en
Feedback
စာဖတ်မယ်

စာဖတ်မယ်

Open in Telegram

စာဖတ်ကြမယ်

Show more
936
Subscribers
+2024 hours
+857 days
+30530 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '24
September '24
+223
in 0 channels
August '24
+769
in 0 channels
Get PRO
July '240
in 0 channels
Get PRO
June '240
in 1 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '24
+28
in 0 channels
Get PRO
February '24
+101
in 0 channels
Get PRO
January '24
+246
in 0 channels
Get PRO
December '23
+98
in 0 channels
Get PRO
November '23
+758
in 0 channels
Date
Subscriber Growth
Mentions
Channels
25 September+6
24 September+4
23 September+6
22 September0
21 September+3
20 September+15
19 September+6
18 September+8
17 September+11
16 September+9
15 September+4
14 September+16
13 September+5
12 September+9
11 September+6
10 September+11
09 September+7
08 September+20
07 September+7
06 September+14
05 September+12
04 September+12
03 September+9
02 September+11
01 September+12
Channel Posts
ဆူးလေလမ်း ရာဇဝင် ------------------------ ဆူးလေလမ်းဟာ အိပ်ရာက နိုးပြီဆို ဗဟိုမီးသတ်ကို နှုတ်ဆက် ' လက်ရွေးစင် ' မှာ လက်ဖက်ရည်တ
ဆူးလေလမ်း ရာဇဝင် ------------------------ ဆူးလေလမ်းဟာ အိပ်ရာက နိုးပြီဆို ဗဟိုမီးသတ်ကို နှုတ်ဆက် ' လက်ရွေးစင် ' မှာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်တယ် ။ ဆူးလေလမ်းဟာ အမောင်းကြမ်းတဲ့ ' ဒတ်ဆန်း ' ကားတွေကို ကျိန်ဆဲနေတတ်တယ် ။ ဆူးလေလမ်းဟာ နိုင်ငံခြား ပစ္စည်းဆန်းတွေကို အငမ်းမရ ငေးကြည့်တတ်တယ် ။ ဆူးလေလမ်းဟာ ဆယ်တန်း ကျောင်းသားတွေနဲ့အတူ ကျူရှင်တက်တယ် ။ ဆူးလေလမ်းဟာ ရေတမာပင်တန်းအောက်က လက်ကိုင်ပဝါ အနွမ်းလေးတစ်ထည် ကောက်ရခဲ့ဖူးတယ် ။ ဆူးလေလမ်းဟာ ' ဗန္ဓုလပန်းခြံ ' ထဲမှာ ဆိုးသွမ်းလူငယ်တွေနှင့်အတူ ဆေးခြောက်ရှူဖူးတယ် ။ ဆူးလေလမ်းဟာ မာကျူရီ အလင်းတန်းအောက်မှာ ခရေပန်းကောက်တဲ့ ကလေးတစ်သိုက် ကားတိုက်ခံရမှာ စိုးရိမ်နေတယ် ။ ဆူးလေလမ်းဟာ ဆူးလေစေတီ ဘုရားပွဲမှာ ' လပ်ကီးဆဲဗင်း ' လည်း ကစားခဲ့ဖူးတယ် ။ ဆူးလေလမ်းဟာ ' ဗန္ဓုလပန်းခြံ ' စက္ကူပန်းရုံနား လမ်းဘေး လက္ခဏဆရာဆီမှာ အနာဂတ်အတွက် လက္ခဏာကြည့်နေပြန်ရော ။ ။ #လှသန်း

2
❝ သူငယ်ချင်း မင်း ဘာစောက်စကားပြောလိုက်တာလဲ သူငယ်ချင်း ❞ ပုံမှန်သောက်နေကျ လက်ဖက်ရည်တွေ အရက်ကို မင်းဖြတ်ပြီး နွားနို့တွေကို မင်းမှန်မှန်သောက်နေတယ်ငါကြားတယ် ဘဝ ထောင့်ကျင်းထဲကနေ လောကမြင်ကွင်းကျယ် မလည်မဝယ် အခုမှ ဘာကို ဝယ်မလို့လဲ သူငယ်ချင်း တစ်နွေလုံး သစ်ရိပ်အောက်မှာနေပြီး တစ်မိုးလုံး စာအုပ်တစ်အုပ်နဲ့ခွေ ဆောင်းညတွေထဲ ကြယ်အပြည့်နဲ့ ကြွေနေပြီး နှစ်လေးဆယ်ပြည့်ပြီးမှ လမ်းပေါ်ဆင်းလာ ရှေ့မှာ သံလမ်းမှာ ရထားအစုန်စုန် အဆန်ဆန် ဖြတ်သွားတုန်းက ဘူတာအိုလေး ဘယ်မှမသွား သံလမ်းတွေကွေ့ကောက် ဘယ်မှမရောက်တော့မှ မင်းဟာဘယ်တွေရောက်လို့ မင်းပျောက်ပျောက်သွားတဲ့ တနင်္ဂနွေ မနက်ခင်းတွေထဲ နေပြောက်ထိုးလာ သစ်ရွက်တွေကြားက နေရောင်ခြည်လျှောကျ လောင်စာအပြည့်တင်ထားတဲ့ လောင်စာဆီ ကားကြီးလည်း ဆိုက်ရောက်လာ အသည်းကွဲသမား ငါလည်းပဲပေါ့ ကျေးငှက်များလည်း အော်မြည်လာ ငါတို့အလုံဘူတာကလည်း ရထားဥဩဆွဲသံနဲ့ အသက်ဝင်လာပေါ့ ငါမမျှော်လင့်ပဲ ရောက်ခဲ့တဲ့ တစ်မနက်မှာမှ မင်းကဘယ်လျှောက်သွားနေ ငါ မင်းအိမ်မေးကြည့်တော့လည်း ငါနဲ့ချိန်းထားတယ်ဆိုပြီး မင်းပြောခဲ့တယ်ဆိုပြီး မင်းလစ်လစ်ပြေးနေ ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း ဘုရားရွှေသွားချဦးမယ်ဆိုပြီး တစ်နေ့လုံးပျောက်လို့ မင်းဘုရားက ဘယ်အထိများလဲကွာ မင်းကို ဖုန်းဆက်တော့လည်း လူကြီးမင်းနဲ့တိုးတိုးနေ အခုတော့ မင်းဘယ်မှာသေလို့ ငါတို့က မင်းအလောင်း ဘယ်လိုက်ကောက်ရအောင် မင်း ဘာစောက်စကားပြောလိုက်တာလဲ သူငယ်ချင်း။ - စိုင်းဝင်းမြင့် - #စိုင်းဝင်းမြင့် #geniusbookhouse
994
3
“မခင်သစ်ပင် ကျွန်တော်တို့ နှစ်ယောက်ကြား ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ် ခင်ဗျာ
“မခင်သစ်ပင် ကျွန်တော်တို့ နှစ်ယောက်ကြား ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ် ခင်ဗျားက ရင်ခုန်သံကို စျေးကြီးကြီးရချင်တယ် မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေဘာတွေလဲ ခေတ်မရှိတော့ အင်ကြင်းပင်ကလည်း ရှာရခက်တယ်” _ဝင်းမြင့်
1 476
4
No text...
1 282
5
အပျို‌လေးများက သံပြိုင်လိုက်အော်လိုက်ကြ၏။ “ဘယ်သူကဆိုလဲ” မကြင်နွဲ့က “ပဂိုးဒါး..စစ်စတား..နဲဗားနဲဗား။ အပျိုတသိုက်က “တူတူရေဝါး” တဟားဟားအော်ရယ်သံများကြောင့် စံဖဲရော မောင်နီပါ ခြေလှမ်းများ အယောင်ယောင်အမှားမှား။ “ဟိတ်ကောင်မတွေ..တိတ်စမ်း” ခပ်ထန်ထန် အသံတစ်သံကြောင့် မကြင်နွဲ့ခေါင်းဆောင်သော အပျိုတသိုက် အသံ တိခနဲ ပိတ်သွား၏။ ခြံဝင်းအတွင်း ဆူညံနေသူများပါ တိတ်ဆိတ်သွားသည်။ စံဖဲက အသံရှင်လာရာ အိမ်လှေကားကို လှမ်းကြည့်လိုက်၏။ မဟာဆန်ဆန်ထုံးထားသော ဆံထုံး၊ ပဒုမ္မာပိတ်အင်္ကျီအနက်ရောင်၊ ထဘီအဝါရောင်ဖြင့် အမျိုးသမီးတစ်ဦး ဆင်းလာသည်။ ချွန်မြမြနှာခေါင်းနှင့် ပါးလှပ်လှပ်နှုတ်ခမ်းလေးများက ဆိုးဆေးကြောင့် ခပ်ရဲရဲ။ သူမက စံဖဲကို ပြုံးပြလိုက်သည့်အခါ ဘယ်ဘက် ပါးပြင်ပေါ်မှ စံပယ်တင်မှဲ့ကလေးက လှုပ်ခတ်သွားသည်။ မောင်နီပင် ထိုအလှတွင် ငေးမောနေ၏။ “မောင်ကြီးစံဖဲ ထင်ပါရဲ့..အိမ်ပေါ်ကို ကြွပါရှင်...ဖေဖေတို့ ကိုကိုတို့လည်း ရှိပါတယ်” စံဖဲမှာ ထိုမိန်းကလေးကို ကြောင်ပြီး ကြည့်နေသည်။ “ကိုစံဖဲ..သွားလေ” မောင်နီက ခါးတို့၏။ “အော်..အေး” မိန်းကလေးက စံဖဲကို ရွှန်းရွှန်းစားစားကြည့်ပြီး လှစ်ခနဲ အိမ်ပေါ် ပြန်ပြေးတက်သွားသည်။ “အဲ့ဒါ..ဘယ်သူတုန်း..မောင်နီ” “ခင်ဗျားရူးနေလား..အဲ့ဒါ မြနုလေ” “ဟမ်” “အဲ့ဒါ သူကြီးဦးရာပိုင်သမီးမြနုလေဗျာ..ခင်ဗျား ဘာဖြစ်နေတာလဲ..ခင်ဗျားပဲ ကြိုက်လှချည်ရဲ့ဆို..အခု အူကြောင်ကြောင်လုပ်နေ..လာပါဗျာ..အိမ်ပေါ်တက်စို့” “မဟုတ်ဘူး..မောင်နီ.မဟုတ်ဘူးဟ” “ဘာကို..မဟုတ်တာလဲ” “ငါ..ငါပြောတာ..သူမဟုတ်ဘူး..သူ့ကို ငါမသိဘူး..ငါပြောတဲ့ မြနုက သူမဟုတ်ဘူးဟ...မှားကုန်ပြီထင်ပါတယ်ကွာ” မောင်နီက ခေါင်းကိုကုတ်ရင်း... “ဟာ...ဟေ့လူ..ခင်ညားကတော့..ပြဿနာရှာပြန်ပြီဗျာ..” ခက်ဇော် အခန်း(၄)သဘက်ခါ Photo ၂၀ ရာစု‌အစောပိုင်းကာလ မြန်မာအမျိုးသမီးငယ်နှစ်ဦး
1 196
6
မောင်နီလည်း စံဖဲထံသို့ ပေါ်မလာ။ ပေါ်လာသူက ကိုသူတော်၏ ရည်းစား မလှပို။ ထင်းရှူးသေတ္တာပုံးခွံပေါ်တွင် ဒိုင်ယာရီစာအုပ်ကိုတင်ပြီး ဖောင်တိန်ဖြင့် စံဖဲက စာရေးနေသည်။ မလှပိုက ကိုသူတော်နှင့် စကားပြောပြီးသည်နှင့် စံဖဲရှိရာသို့ ရောက်လာ၏။ “မောင်စံဖဲ” စံဖဲက လှည့်ကြည့်လိုက်သည်။ မလှပို က ရယ်ပြ၏။ စံဖဲကလည်း ပြန်ရယ်ပြသည်။ “မနေ့က သူကြီးအိမ်မှာ လှည်းသွားငှားရင်း..မမြနု နဲ့ တွေ့ခဲ့တယ်” မလှပို စကားကြောင့် စံဖဲ အူကြောင်ကြောင်ဖြစ်သွား၏။ “လာမယ့် တပေါင်းလမှာ မမြနု အကို ကိုပု ဒုလ္လဘရဟန်းခံအလှူပွဲရှိတယ်..အဲ့ဒါ..ဧည့်ခံဇာတ်ဖြစ်ဖြစ်၊ အငြိမ့်ဖြစ်ဖြစ်ထည့်မှာတဲ့” “ဪ..ဟုတ်ကဲ့” “အဲ့ဒါ...မမြနုက မေးနေတယ်...သာစည်မှာ ဘယ်ဇာတ်ကောင်းလဲတဲ့” “ဗျာ” “ဪ..မမြနု က မောင်စံဖဲကို မေးခိုင်းလိုက်တာ...မောင်စံဖဲက သာစည်မှာ ဘိုကျောင်းတက်နေတာဆိုတော့..အငြိမ့်တွေသဘင်တွေ နှံ့နှံ့စပ်စပ်ရှိမှာပဲလေတဲ့....အဲ့ဒါ” စံဖဲရင်ထဲ ဒိန်းဒလိန်း တပ်ချီလေပြီ။ “ကျုပ် ကို သူက သိလို့လားဗျ” “အင်း...မောင်စံဖဲ မော်တော်ကားကြီးနဲ့လာတဲ့နေ့က လာကြည့်တဲ့လူအုပ်ထဲ သူလည်း ရှိနေတယ်လေ” စံဖဲမှာ ခြေလက်များ အေးစက်လာသည်အထိ။ “အဲ့ဒါ...ဘယ်ဇာတ်များကောင်းလဲလို့ မမြနု က..မောင်စံဖဲကို..” “ဟို..ကျုပ် ရုတ်တရတ်ဆိုတော့ ခေါင်းထဲ က မထွက်လို့ပါ..ဟို..ပြီးတော့..အခုလည်း ကျုပ်က ဒိုင်ယာရီရေးနေတာဆိုတော့လေ...မအားလို့.ဟို..နောက်မှ သေချာစဉ်းစားပြောပေးပါ့မယ်..မလှပိုနော်” စံဖဲက အူလည်လည်ဖြင့် ထင်းရှူသေတ္တာဘေးပြန်ထိုင်ကာ ဖောင်တိန်ကို ကောက်ကိုင်လိုက်၏။ မလှပိုလည်း ဘာဆက်ပြောရမှန်းမသိသဖြင့် ပြန်ထွက်သွားတော့သည်။ ............................................................................................................. တပေါင်းလေ။ ပွဲငတ်နေသော မဲတောသားတို့တွက် သုံးရက်သာလိုတော့သည့် သူကြီး ဦးရာပိုင်၏ ရဟန်းခံရှင်ပြုအလှူပွဲကြီးက မျှော်လင့်ချက်တစ်ခုအလား။ စံဖဲတို့ ခြံဝင်းအတွင်းသို့ မောင်နီ ဝင်လာသည်။ “မောင်နီ..မင်းဘယ်ပျောက်နေတာတုန်းဟ..ကြာကြာလှပြီကော” “ကျုပ်ဦးလေးမြလှိုင် နဲ့ ကပ်ဝိုင်းကို ကူဖို့ မြစ်သားဘက် လိုက်သွားတာဗျ” “နည်းနည်းပါးပါး ငါ့တောင် မပြောသွားဘူးကွာ” မောင်နီ၏ ဦးလေးတော်သူ ကိုမြလှိုင်မှာ ကက်ဝိုင်းဟုခေါ်သော နယ်လှည့်လောင်းကစားဒိုင်လုပ်ကိုင်သူဖြစ်သည်။ “မပြောသွားဆို..ခင်ညားကြောင့်လဲ..ပါတယ်ဗျ..ကျုပ်လိုက်သွားတာ” “ဟေ..ဘာဆိုင်လို့လဲ” “ဆိုင်ပါသကောဗျာ...ခင်ဗျား ဘအိုးစည်တဲမှာလေသရမ်းပြီးကတည်းက ရွာထဲ ဟိုသတင်းက ပျံ့တာကိုဗျ...ခင်ညားနဲ့ ကျုပ်ကလည်း တွဲနေရင်းရှိတော့..ဟိုကောင်ကြီးက ခင်ညားကို မမေးရဲပဲ..ကျုပ်ကို ချည်း ပုလိပ်စစ်သလို ခေါ်ခေါ်စစ်နေတော့တာ” “ဘယ်ကောင်ကြီးတုန်းဟ” “ခင်ညား ဟာမ ရဲ့ အကို ငပုပေါ့ဗျာ...သူ့တပည့်တွေနဲ့ ကျုပ်လာလာခေါ်ခိုင်းပြီးကို‌ မေးတာ” “ဘာတွေမေးတာတုန်း” “ခင်ညားအကြောင်းတွေပေါ့ဗျာ..စုံလို့ပဲ..ခင်ညားက သာစည်မှာ ဘယ်လိုနေတာလဲ..ဘာလဲပေါ့..ကျုပ်လည်း ပိုပိုသာသာလေးပြောပေးလိုက်တယ်...အရေးပိုင်နဲ့တောင် သေနတ်ယှဉ်ပစ်တာလို့..ဟေဟေး” “မင်းက ဒီကောင့်ကို ကြောက်သလား” “ကြောက်တာတော့ မကြောက်ပေါင်ဗျာ...ဒါပေမဲ့...ဒင်းက တန်ခိုးထက်နေတာလေဗျာ..ခင်ညားလည်း သတိထားဦး” “အောင်မယ်..ဘာသတိထားရမှာတုန်း” “ကျုပ် သတင်းကြားပါတယ်..ခင်ညား အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူးဆို" “ဟိတ်ကောင်..ငါ ဒီကောင့်ကို ကြောက်လို့မဟုတ်ဘူးကွ..ဘအိုးစည်လက်ရာ မျက်နှာက အညိုအမဲ မပျောက်သေးလို့ရယ်..ရွာကလူတွေကို ရှက်လို့..မထွက်တာ” “မယုံပေါင် ကိုစံဖဲရာ” “မယုံရင်..အခု သူကြီးအိမ်ကို မင်းနဲ့ ငါ သွားကြမလား..မလှပို က တဆင့် မြနုကိုယ်တိုင် ဒီနေ့ပဲ ငါ့ကို ဖိတ်ထားတာ” “စိန်လိုက်လေဗျာ..ဟိုမှာလည်း အလှူပွဲအလုပ်အကိုင်ဆိုတော့...အပျိုတွေစုံနေတာ..ခင်ဗျားသွားရဲရင်..ကျုပ်လိုက်ရဲတာပေါ့..ကိုစံဖဲရ” “အေး..ဒါဆို ပြီးရော” ................................................................ သူကြီးခြံဝင်းက လူအများဖြင့် ရှုပ်ထွေးဆူညံနေသည်။ ခုနှစ်ရက်ခုနှစ်လီ ကျွေးမွေးမည်ဖြစ်သော အလှူပွဲအတွက် ပြင်ဆင်စရာများကို ပြင်ဆင်နေကြ၏။ စံဖဲက သူ့အစ်ကို ကိုသူတော်အား သာစည်တွင် တက်ဝယ်ခိုင်းထားသည့် ရဟန်းဆောင်း ထီး၊ ဖိနပ်တစ်စုံ၊ ပိုးပဝါတစ်ပိုင်းတို့ကို ကိုင်လျက် ခြံဝင်းအပြင်တွင် တစ်ချက် မတ်တတ်ရပ်လိုက်သည်။ “ဟေ့လူ..ဝင်လေဗျာ..ခင်ညားကလည်း..အဝရောက်မှ” “မောင်နီ..ဒီနားရောက်မှ ငါကြောက်လာပြီကွ” “ဘာလဲ စစ်ပြန်ငပုကိုလား” “‌ဟေ့ကောင်..ယောက်ျားချင်း ဘယ်ကောင်မှမကြောက်ဘူးကွ..ဟို..မြနုကို..” “ကဲ..ဝင်မှာသာ ဝင်စမ်းပါဗျာ” မောင်နီက စံဖဲကို ခြံဝင်းအတွင်းသို့ တွန်းလွှတ်သည်။ သူကြီးခြံဝင်းထဲရှိ မန်းကျည်းပင်ရိပ်တွင် ကြက်သွန်သင်နေကြသော အပျိုခေါင်းမကြင်နွဲ့က စံဖဲကို မြင်သည်နှင့် အပျိုတသိုက်ကို မျက်စပစ်ပြလိုက်၏။ ထို့နောက် မကြင်နွဲ့က မကြည်အောင်၏ ကိုလေအိုး သီချင်းအချီပုဒ်ကို ဆိုလိုက်သည်။ “ဇာခြင်ထောင် မီးလောင်ပေါက်တယ်..အများ...လာချင်ပေါင်..ညည်းမောင်ကြောက်တယ်...သူကဆိုတယ်”
693
7
မောင်နီက တဲအောက်တွင် အမဲခြောက်ဖုတ်နေသော ဘအိုးစည်ကို မျက်စပစ်ပြလိုက်ပြီး အသံခပ်တိုးတိုးဖြင့်။ “ဒီမှာ မပြောနဲ့ဗျ..ကိုစံဖဲ” စံဖဲက မရတော့။ တောအရက်လေးကလည်း နှစ်ခွက်ခန့်ဝင်နေပြီမို့။ “ဘာဖြစ်လဲကွာ..ချစ်လို့ ချစ်တယ်ပြောတာပဲ..မြနုကို ငါတကယ်ချစ်သွားတာ..မောင်နီရာ...ဒါကြောင့်...ငါ ကြည်နူးလွန်ပြီး ဒီလယ်ကွက်ထဲမှာ ငါ့ကိုယ်ငါသဘောတွေကျပြီး...လာရယ်နေတာ..ဟိုအချုပ်ထဲမှာ တွေ့ခဲ့တဲ့ ကိုချစ်ကောင်းမင်းသိတယ်မဟုတ်လား..သူပြောတာဘာ..ငါ့ရဲ့မြ..ဟုတ်လား..ဟေ့ဟေ့..ငါလည်း ငါ့ရဲ့ မြကို ရှာတွေ့သွားပြီကွ...ဟားဟား” မောင်နီက ခေါင်းကို တွင်တွင်ကုတ်သည်။ “ကဲ..ပြန်လိုက်ခဲ့တော့ဗျာ..ရွာထဲ ခင်ညားအမျိုးတွေက ပတ်ရှာနေကြတာ...စိတ်ပူရော့မယ်” “ခဏလေးပါ..မောင်နီရာ..မင်းလည်းတစ်ခွက်သောက်..ရော့..ငါ့ကို မြနုအကြောင်းလေးတွေ ပြောပြစမ်းပါ..ရော့..ချ” “ကိုစံဖဲ..မရစ်ပါနဲ့ဗျာ..ပြန်ကြရအောင်” “ဟေ့ကောင်..ငနီ..တစ်ခွက်ချဆို ချစမ်းကွာ” မောင်နီမလွန်ဆန်နိုင်။ ငယ်ကြောက်မဟုတ်လား။ ခရီးတစ်ခုအဆုံးသည် ခြေတစ်လှမ်းမှ စသကဲ့သို့၊ အရက်တစ်လုံး၏အဆုံးသည်လည်း အရက်တစ်ခွက်မှပင် စသည်မဟုတ်လော။ ဒီတော့...တစ်ခွက်ဝင်သွားသောမောင်နီ နှင့် သုံးလေးခွက်ဝင်သွားသော စံဖဲတို့သည် တဲထောင့်တွင် ထောင်ထားသော ဘအိုးစည်၏ တောအရက်နှစ်ပုလင်းကို မျက်စောင်းထိုးချေသည်ကား မဆန်းရာ။ အမဲခြောက် မီးသင်းနံ့ကလေးကလည်း သင်းပျံ့ပျံ့ရှိလှသကိုး။ .......................................................................................................................... “ကိုစံဖဲ..ကိုစံဖဲ..ကိုစံဖဲ..ထဗျ..ထ..မိုးလင်းနေပြီ” စံဖဲက မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်။ အညာစောင်ထူထူတစ်ထည်က သူ့ကိုယ်ပေါ်မှာ။ နှာခေါင်းထဲတွင် အမဲခြောက်မီးသင်းနံ့။ သူ ထ ထိုင်လိုက်သည်။ တဲရှေ့ မီးဖိုလေးဘေးတွင် မောင်နီက ပုဆိုးခြုံကာ မီးလှုံနေ၏။ “အား..ရေငတ်လိုက်တာကွာ..ခေါင်းကလည်း ကိုက်” စံဖဲ က ထလိုက်စဉ် တောအရက်ပုလင်းလွတ်နှစ်လုံး ကို တိုက်မိပြီး..အသံများမြည်ကုန်သည်။ “ညက များသွားတာပဲ...ဟိုအဘိုးကြီးရော...မောင်နီ” “သွားပြီဗျ..ကျုပ်နိုးကတည်းက ဒင်းကြီး မရှိတော့ဘူး..သွားပြီ..ကိုစံဖဲရေ..သွားပြီ” စံဖဲက မီးပုံဘေးတွင် ဝင်ထိုင်လိုက်သည်။ လယ်ကွင်းထဲတွင် မြူတို့က မကွဲသေး။ နေထွက်စဖြစ်သော်လည်း အအေးဓာတ်က စိမ့်နေဆဲ။ “ဘာကိုသွားတာလဲဟ..သူ့ဟာသူ သွားတာ ဘာဖြစ်တုန်း” “ဘာဖြစ်ရမလဲ..ခင်ညား..ညက ဘာတွေပြောခဲ့သလဲ” “ဟ.ငါဘာပြောလို့လဲ” “သူကြီးရာပိုင်သမီး မြနု အကြောင်းတွေ ခင်ဗျား ဘာပြောခဲ့သလဲ” “အေးလေ..ငါချစ်လို့ ချစ်တယ်ပြောတာ..ဘာဖြစ်တုန်းဟ” “ဟ..ကျုပ်မမူးခင်က သတိပေးပါတယ်..ဒီ အိုးစည်ရှေ့ မပြောပါနဲ့လို့” “ဘာအိုးစည်လဲဟ...မင်းကလဲ” “အဲ့ဒီအဘိုးကြီးနာမည်..အိုးစည်တဲ့...အိုးစည်လိုပဲ နာနာထုပြီးမှ ထွက်တဲ့အသံလိုလူဗျ...ဒီအရပ်ထဲ လူတကာ မကောင်းကွက်ကို ဂုဏ်သတင်းတပ်ပြီး လိုက်ပြောတတ်လွန်းလို့..အိုးစည်လို့တွင်နေတာ” “မင်းပြောတာ..ငါနားမလည်ဘူး” “ခင်ညား မကြားဖူးလား..ညကလည်း ကျုပ်အဖေ ကို ငပေါရွှေဘော်ဘာညာ ရှေ့မှာ ဂုဏ်တပ်ပြီးပြောနေတာလေ... အခုလည်း ဒီအချိန်လောက်ဆို အဲ့ဒီလူကြီးက ရွာထဲလှည့်ပြီး ခင်ညား အကြောင်းပြောနေလောက်ပြီ” “ငါ့အကြောင်းဟုတ်လား...သူက ဘာပြောမှာတုန်း” “ဟ.ဘာပြောရမလဲ.. သူကြီးသမီး မြနုကိုကြိုက်လို့ လယ်ကန်သင်းရိုးမှာ လာအော်နေတဲ့ မယားတရူး စံဖဲ ဆိုပြီး ရွာထဲ လိုက်ပြောတော့မှာပေါ့ဗျ” “ဟာ..အဲ့ဒီလိုချည်းလား” “မနက်နေမထွက်ခင်က ထသွားတာလားမသိဘူး..ခုလောက်ဆို ရွာထဲ ဒီသတင်းက သေချာပေါက်ပြန့်နေပြီ..သူကြီးရာပိုင်တို့တောင် သိလောက်ပြီထင်တယ်..ဒုက္ခပါပဲဗျာ” “ဘာဒုက္ခလဲဟ...မောင်နီရ...သူပြောပေးလို့ မြနု သိသွားရင်..ငါတောင် ပြောရသက်သာသေး” “ဟုတ်တယ်..ခင်ညား အရူးထပြီး လယ်ကွက်ထဲ လာအော်ရယ်နေတာ သိရင်..ဟိုက ပြန်ကြိုက်မလား..တစ်ရွာလုံးက လည်း ဒီကိစ္စသိထားတော့..” ထိုအခါမှ စံဖဲ မျက်နှာတစ်ခုလုံး ထူပူသွားသည်။ “ဟ..အေး..သူ ငါ့ကို စောက်ရူးလို့ ထင်သွားမှာပေါ့” “အေးလဗျာ..အဲ့ဒါ ပြောနေတာ..အဲ့ဒါပြောနေတာ...မနေ့ညနေကလည်း ခင်ဗျား သူကြီးအိမ်ရှေ့ အူကြောင်ကြောင်လုပ်လို့ မကြင်နွဲ့တို့က လောင်လွှတ်သေးတာမဟုတ်လား..အဲ့ဒါကို ဘအိုးစည်ဆီမှ ဆိုက်ဆိုက်မြိုက်မြိုက်ထပ်ရောက်သွားရတယ်လို့” သည်တစ်ကြိမ်တော့...စံဖဲ ခေါင်းကုတ်ရသည့်အလှည့်။ ....................................................................................................................... တစ်ပတ်လုံးလုံး စံဖဲ အိမ်ထဲကမထွက်တော့။ သို့သော် စံဖဲ သူကြီးသမီး မြနုကို ကြိုက်နေသည့် သတင်းကား မဲတောတစ်ရွာလုံးသို့ ပတ်နေချေပြီ။ စံဖဲက သာစည်မှယူလာသော အင်္ဂလိပ်ဘုတ်အုတ်များကို ဖတ်လိုက်၊ သူ၏ ဒိုင်ယာရီထဲ ကဗျာမပီ၊ စာမပီများ ရေးလိုက်ဖြင့် အိမ်တွင်းအောင်းနေသည်။ မိဘများနှင့် စကားပြောလိုက်။ နှမငယ်ဖြစ်သူ မစောရှင်ဖြင့် ဆော့လိုက်လုပ်ရင်း သူ့စိတ်ကိုဖြေဖျောက်နေ၏။ “စံဖဲ..မင်းကတော့ကွာ..ငါပြောနေပါလျက်...တကယ့်မီးခဲမှ တက်ကိုင်တာကိုးကွ” ကိုသူတော်ကတော့ ထို့နှယ့် ခပ်ရွဲ့ရွဲ့ပြောသည်။
494
8
“အေးလေး..ကျုပ်ဖြေတယ်လေဗျာ..စံဖဲပါဆို” “ငါ့နားထဲ စံမှဲ့ ကြားတာဟ..စံမှဲ့ ဆိုတာ သင်္ချိုင်းကုန်းစောင့်မဖဲဝါရဲ့ အစ်ကို တစ်ပွဲစားသရဲကြီးဆိုတာ..မင်းမကြားဖူးဘူးလား..ညသန်းခေါင်ကြီး ငါ့ကွင်းထဲ လာအော်ရယ်နေတာ..စံမှဲ့ဆိုမှတော့..ငါလည်း ပစ်ပြီပေါ့ဟ” စံဖဲ က စိတ်ပျက်လက်ပျက် တဲပေါ်ထိုင်ချလိုက်သည်။ အဘိုးအိုကလည်း ထိုင်သည်။ အဘိုးအို၏ လျော့ရဲနေပြီဖြစ်သည့် ရင်ဘတ်ပေါ်တွင်လည်း စာနီများ၊ အင်းကွက်များ က အပြည့်။ “နေစမ်းပါဦး..မင်းက ဘိုးသိန်းသားနော်...ငါ့ဖြင့် မင်းကို ရွာထဲ တစ်ခါမှ မတွေ့ဖူးပေါင်..ဘိုးသိန်းသားက ဟို အရက်ခိုးချက်ပြီး သောက်တဲ့ကောင်..သူတော် ပဲ ငါသိပါတယ်..ကျန်တာ သမီးတွေချည်းမဟုတ်လား” “ကိုသူ‌တော်အောက်က မစောခင်၊ မစောတင်ပြီးရင် ကျုပ်ပဲဗျ..ကျုပ်အောက် မစောရှင်ကလေးပဲ ရှိတော့တာ” “နို့..မင်းမှ ငါမမြင်ဘူးပဲဟ” “ခင်ဗျားလည်း ကျုပ်မမြင်ဖူးပါဘူး..ကျုပ်က သာစည်မှာ ကျောင်းတက်နေတာ” စံဖဲက ခပ်ဆတ်ဆတ်ပြောရင်း မြေခရားကို ကောက်ကိုင်ကာ ခွက်ထဲ ငှဲ့လိုက်သည်။ ရေနွေးမဟုတ်။ ကြည်လင်နေသည့် အရည်များ။ အနံ့ပြင်းပြင်းကလည်း ထောင်းခနဲ။ “အဲ့ဒါ..အရက်တွေ” “ကျွန်တော် သောက်လို့ရလား” အဘိုးအိုက မေးဆတ်ပြသည်။ စံဖဲ တမော့မော့လိုက်၏။ လည်ချောင်းထဲတွင်ပူခနဲ။ မျက်လုံးတို့ မှိတ်လိုက်မိသည်။ အောက်နှုတ်ခမ်းတွဲတွဲလေး။ ဝင်းဖန့်ဖန့်မျက်နှာလေး။ လက်မောင်းသွယ်လျလျ။ အား။ စံဖဲ မျက်လုံးပင် ပြန်မဖွင့်ချင်တော့။ “အဲ့လောက်လည်း မပြင်းပါဘူးဟ..ခွေးလေးရ...ရော့” အဘိုးအိုက ပဲလှော်ပန်းကန်းကို ထိုးပေးသည်။ “ဘအိုးစည်...ဘအိုးစည်” အော်သံနှင့်အတူ လယ်ကန်သင်းရိုးဖက်ဆီမှ ရေနံဆီမီးအိမ်တစ်ခု က တဲထံသို့ လာနေ၏။ “ဒါတော့ သရဲမဟုတ်ဘူးနော်..ဘရီး..လက်သွားသရမ်းမနေနဲ့ဦး” “အေလိုးလေး..ငါသိတယ်” ဘအိုးစည် က ပုဆိုးကို ပြင်ဝတ်ပြီး တဲအောက်သို့ ဆင်းသွားလိုက်သည်။ “ဟေ့..ဘယ်သူလဲဟေ့” “ကျုပ် ငနီပါ” “ကြက်ခိုးမှုနဲ့ ဂါတ်ရောက်ဖူးတဲ့ ထော့ကျိုး စံလှသား ငနီလား... မျောက်ဝံလိုလို လက်တံရှည်ရှည်နဲ့ ငပေါ ရွှေဘော်သား ငနီလား” ဘအိုးစည်၏ ဖခင်များအပေါ် နောက်ထပ်ဂုဏ်ပြုပုံကြောင့် စံဖဲ နောက်တကြိမ်း ခွီးခနဲဖြစ်သွားရသည်။ မောင်နီက ပြန်မဖြေ။ သူ့သူငယ်ချင်း ငနီ၏ အသံဖြစ်ကြောင်း စံဖဲကတော့ သိလိုက်၏။ တဲအနီးအရောက်တွင် “အော်..ငပေါရွှေဘော်သား..ကျောက်ရူးငနီပဲ” ဟုဆိုကာ ဘအိုးစည်က တဲထဲ ပြန်ဝင်လာထိုင်လိုက်သည်။ “ငါလိုးမအဘိုးကြီး..အဲ့ဒါကြောင့်..ခင်ညားကြီးတဲကို တစ်ရွာလုံးက မလာချင်တာ” မောင်နီက မကျေမနပ်ရေရွတ်လိုက်ရင်း..တဲပေါ်တက်လာသည်။ “ဟေ့..ကိုစံဖဲ..ခင်ညားပျောက်သွားလို့..ခင်ညားအဘရော..ခင်ညားအစ်မ ရော..ခင်ညားအစ်ကိုတွေ..နှမတွေ ရွာထဲ လိုက်ရှာနေကြတာသိရဲ့လားဗျ” စံဖဲက ဘအိုးစည်၏ အရက်တစ်ခွက်ကို ထပ်ငှဲ့သောက်ရင်း ပြုံးနေလိုက်၏။ “ဟေ့လူ..ပြုံးမနေနဲ့...ညနေက ခင်ညား..သူကြီးအိမ်ရှေ့ကလမ်းအတိုင်း ဒီလယ်တွေဘက်ကို ထွက်ပြေးသွားတယ်လို့ အပျိုခေါင်း မကြင်နွဲ့ တို့က ပြောလို့ ကျုပ် ဒီဘက်ကို လိုက်လာတာ..ခု..ခင်ညားက ဒီမှာ ဘာလုပ်နေတာလဲ” ဘအိုးစည်က ပုဆိုးကို ပေါင်ပေါ်အထိ လှန်တင်ရင်း...စံဖဲ ထံမှ ခွက်ကို ဆွဲယူကာ တစ်ခွက်ငှဲ့လိုက်သည်။ “‌ဟေ့..ငနီ..ဒီကောင်က မင်းသူငယ်ချင်းလား” “ဟုတ်တယ်ဗျ” “အေး..ဒီစောက်ရူးက ဟိုး လယ်ကန်သင်းမှောင်ကြီးထဲ တစ်ယောက်တည်း လာအော်ရယ်နေလို့..ငါ လောက်လေးနဲ့ ဆော်ပစ်ထည့်တာ” “ဟ..ခင်ညားကြီးက နည်းနည်းပါးပါး‌မေးမှပေါ့ဗျာ..မတော် မျက်လုံးတွေမှန်ကုန်မှဖြင့်..ဒါ..ဘိုကျောင်းသားဗျ.. သူ့မွေးစားအဖေက သားရေဗိုလ်ကြီးဗျ..စံဖဲ.ဘိုတွေနဲ့ သေနတ်ယှဉ်ပစ်နေတာကို ကျုပ်ကိုယ်တိုင်ကြည့်ခဲ့တာ.....သူ့ကို ဒီနေ့ ဒီရွာကို လာပို့သွားတာလည်း ပုလိပ်ဝန်ထောက်ဘိုပဲ..မော်တာကားကြီးနဲ့လာပို့တာဗျ..ဘာမှတ်..ကျုပ်တို့လူ တစ်ခုခုဖြစ်လို့ကတော့..ခင်ညားကြီးကို ပုလိပ်က လာဖမ်းချုပ်မှာ ” ထိုအခါမှ ဘအိုးစည်မှာ မျက်နှာလေးငယ်သွား၏။ “သူက မှောင်ကြီးမည်းကြီးထဲ လာရယ်နေတော့..ငါလည်း သရဲမှတ်လို့ပါ..မောင်ရာ..ဒီလိုမှန်းသိ ဘယ်လုပ်ပါ့မလဲဟ” အသံကလေးလည်းတိမ်သွား၏။ စံဖဲကို ဇက်ကလေးပုကာကြည့်သည်။ ဘအိုးစည်က ထသွားပြီး..တဲထုတ်တန်းပေါ်မှ တစ်စုံတစ်ခုကို ယူလိုက်သည်။ “မပြန်ကြနဲ့ဦးလေ...ငါသိမ်းထားတဲ့ အမဲခြောက်လေးဖုတ်ပေးမယ်...မောင်နီ.. တူကြီး..မင်းလည်းသောက်ပါလား..ငါ့မှာ အရက်သုံးလုံးရှိသေးတယ်..မောင်စံဖဲ..ငါ့တူ.ဘရီးအိုးစည် တဲရောက်တုန်း ချသွားကြ” ဘအိုးစည်က အမဲခြောက်သုံးချောင်းကို ကိုင်ကာ တဲပေါ်မှလွှားခနဲဆင်း၏။ စက္ကန့်ပိုင်းအတွင်း မီးဖိုပြီး အမဲခြောက်ဖုတ်တော့၏။ “ဟေ့..ကိုစံဖဲ...ပြောစမ်းပါဦးဗျ...ဘယ့်နှယ့်..ခင်ဗျား..လယ်ကွင်းထဲ လာအော်ရယ်နေတယ်ဆို..ဘာဖြစ်လို့လဲ” စံဖဲက သွားကြီးကို ဖြဲလိုက်သည်။ “မောင်နီ” “ပြောလေဗျ” “သူကြီးရာပိုင် သမီးက ဘယ်သူ” “မြနု လေ” “ငါ ညနေက သူကြီးအိမ်မှာ သူ့ကိုတွေ့ခဲ့တယ်” “အင်း” “ငါ..သူ့ကို ကြိုက်တယ်ကွာ...မြင်မြင်ချင်းကို ကြိုက်သွားတာ..အခုရရင် အခုယူချင်လောက်အောင်ကို ကြိုက်တာကွာ” “ဟေ့လူ”
380
9
The Rebels of Anyar 1920s အခန်း(၃) ............................. မြတ်လေးပန်းတို့၏ ရနံ့က ဝင်လက်စ နေရောင်အောက်တွင် လှိုက်ခနဲ။ စံဖဲက သူကြီးဦးရာပိုင်၏ ခြံရှေ့တွင် ရပ်လျက် ချည်တုံချတုံ။ သူကြီးအိမ်ဝင်းအတွင်း ရေတွင်းတွင် ထဘီရင်လျားဖြင့် ‌ရေငင်နေသော မိန်းမပျိုတစ်ဦးကြောင့် ဝင်ရကောင်းနိုး၊ မကောင်းနိုး သူတွေးနေခြင်းပင်။ အသက်(၁၈)နှစ်သာသာပင် ရှိဦးမည့် မိန်းကလေး။အုပ်လုံးသိမ်းပြီးစဆံပင်အုံထူထူကြီးအောက်မှ ဝင်းဖန့်ဖန့်မျက်နှာလေးတစ်ခု။ ညာဘက် ပါးပြင်ပေါ်မှာ စံပယ်တင်မှဲ့ကလေး။ ကျနေထိုးထားသည့် လက်မောင်းအိုးသွယ်လျလျလေးများ။ရေတွင်းစက်သီးကြိုးကို ဆွဲတင်လိုက်တိုင်း..ရင်လျားထားသည့်ထဘီကလေးမှာ တင်းသွားလိုက်..ပြေလျော့သွားလိုက်။ ဘေးတိုက်ကြည့်လျင်ပင် ပေါ်လွင်သိသာနေသည့် အောက်နှုတ်ခမ်းဖူးဖူးတွဲတွဲ‌လေးများကို စံဖဲ ငေးနေမိသည်။ “ကိုဘိုကေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်းကို လျှောက်တယ်..ကိုဘိုကေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်းကိုလျှောက်တယ်” အနောက်ဘက်မှ ဘွားခနဲထွက်ပေါ်လာသော မိန်းကလေးတစ်စု၏ အသံကြောင့် ရေခပ်နေသော မိန်းမပျို မှာ ခြံဝသို့ လှမ်းကြည့်လိုက်သည်။ စည်းရိုးဝ မြတ်လေးပန်းရုံနံဘေးမှ သူ့အား ကြည့်နေသော ဘိုကေနှင့်လူ။ အကြည့်တို့က ခပ်စူးစူး။ စံဖဲ လည်း အယောင်ယောင်အမှားမှားဖြင့် သူ့နောက်ဘက်အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ရေအိုးကိုယ်စီဖြင့် သူ့တည့်တည့်လျှောက်လာနေသော ရွာကာလသမီးတသိုက်။ စံဖဲ ချောင်းနေသည်ကို လူမိသွားသည်မို့ စံဖဲလည်း သူကြီးခြံဝကိုကျော်လျက် ‌ရှေ့သို့ ခပ်သွက်သွက် လျှောက်လိုက်တော့သည်။ “ဟိုက်စကူကျောင်း..ကျောင်းသားရယ်...ကောလိပ်ကျောင်း..ကျောင်းသားရယ်..နေရှင်နယ်ကျောင်းသားရယ်..ဝါးဟား..ဟား..ခစ်ခစ်” စံဖဲက မပြေးရုံတမယ်။ ရွာသူတို့ကလည်း ခေတ်စားနေသည့် ချန်ပီယံမကြည်အောင်၏ ကိုလေအိုး သီချင်းကို သံပြိုင် ဆိုကာဖြင့် တဝါးဝါးတဟားဟား။ ရှက်စိတ်ကြောင့် စံဖဲ ရင်တွေ တဒိန်းဒိန်းခုန်သည်။ လူကလည်း ခြေဦးတည့်ရာခပ်သွက်သွက်သာလျှောက်လာလိုက်၏။ အတော်လေးကြာကြာလျှောက်ပြီးနောက် လယ်ကန်သင်းရိုးများကို တွေ့မှ ရွာပြင်သို့ပင် သူရောက်နေကြောင်း သိလိုက်ရတော့သည်။ ရှေ့မှ လယ်ကွင်းပြင်ကား အမှောင်အတိ။ ဆေးအနက်လောင်းထားသည့် ကင်းဗတ်စ်စတစ်ခုနှယ်။ စံဖဲ ပျော်နေသည်လား။ စိတ်လှုပ်ရှားနေသည်လား သူ့ကိုယ်သူမသိတော့။ လယ်ကန်သင်းတစ်ခုပေါ် ထိုင်ချလိုက်မိသည်။ အောက်နှုတ်ခမ်းတွဲတွဲလေးများ။ ဝင်းဖန့်ဖန့်သူ့မျက်နှာ ။ ပြီးတော့..လက်မောင်းကလေးများ၏ လှုပ်ရှားဟန်။ ပြီးတော့...။ ပြီးတော့။ သူ့ကို အံဩတကြီးကြည့်လိုက်သည့် မျက်လုံးဝိုင်းစက်စက်လေးများ။ “ဟာ..ဟာကွာ...ဟာ..ဟား...ဟား” ဘာရယ်မသိ။ စံဖဲ ရင်ထဲ လှိုက်ခနဲ အူမြူးသွားသဖြင့် ထရယ်လိုက်တော့သည်။ “ဟိတ်..ကန်သင်းပေါ်က.ဘယ်သူလဲကွ.လောက်လေးနဲ့လှမ်းပစ်လိုက်မယ်..ပြောစမ်း” ခပ်လှမ်းလှမ်းလယ်စောင့်တဲပေါ်မှ လှမ်းအော်သည့်အသံ။ စံဖဲ အူမြူးတာလေး ခဏရပ်သွားသည်။ “ဟေ့..မေးနေတယ်လေကွာ..လူလား...လူဆို...ထူးနော်..မဟုတ်ရင်..လောက်လေးနဲ့ ဆော်မှ...ငါ့အဆိုးမဆိုနဲ့” “ကျုပ်ပါ..စံဖဲပါ” “ဟာ..နင်မေလိုး..ထဲ..” တဲထဲမှ ဆဲသံ ထွက်ပေါ်ပြီးနောက် လောက်လေးပစ်သံထွက်ပေါ်လာသည်။ စံဖဲ၏ ဘေးနားမှ လောက်စာလုံးများက ဝှီးခနဲဖြတ်သွား၏။ တစ်လုံးက စံဖဲ၏ နားထင်ကို လာမှန်သည်။ နောက်ထပ်တစ်လုံးက နဖူးတည့်တည့်။ စံဖဲ မြေပြင်တွင် ဝပ်လိုက်ရ၏။ “ဟေ့လူ...ကျုပ်စံဖဲပါဆို...မပစ်ပါနဲ့ဗျ...ကျုပ် ဦးဘိုးသိန်း၊ ရှင်စံမယ်တို့သားပါ” စံဖဲက သူ့ခေါင်းပေါ်မှ အဆက်မပြတ်ဖြတ်သွားနေသည့် လောက်စာလုံးများကြားမှ အော်ပြောသည်။ လောက်စာလုံးများ ရပ်သွားပြီ။ “ခုနပြောတာ..ဘယ်သူ့သား” “ဦးဘိုးသိန်း၊ ရှင်စံမယ်လို့” “ဘယ်ဘိုးသိန်းလဲ...သူ့ခယ်မ မလှသန်းနဲ့ တိတ်တိတ်ပုန်းဖြစ်နေတဲ့ နွားသိုး ဘိုးသိန်းလား... ဘုရားအကျယ်ကြီးအော်ရှိခိုးပြီး ထန်းရည်ဆိုင်တန်းပြေးတဲ့ ဂုဏ်ညှင်းနွယ်သား ခွက်ပုန်းဘိုးသိန်းလား” “ဟ” သူပင် သေချာမသိသည့် သူ့ဖခင်၏ ဂုဏ်ပုဒ်များကြောင့် စံဖဲ ဟ ခနဲပင် ဖြစ်သွားသည်။ “ဂုံညင်းနွယ်သား ဦးဘိုးသိန်းပါ” “ဪ.ဒါဆို.ခွက်ပုန်းဘိုးသိန်းသားပဲ.....လာ..ဒီတဲကို လာခဲ့..လက်မြှောက်လာနော်...မဟုတ်ရင် ပစ်မှာ” လယ်စောင့်တဲဆီမှ မီးတစ်ပွင့်က ဟုတ်ခနဲ လင်းလာ၏။ စံဖဲက လယ်တဲဆီ တဖြည်းဖြည်းကပ်သွားသည်။အရိပ်တစ်ခုက သူ့ကို လေးခွနှင့်ချိန်ထား၏။ အဘိုးအိုတစ်ဦး။ အပေါ်ပိုင်းဗလာနှင့် ပုဆိုးကိုတိုတိုဝတ်ထားသည်။ တဲပေါ်တွင်လည်း ရေနွေးကြမ်းထည့်သည့် မြေခရားနှင့် ပဲလှော်တစ်ပန်းကန်။ “ဟူး...မှန်သွားသေးလား” အဘိုးအိုက သူ့ကို မေးလိုက်သည်။ “မှန်တာပေါ့ဗျ...စောက်ခွက်တွေချည်းမှန်တာ” စံဖဲက လောက်စာလုံးထိထားသည့် သူ့နဖူးကို ပွတ်ရင်းပြောလိုက်သည်။ “မင်းမေလိုး..မင်းကရော ညကြီးသန်းခေါင်...ဒီကန်သင်းဘောင်ပေါ် ဘာလို့ လာအော်ရယ်နေတာတုန်း” “ကျုပ်ကိစ္စ ရှိလို့ ကျုပ်ရယ်တာပေါ့ဗျာ...ဒါဖြင့် ကျုပ်ကို ဘာကြောင့်ပစ်ရလဲ” “ဟ..ငါ့လီး..ဒီအချိန်ကြီး..ကွင်းထဲ လာအော်ရယ်နေတော သရဲထင်တာပေါ့..ငါမေးတယ်လေ..လူလားလို့..”
350
10
“စံဖဲ..ဒီဘို ကဘယ်သူလဲ..ငါ့ ဒီက သူကြီးပါလို့ ပြောပေးပါဦး” “ဒါ ခရိုင်ရဲဝန်ထောက် ဖော်တီဂါ ပဲ..သူကြီး” စံဖဲစကားအဆုံး ဦးရာပိုင်က ယောင်ယမ်းကာ လက်အုပ်ချီလိုက်သည်။ “သူ..သူက ဘာကိစ္စနဲ့ လာတာလဲ” “ဘာမှ မဟုတ်ပါဘူး...ကျွန်တော့်ကို ရွာလိုက်ပို့တာပါ". စံဖဲက ဒေါက်တာဖော်တီဂါဘက်လှည့်လိုက်သည်။ "ဒေါက်တာ..ဒါ ကျုပ်တို့ရွာက သူကြီး..ဦးရာပိုင်ပါ” ဒေါက်တာဖော်တီဂါ က သူကြီးဦးရာပိုင်ကို ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေး၏။ ဦးရာပိုင်က လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်အုပ်ပြန်ချီထားသည်။ ဒေါက်တာဖော်တီဂါက စံဖဲဘက်သို့ လှည့်လိုက်၏။ “ဒီတယောက်ကတော့ ဘလယ်ဒီဖူးလို့ မပြောတာ တော်သေးတယ်ဟေ့” မစ္စတာဖော်တီဂါက ဦးထုပ်ကို တချက် ဝှေ့ယမ်းပြပြီး ကားထဲသို့ ဝင်ကာ မောင်းထွက်သွားတော့သည်။ ............................................................................................................................. ကိုသူတော် က ကိုယ်တိုင်ချက်သော ချက်အရက် တစ်ကျိုက်။ ကြွက်ကြော်တစ်ကိုက်ကိုကိုက်သည်။ ဖယောင်းတိုင်ကို ထွန်းကာ ထင်းရှူးသေတ္တာပုံးပေါ်တွင် စာရေးနေသော ညီဖြစ်သူ စံဖဲကို တစ်ချက်ကြည့်လိုက်၏။ “ငါ့ညီ..မင်းကိုတော့...သူကြီးရာပိုင်က ဖြုံသွားလောက်ပြီကွ” စံဖဲ က ဘာမှ ပြန်မပြော။ “ဘာပဲဖြစ်ဖြစ်..မင်းက ဒီလိုမျိုး ဝန်ထောက်ဘို ကို ပိုင်တယ်ဆိုတော့...ငါတို့ မိသားစုတို့ကိုလည်း ဒီသူကြီး မစော်ကားရဲတော့ဘူးပေါ့” စံဖဲက ဖောင်တိန်ကို ချလိုက်သည်။ “သူကြီးဦးရာပိုင်က ဘာဖြစ်လို့လဲဗျ” “ဦးရာပိုင်က ဘာမှမဖြစ်ပါဘူး...ဖြစ်တာက သူ့သား ငပု ကွ” “ငပု” “အေးလေကွာ.သူကြီးရဲ့သားက...စစ်ပြန် ငပုတဲ့ ..မက်ဆိုပိုတေးမီးယားဆိုလား ဘာလားကနေ စစ်တိုက်ပြန်လာတာတဲ့..သူ့ကို အင်္ဂလိပ်က စာတိုက်ဗိုလ်ရာထူးပေးတာတောင်ဝင်မလုပ်ပဲ ပျဉ်းမနားဘက်မှာ နေနေတာ....ရွာကို ဒီကောင်ပြန်ရောက်တာ နှစ်နှစ်လားရှိသေးကွ..ဘိုစကားလည်းနည်းနည်းတတ်တော့...ခုနောက်ပိုင်း. တို့ သားရေလုပ်အဝယ်လုပ်ငန်းထဲဝင်လာတယ်..သား​ရေအဝယ်တင်မဟုတ်ပါဘူးကွာ.အခုနောက်ပိုင်း ဒီနယ်တစ်ဝိုက်ကလု​ပ်ငန်းမှန်သမျှ..ရှိရှိသမျှ အကုန် လက်ဝါးကြီးအုပ်ဝင်လုပ်နေတာ...တပည့်တပန်းကလည်းတောင့်တယ်ကွ..နောက် သူ့နှမ မြနု ကလည်း သာစည်ဘက်က ဘုံဘေဘားမားသစ်သမားတွေနဲ့ အလုပ်လုပ်သေးတာ” “မြနု...ဟုတ်လား” “အေးလေကွာ....ဟိုလွန်ခဲ့တဲ့လေးငါးနှစ်က မင်း ခဏရွာပြန်လာတော့.. မင်းနဲ့ ဆော့ဖော်ဆော့ဖက်လေ” “ပါးမှာ စံပယ်တင်မှဲ့နဲ့တစ်ယောက်လား” “အေးလကွာ..ခုတော့ လှတယ်..မောင်ရေ..လှသာလှတာ လူကလည်း ကြမ်းလိုက်တာလွန်ရော..မိန်းကလေးတန်မယ့်.ဘုံဘေဘားမား သစ်သမားတွေနဲ့ တွဲပြီး အလုပ်လုပ်နေတယ်ဆိုတော့ စဉ်းစားသာကြည့်” “ဪ..” “မအော်နဲ့..ငါ့ညီ...ဒီရွာမှာ ကြာမှာဆိုတော့..ဒင်းတို့ကိုတော့ ကြည့်ကျက်ရှောင်ဟေ့...ထစ်ခနဲဆို ဒင်းတို့ မောင်နှမပဲ... မနှစ်က ရင်းမရိုးရွာဘုန်းကြီးပျံမှာ မြနု ကို လောင်ကြတဲ့ ရွာလူမိုက်တစ်သိုက်ကို မောင်နှမနှစ်ယောက်နဲ့ သူတို့တပည့်တွေ ဝိုင်းရိုက်လိုက်ကြတာ..သာစည်ဆေးရုံရောက်တဲ့သူ ‌ရောက်ဆိုပဲ” စံဖဲက ပြုံးလိုက်သည်။ ရေးလက်စ ဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်၏။ ထို့နောက် ပုဆိုးကို သေချာပြင်ဝတ်လိုက်သည်။ နံရံတွင် ချိတ်ထားသော မှန်ဝိုင်းလေးထဲ ဘိုကေကို ဘီးဖြင့် သေချာဖီးလိုက်၏။ “ဟေ့ကောင်.ချက်ချင်းကြီး..ဘယ်သွားမလို့လဲ” “သူကြီးအိမ်ဘက်လေ..ဟဲဟဲ” ခက်ဇော် အခန်း(၃) သဘက်ခါ စံဖဲ၏ အကိုဖြစ်သူ ကိုသူတော်၏ ပုံ
310
11
“ဪ..သား...မင်းရဲ့သူငယ်ချင်းနဲ့လည်း ဒယ်ဒီကိုမိတ်ဆက်ပေးပါဦး..ပြီးတော့မနေ့ကသူက ဒီအမှုထဲ ဘယ်ကဘယ်လိုပါလာတာလဲ ရှင်းပြပါဦး” “ဒယ်ဒီ ဒါက မောင်နီ၊ မဲတောရွာကပဲ၊ ကျွန်တော့်သူငယ်ချင်းပါ။ သူက ဟိုတနေ့က ရွှေရင်မျှော်လာဖူးရင်း ကျွန်တော့်ဆီဝင်လာတာ။ သူက ကျွန်တော်သေနတ်ပစ်တာ ကို အရမ်းကြည့်ချင်တာလို့ ပြောတယ်လေ...ဒါနဲ့ နောက်နေ့ ဒေါက်တာနဲ့သေနတ်ပစ်ပြိုင်ကြမယ်ဆိုတော့..သူက ရွာမပြန်သေးပဲ..ဇရပ်မှာ အိပ်ပြီး စောင့်ခဲ့တာ... သားတို့သေနတ်ပစ်နေတုန်း သူ..ခပ်လှမ်းလှမ်းကလာကြည့်နေတာလေ..ဒယ်ဒီ...ပွဲပြီးတော့ ဒေါက်တာကိုခွင့်တောင်းပြီး သူ့ကိုသားက ခေါ်လာတာ..ဟဲဟဲ” ထို့နောက် မောင်နီဘက်သို့ လှည့်ကာပြောလိုက်၏။ “ဟေ့..ငနီ..ဒါ ငါ့ ဒယ်ဒီပဲကွ” မစ္စတာတရေ့က မောင်နီကို လက်ကမ်းပေး၏။ မောင်နီက သွားကို ဖြီးပြီး လက်ပေးရင်း.. “ဘလယ်ဒီဖူး..ဒယ်ဒီ..ဘလယ်ဒီဖူး.ဒယ်ဒီ..” ဘေးနားမှ ဒေါက်တာဖော်တီဂါက တဟားဟားအော်ရယ်လိုက်တော့သည်။ ................................................................................................... မော်တော်ကား။ အရောင်က မဲမဲပြောင်ပြောင် ။ အသံက နွားသိုးကြီးတစ်ကောင်လို တဂီးဂီး။ နွားလှည်းဘီးထက် အတော်‌သေးသော ဘီးများက လှိမ့်ကာ လှိမ့်ကာနှင့် လှည်းလမ်းပေါ် မနည်းမောင်းတက်လာနေ၏။ မဲတောရွာထဲ အဆိုပါ အထူးအဆန်းယာဉ်ကြီး ဝင်လာသည်နှင့် ကလေးတအုပ်မှာ ကြောက်၍ ပြေးပုန်းကြသည်။ ကာလသားတချို့က ဖုန်တထောင်းထောင်းထနေသော ထိုကားနောက်မှ ပြေးလိုက်ကြ၏။ သာစည်တွင်ပင် ရံဖန်ရံခါမှ မြင်ရတတ်သည့် မော်တော်ကားသည် ယခု သူတို့ ရွာကလေးသို့ ရောက်လာချေပြီ။ မော်တော်ကားသည် ဦးဖိုးသန်း တို့၏ ခြံဝင်းလေးရှေ့တွင် ရပ်လိုက်သည်။ အနီးအနားအိမ်များမှ အသက်ကြီးသူအချို့မှာ မော်တော်ကားကို တအံတသြငေးကြည့်နေရာမှ ရုတ်တရတ် သတိဝင်လာကြပြီး မော်တော်ကားရှေ့ မြေပြင်တွင် ကျုံ့ကျုံ့လေး ထိုင်ကာ လက်အုပ်ချီလိုက်ကြ၏။ အင်္ဂလိပ်မျက်နှာဖြူ အရေးပိုင်အရာပိုင် မင်းပိုင်းစိုးပိုင်းများသာ စီးနိုင်သည့် ယာဉ်မဟုတ်လော။ မော်တော်ကား ပတ်ချာလည်မှ ကာလသား၊ ကာလသမီးအုပ်စုကလည်း ထိုင်ရမလို ထရမလို။ ဘကြီးဖိုးသိန်းနှင့် ဒေါ်စံမယ်တို့မှာလည်း သူတို့အိမ်ရှေ့လာရပ်သောကားကို ကြောင်တိကြောင်တောင်ဖြင့် ကြည့်ကာ ရောယောင်ပြီး လက်အုပ်ကလေးချီထား၏။ စံဖဲ၏ အစ်ကိုဖြစ်သူ ကိုသူတော် ကတော့ အိမ်ခေါင်းရင်းတွင် ထန်းလျက်အရက်ချက်နေရင်းမှ အရက်ဖိုအား ပုပ်များဖြင့်အုပ်ကာ ခြေရာလက်ရာဖျောက်ဖျက်နေသည်။ သူ အရက်ခိုးချက်နေသည်ကို ပုလိပ်လာဖမ်းပြီအထင်နှင့်။ ...................................................................................................... ဖုန်မှုန့်တို့ အတော်လေးပင် ငြိမ်သက်သွားချေပြီ။ ကားတံခါးပွင့်လာချေပြီ။ ကားပေါ်မှ လူတစ်ယောက်ဆင်းလာ၏။ အကောင်းစားကုပ်အင်္ကျီနီညိုရောင်နှင့်။ ခေါင်းပေါ်မှာ သျှောင်ငုတ်စိ။ တွန့်ကြေနေသော ချည်ကြမ်းပုဆိုး။ ခြေတံလက်တံရှည်ရှည်နှင့်။ မြေပြင်တွင် သူတို့အား ကုန်းကန်တော့နေကြသော အဘိုးကြီးအဘွားကြီးများ၊ ပတ်ချာလည်ဝိုင်းနေသော ကာလသား၊ ကာလသမီးများကို မြင်သဖြင့် သွားကြီး တချက်ဖြဲကာ ရယ်ပြလိုက်သည်။ “ဟ..ဘယ်သူများလဲလို့...ရှင်လှတူသား...ငနီကြီးဟ..ခွေးမသား..ဘယ်က ထီပေါက်လာလဲမသိ‌ပေါင်” ကာလသားများထဲမှ အသံထွက်လာ၏။ ဆဲသံများလည်း တသောသောညံ့သွား၏။ စံဖဲက သူ့အဝတ်အစားအိတ်ကို လွယ်ကာ ဆင်းလာမှ အားလုံးသဘောပေါက်သွားတော့သည်။ “‌ဪ..စံဖဲ ပြန်လာတာပဲ” “ဟာ..ဘိုကျောင်းသားပြန်လာပြီလား” “ဘိုကေနဲ့ လိုက်သား..ငါ့လူရ..ဘောင်းဘီကြီးဝတ်ထားတော့ ဘိုကြီး ကျလို့ပဲဟေ့” ရွာသားများက စံဖဲနားသို့ တိုးကပ်ကာ အလုအယက်နှုတ်ဆက်ကြ၏။ သျှောင်ပေစူးနှင့် မိန်းကလေးငယ်တစ်ဦးက စံဖဲ ၏ ပေါင်ကို ကုတ်သည်။ “ဟား..မစောရှင်လေး” စံဖဲက ကလေးမကို ကောက်ချီကာ မွှေးကြူလိုက်၏။ ကလေးမ ပါးစပ်ကမူ အု..အု..အအ သာ ပြောနိုင်သည်။ စံဖဲ၏ အောက်မှ နှမအငယ်ဆုံး မစောရှင်ကား မွေးရာပါ ဆွံ့အနေသူပင်။ မော်တော်ကားရွာထဲဝင်လာသည်ဆိုသည်နှင့် မဲတောသူကြီး ဦးရာပိုင်သည်လည်း ပိုးပုဝါကို ခေါင်းပေါင်းလျက်၊ မိတ္ထီလာနယ်ပိုင်ဆုချထားသော ငွေဓါးကြီးကို လွယ်ကာ ရောက်ချလာလေသည်။ “ဪ..စံဖဲရာ..မော်တာကားကြီးနဲ့ လာတာဆိုတော့..ငါ့နှယ့်...မင်းပိုင်းစိုးပိုင်းက အစိုးရကိစ္စနဲ့ လာတယ်မှတ်နေတာကွယ့်” ဦးရာပိုင် စကားမဆုံးခင်ပင် ကားရှေ့ခန်းမှ ဒေါက်တာဖော်တီဂါ ဆင်းလာ၏။ ဦးရာပိုင်မှာ လှုပ်လှုပ်ရှားရှားဖြစ်ပြီး လက်အုပ်ချီလိုက်သည်။ “စံဖဲ....မင်း တို့ အိမ်က ဒီအိမ်လား” “ဟုတ်ပါတယ်..ဒေါက်တာ...” “ငါက ဒီလို ပျဉ်ထောင်အိမ်ကြီးတွေကို သိပ်သဘောကျတာပါကွ” “သဘောကျရင်လည်း အိမ်ထဲဝင်ဗျာ..ဟိုမှာ ကျွန်တော့်မိဘတွေ..မိတ်ဆက်ပေးမယ်” “မဝင်တော့ပါဘူးကွာ..ညနေ ခရစ္စမတ်ပါတီအမှီ..သာစည်ကို ပြန်ရမှာဟ” ဒေါက်တာဖော်တီဂါနှင့် စံဖဲတို့ အင်္ဂလိပ်လို အချီအချပြောနေသည်ကို ရွာသားများက တအံ့တဩနားထောင်နေကြသည်။ တချက်တချက် စံဖဲက အင်္ဂလိပ်ဘာသာဖြင့်ပြောလိုက်လျှင် လက်ခုပ်ထတီးသူက တီးသည်။ သူကြီးဦးရာပိုင်က တစ်ချက်မျက်စောင်းထိုးလိုက်မှသာ ငြိမ်ကျသွား၏။
242
12
ကိုချစ်ကောင်းက အရင်ရက်များမှ ကြံဖန်ထားဟန်တူသော စောင်တစ်ထည်ကို ထုတ်လျက် ခြုံလိုက်၏။ မောင်နီကလည်း ကုတ်အင်္ကျီပေါ်မှ သူ့ပုဆိုးကိုပါ ထပ်ခြုံကာ ကွေးကွေးလေးထိုင်နေသဖြင့် သက်သာသည်။ စံဖဲမှာ ရှပ်အင်္ကျီနှင့် ဘောင်းဘီဖြစ်သောကြောင့် ပိုအေးနေရ၏။ သို့သော် သူတို့အားလုံး ကိုယ့်အတွေးနှင့်ကိုယ်။ .......................................................................................................................... “မောင်မောင်..မောင်မောင်..ထ..ထ” အပြင်ဘက်မှ အသံကြောင့် စံဖဲ လူးလဲထလိုက်သည်။ ဒေါက်တာဖော်တီဂါနှင့် ပုလိပ်အိတ်စပက်တော်တစ်ဦး။ ကင်းစောင့်ပုလိပ်က အချုပ်ခန်းတံခါးကိုဖွင့်နေ၏။ “ထွက်တော့” “မောင်နီ..ရောလား” စံဖဲ၏ အမေးကို ဒေါက်တာဖော်တီဂါက ခေါင်းညိတ်ပြသည်။ မောင်နီက အိပ်မှုန်စုံမွှားနှင့်ထလာပြီး ပုဆိုးဖြင့် မျက်ချေးများ သုတ်လိုက်၏။ အချုပ်ခန်းတံခါးကို ခေါင်းငုံပြီး ထွက်လိုက်ကြသည်။ “မင်းဒယ်ဒီ မင်းကို စောင့်နေတယ်..သွားကြစို့” “ကျွန်တော်တို့ အမှုမဖြစ်ဘူးလား” “မဖြစ်ဘူး...ငါ လမ်းရောက်မှ ရှင်းပြမယ်” စံဖဲရော မောင်နီပါ ပျော်သွားကြ၏။ “စံဖဲ” ကိုချစ်ကောင်းအသံကြောင့် သူတို့ လှည့်ကြည့်လိုက်ကြသည်။ “ဪ..ကိုကြီးချစ်ကောင်း..ကျွန်တော်တို့ သွားလိုက်ဦးမယ်ဗျာ” “အေးပါကွာ...ငါ့ကို ကတိတစ်ခုပေးကွာ..ငါ့ကို ဒီမှာတွေ့ခဲ့တယ်ဆိုတာ...ရွာက ငါ့မိဘတွေကို ပြန်မပြောပါနဲ့..ပြီးတော့ ရွာက လူတွေကိုရော” “စိတ်ချပါ..ကိုကြီးချစ်ကောင်း..အခု ကျွန်တော်တို့ မိဘတွေလည်း ဂုံညှင်းနွယ်မှာ မနေတော့ပါဘူး...မဲတော ကို ပြောင်းနေကြတယ်.. အဲ့ဒီကလူတွေနဲ့လည်း အရမ်းအဆက်အသွယ်မရှိတော့ပါဘူး” “အေးပါကွာ” ဒေါက်တာဖော်တီဂါနှင့်အတူ စံဖဲတို့နှစ်ဦး သာစည်ဂါတ်တဲ အပြင်သို့ ထွက်လာကြသည်။ ဂါတ်တဲအဝင်တွင် ရာဇဝတ်အုပ်ကိုညီမောင်နှင့် တိုး၏။ ကိုညီမောင်က မျက်လုံးကြီးတစ်ဖက် ပိတ်လျက်။ မျက်နှာတွင်လည်း ဖူးယောင်နေသည်။ အထက်အရာရှိဖြစ်သော ဒေါက်တာဖော်တီဂါပါနေသဖြင့် ကိုညီမောင်က သူတို့ကို သတိဆွဲကာ ဆလံပေးသွားရ၏။ မောင်နီက သဘောတကျရယ်သည်။ ‌ဒေါက်တာဖော်တီဂါ၏ မြင်းလှည်းပေါ်သူတို့ တက်လိုက်ကြ၏။ “ဘယ့်နှယ့်လဲ..ဒေါက်တာ ရှင်းပြပါဦး” “ညက မင်းတို့ တော်တော်ဆော်လိုက်ကြတာပဲကွ” “ဟ..ကျွန်တော်တို့ မျက်ခွက်က ဒဏ်ရာတွေကိုလည်းကြည့်ဦးလေ...ဟိုကောင် မောင်နီဆို နံရိုးတွေ အောင့်လို့ ညက ကောင်းကောင်းမအိပ်နိုင်ဘူး” “အေးပါ...ဟိုနှစ်ကောင်ကတော့ ငါ့ဆီလာမကုရဲပဲ ပန်ချာပီဆရာဝန်ဆီ သွားကုကြတယ်..ဘာမှ စိတ်မပူနဲ့..မင်းတို့ ကို အမှုမဖွင့်ဖို့ သူတို့က ကတိပေးထားတယ်” “ဘယ်လိုများ ညှိလိုက်တာလဲ..ဒေါက်တာ” “အခုဖြစ်တာက နှစ်ဖက်ရန်ဖြစ်တာလေကွာ...ပြီးတော့ မင်းတို့က လူငယ်အရပ်သားတွေ၊ သူတို့က ပုလိပ်တွေ၊ သူတို့ဘက်က အမှုဖွင့်ရင်..ငါကလည်း မင်းအဖေ မစ္စတာတရေ့က အမှုပြန်ဖွင့်လိမ့်မယ်လို့ သူတို့ကို ခြိမ်းခြောက်လိုက်တယ်..ပြီးတော့...မနေ့က အဲ့ဒီအချိန်က ညီမောင် ရဲ့ တာဝန်ချိန်ကွ..တာဝန်ချိန်ကြီး ဘားရောက်နေတာရယ်..ရန်ဖြစ်တာရယ်နဲ့ဆို သူမချောင်ဘူး...ဒါကြောင့် ညီမောင်ရော၊ သူ့ဆရာ စမစ် ပါ...ငါပြောတာလက်ခံလိုက်ရတာပဲ..ဟား..ဟား” “ကောင်းပါဗျာ..ဟား..ဟား..ဟား” “ဒါပေမယ့်...တစ်ခုတော့ရှိတယ်...မင်းတို့ကိုရော၊ ငါ့ကိုပါဒီကောင်‌တွေ ဒုက္ခပေးဖို့ ချောင်းနေမှာကွ၊ အထူးသဖြင့် မင်းတို့ကို အမှုတစ်ခုမဟုတ် တစ်ခုဆင်လာလိမ့်မယ်.. အဲ့ဒီတော့ မစ္စတာတရေ့နဲ့ ငါတိုင်ပင်ထားတာ ရှိတယ်... စံဖဲ..မင်းက ခဏလောက်ဖြစ်ဖြစ် ရွာကို ပြန်နေလိုက်....ငါလည်း ဒီကောင်တွေပြဿနာကို ကြည့်ထိန်းထားမယ်..မေ့လောက်သင့်မှ ပြန်လာပေါ့ကွာ” မကြာမီ ဘာဂီက ဖေဘရေးရှပ်စ်ကုမ္ပဏီခြံဝင်းအတွင်းသို့ ရောက်ရှိသွားတော့သည်။ အလုပ်သမားများက ခရစ္စမတ်ညစာစားပွဲအတွက် ကြက်ဆင်အသေများကိုအမွှေးနှုတ်၊ရေနွေးဖျောလျက် ရှိကြ၏။ ခရစ္စမတ်သစ်ပင်အဖြစ် ရှမ်းပြည်မှမှာယူထားသောထင်းရှူးပင်ငယ်လေးအနီးတွင်ကလေးတသိုက်နှင့်အတူ အလုပ်ရှုပ်နေသောမစ္စတာတရေ့စ်ဆီ သူတို့လျှောက်လာကြ၏။ “မယ်ရီခရစ်စ္စမတ်ပါ..ဒယ်ဒီ” မစ္စတာတရေ့က စံဖဲကိုဖက်ထားလိုက်သည်။ “သား...လူဆိုး‌ကောင်လေး...ခရစ္စမတ်နေ့မှာ မင်းမျက်နှာဒဏ်ရာဒဏ်ချက်တွေနဲ့ကွ” “ခရစ်တော်မွေးနေ့ကိုဂုဏ်ပြုလက်ဆောင်ပေါ့..ဒယ်ဒီ” “ဒေါက်တာဖော်တီဂါက ငါတို့အစီအစဉ်အကြောင်း..မင်းကိုလမ်းမှာ ပြောပြပြီးပြီထင်တယ်” “ဟုတ်ကဲ့” “ဒီနေ့ည...ခရစ္စမတ်ပါတီမှာငါသားမရှိတော့ဒယ်ဒီတော့လွမ်းနေတော့မှာပဲ..မင်းမိဘတွေလည်းမင်းကိုလွမ်းနေလိမ့်မယ်ထင်တယ်..ဒီတော့...အိမ်ပေါ်တက်အဝတ်အစားသိမ်းဆည်းပြီး..အခုပဲထွက်ဖို့လုပ်တော့..ဒေါက်တာဖော်တီဂါက မင်းကိုရွာအထိလိုက်ပို့လိမ့်မယ်...မော်တော်ကားလည်း စီစဉ်ထားပြီးသား” “မော်တော်ကားနဲ့..ဟုတ်လား” စံဖဲ ကအူရွှင်သွား၏။ ထို့နောက်မောင်နီဘက်သို့လှည့်ကာ ဗမာစကားဖြင့်ပြောလိုက်သည်။ “ဟေ့ကောင်...ငါတို့ကို ရွာအထိ မော်တော်ကားနဲ့ လိုက်ပို့မှာတဲ့ကွ” “ဟာ..မော်တော်ကား ဆိုတာ ဓာတ်ရှင်ပိတ်ကားထဲက လက်နဲ့လှည့်မောင်းတဲ့ဟာကြီးမို့လား” မောင်နီကပါးစပ်အဟောင်းသားဖြင့် ပြောလိုက်၏။
230
13
ငါက အိမ်ကပို့ပေးတဲ့ငွေရယ် အစိုးရစတိုင်ပင်ရယ်နဲ့ကျောင်းတက်နေရတဲ့ကောင်ကွာ..သူ့ကို ချက်ချင်းတော့ ဘယ်ယူနိုင်ဦးမလဲ....သူကလည်း မောင်နှမနှစ်ယောက် အရင်းပြုပြီး ဒီဇာတ်ပွဲနဲ့ အသက်မွေးဝမ်းကြောင်းနေရတာ .ဒီတော့ ...ငါလည်းဝါသနာပါ၊ သူလည်းရှိတဲ့ ဇာတ်သဘင်ထဲမှာပဲ အခြေချတော့မယ်လို့.ငါဆုံးဖြတ်လိုက်တယ်...ဒီလိုနဲ့...ငါလည်း အိမ်ကိုတောင် အသိပေးမနေတော့ပဲ မမြမေတို့ဇာတ်ထဲကို လိုက်ချသွားတယ်...ကိုယ့်ရည်းစား..ကိုယ့်မင်းသမီးလေး ကနေတဲ့ ဇာတ်လေကွာ...သိပ်ပျော်စရာကောင်းခဲ့တာ” ကိုချစ်ကောင်း၏ ဇာတ်ရှိန်ကလည်း မြင့်လာနေ၏။ စံဖဲတို့မှာ ကိုယ့်အဖြစ်ကို ကိုယ်မေ့ရင်း..ကိုချစ်ကောင်း၏ ဇာတ်လမ်းထဲ မျောနေကြသည်။ “ခင်ဗျားက ဇာတ်ဆရာဖြစ်ခဲ့တာလား” “ဆိုပါတော့...ဇာတ်ဆရာမဟုတ်ပေမယ့်.ဇာတ်ဆရာနီးနီးပါပဲကွာ..ဇာတ်အတွက်.ပြဇာတ်တွေ၊ သီချင်းတွေ အကုန် ငါရေးပေးရတာပေါ့...စိန်ဘိုကေဇာတ်ဆိုတာလည်း အရမ်းနာမည်ကြီးမဟုတ်..ဇာတ်ဆရာစိန်ဘိုကေ က မင်းသားကြီးစိန်ကတုံးရဲ့ တပည့်ဆိုတဲ့ နာမည်နဲ့ ရပ်တည်နေရတာ...ငါမရောက်ခင်က သီချင်းတွေ၊ ပြဇာတ်တွေရေးပေးမယ့်လူရယ်လို့ သီးခြားရှိတာမဟုတ်ဘူး..ဇာတ်ဆရာစိန်ဘိုကေက တခြားမှာ အပ်ရတာ...ခုတော့ စိန်ဘိုကေ က ငါ့အားကိုတာပေါ့ကွာ..သူ့နှမ နဲ့လည်း သဘောတူတယ်ဆိုတဲ့ အရိပ်အယောင်တွေပြပါတယ်” “ဒါဆို ရွှေရင်မျှော်ဘုရားပွဲတုန်းက စိန်ဘိုကေဇာတ်မှာ အစ်ကိုကြီးပါတာပေါ့” မောင်နီက ဝင်မေးလိုက်ခြင်းပင်။ “အေး..ပါတယ်..ဒါပေမဲ့..ငါ့ရွာကလူတွေမြင်မှာစိုးလို့ ငါ ဇာတ်ရုံနောက်ထဲကနေကို လုံးဝမထွက်ပဲနေခဲ့တာ” “ဆက်ပါဦးဗျ..ဒါနဲ့များ ဘယ်လိုများ မီးရှို့လိုက်ရတာလဲ” “ဝမ်းတွင်းမှာ ငါတို့ ပွဲကနေတုန်း..ဇာတ်ဆရာစိန်ဘိုကေက ကတ်ဝိုင်းမှာ ငွေနှစ်သောင်းနီးပါးရှုံးပြီး အကြွေးတင်သွားတယ်..အဲ့ဒါ သူပိုင်သမျှအကုန်ပဲ...ဒီတော့.. ညကြေးတွေ၊ ဆိုင်းကြေးတွေ မရှင်းနိုင်ပဲ ဇာတ်ပစ္စည်းတွေကိုပါ ကြွေးရှင်လက် ထိုးအပ်ရမယ့်ကိန်းဆိုက်တာ မောင်ရေ” ဂါတ်ရှေ့ ကင်းတဲမှ ဆယ့်နှစ်နာရီသံချောင်းခေါက်သံကြားရသည်။ နောက်ထပ် ‌ဗမာလူမျိုးပုလိပ်သားတစ်ယောက်ရောက်လာပြီး အချုပ်ခန်းစောင့် ဂေါ်ရာပုလိပ်နှင့် ကင်းအလဲအလှယ်လုပ်ကြ၏။ သူတို့ စကားဝိုင်းကို ခေတ္တမျှ ရပ်လိုက်ကြသည်။ ကင်းချိန်းလာသည့် ပုလိပ်သားကလည်း ပုဆိုးတစ်ထည်ကို ထုတ်ဖြန့်ခင်းကာ အညာစောင်ထူကြီးကို ခြုံလျက် သေနတ်ကို ပိုက်လျက် ကွေးပြန်လေပြီ။ အညာဆောင်းမဟုတ်လား။ “ဆက်ပါဦး..ကိုကြီးချစ်ကောင်း” “စိန်ဘိုကေ က ငါ့ရဲ့မြ ကို သူ့အကြွေးတွေအတွက် သူဌေးတစ်ယောက်လက်ကို ထိုးအပ်ခဲ့တယ်” “ဟာ” စံဖဲရော၊ မောင်နီပါ ဟာခနဲ ဖြစ်သွားကြ၏။ “ဟုတ်တယ်..ဝမ်းတွင်းက သူဌေးသံဒိုင်တဲ့..စိန်ဘိုကေ က အကြွေးတွေကို ဆပ်ဖို့ သံဒိုင်ဆီကနေ အတိုးနဲ့ ချေးယူရတာပေါ့...သံဒိုင် ဆိုတာ ဝမ်းတွင်းမှာတော့ မသိသူမရှိတဲ့ သူဌေးပဲ...အုပ်ချုပ်ရေးပိုင်းက ဘိုတွေအထိ သူက ပေါက်ရောက်တယ်.ချစ်တီးတွေကိုတောင် သူက လက်ခွဲအဖြစ်ပိုက်ဆံတွေထုတ်ပေးပြီး အတိုးချေးစားတာ...သူက စိန်ဘိုကေကို တစ်လလေးဆယ်တိုးနဲ့ ငွေနှစ်သောင်းချေးတယ်..ငါတို့ဇာတ်ဆိုတာကလည်း ရွာကလေးတွေက ငှားမှ ကရတာမျိုးလေကွာ..တစ်လ တစ်လသူ့အတိုးနဲ့တင် ဇာတ်ကခပ်ယဲ့ယဲ့၊ နောက်တော့ သံဒိုင်က တို့ ဇာတ်ကရာနေရာတိုင်းကို အတိုးလာတောင်းသလိုလိုနဲ့ ရောက်ရောက်လာရင်း...ငါ့ရဲ့ မြကို ပိုးတော့တာပဲ...ဒီလိုနဲ့..ညောင်ဟိုမှာ ဇာတ်ကနေတုန်း...စိန်ဘိုကေက ငါ့ကို ခေါ်ပြောကြတယ်..မြကို သူဌေးသံဒိုင်နဲ့ပေးစားပြီး ဝမ်းတွင်းကို ထည့်လိုက်တော့မယ်...စိန်ဘိုကေကတော့ မင်းသမီးအသစ်တစ်လက်ထပ်တင်မယ်..ငါ့ကိုလည်း ဇာတ်ဆရာရာထူးခန့်ပြီး...ညကြေးတိုးပေးမယ်တဲ့လေ” ကိုချစ်ကောင်းက စကားကို ဆက်မပြော။ မေးကြောများထောင်သည်အထိ အံကို ကြိတ်ကာ ရပ်တန့်နေသည်။ “ခင်ဗျားရဲ့ မင်းသမီးကလည်း လက်ခံတာပဲလား” ကိုချစ်ကောင်းက သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ “ကောလိပ်ကျောင်းသားကွာ...အရေးပိုင်ဝန်ထောက်အထိဖြစ်နိုင်မယ့်ဘဝမျိုးကွာ..အဲ့ဒီဘဝကနေ ငါ သူ့တစ်မျက်နှာနဲ့ ခုန်ချခဲ့တာ..ငါ့ကို မျှော်လင့်ကြတဲ့ ငါ့မိဘ၊ငါ့အသိုင်းအဝိုင်း၊ငါ့ရွာကလူတွေကိုပါ ငါစွန့်ပြီး..သူ့ဆီလိုက်ခဲ့တာပါကွာ...အဲ့ဒါကို သူတို့မို့ လုပ်ရက်တယ်...ငါ သူတို့ကို ကျောခိုင်းပြီး ဇာတ်ထဲက ထွက်လာခဲ့တယ်..လမ်းတစ်ဝက်ရောက်တော့ ငါ့စိတ်ထဲအ‌တော်လေး ခံပြင်းလာတယ်..ဒါနဲ့ သူတို့ဇာတ်ကနေတဲ့ ညောင်ဟိုရွာကို ပြန်သွားတယ်..နေ့လယ်ပိုင်းဆိုတော့ ဇာတ်ရုံထဲမှာ အားလုံး အိပ်နေကြတာ.. ငါလည်း ဇာတ်ရုံရှေ့ မီးတိုင်တွေထွန်းတဲ့နေရာမှာ သုံးတဲ့ ကညင်ဆီ တစ်ပုံးကိုယူပြီး...ဇာတ်ရုံအရှေ့ပိုင်းကို မီးရှို့ပစ်လိုက်တာပဲ” “အကုန်လောင်သွားရောလား” “ဇာတ်ရုံအရှေ့ပိုင်းပဲ လောင်သွားပါတယ်..ရွာကလူတွေ ဝိုင်းငြိမ်းတာနဲ့ မီးက သေသွားတယ်..ငါလည်း..အဖမ်းခံရတာပဲ” ချစ်ကောင်း၏ မျက်နှာတွင် နာကြည်းခံပြင်းခြင်းနှင့်အတူ လွမ်းဆွတ်တသမှု အရိပ်အယောင်များ ဖြတ်ပြေးလာ၏။ “ငါ ရင်နာတာကကွာ..မြ ဟာ မယားငယ်ဖြစ်သွားတာဗျ..အဲ့ဒီသူဌေးရဲ့ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ မယားငယ်ဖြစ်သွားတာ” သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ဆောင်း၏ အအေးဓာတ်ကလည်း တဖြည်းဖြည်းကြမ်းလာ၏။ သူတို့သုံးယောက်လည်း အတော်လေးပင် ချမ်းနေကြပေပြီ။
214
14
The Rebels of Anyar 1920s အခန်း(၂) ............................. ရွစိတက်နေသော ကြမ်းပိုးများ။ အချုပ်ခန်းကြမ်းပြင်ကို ကြည့်ရင်း စံဖဲက နှာခေါင်းရှုံ့လိုက်သည်။ သာစည်ဂါတ်အချုပ်ခန်းသည် ကျယ်ဝန်းလှသည်မဟုတ်။ သို့သော်....အထဲတွင် လူတစ်ယောက်သာရှိနေသဖြင့် စံဖဲနှင့်မောင်နီအတွက်တော့ ချောင်ချိလှပြီ။ စံဖဲ သတိထားမိသည်က အချုပ်ထဲတွင် ရှိနေသော တစ်ဦးတည်းသော ပုဂ္ဂိုလ်။ ထိုသူကား သူတို့ကို ကျောပေးကာ အုတ်သားနံရံကိုကာ ငေးမောနေ၏။ အရက်အမူးက သိပ်ပြေသေးသည့်မဟုတ်။ စံဖဲက အချုပ်ခန်းအကာအရံအဖြစ်သည့် သစ်သားတိုင်လုံးများကို မှီကာ ထိုင်ချလိုက်သည်။ မောင်နီက တော့ ဂါတ်ဘားမှ ပါလာသော ကုတ်အင်္ကျီကို ချွတ်ပြီး ကြမ်းပြင်ကို ဖုန်ခါ၏။ ထို့နောက် ထိုကုတ်အင်္ကျီကို ခေါင်းအုံးကာ လှဲလျောင်းလိုက်သည်။ “ကိုစံဖဲ” “ဟေ” “ခင်ညား..ခုန အင်္ဂလိပ်ကြီးကို ဘာလို့ သွားချတာတုန်း” “ဟေ” စံဖဲ ဟေခနဲ ဖြစ်သွားသည်။ “မင်းက‌ရော..ငါချတာနဲ့ ဘာလို့ ဝင်ချတာလဲ” “ဟ..ခင်ညား..ချမှတော့..ကျုပ် မချလို့ရမလားဗျ..ခင်ညားက ကိုယ့်လူပဲကိုး” စံဖဲက သဘောတကျရယ်လိုက်သည်။ ထိုအချိန်တွင် နံရံကို ကျောပေးထားသော သူက ဆတ်ခနဲလှည့်လာကာ စံဖဲကို တချက်ကြည့်လိုက်၏။ စံဖဲ သတိထားမိသွားသည်။ ထိုသူထံသို့ စံဖဲ ဆတ်ခနဲကောက်ထလိုက်၏။ “ဟေ့..ကိုစံဖဲ...ဒီထဲမှာလည်း ချဦးမလို့လားဗျ” စံဖဲက သူတို့အလျင် အချုပ်ခန်းထဲ တစ်ဦးတည်းရှိနေသော စီနီယာ၏ ပခုံးကို ပုတ်လိုက်သည်။ “ဟေ့လူ..ခင်ဗျား...ခင်ဗျား.ကောလိပ်ကျောင်းသားကိုကြီးချစ်ကောင်း မဟုတ်လား” ထိုသူက စံဖဲဘက်သို့ လှည့်လာသည်။ အသက်သုံးဆယ်ကျော်ခန့်၊ အသားညိုညို၊ မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ ပြုံးယောင်ယောင်နှုတ်ခမ်းဖြင့် ယောက်ျားပီသသော မျက်နှာပိုင်ရှင်။ “မင်း...သူတော့်ညီ မဟုတ်လား” “ဟုတ်တယ်လေ...ကိုကြီးချစ်ကောင်းရဲ့..ကျွန်တော် ကိုသူတော့်ညီ..စံဖဲလေ..စံဖဲ” “အေး..စံဖဲ..စံဖဲ..မင်းက သရေဗိုလ်က မွေးစားလိုက်တယ်ဆိုတဲ့ တစ်ယောက်ပဲ..ငါမှတ်မိပြီ...မင်းတို့က ဘာမှုလဲ” “ဒီဂါတ်တဲက လက်ထောက်ခရိုင်ရဲဝန်နဲ့ ရာဇဝတ်အုပ်ကို ရိုက်မှုလေ” ချစ်ကောင်း မျက်လုံးပြူးသွားသည်။ စံဖဲက ဘာမှမဖြစ်သလိုနှင့် ပြုံး၍ “အေးဗျာ..ခင်ဗျားက‌ရော... ရန်ကုန်က ယုဒဿန်ကောလိပ်မှာတက်နေတာဆို..ဘယ်ကနေ ဘယ်လို ဒီသာစည်ဂါတ်ထဲ ရောက်နေတာလဲ..ဘာမှုနဲ့လဲ” “မီးရှို့မှု” ချစ်ကောင်း က အချုပ်ခန်းကိုကာရံထားသော သစ်သားတိုင်ထူထူကြီးများကို အကြောင်းမဲ့ငေးကြည့်နေလိုက်၏။ “ခင်ဗျားက ဘယ်ကို မီးသွားရှို့တာတုန်း..ယုဒဿာန်ကောလိပ်ကိုလား” “ဘယ်ကသာကွာ....ညောင်ဟိုမှာကနေတဲ့ စိန်ဘိုကေဇာတ်ရုံကို ရှို့လို့” “ဟာ..စိန်ဘိုကေဇာတ်ဆိုတာ..တမြန်နှစ်က ရွှေရင်မျှော်ဘုရားပွဲမှာတောင် လာ က သွားတဲ့ ဇာတ်ပဲ” မောင်နီက အချုပ်ကြမ်းပြင်တွင် ကျောဆန့်နေရာမှ လှမ်းပြောသည်။ ဇာတ်ဆိုသဖြင့် စိတ်ဝင်စားသွားပြီး သူတို့အနီးတွင် လာထိုင်လိုက်၏။ “ရန်ကုန်မှာကျောင်းတက်နေတဲ့ ယုဒဿန်ကောလိပ်ကျောင်းသားက ညောင်ဟို မှာ ကနေတဲ့ ဇာတ်ပွဲကို မီးလာရှို့တယ်..ဘယ်လိုလဲဗျာ “စံဖဲရေ...ငါ ကောလိပ်က ထွက်လာတာ တစ်နှစ်ကျော်ပြီကွ...ငါ ဇာတ်ထဲလိုက်နေတာ” “ဟာ..ဘယ်လိုဖြစ်တာတုန်းဗျာ..ဂုန်ညင်းနွယ်တစ်ရွာလုံး က ကောလိပ်ကျောင်းသားခင်ဗျားတစ်ယောက်ရှိတယ်ဆိုပြီး ဂုဏ်ယူနေကြတာ” “ဒီလိုကွ....ငါ ယုဒဿာန်ကောလိပ်မှာ တက်နေတုန်း ရန်ကုန် ကြည်မြင့်တိုင်ထဲ ဇာတ်ပွဲတွေကို လျှောက်ကြည့်ရင်း..သူနဲ့ ဆုံခဲ့ကြတယ်” “ဘယ်သူတုန်း” “မြလေ မြ..ငါ့ရဲ့ မြ..သူ့နာမည်က မမြမေတဲ့...ငါက မြလို့ သူ့ကိုခေါ်တယ်..သူက ဇာတ်မင်းသားစိန်ဘိုကေရဲ့နှမပေါ့...သိပ်လှတဲ့ ဇာတ်မင်းသမီးလေး‌ကွာ” အချစ်ဇာတ်လမ်းလေးပါလာပြီဖြစ်သဖြင့် လူငယ်နှစ်ယောက်မှာ မျက်လုံးအပြူးသားဖြင့် ချစ်ကောင်းကို ငေးမောနေကြသည်။ “ရန်ကုန်ထဲ.သူတို့ ဇာတ်အဖွဲ့သွားတဲ့နောက်ကို ငါတကောက်ကောက်လိုက်ကြည့်တာပဲ...ဒီလိုနဲ့ သူနဲ့ ငါ..ဟိုဒင်းဖြစ်သွားကြရောကွာ” “ဘာ...ဟိုဒင်းဖြစ်တာလဲဗျ..ကိုကြီးချစ်ကောင်း” စံဖဲ က စပ်ဖြဲဖြဲဖြင့် မေးလိုက်သည်။ “ရည်းစားဖြစ်တာကွာ..ရည်းစား...နောက်ပြီး ငါက ပြဇာတ်တွေ၊ သီချင်းတွေ ဘာတွေရေးတာဆို ဝါသနာက ပါတာကလား....သူကတဆင့် ငါ့ပြဇာတ်လေးတွေ၊ သီချင်းလေးတွေကို သူ့အစ်ကို ဇာတ်ဆရာစိန်ဘိုကေ ကို ပြကြည့်တယ်.. ဇာတ်ဆရာကလည်း ကြိုက်တယ်...သူကတဆင့် ငါဇာတ်ပိုးဝင်တော့တာပဲ” မိုးကလည်းချုပ်ပြီမို့ ခြင်များက အချုပ်ခန်းတွင်း အုံနဲ့ကျင်းနှင့် ဝင်လာကြသည်။ ဂါတ်တဲအတွင်း တစ်လုံးတည်းသောရှိသော ခပ်ဖျော့ဖျော့လျှပ်စစ်မီးသီး သာ လင်းလျက်။ အချုပ်ကင်းကျသော ဂေါ်ရာပုလိပ်သည်ပင် ရိုင်ဖယ်သေနတ်ကို ဖက်လျက်..နံရံကို မှီကာ ငိုက်မြည်းနေပေပြီ။ “ဇာတ်နောက်ကို လျှောက်လိုက်နေတာနဲ့ပဲ...ငါ ကျောင်းပျက်ရက်တွေများလာတယ်..ငါ စာကိုစိတ်မဝင်စားတော့ဘူး...ငါ မြကိုပဲ စိတ်ဝင်စားတယ်.နောက်ဆုံးမရတော့ဘူးကွာ..ရောဂါက သည်းလာပြီ... မြကို ငါ့မျက်ကွယ်တခြားတနယ်မှာ ဇာတ်ကနေတာကို ငါစိတ်မချဘူး..သူ့ဘေးနား ငါအမြဲရှိချင်တယ်..ဒါပေမဲ့..
220
15
No text...
577
16
“ဒါစိတ်ကူးယဉ်တာမဟုတ်ဘူး မိငယ်၊ လူဆိုတာ ဘာကိုမဆို မျှော်လင့်ထားရတယ်၊ မသေခင် ငါဟာ တစ်ခုခုကို လုပ်သွားတယ်ဆိုတာ ဖေဖေသိစေချင်တယ်၊ ငါဟာ ကလေကချေနေခဲ့တာ မဟုတ်ဘူးဆိုတာ ဖေဖေသိရမယ်” “မမက သိပ်စိတ်ကြီးတယ်နော်” ဪ ညီမလေးက ကျွန်မကို နားလည်သားပဲ။ အခုလည်း ညီမလေး ငိုနေပြီ၊ သူ တကယ်ငိုနေပြီ။ ကျွန်မရင်ထဲက အောင့်ပြီး ချောင်းဆိုးရင် သွေးစတွေပါလာတာ သူအချိန်နှောင်းမှ သိရတယ်လေ။ ဟော သူတို့ ကျွန်မအနားကို ရောက်လာပြီ။ ကျွန်မကို ပန်းတွေကြားက မ,ယူနေကြပြီ။ သေတ္တာရှည်ရှည်ထဲ ထည့်နေကြပြီ။ အို ... နေပါဦး။ ကျွန်မရင်ခွင်မှာ ပန်းကလေးတစ်ပွင့် သယ်ဆောင်သွားဖို့ ကျန်နေသေးလို့ပါ။ စောင့်ကြပါဦးနော်။ အချိန်နဲ့ တိတိကျကျ လှုပ်ရှားနေရတဲ့ မြို့ပြအရိပ်အောက်ကလူတွေဟာ ကြာကြာဟန်မဆောင်နိုင်ကြဘူး။ ဒီရုပ်ခန္ဓာကို မီးလောင်ကျွမ်းစေချင်ပြီ။ မြန်မြန်ကိစ္စပြီးစေချင်ပြီ။ သူတို့မှာ လုပ်စရာတွေအများကြီး ရှိသေးတယ်။ ဒီနေရာက ဝတ်ကျေဝတ်ကုန် နှုတ်ဆက်ပြီး အိမ်ပြန်ချင်လှပြီဆိုတာ သိသာလွန်းတယ်။ ကျွန်မရဲ့ရုပ်ခန္ဓာကို သယ်ဆောင်စပြုပြီ။ တရွေ့ရွေ့ သယ်ဆောင်ကြပြီ။ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကုန်ပါပြီ။ ဒီဘက်ကမ်းနဲ့ဟိုဘက်ကမ်းဟာ အနီးလေးပါလား။ ခရီးဟာ ဆုံးပြီ။ ငါးမိနစ်တာ အချိန်ကာလတွင်း လူတွေ ငြိမ်သက်စွာ လမ်းလျှောက်နေကြတယ်။ ရောက်ပြီ။ နောက်ဆုံးအကြိမ်ဖြစ် ကျွန်မရဲ့ ရုပ်အလောင်းကို ဖွင့်ကြည့်နေကျပြီ။ အို... ဖယ်ကြစမ်းပါ။ ခဏလေး ဖယ်ကြစမ်းပါ။ ခဏလေး ဖယ်ကြစမ်းပါ။ ကျွန်မကို တကယ်တန်ဖိုးမထားတဲ့သူတွေ၊ ဟန်ဆောင်လောကဝတ်ပြုနေသူတွေ ဖယ်ကြပါဦးရှင်။ သူလာနေပြီလေ။ မောင် လာနေပြီ။ မောင့်လက်ထဲမှာ နှင်းဆီပန်းလေးတစ်ပွင့်၊ မောင့်ရဲ့ခြေလှမ်းတွေက လေးကန်လှချည့်။ မြန်မြန်လာပါမောင်ရယ်။ မောင့်ကို ဖယ်ပေးလိုက်ကြပါ။ မောင် ကျွန်မအနား တိုးလာတယ်။ ကျွန်မချစ်သော မိတ်ဆွေတစ်စုက မောင့်ကို ကျွန်မ အနားရောက်အောင် တွန်းပို့ပေးလိုက်ကြတယ်။ မောင် ကျွန်မ မျက်နှာလေးကို အနီးကပ် ငုံ့ကြည့်တယ်။ နောက်ဆုံးတော့ မောင်ရောက်လာခဲ့ပြီနော်။ မငိုပါနဲ့‌ မောင်ရယ်။ ကျွန်မရဲ့ ရင်ခွင်ထက်မှာ မောင် တင်ပေးတဲ့ ပန်းလေးတစ်ပွင့်ကို သယ်ဆောင်ပြီး ကျွန်မက ဘဝကူးတံခါးကို ဖြတ်ဖို့ အရှိန်အဟုန်ပြင်းလှတဲ့ မီးတောက်မီးလျှံတွေကြားကို ကျေနပ်စွာ တိုးဝင်ခဲ့ပါတော့တယ်။ ⬛ မိုးမိုး(အင်းလျား) 'သောကြာကြိုက်သောစာစုများ' မှ ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်... ခိုင်နီလာမောင် မှ
541
17
“မသေပါနဲ့ဦး ချစ်ရယ်၊ ချစ်သေသွားရင် မောင်က ပန်းကလေးတစ်ပွင့်က လွဲပြီး ဘာမှ ပေးလိုက်နိုင်မှာ မဟုတ်ဘူး” တဲ့။ ကျွန်မတို့နှစ်ယောက် ခွဲရတာ အကြာကြီးပါပဲ။ ဖေဖေတို့ မမတို့ကတော့ မောင်ဆိုတာ ကျွန်မရဲ့ဘဝထဲက အပြီးတိုင် ပျောက်ကွယ်သွားပြီလို့ ထင်နေကြတာ။ “နင်လုပ်ချင်တာတွေလုပ်နေတာတော့ ဟုတ်ပါရဲ့၊ အိမ်ထောင်လေးဘာလေး ပြုပါတော့လား၊ နင့်အသက်မငယ်တော့ဘူး” တဲ့။ “ငါက ဘယ်သူ့ကိုယူရမှာလဲ ” ဆိုတော့ ... “နင့်ကို ငါ့ရုံးကအရာရှိတယောက်နဲ့ စပ်ပေးမှာပေါ့” တဲ့။ “လင်တစ်ယောက်ကို ရှာဖွေစပ်ဟပ်ပြီးမှ ယူရမယ့်ဘဝမျိုးတော့ ဘယ်တော့မှ မလိုချင်ဘူးဟေ့” ဆိုတော့ ... မမ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ သူ့ကို တိုက်ရိုက်ထိပါးသွားတာကိုး။ “နင်တော်တော် ကြီးကျယ်တယ်” တဲ့။ “အေး လူကသာ ဘာမှမဟုတ်တာလို့ ပြောပါဦးလား” အဲ့သည်နောက် မမနဲ့ တော်တော်ကြာ စကားမပြောဖြစ်ကြဘူး။ ပြပွဲတင်ဖို့ ပန်းချီကားတွေ ရေးနေရတယ်။ ကျွန်မအခန်းထဲကို မမက ဘယ်တော့မှ မလာဘူး။ ပန်းချီကားတွေကြည့်ရတာ ခေါင်းမူးတယ်တဲ့။ ကျွန်မကလည်း မမ အသိုင်းအဝိုင်းက လူတွေနဲ့ တွေ့ရတာ၊ သူတို့ပြောတဲ့စကားတွေ နားထောင်ရတာ ခေါင်းမူးတာပါပဲ။ အအိပ်ပျက် အစားပျက်ဒဏ်နဲ့ ကျွန်မ အိပ်ရာထဲလဲမှ မမလည်း စကားပြောဖော်ရတယ်။ ဒါတောင် ညီမလေးကပြောမှ ကျွန်မနေမကောင်းဘူးဆိုတာ သိတာ။ ဖေဖေကတော့ အမြဲအလုပ်များနေတတ်တာ။ နိုင်ငံခြားတောင် တစ်ခေါက်ထွက်သွားသေးတယ်။ ဖေဖေပြန်လာမှ ဆေးရုံတင်ဖို့ စီစဉ်တယ်။ ကျွန်မ အပြင်းအထန်ငြင်းတယ်။ ကျွန်မအလုပ်က မပြီးသေးဘူးလေ။ နည်းနည်းကျန်သေးတယ်။ အဲဒါ မပြီးဘဲ ကျွန်မ မသေနိုင်ဘူး။ ကျွန်မစိတ်က အလိုလိုသိတယ်။ တချိန်တည်းမှာ မောင်လည်းပဲ အပြင်းအထန်ကြိုးစားနေမှာ၊ ကျွန်မ ဗြုန်းခနဲ ဝမ်းသာရအောင် မောင်က အလုပ်နဲ့ သက်သေပြမှာ။ ကျွန်မတို့နှစ်ယောက် အကြံတူနေပြီဆိုတာ သိတယ်။ မောင်နဲ့ကျွန်မ ဘယ်လောက်ပဲဝေးနေနေ အမြဲတမ်း စိတ်ချင်း အဆက်အသွယ်ရှိတယ်။ မောင်နဲ့ ကျွန်မ အလွန်ခမ်းနားဆန်းကြယ်တဲ့ အနုပညာပြခန်းလေးမှာ ပြန်ဆုံကြမှာလေ။ အဲဒီအချိန်မှာ လူတွေက ကျွန်မတို့နှစ်ယောက်ကို အလွန်အံ့ဩဝမ်းမြောက်စွာနဲ့ ချီးမွမ်း ဂုဏ်ပြုကြလိမ့်မယ်။ ကျွန်မတို့နှစ်ယောက်က ပီတိအပြုံးတွေနဲ့အတူ ကြည်နူးနှစ်သိမ့်နေကြမယ်။ ဒါပေမယ် ကျွန်မ နောက်ဆုံးအင်အားတစ်ရပ်ကို အစွမ်းကုန် သုံးပြီးလိုက်တဲ့အချိန်မှာ နေရာမှာ ပုံကျသွားတော့တာပဲ။ ဒီအချိန်မှာမှ ဆေးရုံကိုပို့ချင်ပို့တော့ ဆိုတော့ ဖေဖေက ဒေါသတကြီး အော်တော့တာပဲ၊ မိုက်လိုက်တဲ့သမီး၊ ခေါင်းမာလွန်းတဲ့သမီးတဲ့။ ဟော အခုတော့လည်း ဖေဖေက သောကမျက်နှာကို အပြုံးနဲ့ဖုံးပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံနေတယ်။ အားလုံးက ပန်းတွေကြားက ကျွန်မကို တစေ့တစောင်း လာကြည့်ကြတယ်။ ဖေဖေ့မှာ ကျွန်မလို သမီးတစ်ယောက်ရှိတယ်ဆိုတာ အခုမှ သိကြတာ။ သူတို့သိတာ အရာရှိမမရယ်၊ ဆေးကျောင်းသူ ညီမလေးရယ်။ ကျွန်မ ဘာလုပ်သလဲဆိုတဲ့ မေးခွန်းကိုတောင် သူတို့ မမေးကြဘူး။ ယဉ်ကျေးမှုအရထင်ပါရဲ့။ ဖေဖေတို့ မမတို့ကလည်း ကျွန်မဘာလုပ်တယ် ဆိုတာ မပြောကြဘူး။ ဧည့်သည်တွေကို လူစုံအောင် ပြန်နှုတ်ဆက်ရ၊ တခြားစကားတွေ ပြောရတာနဲ့တင် မအားရတော့ဘူးလေ။ ဪ... ပန်းခွေတွေကိုလည်း နာမည်တစ်ခုပေါ်တစ်ခု မထပ်ရအောင် အားလုံး မြင်သာအောင် စီစဉ် နေရာချနေရသေးတာ။ လူတွေများလာပြီ။ အချိန်ကလည်း သိပ်နီးနေပြီ။ တချို့ကဆို နာရီကိုတောင် မသိမသာခိုးကြည့်နေပြီ။ ဒါပေမယ့် ကျွန်မအမျှော်လင့်ဆုံးအရာက ရောက်မလာသေးပါလား။ ကျွန်မနဲ့ပတ်သက်တဲ့လူနည်းစုလေးက တစ်နေရာမှာ စုဝေးပြီး ငြိမ်သက်စွာ ထိုင်နေကြတယ်။ လူတွေအများကြီးထဲမှာ ကျွန်မချစ်တဲ့လူစုက နည်းနည်းလေးပဲ။ အဲ့ဒီနည်းနည်းလေးကပဲ ကျွန်မအပေါ်ထားရှိတဲ့ မေတ္တာစေတနာ အပြည့်ရှိတယ်လို့ ထင်တယ်။ သူတို့သာလျှင် ကျွန်မလောကကြီးထဲက ထွက်သွားတာကို နှမျောတသကြသူတွေ။ ကျန်လူတွေကတော့ လောကကြီးမှာ ကျွန်မ ရှိခြင်း မရှိခြင်းအတွက် ဘာမျှအကြောင်းမထူးပါဘူး။ အဲ့ဒီလူနည်းစုထဲကမှ တစ်ယောက်သောသူကို ကျွန်မ အမျှော်လင့် အတောင့်တဆုံး။ ဒါကိုတော့ သူတို့နားလည်ခွင့်လွှတ်ကြမှာပါ။ ကျွန်မဆန္ဒကိုလည်း ပြည့်ဝစေချင်ကြမှာပါလေ။ အချိန်က တဖြည်းဖြည်းနီးကပ်လာပြီ။ ကျွန်မရဲ့ ရုပ်ခန္ဓာဟာ မကြာခင် လောင်ကျွမ်းပျက်စီးတော့မယ်။ ကျွန်မရဲ့ ဝိညာဉ်ဟာလည်း လွင့်ပါးထွက်ခွာရတော့မယ်။ နောက်ထပ်မှီခိုရာ ရှာဖွေရမယ်။ သံသရာက မလွတ်သရွေ့ ဘဝအဆက်ဆက် ကျင်လည်ရမယ်။ အဲဒီလို နောက်ဘဝလေးတစ်ခု မကူးခင် ကျွန်မရဲ့ ဆန္ဒလေးတစ်ခုတော့ ပြည့်သွားချင်ပါသေးတယ်။ ကျွန်မရဲ့ဆန္ဒတွေ ဆုံးရှုံးတော့မှာလား။ မမရဲ့နောက်ဆုံးငိုရှိုက်သံကိုတောင် ကြားနေရပြီ။ သူ့အသိုင်းဝိုင်းအပေါင်းသင်းတွေက ဖေးမနှစ်သိမ့်နေလေရဲ့။ ရယ်စရာပါပဲ။ ဖေဖေက ကျွန်မ မျက်နှာကို နောက်ဆုံး ကြည့်တယ်။ တကယ် သောကရောက်နေပုံပဲ။ ဖေဖေ့သောကကတော့ သမီးတစ်ယောက်ဟာ သူလိုရာပုံစံမဝင်ဘဲ လူလောကက ထွက်ခွာသွားပြီရယ်လို့ ကရုဏာဒေါသောယှဉ်နေတဲ့ပုံပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မဘဝကို ကျွန်မကျေနပ်တယ်။ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ။ ဒါတွေကို အကောင်ထည်ဖော်ဖို့ တစ်ယောက်ယောက်ကိုတော့ တာဝန်ပေးခဲ့ချင်တယ်။ မောင်ပဲဖြစ်လေမလား။ ညီမလေးကိုတော့ မှာခဲ့ပါတယ်။ “ငါသေသွားရင် ငါ့ပန်းချီကားတွေ ပြပွဲတင်နော်” “မမကလဲ သိပ်စိတ်ကူးယဉ်တာပဲ”
424
18
လောင်ကျွမ်းနိုင်ပါ့မလား။ကျွန်မရဲ့ ဝိညာဉ်ဟာ ကျွန်မရဲ့သက်မဲ့ရုပ်ခန္ဓာအပါးမှာ ရစ်ဝဲနေတာ အဲ့ဒီပန်းလေးတစ်ပွင့်ကို စောင့်စားဖို့ပါ။ ပထမဆုံး ဖေဖေရဲ့ လုပ်ဖော်ကိုင်ဖက် လူကြီးတစ်ဦးရောက်လာတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်ပုံက ဘယ်လောက်ပဲရိုးရှင်းပါစေ၊ သူ့အသွင်ပြင် အမူအရာတွေ ... သူစီးလာတဲ့ကားရဲ့ အဆင့်အတန်းတွေကြောင့် သူ ဘယ်လိုလူဆိုတာ သိနိုင်လောက်ပါတယ်။ အဲဒီလိုလူမျိုးတွေရဲ့ အမူအရာကိုက ဘယ်နေရာဘယ်ဒေသမှာဖြစ်ဖြစ် သူတို့ကိုယ်သူတို့ တွင်ကျယ်ဝင်ဆံ့တဲ့ပုံမျိုး ရယူထားတတ်သူတွေလေ။ ဖေဖေတို့လို ပုံစံမျိုးပါပဲ။ ဘယ်လောက်များ အရှိန်အဝါယူထားသလဲဆိုရင် သာမန်ယုံကြည်ကိုးစားမှုမရှိတဲ့သူတစ်ယောက်သာဆိုရင် ဖေဖေ့ရှေ့မှာ အလွန်သေးငယ် ကျုံ့ဝင်သွားနိုင်လောက်တယ်။ "ချစ်ရဲ့ဖေဖေရှေ့မှာ ထိုင်နေရတာ မောင့်ခန္ဓာကိုယ်လေးဟာ သေးသေးလေး ဖြစ်သွားသလိုပဲ" တဲ့။ မောင်က ပြောဖူးတယ်။ မောင်ဟာ ကျွန်မတို့မိသားစုကမ္ဘာထဲကို ဝင်ရောက်ဖို့ထားဦး။ မိသားစုနေတဲ့အိမ်ကို ပဏာမ ဝင်ရောက်နိုင်ဖို့ကိုပဲ အတော်သတ္တိမွေးရတယ်တဲ့။ "ချစ်ကိုယ်တိုင်က အိမ်မှာ တသီးတခြားပါမောင်ရယ်၊ ချစ်နဲ့ပတ်သက်တဲ့သူတွေကိုလည်း သူတို့က သိပ်မျှော်လင့်ထားပုံ မရပါဘူး" လို့ မောင့်ကို အားပေးရတယ်။ ဟုတ်တယ်လေ။ ရုပ်ဆင်းသဏ္ဌာန်ရော၊ ပညာအရည်ချင်းရော မိသားစုထဲမှာ ကျွန်မ အနိမ့်ဆုံးပဲ။ ကျွန်မဟာ ရည်မှန်းချက် နည်းပါးသူ၊ ကြိုးစားမှုမရှိသူရယ်လို့ သူတို့က သတ်မှတ်ထားတာကိုး။ မမလိုလည်း အရာရှိမကြီးဖြစ်မလာဘူး။ ညီမလေးလိုလည်း ဆေးတက္ကသိုလ် ကျောင်းသူ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မဆီမှာ သူတို့မှာမရှိတဲ့ အရည်အသွေးတွေရှိနေတာ သူတို့က အသိမှတ်မပြုဘူး။ အသိမှတ်ပြုဖို့လည်း နားမလည်ကြဘူး။ ကျွန်မက သူတို့ထက်ပိုပြီးလောက အလှကို ရှာဖွေတတ်ခဲ့တာ၊ လူ့လောကထဲမှာ ဖြစ်ပျက်နေတာတွေကို ကျွန်မ တတ်စွမ်းတဲ့ အနုပညာနဲ့ သရုပ်ဖော်နိုင်ဖို့ ကြိုးစားခဲ့တာ။ ဒါကြောင့်လဲ ကျွန်မရဲ့ ပန်းချီကားတွေဟာ တက်ကြွတဲ့ လူငယ်ပန်းချီဆရာတွေကြားမှာ ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့တာ။ ဒါတွေကိုတော့ ဖေဖေက လုံးဝမခံစားတတ်။ အထင်လည်းမကြီးဘူးလေ။ ငယ်စဉ်ကတည်းက ကျွန်မရဲ့အခန်းထဲမှာ ကျွန်မရဲ့ခံစားချက်ကလေးတွေကို ရေးဆွဲချိတ်ထားတတ်တာ။ မမက ဘာတွေမှန်းလည်းမသိဘူး၊ အရူးလိုပဲတဲ့။ ပန်းချီကားဆိုရင်လည်း ပန်းပွင့်လေးတွေ စမ်းချောင်းလေးတွေလောက်သာ မြင်ဖူးတာ။ ကျွန်မရဲ့ ‘ငြိမ်းချမ်းရေး’ ဆိုတဲ့ ပန်းချီကားကို မမက ဘာကြီးမှန်းလဲမသိဘူးတဲ့။ ဖေဖေကလည်း ကျွန်မကို ညီမလေးလို ဆရာဝန်ဖြစ်စေချင်တာ၊ ဒါမှမဟုတ်လည်း အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်နဲ့ လက်ထပ်စေချင်တာ။ ကျွန်မလုပ်နေတာတွေကို နားမလည်ဘူးတဲ့။ ဘွဲ့တစ်ခုရအောင် ခြောက်နှစ်လောက် ပညာသင်နေရတဲ့ ကျွန်မကိုလည်း စိတ်မရှည်ဘူးတဲ့။ ကျွန်မကတော့ ကျွန်မအနုပညာကမ္ဘာထဲမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားရတာကို သိပ်ပျော်မွေ့တယ်။ သိပ်ကြည်နူးတယ်။ ကျွန်မနဲ့မောင်ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်နားလည်ကြတယ်။ သိပ်စိတ်ရှည်ကြတယ်။ ကျွန်မတို့နှစ်ယောက်လုံးက အနုပညာဆန်တဲ့အိမ်ကလေး တစ်လုံးထဲမှာ အတူနေဖို့ ဆုံးဖြတ်ထားကြတယ်။ ကျွန်မတို့ဘဝထဲမှာ အနုပညာမြောက်တဲ့ ပန်းချီကားချပ်ကလေးတွေရှိရင် ပြည့်စုံပြီလေ။ ဒါပေမယ့် ဖေဖေက ပြောတယ်။ "သမီးရယ် စိတ်ကူးမယဉ်နဲ့"တဲ့။ "ဒီသူငယ်လိုပုံစံမျိုးနဲ့ သမီးဘဝ ဘယ်တော့မှ ပြည့်စုံလာမှာမဟုတ်ဘူး"တဲ့။ "သမီးမေမေ မရှိတည်းက ဖေဖေက သမီး သုံးယောက်စလုံးကို အထက်တန်းရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာ ဒီလို ကလေကချေဘဝမှာ ပျော်ပိုက်ဖို့ မဟုတ်ဘူး"တဲ့လေ။ အနုပညာဘဝကို အထင်မကြီးတတ်တဲ့ဖေဖေတို့က အိမ်ဦးခန်းမှာ ‌မြန်မာမှု မြန်မာ့ဟန် ပန်းချီကားတွေ၊ စောင်းကောက်ကြီးတွေ၊ ရှေးဟောင်းပန်းပုရုပ်တွေ စာအုပ်စင်ကြီးတွေကိုတော့ တခမ်းတနား ထားတတ်သားပဲနော်။ ဒါတွေဟာ ဖေဖေတို့ ဂုဏ်သိက္ခာမြင့်မားအောင်၊ လူတွေ အထင်ကြီးလေးစားအောင် သည်ပညာရှင်ကြီးတွေရဲ့ လက်ရာနဲ့ အကာအကွယ်ယူထားရတယ်ဆိုတာ ထင်ရှားမနေဘူးလားဟင်။ အစပထမမှာတော့ ကိုယ့်ကိုကိုယ် စွန့်လွှတ်ခြင်း အနစ်နာခံခြင်းတွေ မြှုပ်နှံကြိုးစားရခြင်းတွေနဲ့ ရင်းခဲ့ရတယ်ဆိုတာ ဖေဖေနားလည်ဖို့ကောင်းပါတယ်။ ဒီလိုကြိုးစားနေရဆဲ ကာလကို ဖေဖေက ကလေကချေဘဝလို့ သတ်မှတ်လေသလား။ အနာဂတ်အတွက် အားပေးအားမြှောက် မပြုသင့်ပေဘူးလား ဖေဖေရယ်။ အခုတော့လည်း ကျွန်မရဲ့ ရုပ်ကလာပ်ရှေ့မှာ ကျွန်မရဲ့ ပုံတူပန်းချီကားတစ်ချပ်ကို တင်ထားဖို့ သူတို့ သတိရသေးသားပဲနော်။ ဒီပန်းချီကားကို မမက ယူလာတာ သိပ်အံ့ဩဖို့ကောင်းတယ်။ ဒီလိုနေရာမျိုးမှာ လူပုံအလယ်မှာ ဒါကို ဂုဏ်ယူစရာလို့ သိနေသေးတဲ့ သူတို့ကိုပဲ ကျေးဇူးတင်ရသေးတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကစဉ်းစားကြည့်ရင် ကျွန်မရဲ့ အချစ်သင်ကေတလေးကို သူတို့ရဲ့ ဂုဏ်ပကာသနအတွက် အသုံးချခံရလို့ စိတ်နာစရာတောင်ကောင်းသေးတယ်။ ပြီးတော့ ဒါဟာ မောင့်လက်ဆောင်၊ တစ်ခုတည်းသော အမှတ်တရပစ္စည်းလေးလေ။ “မောင်အချိန်မဖြုန်းနိုင်တော့ဘူး၊ ချစ်ရဲ့အသိုင်းအဝိုင်းက အသိအမှတ်ပြုတဲ့နေ့ရောက်အောင် မောင်ကြိုးစားမယ်၊ မောင့်ဇာတိမြေကိုပြန်ပြီး မောင်အလုပ်လုပ်မယ်၊ ပြည့်ပြည့်စုံစုံဖြစ်မှ ပြန်လာမယ် ချစ်” “ ချစ်ရင်ထဲက အမြဲအောင့်နေတာ အဆုတ်ရောဂါလို့ ထင်ပါရဲ့၊ ချစ် သေသွားရင်တောင် မောင့်မျက်နှာကို မြင်လိုက်ရပါ့မလား”
217
19
မျှော်လင့်ခြင်းနှင့်အတူ - မိုးမိုး(အင်းလျား) 🍂🍂🍂🍂🍂 အလွန်အေးစက်မွန်းကြပ်နေတဲ့ အခန်းထဲကနေ ကျွန်မကို ထုတ်ယူခေါ်ဆောင်လာကြတယ်။ ဒီအခန်းထဲမှာ တစ်ညလုံး အိပ်စက်နေခဲ့ရတဲ့ ကျွန်မဟာ အခုမှပဲ ပြင်ပကမ္ဘာရဲ့ အလင်းရောင်ကို ထိတွေ့ခံစားရတော့တယ်။ လူတွေရဲ့အရိပ်အရောင်ကို မြင်တွေ့ရတော့တယ်။ လူတွေရဲ့ အသံနဲ့ လှုပ်ရှားမှုကို သိမှတ်ရတော့တယ်။ သီးခြားကမ္ဘာထဲမှာ ဘဝရဲ့နောက်ဆုံးနေ့ရက်တွေကို ကုန်လွန်စေခဲ့ရတဲ့ ကာလတွေဟာ ရှည်လျားလှပါတယ်။ အဖော်တွေရှိပေမယ့် အဲ့ဒီအဖော်တွေဟာ ကျွန်မဘဝတစ်လျှောက်လုံး ပေါင်းသင်းဆက်ဆံခဲ့တဲ့ အဖော်တွေလိုပဲ ကျွန်မနဲ့ ကင်းလွတ် ဝေးကွာနေတဲ့ သူတွေသာဖြစ်တယ်။ ဝိညာဉ်ကမ္ဘာမှာတောင် ကျွန်မဟာ တစ်ပါးသူနဲ့ ရောယှက်မရပါလားရယ်လို့ သိမှတ်ရပြန်တော့တယ်။ ကျွန်မဟာ အလှအပကို ကြိုက်နှစ်သက်တတ်သူဆိုတာကိုတော့ သူတို့ မမေ့ကြသေးဘူး။ အထူးသဖြင့် ကျွန်မအလိုကို အမြဲဆန့်ကျင်ခဲ့တဲ့ ဖေဖေက မမေ့ဘူး။ ဖေဖေက "သူ့ကို လှလှပပ ပြင်ပေးလိုက်ကြပါ"လို့ ပြောနေတယ် ထင်ရဲ့။ကျွန်မက အလွန်ခေါင်းမာသူ၊ အစွဲလမ်းကြီးသူဆိုတာကိုလည်း ကျွန်မရဲ့ မမက မမေ့ဘူး။ ကျွန်မသုံးတဲ့ မိတ်ကပ်အရောင်ဟာ အလွန်ရင့်တယ်။ ကျွန်မက မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းမထားဘူးလို့ ထင်ရအောင် မိတ်ကပ်လိမ်းတတ်သူဖြစ်တယ်။ ညိုမှောင်နေတဲ့ ကျွန်မအသားအရောင်ဟာ ခုခေတ်မှာ အလွန်အသုံးနည်းလှတဲ့ ပင်ခရိုမိတ်ကပ်နံပတ် ၂၇နဲ့ ရောထွေးသွားတတ်တယ်။ မမက ကျွန်မ သုံးတတ်တဲ့ အလှပြင်ပစ္စည်းတွေကို သယ်ဆောင်လာတာတော့ ကျေးဇူးတင်စရာပါပဲ။ "သူ အခုချိန်မှာ ဘာအရောင်ဝတ်ချင်သလဲဆိုတာ ငါသိချင်လိုက်တာ" လို့ ညီမငယ်က ပြောတယ်။ ကျွန်မက "အဝါရောင် အဝါရောင်"လို့ ပြောပေမယ့် သူတို့ ဘယ်ကြားရပါ့မလဲ။ ကျွန်မငယ်ငယ်က အပြာရောင်ကိုကြိုက်တယ်။ ကြီးလာတော့ အဝါရောင်ကြိုက်တယ်။ ဒါပေမယ့် ကျွန်မက အပြောင်းအလဲများတတ်တဲ့ မိန်းကလေးတော့ မဟုတ်ခဲ့ပါဘူး။ အပြောင်းအလဲ မလုပ်တတ်လွန်းလို့ပဲ ကျွန်မနဲ့ ကျွန်မရဲ့ အိမ်သားတွေ ကင်းကွာခဲ့ရတယ်။ ကျွန်မက သူတို့ကို နားမလည် လက်မခံနိုင်သလို သူတို့ကလည်း ကျွန်မကို နားမလည် လက်မခံခဲ့ကြပါဘူး။ ကျွန်မကို အသစ်လွင်ဆုံး အပြာရောင်ဝတ်စုံလေး ဝတ်ဆင်ပေးကြတယ်။ ကျွန်မအကြိုက်ဆုံး ဝတ်စုံမဟုတ်ပေမယ့် ဆိုးတော့ မဆိုးပါဘူးလေ။ ကျွန်မရဲ့ရုပ်သွင်လည်း ကြည့်ပျော်ရှုပျော်ဖြစ်လာပါတယ်။ တကယ်တော့ ညီအစ်မသုံးယောက်တည်းမှာ ကျွန်မက ရုပ်အဆိုးဆုံးလေ။ ဒါပေမယ့် ပြင်တတ်ဆင်တတ်လို့ ကြည့်ကောင်းတယ်လို့ ဖေဖေက အမြဲပြောတာပဲ။ အရုပ်ဆိုးလို့ အားပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မငယ်ငယ်က စာလဲအတော်ဆုံးပဲတဲ့။ ဒါပေမယ့် အခုတော့ ကျွန်မက ညီအစ်မ သုံးယောက်တည်းမှာ အနိမ့်ဆုံးနေရာမှာပဲ ရှိခဲ့ပါတယ်။ ဒါဟာလည်း ဖေဖေက သူချမှတ်ပေးတဲ့လမ်းကို လိုက်နာမှုမရှိခဲ့လို့လို့ အမြဲအပြစ်တင်ပါတယ်။ အင်းလေ ကျွန်မက ကျွန်မ ဝါသနာမပါတဲ့ အလုပ်ကို လုပ်လေ့မှမရှိတာ။ ဖေဖေက ကျွန်မကို လာကြည့်တယ်။ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ ဟုတ်ပါတယ်၊ စောစောကတည်းက စေ့ထားတာပါ။ ကျွန်မရဲ့ရုပ်ခန္ဓာကို ကျွန်မ ပိုင်တော့တာမှ မဟုတ်တာ။ ဖေဖေ ချက်ချင်း မျက်နှာလွှဲသွားတယ်။မမက ငိုတယ်။ အိုး မမကဖြင့် ငိုတာတောင် လှနေတာပါပဲလား။ မမ ကျွန်မအတွက် တကယ်ပဲ ဝမ်းနည်းလေသလား၊ ဒါမှမဟုတ် ဝမ်းနည်းပြရမယ့်အချိန်မို့ ဝမ်းနည်းတာလား ကျွန်မ မဝေခွဲတတ်ဘူး။ သူတို့ ကာလဒေသကို လိုက်ပြီး အရောင်ပြောင်းတတ်ကြတာမဟုတ်လား။ ညီမလေးကတော့ တကယ့်ဝမ်းနည်းပမ်းနည်း ငိုရှာပါတယ်။ အိမ်မှာလည်း ငိုခဲ့တယ်ဆိုတာ သိသာတယ်။ မျက်နှာလေး ဖောင်းအစ်နေတာပဲ။ အဝတ်အစားလည်း သင့်ရာဆွဲဝတ်လာတဲ့ပုံ။ မမကတော့ စနစ်တကျ ရွေးချယ်ဝတ်လာတာပါ။ အနက်ရောင်လုံခြည်ဆိုပေမယ့် အသားက အကောင်းစားမို့ ပြောင်နေတာပဲ။ အင်္ကျီအစိမ်းရောင်နဲ့လဲ ဟပ်နေတာပဲ။ ဆွယ်တာအနက်လေး ထပ်လိုက်တော့ ဘာပြောစရာလိုလဲ။ အသားက ပိုပြီး ဖြူဝင်းထွက်လာသလိုပဲ။ နှုတ်ခမ်းက အရောင်မပါပဲ စိုလက်နေတဲ့ ဆိုးဆေးကို ဆိုးထားတာပဲ။ မျက်ခုံးမွှေးကလည်း ဆွဲထားတယ်လို့ မထင်ရဘူး။ နားကပ်နဲ့လက်စွပ်ကိုလည်း အစိမ်းရောင်လဲဝတ်လာသေးတယ်လေ။ “ပန်းတွေပြင်တော့လေ၊ ငါ့ရုံးကလူတွေကို ဆယ့်တစ်နာရီ အရောက်လာဖို့ ပြောထားတာ ” မမက မျက်ရည်တို့သုတ်ရင်း ပြောတယ်။ ဟုတ်ပါရဲ့။ မမရုံးကလူတွေက အင်မတန်အရေးကြီးတာ။ သူတို့ရောက်လာတဲ့အချိန်မှာ အားလုံး လှလှပပ ခမ်းခမ်းနားနားဖြစ်နေဖို့ လိုတယ်။ လူကြီးတစ်ယောက်ရဲ့သမီး၊ ပြီးတော့ မမရဲ့ခင်ပွန်းကလည်း အရာရှိတစ်ယောက်။ သေသူအတွက် မလိုအပ်တော့ဘူးဆိုရင်တောင်မှ ကျန်တဲ့သူတွေအတွက် မျက်နှာပန်းလှဖို့ သိက္ခာရှိဖို့ သိပ်လိုအပ်တာ။ နှင်းဆီပန်းတွေက လှလိုက်တာ။ အရောင်က စုံ၊ အနံ့ကလည်း သင်းပျံ့နေတာပဲ။ ကျွန်မခန္ဓာတစ်ခုလုံး ပန်းတွေနဲ့ ဖုံးအုပ်သွားတော့တာပဲ။ ပန်းတွေကြားမှာအိပ်နေရသလိုပါပဲ။ ဒီပန်းတွေဟာ ဖေဖေနဲ့မမရဲ့ အရှိန်အဝါကို ဖော်ပြဖို့ ကျွန်မကို ဖုံးလွှမ်းထားကြတာလေ။ ဂုဏ်ဒြပ်အဆောင်ယောင်တွေဆိုရင်တောင် မမှားပါဘူး။ ဒါပေမယ့် ကျွန်မက အလှကြိုက်တော့ ပန်းတွေကြားမှာနေရတာလည်း ကြိုက်ပါတယ်။ တစ်ခုပဲရှိတယ်။ အခုချိန်မှာ ကျွန်မအမျှော်လင့်ဆုံးပန်းက ရောက်မလာသေးဘူး။ အဲဒီပန်းကလေးသာ အချိန်မှီ ရောက်မလာရင် ကျွန်မရဲ့ခန္ဓာကိုယ်ဟာ ဖြောင့်တန်းစွာ
174
20
No text...
164