ အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊ ရင်ထက်၌ ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ ကျောပြင်၌ လောကပါလနတ် မြတ်တို့သည်လည်းကောင်း ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။