936
Subscribers
+2024 hours
+857 days
+30530 days
Posts Archive
936
“အဲဒါ ဘာလုပ်တာလဲ”
ဘယ်အချိန်က ကျွန်တော့် အနားသို့ ရောက်လာမှန်း မသိရဘဲ အဖေ့အသံကို ရုတ်တရက် ကြားလိုက်ရသည့်အခါ ကျွန်တော် တုန်သွား၏။
“ကံကြီးမောင်”
ကျွန်တော် ကပြာကယာ လှည့်ကြည့်လိုက်တော့ ဒေါသဖြင့် တောက်ပ တင်းမာနေသော အဖေ့ မျက်လုံးများကို ရင်ဆိုင် လိုက်ရပါသည်။
“ဒါ ဘာလုပ်တာလဲ၊ ငါ မေးနေတယ်”
ကျွန်တော် ကိုယ့်ကိုကိုယ်ကို ဟန်တင်းလျက် တည်ငြိမ်စွာ ဖြေလိုက်သည်။
“ကျွန်တော် ပိုင်တဲ့ငွေပါ ထပ်ထည့် ပေးလိုက်တာပါ အဖေ”
“ငါပေးတဲ့ ငွေဟာ မမျှတဘူးလို့ မင်း ပြောချင်တာလား”
အဖေ့အသံသည် ဒေါသဖြင့် တုန်ရီနေ၏။
“မပြောပါဘူး”
“ဒါဖြင့် မင်းဘာလို့ အဲဒီပိုက်ဆံ ထပ်ပေးတာလဲ ခွေးကောင်။ အဲဒီပိုက်ဆံကို မင်းပိုင်တယ်လို့ ပြောလိုက်သလား။ ဟုတ်လား။ အဲဒီငွေ မင်းတကယ် ပိုင်သလား၊ အဲဒါ ငါမနေ့က မင်းကို ပေးထားတဲ့ မုန့်ဖိုးပဲ။ အဲဒါ ငါပိုင်တဲ့ ပိုက်ဆံလေ။ မင်းပိုက်ဆံမှ မဟုတ်ဘဲ”
ကျွန်တော် မျက်နှာ နွေးခနဲ ပူသွား၏။ ဘေးမှာ စက် အလုပ်သမားတွေရော တာလီ အထမ်းသမားတွေရော အများကြီး ရှိနေသည်။
“မင်းကို သူရဲကောင်း မလုပ်နဲ့လို့ ငါ သတိပေးထားရက်နဲ့”
တော်ပါတော့ အဖေ၊ လူတွေရှေ့မှာ ကျွန်တော် မျက်နှာပူလာသည်။
“ငါက နှစ်ထောင်နဲ့ သင့်တော်တယ်လို့ ဆုံးဖြတ်တဲ့ ကိစ္စမှာ မင်းက မသင့်ဘူးလို့ အာခံချင်တာလား”
ထားခင် မျက်နှာ ပျက်ပျက်နှင့် ကျွန်တော့်အား ငွေတစ်ထောင် ပြန်ယူရန် ရိုရိုကျိုးကျိုးလေး ကမ်းပေးနေ၏။ ကျွန်တော် ဘာလုပ်ရမှန်းလည်း မသိ။ ဘာပြောရမှန်း မသိ။
ထားခင် မျက်နှာပျက်ပျက်နှင့် ကျွန်တော့်အား ငွေတစ်ထောင်ပြန်ယူရန် ရိုရိုကျိုးကျိုးလေး ကမ်းပေးနေ၏။ ကျွန်တော်ဘာလုပ်ရမှန်းလည်း မသိ။
“ဟေ့ကောင် ငါ မေးနေတယ်လေ။ မင်း ဘာအချိုး ချိုးတာလဲလို့ ငါ မေးနေတယ်”
ကျွန်တော် အဖေ့ကို ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထားခင် ပေးနေသည့် ပိုက်ဆံကို ကျွန်တော် ပြန်မယူဘဲ ကောင်မလေးလက်ထဲ ပြန်တွန်းပေးလိုက်သည်။
“အဖေ့ နှစ်ထောင်က ကျွန်တော့် ဆယ်ရက်စာ မုန့်ဖိုးတောင် မရှိဘူးအဖေ”
“မင်းက ...”
အဖေ ကျွန်တော့်ကို ကြောင်ကြည့်နေ၏။
“အဖေ့ စက်ရုံ လည်ပတ်ပြီး တစ်လ တစ်လ ငွေတွေ သိန်းနဲ့ချီပြီး မြတ်နေတာ ဦးဘသီတို့လို အလုပ်သမားတွေရဲ့ လုပ်အားတွေနဲ့ပါ”
အဖေ မျက်လုံးပြူး သွားသည်။
“အဖေ့အတွက် အဖေ့စက်ရုံမှာ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာနဲ့ ဘဝဆုံးသွားတဲ့ လူတစ်ယောက်အတွက် အဖေပေးတဲ့ ငွေနှစ်ထောင်ဟာ ဘာမှ မဖြစ်လောက်ဘူး အဖေ”
ကျွန်တော် မပြောဘူးဟု စိတ်ကို ထိန်းချုပ် ထားပါလျက် လွှတ်ခနဲ ပြောမိသွား၏။ အဖေ အံ့ဩလွန်းသဖြင့် ကျွန်တော့်ကို ဘာစကားမှ မဆိုနိုင်ဘဲ ငေးကြောင် နေခဲ့၏။
“အဖေ လယ်သမားတွေပေါ်က ဈေးနှိမ်ခေါင်းပုံဖြတ်၊ အလုပ်သမားတွေဆီက လုပ်ခတွေ ရပိုင်ခွင့်တွေကို ခေါင်းပုံဖြတ်၊ အဲဒီကရတဲ့ အမြတ်ငွေတွေနဲ့ အဖေ ဘယ်လောက်ထပ်ပြီး ချမ်းသာချင်သေးလို့လဲ”
အဖေ အံတင်းတင်း ကြိတ်ကာ လက်သီးဆုပ် လိုက်တာကို ကျွန်တော် သတိထားမိသည်။
“တော်တော် ...”
အခုမှတော့ ကျွန်တော် နောက်ပြန်ဆုတ်လို့ မဖြစ်တော့ပါ။ ကျွန်တော့်ကို တစ်စုံတစ်ရာက ရှေ့ဆက်ပြောအောင် တွန်းပို့နေသည်။ ထိုအရာမှာ ဘာလဲဟု ကျွန်တော်မသိ။ ကျွန်တော် အဖေ့ကို ပြောစရာတွေ အများကြီး ရှိသည်။ ကျွန်တော်ပြောမှ ဖြစ်မည်။
“သာသနာ့ဗိမာန်ကို အဖေ ငွေတွေ လှူတာ၊ မြစေတီဘုရားကို အဖေ ထီးတင်တာ အဲဒါတွေကြောင့် အဖေ ဘုရားဒကာ၊ ဗိမာန်ဒကာ အဖြစ် ကုသိုလ်ရမယ် ဆိုရင် အလုပ်သမားတွေ လယ်သမားတွေရဲ့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ်ပေးခဲ့တဲ့ လုပ်အားတွေပေါ်က အမြတ်ကြီးစား ထားတဲ့အတွက် ကုသိုလ်က တစ်ဝက်ပဲရမှာ။ တစ်ဝက်က သူတို့ရဲ့ ကုသိုလ်”
“မင်းက ငါ့ကို အမြတ်ကြီးစားလို့ ပြောတယ်၊ ပြောရဲတယ် ဟုတ်လား”
အဖေ ကျွန်တော့် ရှပ်အင်္ကျီ ရင်ဘတ်ကို ဆွဲဆုပ်ကာ ရမ်းခါလျက် မေးသည်။
“အဖေ့ အလုပ်သမားတွေက လူတွေ အဖေ။ တိရစ္ဆာန်တွေ မဟုတ်ဘူး”
အဖေ့ လက်သီးက ကျွန်တော့် မျက်နှာသို့ အရှိန်ပြင်းစွာ လာထိသောအခါ ကျွန်တော် နောက်သို့ ယိမ်းယိုင်သွားသည်။ ဘယ်ဘက်ပါးဆီမှာ ပူပြင်းစွာ နာကျင်သွားသော ဝေဒနာက ကျွန်တော့်စိတ်ကို ဆူပွက်နေရာမှ ငြိမ်သက်သွားအောင် ထိန်းချုပ် ပေးလိုက်သလို ရှိပါသည်။ ကျွန်တော် စကားတွေ ကျွံသွားခဲ့ပြီ။ ကျွန်တော် ပြန်နုတ်ယူလို့ မရတော့ဘူး။
“ငါ့ကို အာခံရဲတဲ့ကောင်၊ မင်းတော်တော် သတ္တိကောင်းတယ်ပေါ့။ ဟုတ်လား”
အလုပ်သမားတွေ အတွက် တကယ့် ပွဲကြီးပွဲကောင်း ဖြစ်ခဲ့မည်။ ကျွန်တော်နှင့် အဖေ့ အတွက်တော့ ဘယ်လိုမှ ပြန်ပြင်လို့ မရသည့် အမှားတွေ ဆက်တိုက် ဖြစ်သွားခဲ့သည် အဖေသည် ကျွန်တော်က သူ့ကို သူ့အလုပ်သမားတွေ ရှေ့မှာ အာခံတော်လှန်သည် ဟူသော ပြစ်ချက်ဖြင့် ကျွန်တော့်ကို လက်လှမ်းမီရာ အုန်းဆံကြိုးခေါက် တစ်ခုဖြင့် သဲကြီးမဲကြီး ရိုက်နှက် အပြစ်ပေးခဲ့သည်။
“ဆရာ၊ မလုပ်ပါနဲ့၊ ဖိုးကံက ကလေးပဲ ၊ ဘာမှ မသိလို့ ပြောမိတာပါ”
ကိုအုန်းဖေက ကျွန်တော့်ကိုယ်ပေါ်သို့ ကြိုးချက်တွေ ဆက်တိုက် ကျလာသော အချိန်မှာ မနေသာတော့ဘဲ ဝင်ဆွဲဖို့ ကြိုးစားသည်။ အဖေက ကိုအုန်းဖေကို တွန်းထုတ်ပြီး ဆက်ရိုက်၏။ ကျွန်တော့် ကိုယ်ခန္ဓာပေါ်က စူးရှနာကျင်လှသော ဝေဒနာတွေထက် လွန်သွားသည်က ရင်ထဲမှ အသည်းခိုက်သော ဝေဒနာတစ်ခု ဖြစ်သည်။ အမှန်တရား တစ်ခုကို ပြောလို့ အဖေ
936
ဖယ်ရှားကြသည်။
“ကိုဘသီ”
“မင်းက အဲဒီ အစွန်းက မ၊ မြန်မြန်”
“ဒီဘက်ကို တစ်ယောက်လာ၊ ဒီဘက်ကိုလာ”
အလုပ်သမားတွေ ဝိုင်းပြီး ရွှေ့တော့မှ ဆန်အိတ်ပုံကြီး အောက်မှာ သတိ မလစ်တစ်ချက် လစ်တစ်ချက် ဖြစ်နေသော အဘိုးကြီးကို တွေ့ရသည်။ အဖေ အခန်းထဲမှာ ထွက်လာလာချင်း ပြောခဲ့သည့် စကားကို ကျွန်တော် မှတ်မိနေခဲ့သည်။ ထိုအချိန်မှာ ကြားရလိမ့်မည်ဟု မထင်ထားခဲ့သော စကားဖြစ်သည်။
“မင်းတို့ကို ငါပြောထားတယ် မဟုတ်လား။ အိတ်တွေကို ဖြစ်သလို မထပ်ပါနဲ့လို့ ငါ့စကားကို မင်းတို့ နားမှမထောင်ဘဲ”
ဦးဘသီကို ပွင့်ဖြူ ဆေးရုံသို့ ပို့လိုက်ရသည်။ မန်နေဂျာ ကိုအုန်းဖေနှင့် အခြား အလုပ်သမားများ ဆေးရုံအထိ လိုက်သွားပြီး စီစဉ်ဆောင်ရွက် ပေးခဲ့ရ၏။ အဘိုးကြီး ဒဏ်ရာ တော်တော်ပြင်းသည်ဟု သိရသည်။ နံရိုးနှစ်ချောင်း ကျိုးပြီး ခြေထောက် ကျိုးသွားသည်ဟု ပြောပါသည်။
အဘိုးကြီး ဆေးရုံမှာ နှစ်လလောက် တက်ကုရသည်။ ဆေးဖိုးဝါးခ ပေးရသည်ကို အဖေ မကျေနပ်ခဲ့။ အဘိုးကြီး အရက်မူးပြီး ကိုယ့်ကိုကိုယ် မထိန်းနိုင်၍သာ ဖြစ်သည်ဟု အဖေ ကောက်ချက်ချ၏။ ထားပါတော့။ ဆေးရုံ ကိစ္စက နှစ်လနှင့် ပြီးသွားသည်။ ပြဿနာမှာ ဆေးရုံက ဆင်းပြီးနောက် အဘိုးကြီး ချိနဲ့သွားခြင်း ဖြစ်သည်။ အလုပ်ကြမ်း လုံးဝ မလုပ်နိုင်တော့ဘဲ အိမ်မှာ ကြိမ်ခြင်းလေးတွေ ထိုင်ရက်သည့် အလုပ်ပဲ လုပ်နိုင်တော့သည်ဟု သိရသည်။ ထိုဖြစ်ရပ်အတွက် အဘိုးကြီးက အဖေ့ထံမှ လျော်ကြေးတောင်းသည်။ ထားခင်က ကျွန်တော်တို့စက်တွင် စပါးထမ်းသည့် အလုပ်ကို လုပ်နေဆဲ ဖြစ်သဖြင့် ထားခင်ကပဲ ကျွန်တော်မှတစ်ဆင့် တောင်းပေးရန် လာပြောပါသည်။
ထားခင်နှင့် ကျွန်တော့်ကို အဖေက နဂိုကတည်းက မျက်စိစပါးမွှေး စူးသည်ဟု ပြောထားသဖြင့် ကျွန်တော် တောင်းမပေးချင်ပါ။ ကျွန်တော် တောင်းပေးလျှင် ပြဿနာ ကြီးကျယ်မည်ဟု ကျွန်တော်သိသည်။ ထို့ကြောင့် မန်နေဂျာ ကိုအုန်းဖေမှတစ်ဆင့် တောင်းခိုင်းပါဟု ထားခင်ကို ကျွန်တော် တောင်းပန် လိုက်ရသည်။
မန်နေဂျာက ပယ်ချလိုက်သည်။ ဆေးဖိုးဝါးခ၊ ဆေးရုံတက်နေစဉ် အိမ်အသုံးစရိတ် အစစအရာရာ ကူညီထောက်ပံ့ ပေးခဲ့ပြီးမို့ နောက်ဖြစ်သည့် ကိစ္စ ဆန်စက်နှင့် မဆိုင်ဟု ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ထားခင် ငိုပါသည်။
အသက် ၁၈ နှစ် အရွယ် မိန်းကလေး တစ်ယောက် ပင်ပန်းဆင်းရဲစွာ စပါးတောင်းတွေ ထမ်းပြီး ဖခင်လူမမာနှင့် မောင်ကလေး တွေကို လုပ်ကျွေး နေရသည်ဟု သနားကရုဏာ သက်မိနေစဉ် ထိုမိန်းကလေးက ကူကယ်ရာမဲ့စွာ ငိုကြွေး လိုက်သည့်အခါ ကျွန်တော့် နှလုံးသားတွင် စူးနစ်စွာ နာကျင်သွားခဲ့၏။ အဲသည့် အချိန်အထိ ထားခင်အတွက် ကျွန်တော် သူရဲကောင်း လုပ်ချင်စိတ် တစ်ဆံခြည်မျှင် မျှပင် မရှိခဲ့တာ သေချာပါသည်။ သို့သော် အဖေ သနားမှ ထားခင်တို့ မိသားစု အနည်းငယ် အသက်ရှူ ချောင်နိုင်မှာမို့ အရဲစွန့်ကာ အဖေ့အား တောင်းဆို ပေးလိုက်ရပါသည်။
အဖေ အကြီးအကျယ် ဒေါပွသွားခဲ့သည်။
“လျော်ကြေး ဟုတ်လား။ ဘယ်ဥပဒေနဲ့ ဘယ်ပုဒ်မနဲ့ လျော်ကြေး တောင်းတာလဲ”
အဖေ ဒေါသတကြီး အခန်းပြင် ထွက်သွားပြီး ထားခင်ကို ရှာသည်။
“ဘယ်မလဲ လျော်ကြေး လိုချင်တယ်ဆိုတဲ့ ကောင်မလေး”
ကျွန်တော် အဖေ့နောက်မှ ကမန်းကတန်း လိုက်ဆွဲဖို့ ကြိုးစားရသည်။ ထားခင်က မန်နေဂျာကို ကွယ်၍ ပုဝပ်နေခဲ့၏။
“ကောင်မလေး။ နင့်အဖေဟာ ငါ တရားဝင် ခန့်ထားတဲ့ အလုပ်သမား မဟုတ်ဘူး။ ပုတ်ပြတ်နဲ့ ဝင်ထမ်းတဲ့ အလုပ်သမား။ နောက်ပြီးတော့ နင့်အဖေ အလုပ်လုပ်ရင်း အရက်မူး နေတယ်။ နောက်ပြီး အလုပ်မှာ ပေါ့ဆလို့ စနစ်မကျလို့ ခုလိုဖြစ်ရတာ။ နင်တို့တွေ ပေါ့ပေါ့ လျော့လျော့နဲ့၊ မူးမူးရူးရူးနဲ့မို့ ထိခိုက်ဒဏ်ရာ ရတာကို ငါ ပိုက်ဆံ အကုန်ခံပြီး ကုပေးပြီးပြီလေ၊ ငါ လူ့ဝတ္တရားနဲ့ လုပ်ပေးတာ၊ ငါ့မှာ ဘာတာဝန်မှ မရှိဘူး။ လျော်ကြေးတွေ ဘာတွေ လာမပြောနဲ့။ နင် မကျေနပ်ရင် ကြိုက်တဲ့ နေရာက သွားတိုင်စမ်း”
ထားခင် အဖေ့ကို ကြောက်လန့်ကာ ငိုပြန်ပါသည်။
“လျော်ကြေးဆိုတဲ့ စကား ငါ့ လာမပြောနဲ့၊ နင့်ကိုပါ ငါ့စက်ရုံထဲက မောင်းထုတ်လို့ ရတယ်၊ နားလည်လား”
“အဖေ။ အဲဒီလို မပြောပါနဲ့ သူက ကလေးမလေးပဲ ရှိသေးတာ”
“အေး အဲဒီ ကလေးမလေးက မတန်တဆတွေ လောဘကြီးပြီး တောင်းနေတယ်လေ”
“ဘဘရယ် ကျွန်မ လောဘကြီးတာ မဟုတ်ပါဘူး။ မိသားစု ကျပ်တည်းလွန်းလို့ ဘဘဆီက အကူအညီ တောင်းကြည့်တာပါ”
“အေး အစတုန်းက နင်ဘာဖြစ်လို့ သဒ္ဓါကြေးလေး မစပါလို့ မတောင်းသလဲ။ ဘာဖြစ်လို့ လျော်ကြေး တောင်းသလဲ။ မတန်မရာ ဘာဖြစ်လို့ လောဘကြီးသလဲ”
တကယ်တော့ လောဘကြီး နေခဲ့တာက အလုပ်သမားတွေ မဟုတ်။ အဖေသာ ဖြစ်သည်။
“အုန်းဖေ ကောင်မလေးကို ငွေနှစ်ထောင် ပေးလိုက်။ အဲဒါ စေတနာနဲ့ စွန့်ကြဲတဲ့ သဒ္ဓါကြေး၊ လျော်ကြေး ပေးစရာ ဘာအကြောင်းမှ မရှိဘူး”
ပြောပြီး စပါးသန့်သည့်စက် ရှိရာသို့ လျှောက်သွားသည်။
ကိုအုန်းဖေ အံဆွဲသော့ဖွင့်ပြီး ကောင်မလေးကို ငွေနှစ်ထောင် ထုတ်ပေး၏။ ကောင်မလေးသည် အဖေ၏ ပက်စက်သော စကားကို မာနမထားနိုင်ဘဲ ငွေနှစ်ထောင်ကို တုန်ယင်သောလက်နှင့် ယူလေသည်။ ကျွန်တော် ကောင်မလေးကို ခဏ တားထားလိုက်ပြီး အဖေ့အခန်းထဲ ဝင်ကာ ကျွန်တော် ချွတ်ထားသည့် ဂျာကင်အင်္ကျီထဲမှာ ငွေတစ်ထောင်ကိုပါ ထုတ်ယူပြီး ကောင်မလေးကို ပေးလိုက်သည်။
“ရော့ ရော့ အဲဒါပါ ယူသွား၊ ဒါက ငါ့မုန့်ဖိုးထဲက ပေးတာ”
ကောင်မလေးက တွန့်ဆုတ်စွာ ယူသည်။
936
ကုပ်ကုပ်လေး ပြန်လှည့်ထွက် သွားသော အလုပ်သမားကို ကျွန်တော် သနားသွားခဲ့၏။ ကျွန်တော့် အိတ်ကပ်ထဲမှာ ပါလာသော ငွေသုံးရာကို သူ့ကလေး ဆေးဖိုးအတွက် ကူညီချင်ပါသည်။ သို့သော် အဖေ့ရှေ့မှာမို့ ကျွန်တော် နေရာမှ မရွှေ့ရဲပါ။
အဖေ့ကို နှလုံးသား မာကြော အေးစက်သူ အဖြစ် ကျွန်တော် လက်မခံချင်။
သို့သော် အဖေသည် တကယ်ပဲ မာကြော အေးစက်သူ ဖြစ်နေခဲ့၏။
သို့သော် အဖေသည် တကယ်ပဲ မာကြော အေးစက်သူ ဖြစ်နေခဲ့၏။ အလုပ်သမားတွေကို အပြစ်တင် အော်ငေါက် ဆူပူနေသည့် အခါမျိုးတွင် ပက်စက် နှိမ့်ချလွန်း သဖြင့် ကျွန်တော် ဘယ်နား သွားနေရမှန်း မသိအောင် စိတ်ညစ်ရသည်။ သားရေပေါ်အိပ် သားရေနားစား ဟူသော စကားမျိုး၊ သောက်ပျင်းကြီးတဲ့ ကောင်တွေ ဟူသော စကားမျိုး၊ မင်းတို့ ခေါင်းထဲမှာ ဦးနှောက်မရှိဘူး၊ နှပ်ချေးတွေပဲ ရှိတယ်၊ အလကား နှပ်ချေးဦးနှောက်တွေ ဟူသော စကားမျိုး ပြောခံရသူတွေ ဘယ်လို ခံစားရမလဲ မသိသော်လည်း ကျွန်တော်ကတော့ တွန့်တွန့်သွားပါသည်။
လယ်သမားတွေထံမှ စပါးဝယ်တိုင်း မရမက ဈေးဆစ်ပြီး ဈေးနှိမ်ဝယ်လေ့ရှိသော အဖေ့ အဝယ်တော်ကို ကျွန်တော် ကြည့်မရသော်လည်း အဖေက ဒီကောင် တော်တယ်ဟု ချီးကျူးခဲ့ဖူး၏။ ကျွန်တော် အဖေ့ကို အံ့ဩရတော့သည်။
အလုပ်သမားတွေ ခွင့်မတိုင်ဘဲ ပျက်ကွက်လျှင် အဖေက တစ်ခါတည်း ဖြုတ်ပစ်၏။ ဘာမှ ဖြေရှင်းခွင့် မပေးပါ။
“ဒီကောင် မလာစေနဲ့။ စက်ထဲ ဝင်လာရင် ငါ့ကို ခေါ်လိုက်၊ ငါနဲ့ တွေ့သွားမယ်”
အဖေသည် တစ်ဖက်လူ၏ ပြဿနာ ဘယ်လို ရှိမလဲဟု စိတ်မဝင်စား သူ့ ပြဿနာကိုသာ သူ စိတ်ဝင်စား၏။ အားလုံးသည် အဖေ့ မျက်နှာရိပ် မျက်နှာကဲကိုပဲ ကြည့်နေကြရသည်။ မန်နေဂျာက အစ အဖေ့ကို ကြောက်ရသည်။ စက်တစ်ခုလုံးတွင် အဖေ့ကို ပြန်ဝေဖန်ရဲသူ ဟူ၍ အဖေ့သား ကျွန်တော် တစ်ယောက်ပဲ ရှိသည်။ စက်တစ်ခုလုံး မကပါ၊ လောကကြီး တစ်ခုလုံးမှာ အဖေ့ကို ဝေဖန်ရဲသူ မရှိ၊ အမေတောင် အဖေ့အာဏာ အတိုင်း ထားရာနေ၍ စေရာသွားရသူ ဖြစ်သည်။ ကျွန်တော် ငယ်ငယ်က အဖေ ကျွန်တော့်ကို ရိုက်လို့ အမေက ဝင်ဆွဲလျှင် အမေပါ ဒဏ်ခံရသည်။
“မဆွဲနဲ့နော် ဆွဲရင် မင်းပါ နာမယ်”
တကယ်လည်း အဖေ့ တုတ်ချက်တွေသည် ကျွန်တော့်ကို ကာထားသော အမေ့ကိုယ်ပေါ်သို့ မညှာမတာ ကျလေ့ ရှိပါသည်။
ငယ်ငယ်တုန်းက အဖေ့တုတ်ချက်များကို ပြန်စဉ်းစားလျှင် ရေးရေးမျှသာ ပေါ်ပြီး ပေါ်လာချိန်မှာလည်း ခါးသည်းစွာ နာကျင်မှု မရှိပါ။ ကျွန်တော် တကယ်ဆိုးလို့၊ အပြစ်လုပ်မိလို့ အဖေရိုက်ခဲ့ခြင်း ဖြစ်သည်။ သံကိုင်းမှာ ရေတွေကြီးနေချိန် အိမ်က မသိအောင် သူငယ်ချင်းတွေနဲ့ တိတ်တဆိတ် ရေသွားကြည့်ရင်း လှေစီးမိလို့ အရိုက်ခံရသည်။ အနောက်ကိုင်း ဘုရားပွဲသို့ အဖေ လိုက်မပို့ဘူး ဆို၍ ကျွန်တော် တစ်ယောက်တည်း ပွဲသွားကြည့်သည့် ညက အဖေ အနောက်ကိုင်းရွာထိ လိုက်ရှာပြီး ကျွန်တော့်ကို ခေါ်ခဲ့သည်။ ကျွန်တော် ကံဆိုးချင်တော့ ထိုညက ပွဲခင်းထဲတွင် ရန်ဖြစ်ကြ၏။ ရွာသား တစ်ယောက် ဓားထိုးခံရလို့ သေဆုံးသွားသည်။ အဖေနှင့် ကျွန်တော့် အနီးအနားမှာပဲ ဖြစ်သွားခြင်း ဖြစ်သည်။ အဖေသည် ကျွန်တော့်အား ဇွတ်ဆွဲခေါ်ကာ အိမ်ပြန်၏။ အိမ်ရောက်တော့ ည ၁၂ နာရီပင် ထိုးနေပြီ။ အမေက ကျွန်တော့်ကို စိတ်ပူလို့ ငိုနေခဲ့သည်။ အဖေက ငိုနေသည့် အမေ့ရှေ့သို့ ကျွန်တော့်ကို ပို့ပြီး ကျွန်တော့်ကို ရိုက်ပါသည်။
“အဲဒီမှာ မင်းအမေ မျက်ရည်တွေ မြင်လား။ မင်း မြင်လား။ မင်း လူရိုက်ခံရမလား ရေမြောင်းထဲ ပြုတ်ကျမလား စိုးရိမ်ပြီး ငိုရတဲ့ မျက်ရည်တွေ မင်း မြင်ရဲ့လား” ဟု ပြောပြောပြီး ကျွန်တော့်ကို ရိုက်ခဲ့သည်။
ကျွန်တော့် ကိုယ်ခန္ဓာက နာကျင်ခဲ့သော်လည်း အဖေ့ကို ကြောက်ရုံသာ ကြောက်ခဲ့၍ မနာကျည်းခဲ့မိပါ။ အဖေ့ကို ကျွန်တော် ပိုပြီးတော့တောင် အားကိုးခဲ့မိသေး၏။ အဖေသာ ဒီည ရောက်မလာခဲ့ရင် ရုတ်ရုတ် ရုတ်ရုတ် လူအုပ်ထဲမှာ ငါ ဘယ်ပြေးလို့ ပြေးရမှန်း သိမှာ မဟုတ်ဘူးဟု တွေးမိပြီး ကြောက်နေခဲ့သောကြောင့် ဖြစ်သည်။ ကျွန်တော့်အပေါ် ထားသည့် ချစ်ခင်မှုနှင့် စိုးရိမ်ပူပန်မှုမှ ဖြစ်ပေါ်လာသည့် ဒေါသကို ကျွန်တော် မြင်ရသလိုလို ရှိသဖြင့် အဖေ့ကို မမုန်းမိသည့် အပြင် ပို၍ပင် ချစ်ခဲ့မိပါသည်။
သို့သော် ကျွန်တော် လူကြီးဖြစ်ပြီး အကျိုးနှင့် အကြောင်းလည်း ခွဲခြား နားလည် ဆင်ခြင်တတ်ပြီ၊ လူ့လောကဝန်းကျင် အတွက် တန်ဖိုးရှိသည့် လူသား တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဆောက်တည်တတ်ပြီဟု ကျွန်တော် စိတ်ချ ယုံကြည်လာသော ကာလရောက်မှ အဖေ ကျွန်တော့််ကို ရိုက်ခဲ့သည့် အဖြစ်ကို ကျွန်တော် နာကျည်းပါသည်။ အဲသည် အဖြစ်သည် အဖေနှင့် ကျွန်တော်၏ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်လောက်အောင် ပြင်းထန်ခဲ့ပါသည်။
အလုပ်ခွင်အတွင်း ထိခိုက်နစ်နာမှု လျော်ကြေးကိစ္စက စခဲ့သည်။
အဖေက ကျွန်တော့်ကို ဝေးဝေး နေစေချင်ခဲ့သော ထားခင်၏ ဖခင် ဆန်အိတ်တွေ ပိပြီး ခြေထောက် ကျိုးသွားခဲ့သော ပြဿနာ ဖြစ်သည်။
အဖေက သူ့ရုံးခန်းထဲတွင် ရှိနေသဖြင့် အဖြစ်အပျက်ကို မမြင်လိုက်ရပေမယ့် ကျွန်တော် အစအဆုံး မြင်လိုက်ရ၏။ ဆန်အိတ် တစ်အိတ်ကို သူထမ်းပြီး အိတ်ပုံပေါ် တင်လိုက်သည်နှင့် တစ်ပြိုင်တည်း မြေငလျင်လှုပ်သလိုပင် ပြင်းထန်စွာ ပြိုကျလာသော ဆန်အိတ်ပုံကြီး အောက်မှာ သူ လဲကျသွားခဲ့သည်။ စက် အလုပ်သမားတွေရော အထမ်းသမားတွေရော ဝရုန်းသုန်းကား ပြေးလာပြီး သူ့ကိုယ်ပေါ်က ဆန်အိတ်တွေကို ဝိုင်းမ
936
နောက်ဆုံးတော့ အမေသည် အဖေ့ကို ဇွတ်နှစ် ယုံကြည်လိုက်ရပြီး လက်ဝတ်လက်စား တွေကိုပါ အဖေ့ အရင်းအနှီး ထဲသို့ ထည့်ပေး လိုက်တော့သည်။
အဖေပြောတာ မှန်ပါသည်။ အဖေသည် သူ မနိုင်သည့် အလုပ်ကို လုပ်ခဲ့ခြင်း မဟုတ်၊ နိုင်နင်းမှာ သေချာသည့် အလုပ်ကို လုပ်ခဲ့ခြင်း ဖြစ်သည်။ ဆန်စက်သည် တစ်နှစ်အတွင်း တစ်ရှိန်ထိုး အောင်မြင်ခဲ့သည်။ ကုန်းစောင်း စီးပွားရေး လောကတွင် နေသူရိန် ဆန်စက်သည် ဆက်ဆံရေး အကောင်းဆုံး၊ ထုတ်ကုန် အသန့်ဆုံး ဟူသော ဂုဏ်ပုဒ်ကို ရခဲ့သည်။ ကျွန်တော့်ကို သူ့ခြေရာအတိုင်း လိုက်နင်းစေချင်သော အဖေသည် ကျွန်တော့် ပညာရေးကိုတော့ အားပေး၏။ ကျွန်တော် ဆယ်တန်း ရောက်သည့်အခါ စနစ်ကျကျ စာကြိုးစားအောင်ဟု အဖေက ကျွန်တော့်ကို ရေနံချောင်းမြို့မှ နာမည်ကြီး ဘော်ဒါဆောင် တစ်ခုသို့ အပ်၍ စာကြိုးစားစေခဲ့သည်။ သို့သော် ကျွန်တော် နှစ်နှစ် ဖြေခဲ့ရပါသည်။ ထို့နောက် ရွာခဏပြန်ရပြီး ကောလိပ်တက်ရန် ရေနံချောင်းသို့ ပြန်သွားရသည်။
ကောလိပ် ဒုတိယနှစ် အပြီး ရွာခဏပြန်သော အချိန်မှာ ကျွန်တော်တို့ အိမ်သည် အိမ်မဟုတ်တော့ဘဲ တိုက်ဖြစ်နေခဲ့ပြီ။
ပထမတော့ ကျွန်တော်သည် ကျွန်တော်တို့၏ ကြွယ်ဝ ချမ်းသာမှု၌ ပျော်ရွှင်စွာ ယစ်မူးခဲ့၏။ သို့သော် မကြာခင်မှာပင် ကျွန်တော်တို့ မိသားစု၏ ထူးခြား ပြောင်းလဲမှုကို ကျွန်တော် သတိထားမိ လာသည်။ အရင်ကလောက် နွေးထွေး ပျော်ရွှင်မှု မရှိတော့ခြင်းပင် ဖြစ်လာသည်။
လယ်မြေပိုင်ပြီး ကိုယ်တိုင် လယ်လုပ်သော လယ်သမား ဘဝတုန်းက အဖေသည် စိတ်ရဧည်၏။ တစ်ခါတစ်ရံ ဒေါသကြီးတတ် သော်လည်း ဟာသဥာဏ်လည်း ရှိ၏။ ကျွန်တော်တို့ သားအမိ အဖေ့ကို ဘယ်ကိစ္စမဆို ဆွေးနွေး တိုင်ပင်ဝံ့သည်။ အဖေ့မှာ ကျွန်တော့် အတွက်လည်း အချိန်ရှိ၏။ အဖေ ပင်ပန်းလွန်း သဖြင့် လယ်ထဲမှ အပြန်တွင် အမေက အဖေ့ကို နင်းနှိပ်ပေးသော အခါတွင် အဖေ့အာရုံသည် ခြံထောင့်က စောင်းချမ်းပင်မှာ၊ ပွင့်တော့မည့် ဇွန်ပန်းရုံမှာ၊ နီးကပ်လာသည့် မြစေတီ ဘုရားပွဲမှာ ညွတ်နူး နေနိုင်ခဲ့၏။
ယခုအခါ အဖေသည် ဤအရာများဆီ၌ စိတ်အာရုံ မရှိတော့ပြီ။ အဖေ့စိတ်သည် အမြဲတင်းကြပ် နေသောအခါ အဖေ့ မျက်နှာသည် ပြေလျော့မှု မရှိ၊ ထာဝရ တည်တင်း နေတော့သည်။
အဖေ နေပူမရှောင် မိုးရွာမရှောင် လယ်လုပ်ရသဖြင့် ပင်ပန်းဆင်းရဲ နေသည်ဖြစ်လျှင် အခုအခါမှာ ကျွန်တော်က အရွယ်ရောက်ပြီးသည့် ယောက်ျားဖြစ်ပြီမို့ ကျွန်တော် ကူညီ လုပ်ကိုင်ပေး နိုင်ပါလိမ့်မည်။ သို့သော် အဖေက စက်မှာ တစ်နေကုန် နေထိုင်ပြီး ကြီးကြပ် အုပ်ချုပ်ရင်း အလိုမကျမှုတွေ၊ ဘာမှန်းမသိသော ဒေါသတွေ၊ ပူပနွမှုတွေဖြင့် ပင်ပန်းဆင်းရဲ နေသည့်အခါ ကျွန်တော် အဖေ့ကို ဘယ်လို ကူညီနိုင်ပါ့မလဲ။ ကျွန်တော် အကူညီနိုင်ဆုံးမှာ ကျောင်းပိတ်ပြီး အိမ်ပြန်ရောက်သည့် အခါတိုင်း အဖေ့ဆန်စက်မှာ ဝင်လေ့လာပြီး အဖေ ခိုင်းသမျှ လုပ်ပေးခြင်းပင် ဖြစ်လိမ့်မည်။ ထိုအတွေးဖြင့် အဖေ့ဆန်စက်မှာ စက်စာရေး ဝင်လုပ်ပေးခဲ့ပါသည်။ သို့သော် ကျွန်တော် ကူညီ လုပ်ကိုင်သည်ကို အဖေက ကူညီသည်ဟု မယူဆဘဲ နှောင့်ရှက် အာခံသည်ဟု ယူဆသွားခဲ့သည်။
ကျွန်တော် နာမည် မမှတ်မိတော့သော အဖေ့ အလုပ်သမား တစ်ယောက်နှင့် ပတ်သက်ပြီး ဒုတိယအကြိမ် အဖေနှင့် ကျွန်တော် အတိုက်အခံ ဖြစ်ခဲ့ရ၏။ သူ့ကလေး နေမကောင်းသဖြင့် တိုက်နယ်ဆေးရုံတွင် တင်လိုက်ရသည့် အခါ ဆေးဖိုးနှင့် ကုန်ကျစရိတ်တွေ အတွက် အဖေ့ထံမှ သူက လခ ကြိုထုတ်ချင်သည်။ အဖေက ခွင့်မပေး။ ပြီးခဲ့သည့် လတုန်းက အိမ်အမိုး မိုးရန်ဟု လခကြိုထုတ် ပေးပြီးပြီဖြစ်၍ နှစ်လစာတော့ ကြိုထုတ် မပေးနိုင်ဟု ဆိုပါသည်။
“ဆရာကြီးရယ် ၊ ကျွန်တော့် သားကလေးရဲ့ အသက်ကို ကယ်ပေးပါဗျာ။ လခတွေကို ကျွန်တော် ခွန်အား ရှိနေသမျှ ကုန်းကြုံးဆပ် သွားမှာပါ၊ ဆရာကြီး မနစ်နာစေပါဘူး”
အလုပ်သမားက မျက်ရည် စမ်းစမ်းဖြင့် တောင်းပန်သော်လည်း အဖေက လက်မခံချင်။
“မင်း ကလေးက ဖျားတာဆို။ ဖျားတာနဲ့ပဲ သွေးသွင်းရမယ် ဆိုတာ မဖြစ်နိုင်ဘူး။ မင်း ငါ့ကို ခဏခဏ လိမ်ခဲ့တဲ့ကောင် မပေးဘူးကွာ”
“အဖေ”
ကျွန်တော် မနေနိုင်တော့ဘဲ ကြားဝင်မိပါသည်။ အဖေ့ကို တစ်နေရာသို့ ခေါ်သွား၍ တိုးတိုး ပြောရသည်။
“တစ်လခ ငွေဟာ ဘယ်လောက်မှလည်း ရှိတာ မဟုတ်ဘူး။ အလကား ပေးလိုက်ရတာလဲ မဟုတ်ဘူး။ ချေးလိုက်ရတာတောင် မဟုတ်ဘူး၊ သူက အလုပ်နဲ့ ပြန်ဆပ်မှာပဲ ဥစ္စာ၊ ပေးလိုက်ပါ အဖေရယ်”
အဖေ ဒေါပွသွားခဲ့၏။ ကျွန်တော်က တိုးတိုး ပြောပေမယ့် အဖေက ကျယ်ကျယ် အော်ငေါက်ခဲ့သည်။
“ဖိုးကံ၊ ငါနဲ့ ငါ့အလုပ်သမားတွေ ကိစ္စမှာ မင်း ဘာမှ ဝင်မရှုပ်နဲ့လို့ ပြောထားတယ် မဟုတ်လား”
“အသက်တစ်ချောင်း ဆိုတာ ရခဲပါတယ် အဖေ”
“မရခဲပါဘူး။ သူ့မှာ ကလေး ဘယ်နှယောက် ရှိလဲ။ မင်း သိလို့လား”
ကျွန်တော် မသိပါ။ ကလေး ဘယ်နှယောက် ရှိရှိ ကလေး တစ်ယောက်၏ အသက်က တန်ဖိုးလျော့ မသွားပါ။
“သွား ကိုယ့်အလုပ်ကိုယ် သွားလုပ်စမ်း”
ကျွန်တော့်ကို ငေါက်ပြီးနောက် အလုပ်သမားကိုပါ ဆက်ပြောသည်။
“မင်းကလေး တကယ်ဆေးရုံ တက်မတက် ငါစုံစမ်းပြီးမှ လိုသလောက်ကိုပဲ ပေးမယ်။ အခု မင်းပြန်တော့”
“ကျွန်တော် ဆရာကြီးကို မလိမ်ပါဘူးဗျာ”
“ပြန်တော့”
936
ကျွန်တော်တို့ ထမင်းစားချိန်တွင် အဖေ လယ်ထဲသို့ ဆင်းသွားခဲ့ပြီ။ အဖေ့ကို မတွေ့ခဲ့ရပါ။ ညနေ ကျွန်တော်ကျောင်းမှ အမေနှင့်အတူ ပြန်လာတော့လည်း အဖေ ပြန်မရောက်သေး။ ညမိုးချုပ်မှ ပြန်ရောက်ခဲ့၏။ ရောက်ရောက်ချင်း ချွေးသုတ် ခဏ အမောဖြေနေစဉ် အဖေ ကျွန်တော့်အား လှမ်းခေါ်သည်။
“လာစမ်းပါဦး ကျောင်းသားကြီး။ ဒီနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့ရတုံး”
အဖေ ခွင့်ပေးသဖြင့် နေ့စဉ် ကျွန်တော့် စာသင်ခန်းဘေးမှာ အမေ စောင့်စောင့် ပေးခဲ့သည်မှာ ကျွန်တော် သူငယ်ချင်းတွေ ရပြီး နေသားကျ သွားသည်အထိ ဖြစ်ပါသည်။
ကျွန်တော်တို့ ကျောင်းရှေ့ ဘောလုံးကွင်းကျယ်ကြီး ထဲမှာ ဘောလုံးပွဲတွေ ခဏခဏ ကန်ကြသည်။
ကုန်းစောင်းနှင့် ရွာခိုင် ကစားကြသော ပွဲကို အဖေနှင့်အတူ လိုက်ကြည့်ခွင့် ရသည်ကို ကျွန်တော် မှတ်မိ နေပါသည်။
ကျွန်တော်တို့ ဘောလုံးကွင်းသည် ရွာကွင်း ဖြစ်သဖြင့် အကာအရံလည်း မရှိ။ ထိုင်ခုံလည်း မရှိ။ မြက်ခင်းတောင် မရှိ။ ရှေ့က လူတွေက ကွင်းအစပ် မြက်ခင်းမှာ ထိုင်ကြည့်ပြီး နောက်က လူတွေက မတ်တပ်ရပ် ကြည့်ကြသည်။
ကျွန်တော့်ကို သူ့ပခုံးပေါ်မှာ ထိုင်စေလျက် အဖေက မတ်တပ်ရပ် ကြည့်သည်။
အဲသည့်နေ့က ကျွန်တော်တို့ ကုန်းစောင်း အသင်းထက် ရွာခိုင် အသင်းကို ကျွန်တော် ပိုသဘောကျမိ၏။ ရွာခိုင် အသင်းမှာ နံပါတ်ရှစ် ကစားသမား (ကျွန်တော် နာမည် မသိပါ။ သူ့ စွပ်ကျယ်အင်္ကျီ နောက်ကျောမှ နံပါတ် ၈ ဟူသော ဂဏန်း ရိုက်နှိပ်ထားသူ ဟုသာ မှတ်မိသည်) ကို ပိုပြီး သဘောကျသည်။ သူ ဘောလုံး သယ်ယူသောအခါ မထိတထိ လှည့်ပတ် ကွေ့ဝိုက်ကာ အပါသယ်နိုင် သောကြောင့် ကျွန်တော် သဘောကျသည်။ ခေါင်းနှင့်တိုက်ပြီး သူဂိုးသွင်းတာ လှသောကြောင့် ကျွန်တော် လွှတ်ခနဲ အော်ဟစ် အားပေးမိ၏။
“ရှစ် ရှစ် ၊ ရွာခိုင် ရှစ်ကွ”
ထိုအခါ အဖေက ကျွန်တော့် ခြေသလုံးကို သူ့လက်ဖြင့် ထိန်းဆုပ်ထားရာက ဒေါသတကြီး ဖိညှစ်ပစ်သည်။
“ဟေ့ကောင် ဖိုးကံ၊ ငါတို့ရွာကို ဂိုးဝင်သွားတာဟ၊ မင်းက ဘာကိစ္စ ရွာခိုင်ဘက်က အားပေးရတာတုန်း”
“အဖေကလည်း သူက တော်တယ်ဗျ”
“တော်တော်ကွာ။ ကိုယ့်ရွာဘက်က မလိုက်ရင် အဲဒါ သစ္စာဖောက်နဲ့ ဘာမှ မထူးဘူး”
အဖေကတော့ ရွာစွဲ တော်တော်ကြီး၏။ ကုန်းစောင်း အသင်းက ရှုံးနိုင်သည်ဟု အဖေ ထင်ထားပါလျက် ကုန်းစောင်းအသင်း ဘက်မှ လောင်းရလောက်အောင် အဖေ ခေါင်းမာခဲ့သည်။ ကျွန်တော်ကတော့ ကိုယ့်ရွာရယ် ကိုယ့်ကျောင်းရယ် မဟုတ် တော်သူကို အားကျသည်။ တော်သူဘက်မှ အားပေးချင်သည်။ ဤကိစ္စအတွက် ကျွန်တော့်အား မျိုးချစ်စိတ် မရှိတဲ့ကောင်ဟု နောင်အခါမှာ စွပ်စွဲလေ့ ရှိပါသည်။
အဖေ မကြိုက်မှန်း သိသဖြင့် တစ်ဘက် အသင်းကို အားမပေး ဖြစ်တော့သော်လည်း အားရ ကျေနပ်စွာ စိတ်လှုပ်ရှားမိဆဲတော့ ဖြစ်သည်။ ထို့ကြောင့် စိတ်ဓာတ်တွေ တက်ကြွကာ ခြေနှစ်ဖက်ကို ဆောင့်မိသွားသည်။ အဖေ့ပခုံးပေါ်မှာ ကျွန်တော် ထိုင်နေမိတာကို သတိမရတော့ဘဲ ဖြစ်သည်။
“ဟေ့ကောင်၊ ဟေ့ကောင် ၊ မင်း ထိုင်နေတာ ထိုင်ခုံ မဟုတ်ဘူးကွ”
အဖေက ကျွန်တော့် ခြေသလုံးကို ဖြန်းခနဲ တစ်ချက်ရိုက်ပြီး အော်ငေါက်တော့မှ ကျွန်တော် ငြိမ်သွားမိပါသည်။
ငယ်ငယ်တုန်းက အဖေ ကျွန်တော့်ကို ချစ်ခဲ့သည်။ သို့မဟုတ် ကျွန်တော် အဖေ့ကို ချစ်ခဲ့သည်။ အဖေ လယ်ထွန်သည့်အခါ ထွန်တုံးပေါ်မှာ မတ်တပ် ရပ်နေသော အဖေ့အား လယ်ကန်သင်း ထနောင်းရိပ်မှ ထိုင်စောင့်ကြည့်ရင်း ဒီရွာထဲမှာ အဖေက ခွန်အား အကြီးဆုံးဟု ဂုဏ်ယူမိသည်။ အဖေနင်းသည့် ထွန်ကြောင်းကို ပို၍နက်ပြီး ပို၍ ညီညာသည်ဟု ကျေနပ်မိသည်။ လယ်ရိတ်သိမ်းသော အခါ ကျောင်းပိတ်ရက်များ၌ အဖေ့ဆီ ထမင်းချိုင့် သွားပို့ရတိုင်း အဖေ့ တံစဉ်ချက်က သူများ တံစဉ်ချက်ထက် စပါးပင်တွေ အများကြီး ပိုပါသည်ဟု အားကျခဲ့မိသည်။ ငါ အသက်ကြီး လာရင်လည်း အဖေ့လို ခွန်အား ရှိလာမှာဟု မျှော်လင့်ခဲ့သည်။ အဖေ့ကို ကူလုပ်မှ အဖေ ပင်ပန်းတာတွေ သက်သာမှာဟု ညှာတာစိတ် ဝင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော် မြန်မြန် အသက်ကြီးကာ မြန်မြန် အရွယ်ရောက် ချင်လှသည်။
* * *
အားကျစိတ်မှ မနှစ်မြို့စိတ်သို့ ပြောင်းလဲ သွားခဲ့ခြင်းသည် အဖေ့ဘက်က ချို့ယွင်းချက်လား။ ကျွန်တော့်စိတ် အပြောင်းအလဲလား။ အရွယ် ရောက်လာသော အချိန်တွင် အဖေ့နောက်လိုက် မဖြစ်လိုစိတ် ဝင်လာခဲ့တာတော့ ကျွန်တော် သတိထားမိ၏။
ကျွန်တော် ၁၆ နှစ် အရွယ်တွင် အဖေက အသက် ၄၀ ရှိနေပြီ။ အသက် ၄၀ ဟူသည်မှာ လူတစ်ယောက် အတွက် စိတ်ဓာတ် အပြင်းထန်ဆုံး၊ အတက်ကြွဆုံး၊ ခွန်အား အကောင်းဆုံး ဖြစ်လေမလား မသိ။ ကျွန်တော် အခုထိ အသက် ၄၀ မရောက်သေးသဖြင့် ကျွန်တော် အသေအချာ မပြောနိုင်ပါ။ သို့သော် အဖေ့ကို ကြည့်ရတာတော့ ကျွန်တော် အသက် ၁၆ နှစ်တွင် အဖေ ခွန်အား အကြီးဆုံး၊ စိတ်အတက်ကြွဆုံး ဖြစ်သည်။ အဲသည့် အချိန်မှာ အဖေသည် ထွန်တုံးနှင့် လယ်တွေကို စွန့်ပယ်ပြီး ကျွန်တော် တစ်ခါမှ အိပ်မက် မမက်ဖူးသော ဆန်စက် တစ်ခုကို တည်ထောင် ပြီးခဲ့ပြီ ဖြစ်သည်။
အမေက အဖေ လယ်တွေ ရောင်းပစ်သည့် ကိစ္စကို ခါးခါးသည်းသည်း ကန့်ကွက်ခဲ့၏။ မလုပ်တတ် မကိုင်တတ် အရင်းပြုတ် သွားမှဖြင့်ဟု တွေးပူခဲ့သည်။ အဖေက သူ့အပေါ် မယုံကြည်ခဲ့သူ အမေ့အား အားရပါးရ ရယ်မောခဲ့တာ ကျွန်တော် မှတ်မိပါသည်။
“အကြည်၊ ငါ့ကို သေချာ ကြည့်စမ်းပါ၊ လေးမောင်ဟာ မနိုင်တဲ့ အလုပ်ကို လုပ်မယ့် ကောင်လားလို့၊ ကြည့်စမ်းပါ”
936
“ဟာ အဖေကလဲ ... မဟုတ်တာ”
“အလုပ်သမားတွေ မင်းခေါင်းပေါ်တောင် တက်လာဦးမယ်”
“သူတို့က အခွင့်အရေးသမားတွေ မဟုတ်ပါဘူး”
“ဟား မင်း ဘယ်လိုလုပ် သိမလဲ၊ မင်း သူတို့နဲ့ ဘယ်နှခါ ဆက်ဆံဖူးလို့လဲ။ သူတို့ကို ဘယ်နှခါ အုပ်ချုပ်ဖူးလို့လဲ”
“ကျွန်တော် အဖေ့ဆီမှာ အလုပ် လုပ်ကြည့်မယ်လေ”
ထိုစကားကြောင့် အဖေ အံ့ဩပြီး ကျွန်တော့်အား ခပ်ကြာကြာ စိုက်ကြည့်ပါသည်။
“မင်း အရင်က ဆန်စက်ကို တစ်နှစ်နေလို့ တစ်ခါတောင် လာဖော်မရဘဲ အခုမှ ဘာဖြစ်လို့ အလုပ်လုပ်ဖို့ စိတ်ဝင်စား လာရတာတုံး”
ထို့နောက် အဖေသည် ကောက်ချက် တစ်ခုကို ဖြုန်းခနဲ ရသွားသည်။
“ဧကန္တ ... မင်း ကိုဘသီရဲ့ သမီးလေးကို ...”
ကျွန်တော် မျက်နှာနွေးခနဲ ပူသွား၏။
“အဖေ”
“ဟုတ်ပါပြီ၊ အဲဒီ ကောင်မလေးကြောင့် မင်း သူရဲကောင်း ဖြစ်ချင်နေတာ ငါ သိပြီ”
ထားခင်ကို ကျွန်တော် စိတ်ဝင်စားမိတာတော့ မှန်ပါသည်။ သို့သော် အလုပ်သမားများ၏ ရပိုင်ခွင့်ကို မနစ်နာစေလိုသည့် ဆန္ဒကတော့ ထားခင်နှင့် ဘာမျှ မဆိုင်ပါ။
“ဖိုးကံ မင်း ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်။ စက်ပိုင် သားနဲ့ ကူလီခေါင်းရဲ့ သမီး အဆင့်အတန်းချင်းက လွှတ်ကွာတယ်။ ငါ့ကို သိက္ခာချဖို့ မကြိုးစားနဲ့၊ အတည်လဲ မကြံနဲ့။ အပျော်လဲ မကြံနဲ့။ အိုကွာ နည်းနည်းကလေးမှ မပတ်သက်စေနဲ့၊ ငါ ကြိုတင် ပြောထားလိုက်မယ် ဒါပဲ”
ကျွန်တော် အံ့ဩနာကျင် သွားခဲ့သည်။
အဖေ့မှာ အဲသည်လို လူတန်းစား ခွဲခြားသည့် အမြင် ရှိနေလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့မိပါ။
“ကောင်မလေးကို မင်းဒီနေ့ စကားပြောတဲ့ အမူအရာ အဖေ မကြိုက်ဘူး”
ကျွန်တော် ဘယ်လို အမူအရာနှင့် စကားပြောမိ ပါလိမ့်ဟု တစ်ခဏ ပြန်တွေးမိ သွားသည်။ ကတ္တားချိန်တာ ပြီးသွားလို့ ခဏ နားနေတုန်းမှာ ဆီးပေါင်းထုတ် နှိုက်စားနေတာ မြင်ရသဖြင့် လက်ဆေးပြီးသား ဟုတ်ရဲ့လား။ နင့်လက်က စောစောတုန်းက နွားချေးတွေ ကျုံးနေတာ မဟုတ်ဘူးလားဟု မေးခဲ့မိသည်။ ထိုမေးခွန်းကို မေးချိန်မှာ ကျွန်တော့် မျက်နှာထား ဘာမှ ထူးခြားနေစရာ အကြောင်းမရှိပါ။
ထို့ကြောင့် ကျွန်တော် အဖေ့ကို စိတ်ပျက်သွားပါသည်။
“ပြန်ရအောင် အဖေ၊ ကျွန်တော် ဆာလှပြီ” ဟု စကားဖြတ်ပြီး အခန်းထဲက ပြန်ထွက်ရန် ကျွန်တော် ဟန်ပြင်မိ၏။
“ငါ စကားပြောနေတုန်း စကားမလွှဲနဲ့”
အဖေ ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ကျွန်တော် လန့်သွားရသည်။ အဖေသည် တစ်လောကလုံးကို သူ့အာဏာ တည်ချင်သူ ဖြစ်လိမ့်မည်ဟု ကျွန်တော် အလန့်တကြား တွေးမိသွားပါသည်။
* * *
ကျွန်တော် ကလေးအရွယ် ကတော့ အဖေသည်ကျွန်တော့် သူရဲကောင်း၊ ကျွန်တော့် အားကိုးရာ ဖြစ်ခဲ့သည်။
ကျွန်တော် ပထမဆုံး အကြိမ် ကျောင်းတက်သော နေ့က ကျောင်းသို့ အမေ လိုက်ပို့ပေးသည်။ ကျောင်းတက်ခေါင်းလောင်း ထိုးတော့ အမေ ပြန်မည် ပြင်သောအခါ ကျွန်တော် ဝမ်းနည်း အားငယ်စွာ ငိုခဲ့သည်ဟု ကျွန်တော် မှတ်မိနေပါသည်။ အမေ မပြန်နဲ့။ ကျွန်တော်နဲ့အတူ နေရမယ်ဟု ကျွန်တော် တောင်းဆိုပြီး ငိုကြွေးခြင်း ဖြစ်သည်။အမေက ကျွန်တော့်ကို ချော့မော့သည်။
“ကျောင်းဆိုတာ ကျောင်းသားတွေပဲ နေရတဲ့ နေရာ လူကြီးတွေ မိဘတွေ ကျောင်းခန်းထဲမှာ မနေရဘူး။ နေ့လည် ထမင်းစား ကျောင်းဆင်းတော့ အမေ သားကို လာခေါ်မှာပဲ”
သို့သော် ကျွန်တော်က ကျွန်တော် တစ်ယောက်တည်း ကျွန်တော် မသိသည့် နေရာစိမ်း တစ်ခုမှာ မကျန်ရစ်ခဲ့လို။ ထို့ကြောင့် ဝမ်းနည်းပန်းနည်း ဖြစ်နေသည်။ ဆရာမက ကျွန်တော့်အား လက်မှဆွဲပြီး အမေ့ကို ပြန်ခိုင်းသည်။ “အစပိုင်းတော့ ဒီလိုပဲ။ နောက်ရက်တွေကျ သူ နေသားကျ သွားလိမ့်မယ်၊ ရှင် ပြန်မှာသာပြန်။ ကျွန်မတို့ ရှိပါတယ်” အမေ ပြန်သွားသောအခါ အာခေါင်ခြစ်ပြီး ငိုရင်း ကျွန်တော် ကျန်ခဲ့၏။
သိပ်မကြာခင် အမေ ကျောင်းသို့ တစ်ခေါက် ပြန်လာသည်။
အမေ ချက်ချင်း ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အမေ့ကို သူငယ်တန်း ကျောင်းဆောင်ဘေးက စိန်ပန်းပင်ကြီး အောက်မှာ မြင်လိုက်ရသောအခါ ကျွန်တော် ပျော်သွားပါသည်။ အမေက ကျွန်တော်အား ပြုံးပြပြီး လက်ကာပြသည်။ ထို့နောက် စိန်ပန်းပင်အောက်က အုတ်ခဲ တစ်ခုပေါ်မှာ အကျအန ထိုင်ပြီး ကျွန်တော် နေ့လယ် ထမင်းစား ကျောင်းဆင်းသည့် အချိန်ထိ စောင့်နေခဲ့ပါသည်။ အမေ ကျွန်တော့်ဘေးမှာ ရှိနေသည် ဟူသော အတွေးဖြင့် ကျွန်တော် လုံခြုံစိတ်ချ သွားပါသည်။
“အေမ”
ထမင်းစား ကျောင်းဆင်းတော့ အမေ့ ရင်ခွင်ထဲသို့ ကျွန်တော် ပြေးဝင်ခဲ့သည်။
“လာ အိမ်ပြန်ပြီး ထမင်းစားကြမယ်”
အမေက ကျွန်တော့်လက်ကို ဆွဲပြီး ကျောင်းသား ကျောင်းသူတွေ ကြားထဲမှ တိုးဝှေ့ ထွက်လာကြသည်။
“ဒါပဲနော် ဖိုးကံ၊ အမေ ကျောင်းမှာ လာစောင့်ရလို့ အဖေပဲ ထမင်းချက် ထားရမှာ၊ အမေ ဈေးလည်း ဝယ်မပေးခဲ့ရဘူး။ ဘာချက်ထားမလဲ မသိဘူး။ သား ကြေးများမယ် မကြံနဲ့”
အဲသည်နေ့က ဘာဟင်းနှင့် ကျွန်တော် ထမင်းစားရသလဲ မမှတ်မိတော့ပါ။ စားမကောင်းတာပဲ ကျွန်တော်သိသည်။ အဖေက ပြောသတဲ့၊
“ငါ့ သားလေး အားငယ် နေလိမ့်မယ်။ သား မြင်သာတဲ့ အနီးအနားမှာ မင်း သွားစောင့် ပေးလိုက်ပါ။ ငါ ချက်ပြုတ်ပြီးမှ လယ်ထဲ သွားလိုက်ပါ့မယ်” ဟု ခွင့်ပေးခဲ့သတဲ့။
936
အဖေ့ အလုပ်သမားတွေ နှစ်မျိုးနှစ်စား ရှိ၏။ လခစား စက်အလုပ်သမားနှင့် နေ့စား အထမ်းသမားများ ဖြစ်သည်။ အဖေက သူ့စပါးတွေ ဆန်တွေကို တစ်ညနေတည်းနှင့် ရေလွတ်ရာသို့ ပို့နိုင်ရန် အလုပ်သမား နှစ်မျိုးလုံးကို ခိုင်းခဲ့သည်။ ညဆယ်နာရီ ထိုးသဖြင့် လုပ်ခငွေ ရှင်းသောအခါ နေ့စား အလုပ်သမားများကို တစ်နေ့တာအတွက် ရှစ်ဆယ်ကျပ်စီ ရှင်းပေးပြီး လခစားများကို လက်ဖက်ရည်ဖိုးဟု သုံးဆယ်စီ ပေးသည်။ အလုပ်သမားတွေ ကလည်း ဘာမျှ စောဒက မတက်ဘဲ အဖေ ပေးသမျှ ငွေကို လက်ခံပြီး ပြန်ဖို့ စီစဉ်ကြသည်။ လက်မခံနိုင်သည်က ကျွန်တော် ဖြစ်သည်။
“အဖေ အခုဟာက ညဆယ်နာရီ ကျော်ပြီနော်”
အဖေက ကျွန်တော့်အား မျက်မှောင်ကြုတ် ကြည့်သည်။
“ဆယ်နာရီနဲ့ ဆယ့်ငါးမိနစ်လေ”
“ဒီအချိန်ထိအောင် အဖေ့ အလုပ်သမားတွေကို ခိုင်းရင် အဖေ အချိန်ပိုဆင်းခ ပေးရမှာပေါ့” ကျွန်တော် တိုးတိုး ပြောမိ၏။ အဖေ မျက်လုံးပြူး သွားကာ ကျွန်တော့်ပခုံးကို ဆွဲဖက်ပြီး သူ အနားယူနေကျ သူ့ရုံးခန်းဆီသို့ ဇွတ်ဆွဲ ခေါ်သွားသည်။
“မောင်ဌေးရေ ... လူကုန်ရင် ဝင်းတံခါး ပိတ်ထားလိုက်တော့”
ညစောင့် အလုပ်သမားလေးအား လှမ်းအော်လိုက်ပြီး ကျွန်တော့်ကို အခန်းထဲသို့ ဆွဲသွင်း၏။ ကျွန်တော်တို့ နှစ်ယောက်စလုံး အထဲ ရောက်သောအခါ အဖေက တံခါးစေ့လိုက်သည်။
“အဖေ လက်ဖက်ရည်ဖိုး ပေးလိုက်တာ မင်း မမြင်ဘူလား”
“သုံးဆယ်စီ ပေးလိုက်တာ မြင်ပါတယ်၊ အဲဒါ နည်းတယ် အဖေ”
“ဟေ ... တစ်နေ့လုံး လုပ်တာမှ ကိုးဆယ်ပဲ ရတဲ့ အလုပ်သမားကို လက်ဖက်ရည်ဖိုး သုံးဆယ်ပေးတာ နည်းတယ် ဟုတ်လား”
“နည်းတယ် အဖေ၊ အလုပ်သမား ဥပဒေနဲ့ ရပိုင်ခွင့် သတ်မှတ်ချက်တွေ အရ ဆိုရင် အချိန်ပို တစ်နာရီစာက မူရင်းအလုပ်ချိန် တစ်နာရီစာ လုပ်ခထက် နှစ်ဆ၊ ဒါမှမဟုတ် သုံးဆ ...”
“တော်ပြီ”
အဖေက ကျွန်တော့် စကားကို အဆက်မခံဘဲ ခပ်တင်းတင်း ပိတ်၍ အော်လိုက်၏။
“မြို့သွား ကျောင်းတက်ရတယ် ဆိုပြီး မတောက်တခေါက် အသိအမြင်လေးတွေနဲ့ ငါ့လာ ဆရာ မလုပ်နဲ့။ အခု ခိုင်းလိုက်ရတဲ့ အချိန်ပိုက ထွက်ကုန်တိုးဖို့ ငွေမြတ်ဖို့ မဟုတ်ဘူး၊ ဒီစက်ရုံရဲ့ ပစ္စည်းတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ လုပ်ရတာ၊ ဒီအချိန်ပိုကြောင့် ငါတစ်ပြားမှ ငွေ ပိုမဝင်လာဘူး”
အဖေက သူ့ရုံးစားပွဲပေါ်က လယ်ဂျာ စာအုပ်ပုံကို လက်ဝါးနှင့် ခပ်ဆတ်ဆတ် ရိုက်ထည့် လိုက်သည်။
“ဒါပေမဲ့ အဖေ့ဆန်တွေ စပါးတွေ ရေမစိုဖို့လေ၊ အဖေ့ အကျိုးအမြတ် အတွက် သူတို့ လုပ်ပေးရတာလေ။ ကဲ သူတို့ မရှိဘူး။ ဒါမှမဟုတ် မလုပ်ဘူးဆိုရင် ကျွန်တော်နဲ့ အဖေနဲ့ ဒီပစ္စည်းတွေကို မပျက်စီးအောင် ဘယ်လိုရွှေ့မလဲ၊ သူတို့ လုပ်ပေးလို့သာ”
အဖေ ကျွန်တော့်ကို မျက်လုံးပြူး ကြည့်ပြန်၏။
“ဟ ကံကြီးမောင်၊ မင်းက ငါ့ကို ဒီအိတ်တွေ ထမ်းစေချင်သေး လို့လား၊ ငါ့လို စက်ပိုင်က စပါးတွေ ထမ်းရမှာလား”
သူ့ရင်ဘတ်သူ လက်မဖြင့် ညွှန်ပြ၍ ဒေါသတကြီး မေးသည်။
“မဟုတ်ပါဘူး အဖေ။ အဖေ မထမ်းရအောင် သူတို့ကို ငှားထားတာပဲ။ အခု သူတို့ ထမ်းပေး သယ်ပေးခဲ့တယ်လေ၊ ကျွန်တော် ပြောချင်တာက သူတို့သာ မလုပ်ပေးခဲ့ရင် ...”
“သူတို့ မလုပ်လို့ ဘယ်ရမလဲ။ သူတို့ မလုပ်ရင် ထမင်းငတ် သွားမှာပေါ့၊ တစ်နေ့ ရှစ်ဆယ် ကိုးဆယ် မရရင် သူတို့ ဘာနဲ့ သွားစားမလဲ။ သူတို့မှာ လယ် မရှိဘူး ၊ ပညာ မရှိဘူး၊ ထမ်းဖို့ ပိုးဖို့ ပခုံးပဲ ရှိတယ်၊ သူတို့ မလုပ်လို့ ရမလား၊ သူတို့ မလုပ်ချင်ရင် ထွက်လေ။ ရွာထဲမှာ လုပ်ချင်တဲ့သူတွေ ရိုက်သတ်လို့တောင် မကုန်ဘူး၊ တစ်ယောက် ထွက်ရင် တစ်ယောက် ဝင်မှာပဲ ရှင်းလား”
ရှင်းပါသည်။ အဖေ့ စိတ်သဘောထားကို အဲသည့် အချိန်ကျမှ သိလိုက်ရခြင်း အတွက်လည်း ကျွန်တော် တုန်လှုပ် သွားခဲ့ပါသည်။
ကျွန်တော့်က အဖေ့ကို ဒေါသကြီးသူ ဟုသာ သိထားခဲ့သည်။ အတ္တကြီးသူဟု မသိခဲ့။ စည်းစနစ် ကြီးသူဟုသာ သိထားခဲ့သည်၊ စေးကုတ်သူဟု မသိခဲ့။
“သူတို့ အချိန်ပို လုပ်ရတဲ့ အချိန်မှာ ငါ သူတို့ကို အငတ်ထားလို့လား၊ မုန့်ရေနဲ့ အကြော်နဲ့ ရေနွေးကြမ်းနဲ့ ကျွေးတာ မင်း မမြင်ဘူးလား”
ကျွန်တော် ဘာမှ ပြန်မပြောမိအောင် ထိန်းချုပ်ထား၏။ အဖေ့ မုန့်ရေနဲ့ အကြော်က သူတို့ ဗိုက်ဝဖို့ မပြောနဲ့ နံတောင်စွတ်မှာ မဟုတ်ဘူးဟု ပြောလိုက်လျှင် အဖေ ကျွန်တော့်ကို ဇက်ပိုး အုပ်ကောင်း အုပ်လာနိုင်သည်ဟု ဆင်ခြင်မိသောကြောင့် ဖြစ်သည်။
တကယ်တော့် အဖေ့ကို နေ့စား အလုပ်သမား လုပ်ခလည်း ကျွန်တော် ဆွေးနွေးချင်ခဲ့သည်။ နံနက် ၈ နာရီမှ ညနေ ၆ နာရီလောက်ထိ လုပ်ရသော လူတစ်ယောက်၏ တစ်နေ့လုပ်ခ ၈၀ ဆိုတာ မျှတသလား၊ မမျှတဘူးလား ကျွန်တော် တိတိကျကျ မသိပါ။ သို့သော် ညနေ ၆ နာရီမှာ အိမ်ပြန်ခွင့် မရသေးဘဲ ဆန်အိတ်တွေ၊ စပါးတောင်းတွေ ထမ်းပိုးသယ်ရွှေ့ ပေးရသည့် နောက်ထပ် အချိန်ပို၊ ဝန်ပိုများပါ ပေါင်းလိုက်လျှင် ငွေကျပ် ၈၀ သည် လုံးဝ မမျှတသော ငွေဖြစ်တာကတော့ သေချာသည်။
“ငါ မင်းကို မြို့သွား ကျောင်းတက်ခိုင်းတာ စက်ကို ကောင်းကောင်း အုပ်ချုပ်နိုင်မယ့် ဗဟုသုတ အကြားအမြင်တွေ ရအောင်လို့ကွ၊ ငါ အနားယူရင် မင်းပဲ အုပ်ချုပ်ရမှာ။ ဒီပုံအတိုင်းဆို မင်းကိုင်ရင် တစ်နှစ်အတွင်း စက်ပိတ်ရတဲ့ အဖြစ် ရောက်သွားနိုင်တယ်”
936
*တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ*
ဂျူ း
အပိုင်း-တစ်
တစ်ခုခုတော့ မှားယွင်းနေပြီ ထင်သည်။ သည်ည အဘိုးကြီး ပြန်လာသည်ကို မမြင်ရသေးပါ။ သူ့ကို အဘိုးကြီးဟူသော အသုံးအနှုန်းဖြင့် ကျွန်တော် သတိရနေသည်ကို သိလျှင် အဖေ ဘယ်လောက်များ ဒေါပွလိုက်မလဲ။
တကယ်တော့လည်း အဖေ အဘိုးကြီး ဖြစ်နေပါပြီ။
ကျွန်တော့်အိမ်ရှေ့မှ ညတိုင်းဖြတ်ပြီး အိမ်ပြန်သွားလေ့ ရှိသော အဖေ့ကို ကျွန်တော် မုန့်ဟင်းခါးဖိုမှာ အလုပ်ရှုပ်နေသည့် ကြားက အမြဲစောင့်ကြည့်ြ ဖစ်ခဲ့သည်။ မုန့်နှစ် ကြိတ်သည့် ကြိတ်စင်ကြီးကို ကွယ်၍သော် လည်းကောင်း၊ မုန့်ညှစ်သည့် ညှစ်စင်ကို ကွယ်၍သော် လည်းကောင်း ဖြစ်သည်။ ကျွန်တော့်အိမ် ခြံဝိုင်းရှေ့မှာ ကြီးကြီးမားမား သစ်ပင် မရှိသဖြင့် လမ်းပေါ်ကို အတိုင်းသား မြင်နေရပါသည်။ လရောင် ကြယ်ရောင် အောက်မှာပေမယ့် မှောင်ရီ ဝိုးတဝါး သဘာဝည အလင်းရောင်ဖြင့် အဖေ့ကို အဖေပဲဟု ကျွန်တော်အမြဲ သိနေခဲ့သည်။ သိလိုက်တိုင်းလည်း ကွယ်စရာ တစ်ခုခုဖြင့် ပုန်းကွယ်၍ ကျွန်တော် အကဲခတ် ကြည့်မိမြဲ ဖြစ်သည်။ အဖေ နေကောင်းရဲ့လား၊ လမ်းလျှောက်တာ ပုံမှန် ဟုတ်ရဲ့လား။ အဖေ့စိတ်တွေ ဆူပွက် ဒေါသကြီး နေခဲ့သလား။ သို့မဟုတ် အနည်းငယ် ကြည်လင် နေခဲ့သလား။
မခံချင်စရာ ကောင်းသည်မှာ အဖေသည် အိမ်ရှေ့က ဖြတ်လျှောက်တိုင်း ဘယ်သောအခါမျှ ကျွန်တော့်ခြံဝိုင်း ဘက်သို့ စောင်းငဲ့ကြည့်ဖော် မရခြင်းပင် ဖြစ်သည်။ ဘာသိဘာသာ ကျော်ဖြတ်ပြီး စောင်းငဲ့ မကြည့်တာတော့ မဖြစ်နိုင်ပါ။ ဆီးပေါင်းထုပ် လုပ်သောအိမ်နှင့် ပဲလှော်ဖို အကြားက ခြံဝိုင်းမှာ ကျွန်တော် နေထိုင်နေကြောင်း လွန်ခဲ့သည့် နှစ်တွေ ကတည်းက၊ အမေ အသက်ရှိစဉ် ကတည်းက အမေ ပြန်ပြောပြလို့ အဖေ သိနေခဲ့မှာပါ။ မကြည့်သည်မှာ မကြည့်ဖြစ်ဖို့ စိတ်ကို ဆုံးဖြတ် ထားလို့သာ ဖြစ်ရမည်။ အဲသည်လို မဟုတ်ဘူး ဆိုလျှင် လပေါင်းများစွာ၏ ညပေါင်းများစွာ အနက် တစ်ညတလေတော့ အမှတ်တမဲ့ အိမ်ဘက်သို့ မျက်လုံးအကြည့် ရောက်လာမှာပဲ။ လုံးဝ စောင်းငဲ့ မကြည့်ဘူး ဆိုတော့ အဖေ ကျွန်တော့်အပေါ် ဒေါသကြီးနေဆဲ၊ အမှတ်တညာ ထားဆဲ၊ မာနကြီးဆဲဟု ယူဆရပါသည်။ တစ်နည်းတော့လည်း ဟောသည့်အိမ်တွင် သူစိတ်ဆိုးသော သားတစ်ယောက် နေထိုင်လျက် ရှိသည်ဟု ညတိုင်း ညတိုင်း အဖေ သတိရ နေခဲ့လိမ့်မည်။ အဖေ့ ဘဝထဲမှ ကျွန်တော် အပြီးတိုင် ထုတ်ပယ် မခံရသေးဘူး။ အဲသည့်အတွက် မခံချင်သည့်ကြားမှ စိတ်သက်သာ ရပါသည်။
ဒီည ကျွန်တော် မမြင်လိုက်ဘဲ အဖေ ပြန်သွားလိုက်တာလား။ အဲသည်လိုလည်း မဖြစ်နိုင်ပါ။ ယခုလို ညရှစ်နာရီနှင့် ကိုးနာရီ အကြားတွင် အဖေ ဆန်စက်မှ အိမ်သို့ ပြန်တတ်မှန်း သိ၍ အမြဲညသတိထားပြီး အလုပ် လုပ်နေခဲ့တာမို့ မမြင်လိုက်ဘဲ လွတ်သွားစရာတော့ အကြောင်း မရှိပါ။ မုန့်ကြိတ်စင် အတွက် ရေလိုလို့ ရေတွင်းဆီ သွားငင် လိုက်တုန်းကများ ပြန်သွားသလား။ ရေတွင်းမှာ ရေငင်တုန်းကလည်း ကျွန်တော် သည်ဘက်သို့ လှည့်၍ ရပ်နေခဲ့ခြင်း ဖြစ်သည်။ ရိပ်ခနဲ လူသဏ္ဌာန်တစ်ခု တွေ့လျှင် မျက်စိက အလွယ်တကူ လမ်းဘက်သို့ လှမ်းကြည့်နိုင်ဖို့ ဖြစ်သည်။ အဖေ့ကို ကျွန်တော် လွတ်သွားခဲ့တာ မဟုတ်။ အဖေ ညကိုးနာရီ ထိအောင် အိမ်ရှေ့က ဖြတ်ပြန် မသွားသေးတာသာ ဖြစ်သည်။
ဘာကြောင့်လဲ၊ အလုပ်တွေ မပြတ်သေးတာလား။ အရင်ကလိုပင် အဖေ လောဘတကြီး အလုပ် လုပ်နေဆဲလား၊ အဖေ့ လောဘကြောင့် အဖေ့ အလုပ်သမားတွေပါ ညဉ့်နက်အောင် အလုပ်ဆင်းနေရ ပြန်တာလား။ သို့မဟုတ် အဖေ နေမကောင်းဘူးလား။
အမေ ကွယ်လွန်ပြီးနောက် အဖေ့ အနားမှာ ဘယ်သူ ရှိနေပါ့မလဲ။
ဘယ်သူမှ မရှိဘူး ဆိုလျှင်လည်း အရင်းခံမှာ အဖေ့ကြောင့်သာ ဖြစ်လိမ့်မည်။
အဖေသည် လောကတွင် ဘယ်သူ့ကိုမှ မယုံကြည်။ သူ့သားအရင်း ကျွန်တော့်ကိုပင် မယုံကြည်ပါ။
* * *
ဆန်စက်တွေ ရှိရာ စက်တန်းရပ်ကွက် အစွန်းထိ ဧရာဝတီမြစ်ရေ တက်သောနှစ်က စ၍ အဖေနှင့် ကျွန်တော်၏ ပဋိပက္ခ စခဲ့သည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းပိတ်၍ ရွာပြန်ရောက် နေခဲ့၏။
အဖေ့စက်သည် ဤရွာတွင် ဒုတိယနောက်ဆုံး တည်ထောင်သောစက် ဖြစ်၍ ရပ်ကွက်အစွန်တွင် တည်ဆောက်ခဲ့ရသည်။ ဟိုဘက် အစွန်းဆုံးစက်က တစ်နှစ်အတွင်း ရပ်သွားခဲ့သဖြင့် စက်အဆောက်အအုံ အခွံသက်သက်သာ မဖျက်ရသေးဘဲ ကျန်နေခဲ့၏။ ထို့ကြောင့် မြစ်ရေသာ ဆက်ပြီး တိုးလာခဲ့လျှင် အဖေ့ ဆန်စက်ထဲက ဆန်တွေ စပါးတွေက အရင်ဆုံး ရေမြုပ်ရမည့် ကုန်ပစ္စည်းတွေ ဖြစ်နေသည်။ စက်ထဲ ရေရောက်လို့ ကတော့ အဖေ့ ကြိတ်လက်စ ဆန်တွေ စပါးတွေ ရေထိတော့မည်။ အဖေ့စက်က အငှားကြိတ် စက်ရုံသက်သက် မဟုတ်ဘဲ စပါး ဝယ်လှောင်ကာ ကြိတ်သောစက်လည်း ဖြစ်သဖြင့် ဆုံရှုံးရမည့် ပစ္စည်းတန်ဖိုးမှာ တော်တော်များသည်။ ထိုအခါ မြစ်ရေတိုးနှုန်း မြန်သည်နှင့်အမျှ မိမိက လှုပ်ရှား ဆောင်ရွက်တာလည်း မြန်ဖို့ လိုသည်။ စက်ကြမ်းခင်းမှာ ပုံထပ်ထားသော ဆန်အိတ်များကို ရေလွတ်ရန် အလျင်အမြန် သစ်သားစင်တစ်ခု ခိုင်ခိုင်ရိုက်ပြီး ထိုစင်ပေါ်သို့ ပြောင်းရွှေ့ ပုံရသည်။ အဖေ့ အလုပ်သမားများ အားလုံး ထိုနေ့က ညဆယ်နာရီ ထိုးသည်အထိ အလုပ်လုပ်ရသည်။
အဲသည့် အချိန်မှာ ကျွန်တော် စက်ထဲမှာ ရှိနေခဲ့တာ အဖေ ကံဆိုးသွားခြင်း ဖြစ်၏။ အင်းလေ ... အဖေ ကံဆိုးတာ မဟုတ်ဘဲ ကျွန်တော် ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။
936
Repost from ကဗျာလမ်း
နာကျင်ခြင်းမှာဘာအရောင်ရှိပါသလဲ။
တကယ်က''သင့်နာကျင်ခြင်း''ဟု
ကျနော်မေးခဲ့ဖို့ကောင်းသည်။
ကျနော့်နာကျင်ခြင်းအတွက်မူသီးသန့်အရောင်မရှိပါ။
မဖြစ်မနေဟုဆိုလာလျှင်တော့ပန်းနုရောင်ဖျော့ဖျော့ဟုကျနော်ဖြေမိမည်ထင်သည်။
မိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းဟာ
ပန်းနုရောင်ဖျော့ဖျော့ဟုအထင်မှားနေခဲ့ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။
'' ဗီးနပ်(စ်)ဂြိုလ်ပေါ်ကပဲငုံ့ကြည့်ကြည့်၊
နောက်ဆုံးခုံကပဲလှမ်းငေးငေး၊
အချစ်ဟာ၅ပေ၃လက်မပါပဲ။
-မောင်ငြိမ်းချမ်း(ပုဂံမြေ)-
936
မဖြစ် သူ့နောက်ကို အမှီလိုက်နေရတယ်။
တွေ့ပါပြီ အစိမ်းရောင် တိုက်ပုလေးရှေ့ရောက်တော့ ဒီကောင် ဟောင်လိုက်တယ် ဒီကောင်
ဟောင်သံကြားတာနဲ့ အထဲက အဘိုးကြီးတစ်
ယောက်ထွက်လာပြီး တံခါးဖွင့်ပေးတယ်
ဒီကောင့် စောက်ချိုးက ကျွန်တော်ပြောတဲ့အတိုင်း ခပ်တည်တည် အဘိုးကြီးကသာ
ဝမ်းသာအားရနဲ့ ပွတ်သက်ပေးနေပေမယ့်
ဒီကောင်က အားနားပါးနားနဲ့ တို့ဝေ့တာမျိုးမရှိ
ကျွန်တော် သူတို့နားရောက်တဲ့အထိ သွားလိုက်
တယ် ။ အနားရောက်တော့မှ ကျွန်တော်ပို
ထူးဆန်း ပိုအံသြော်မိသွားတယ် ။ ဘာလို့ဆိုတော့
ဒီကောင် ကျွန်တော်အိမ်လာတာကို ဒီအဘိုးကြီး
သိနေတယ် ။ အဘိုကြီးပြောနေပုံက လူတစ်ယောက်ကိုပြောနေသလိုမျိုး
” မိုးတိတ်သွားတာနဲ့ မင်းပြန်လာတော့မယ်ဆိုတာ ငါသိနေတာ အဲဒါကြောင့် တံခါးကိုစေ့ရုံစေ့
ထားတာ ဘယ်လိုလည်း ကျေနပ်ပီလား
လာ လာ အထဲဝင်” ဆိုပြီး အဘိုးကြီးရဲ့စကား
သံဆုံးတာနဲ့ ဒီကောင် အထဲကို ဝင်သွားတယ်
ကျွန်တော် လှိက်မမှီတော့ဘူး ဘာတွေလည်း
အဘိုးကြီးနဲ့ ဒီကောင်ကဘာလည်း
ဒီကောင်ကရော မိုးရွာတော့မယ်ဆို ကျွန်တော်
တို့အိမ်ဘာလို့ရောက်လာတာလည်း
မေးခွန်း တွေဟာ စက္ကန့်ပိုင်းအတွင်း ကျွန်တော့်
ဦးနှောက်ထဲ တရစပ်ဝင်လာကုန်တယ်။
အိမ်ကိုပြန်လာတဲ့ ကျွန်တော့်ခြေလှမ်းတွေမှာ
အတွေးတွေ ချိတ်ဆွဲထားတော့ လေးလံနေတယ်
ဒီကောင်နဲ့ ကျွန်တော်တို့ ရဲ့ ကြားမှာ ဘယ်လို
ဆက်နွယ်နေတာလည်း အိမ်ကိုပြန်ရောက်တော့
အမေဟာ ညီမလေးရဲ့ ဓာတ်ပုံရှေ့မှာ ကျောက်
ရုပ်တစ်ရုပ်လို ရပ်နေတယ် မိုးခြိမ်းသံကိုကြောက်
တဲ့ ညီမလေး မွေးရာပါနှလုံးရောဂါ နဲ့ ညီမလေး
လူ့ဘဝကို အသက် ၁၉ မှာ နှုတ်ဆက်သွားတဲ့
ညီမလေး တစ်ခုခု စိတ်ဆိုးရင် ကျွန်တော့်ရဲ့
လက်ကို ကိုက်တက်လွန်းလို့ ခွေးမလေး လို့
ချစ်စနိုးနဲ့ခေါ်မိတဲ့ ညီမလေး မွေးနေ့ရောက်တိုင်း
ရပ်ကွက်ထဲက ခွေးတွေကို အစာကျွေးတက်တဲ့
ညီမလေး ။ အိမ်ထဲ ကျွန်တော်ဝင်လာတော့
အမေကျွန်တော်ကို ကြည့်တယ်။ အဲဒီအကြည့်
တွေ ကျွန်တော်သိတယ် ။စိတ်ထဲမှာ ကျွန်တော်
ပြန်ပြောနေမိတယ် အဲဒါမဟုတ်ဖူး
မဟုတ်ဖူး လို့ ကျွန်တော်ငြင်းနေမိတယ်။
နေ့ခင်းအလုပ်မှာထမင်းစားနားတော့
ရုတ်တရက်ကောင်းကင်ကိုမော့ကြည်မိတော့
မိုးတွေမဲတက်လာတာမြင်လိုက်တယ်
ကျွန်တော်အိမ်ကို ဘယ်တော့မှ မမောင်းဖူးတဲ့
အမြန်နှုန်းမျိုးနဲ့ ဆိုင်ကယ်ကိို လီဗာအကုန်ဆွဲ
လိုက်တယ် ။ အိမ်ကိုရောက်တော့ အမေ့ကို
တွေ့လိုက်တယ် ။ အမေ့မျက်နှာမှာ တစ်ခုခုကို
မျော်နေတဲ့အရိပ်ယောင်တွေ တွေ့ရတယ်
ကျွန်တော်ဘာလို့ပြန်လာတယ်ဆိုတာလည်း
အမေ သိနေတော့ ကျွန်တော်ကို ဘာစကားမှ
မပြောဘဲ လမ်းဘက်ကို မျော်နေတယ်
လာပါပြီ ဒီကောင် ဒီတခါတော့ အရင်လို
ပုံစံမျိုးမဟုတ် အမေနဲ့ကျွန်တော်ကို မြင်တာနဲ့
အတင်းတိုးဝှေ့ပွတ်သက်နေတော့တယ်။
ကမ္ဘာ
မေ ၂၅ ၂၀၂၃
936
စာအုပ်အိမ်:
ဒီကောင်
-- ----
မိုးတွေရွာတဲ့ညနေခင်းမှာ ဒီကောင်ရောက်လာခဲ့တယ်။ ခပ်တည်တည်နဲ့ အိမ်ရှေ့အဖီလေးထဲထိ
ဝင်လာပြီး ကျွန်တော်ထိုင်နေတဲ့ ကုလားထိုင်ဘေး
မှာ လာဝပ်နေတယ်။ လာကတည်းက စောက်ချိုးကထောင့်မကျိုးဘူး ဒီကောင် ။ အုန်း ကနဲ
မိုးခြိမ်းသံ ကြားတော့ ဒီကောင်လန့်ပြီ ကျွန်တော့်
ခြေထောက်နှစ်ချောင်းကြား အတင်းခေါင်းတိုး
ဝင်လာတယ်။
” ဟာ ဒီကောင် ဘယ်လိုကောင်လည်းဟ
ဇွတ်ကိုတိုးနေတော့တာဘဲကွာ ” ပါးစပ်ကသာ
ပြောနေတာ ကျွန်တော့်လက်တွေက သူ့ကိုပွတ်သပ်ပေးနေမိတယ်။ ဒီကောင် ပုံစံက ထူးခြားနေ
တယ် လမ်းဘေးကကောင်တော့မဟုတ်တာသေချာတယ် မိုးရေထဲကလာလို့သာ ညစ်ပတ်
နေတာ မဟုတ်ရင် ဒီကောင် အတော်သန့်ပြီး
ကြည့်လို့အတာ်ကောင်းမယ် ကောင်။
နောက်ပြီ ဒီကောင် မိုးခြိမ်းသံကို အတော်ကြောက်နေတဲ့ ပုံစံမျိုးလည်း တွေ့ရတယ်။မျက်စိလည်လမ်းမှားပြီးရောက်လာတာလား
စွန့်ပစ်ခံလိုက်ရတာလား ဒီလိုခွေးတစ်ကောင်
အတွက် ငါ အချိန်ကုန်ခံပြီး စဥ်းစားနေစရာလို
လား ဆိုပြီး တွေးမိတာနဲ့ ဒီကောင်အကြောင်း
စဥ်းစားတာရပ်ပြီး ခွက်ထဲကျန်နေတဲ့အရက်ကို
မော့သောက်လိုက်တယ်။
မနေ့ကသောက်တာများသွားတော့ ဘယ်အချိန်အိပ်ပျော်သွားလို့သွားမှန်း မသိလိုက်ဘူး။
မနေ့ကအားရပါးရ ရွာလို့ဝသွားလို့လားမသိ
ဒီနေ့တော့ နေကအစောကြီးထွက်လို့ သာယာနေ
တယ် ။ မနေ့ညနေက ရောက်လာတဲ့ ဒီကောင်
လည်းမရှိတော့ဘူး ဗိုက်ဆာလိုများ ထွက်သွား
တာလားမသိ အိမ်ထဲမှာလည်းမရှိ အိမ်အပြင်
ထွက်ကြည့်တော့လည်း ဒီကောင့်ကိုမတွေ့
သူ့အိမ်ကို သူပြန်သွားတာလည်းဖြစ်နိုင်ပါတယ်။
အမေ့ကို ကားဂိတ်သွားကြိုပြီး အိမ်ကိုပြန်ပို့ပြီး
တာနဲ့ အလုပ်ကို တစ်ခါထဲထွက်လာခဲ့တယ်။
ညနေ အလုပ်ဆင်းတော့ ဘီယာဆိုင် ခဏဝင်
ခိုက်တယ် အမေပြန်ရောက်နေတော့ အိမ်မှာ
သောက်လို့မရတော့ဘူး အများကြီး သောက်လို့
လည်းမဖြစ် အမေ သိသွားရင် နားပူမှာ
ဘီယာဆိုင် ထဲက ထွက်လာတော့ ကြည်လင်နေတဲ့ကောင်းကင်ကြီးက ချက်ချင်းမဲတက်လာတယ်
အိမ်အပြန်မှ မိုးကရွာတော့မယ်ဆိုပြီး ဆိုင်ကယ်ကို ခပ်မြန်မြန်စီးလာခဲ့တယ်။အိမ်ကိုပြန်ရောက်
ရောက်ချင်း တွေ့လိုက်တာက ဒီကောင်
ဟုတ်တယ် ဒီကောင် အင်မတန် သန့်ပြန့်နေတဲ့
ဒီကောင် ကျွန်တော့်လည်းဝင်လာရော
တခြားကောင်တွေလို ပြေးပီး လူကိုတိုးဝှေ့တာ
မျိုးလည်းမရှိ ခပ်တည်တည်နဲ့ သူ့အိမ်သူယာ
လို ပုံစံမျိုူနဲ့ ကျွန်တော်ပြောပါတယ် ဒီကောင့်
စောက်ချိူးက ထောင့်မကျိုးဘူးဆိုတာ
အမေထိုင်နေတဲ့ကုလားထိုင်ဘေးမှာ
ဒီကောင် ကျွန်တော့်ကိုကြည့်နေတဲ့ပုံစံကိုက
စောက်ရေးမလုပ်သလိုမျိုး
ကျွန်တော်လည်းအိမ်ထဲရောက်ရော မိုးက
ရွာရော ။ အမေကို ဒီကောင့်အကြောင်းပြော
ပြတော့ အမေက သဘောတွေကျနေတယ်
ငါ့သားအလုပ်သွားတော့ အိမ်မှာအမေတစ်ယောက်ထဲကျန်ခဲ့တာဆိုတော့ အခုဖော်ရသွား
ပြီဆိုပြီး ပျော်နေတယ်။ ဒီကောင်ကလည်း
အမေ့စကားနားလည်းတဲ့ပုံစံနဲ့ အမေ့ ခြေထောက်
တွေကြား အတင်းတိုးဝှေ့နေပြတယ်။
အရင်ပထမ တခါလိုဘဲ မနက်ရောက်တော့
ဒီကောင်မရှိတော့ပြန်ဘူး အမေကတော့
လိုက်ရှာနေတယ် တအိမ်လုံးအနှံ့ ရပ်ကွက်ထဲ
ရှိလို့ရှိငြားရှာတယ် မတွေ့ဘူး။
၁၅ ရက်ကြာတော့ ဒီကောင်ပြန်ရောက်လာပြန်
တယ် ။ မိုးသားတွေမဲမှောင်နေတဲ့ ညနေခင်း
မှာ ဒီကောင် ပြန်ရောက်လာတယ် ။
ကျွန်တော် ဒီကောင့်ကို စတွေ့ကတည်းက
ထူးဆန်းတယ်လို့ ခံစားမိနေတာ အခု ပိုသေချာ
သွားပြီ ဒီကောင်က မိုးရွာတော့မယ်ဆို
ရောက်ရောက်လာတက်တယ် သေချာတယ်
ဒီကောင်ရောက်လာပြီဆို အဲဒီနေ့ဟာ မိုးရွာတဲ့
နေ့ဘဲ။ အမေနဲ့ကျွန်တော် ဒီကောင် ရဲ့ ထူးဆန်း
တဲ့အကြောင်းတွေပြောနေရင်း ဒီကောင်က
ဘယ်ကလာတာလည်း ဘာလို့ မိုးရွာတော့မယ်
ဆို အိမ်ကို ဘာကြောင့်ရောက်ရောက်လာတက်
တာလည်း ရွာနေတဲ့မိုးရေတွေလို ကျွန်တော့်
အတွေးတွေဟာ လည်း မစဲနိုင်ဘူး။
မနက်ဖြန်တော့ ဒီကောင် ဘယ်ကလည်းဆိုတာ
သိဖို့ သူ့နောက်ကလိုက်ကြည့်ရမယ်
မဆန်းဘူးလာဗျာ လူတစ်ယောက်က
ခွေးတစ်ကောင်ရဲ့နောက်ကို ခြေရာခံလိုက်
ရမယ်ဆိုတာ အတော်ရယ်စရာတော့ကောင်း
သား။ မိုးက မနက် ၄ နာရီလောက်ကြ တိတ်
သွားတော့ ကျွန်တော် တိတ်တိတ်လေး ပြတင်း
ပေါက်ကနေ ကြည့်လိုက်တော့ ဒီကောင်ရှိသေး
တယ် ဒါမယ့် ဒီကောင် ထွက်သွားတော့မယ့်
အနေထားမျိုး ဖြစ်နေပြီ ကိုယ်ပေါ်က သဲတွေ
ကို ခါချလိုက်တယ် ပြီးတာနဲ့ လူတစ်ယောက်က
မထွက်သွားခင် ထားသွားရမယ့် ကျန်ရစ်ခဲ့တဲ့
အရာကို ကြည့်နေသလိုမျိုး ဒီကောင်ပုံစံက
ကြည့်ပြီးတာနဲ့ ဒီကောင်ထွက်သွားတာ်
ကျွန်တော်လည်း အိပ်ယာက အလူးလဲထပြီး
နောက်ကနေ လိုက်သွားတယ်ရပ်ကွက်ရဲ့အဆုံး
မြို့ထဲသွားမယ့်လမ်းမကြီးအတိုင်း ဒီကောင်
သွားနေတယ် ခွေးတစ်ကောင်ကလည်း
သူ့နောက်ကို လူတစ်ယောက်က နောက်ယောင်ခံ
လိုက်မယ်ဆိုတာလည်း တွေးမိမှာမဟုတ်တော့
ရှေ့ကိုပဲဆက်သွားနေတယ် ။ ကျွန်တော့်အထင်
နာရီဝက်လောက်ကြာတော့ လမ်းမကြီးကနေ
ပိုက်ဆံရှိသူတွေအများဆုံးနေတဲ့ ရပ်ကွက်တစ်ခု
ထဲ ဒီကောင်ဝင်သွားတယ် ဒီကောင်ညောင်းလား
မညောင်းလားတော့မသိ ကျွန်တော်ကတော့
အတော်ညောင်းနေပြီ ဒါပေမယ့် ရပ်လိုက်လို့
936
အချစ်ဝတ္ထု ရေးတဲ့ရက်တွေ- ၂၂
လူတစ်ယောက်ကြေကွဲနေရတာဟာ
လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတယ်
မျှဝေတာတွေ ထွန်းကားနေသလို
မျှယူတာတွေလည်း ထွန်းကားလာပါစေ။
ရင်ထဲက အရာရာတွေ ထုတ်ပြဖို့ဆိုတာ
လူတစ်ယောက်အတွက် မလွယ်ကူလှပါ။
တစ်နေဝင်မယ် တစ်မိုးချုပ်မယ်
အလင်းရောင်မရှိတော့ရင်လည်း
တစ်ယောက်စိတ်ကို တစ်ယောက်မမြင်ရပြန်ဘူး။
သူ့စိတ်ကို မြင်ရမှ ကြင်နာမယ်ဆို
တစ်သက်လုံး မအောင်မြင်နိုင်တော့ပါ။
ကဗျာဆရာလေးတစ်ယောက်က မေးတယ်။
"ဝေဒနာ အဟောင်းတွေကို ဘယ်လိုမြင်သလဲ အစ်ကို"
"ကားလက်မှတ်ဟောင်းတွေလိုပေါ့ကွာ။စီးခဲ့ဖူးတယ်။ခရီးတစ်ခုခုမှာ...."
#အောင်မှူးဝေ
၂၈၊၆၊၂၀၂၃
936
Repost from ကဗျာလမ်း
ဘုရားကျောင်း
___
အချစ်ရယ်
မင်းဟာ ဘုရားကျောင်းလေးတစ်ခုဆိုရင်
မင်းဆီမှာ
ငါ့အပြစ်တွေကို ဝန်ခံချင်ပါတယ်
ပြီးရင်
သာယာတဲ့မင်းရဲ့ခေါင်းလောင်းမြည်သံလေးကို
ငါစောင့်မယ်
ဘုရားကျောင်းက တစ်နေ့သုံးကြိမ်ထိုးတဲ့ခေါင်းလောင်းလို
နံနက်တစ်ကြိမ် နေ့လယ်ခင်းတစ်ကြိမ်
ညဦးတစ်ကြိမ်
မင့်အမည်ကို ငါသတိရတယ်
အလွမ်းဖြင့် ဝတ်ပြုရန်လာသူတိုင်းအား
အချစ်ဆိုသောဘုရားသခင်က ကောင်းချီးပေးပါစေလို့
မဖတ်ရသေးတဲ့ကျမ်းတို့ရှိရာ
ဘုရားကျောင်းလေးမှာ
ဆုတောင်းလိုက်ပါတယ်
#ပိုင်
936
အန်းဒါးဆင်း မပြောသော ပုံပြင်
ဘဝ ဘဝတွေဆိုတာ
ပျော်ကြရအောင်လို့ ဘယ်သူမှဘယ်သူ့ကို မခေါ် ၊ ပျော်ရဲ့လားလို့ ဘယ်သူမှ မမေး ၊ သူလည်း ပျော်ချင်ရှာမှာပဲလေလို့ ဘယ်သူ့ ဘယ်သူကမှ မတွေး ၊ ပြတင်းပေါက်မှာ ကြည့်ငေးနေရသူတစ်ယောက်ယောက်တော့ အမြဲရှိနေရတယ် ။ ကိုယ့်မှာ လွမ်းဖို့ ဆွေးဖို့ ရှိနေရင် ကိုယ့်ဘာသာ ကိုယ်သာ တစ်ယောက်တည်းဆွေးရတယ် ။ အဲဒီတော့ ကိုယ့်ဘဝလေးနဲ့ ကိုယ်ပျော် ၊ ရွှေပြည်တော်မျှော်တိုင်းဝေးမှာ မပျော်လည်း အများနဲ့ နေပေးရ ၊ သေတော့ တစ်ယောက်တည်း သေရတယ် ။ ဘဝဆိုတာ မင်းသားလေးရဲ့ နေ လ ကမ္ဘာ ကြယ်အကြွေ ရေတွက်မှု တစ်ခုမျှ ။ အဲဒါနဲ့ကျွန်တော့လည်း ပုံပြင်တစ်ပုဒ်ကို ပြောပြဖို့ ဖြစ်လာတယ် ။ နာဂစ်လည်းကြုံ ခြအုံလည်းကြုံခဲ့ တိုင်းပြည်အခက်တွေလည်းဖြတ်ခဲ့ မီးလောင်ရာလည်း ရေနစ် ကျည်လည်းသင့်ခဲ့ ဒါပေမယ့် ဘာမှမဖြစ်တတ်သူဟာ ဘာမှမဖြစ်ခဲ့ ၊ သူများပစ္စည်းလည်းမယူ၊ ကိုယ့်အတွက်မဟုတ်တာကိုလည်းမယူ ၊ ကိုယ်မပေးတဲ့ပစ္စည်းကိုလည်း ဘယ်နည်းနဲ့မှ ဘယ်သူမှ ယူလို့မရ
၊ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့
ဘဝတစ်လျောက်လုံးမှာလည်း ကိုယ်မပေးရင် ဘယ်သူ ဘာမှယူလို့ မရ ၊ ကိုယ် မယူလိုရင် ဘယ်သူဘာမှ လာပေးလို့ မရ ၊ လိုချင်လို့ ရ ရ မရ ရ ၊ ဒီလို ကျခဲ့ ရခဲ့ပြီဖြစ်သော ချစ်သောကဗျာဆိုတာကလည်း နှလုံးအိမ်ထဲ ပြည့်လျှံပြီးမှ ကျလာတဲ့ ရေသူမလေးရဲ့ မျက်ရည်ဆိုတာ ဘယ်တုန်းကမှ အန်ဒါးဆင်း မပြောခဲ့တဲ့ ပုံပြင် ၊ တစ်ခါက ကလေးလေးတစ်ယောက်ရဲ့ကြေကွဲဖြစ်စဥ်ကို ကိုယ့်ဘာသာ ဇာတ်လမ်းစဥ် ထွင်ပြီး နှစ်သစ်ကူး ပုံပြင်အဖြစ် ပြောလိုက်ပေရဲ့ ။ ။
စိုင်းဝင်းမြင့်
၁ဇန်နဝါရီ၂၀၂၁
936
မိုးအနည်းငယ် ရွာနေတယ်
ကျနော် ခေါင်းကိုက်နေတယ်
ဒီအကြောင်းအရာတွေက တစ်စုံတစ်ယောက်ကို လိုအပ်နေကြောင်းသက်သေပြဖို့
လုံလောက်တဲ့ပမာဏ ဟုတ်ရဲ့လား?
သတိရတာလောက်နဲ့ ဖုန်းခေါ်ရင်
နေမကောင်းတာလောက်နဲ့ စာပို့ရင်
သူ လှောင်ရယ်နေမလား?
တကယ်တော့. . .
အသံပြုလိုက်မှ ရောက်လာမယ့်အကြည့်မျိုးတွေ
မလိုချင်ပါဘူး
လဲကျပြမှ ထူလာပေးမယ့် လက်တစ်စုံကိုလည်း အလိုမရှိဘူး
ဒါဟာ တစ်ယောက်တည်း တိတ်ဆိတ်ပစ်လိုက်နိုင်တဲ့ အကြောင်းပြချက်တွေပဲ
ကျနော် ဖက်တွယ်ထားမိတဲ့ တစ်ခုတည်းသော လက်ဖွဲ့ကြိုးလေးပဲ
"မင်းက မာနခဲလေးပဲ" လို့ ပြောလာရင်တော့
"ခင်ဗျားဆီက သင်ခဲ့တာလေ"လို့ပဲ ပြန်ဖြေမယ်
ရင်ထဲညို့တဲ့ မိုးတိမ်တွေကို ဖွက်ထားမယ်
သတိရစိတ်ကို ထုတ်ပိုးသိမ်းဆည်းပြီး အဝေးထွက်သွားမယ်
မိုးတွေစွေတဲ့ ညနေခင်းတွေမှာဆို
သွေးနွေးစေမယ့် တစ်ခုခုကို သောက်ရင်သောက်နေမိမှာပေါ့
ခေါင်းတွေကိုက်ပြီး စိတ်လည်း အနည်းငယ်ထိရှလွယ်ရင် လွယ်နေမှာပေါ့
(ဒါမှမဟုတ်)
ကမ္ဘာတစ်ခြမ်းက တစ်ယောက်ယောက်ကိုလည်း လွမ်းချင်လွမ်းနေမှာပေါ့ လေ . . . ။
-ဖရော်ဆန်
936
မိုင်းနင်းမိပြီး သေတာ။
ဓာတ်ကြိုးတက်နင်းမိပြီး သေတာ။
မိဘက ကျပန်းလုပ်စားနေရလို့
အိမ်ရှေ့ရေမြောင်းထဲ ပြုတ်ကျပြီးသေတာ။
ဆေးမကုနိုင်လို့ သေတာ။
စစ်ဘေးရှောင်ရင်း သေတာ။
ဝန်ပိုစက်လှေမှောက်လို့ သေတာ။
အပ မှီတယ်ဆိုပြီး အရိုက်ခံရလို့ သေတာ။
အမှိုက်ပုံထဲ အပစ်ခံရလို့ သေတာ။
ဦးဦးနဲ့ ခဏလိုက်ခဲ့ဆိုလို့ သေတာ။
အဖေက ညဘက်အခန်းထဲ ဝင်ဝင်လာလို့ သေတာ။
နင့်ကို ဟို့ကောင်ချေး ကျွေးရမယ်ဆိုလို့ သေတာ။
ကျောင်းထဲမရောက်ပဲ ကြမ်းတိုက်ဝတ်ထဲ ရောက်လို့ သေတာ။
အဖေနဲ့ အမေ အမြဲရန်ဖြစ်နေလို့ သေတာ။
ဘယ်နေရာမှ သုံးစားမရဘူးဆိုလို့ သေတာ။
အသေလေး မွေးလာရမှာဆိုလို့ သေတာ။
...သေတာ။
... ... သေတာ။
... ... ... သေတာ။
မဟုတ်ဘူး
အသတ်ခံရတာ။
-မြကျေး
ပြတင်းပေါက်ကကျမအရိပ်
936
ငတက်ပြား
=======
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။
ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။
ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။ ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။
နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။ သတိုးမင်းဖျားက နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။ ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။ ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။
သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။
သူခိုးကြီးငတက်ပြားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် မရှိခဏစေတီတော် ကို တည်ထားကိုးကွယ်ခဲ့သည်။
ပြန်လည်မျှဝေပါသည်။
မေတ္တာဖြင့်...
#ဝင်းသီဟကျော်