910
订阅者
+124 小时
+17 天
-1830 天
帖子存档
908
🚨 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚: The FBI is investigating the finances of the Argentine Football Association in the United States for alleged fraud and money laundering.
908
ဖီဖာက မက်ဆီနဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားမှာ ဆက်ရှိစေလိုခဲ့ပြီး ဆုဖလားက အာဂျင်တီးနားအသင်းဆီ ဦးတည်နေပြီလို့ အီဂျစ်နည်းပြ ဝေဖန်
အီဂျစ်လက်ရွေးစင်အသင်းနည်းပြ ဟော့ဆမ်ဟာဆန်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ မက်ဆီနဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ရှိစေလိုခဲ့ပြီး တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်းနဲ့ ဆုဖလားက အာဂျင်တီးနားအသင်းဆီ ဦးတည်နေပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား (၁၆)သင်းအဆင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အီဂျစ်ကို (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ရာမှာ အငြင်းပွားစရာတွေ ရှိခဲ့တာကြောင့် ဟော့ဆန်ဟာဆန်က ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အဲဒီပွဲမှာ အီဂျစ်အသင်းက ပွဲချိန်(၇၈)မိနစ်အထိ (၂-၀)ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး အာဂျင်တီးနားအသင်းက (၇၉၊ ၈၃)မိနစ်နဲ့ နာဂျင်အချိန်ပိုတွေမှာ (၃)ဂိုးဆက်တိုက်သွင်းယူကာ အနိုင်ယူသွားခဲ့တာပါ။
အီဂျစ်အသင်းအတွက် (၅၈)မိနစ်မှာ ဇီကိုသွင်းယူခဲ့တဲ့ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့ခြင်းနဲ့ (၂-၂)ဂိုးဖြစ်နေချိန်မှာ အီဂျစ်အသင်း ပယ်နယ်တီ ရနိုင်တာကို VAR ပြန်မကြည့်ခဲ့တာတွေက ဒီပွဲရဲ့ အဓိကအကျဆုံးအငြင်းပွားစရာတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အကွက်ဆင်ခံခဲ့ရကြောင်း ဝေဖန်ပြစ်တင်ခဲ့တဲ့ ဟော့ဆမ်ဟာဆန် အဝါကတ်ပြခံခဲ့ရသလို ဂိုးနည်းပြလည်း အနီကတ်ပြခံခဲ့ရကြောင်း သိရပါတယ်။
''ဒါတွေအားလုံးက ငွေကြေးအတွက်ပါပဲ။ သူတို့က မက်ဆီကို ပြိုင်ပွဲမှာ ဆက်ရှိစေချင်ခဲ့ပါတယ်။ ဘောလုံးမှာ အရာများစွာက အကျိုးအမြတ်အတွက် ကွင်းပြင်မှာ ဖြစ်ပျက်နေပါတယ်။ ဘာမှ မျှတမှုမရှိပါဘူး။ ဂိုးတစ်ဂိုး ပယ်ဖျက်ခံခဲ့ရသလို ပယ်နယ်တီရသင့်တာကိုလည်း VAR တောင် ပြန်မကြည့်ခဲ့ပါဘူး။ အီဂျစ်က နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့က အာဂျင်တီးနားထက် ပိုကောင်းခဲ့ပါတယ်။ ဆုဖလားက အာဂျင်တီးနားဆီ ဦးတည်နေပါပြီ'' လို့ ဟော့ဆမ်ဟာဆန်က ပြောကြားခဲ့ပါတယ်။
ဟော့ဆမ်ဟာဆန်အနေနဲ့ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်ပြခဲ့ခြင်းအတွက် ဖီဖာက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်ဒဏ်ချမှတ်အရေးယူဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
908
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များနှင့် အချိန်ဇယားများ
● ဆီမီးဖိုင်နယ်ဆီ တက်လှမ်းမယ့် ကမ္ဘာ့အကောင်းဆုံး (၈) သင်းရဲ့ ရှုံးထွက်ပွဲစဉ်ကြီးတွေကို ပိတ်ရက်နဲ့ကွက်တိ ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ရှုံးတဲ့အသင်းအတွက် နှုတ်ဆက်ပွဲလည်း ဖြစ်နိုင်တာမလို့ စောင့်ကြည့်စေချင်ပါတယ်။
👉 Jul 10 (Fri) 2:30 AM : ပြင်သစ် 🇫🇷 vs မော်ရိုကို 🇲🇦
👉 Jul 11 (Sat) 1:30 AM : စပိန် 🇪🇸 vs ဘယ်လ်ဂျီယမ် 🇧🇪
👉 Jul 12 (Sun) 3:30 AM : နော်ဝေ 🇳🇴 vs အင်္ဂလန် 🏴
908
တပ်မတော်က ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု နှင့် ဒေသတွင်းကုန်စည်ပို့ဆောင်မှုများ ပြန်လည်အသုံးပြုနိုင်တော့မည်
...
908
ဓမ္မစကား
၈ ဇူလိုင် ၂၀၂၆
အသုဘဘာဝနာ
🙏🙏🙏🙏🙏
မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ ပုပ်ရည်စီးခြင်း စသည်ကိုသန့်ရှင်း၍ ပစ်ရသော ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည် စက်ဆုပ်ရွံရှာဖွယ်ကြီးပါတကား။
စားလိုက်၊ သွားလိုက်၊ သောက်လိုက်၊ ပေါက်လိုက်၊ ဝတ်လိုက်၊ချွတ်လိုက်နှင့် အကျိုးယုတ်ခါ မိုးချုပ်ရလေတော့သည်တကား။
မရဏာနုဿတိငါသည် တစ်နေ့နှင့် တစ်ညတော့ သေဘေးမှ လွတ်ခဲ့လေပြီ။
ဝင်လေသည် မထွက်ခင်၊ ထွက်လေသည် မဝင်ခင် နံနက်၊ နေ့ညအချိန်မရွေး သေနိုင်ပါတကား။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
908
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
908
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မင်္ဂလာနံနက်ခင်းပါ
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ
မြန်မာ နိုင်ငံကြီးအေး ချမ်းသာယာပြီးအမြန် ဆုံးဖွံဖြိုးတိုးတက်လာပါစေအားလုံးကျန်းမာချမ်းသာကြပါစေစည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေသဘာဝဘေးကပ် သုံးပါးဘေး ကင်းဝေးကြပါစေကောင်းကျိုးလို အင်ဆန္ဒများပြည့်ဝကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
908
■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ် (မိနစ် ၉၀)ရလဒ်
ဆွစ်ဇာလန် 4-3 ကိုလံဘီယာ
ပင်နယ်တီရလာဒ်
အိမ်ရှင်တွေ အကုန်ပြုတ်
908
★ မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့
နော်ဝေလူမျိုးနည်းပြ ဂျွန်အန်ဒါဆင် ရောက်ရှိ
နော်ဝေလူမျိုးနဲ့ ဂျာမနီနိုင်ငံသားဖြစ်သူ ဂျွန်အန်ဒါဆင်ဟာ မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
နည်းပြအန်ဒါဆင်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ဟာ လက်ရှိမှာ အကြိုသဘောတူညီမှုရရှိထားပြီး အပြီးသတ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
MFF နဲ့ အန်ဒါဆင်ကြား နှစ်ဖက်အပြီးသတ်ဆွေးနွေးမှု အောင်မြင်ခဲ့မယ်ဆိုရင်တော့ အန်ဒါဆင်ဟာ မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အန်ဒါဆင်ဟာ ကစားသမားဘဝမှာ နော်ဝေလက်ရွေးစင်အသင်းအတွက် (၂၇) ပွဲကစား၊ (၅) ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။
နည်းပြဘဝမှာဆိုရင် ဂျာမနီကလပ်အသင်းတွေဖြစ်တဲ့ မိုချန်ဂလာဘတ်၊ မိန့်ဇ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို မြောက်ကိုရီးယားလက်ရွေးစင်အသင်းနဲ့ ဟောင်ကောင်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးကြောင်း သိရပါတယ်။
အန်ဒါဆင်ဟာ ဟောင်ကောင်အသင်းကို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (၄) နှစ်နီးပါး တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ထိရောက်အောင် ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။
Photo- MFF & SCMP
908
၂၀၂၆ ကမ္ဘာ့ဖလားကာလအတွင်း လမ်းခွဲခဲ့တဲ့ နည်းပြများ
လာမူချီ(တူနီးရှား)၊ ဟာဗေးရီနတ်ဒ်(တူနီးရှား)၊ နာဂယ်စ်မန်း(ဂျာမနီ)၊ ရော်နယ်လ်ကိုးမန်း(နယ်သာလန်)၊ ဘီယဲလ်ဆာ(ဥရုဂွေး)၊ ဟောင်မြန်ဘို(တောင်ကိုရီးယား)၊ စတိဗ်ကလက်ခ်(စကော့တလန်)၊ ကူဘက်(ချက်)၊ ဘက်ကာဆေဆေ(အီကွေဒေါ)၊ ကားလို့စ်ကွီရော့ဇ်(ဂါနာ)၊ အဂွီရီး(မက္ကဆီကို)၊ ဆယ်လာမီ(ဂျော်ဒန်)၊ မာတီနက်ဇ်(ပေါ်တူဂီ)
908
ပထမပိုင်းရလဒ်
အာဂျင်တီးနား 0 - 1 အီဂျစ်
အီဂျစ်ဟာလည်း အာဂျင်တီးနားကို ကိပ်ဗာဒီနည်းတူ ဒုက္ခပေးနေသလို အီဂျစ်ဂိုးသမား ရှိုဘီယာ ကလည်း ဗိုဇင်ညာ ဝင်ပူးနေသလား ထင်မှတ်ရပါတယ်။
အီဂျစ်ရဲ့ ဦးဆောင်မှုကို ခံနေရတဲ့ စကာလိုနီအနေနဲ့ ဒုတိယပိုင်းမှာ ဘယ်လိုမျိူး Tactical changes တွေ ပြုလုပ်လာမလဲ စောင့်ကြည့်ရပါမယ်။
908
🚨🇦🇷 𝗖𝗥𝗔𝗭𝗬 𝗦𝗧𝗔𝗧: Lionel Messi has now produced a G/A in EVERY SINGLE 2026 World Cup game so far!
✅ vs Algeria: ⚽️⚽️⚽️
✅ vs Austria: ⚽️⚽️
✅ vs Jordan: ⚽️
✅ vs Cape Verde: ⚽️
✅ vs Egypt: ⚽️🅰️
908
ပွဲပြီးရလဒ်
အာဂျင်တီးနား 3 - 2 အီဂျစ်
လက်ရှိကမ္ဘာ့ချန်ပီယံဆိုတာ ဘာလဲဆိုတာကို ပြသသွားတဲ့ပွဲပါပဲ။ အာဂျင်တီးနားဟာ မိနစ် ၇၀ ကျော်ထိ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခံခဲ့ရပေမဲ့ မိနစ် ၂၀ အတွင်း ၃ လုံးထပ်သွင်းကာ မှော်ဝင်ခြေစွမ်းနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ပြသသွားခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တဲ့ ပွဲစဥ်လို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း အာဂျင်တီးနားကို အဆုံးထိဒုက္ခပေးသွားနိုင်တဲ့ အီဂျစ်ကိုလည်း ကျွန်တော်တို့တွေ ချီးကျူးရပါမယ်။
