en
Feedback
စာဖတ်မယ်

စာဖတ်မယ်

Open in Telegram

စာဖတ်ကြမယ်

Show more
936
Subscribers
+2024 hours
+857 days
+30530 days
Posts Archive
" ကျေးဇူးတင်ပါတယ်ကိုအောင်ခိုင်။ကျွန် တော်လည်း တော်တော်လေး သတိထားပြီး လုပ်နေတာပါ။လောလောဆယ်က လှေမြန်မြန်ထွက်၊ငွေမြန်မြန်ရ၊ပြီးရင်တော့ အားလုံး ကျွန်တော့ခြေ၊ကျွန်တော့်လက် ကျွန်တော်စိတ် ကြိုက်လုပ်ရမှာပဲ " " ငါတို့က သံမဏိမြား ဖောက်သည်တွေပါကွ။မင်းတို့လှေရှင်ကိုပါ ငါတို့ကသဘော ကျတာ။အင်မတန် သဘောကောင်းတဲ့လူ။တကယ့်လူကောင်း။အင်မတန်မျှမျှတတရှိတဲ့လူ။ဒါကြောင့်လည်း လှေပြင်ဖို့ ငွေလိုတော့ ငါ ထုတ်ချေးလိုက်တာပေါ့ကွ " " ကျွန်တော်သိပါတယ်ဗျာ။သူ့ခမျာ လှေ ရှင်ဆိုတဲ့ ဂုဏ်တစ်ခုပဲ ရှိတယ်။သူ့လှေကို သူ များလက်ထဲ အပ်ထားရတာ။လုပ်တဲ့လူကောင်းမှ၊အရည်အချင်းရှိမှ သူ့အတွက်ခံ စားခွင့် ရှိမှာလေ " " အေးပေါ့ကွာ။မင်း လှေရှင်ကိုတော့ မင်းအမြဲတမ်းကြည့်ဖို့ လိုတယ်ကွာ။သူ့မျက်နှာကိုတော့ ဘယ်လိုဖြစ်ဖြစ် မင်းထောက်ရလိမ့်မယ် " " ကျွန်တော်ကတော့ ကျွန်တော့်လက်ထက်မှာ သံမဏိမြားဟာ ကြံ့ခိုင်တောင့် တင်းပြီး အောင်မြင်တဲ့လှေ၊လှေလောကမှာ ဝင့်ကြွားနိုင်တဲ့လှေ ဖြစ်ရမယ်လို့ သူ့ကို အာမခံထားတယ် " " ကောင်းပါတယ်ကွာ။ငါတို့လည်း တတ်နိုင်သလောက် ကူတာပေါ့။မင်းကို အတွင်းစကား တစ်ခွန်းပြောရဦးမယ်။လှေပြင်ဖို့ မင်းပိုက်ဆံလာချေးတော့ မချေးဖို့ ငါ့ကို တားတဲ့သူရှိတယ်။အဲဒါမင်း စာရေးငယ်ပဲ " " ဗျာ၊ဘာဖြစ်လို့ သူဒီလို လုပ်ရတာလဲ " ကျွန်တော့်မှာ လေ့လာစရာတွေ များစွာ ကျန်သေးကြောင်း ကျွန်တော်သဘောပေါက်ရ သည်။ကျွန်တော်နှင့် အနီးကပ်ဆုံး လူတွေက ကျွန်တော့်ကို အတိုက်အခံလုပ်ပြီးမှ အပေးအ ယူတည့်ပြီး ငြိမ်သွားကြခြင်းဖြစ်သည်။ငြိမ်း သွားကြသည်တော့ မဟုတ်ကြောင်း ကျွန် တော်သဘောပေါက်ထားဖို့ လိုပေပြီ။ ထို့ကြောင့်လည်း ခေါက်ကြေးကို သူများ လှေထက် မဆိုစလောက်ပိုပေးကာ စာရေးငယ်ကို တစ်ယောက်မှ မသိစေဘဲ ၂ဆပေးလိုက်သည်။ " ငါ့ညီစိတ်ရင်း မသိခင်က ပြောခဲ့တာတွေ ဗွေမယူနဲ့ကွာ။အစ်ကိုတို့က ခံခဲ့ရတဲ့သူတွေဆိုတော့ လန့်နာနာနေကြတာမဟုတ်လား" " သံမဏိမြားက ကျွန်တော်တို့လှေလေဗျာ။ကျွန်တော်တို့တွေ စည်းလုံးမှ၊ကြိုးစားမှ ကျွန်တော်တို့လှေ နာမည်ရ၊ကျွန်တော်တို့လည်းနာမည်ရ၊အလုပ်လည်း အဆင်ပြေပြီး ဝင်ငွေ ကောင်းတော့မှာပေါ့ဗျ " " စိတ်ချစမ်းပါကွာ။ငါ့ညီဘက်မှာ ငါတစ် ယောက်လုံးရှိတယ်။ကြိုက်တာခိုင်းပေရော့ " ပကတိစိတ်ရင်းအတိုင်း ပြောတာဖြစ်ပါစေဟုတော့ ကျွန်တော်ဆုတောင်းမိလိုက်သေးသည်။ * * * ကော့သောင်း-ထားဝယ် အပြန်တွင် နဝလီခနှင့် ခရီးသည်ခ အားလုံးပေါင်း ၅သိန်းကျော် ရလိုက်သဖြင့် လှေသားလစာ၊စရိတ်စက နှုတ်ပြီး အကြွေးကြေအောင် ဆပ်လိုက်ရသည်။လှေရှင်ကို ၅သောင်းပေးလိုက်နိုင်သည်။ " သံမဏိမြားရဲ့ ဝင်ငွေကို မြင်ဖူးပြီပေါ့ကွာ။ငါ့အကြွေးစာရင်းတွေလည်း မင်းကို ပြထားရဦးမယ်။မင်းပဲအားကိုးရတော့မှာပဲ မ ဟုတ်လား " တကယ်တော့ လှေပိုင်ရှင်က အတော်သနားစရာကောင်းသည်။သူ့အကြွေးတွေကြည့်လိုက်တော့ ကျွန်တော်မျက်လုံးပြူးသွား သည်။၁၀ သိန်းလောက်ရှိသည်။ " အရင် စာရေးလုပ်သမျှ အကြွေးဟာ ငါ့ အကြွေးတွေပဲပေါ့ကွာ " မော်လမြိုင်ကို တစ်ခေါက်ထပ်ဆွဲလိုက် တော့ စရိတ်ရသွားသည်။မော်လမြိုင်ကအပြန်တွင် မြိတ်ကို အော်ဒါတစ်ခေါက်ရသည်။ကုန်သွယ်ရေးချာတာဖြစ်ပြီး၊စက်သုံး ဆီနှင့် လှေခရသဖြင့် ကမ်းမှာကပ်ထားတာနှင့်စာလျှင် အများကြီးအဆင်ပြေသွားသည်။ကုန်သွယ်ရေး ဆန်တွေကို မြိတ်သို့ပို့ပေးရသည်။ သည်မှာ ကျွန်တော့်လှေထဲက လူတွေအ ကြောင်း ကျွန်တော်သိလာရတော့သည်။ဆန် အိတ်တွေကို ဖောက်ပြီး နည်းနည်းစီ ခိုးထား ကြသည်။အားလုံးပေါင်းလျှင် ၁၀အိတ်ကျော် ကျော်လောက်ရှိမည်။တာဝန်ခံကိုယ်တိုင် လှေ ထဲပါလာသဖြင့် ကျွန်တော် အထောင်းလွတ် သွားသည်။တာဝန်ခံကတော့ အတော်ဖြေရှင်းရပေလိမ့်မည်။ မြိတ်ကနေ ရရာကုန်တင်ပြီး ထားဝယ်အ ပြန်တွင် တစ်လှေလုံးခေါ်ပြီး နောက်တစ်ခါ ဒါ မျိုးဖြစ်ရင် တစ်လှေလုံး အလုပ်ဖြုတ်ပစ်မည်ဟု ဝမ်နင်ပေးထားလိုက်သည်။တစ်ယောက်မျှအသံမထွက်ကြ။ လှေရှင်ကို ပြောပြလျှင် စိတ်ဆင်းရဲတာသာ အဖတ်တင်မည်မို့ ဘာမှမပြောဘဲ ထားလိုက်သည်။ယခင်စာရေးတုန်းကလည်း သူတို့ ယခုလိုပင် လုပ်ခဲ့ကြပေမည်။သည်ကိစ္စတွေကို စာရေးကချည်း ဒိုင်ခံရှင်းပေးနေခဲ့ဟန်တူသည်။မြိတ်ကလာပြီးသည့်နောက်ပိုင်း သည်လူတွေအပေါ် ကျွန်တော် အတော်သြဇာ ညောင်းသွားပြီး ခိုင်းသမျှလုပ်၊ပြောသမျှခံ ဖြစ်နေကြတော့သည်။ ကျွန်တော် ဟောက်ထားပြီးနောက်ပိုင်း သည်လူတွေ အတော်ကလေး အပိုးသေသွား သဖြင့် ကျွန်တော့်အကြောင်း သိသွားပြီး ကိုယ်ရှိန်သတ်သွားပြီဟု ကျွန်တော်ထင်လိုက်မိရာ မှားသွားပြီမှန်း နောက်မှသိရတော့သည်။ မြိတ်ကရောက်ပြီးနောက် ကော့သောင်းဂိတ်ကျသည်။ကော့သောင်းရောက်တော့ သီ ဟိုဠ်စေ့အိတ်တွေ လျော့သွားသည့် ပြဿနာ ပေါ်သည်။

စာစီယူထားကြ။ကျန်တာလည်း ကျွန်တော် ကြည့်ရှင်းပေးပါ့မယ်" " ဟာ စာရေး။ဒီလိုတော့ မလုပ်ပါနဲ့ဗျာ။မိသားစုတွေက ချေးငှားစားထားရတာဗျ။အကြွေးတွေလည်းဆပ်ရမှာ။ကျွန်တော်တို့တောင်သုံးရမှာမဟုတ်ဘူး။သုံးလစာအပြည့် ရှင်းပေးပါဗျာ။တောင်းပန်ပါတယ် " " ခက်တာပဲဗျာ။ကျွန်တော်က ဒီလမှ အလုပ်ဝင်တာဗျာ။ကျွန်တော့်ကိစ္စပဲ ကျွန်တော်ရှင်းမယ်ဆိုရင် ရတယ်။ခင်ဗျားတို့ ကလှေရှင်နဲ့ပဲ ရှင်းရမှာ။ဒါပေမယ့် တစ်လှေ တည်းစီးနေကြတဲ့ လူတွေ။ပြီးတော့ ခင်ဗျား တို့က လစာနည်းတဲ့လူတွေ။ကျွန်တော်ကိုယ်ချင်းစာပါတယ်။နောက်တစ်ပတ်ဆိုရင် ကျွန် တော်တို့လှေ ကော့သောင်းဂိတ်ကျပြီး ဂိတ်ထိုးတာနဲ့ ခရီးသည်လက်မှတ် စရောင်းပြီ။ရ တဲ့ငွေနဲ့ ခင်ဗျားတို့ကို အကြေရှင်းပေးမယ်ဗျာ။လောလောဆယ် ကျွန်တော့်မှာ ငွေမရှိသေးလို့ပါ " " ၂ လစာတော့ပေးပါစာရေးရယ်။စာ ရေးက ဘယ်ရှာရှာရပါတယ်။ကျွန်တော်တို့မှာက နောက်ထပ်ချေးဖို့နေရာ မရှိတော့ဘူး " ကျွန်တော့်အကြပ်အတည်းတွေက မပြီး နိုင်မစီးနိုင် ဖြစ်နေသည်။တစ်ဖက်က ကြည့်ပြန်လျှင်လည်း သူတို့က လစာနည်းလုပ်သားတွေ၊မိသားစုတွေက သူတို့ကိုမှီခိုစားနေရသည်။သူတို့က အသနားခံနေကြတာ၊အကြပ် ကိုင်ခြိမ်းခြောက်နေကြတာ မဟုတ်။ " စောစောပိုင်းကတော့ လှေထွက်တာနဲ့ ပေးပါ့မယ်ဆိုပြီး ချေးစားထားရတာပါစာရေး ရယ်။အခု လှေကထွက်နေပြီဆိုတော့ သူတို့က ပူညံပူညံ လုပ်ကြတော့မယ်လေ " ကျွန်တော် အတော်ကလေး စိတ်မကောင်းဖြစ်သွားရသည်။ " ခင်ဗျားတို့ကလည်း ကိုယ့်လစာကိုယ် ရ အောင်တောင်းကြမှပေါ့ဗျာ။လစာမရဘဲ ဘယ်လို အလုပ်လုပ်နိုင်မှာလဲ။လက်ရှိလုပ်ခဲ့တဲ့ လတွေတုန်းက ရအောင်မတောင်းကြဘဲ ကျွန်တော့်ကျတော့မှ ဖိတောင်းနေကြတာ။ခင်ဗျားတို့ စဉ်းစားကြည့်လေ၊တရားနည်းလမ်းကျလားလို့ " " တောင်းတာပဲစာရေးရ။နောက်အပတ်၊ နောက်နေ့နဲ့ ကြာသွားတာပါ။ကျွန်တော်တို့ကဒီတစ်ခေါက် စက်လှေထွက်ရင် ပညာပြဖို့ စဉ်း စားထားတာ။အခုတော့ စာရေးက ပြောင်းသွားတယ်။အဲဒါကြောင့် ကျွန်တော်တို့အစီအစဉ်ကို ဖျက်လိုက်ပြီး ကျွန်တော်ကပဲ ဒီစာရေး ကတော့ ပြေလည်မှာပါလို့ ချော့မော့ထားတာ" ပဲ့နင်းငယ်ကပြောသည်။သူတို့ဘယ်လိုစီ စဉ်ထားသည်ကို တပ်အပ်မပြောနိုင်သော်လည်း လှေသားတွေညစ်လျှင် လှေရှင် အချိန်မရွေး ဒုက္ခရောက်နိုင်သည့် နည်းတွေက အများကြီးရှိသည်။ပြီးတော့ သည်လူတွေက သိပ်ပြီး စဉ်းစားနေမည့်သူတွေ မဟုတ်။ " အေးဗျာ။ကျွန်တော် ဒီလှေရောက်လာကတည်းက ရှင်းလိုက်ရတဲ့ အရှင်း။ပြီးကိုမပြီးနိုင်တော့ဘူး။ရှေ့လူဖွသမျှ နောက်လူရှင်းရတာမလွယ်ဘူးဗျာ။ကဲဗျာ၊ကျွန်တော်လည်းငွေမရှာတတ်တော့ဘူး။ခင်ဗျားတို့ကို ကိုယ့်လှေသားတွေအရေး ကိုယ့်အရေး သဘော ထားပြီး ၂လစာ ကျွန်တော်ရှင်းပေးမယ်။တွက်ကြည့်လိုက်ရအောင် " ကျွန်တော်တွက်ကြည့်လိုက်တော့ ၃သောင်းကျော်လောက် ကျနေသည်။လက် ကျန်ငွေက တစ်သောင်းကျော်လောက်သာ ကျန်သဖြင့် ချေးငှားရှာဖွေပြီး ရှင်းပေးလိုက်ရသည်။ * * * ထားဝယ်-ကော့သောင်း ခရီးစဉ်တစ်ခြမ်းကတော့ ခရီးသည်ရော၊ကုန်ရော အတော်ကလေးရလိုက်သဖြင့် အသက်ရှူ ချောင်သွားသည်။လှေနဝလီခနှင့် ခရီးသည်ခ အားလုံးပေါင်း ၅သိန်းခွဲလောက်ရသည်။အထွက်စရိတ် ၈သောင်း၊အဝင်စရိတ် ၅သောင်း၊ဆီ ၄သောင်း၊ခရီးသည်ကျွေးမွေးစ ရိတ် ၄သောင်းဆိုတော့ ၂သိန်း၁သောင်းကုန်သည်။ အပြန်အတွက် စက်သုံးဆီဝယ်ထည့်၊လှေ သားဘောက်ဆူး(ခေါက်ကြေး)၊လစာထုတ်ပေးသည်။ငွေ ၂သိန်းကျန်သေးရာ ကော့ သောင်းနေစရိတ်နှင့် အထွက်စရိတ်အတွက် တစ်သိန်းချန်ပြီး၊တစ်သိန်းကို အကြွေးဆပ်လိုက်ရသည်။ ကုန်သည်တွေဆီက ငွေချေးထားမိတာကပင် ကျွန်တော့်အတွက် အဆင်ပြေသွားသည်ဟု ဆိုရပေမည်။ကျွန်တော်တို့လှေ ကော့သောင်းဂိတ်ထိုးတော့ ကုန်သည်တွေက ကုန်တင်ရမှာ လန့်နေသည်။တချိန်က စက်လှေလောကမှာ နာမည်ကြီးလှသော သံမဏိမြားကို ယခုတော့ သူတို့ကြောက်နေကြသည်။ စက်လှေကြံ့ခိုင်ရေးအတွက် ပြင်ဆင်ထားပုံတွေ၊မော်လမြိုင်တစ်ခေါက် ပြန်ပြီးတာတွေရော၊စက်ပြင်ထားတာတွေပါ ရှင်းပြရင်း ကိုယ်တိုင်လည်းစည်းရုံး၊ငွေချေးထားသည့် ကုန်သည်တွေကိုလည်း စည်းရုံးခိုင်းရသည်။ ကျွန်တော်ငွေချေးထားရသည့် ကုန်သည်တွေက အင်အားကောင်းသည့် ကုန်သည်တွေ ဖြစ်သဖြင့် သူတို့ကိုယ်တိုင် ကုန်အချပြသောအခါ ကျန်ကုန်သည်တွေကပါ လိုက်ချကြသည်။ဒါတောင်မှ နောက်လှေကို စောင့်မည့်ကုန်သည်တွေက ရှိသေးသည်။ကျွန်တော်ကံကောင်းချင်တော့ သူတို့ပို့မည့် ကုန်တွေက ပြတ်နေ၍ ကော့သောင်းမှ ကြေးနန်းဝင်လာရာ အမြန်ဆုံးထွက်မည့်လှေဖြင့် ပို့ရမည့်ကိန်းရောက်လာသည်။ " မောင်နိုင်။မင်းလှေကို ကုန်မတင်ချင်တာ ကြံ့ခိုင်မှု နည်းတာတစ်ခုတည်းကြောင့်မ ဟုတ်ဘူး။မင်းကို စဉ်းစားဆင်ခြင်နိုင်အောင် ငါပြောထားမယ်။မင်းလှေက လူတွေက သိပ် ပြီးစိတ်မချရဘူးကွ။မင်း အဲဒါကိုတော့ သတိ ထားပြီး စောင့်ကြည့်ဖို့ လိုတယ် "

ဒီလောက်ခံနေတာ။နို့မဟုတ်ရင် သံရည်ကျို ပစ်လိုက်လို့တောင်ရနေတာ ကြာလှပေါ့ " " ကျွန်တော်တော့ ဒီလှေလက်ခံလိုက်မိတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဖြူရင်ဖြူ၊မဖြူရင်တော့ ရူးလိမ့်မယ် ထင်ပါရဲ့ဗျာ " " မင်းကို ကံဆိုးတာပါကွာ။လှေပျက်ထဲ လှေတာဝန်ခံ ဝင်လုပ်ရတာ။အခုတော့ ကျူရိုးအိမ်ပေါ် ဘီလူးက ကခိုင်းသလို ဖြစ်နေပြီ " " ခါတိုင်းလိုပဲ မန်းမှုတ်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ တစ်ခေါက်လောက် သွားလိုက်လို့ မရဘူးလားဗျာ " " ဒီစက်အကြောင်း ဘာမှ မသိသေးတဲ့ စက်ဆရာတစ်ယောက် မင်းတို့ခေါ်သွားရင် တော့ ရတာပေါ့ကွာ " သည်လှေထဲ ရောက်ကတည်းက ကျွန်တော် အကြိမ်ကြိမ် စိန်ခေါ်ခံနေရသည်။ စက်မပြင်ပေးလျှင် အလုပ်ထွက်မည့်သဘော ပြောင်ပြောင်ပင် ကျွန်တော့်အား ပြောလာလေပြီ။ကျွန်တော့ခြေလှမ်းတွေက ပြန်နှုတ်၍မရ တော့လည်း လိုက်လျောရပေဦးတော့မည်။ " လုပ်မှရမယ်ဆိုတော့လည်း လုပ်ရတော့မှာပေါ့ဗျာ။ကျွန်တော် ပိုက်ဆံ ထပ်ရှာလိုက်ပါဦးမယ်။ပြီးရင် စက်ဆရာတွေ့ထားတဲ့ ဂွတ်စက်ကင်းဟင်းတွေ လိုက်ဝယ်ကြတာပေါ့ " " ပိုက်ဆံပဲ လိုတာပါကွာ။စက်ပိုင်းဆိုင်ရာကိစ္စ ငါ့တာဝန်ထားပါ။မင်းလိုက်ဝယ်ပေးစရာ တောင်မလိုဘူး။ငါ့အလုပ် ငါလုပ်ရမှာပေါ့ " စက်ဆရာနှင့် ပဲ့နင်းက ညှိထားသလိုပင်၊ တစ်သံတည်းထွက်လာကြသည်။ညှိထားတာ လည်းဖြစ်နိုင်သည်။ယခင်စာရေးတုန်းက မရခဲ့သည့် အခွင့်အရေးတွေကို ကျွန်တော့်လက် ထက်တွင် စုပြုံတောင်းဆိုခြင်းဖြင့် ကျွန်တော့် ကိုဦးနှိမ်ထားလိုကြပုံရသည်။ကျွန်တော်ဘာလုပ်ရမည်နည်း။ထွက်ပြေးရတော့မည်လော။ " ကဲ ဒါဆိုလည်း ကျွန်တော် ငွေရှာလိုက် ပါဦးမယ်ဗျာ။သုံးလို့ရသလောက်လေးတော့ တစ်ခေါက်စာပဲဖြစ်ဖြစ် ပြန်သုံးကြတာပေါ့ဗျာ" " လှေထွက်ခါနီးမှ ဝယ်လို့ရတာတွေတော့ရှိတယ်။မော်တာကြိုးလိုဟာမျိုးပေါ့ကွာ။သြော် အခုမှ သတိရတယ်။ဘက်ထရီလည်းမ ကောင်းဘူး။တစ်ခေါက်လောက် သုံးလို့ရအောင် အက်ဆစ်လဲတာမျိုးလုပ်သွားလို့တော့ ရနိုင်သေးတယ် " ကျွန်တော် တကယ်ပဲ ထွက်ပြေးသွားဖို့ သာ ကောင်းတော့သည်။သူတို့တောင်းဆိုတာ တွေက တကယ့်လိုအပ်ချက်မှ ဟုတ်ရဲ့လား။ပြီးတော့ သူတို့ကို လက်လွှတ်ရေကူး ငွေထုတ်ပေးပြီး လုပ်ခိုင်းရတာဆိုတော့ ချို့ယွင်း ချက်တော့ ရှိပေလိမ့်မည်။သူတို့ကိုပြန်ကိုင်နိုင် ဖို့ဆိုသည်မှာ သူတို့ချို့ယွင်းချက်တွေကို သိမှ ဖြစ်မည်။ အရင်စာရေးက ဘာမှလုပ်မပေးဘူးဟူသော သူတို့စကားကလည်း သူတို့ကျွန်တော့်ကို တောင်းဆိုပြောနေကြတာကို ကြည့်ပြီး သံသယဝင်စရာကောင်းနေသည်။ * * * စက်လှေကြံ့ခိုင်ရေးကိစ္စ ဆောင်ရွက်ပြီးသောအခါ ကျွန်တော်တာဝန်ယူထားရသည့် အကြွေးက နှစ်သိန်းခွဲဖြစ်သွားသည်။သည်ကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် စက်လှေပန်ကာ မြန်မြန်လည်ဖို့လိုသည်။စက် လှေက တစ်ပတ်အတွင်း ပြင်ဆင်၍ပြီးမည်ဖြစ်ရာ စက်လှေတံတား ကပ်နိုင်သည်နှင့် ကုန် ချနိုင်ရန် ကျွန်တော်လုပ်ထားရမည်။ ကော့သောင်း-ထားဝယ်ခရီးစဉ်ကို ထား ဝယ်စက်လှေအသင်းက ဂိတ်တန်းစီ၍ ဆွဲပေး ထားသဖြင့် ဂိတ်နှင့်ဝေးနေသေးသော ကျွန် တော်တို့လှေအတွက် မော်လမြိုင်ခရီးစဉ်ကို ရွေးပြီး ကုန်ရှာသည်။ထားဝယ်-မော်လမြိုင် ကုန်တွေက အလွန်ရှားသည်။ကုန်ကားတွေရှိနေသည်။ သည်ကြားထဲ မော်လမြိုင် သီဟပွဲရုံအတွက် ကွမ်းသီးအိတ် ၃၀၀ ရလိုက်သဖြင့် စက်လှေဝန်ခံအတွက် အဆင်ပြေသွားသည်။ မော်လမြိုင်ပို့မည့် သစ်ပင်ပေါက်တွေ ရှိသည်ဟူသော သတင်းကြောင့် သစ်တောဦးစီးဌာန သို့ သွားရောက်စုံစမ်းရာ အဆင်သင့်သွားသည်။မော်လမြိုင် ရာဘာဒိုင်သို့ပို့မည့် ရာဘာ အနည်းငယ်လည်းရသည်။လှေဝင်လှေထွက်နှင့် ကုန်ကျစရိတ်တွေတော့ ကျေလောက်သည်ဟု ထင်ရသည်။ ရသလောက်ကုန်ဖြင့် မော်လမြိုင်တက်ပြီး ထားဝယ်ကုန်တွေ တစ်ခါလိုက်ရသည်။စက်လှေပြတ်ချိန်၊ကားလမ်းမကောင်းချိန်နှင့် ကြုံသဖြင့် ဦးတင်ရှိန်ရဲ့ ပွဲရုံကုန်တွေ၊နွားလှည်းတွေ၊ရေနံမည်းနှင့် ဆန်အိတ်တွေ အပြင် တိုလီ မိုလီတွေဖြင့် တစ်စီးစာရသွားသည်။ မော်လမြိုင်-ထားဝယ် အသွားအပြန်တစ် ခေါက်တွင် လှေခ တစ်သိန်းခွဲကျော်ရသည်။ ကုန်ကျစရိတ်နှုတ်ပြီးသောအခါ အသားတင် ၅သောင်းလောက်ကျန်သည်။မော်လမြိုင်က ပြန်လာပြီး၊လှေခကောက်သည့် ရက်များမှာပင် လှေသားတွေနှင့် ထိပ်တိုက်တွေ့ရပြန်လေသည်။လှေသားတွေကို လခရှင်းပေးရန် လခက ၃လစာရှိနေသည်။ " ဒီကိစ္စကို စောစောကတည်းက ခင်ဗျား တို့ပြောရမှာ။စာရေးမထွက်ခင် ကျွန်တော်တို့လခတွေ ရှင်းပေးခဲ့လို့။ဒီကိစ္စ လှေရှင်သိရဲ့လား။ဘာလို့ လစာကိုချန်ထားရတာလဲ " " အဲဒါတော့ ကျွန်တော်တို့မသိဘူး။လှေစာ ရေးအလုပ်ဖြုတ်လိုက်တယ်လို့ပဲ ပြောတာဆို တော့ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ။ကျွန် တော်တို့လစာမရရင် အိမ်ကလူတွေ ဘာနဲ့သွားစားမလဲ။စာရေး ကိုယ်ချင်းစာကြည့်ပေါ့ဗျ " " ဟုတ်ပါတယ်ဗျာ။ဒါဆိုရင် ဒီလိုလုပ်ရအောင်။လောလောဆယ် ခင်ဗျားတို့ တစ်လ

တိုက်ပွဲဆီသို့ ဆွဲခေါ်နေလေပြီလား။ * * * လှေရှင်ခမျာ နောက်ထပ်ညှစ်ထုတ်လျှင် အရည်ပဲထွက်လာတော့မည့် အနေအထား ရောက်နေသဖြင့် လှေပြင်ဖို့ရာအတွက် ကျွန် တော်ကပင် ငွေရှာထွက်ရလေသည်။သည်အ ခါတွင်မှ လှေရှင်အမည်ဖြင့် ငွေချေးမည့်သူ အလွန်ရှားပါးနေသည်ကို တွေ့ရသည်။စက်လှေတစ်စီးပိုင်ထားသော လှေရှင်အမည်ဖြင့် ငွေချေးမည်ထက် လက်ထဲငွေတစ်သောင်းမ ရှိသော ကျွန်တော့်နာမည်ဖြင့် ငွေချေးမည်ဟုဆိုသူတွေကို တွေ့လာရသည်။ စီးပွားရေးလောကရဲ့ သဘောသဘာဝနှင့် စီးပွားရေးသမားများရဲ့ ကွက်ကျော်မြင်တတ် မှုကို ကျွန်တော် လက်ဖျားခါရတော့သည်။လှေရှင်က လှေကိစ္စကို ဝင်ရောက်စွက်ဖက်မှု မရှိဘဲ၊ကျွန်တော့်ကို လုံးဝလွှဲအပ်ထားလေ တော့ လှေနှင့်ပတ်သက်သည့် အခွင့်အရေးကို လက်ရှိလုပ်ကိုင်နေသည့် ကျွန်တော့်ထံက သူတို့ရနိုင်သည်လေ။ ယင်းသဘောကို ကျွန်တော်သိသော်လည်း ကျွန်တော့်မှာက ငွေချေးစရာဆိုလို့ စက်လှေစီးပွားရေးလောကက လူတွေပဲရှိ တာဆိုတော့ သူတို့ဆီကပဲ ချေးရတော့သည်။နောင်ခါလာနောင်ခါစျေး သဘောမထားလို့က လည်းမဖြစ်တော့ပါ။ " စက်လှေကြံ့ခိုင်ရေးအတွက်ကတော့ မင်း လုံးဝစိတ်ချထားလိုက်တော့။ဗဟုသုတ လေ့လာချင်ရင်တော့ လှေထဲဆင်းခဲ့ပေါ့ကွာ။ငါကိုယ်တိုင် မျက်ချည်မပြတ် စောင့်ကြည့်ပြီး ခိုင်းမှာပါ " " လှေအတွက်ကို ကျွန်တော် ပဲ့နင်းလက်ထဲ စိတ်ချလက်ချ လွှဲထားလိုက်ပြီ။လှေထွက်ဖို့ကိစ္စ၊ကုန်ရဖို့ကိစ္စတွေဘက်ကိုပဲ ကျွန်တော်အာရုံစိုက်တော့မယ်။ငွေတွေက ကုန်သည်တွေဆီကနေ ဆွဲထားရတာပဲ့နင်းရ " " လှေရှင်လည်း ပြောင်ပြီထင်ပါရဲ့ကွာ။လှေအသစ်၊စက်အသစ်နဲ့လုပ်ခိုင်းတာတောင် မအောင်မြင်ဘူးဆိုတော့ လူက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သူလည်း သဘော ပေါက်လောက်ပြီပေါ့ကွာ " စက်လှေကိုယ်ထည်ပိုင်း ပြင်ဆင်ရန်အ တွက် ငွေချပေးလိုက်ပြီးသောအခါ စက်ဆရာ ကြီးနှင့် ကျွန်တော် ထိပ်တိုက်တွေ့ရပြန်လေသည်။ " စာရေး ပိုက်ဆံရှာရတာ မလွယ်ဘူးကြားတော့ ပြောရမှာလည်း အားနာတယ်ကွာ။ တကယ်က ဒါတွေအားလုံး အရင်စာရေးလက် ထက်ကတည်းက လုပ်ရမှာ။အခုလို ပိုက်ဆံမရတဲ့ အချိန်ကျမှ လုပ်ရမှာဆိုတော့ " " စက်အပိုင်းက ဘာတွေဖြစ်နေလို့လဲ စက်ဆရာ " " ဟက်တွေက အက်နေတာစာရေးရ။ကိုယ်တို့အတော်ကလေး ပြုပြင်သုံးနေရတာ။ အခု ဆီစိမ့်ပြီး မီးခိုးလိုက်နေတယ်။ဂါ့စကက် ကလည်း အပေါက်တွေများနေပြီ။ဆီခဏခ ဏစိမ့်ထွက်နေတာ။စပယ်ယာပါ့ကလည်း မရှိဘူးလေ " " ဟောဗျ၊ဒါတွေအားလုံးလဲထည့်ရရင် ငွေတစ်သိန်းလောက် ထပ်လိုမှာပေါ့။ဟက်က နှစ်လုံးစလုံး အက်နေတာလား " " ဟုတ်တယ်။တစ်လုံးက တော်တော်ဆိုးတယ်။နော်ဇယ်ကတော့ ပြန်ရိုက်ပြီး သုံးလို့ရ သေးတယ်။မရတာကတော့ နော်ဇယ်ပိုက်တွေပဲ။ပိုက်တွေကို ကြေးနဲ့ ခဏခဏဖာလိုက်၊ပေါက်လိုက်နဲ့ သုံးနေရတာ။အခု အသစ်လဲမှကိုဖြစ်တော့မှာကွ " " လက်စသတ်တော့ ဒီလှေကြီးက ကျွန် တော်ရောက်လာရင် တစ်စစီပြုတ်ထွက်ပြဖို့ စောင့်နေတာပေါ့ " " ကိုယ် လိုက်စုံစမ်းထားတာရှိတယ်။ဂွတ် စက်ကင်းဟင်းပေါ့လေ။အားလုံး တစ်သိန်း လောက် ကျလိမ့်မယ် " ကျွန်တော် အတော်ကလေး ဦးနှောက်စားသွားသည်။စောစောပိုင်း ကျွန်တော်ထင် ထားတာက သံမဏိမြားတွင် လူပြဿနာကို သာ ဖြေရှင်းရမည်၊စက်လှေအပိုင်းကတော့ အခြေအနေကောင်းပုံရသည်ဟူ၍ဖြစ်သည်။ ယခုတော့ သည်လူတွေလုပ်ထားသည့် ပြဿနာက ကျွန်တော့်ကို ခေါင်းခဲစေလေပြီ။ စက်လှေအဝင်အထွက် စရိတ်လောက်ရလျှင် လည်ပတ်၍ရပြီဟု ထင်ထားသော ကျွန်တော့်အထင်နှင့် တလွဲစီ ဖြစ်နေသည်။ " စက်လှေကို လွန်းတင်ပြီး ကိုင်ပျဉ်လဲလိမ့်မယ်စက်ဆရာ။စက်ကိုဖြုတ်ထားလိုက်ဗျာ။ ပြီးတော့မှ ဘာလိုတယ်ဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။လိုအပ်တာကို ကျွန်တော်တို့ လိုက်ရှာကြတာပေါ့ဗျာ။မကောင်းဘူးလား။သုံးလို့ရတာလည်း ဆက်သုံး၊ချော့သုံးကြတာ ပေါ့ဗျာ။အခုအချိန်မှာ ချွေတာနိုင်သမျှ ချွေတာတာ အကောင်းဆုံးပဲလေ " " ကိုယ့်စက်အကြောင်း ကိုယ်ကောင်း ကောင်းသိတာပေါ့စာရေးရာ။ဒီစက်တွေက ခ ဏခဏ ဖြုတ်လိုက်၊မန်းမှုတ်လိုက်ပြီး ပြန်သုံး လိုက် လုပ်နေရတာ။တော်ရုံ သုံးလို့ရနိုင်သေးတာဆိုရင် သုံးလိုက်တာပဲ။စလစ်ဆိုရင် ချောင်နေပြီ။ဂလောက်ဂလောက်တောင် မြည် နေပြီ။ဒါပေမယ့် ချော့ပြီးသုံးနေရတာပဲ။ပင်စ တင်ကလည်း ရွင်း လဲဖို့ကောင်းနေပြီ။ရွင်း ကန်အား သိပ်မရှိတော့ဘူး။ဘေးကျွံထွက်တော့မယ့်အတိုင်းဖြစ်လာပြီ " ကျွန်တော် ခေါင်းကိုသာ တွင်တွင် ခါနေရတော့သည်။ " ခင်ဗျားပြောသလိုဆိုရင် အင်ဂျင်တစ် လုံးလုံး လဲရတော့မယ့်ပုံပဲဗျ " " အဲဒါဆိုရင် အကောင်းဆုံးပေါ့။မယုံရင် အင်ဂျင်ကို ကိုယ်ဖြဲပြမယ်။အင်ဂျင်က နှစ်လုံး ပေမယ့် ဒေါင်ဒေါင်မြည်ကောင်းဖို့ဆိုရင် နှစ် လုံးပေါင်းတောင် တစ်လုံးမရနိုင်ဘူး " " အင်ဂျင်တွေက ဒီလောက်တောင် ကျနေ ပြီလားဗျ " " စက်လှေသက်တမ်းက ၆နှစ်ကျော်ပြီလေစာရေး။သူများလှေတွေဆိုရင် လေးငါးရေ အလွန်ဆုံးပဲ။ဒါတောင် ကိုယ်တို့အတော်ကလေး စနစ်တကျသုံးလာလို့ ၆ရေအတွင်း

" ဦးက ကျွန်တော့်ကို စက်လှေတာဝန်ခံခန့် ထားတာမဟုတ်လား။စက်လှေနဲ့ပတ်သက်ပြီး တာဝန်ယူရမယ့် ကျွန်တော့်မှာ လုပ်ပိုင်ခွင့်အားလုံးမရှိရင် ဘာအဓိပ္ပါယ်ရှိမှာလဲဦး။ငွေရေးကြေးရေးက အစပေါ့ " " မင်း ဆိုလိုတဲ့သဘောကို ငါသဘော ပေါက်ပါတယ်။ဦးအနေနဲ့ကတော့ ဦးပိုင်တဲ့စက်လှေကိုစက်လှေလောကမှာ အောင်မြင်တဲ့ စက်လှေတစ်ီးအဖြစ်ပဲ မြင်ချင်တယ်။ဘယ်သူပါမှ၊ဘယ်ဝါပါမှရယ် မဟုတ်ဘူး။ဦးစက်လှေ ကစက်လှေလောကထဲ ဝင်တိုးရင်မျက်နှာငယ်နေရတယ်။လှေရဲ့ဆက်ဆံရေး၊ကြံ့ခိုင်ရေးကအစ စကားပြောကြတာမဟုတ်လား။ပဲ့နင်းတောင်းဆိုတာကလည်း သိပ်ပြီး ကြီးကျယ်လှတာမှ မဟုတ်ဘဲလေ။သူ့အလုပ်သူလုပ်၊သူ့တာဝန်သူထမ်းပါစေပေါ့။ကိုယ်သိချင်တာတွေကို သိအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်ကွာ " " ဦး နားလည်သဘောပေါက်ထားရင်တော့ နောင်အခါ ကျွန်တော်ရှင်းရလင်းရတာ ဖြစ်လာရင် လွယ်တာပေါ့ဗျာ " " စက်လှေတစ်စီးမှာ လှေလုပ်သားမြဲခြင်းဟာ လှေရဲ့စည်းလုံးမှုကို ပြသလို၊ဒီလှေနဲ့ပတ်သက်ပြီး လှေရဲ့ပရိယာယ်တွေကိုလည်း ပိုသိသွားရတယ်။အထူးသဖြင့် ပဲ့နင်းဆိုတာ လှေတစ်စီးကို အကြိမ်များများစီးဖူးလေလေ၊ ဒီလှေရဲ့အနေအထား၊လှိုင်းခံ၊လှိုင်းတက်၊လှိုင်းဝပ်၊လှေအတိမ်းအစောင်း၊ဦးထောင်၊ပဲ့စိမ်ကအစ ကောင်းကောင်းသိသွားတယ်။အဲဒီ အချက်တွေပေါ်မှာ မူတည်ပြီး စက်လှေကုန် ထည့်တဲ့အခါ လှိုင်းခံကောင်းအောင် ထည့်ကြရတယ်။ဒါဟာလည်းပဲ့နင်းတစ်ယောက်ရဲ့ပညာရပ်ပဲကွ။လှေအထာကောင်းကောင်းသိ လေ အဆင်ပြေလေပဲ " " ကျွန်တော်ပဲ့နင်းကို တွေ့လိုက်ပါ့မယ်ဦး " " ဦး အားကိုးပြီးသားပါမောင်နိုင်။မောင်နိုင်ပြောတာ တာဝန်နဲ့ လုပ်ပိုင်ခွင့်မရောယှက်ရေးဆိုတာလည်း ဦးသဘောပေါက်တယ်ဆိုတာကို မောင်နိုင်ခေါင်းထဲမှာ ထည့်ထားပါ " * * * ပဲ့နင်းကြီး လှေထဲဆင်းမလာသဖြင့် ကျွန်တော်ကပင် သူ့အိမ်သို့လိုက်သွားသည်။ပထမကတော့ လှေသားတစ်ယောက်ယောက်ကို အခေါ်လွှတ်ရန် စဉ်းစားမိသေးသည်။ကျွန် တော်ကိုယ်တိုင်သွားတာက ပိုအဆင်ပြေမည်ဟု ဆုံးဖြတ်ကာ ထွက်လာလိုက်ခြင်းဖြစ်သည်။ " လာ မောင်နိုင်။ပဲ့နင်းရှာရတာ အဆင် ပြေတယ်မဟုတ်လား " ရောက်ရောက်ချင်း ကျွန်တော့်ကို သူ့အောက် ဆွဲချလိုက်သော စကားဟူ၍ တွေးဖြစ်လိုက်တာကို ပြန်ထိန်းလိုက်ရသည်။ကျွန်တော်ကပြုံးပြလိုက်ရသည်။ " စက်လှေပိုင်ရှင်က ပဲ့နင်းကြီးကို အတော်သံယောဇဉ်ရှိပုံရပါတယ်။အားကိုးတာလည်းပါမှာပေါ့ဗျာ " " ငါတို့တွေက ရည်ရွယ်ချက်ချင်း တူကြ တယ်လေကွာ။သူက စက်လှေကို လှေလောကမှာ မျက်နှာပန်းလှလှနဲ့ အောင်မြင်စေချင်တယ်။ငါတို့ကလည်း အောင်မြင်မျက်နှာပန်း လှတဲ့ လှေထဲကလူတွေအဖြစ်နဲ့ နာမည်ရချင်တယ်လေ " " ဟုတ်ပါတယ်။ကျွန်တော်က နည်းနည်းအစိုးရိမ်လွန်သွားတာပါ။လူတစ်ယောက်တည်းကြောင့် စက်လှေရပ်ထားရတယ်ဆိုတာကြီးကတော့ မဖြစ်နိုင်ဘူးလို့ တွေးပြီး အားလုံးကို စိတ်မချ ဖြစ်သွားရတာပါ" " ငါ့ ကဏ္ဍကို စိတ်ချပါကွာ။မင်းရော လှေပိုင်ရှင်ရော စိတ်ပျက်ရမယ့်အလုပ်မျိုး ငါ မလုပ်ဘူး။အရေးကြီးတာက စက်လှေဟာ အ မြဲတမ်း၊အချိန်မရွေး ခရီးထွက်လို့ရအောင် အ ဆင်သင့် ပြင်ဆင်ထားပြီးသား ရှိနေဖို့ပဲကွ။ငါ့ လုပ်ပုံကိုင်ပုံကို မင်းမမြင်ရသေးသလို ၊မင်းလုပ်ပုံကိုင်ပုံကိုလည်း ငါမမြင်ရသေးပါဘူး။ကိုယ့်အတွေးနဲ့ကို လန့်ပြီး အထင်မှားနေ ကြတာပါကွာ " " ပဲ့နင်းကို ကျွန်တော်ပြန်လာခေါ်ပြီနော်။ ပဲ့နင်းလုပ်ချင်တဲ့ စက်လှေနဲ့ပတ်သက်တာတွေ ကို စာရင်းလုပ်ပြီး ကျွန်တော့်ကိုပေးပါ။အရေး အကြီးဆုံး မဖြစ်မနေ လုပ်ရမယ့် အလုပ်ကနေ အသေးအမွှားအထိပေါ့။ကျွန်တော်လုပ်ပေးရမယ့်ဟာကို ငွေနဲ့တွက်ရဦးမယ်လေ " " ငါပြောတာကိုတော့ မင်း မြဲမြဲလက်ခံ လိုက်ပါမောင်နိုင်။ဒီစက်လှေ ဒီပုံအတိုင်းသွား ရင် မင်းတို့ငါတို့အတွက် ပင်လယ်ဟာ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။မကြံ့ခိုင်ရင် ပင် လယ်က အချိန်မရွေး ဝါးမြိုလိမ့်မယ်။စက်လှေပိုင်ရှင်ဘက်က ကြည့်ရင်လည်း သူ့ခမျာ ဒီလှေကို သိန်းဆယ်ချီပြီး ရင်းနှီးထားရတာ။ ငွေလေးတစ်သိန်းကျော်ကို နှမျောလိုက်လို့ သိန်းဆယ်ချီ အဆုံးခံလိုက်ရရင် ဘယ်လောက်နစ်နာမလဲ။ပြီးတော့ မင်းတို့ငါတို့အသက်တွေ " " ပြင်တာကတော့ မပြင်ရဘူးလို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။လှေရှင်မှာ လည်း ငွေမရှိတော့ဘူး ထင်တာပဲဗျာ " " မတတ်နိုင်ဘူးလေကွာ။လှေရှင်ကတော့ လှေပြပြီး ငွေချေးလို့ရမှာပေါ့ကွာ။မရရင်တော့ ဒီလှေမထွက်တာ ကောင်းမယ်။ကုန်တင်ထားပြီးပြီဆိုရင် ဒီလှေ တကယ့်လှိုင်း ကြီးတွေကို ခံနိုင်ရင် ၅လုံး၆လုံးပေါ့ကွာ " " ကဲ ကျွန်တော်ပြန်လိုက်ဦးမယ်ပဲ့နင်း။လှေရှင်ဆီ သွားပြီး ငွေရေးကြေးရေးကိစ္စ သွားဆွေးနွေးလိုက်ပါဦးမယ် " " အေးအေး၊ငါလည်း အခုပဲ လှေထဲဆင်း သွားလိုက်ပါဦးမယ်ကွာ။မင်းတို့ရောက်လာနိုး နိုးနဲ့ ငါစောင့်နေတာကွ " ပဲ့နင်းက သူ့ဆီမလွဲမသွေ ရောက်ကိုလာရမည်ဟု အပိုင်တွက်ထားကြောင်း ပြောလိုပုံရသည်။သံမဏိမြားက ကျွန်တော့်ကို ရေရှည်

ကျွမ်းတယ်ဆိုတဲ့ ပုံစံမျိုး ဖမ်းနေတော့တာ။ဟိုဟာဆိုဝင်လုပ်၊ဒီဟာဆို ဝင်ပါ။ပြီးတော့ ဘာတစ်ခုမှ အဆင်ချောတယ်ရယ်လို့မရှိဘူး။နှစ်ခါပြန်လုပ်၊နှစ်ခါပြန်ကုန်ပဲ။နောက်ဆုံးအ ကြွေးတွေများလာပြီး ပြဿနာ သောင်းခြောက်ထောင် ဖြစ်လာတော့တာပဲ။ထမီမနိုင် ပုဝါမနိုင် ဖြစ်လာတော့ လှေရှင်ကိုယ်တိုင် မောင်းထုတ်လိုက်ရတော့တာပဲ " နောက်ဆုံးစကားကို ခပ်ကျယ်ကျယ်ပြောပြီး မဲ့ပြလိုက်သေးသည်။ " ဒီစက်လှေပိုင်ရှင်အကြောင်းလည်း မင်း သိမှာပေါ့။အင်မတန်သဘောကောင်းတဲ့လူ။ လှေတစ်စီးလုံး သူ့အပ်ထားတာ။ဒီကောင်လုပ် ချင်ရာလုပ်တော့တာပဲ။နောက်ဆုံးအကြွေးတွေ ပတ်လည်ဝိုင်းလာတော့ သူကရှောင်ပြီးသားဖြစ်သွားပြီလေ။မင်းကိုလည်း အဲသလိုမဖြစ်စေချင်လို့ သတိပေးရတာ " စာရေးငယ်နှင့်စာလျှင်တော့ ပဲ့နင်းကြီးကပို၍ စကားပြောကောင်းသည်။သူပြောနေတာတွေက တကယ့်အကြောင်းတွေ၊ငြင်း၍မရသည့်အကြောင်းတွေဖြစ်သည်။သို့သော် သည်အကြောင်းတွေထဲမှာပင် ကျွန်တော့်အား မသိမသာ ခြောက်ပြီး သူ့အနေအထားကို မြှင့် လိုပုံ ပေါက်နေတာကို ကျွန်တော်သတိထားမိသည်။ " နေရာတကာပါတာက အဓိကမဟုတ်ဘူးထင်တာပဲဗျ။ပါပုံပါနည်းလိုသွားတာနေမှာပါ " " မင်းလည်း ခေါင်းမာတဲ့ကောင်ပဲကွ။ကောင်းပါတယ်၊လူငယ်ဆိုတော့ ထက်ထက် မြက်မြက် ပိုကောင်းတာပေါ့ကွာ။ဒါပေမယ့် တစ်ခုတော့ရှိတယ်။စက်လှေနဲ့ပတ်သက်တဲ့အ ပိုင်းကိုတော့ ငါ့စိတ်ကြိုက်လုပ်ခွင့်ရမှ ဖြစ်မယ်။မဟုတ်ရင်တော့ မင်းပဲ့နင်းအသစ်ရှာပေရော့ပဲ " သူ့လေသံက နည်းနည်းပြင်းသည်။စာရေးငယ်နှင့်ပတ်သက်ပြီး ကျွန်တော့်မှာ အတွေ့အကြုံရထားသည်ဆိုတော့ ဝက်အူနည်းနည်းရစ်ကြည့်သည်။ " ပဲ့နင်းကြီးက လုပ်သက် ၃၀ကျော်။ဒီလှေမှာလုပ်လာတာ လှေရေချကတည်းကဆို တော့ ဒီလှေအတွက် နည်းတဲ့အားတွေ မဟုတ်ဘူး။ကိုယ့်လှေလိုဖြစ်နေတာ။ဒီနေရာမှာ ကျွန် တော်က ပဲ့နင်းရဲ့တာဝန်ပိုင်းကိုမဟုတ်ဘဲ စက် လှေပြင်ဆင်တဲ့နေရာမှာ သိချင်တာလေးတစ်ခုတည်းအတွက် မလိုက်လျောနိုင်လို့ အလုပ် ထွက်မယ်ဆိုရင်တော့ အားလုံးနစ်နာပါလိမ့်မယ် " " မင်းပြောတာလည်းမှန်တယ်။တကယ်တော့ ဒီလှေကြီးအပေါ် ငါ အတော်သံယောဇဉ် ကြီးတာ။အခု ဖြစ်နေတာက လှေလောကမှာ ဒီလှေကြီး နာမည်ရလာအောင်၊အောင်မြင်လာ အောင် လုပ်ဆောင်ဖို့အတွက် ငါ့အပိုင်းကို ငါ လုံးလုံးကိုင်တွယ်ချင်တယ်။အဲသလိုလုပ်လို့ အောင်မြင်လာရင်တော့ လှေလောကမှာ ငါ့အ လုပ်နဲ့ပတ်သက်ပြီး နာမည်ရမယ်။ငါ ဘယ်ထွက်ချင်ပါ့မလဲ။ဒါပေမယ့် တစ်ယောက်ကြောင့် ငါ စတေးခံရပြီးပြီ။နောက်တစ်ယောက်လည်း ဒီလိုပဲသွားမယ်ဆိုရင် ငါ ရေငုတ်သေဖို့ပဲ ကောင်းတော့တယ်ကွာ " " ကျွန်တော့်လုပ်ပုံကိုင်ပုံကိုလည်း ပဲ့နင်း စောင့်ကြည့်ဦးမှပေါ့ဗျာ။လူတစ်ယောက်နဲ့တစ်ယောက် အသက်ရှူချင်းကွာသလို အရည် အချင်းချင်းလည်း ကွာပါတယ် " " ငါ့အပိုင်းကို ငါလုံးဝလုပ်မယ်။မင်းဝင်မစွက်နဲ့။မင်းအလုပ်ကိုလည်း ငါ ဝင်မစွက်ဘူး။ဒီလှေလောကမှာ မျက်နှာပန်းလှဖို့ ကိုယ့် အလုပ်ကိုယ်လုပ်ရုံပဲ " " အဲဒါကိုကျွန်တော်လက်ခံတယ်။အပိုင်းနဲ့ပြောရရင် ကျွန်တော့်အပိုင်းက အားလုံးကို တာဝန်ယူထားရတဲ့ အပိုင်းလေပဲ့နင်း " ကျွန်တော် စွန့်စားရတော့မည်။စက်လှေ လောကမှာက လှေလုပ်သားတွေ ပညာပြတာတွေ အတော်များများကို ကျွန်တော်ကြုံဖူးကြားဖူးခဲ့ပြီးပြီ။သည်လူတွေနှင့်အလုပ်လုပ်လိုလျှင် သည်လူတွေကို ချုပ်ကိုင်ထားနိုင်ဖို့လိုသည်။ " ဒါဆို ပဲ့နင်းအသစ်ရှာပေရော့ကွာ " ပဲ့နင်းက ကျွန်တော့်ထက် ပို၍ပြတ်သားနေပြန်လေသည်။ကျွန်တော်တခဏတွေပြီးတွေးနေစဉ် တောက်လျှောက်ဝင်သည်။ပဲ့နင်းနှင့် ကျွန်တော်၏ စိန်ခေါ်မှုတွင် ဘယ်သူကမှအလျှော့ပေးမည့်ပုံ မပေါက်တော့သည်မှာ သေချာသွားပါပြီ။ " အဲဒါဆိုရင် ပဲ့နင်းကြီးပဲ လှေပိုင်ရှင်ကို ပြောလိုက်ပါ။သူရှာချင်ရှာပါစေ။သူမတွေ့တော့မှ ကျွန်တော်ထပ်ရှာမယ် " ပဲ့နင်းက ကောင်းတယ်၊အဲဒီပဲ့နင်းနဲ့ အဆင်ပြေပါစေကွာဟုဆိုကာ လှေပေါ်မှ ဆင်းသွားသည်။ * * * ပွဲဦးထွက်တိုက်ပွဲတွင် အနိုင်ရထားသော ကျွန်တော်သည် ဒုတိယပွဲတွင်တော့ အလျှော့ ပေးလိုက်ရတော့သည်။ပဲ့နင်းနှင့် ကျွန်တော်ပြဿနာဖြစ်ပြီး နောက်နေ့မှာပင် လှေရှင်အခေါ်လွှတ်သဖြင့် ကျွန်တော်သွားတွေ့ရသည်။ " ပဲ့နင်း လာသွားတယ်မောင်နိုင် " " ဟုတ်ကဲ့၊ကျွန်တော်နဲ့ဆွေးနွေးတာ သူမကျေနပ်လို့ အလုပ်ထွက်မယ်ပြောတာနဲ့ ဦးဆီကိုကျွန်တော်လွှတ်လိုက်တာပါ၊ပဲ့နင်းအသစ်ကို ကျွန်တော်ကပဲ ရှာလိုက်ရမလားဦး " " မရှာပါနဲ့။သူ့ကိုပဲ ဆက်သုံးစေချင်တယ်" " သူကမှ ကျွန်တော်ပြောတာကို လက်မခံဘဲဦးရဲ့။ဘယ်လိုလုပ် အလုပ်ဆက်လုပ်လို့ရမှာလဲ " " စက်လှေထဲ လှေလုပ်သားမြဲဖို့ဟာ သိပ်အရေးကြီးတယ်မောင်နိုင်။စက်လှေလုပ်သား ကောင်းတစ်ယောက် ရဖို့ဆိုတာမလွယ်ဘူး။အလုပ်လည်းကြိုးစား၊စက်လှေအပေါ်လည်း သံယောဇဉ်ရှိတဲ့ လှေလုပ်သားဆို ပိုရှားတာပေါ့။အဲသလိုရှားပါးတဲ့အထဲမှာ ပဲ့နင်းကြီးလည်းပါတယ် "

* * * စက်လှေအသစ်တစ်စီးကို လုပ်ကိုင်ခွင့်ရခဲ့ သော ပထမစာရေးကြီးမှာ စက်လှေတောင့်တုန်း၊ခိုင်တုန်းမှာ ခိုင်းကောင်းကောင်းနှင့် ခိုင်းခဲ့ပြီး၊ပြုပြင်မွမ်းမံခြင်း လုံးဝ မလုပ်ခဲ့သော ကြောင့် ယခုအခါမှာ ပြုပြင်စရာ၊သစရာတွေများနေသည်။ပြုပြင်ထိန်းသိမ်းစရိတ် မကုန်ကျပါဘဲလျက် အကြွေးတင်အောင် လုပ်သွားခဲ့လေသော အနေအထားကတော့ ဆိုးရွားလှသည်။ ရေထဲတွင် သွားလာနေရသော စက်လှေမှာ အမြဲတမ်းကြည့်ရှု၊စစ်ဆေးပြီး ပြုပြင်တန် တာကို ပြုပြင်၊ပုံမှန်လုပ်သွားစရာရှိတာ လုပ်သွားဖြင့် စက်လှေသက်တမ်း ကြာရှည်ရေးအတွက် အဆက်မပြတ်လုပ်နေရသည်။စက်လှေခရီးစဉ်မရှိလျှင် လွန်းတင်တန်တင်၊သောင်ထိုးတန်ထိုးပြီး၊ထေးစရာရှိတာထေး၊ ဖာစရာရှိတာဖာ၊ဆေး(သို့)ရေနံချေးသုတ်တန်သုတ်ဖြင့် စက်လှေကြံ့ခိုင်ရေးအတွက် လုပ်ရသည်။ ယခုတော့ စက်လှေမှာ လွန်းတင်၊သောင်ထိုး၊ပြုပြင်၊ဖာထေး၊ဆေးသုတ်ခြင်း မလုပ်ဘဲ ရေထဲမှာချည်း ထားပြီးခိုင်းသဖြင့် ခရင်းထ၊ပိုးဖောက်၊သစ်ဆွေးတွေနှင့် ဖြစ်နေသည်။စက် လှေပြန်ထွက်မည်ဆိုလျှင် သေချာပေါက်ပြင် ဆင်ရဦးမည်ဖြစ်သည်။ " ပဲ့နင်း ပြောပုံနဲ့ဆိုရင် ပြင်စရာတွေက နည်းမှမနည်းပဲဗျ။ရေခံကိုင်ပျဉ်လေးချပ်လဲရ မယ်၊လှေပြန်ထေးရမယ်၊ခရင်းခံဆေးသုတ်ရ မယ်၊အနည်းဆုံး ငွေတစ်သိန်းခွဲလောက်တော့ လိုမှာပဲဗျ " "အရင်စာရေးကို ငါပြောသားပဲကွ။ဒီ ကောင်က လှေခေါက်ရေများများရဖို့ကိုပဲ လုံး ပန်းနေတာ။လှေခေါက်ရေသာများတယ်၊စာရေးလုပ်ပြီး ကုန်လက်ခံညံ့တော့ လှေခကောင်းကောင်းရမယ့် ပစ္စည်းကို အရင်မရှာဘဲ၊ရတဲ့ကုန်ပဲတင်နေတော့ လှေလည်းပြည့်ရော၊လှေခကောင်းကောင်းရမယ့်ပစ္စည်းကရလာရော၊မတင်ရတော့ နာရော။တစ်ခေါက်တစ်ခေါက် ကျန်တယ်လို့ကိုမရှိဘူး။လှေပြင်ဖို့ပြောတိုင်း နေ့ရွှေ့ညရွှေ့နဲ့ " ပဲ့နင်းကြီးမှာ စာရေးအသစ်ရောက်လာ သည်နှင့် သူ့အခန်းကဏ္ဍ အရေးပါပုံကို ပြသ လိုဟန်ရှိသည်။သူပြောပုံဆိုပုံအရဆိုလျှင် ယ ခင်စာရေးကလည်း သူ့စကားကို သိပ်ဂရုစိုက် မည့်ပုံမပေါက်ပေ။ကျွန်တော့်လက်ထက်ကျမှ သူ့သြဇာ၊သူ့နေရာကို သေချာထူထောင်လိုပုံရသည်။ " ကျွန်တော် ကြည့်ပါဦးမယ်လေ " " ဒီစက်လှေအကြောင်း ငါအသိဆုံးပါမောင်နိုင်ရာ။မင်းစက်လှေလုပ်သက်က ၅နှစ်ပဲရှိပါသေးတယ်။ငါလှေလုပ်စားလာတာ နှစ် ၃၀ကျော်ပြီကွ။စက်လှေအကြောင်းကို ပဲ့နင်း အသိဆုံးပဲ။ပြီးတော့ ဒီလှေမှာ ငါလုပ်လာတာ ဒီလှေရေချကတည်းကပဲ။ဒီလှေနဲ့ပတ်သက်ရင် အပ်ချတာကအစ ငါသိတယ်။မင်း ကြည့် ပြီးဆုံးဖြတ်တော့ကော မင်း အတိအကျသိမလား။ဘယ်အစပ်ကိုလဲရမယ်၊ဘယ်အစပ်ကတော့ရသေးတယ်ဆိုတာ ပဲနင်းကသာသိတာကွ။ပဲ့နင်းဆိုတာ လှေကို တူနဲ့ခေါက်ကြည့် လိုက်တာနဲ့ သိတဲ့လူတွေ။တခြားအကြောင်း တွေမှာ မင်း စွက်ချင်ရင်စွက်ပါ။လှေနဲ့ပတ် သက်လာရင်တော့ မင်း ဝင်စွက်ဖို့ မကြိုးစားပါနဲ့။ပဲ့နင်းအလုပ်၊ပဲ့နင်းလုပ်မှာပဲ။ဒါက မင်း သက်သာအောင်၊အလုပ်ဖြစ်အောင် စေတနာ နဲ့ပြောတာ " " ပဲ့နင်းပြောတာကို ကျွန်တော်သဘော ပေါက်ပါတယ်။လှေအလုပ်လုပ်မှတော့ လှေအလုပ်နဲ့ပတ်သက်တာတွေ အကုန်သိထားတော့ကောင်းတာပေါ့။ပြီးတော့ ကျွန်တော်က စက်လှေတာဝန်ခံလေ။လှေရှင်က ကျွန်တော့် လက်ထဲ ဒီလှေထည့်ပေးထားတာ။ဒီစက်လှေ အကောင်းအဆိုးကို ကျွန်တော်ပဲ တာဝန်ယူရမှာ။အဲဒီတော့ စက်လှေနဲ့ပတ်သက်တာမှန်သမျှ ကျွန်တော်သိရမှာပေါ့။သိသင့်တာပေါ့၊ သိအောင် လုပ်ရမှာပေါ့ " " မင်းပြောတာလည်း တစ်ပိုင်းမှန်တယ်။ဒါပေမယ့် မင်းကို စေတနာနဲ့ငါပြောမယ်။စက် လှေတစ်စီးလုံးရဲ့ကိစ္စကို မင်းလိုက်လုပ်နေရင် မင်း ယားလို့တောင် ကုတ်အားမှာ မဟုတ်ဘူး။ လှေထဲမှာ သူ့အပိုင်းနဲ့သူ ကျွမ်းကျင်တဲ့လူတွေ ရှိတယ်။လှေအပိုင်းအတွက် ပဲ့နင်းကြီး၊စက်အ ပိုင်းအတွက် စက်ဆရာကြီး၊မီးဖိုချောင်ပိုင်းအ တွက် အိုးသူကြီး၊လှေဝင်လှေထွက်ကိစ္စ သွား ရေးလာရေးကိစ္စ ကုန်ရဖို့အရေး ကုန်တင်ခရရေး စတဲ့ ကုန်းပေါ်ကိစ္စတွေမှာ စာရေးကြီး။ ရေထဲမှာ လှေနဲ့မဆိုင်ဘဲ လှေကိစ္စနဲ့ပဲဆိုင်တဲ့ ဟာတွေလုပ်ဖို့ စာရေးကြီးကိစ္စဆိုတော့ စာရေးကြီးအလုပ်က နည်းတာမဟုတ်ဘူး။ကြီးလေးကြီး သူ့တာဝန်နဲ့သူရှိတယ်။သူ့ကျွမ်းကျင်မှုနဲ့သူပဲ။ဒီတာဝန်တွေအကုန်လုံးကို စာရေးကြီးတစ်ယောက်တည်းလုပ်နိုင်တယ်ဆိုရင် ပဲ့နင်း၊စက်ဆရာလိုပါတော့မလားကွ " သူပြောပုံဆိုပုံက ချက်ကျလက်ကျဖြစ်ပြီး ညက်ညက်ညောညောလည်းရှိသဖြင့် စာ ရေးငယ်လောက်တော့ လွယ်လွယ်နှင့် သိမ်းသွင်း၍ရမည်မဟုတ်ပေ။သည်လိုလူမျိုးကို ပထမစာရေးက ဘယ်လိုထိန်းချုပ်ခဲ့လေသလဲဟု ကျွန်တော်တွေးကြည့်သည်။သူကတာဝန်နှင့်လုပ်ပိုင်ခွင့်ကို ပူးချည်ထားဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်းသတိပြုမိသည်။ " အရင် စာရေးတုန်းက ဘယ်လိုပုံစံမျိုး လုပ်ခဲ့ကြတာလဲ " " အေး၊အဲဒါ အရေးကြီးဆုံးပဲ။အဲဒါသင်ခန်းစာပဲကွ။ဒီကောင်အသုံးမကျလို့ ဒီလှေကြီး ဒီလိုဖြစ်သွားရတာ။မင်း ခုနကပြော ခဲ့သလိုပဲ၊ဒီကောင်ကလည်း နေရာတကာပါချင်တာကွ။ဘယ်လိုကိစ္စမဆို သူသိတယ်၊သူ

သူ့မျက်နှာ ချက်ချင်းပျောက်ကွယ်သွားသည်။ " မင်းက ငါလည်းအရည်အချင်းမရှိဘူးလို့ ဆိုလိုတာလား " ကျွန်တော်က မျက်နှာကိုပြုံးထားပြီး ခေါင်းကို လေးလေးတွဲ့တွဲ့ ခါနေလိုက်သည်။ " မင်းရဲ့ ၅နှစ်ဆိုတဲ့အတွေ့အကြုံလောက် တော့ ငါ အိပ်နေသလောက်ပဲရှိသေးတယ် ငါ့တူ။မင်းကို စက်လှေတာဝန်ခံ အထိခန့်လိုက်ပြီ ဆိုတာနဲ့ ဘဝင်မြင့်မနေနဲ့ဦး " " ကျွန်တော့်ကို ခန့်ကတည်းက လှေပိုင်ရှင်ကပြောထားလိုက်ပါတယ်။ခင်ဗျားရဲ့လုပ်သက်နဲ့အတွေ့အကြုံတွေအကြောင်းကိုပေါ့။ခင်ဗျားဆီက ကျွန်တော် အကူအညီတွေ အများကြီးရပါလိမ့်မယ်တဲ့ " " ဟားဟားဟား၊မင်းဆိုလိုတာက လုပ်စရာရှိတာကို ငါအကုန်လုပ်ပေး၊နာမည်ရတော့ မင်းကရ၊ဒီလိုလား " " ခင်ဗျားအတွေးမှားနေပြီ။ကျွန်တော်ဆိုလိုတဲ့သဘောက ဒီစက်လှေကြီးကို အောင် မြင်စွာလုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ကိုယ်တတ်ရာ ကျွမ်းရာကနေ ဝိုင်းဝန်းကြဖို့ ပြောတာပါဗျာ " စာရေးငယ်က ပို၍ ကျယ်လောင်စွာရယ်သည်။သူ့ပုံစံက ကျွန်တော့်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ထားပုံမျိုးဖြစ်သည်။ " ကောင်းပြီလေ။ခင်ဗျားမှာ အခွင့်အရေးရှိပါတယ်။ခင်ဗျား ဒီလှေမှာ ကျွန်တော့်အောက်က မလုပ်နိုင်ရင်၊မလုပ်ချင်ရင် လှေရှင်ကို ကျွန်တော်ကပဲ ပြောပေးလိုက်မယ် " " ဘာကွ၊မင်းက ရောက်ရောက်ချင်း ငါ့ ကို အလုပ်ဖြုတ်ပစ်မလို့လား " " အမှန်အတိုင်းပြောရရင် အတွေ့အကြုံ နည်းတဲ့ ကျွန်တော်က အတွေ့အကြုံများတဲ့ခင်ဗျားကို လိုချင်တယ်။ဒါပေမယ့် ကျွန်တော် တို့ချင်း နားလည်မှုလွဲပြီး အလုပ်ဆက်လုပ်နေ လို့ကတော့ မဖြစ်ဘူးဗျာ " " ငါ ဒီလှေပေါ်ရောက်လာတာ ၆နှစ်ကျော်သွားပြီ " သူ့အသံက အနည်းငယ်တိုးသွားသည်။မာန်ချလိုက်သည့် မြွေဟောက်တစ်ကောင်လို ကျွန်တော့်ကိုမကြည့်ဘဲ ခေါင်းတစ်ဝက်စိုက်ကာ စကားကို ဆက်ပြောသည်။ " ဒီလှေက ငါ့အိမ် ငါ့ယာလို ဖြစ်နေပါပြီကွာ။ဖြစ်နိုင်ရင်တော့ မင်းအနေနဲ့ လှေသစ်တစ်စီးရှာပါငါ့တူရာ " " ကျေးဇူးတင်ပါတယ်ဦးလေး။တကယ်လို့ ကျွန်တော် ဒီလှေမှာ မလုပ်ဖြစ်ရင် ဦးလေးအနေနဲ့ လှေတာဝန်ခံ၊စာရေးကြီးဖြစ် လာလိမ့်မယ်လို့ ယုံကြည်သလား " " လှေပိုင်ရှင်တွေက သူတို့အလုပ်သမား တွေအပေါ်မှာ သံယောဇဉ်ကြီးကြတယ်ကွ။ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲမှာ သိန်းပေါင်းများစွာတန်တဲ့ လှေကို တာဝန်ယူ ကာကွယ် အလုပ်လုပ်ပေးနေကြတာ မဟုတ်လား " " ဦးအနေနဲ့ ဒီလှေပေါ် ပေးဆပ်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်ချင်းစာပါ တယ်။ခက်တာက စက်လှေပိုင်ရှင်က အတော် ကလေးစိတ်ဓာတ်ကျနေတာ။လှေပေါ်က သူ့ရဲ့ ရဲဘော်ရဲဘက်တွေကိုလည်း စိတ်ပျက်နေပုံရတယ်။စက်လှေဖျက်သိမ်းဖို့အထိဖြစ်နေတာ။ကျွန်တော်တို့ ဒီလိုညှိကြရအောင်ဗျာ။ဦးလေးကလှေရှင်ဆီသွားပြီး စာရေးကြီးအဖြစ် တာဝန်ပေးဖို့ ပြောကြည့်ပါလား " သူ ခေါင်းခါရှာသည်။ " ပြောလို့သာ ပြောနေရတာပါကွာ။ငါ့ကို စာရေးကြီး လုပ်ခိုင်းချင်မှတော့ စာရေးကြီးထွက်သွားကတည်းက လုပ်ခိုင်းခဲ့ပြီပေါ့ကွာ။အခု ဒီကောင့်ကို အလုပ်ထုတ်ပစ်လိုက်တာတောင် ၃ လကျော်သွားပြီ " သူ့အနေအထားကို သူ သဘောပေါက်ပါ လျက်နှင့် ကျွန်တော့်ကိုအစွယ်ထုတ်ပြခဲ့တာကို ကျွန်တော်တွေးကြည့်သည်။သည်လူ့ကို ပေါ့ပေါ့တွေး၍ ကိုင်လို့မရကြောင်း ကျွန်တော်သတိထားလိုက်သည်။ " ကျွန်တော်နဲ့တွဲလုပ်ရင်တော့ ကျွန်တော် မသိဘဲ ဘာတစ်ခုမှ မလုပ်မိဖို့တော့ ကျွန်တော်ပြောထားမယ်။ကျွန်တော်မသိဘဲ လုပ်လို့ ဖြစ်လာတဲ့ကိစ္စမှန်သမျှ ကျွန်တော်တာဝန်မယူဘူး၊မဖြေရှင်းပေးဘူး။ကျွန်တော်သိတာဆိုရင်တော့ လုံးဝတာဝန်ယူမယ်။ခင်ဗျားအနေနဲ့ တာလီမှတ်တာလောက်ပဲ တာဝန်ရှိလို့လည်းရတယ် " " မင်းက အပေါ်စီးကရနေတာကိုးကွ။လှေသားဆိုတဲ့ကောင်တွေကလည်း ကိုယ်လုပ်တာကြာလာတဲ့ လှေအပေါ်မှာ သံယောဇဉ်ကြီး လာတာက ခက်တယ် " " ဘယ်လိုအကြောင်းကြောင့်ပဲ လုပ်ဖြစ်လုပ်ဖြစ်ပေါ့ ဦးရွှေရားရယ်၊အရေးကြီးတာက တော့ ကိုယ့်လုပ်ပိုင်ခွင့်ကို အကောင်းဆုံးလုပ်နိုင်ဖို့ပဲ လိုတာပေါ့ဗျာ။သူများရဲ့ လုပ်ပိုင်ခွင့်ထဲ ဝင်ရောရင်တော့ ခံရဖို့ပဲရှိတာပေါ့ " " စက်လှေလုပ်ငန်း၊စက်လှေလောကဆိုတာ အင်မတန်ကျယ်ပြန့်တယ်ကွ။ပြဿနာက လည်း များပါဘိသနဲ့ " " အဲဒီ ပြဿနာတွေထဲ မပါဖို့အရေးကြီးတာပါပဲဗျာ။ကျွန်တော်ကတော့ ကျွန်တော့်ကို ပေးထားတဲ့ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်မယ်။အဲသလို ထမ်းဆောင်ရာမှာ အနှောက်အယှက် ပြဿနာဖြစ်လာရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘူး၊လှေရှင်မျက် နှာလည်း မထောက်ဘူး " " မင်း တစ်ချိန်လုံး ဒီလိုစိတ်ဓာတ်မျိုး ထားနိုင်ပါစေပေါ့ကွာ " လောလောဆယ်အားဖြင့်တော့ သူ့ကို ကျွန်တော် ချုပ်ကိုင်လိုက်နိုင်ပြီဖြစ်သည်။နောက်ထပ်လှမ်းလာနိုင်သည့် ခြေလှမ်းတွေကိုလည်း ကျွန်တော်ကစောင့်ကြည့်သတိမူထားရပေလိမ့်မည်။ဒီလိုစိတ်ဓာတ်မျိုး ထားနိုင်ပါစေပေါ့ကွာဟု ပေါ့ တစ်လုံးထည့်ပြောသွားခဲ့သည်ကို ကျွန်တော်ကောင်းကောင်းသတိထားလိုက်မိသည်လေ။

ဝတ်ထုတို ( ၁၂၈ ) သံမဏိမြား ============= စိုး ဘား ဒိုင် ကလျာမဂ္ဂဇင်း၊အောက်တိုဘာ၊၁၉၉၈ သံမဏိမြားသို့ ကျွန်တော်ရောက်ရှိလာချိန်သည် သံမဏိမြားအတွင်း ရှင်းလင်းစရာ ပြဿနာများရှိနေကြောင်း ကျွန်တော်နည်းနည်းပါးပါး လေ့လာရိပ်မိခဲ့ပြီးဖြစ်သည်။တ ကယ်တမ်း ရောက်လာပြီးတော့မှ အခြေအနေ တွေက ကျွန်တော်ထင်ထားတာထက် ပို၍ရှုပ် ထွေးနေမှန်း သိလာရတော့သည်။ လွှဲရှောင်၍မရသော အခြေအနေတစ်ရပ် ကြောင့် အမေပိုင်ဆိုင်ခဲ့ရသည့် စက်လှေတစ်စီးကို ဦးစီးလုပ်ကိုင်ခြင်းဖြင့် စက်လှေလောက သို့ ကျွန်တော်ရောက်ခဲ့ရသည်။စက်လှေနှင့်မ စိမ်းသော်လည်း စက်လှေစီးပွားရေးလောက နှင့် စိမ်းသော ကျွန်တော့်အနေအထားမှာ စိန် ခေါ်မှုများ၊အဆင်မပြေမှုများဖြင့် စက်လှေတစ်စီးကို မဖြစ်မနေ လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ ယခု သံမဏိမြားသည် ကျွန်တော်၏ ဒုတိ ယမြောက် စက်လှေဖြစ်ပြီး၊အမေ့စက်လှေကို ဦးစီးလုပ်ကိုင်ရသလိုပင် တာဝန်ယူလုပ်ကိုင် ပေးရမည့် အနေအထားဖြစ်သည်။ တန် ၆၀ခန့်ဝန်တင်နိုင်သော အမေ့စက်လှေကလေး ပြေးဆွဲနိုင်သည့် ခရီးစဉ်က ကမ်း ရိုးတန်းတလျှောက်မှာ များများစားစားမရှိပါ။ သည်တော့ တွေ့ကြုံရသည့် စက်လှေအခြေခံ စီးပွားရေးသမားတွေကလည်း သိပ်များများ စားစားမရှိပါ။တန်ရာတန်ရာဆိုသလိုပင် စက် လှေငယ်ကလေးနှင့် ပတ်သက်ဆက်ဆံ လုပ် ကိုင်ရမှုများတွင် ရှုပ်ထွေးမှုလည်း နည်းပါးလှ ပါသည်။ သံမဏိမြားက ကုန်တန်ချိန် ၁၆၀ တင်ဆောင်နိုင်သော စက်လှေဖြစ်သဖြင့် ကမ်းရိုးတန်းခရီးစဉ် အတော်များများကို ပြေး ဆွဲ၍ တွက်ခြေကိုက်နိုင်သော အနေအထားမှာ ရှိသည်။ကုန်တန်ချိန်များ၍ ကုန်သည်အတော် များများနှင့် ဆက်ဆံရသလို လှေသားအတော်များများနှင့်လည်း ဆက်ဆံစရာတွေ ဖြစ်လာသည်။ ကျွန်တော့်အမေစက်လှေ ဖျက်သိမ်းပြီးချိန်မှာပင် သံမဏိမြားစက်လှေမှာလည်း ဖျက်သိမ်းရမည့် အနေအထားရောက်နေသလိုလို ကြားရသည်။ခိုင်ခန့်တောင့်တင်းနေဆဲ လှေတစ်စီး ဖျက်သိမ်းရမည့်ကိစ္စသည် စိတ်ဝင်စားစရာကောင်းနေသဖြင့် ကျွန်တော်ကလည်း ယင်းစက်လှေ၏ အခြေအနေတွေကို လေ့လာနားစွင့်နေခဲ့သည်။ စက်လှေကိုဦးစီးလုပ်ကိုင်မည့် လူတစ်ယောက် လောလောဆယ်လိုအပ်နေသည့်အတွက် ကျွန်တော်က လှေပိုင်ရှင်နှင့်တွေ့ပြီး အလုပ်သွားတောင်းခဲ့ရာ ရွေးချယ်စရာပင် သိပ်မရှိဟန်တူသော လှေရှင်က အလွယ်တကူ ပင် အလုပ်ပေးလိုက်သည်။ သံမဏိမြားက ကျွန်တော့်ကို စိန်ခေါ်မှုတွေနှင့် ဆီးကြိုလို့နေသည်။ပထမဦးဆုံးကျွန် တော်နှင့်တွေ့ရသူမှာ စက်လှေစာရေးငယ်(သို့)တာလီစာရေး(သို့)လက်ထောက်စာရေးဖြစ်သည်။ကျွန်တော့်ထက် အသက်များစွာကြီးသလို အတွေ့အကြုံကလည်း ကျွန်တော့်ထက်များစွာပိုသော စာရေးငယ်မှာ အ သားမည်းမည်း၊ဝဝဖိုင့်ဖိုင့်နှင့် လောကကြီးကို စိတ်ပျက်နေပုံမျိုး ပေါက်နေသည်။ သူနှင့်စကားစပြောကြည့်စဉ်မှာပင် သူ့အနေအထားကို ကျွန်တော်သိလိုက်ရတော့သည်။သံမဏိမြားက စက်လှေစာရေးကြီးကို လှေရှင်က အလုပ်ထုတ်ပစ်လိုက်ပြီး သည့်နောက်ပိုင်းတွင် သည်စက်လှေ၌ သူ စာ ရေးကြီး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ယခုတော့ သူ ထင်ထားသလို မဟုတ်ဘဲ စာရေးကြီးအသစ်အဖြစ် ကျွန်တော်ရောက်လာသောအခါ သူ တော်တော်စိတ်ပျက်သွားပုံရသည်။ " ငါ့ညီ စက်လှေလောကထဲ ရောက်လာတာ ဘယ်နှနှစ်ရှိပြီလဲ " " ၅ နှစ်ရှိပါပြီ " " ငါ အသက် ၅၀ပြည့်တော့မယ်။စက်လှေစာရေး လုပ်သက်ကကို ၃၀လောက်ရှိပြီကွ။ဒီလိုအတွေ့အကြုံမျိုးနဲ့မှ စာရေးကြီးအလုပ်နဲ့ တော်တယ်လို့ငါ ထင်တယ် " " ဟုတ်တာပေါ့ဗျာ။ဒါဆို ခင်ဗျား ဘာဖြစ်လို့ စာရေးကြီးမဖြစ်သေးတာလဲ " သူ တစ်ချက်တွန့်ခနဲဖြစ်သွားပြီးမှ နှုတ်ခမ်းကို မသိမသာမဲ့ကာ စကားဆက်လာသည်။ " ငါက ငါ့အလုပ်ပဲ ငါလုပ်တာကွ။လှေရှင် ကို မျက်နှာလို မျက်နှာရလုပ်တဲ့ အလုပ်မျိုး ငါ ဝါသနာမပါဘူး။ဒီတော့ ငါ့လုပ်ဆောင်ချက်တွေက စာရေးကြီးရဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ဖြစ်သွားတယ် " သည်လိုလူမျိုးတွေကို ပို၍ သတိထားရန် လိုကြောင်း ကျွန်တော်က အတွေ့အကြုံ ရထားခဲ့ပြီး ဖြစ်သည်။ " လှေရှင်ကို ကပ်ဖားရပ်ဖားလုပ်တဲ့လူမှ စာရေးကြီးဖြစ်နိုင်တယ်လို့ ခင်ဗျားကဆိုလိုချင်တာလား " " အဲဒီအတိုင်း ဖြစ်နေတာကွ " " ကောင်းပြီလေ၊ခင်ဗျားကို ကျွန်တော်မသိလို့ တစ်ခုမေးပါရစေ။အဲဒီကပ်ဖားရပ်ဖား စာရေးကြီးက စက်လှေလုပ်ငန်းကို မကိုင်တွယ်နိုင်ရင် လှေရှင်က သူ့ကိုစာရေးကြီးအဖြစ် ဆက်ခန့်ထားပါ့မလားဗျ " သူက ဟက်ဟက်ပက်ပက် ရယ်သည်။ " အဲသလို စာရေးကြီးတွေရဲ့ နောက်မှာ စက်လှေလုပ်ငန်းကို ကောင်းကောင်းကိုင် တွယ်နိုင်တဲ့ စာရေးငယ်တွေရှိနေရင်တော့ သူ့ သက်တမ်းက ရှည်နေတော့မှာပေါ့ကွာ " " ခင်ဗျားရှိရဲ့သားနဲ့ ဒီလှေကစာရေးကြီး ထွက်သွားရတာတော့ ဒီစကားနဲ့မကိုက်ညီသလိုပဲဗျ " စောစောက ဟက်ဟက်ပက်ပက်ရယ်ပြီး မခန့်လေးစား အထင်သေးဟန်လုပ်ထားသည့်

မဒရပ်တို့၊ မိတ္ထီလာတို့ သွားနေနိုင်ရင် အကောင်းဆုံးပဲ။ အဲဒါတောင် ခြောက်လလောက် ကုမှ ဒီရောဂါ ရှင်းရှင်းပျောက်နိုင်မယ်၊ ဘယ့်နှယ့်လဲ” မငွေစုသည် ပါးစပ် အဟောင်းသားနှင့် မျက်ရည်တွေ ဝဲပြီး တွေးချင်ရာ တွေးငေးနေတော့သည်။ ကိုတလုတ်ဖြူကတော့ မတွေး မငေးတော့ဘဲ သက်မ,ကြီး ပြင်းပြင်းသာ တစ်ချက်တည်း ချလိုက်ပြီး ဆရာဝန်ကို တောင်းပန်လိုက်သည်။ “ဆရာရယ်… ကျုပ်မှာ ငွေငါးကျပ်ပဲ ပါပါတယ်၊ အဲဒါ အဆိပ်ဆေး ငါးကျပ်ဖိုးသာ ပေးပါတော့” ----------- #သုခ သုခဝတ္ထုတိုများ ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။ (စာမျက်နှာ ၉-၁၁) May Palae မှ

ငါးကျပ်ဖိုး #သုခ ကိုတလုတ်ဖြူသည် ချောင်းတဟွတ်ဟွတ် ဆိုးရာက လက်တွင် ကိုင်ထားသော ကျပ်တန် ငွေစက္ကူ အဟောင်းကလေး ငါးရွက်ကို အားငယ်စွာ ငုံ့ကြည့်မိလေသည်။ ထိုငွေကလေး မဖြစ်စလောက်နှင့် ဆရာဝန်ရှိရာ အခန်းထဲသို့ ဝင်ရန်မှာ ငွေတစ်ထောင်နှင့် ပြန်ပေး လုပ်ထားသူကို ငွေနှစ်ဆယ်လောက်နှင့် ပြန်၍ အရွေးသွားရတော့သလိုလို ရှိတော့သည်။ မဖြစ်စလောက်ဟု ဆိုသည်မှာ ဆရာဘက်မှနေ၍ ကြည့်လျှင်သာ ဖြစ်ချင် ဖြစ်ပေမည်။ ကိုတလုတ်ဖြူ ဘက်က ပြောရလျှင်ကား ထိုငွေငါးကျပ်မှာ ငါးပိရည် တစ်ခွက်တည်းနှင့် တစ်အိမ်လုံး စားသုံးခြိုးခြံ၍ထားရသော ခုနှစ်ရက် တစ်ပတ်တိတိ စုငွေ ဖြစ်တော့သည်။ သူ့မယား မငွေစုကလည်း ရှာဖွေကျွေးမွေးနေသော ကိုတလုတ်ဖြူ၏ ကျန်းမာရေးအတွက် ရှိသမျှ စည်းစိမ်ကို စု၍ အပ်လိုက်ရသလို အခြေအနေဖြစ်သည်။ ကိုတလုတ်ဖြူမှာ ကလေး သုံးယောက်နှင့်တကွသော မယား မငွေစုတို့၏ တစ်ဦးတည်းသော အားကိုးရာမှီခိုရာ ဖြစ်တော့သည်။ ထိုသဘောတရားကို သိ၍လည်း ကိုတလုတ်ဖြူတွင် တော်ရုံတန်ရုံ နာမကျန်းဖြစ်၍ နားနေခွင့်၊ အိပ်နေခွင့်၊ ဖျားနေခွင့် မရအောင် တစ်နေကုန် ကျောက်သွေးရရှာသည်။ မကြာမကြာ ညဘက် ဆယ်နာရီ ဆယ့်တစ်နာရီ ထိအောင် ရေနံဆီမီးခွက် တစ်ခွက်နှင့် တရှဲရှဲ အလုပ်လုပ်ရသည်။ နောက်တစ်နေ့ မိုးလင်းလျှင်လင်းချင်း နေမြင့်အောင် မအိပ်နိုင်ဘဲ ထ၍ လုပ်ရပြန်သည်။ အခုတော့ သူ့ရောဂါဝေဒနာမှာ အပ်နှင့် ထွင်ရမည်ကို ပုဆိန်နှင့် ပေါက်ထွင်ရတော့မလို ရှိနေလေပြီ။ ရောဂါဝေဒနာတစ်ခုခု ဖြစ်လျှင် ချက်ချင်း ကုနိုင်ပါက ပျောက်ကင်းသက်သာနိုင်ကြောင်းကို ကိုတလုတ်ဖြူ သိပါသည်။ သို့သော် သူ၏ဝမ်းရေးမှာ ရောဂါကုသနေနိုင်လောက်အောင် မကြွယ်ဝခဲ့။ မတ်တတ်စာသာ မရ,ရအောင် ရှာရသည်။ တုံးလုံးစာ အဖြစ်ဖြင့် ငွေပိုငွေလျှံ မရှိခဲ့။ တော်တော်ကလေး အခံရဆိုးလာမှ ဆရာနှင့် ကုရမှန်း သိရသည်။ သတိရနိုင်တော့သည်။ ထိုသို့ သိလာသောအခါတွင်လည်း ကြေးကြီးပေးရသော ဆေးဝါးဓာတ်စာနှင့် ဆရာဝန် စသည်တို့ကို မပြသနိုင်။ ပေါပေါရသော ဆေးမြီးတိုများနှင့် တော်စွာ ရော်စွာ အရပ်ဆရာတို့ကိုသာ သူ့အခြေအနေနှင့် လိုက်အောင် ပြသ ကုစားရရှာသည်။ သို့နေရင်းက ရင်အောင့်ပြီး ချောင်းဆိုးလာတာက အခံရခက်လာတော့သည်။ “ခင်ဗျားရောဂါက ဥဏှတေဇော အကြောင်းခံပြီး ဖြစ်တဲ့ မြစ်ခြောက်နာပဲ၊ အပူစာ မှန်သမျှ မစားနဲ့” ထိုမျှသာ ဆရာက ပြောသည်။ သူ့ဆေးကလေး အနည်းငယ် ပေးသည်။ ထို့နောက် စားသောက်ရန် ဟင်းကျွေးဓာတ်စာများကို ပေးသည်။ ကိုတလုတ်ဖြူသည် ခံနိုင်သမျှ အောင့်၍ခံကာ ဝမ်းစာအတွက် အလုပ်လုပ်ရရှာသည်။ သို့သော် ခါတိုင်းလို အလုပ် မတွင်ကျယ်တော့ပေ။ “မဖြစ်ဘူး မငွေစု၊ အင်္ဂလိပ် ဆရာဝန် ဆိုတာ ပြကြည့်ရ မကောင်းလား၊ ကြာကြာနေရင် ဒိထက် အလုပ်ပျက်မှာ စိုးရတယ်” ဟု သူ့မယားကိုသူ တိုင်ပင်ကြည့်ရတော့သည်။ သူ့ဝေဒနာမှာ သူ့အသက် ကျန်းမာဖို့ထက် အလုပ်လုပ်နိုင်ဖို့က အဓိကထားသလို ဖြစ်နေရှာသည်။ တကယ်ဆိုတော့လည်း ကိုတလုတ်ဖြူ၏ ဘဝအခြေအနေမှာ လူကျန်းမာမှ ထမင်းစားဖို့ အလုပ်လုပ်မည် ဖြစ်သည်ထက် အလုပ်လုပ်နိုင်မှ ထမင်းဝကာ ကျန်းမာရမလို ရှိသည်။ “ကဲ... ကိုတလုတ်ဖြူ ဆရာဝန်အခန်းထဲမှာ လူရှင်းရောပေါ့” မငွေစုက သူ့လင်ကို သူတိုက်တွန်းလိုက်သည်။ ကိုတလုတ်ဖြူမှာတော့ စားနိုင် သောက်နိုင်၊ ကုနိုင် သနိုင်သော လူတန်းစားများ ထွက်လိုက် ဝင်လိုက်ဖြစ်နေသည့်အတွက် ဆိုင်းငံ့နေရခြင်းဖြစ်သည်။ ဆရာဝန်ထံ ရောဂါကုသရအောင် လာကြသူများမှာ ကိုတလုတ်ဖြူထက် ကျန်းမာသန်စွမ်းကြရုံမက ရယ်လား မောလားနှင့် ဆရာဝန်အား စကားလက်ဆုံ ကျနေပါသေးသည်။ ကိုတလုတ်ဖြူနှင့်စာလျှင် ထိုရောဂါသည် ဆိုသူများမှာ သံချောင်း သံခဲတွေလောက် မာပါသေးသည်။ လူတွေအားလုံး ရှင်းကုန်မှ ဆရာဝန်သည် သူ့အလုပ်ကို သူသိမ်းရန် အပြင်ဘက်သို့ ထွက်လာသည်နှင့် ဆုံမိတော့သည်။ “အို... ခင်ဗျား ဝေဒနာပြဖို့လား၊ လာလေ ဝင်ခဲ့” ဤတွင် သူတို့လင်မယား ဝင်ဝံ့ ပြဝံ့တော့သည်။ ဆရာဝန်သည် နာရီဝက်နီးပါး စမ်းသပ်တီးခေါက်ကြည့်နေလေရာ၊ သူ့မယား မငွေစုမှာ စီရင်ချက် နာခံရမည့် တရားခံ၏ မယားတစ်ယောက်လို တထိတ်ထိတ် ဖြစ်နေရှာတော့သည်။ ဆရာဝန်က နောက်ဆုံး လက်ဆေးနေရင်းက... “အင်း... ခင်ဗျားဥစ္စာ တီဘီပဲ၊ တီဘီဆိုတာ အဆုတ်ရောဂါပေါ့၊ အတော်ဆိုးနေပြီ၊ ခင်ဗျား ဆေးရုံကို မြန်မြန်တက်ရင် ကောင်းမယ်” “ဆေးရုံတက်ပြီး ဘယ်လောက်နေရမလဲ ဆရာရယ်” “အနည်းဆုံး သုံးလ” “အင်း... သုံးလဆိုတော့” ကိုတလုတ်ဖြူသည် ကိုယ့်ဝမ်းနာ ကိုယ်သိ၍ ညည်းလိုက်မိသည်။ သုံးလ မပြောနှင့်၊ ဆယ်ရက် အလုပ်မလုပ်လျှင် မယားနှင့်ကလေးတွေ ငတ်ကြတော့မည်။ “ဒါဖြင့် အပြင်မှာ ကုမလား၊ ခင်ဗျားတို့ ကုနိုင်ပါ့မလား။ ဓာတ်မှန် ရိုက်ရမှာက ငွေနှစ်ဆယ်၊ ဆေးထိုးရမှာက အပြင်မှာ ဝယ်ယူရင် ဆေးဖိုးတင် ငွေတစ်ရာကျော် ကျမယ်၊ နောက်ပြီး သောက်ဆေးက သုံးဆယ်ဖိုးလောက် ကျမယ်၊ မနက်တိုင်း ညတိုင်း နွားနို့စစ်စစ် ငါးဆယ်သားလောက် နေ့တိုင်း သောက်ရမယ်၊ ကြက်ဥသုံးလုံး သုံးလုံး မှန်မှန် သောက်ရမယ်။ ဒါတွေထက် အရေးကြီးတာက လေကောင်း လေသန့် ပူနွေးတဲ့နေရာတို့၊ အိမ်တို့ကို ပြောင်းရွှေ့ နေရမယ်၊ စိတ်မချမ်းသာစရာ မှန်သမျှ ဘာမှမတွေးဘဲ အလုပ်မှန်သမျှ ရပ်နားပြီး အေးအေး နေရမယ်။ တတ်နိုင်ရင် သူနာပြုဆရာမတစ်ယောက် အမြဲတမ်း ငှားထားရမယ်။ အကောင်းတကာ့ အကောင်းဆုံး ပြောရမယ်ဆိုရင်

ချန်နယ်ကိုထောက်ပံ့ပေးချင်ရင် Kpay 650136272

ဒေါက်တာဖော်တီဂါ က မောင်မောင့် ပခုံးကို ဖိကာ ထလိုက်၏။ “လာ..ကောင်လေးတို့..ငါရော မင်းတို့ပါ မူးနေပြီ..ပြန်ကြစို့..ဟေ့...မနက်မှ ကျသလောက် ငါရှင်းမယ်..ဒီလာနေး” အော်သံကြောင့် ဘိလိယက်ထိုးလက်စ သာစည်ဌာနအုပ် စမစ်နှင့် ရာဇဝတ်အုပ်ကိုညီမောင်တို့ က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ဘိလိယက်ခုံရှေ့မှ ထွက်စဉ် မောင်မောင်က စမစ်ကို တစ်ချက်ပြန်ကြည့်လိုက်၏။ စမစ်က “ထွီ”ခနဲ တံတွေးထွေးဟန်လုပ်ပြသည်။ မောင်မောင်က မသိဟန်ဆောင်လိုက်၏။ အပြင်ဘက် ဘာဂီပေါ်တွင် ဘာဂီမောင်းသူက အနောက်တွင် အိပ်နေရာမှ လူးလဲထလာသည်။ မစ္စတာဖော်တီဂါကို သူတို့ ဘာဂီပေါ် တင်ပေးလိုက်၏။ “ဂျောင်း” ဘာဂီက ငြိမ့်ခနဲထွက်သွားသည်။ “ဒီမယ်..မောင်မောင်ရ” မစ္စတာဖော်တီဂါက စကားပြောလိုက်သော်လည်း မောင်မောင် ပါမလာ။ မောင်နီလည်း ပါမလာ။ ...................................................................................................................................... ဘိလိယက်ခုံပေါ်သို့ လွှားခနဲ တက်လာသည့် တစ်စုံတစ်ယောက်ကြောင့် ဌာနအုပ်စမစ်မှာ အလန့်တကြားမော့ကြည့်လိုက်သည်။ “မင်းမေလိုးလား..ဟေ့ကောင်” မောင်မောင် က စမစ်၏ မျက်နှာကို အရှိန်ဖြင့် ဖြတ်ကန်ချလိုက်၏။ ရုတ်တရတ်မို့ စမစ်မှာ ဘေးသို့ ယိုင်ကျသွား၏။ မောင်မောင်၏ ဘေးတိုက်အနေအထားတွင် ရှိနေသော ရာဇဝတ်အုပ် ကိုညီမောင်က သတိဝင်လာသည်။ မောင်မောင်ကို ကျူတံဖြင့် လွှဲရိုက်သည်။ “ဖြောင်း” မောင်မောင်၏ တင်ပါးတည့်တည့်သို့။ အနောက်မှ မောင်နီက ပုဆိုးကို ခါးတောင်မြှောင်နေအောင် ကျိုက်လိုက်သည်။ နောက်တချက် လွှဲရိုက်ရန် ပြင်နေသော ကိုညီမောင် ကို လက်ဝှေ့ထိုးနေကျ သူ့လက်ဖျံကြီးဖြင့် ယမ်းထည့်လိုက်၏။ ကိုညီမောင်မှာ ဖင်ထိုင်လျက် ကျသွားသည်။ စမစ် ပြန်ထလာ၏။ နောက်ထပ် ပုလိပ်အရာရှိတချို့က ကျူတံများဖြင့်။ တဖြောင်းဖြောင်း။ မောင်မောင်က စမစ်ထံသို့သာ ဦီးတည်ဝင်လုံးသည်။ မောင်နီက သူ့လက်တံ ခြေတံရှည်ကြီးဖြင့် သူတက်မြောက်ထားသော ဗန်ဒိုအကွက်များသုံးကာ ရသလောက် ရမ်းသည်။ ပထန်လူမျိုး စစ်ဗာရီကြီးသုံးဦးက ရန်ပွဲကို ဖြန်ဖြေ၏။ ထောင်ထောင်မောင်းမောင်းသန်သန်မာမာ စမစ်နှင့် မောင်မောင်မှာ မြေပြင်တွင် နပန်းသတ်နေဆဲ။ ကိုညီမောင် ထုတ်ပေးသော လက်ထိပ်ဖြင့် စစ်ဗာရီများက မောင်မောင်ကို ချုပ်ပြီး ခတ်သည်။ မောင်နီကတော့ ပုလိပ်သားသုံးယောက်နှင့် လုံးထွေးဆဲ။ စစ်ဗာရီကြီးများက လက်ထိပ်နောက်ပြန်ခတ်ပြီးသော မောင်မောင်ကို ကုတ် မှ ဆွဲဖယ်သည်။ ပါမလာ။ “အား..မဆွဲနဲ့..မဆွဲနဲ့..ခွေးသားတွေ..ဒီကောင့်ကို သွားမဆွဲနဲ့” အောက်မှ စမစ်က ကုန်းအော်သည်။ မောင်မောင်က စမစ်၏ ပါးတခြမ်းကို ကိုက်ထားသဖြင့် ဆွဲလေနာလေဖြစ်နေခြင်း။ စစ်ဗာရီကြီးများက မောင်မောင်ကို အတင်းထုနှက်ကာ ဆွဲခွာရသည်။ မောင့်မောင့်ကို လက်ထိပ်နောက်ပြန်ခတ် ကာ ဆွဲထူလိုက်ကြ၏။ ရာဇဝတ်အုပ်ညီမောင်က ကျူတံဖြင့် မောင်မောင့်ကို ပြေးရိုက်ရန်ပြင်သည်။ “ဒေါင်” မောင်မောင့်အနားပင် မရောက်လိုက်။ ဘိလိယက်အနီရောင်အသီးက ညီမောင်၏ မျက်လုံးတစ်ဖက်ကို မှန်ကာ အားခနဲ လဲသွား၏။ ဒဏ်ရာဗရပွနှင့် လံဘားကြီး မောင်နီ။ ကုပ်အင်္ကျီဝတ်ထားသော်လည်း ခါးတွင် ပုဆိုးက မရှိတော့။ သူ့လက်ဖဝါးကြီးထဲတွင် ဘိလိယက်သီး နှစ်လုံးကို အသင့်ကိုင်ထားသေးသည်။ “လာစမ်း...မအေဘေးတွေ..လာစမ်း” “ဒုတ်” ပုလိပ်တစ်ဦးက နောက်စေ့ကို ကျူတံဖြင့် ရိုက်လိုက်မှ မောင်နီ ခွေလဲကျသွားတော့၏။ ............................................................................................................................. သာစည်ဂါတ်။ ဌာနအုပ်ရော၊ ရာဇဝတ်အုပ်ပါ ပန်ချာပီဆရာဝန်ကြီးအိမ်ရောက်သွားကြလေပြီ။ အသစ်ပြောင်းလာခါစ ကရင်လူမျိုး ဆာဂျင်ကြီး စောဘလက်စ် မှာ ခေါင်းကို သာ နာနာကုတ်လျက်။ “မင်းအဖေ နာမည်” “ဖေးဖရစ်ရှပ်ကုမ္ပဏီ မန်နေဂျာ မစ္စတာတရေ့စ်” “ဟမ်” “မင်းအမေက ဗမာလား” “ဟုတ်တယ်..အမေရော..အဖေပါ ဗမာ” ကရင်ကြီး ခေါင်းကို ထပ်ကုတ်သည်။ “မစ္စတာတရေ့စ် ဆို” “မွေးစားအဖေပါ” “မင်းနာမည်ပြော” “မောင်မောင်” “မင်းသူငယ်ချင်း ဟိုကောင်က ပြောတော့ မင်းနာမည်က တစ်မျိုးပါ” “ဟုတ်တယ်..မောင်မောင် ဆိုတာ မွေးစားအဖေက ပေးထားတဲ့နာမည်..အဖေအမေအရင်းက ပေးထားတဲ့နာမည်ရှိတယ်” “အေး..အဲ့ဒီနာမည်ပြော” “စံဖဲ” ခက်ဇော် အခန်း(၂) သဘက်ခါ

နောက်ဆုံးတွင် သူ၏ အင်္ဂလန်မှ သားဖြစ်သူနှင့်ရွယ်တူဖြစ်သဖြင့် အလွမ်းပြေ မွေးစားခွင့်ပြုရန် ကိုလုံးထံ ခွင့်တောင်းခဲ့သည်။ “မောင်မောင်” ဟု အမည်ပြောင်းပေးပြီးနောက် သာစည်မြို့၊ အေဘီအမ်ကျောင်းအုပ်ဆရာကြီး ဦီးဘိုးလူထံ မစ္စတာတရေ့စ်ကိုယ်တိုင်အပ်နှံကာ ပညာသင်စေခဲ့၏။ ညပိုင်းတွင် မစ္စတာတရေ့စ်က အင်္ဂလိပ်စာအပြင် အခြား အသိပညာများကို သီးသန့်သင်ကြားပေးသည်။ ထို့ပြင် မစ္စတာတရေစ့် တောလိုက်ရာတွင် ခေါ်ယူသွားရာမှာ သေနတ်ပစ်ခြင်းကိုပါ သင်ယူစေခဲ့၏။ မောင်မောင်ကား မစ္စတာတရေ့စ်၏ သားအဖြစ်နှင့် မျက်နှာဖြူအရာရှိအသိုင်းအဝိုင်းတွင် နာမည်ကျော်သည်။ သေနတ်ပစ်လက်ဖြောင့်သလို...မဟုတ်သည့်ကိစ္စမှန်သမျှအရာတွင် မောင်မောင်သည် ကျော်ကြား၏။ သာစည်သို့ရောက်လာသော အိုင်းရစ်သား ဒေါက်တာဖော်တီဂါမှာလည်း မောင်မောင်နှင့် များမကြာမီ အဖွဲ့ကျသွားချေပြီ။ ............................................................................................................................ သာစည်၊ ဂါတ်ဘား။ သာစည်ဂါတ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသဖြင့် ဂါတ်ဘားဟု အလွယ်ခေါ်လိုက်ကြခြင်း။ အညာမြို့ခံများမှာမူ ထိုဘားဆိုင်ကို သူတို့နှင့် မသက်ဆိုင်သလို ဝေးဝေးကရှောင်ကြ၏။ အင်္ဂလိပ်အရာရှိငယ်အချို့၊ အင်္ဂလိပ်ကပြား၊ အိန္ဒိယ နှင့် ဗမာ ပုလိပ်အရာရှိများ၊ သစ်ကုမ္ပဏီ၊ စပါးကုမ္ပဏီများမှ ဥရောပသားများ၊ ရံဖန်ရံခါ ရှမ်းပြည်မှဆင်းလာတတ်သော အင်္ဂလိပ်စစ်ဗာရီအချို့သာ ကျက်စားရာ။ ဘားဆိုင်ဖွင့်ထားသူမှာ သစ်ကုမ္ပဏီမှ အင်္ဂလိုအင်ဒီယန်းကပြား မစ္စတာဒီလာနေး။ ခရိုင်ရဲဝန်ဒေါက်တာဖော်တီဂါ ဝင်လာသဖြင့် ဆိုင်ရှင် ဒီလာနေးမှာ ပျာယာခတ်သွား၏။ ဘိလက်ခုံမှ ထိုးလက်စ ပုလိပ်သားများပင် ရပ်တန့်သွားသည်။ အခြားမဟုတ်။ ဒေါက်တာဖော်တီဂါ နောက်မှ ပါလာသော ဗမာလူငယ်နှစ်ယောက်ကြောင့်။ မောင်မောင်ကတော့ မစ္စတာတရေ့စ် မွေးစားသားမို့ အားလုံးသိကြသည်။ အင်္ကျီဗလာကျင်း၊ ပုဆိုးခါးတောင်းကျိုက်၊ ခြေတံရှည်ရှည်ဖြင့် မောင်နီကို သူတို့ ကြောင်ကြည့်နေကြခြင်း။ “ဟေ့...ဒီလာနေး...ဒီနံရံက ကုတ်က မင်းဟာလား” ဒေါက်တာဖော်တီဂါက မေးလိုက်သည်။ “ဟုတ်ကဲ့ပါ..သခင်” “ဘယ်လောက်ပေးရလဲ” “လေးကျပ်ခွဲပါ သခင်” “လေးကျပ်ထားကွာ...ငါ့ကိုအခုရောင်းလိုက်..လကုန်မှယူ” “ဟုတ်ကဲ့ပါ...သခင်..ဟုတ်ကဲ့” ဒေါက်တာဖော်တီဂါက ကုတ်အင်္ကျီကို လှမ်းယူကာ မောင်နီထံ ပစ်ပေးလိုက်သည်။ “ဝတ်” မောင်နီက နားမလည်။ မောင်မောင်ကို လှမ်းကြည့်သည်။ “မင်းကို ဝတ်လိုက်လို့ပြောတာ” မောင်နီက သွားကို ဖြဲကာ ကုပ်အင်္ကျီကို ပျာပျာသလဲ ကောက်စွပ်လိုက်၏။ ကုတ်အင်္ကျီနှင့် ခါးတောင်ကျိုက်။ လိုက်ဖက်နေလေပြီ။ “ပုဆိုးကို ဖြည်လိုက်ဟ..စောက်တောသားရ” မောင်မောင်က ဟောက်သည်။ ငနီက ရယ်ကျဲကျဲနှင့် ပုဆိုးကို ဖြည်ချလိုက်၏။ ကြေမွနေသော အကွက်ကြဲပုဆိုးနှင့် မီးပူထိုးဖယောင်းတိုက်ထားသော ကုတ်အင်္ကျီနီညိုရောင်။ လိုက်ဖက်နေသော ပသာဒ ဖြစ်မှုကို ဘားတစ်ခုလုံး ကြောင်ကြည့်နေပြန်သည်။ “ဘရန်ဒီတစ်လုံးချ....ဝက်အူချောင်းကြော်ချ...ဆိုဒါနှစ်လုံး..မန္တလေးရထား ရောက်လား” “ရောက်ပါတယ်..သခင်” “အေး..ဒါဆိုရေခဲပါမှာပဲ..ရေခဲချ...ဟေ့..မိုင်ဖရန့်တို့ ချကြမယ်” ဘားထဲမှ ဥရောပသားအချို့က နှာခေါင်းရှုံ့လျက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။ မန္တလေးမှ ရထားဖြင့် အထူးမှာယူထားရသော ရေခဲတုံးလေးများ၊ ဘုရားသခင်ဖန်ဆင်းသော သစ်သီးတို့အား ပေါင်းစပ်ထားသည့် မွှေးပျံ့သော ဘရန်ဒီ။ “ချီးယား” သူတို့ သောက်ကြလေပြီ။ ............................................ သူတို့ မူးကြလေပြီ။ “မောင်မောင်..ဟိုမှာ ကျူတံကိုင်ထားတဲ့ အင်္ဂလိပ်ကောင်ကို မင်းသိလား” ဒေါက်တာဖော်တီဂါ ဇာတ်လမ်းစချေပြီ။ “သိတယ်လေ.ဌာနအုပ် စမစ် ပဲ” “အေး..ဒီကောင့်ယောက္ခမ က ရွှေဘိုကော်မရှင်နာမင်းကြီး မစ္စတာဘိုရေး တဲ့...ဒီကောင် စောက်ချိုးမပြေဘူး” “ဗျာ” “ငါက သူ့အထက်အရာရှိကွ..အဲ့ဒါ..ငါ့ကို နောက်ကွယ်မှာ.. အိုင်းရစ်ကျွန်ကောင် က ဆရာလုပ်တာခံနေရတယ်ဆိုပြီး အမြဲပြောတယ်..ပြီးတော့..ငါ့အလုပ်တွေကိုလည်း သူ့ယောက္ခမအားကိုးနဲ့ အမြဲတမ်း ကန့်လန့်တိုက်နေတာ..ဒီကောင်လုပ်တာနဲ့ ဗမာရာဇဝတ်အုပ်တွေကပါ ငါ့ကို မလေးစားကြတော့ဘူး” “အဲ့ဒီတော့ ခင်ဗျားက ဘာလုပ်ချင်တာလဲ” “ဒီည ဒီကောင့်ကို ငါတွယ်မယ်..မောင်မောင်” “ဟ” “ဟုတ်တယ်..ဒီ ယောက္ခမအားကိုး အင်္ဂလိပ်ကောင်ကို လုပ်ငန်းခွင်ထဲမှာတော့ မလုပ်ဘူး..ဒီညပဲ..အိုင်းရစ်သွေးပြရမယ်” “ဟေ့..ဒေါက်တာ..ခင်ဗျားက သူ့အရာရှိလေ” “ဘာဖြစ်တုန်း” “ခင်ဗျားလုပ်လိုက်ရင် ခင်ဗျားက ရာထူးရာခံနဲ့..ထိခိုက်လိမ့်မယ်.. ..အိုင်းရစ်သွေးလည်း ပြမနေနဲ့..ဒီလောက်လူပါးဝနေတာ..ကျုပ်တို့ အညာသားသွေးပြမယ်” “ဟေ” “သွား..ခင်ဗျားပြန်တော့..ကျုပ်နဲ့ မောင်နီချမယ်” “ဟာ..မလုပ်နဲ့...မင်း မလုပ်နဲ့ မောင်မောင်..မင်းအဖေနဲ့ငါ စကားများရမယ်” ဘေးနားမှ မောင်နီကတော့ သူတို့ပြောသမျှ ဘာမှ နားမလည်။ ဘရန်ဒီကိုကျိုက်သည်။ ဝက်အူချောင်းကို ကိုက်သည်။ “ဒီဘက်ကို ကြည့်နေပါလား..ရုပ်က သရော်တော်တော်နဲ့..ကျုပ်သွားလုပ်မယ်..‌ဒေါက်တာ” “ဟေ့..တော်ပြီ..မောင်မောင်.မင်းလည်း ပြန်မယ်..ငါလည်း ပြန်မယ်..မလုပ်နဲ့တော့..ထဟေ့”

ထို့နောက် အရှိန်ဖြင့်ထွက်ခါစ ဘာဂီပေါ်သို့ လွှားခနဲ ခိုတက်ကာ ပြတင်းပေါက်မှာ တဆင့် ခုန်ဝင်လိုက်သည်။ သို့သော် ပြတင်းတံခါးတွင် သူ့ခြေတံကြီးက တစ်နေသဖြင့် မောင်မောင်က အထဲသို့ ဆွဲသွင်းယူရ၏။ အရပ်မြင့်မြင့်၊ ခြေတံလက်တံရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ သျှောင်ငုတ်စိကို ထုံးထားသည့် အင်္ကျီဗလာကျင်း၊ ပုဆိုးခါးတောင်းကျိုက်လူငယ်ကို ဒေါက်တာ ဖော်တီဂါက က မျက်လုံးပြူးပြီး ကြည်နေ့သည်။ ဘာဂီမှာ ကျဉ်းသဖြင့် သူတို့အောက်တွင် ဂလန်ဂလားလူငယ်က သူ့ဒူးခေါင်းရှည်နှစ်လုံးကို ထောင်ကာ ထိုင်လိုက်၏။ “ဒေါက်တာ..သူ့နာမည်က မောင်နီတဲ့...Red..Mr.Red ပေါ့...ကျွန်တော်တို့ တစ်ရွာတည်းသားသူငယ်ချင်းပဲ” ဒေါက်တာဖော်တီဂါက သဘောတကျဖြင့် မောင်နီအား လက်ကမ်းပေးလိုက်သည်။ မောင်နီက သူ့လက်တံရှည်ကြီးကို ထုတ်ကာ ပြန်ကမ်းပေးလိုက်ရင်း ပါးစပ်မှ ပြောလိုက်၏။ “ဘလယ်ဒီဖူး..မာစတာ..ဘလယ်ဒီဖူး” ဒေါက်တာဖော်တီဂါမှ မအီမလည်မျက်နှာဖြင့် မောင်မောင်အား လှမ်းကြည့်လိုက်သည်။ မောင်မောင်က ရယ်လိုက်၏။ “ဒီလို...ဒေါက်တာရဲ့...ကျုပ်တို့ရွာမှာ အင်္ဂလိပ်ဆိုလို့..ရွာကို လာတဲ့ သစ်ကုမ္ပဏီက အရာရှိတစ်ယောက်ကို ကောင်းကောင်းကြုံဖူးကြတာ..ဟိုလူက သူ့ အစေခံ အိန္ဒိယသားကို စိတ်တိုင်းမကျတိုင်း ဘလယ်ဒီဖူး..ဘလယ်ဒီဖူး ဆိုပြီး အကျယ်ကြီးဆဲတယ်လေ...ဟိုလူကလည်း သူ့ဘယ်လောက်ဆဲဆဲ ရယ်ကျဲကျဲနဲ့ပဲ..အဲ့ဒါနဲ့...တစ်ရွာလုံးက အင်္ဂလိပ်စကား ဘလယ်ဒီဖူး ဆိုတာ ‌ကောင်းတာပြောတယ်ပဲ...အလွတ်မှတ်ထားမိကြတာ..ဒါကြောင့်ပါ..ဟဲဟဲ” ဒေါက်တာဖော်တီဂါက သဘောကျစွာဖြင့် တဟားဟား အော်ရယ်လိုက်သည်။ ထို့နောက် မောင်နီ၏ လက်ကို ဆွဲကိုင်ရင်း..အားရပါးရအော်လိုက်၏။ “ဘလယ်ဒီဖူး..ဘလယ်ဒီဖူး” ............................................................................................................................................. အင်္ဂလိပ်တို့ မန္တလေးနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ၂၉ နှစ်အကြာ။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှအင်ပါယာသည်လည်း ပြင်သစ်၊ရုရှားတို့ဘက်မှ ကမ္ဘာစစ်တွင် ပါဝင်ခဲ့ပြီး ဂျာမနီ၊ တူရကီ၊ သြစတြီးယားနိုင်ငံတို့အား တိုက်ခိုက်ခဲ့ကြ၏။ ထိုစစ်ပွဲအတွင်း မြန်မာနိုင်ငံအပါအဝင် ဗြိတိသျှကိုလိုနီနိုင်ငံမှ စစ်သားအများအပြားပါ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရသည်။ ပထမကမ္ဘာစစ်စတင်ဖြစ်ပွားပြီး နှစ်နှစ်အကြာတွင် ဗြိတိသျှအင်ပါယာအတွင်းမှ ကိုလိုနီနိုင်ငံများမှ စီးပွားရေး စတင်ကျဆင်းလာကြ၏။ ၁၉၁၈ နိုဝင်ဘာ ၁၀ ရက်နေ့တွင် စစ်ပွဲ၏ အဓိကဇာတ်ကောင် ဂျာမန်ကိုင်ဇာဘုရင် ထီးနန်းစွန့်သွားခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့ မိုးသောက်ယံအချိန်တွင် ပထမကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့လေသည်။ ပထမကမ္ဘာစစ်တွင် ဗြိတိသျှအင်ပါယာသည် စစ်နိုင်သည့်ဘက်မှ ဖြစ်သော်လည်း ပေးဆပ်မှုများစွာရှိခဲ့၏။ ယင်းမှာ လက်အောက်ခံကိုလိုနီနိုင်ငံမှ စစ်သည်အများအပြားကို ပထမကမ္ဘာစစ်တွင် အသုံးပြုခဲ့ရပြီး စစ်ပွဲအတွေ့အကြုံပေးလိုက်ခြင်းပင်။ ပထမကမ္ဘာစစ်အတွင်း ဆေးတပ် ကပ္ပတိန်အဆင့်ဖြင့် ပါဝင်ခဲ့ရသော ဗြိတိန်လက်အောက်ခံ အိုင်ယာလန်မှ ဆရာဝန် ဒေါက်တာဖော်တီဂါအိုးနေးလ် သည် စစ်ပွဲပြီးသည့်နောက် အရပ်ဘက်ဝန်ထမ်းအဖြစ် ဗြိတိသျှကိုလိုနီ မြန်မာပြည်သို့ ခရိုင်ရဲဝန်နှင့် ဆရာဝန်ကြီးအဖြစ် တာဝန်ကျလာခဲ့သည်။ ဒေါက်တာဖော်တီဂါမှာ အိုင်းရစ်လူမျိုးဖြစ်သည့်အပြင် အသက်(၃၀)အရွယ်ခန့်သာရှိသေးသဖြင့် အခြားလူလတ်ပိုင်း အင်္ဂလိပ်လူမျိုးများနှင့် အစေးမကပ်လှ။ အထူးသဖြင့် သူ၏ လက်အောက်မှ အင်္ဂလိပ်လူမျိုးရာဇဝတ်အုပ်များအတွက် အထက်အရာရှိ မှာ အိုင်းရစ်လူမျိုးဖြစ်နေသည့်အတွက် မခံချိမခံသာဖြစ်နေကြသည်။ ထို့ကြောင့် ဒေါက်တာဖော်တီဂါမှာ အသက်ကြီးပိုင်းဖြစ်သော ဖေးဘရစ်ရှပ်သားရေကုမ္ပဏီအရာရှိ မစ္စတာတ‌ရေ့စ်၊ အရေးပိုင်ကြီး မစ္စတာမာတင်တို့နှင့်သာ အတွဲများ၏။ မစ္စတာတရေ့စ်သည် အင်္ဂလန်တွင် အိမ်ထောင်နှင့်သားသမီးများရှိသော်လည်း သာစည်တွင် တစ်ဦးတည်းလာရောက်နေထိုင်သူဖြစ်သည်။ ဖေးဘရစ်ရှပ်သားရေကုမ္ပဏီကို ဒိန်းမတ်လူမျိုး မစ္စတာ အက်ဖ်စီ ဖေးဖရစ်ရှပ် က ၁၈၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၏။ ၁၉၁၀ ပြည့်နှစ်တွင် သာစည်မြို့၌ ဖေးဖရစ်ရှပ်ကုမ္ပဏီခွဲကို ဖွင့်လှစ်ခဲ့ပြီး ကျွဲသားရေ၊ နွားသားရေများ ရောင်းဝယ်ရေးကို စတင်ခဲ့သည်။ စကော့တလန်သား မစ္စတာတရေ့စ်မှာ ဖေးဖရစ်ရှပ်ကုမ္ပဏီခွဲ၏ ဒေသဆိုင်ရာမန်နေဂျာအဖြစ် ရောက်ရှိလာခဲ့ပြီးနောက် ပျော်ဘွယ်မြို့မှ သားရေအဝယ်တော်ကိုယ်စားလှယ်ဖြစ်သူ ကိုလုံး နှင့် ခင်မင်ရင်းနှီးခဲ့၏။ ကိုလုံးနှင့် ဇနီးဖြစ်သူ မသင်တို့မှာ သားသမီးမထွန်းကားသဖြင့် သာစည်နယ်၊ ဂုံညင်းနွယ်ဘွဲ့ခြားရွာမှ မသင်၏ မောင်ဖြစ်သူကို မွေးစားခဲ့ကြသည်။ ထိုလူငယ်မှာ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်၊အင်္ဂလိပ်ကျောင်းတွင် ငါးတန်းအောင်သည်အထိ တတ်မြောက်ခဲ့၏။ ကိုလုံးမှာ အလုပ်ကိစ္စဖြင့် မစ္စတာတရေ့စ်ရှိရာ သာစည်သို့ သွားသည့်အခါ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကျွမ်းကျင်သော မွေးစားသားတဖြစ်လဲ လူငယ်ကို ခေါ်ယူသွားရသည်။ မစ္စတာတရေ့စ်မှာ အင်္ဂလိပ်စာ၊စကားကို ကျွမ်းကျင်စွာပြောတတ်သည့် ထိုလူငယ်လေးကို ခင်မင်ခဲ့၏။

The Rebels of Anyar 1920s အခန်း(၁) ............................. ၁၉၂၄ ခုနှစ်။ ဒီဇင်ဘာလ ၂၄ ရက်။ ညနေ ၃ နာရီအချိန်။ သာစည်မြို့၊ အရှေ့ပိုင်း၊ ရွှေမင်းဝံတောင်ရိုးအစပ်တစ်နေရာ။ လေထဲတွင် ရှေ့ဆင့်နောက်ဆင့် မြောက်တက်သွားသော “အေစကော့”ကုမ္ပဏီတံဆိပ် ဘိလပ်ရည်ပုလင်းလွတ်နှစ်လုံး။ “ဒိုင်း” “ဒိုင်း” ခြောက်လုံးပြူးသေနတ်သံက နှစ်ချက်။ “ခွမ်း” ပုလင်းကွဲသံတစ်ချက်။ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ တစ်လုံးကား ကြေမွ၊ တစ်လုံးကား အကောင်းပကတိ။ “Bloody Fool” ခရိုင်ရဲဝန် ဒေါက်တာ ဖော်တီဂါအိုးနေးလ် က တစ်ချက် ဆဲရေးလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ သေနတ်ကို နံဘေးမှ အသက်(၁၉)နှစ်အရွယ် လူငယ်အား ကမ်းပေးလိုက်၏။ “မောင်မောင်..မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေကွာ” မောင်မောင်ဆိုသည့် လူငယ်က ပြုံးရယ်လျက် ခြောက်လုံးပြူးကို ယူလိုက်၏။ ကော်စမတ်တစ်ရွှဲနေအောင်လိမ်းထားပြီး နောက်သို့လှန်ဖီးထားသည့် ဘိုကေ။ အသား ခပ်လတ်လတ်၊ နှုတ်ခမ်းထူထူ ၊ သွားဖွေးဖွေးတို့ ပေါ်အောင် ပြုံးတတ်သော ထိုလူငယ်။ လူငယ်က သူ့လက်ထဲရောက်လာသည့် ခြောက်လုံးပြူး၏ ကျည်အနေအထားကို စစ်ဆေးသည်။ နောက်ထပ် ဘိလပ်ရည်ပုလင်းလွတ်နှစ်လုံးကို ကိုင်ကာ အသင့်ဖြစ်နေသော ဗလထွားထွား အိန္ဒိယသား ရုံးလုလင်ကြီးကို ခေါင်းဆတ်ပြလိုက်သည်။ ပုလင်းနှစ်လုံးက လေထဲတွင် လွင့်ခနဲ။ “ဒိုင်း” “ဒိုင်း” “ခွမ်း” “ခွမ်း” လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ သူတို့ပြိုင်ပွဲကို ထိုင်ကြည့်နေကြသော ဖေးဘရစ်ရှပ်သား‌‌ရေ ကုမ္ပဏီမှ အရာရှိ မစ္စတာ တရေ့စ် ၊ သာစည် အိုင်စီအက်စ် အရေးပိုင် မစ္စတာမာတင် နှင့် နောက်လိုက်ဝန်ထမ်းများထံမှ ထွက်ပေါ်လာခြင်းပင်။ ဒေါက်တာ ဖော်တီဂါက ရှက်ရယ်ရယ်လိုက်သည်။ ထို့နောက် မောင်မောင်ထံသို့ သွားက ပုခုံးကို ဖက်လိုက်၏။ “မင်းကတော့ ဘုရားပေးတဲ့ လက်ပိုင်ရှင်ပဲ..မောင်မောင်..ဂုဏ်ယူပါတယ်ကွာ” မောင်မောင် က မစ္စတာဖော်တီဂါကို လက်တစ်ဖက်ဖြင့် ဆလုရိုက်ဟန်ပြုကာ အင်္ဂလိပ်ဘာသာစကားဖြင့်ပင် ပြန်ပြောလိုက်သည်။ “ကမ္ဘာစစ်ပြန်ကြီးတစ်ယောက်ကို အနိုင်ယူလိုက်ရတာ..အားနာပါတယ်ဗျာ..ကျွန်တော့်ကို ခွင့်လွှတ်ပါ..ဒေါက်တာ” ဒေါက်တာဖော်တီဂါနှင့် မောင်မောင်တို့ အနားသို့ မစ္စတာတရေ့စ်နှင့် မစ္စတာမာတင်တို့ ရောက်လာကြသည်။ “ငါ့သား” မစ္စတာတရေ့စ်က မောင်မောင်ကို ဂုဏ်ယူစွာဖက်လိုက်၏။ “ဟေ့..တရေ့စ်...မင်း သား က အတော်လေးကို လက်ဖြောင့်နေပါလား..ဟိုက်စကူးပြီးရင်တော့ ပုလိပ်အရာရှိကျောင်းပို့ကွာ” ဆံပင်ဖြူဖြူ၊ ခါးကိုင်းကိုင်း အရေးပိုင်းမစ္စတာမာတင်က ရယ်မောရင်း ဆိုလိုက်သည်။ “တရေ့စ်ရေ...ကျုပ်က အရှုံးသမားဆိုတော့ ဒီက သူရဲကောင်းကို ညစာကျွေးမယ်လို့ ကတိပေးထားသဗျာ..အဲ့ဒါ..ခင်ဗျားတို့ လိုက်ကြဦးမလား” ဒေါက်တာဖော်တီဂါ စကားကို မစ္စတာတရေ့စ်က ခေါင်းခါလိုက်သည်။ “ဆောရီးပါ..ဒေါက်တာလေး..မနက်ဖြန် ခရစ္စမတ်နေ့ဆိုတော့ ကျုပ် ကုမ္ပဏီလုပ်သားတွေ ပါတီပွဲအတွက် ပြင်ဆင်နေတာကို သွားကြည့်ရဦးမယ်..ကျုပ်သားကို ခင်ဗျားဆီပဲ စိတ်ချစွာ အပ်ခဲ့ရမှာပေါ့” “မာတင်..ခင်ဗျားရော” “ကျုပ်က အသက်ကြီးပါပြီဗျာ..ညဆို ဝိုင်လေးတစ်ခွက်လောက်သောက်ပြီး အသားလေးတစ်ဖတ်နှစ်ဖတ်စား၊ စာအုပ်လေးဘာလေးဖတ်ပြီး တန်းအိပ်တော့တော..ကိုယ့်လူတို့ပဲ သွားကြပါ” “ကဲ..ဒါဆိုလည်း မောင်မောင်နဲ့ ကျုပ်ပဲ‌ပေါ့” ဒေါက်တာဖော်တီဂါ က သူ့ခြောက်လုံးပြူးသေနတ်ကို သေချာစွာ ကျည်ရှင်းပြီး ရှေ့မှ ထွက်သွား၏။ “မောင်မောင်..ခဏ” မစ္စတာတရေ့စ်က မောင်မောင် ကို ခေါ်လိုက်သည်။ ထို့နောက် အနီးသို့ ကပ်ကာ လေသံတိုးတိုးဖြင့် “အရမ်းမိုးမချုပ်စေနဲ့..အများကြီးမသောက်နဲ့..ပြီးတော့..ဒီဆရာဝန် က ပြဿနာကောင်နော်..မင်းကိုယ်မင်း ဂရုစိုက်ပါ..ငါ့သား” “စိတ်ချပါ..ဒယ်ဒီ..ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်” မောင်မောင်က ခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်သည့် ဒေါက်တာဖော်တီဂါထံသို့ ပြေးလိုက်သွားသည်။ သူ့အနားသို့ရောက်လာသော မောင်မောင်ကို ဒေါက်တာဖော်တီဂါက တချက်မျက်လုံးစွေကြည့်လိုက်၏။ “ဘယ်လိုလဲ..အဘိုးကြီးက ထုံးစံအတိုင်းမှာလိုက်ပြန်ပြီလား” “ဒါပေါ့ဗျာ..ခင်ဗျားနဲ့ကျုပ် ပေါင်းမိမှာ သူကြောက်နေပြီ..ဟားဟား” “အေး..ငါလည်း မင်းကို ခေါ်ထုတ်လို့ရအောင်..တမင် သေနတ်တချက်ကို လွှဲပစ်လိုက်တာဟ” “ဟုတ်လို့လားဗျာ..မထိရင် မထိဘူးပေါ့” “အေး..ဘားရောက်မှ အဲ့ကိစ္စ ထပ်ငြင်းကြတာပေါ့..ခွေးကောင်လေး” မြင်းနှစ်ကောင်ဆွဲသော ဒေါက်တာဖော်တီဂါ၏ ဒေါက်ကပ်ပေါ်သို့ သူတို့နှစ်ယောက် တက်လိုက်ကြသည်။ “ဒါနဲ့..ဒေါက်တာ ဖော်တီဂါ..ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို ခေါ်လို့ရမလား” “ရတာပေါ့ကွ..နှစ်ယောက်တည်းဆို ပျင်းပျင်းရှိနေတာနဲ့..ခေါ်ခေါ်” “ဗမာလူမျိုးနော်” “အေးပါ” “အညာသားပဲနော်” “ဟ..မင်းလည်း အညာသားပဲမဟုတ်လား” “တခြားမဟုတ်ပါဘူး..ခင်ဗျားတို့ အင်္ဂလိပ်တွေက..အညာသားဆို ကြောက်ကြလွန်းလို့..ဟားဟား” “ဟေ့ကောင်..ငါ အင်္ဂလိပ်မဟုတ်ဘူးကွ..အိုင်းရစ်..အိုင်ယာလန်ပြည်သားကွ” “ဟုတ်ပါပြီ...ဒါဆိုခေါ်လိုက်မယ်” မောင်မောင်က ဘာဂီတံခါးကို ဖွင့်၊ လက်နှစ်ဖက်ကိုအုပ်ကာ နှုတ်ခမ်းနားတွင် ကပ်လျက် ချိုးကူသံ ပေးလိုက်၏။ ကွင်းပြင်အစပ်မှ လူငယ်တစ်ယောက်ပြေးထွက်လာသည်။

photo content

<မီးတောက်ကိုချုပ်ကိုင်တဲ့သူ> “ဦးမင်း ပြောခဲ့တဲ့စကားကို ဦးမင်း မှတ်မိပါ တယ်နော်၊ မီးကို စက္ကူနဲ့ထုပ်နိုင်တဲ့တစ်နေ့မှာ ငါ့သမီးကို မင်းလာတောင်း၊ ငါ စဉ်းစားမယ်ဆိုတာ” “အေး. . . ဟုတ်တယ်၊ ပြောခဲ့ဖူးတယ်” “ဦးရဲ့ အတွေးအခေါ်ကို ကျွန်တော် လေးစားပါတယ်။ ‘မီး’ ကို စတင်တွေ့ ရှိတာဟာ လူ့ယဉ်ကျေးမှု အတွက် အင်မတန်အရေးကြီးတဲ့ အချက်ပေကိုး” “အင်း” “စက္ကူကို တီထွင်နိုင်ခဲ့တာလည်း လူ့ယဉ်ကျေးမှုကို အပြောင်းအလဲဖြစ်စေခဲ့တာပဲ။ စက္ကူကို တီထွင်သူဟာ တရုတ်လူမျိုးတို့ရဲ့ ‘ဟိုတီ” နန်းတော်ထဲက ပညာရှိ ‘နိုင်းလွန်” လို့ ပြောနေကြတယ်။ အေဒီ ၁ဝ၅ နှစ်မှာတို့ ဘာတို့ပေါ့၊ မဟုတ်သေးပါဘူး ဦးမင်းရယ်၊ တကယ့် တကယ်ကျတော့ စက္ကူကို နကျယ်ကောင်တွေက စပြုလုပ်တာပါ” “ဘာ” “အမှန်ပဲ ဦးမင်းရဲ့၊ သူတို့ဟာ နကျယ်အိမ် ဆောက်ဖို့အတွက် သစ်သားစကလေးတွေကို ဝါးပြီး စက္ကူဖြစ်အောင် လုပ်ခဲ့ကြတယ်။ အဲဒါကိုမှ လူက လိုက်တုတာပါ။ အီဂျစ်တွေကဆိုရင် Papyerus ဆိုတဲ့ ကျူပင်တစ်မျိုးကနေ စာရေးရမယ့် ပိတ်စပုံစံ ‘ဖြတ်ပိုင်း’ တွေကို ထုတ်လုပ်ခဲ့ကြတယ်၊ အာရပ်တွေဆီကို” “အင်း. . . ထားပါတော့၊ လိုရင်းကိုပြောကွာ” “ဪ. . . အဟင်း. . . ဒီလိုပါပဲ၊ ဟိုလေ. . . ကျွန်တော် ပြောချင်တာက ဘာပဲပြောပြော မီးကို စက္ကူနဲ့ ထုပ်ပိုးဖို့ဆိုတာ မလွယ်ပါဘူး၊ ကျွန်တော် အတော်ကိုကြံဆတွေးတောရပါတယ်၊ အဲဒီလို တီထွင်နိုင်ဖို့ ဦးမင်းရဲ့စမ်းသပ်ချက်ကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ဆိုတာကလည်း ကျွန်တော့်အနေနဲ့ တွေးခေါ်မှုစနစ်မျိုးစုံကို လေ့လာခဲ့ ရပါတယ်။ ဒီဘိုးနိုးတို့၊ ပီတာ ဒရက်ဘာတို့တင်မကဘဲ...’’ “တော်ပါတော့ကွာ. . . မင်း ဘယ်လို လုပ်လာသလဲဆိုတာကို ပြော” “ကျွန်တော်ပြောရင် ဦးမင်း အံ့ဩသွားမှာပါ။ အမေရိကတိုက်ကို တွေ့ခဲ့တဲ့ ကိုလံဘတ်စ် ဘဲဥကို ထောင်ပြသလိုပေါ့” “မင်း တော်တော်လေရှည်တဲ့ကောင်ပဲကွာ. . .ငါ့မှာ အချိန်မရဘူး” “ဒါဆိုရင်လည်း ဒီမှာကြည့်ပါတော့ ဦးမင်းရယ်၊ ကျွန်တော် မီးကို စက္ကူနဲ့ထုပ်ထားလိုက်ပါပြီ၊ ဒီမီးပုံးလေးဟာ မီးကိုထုပ်ပိုးထားတဲ့ စက္ကူမီးပုံးပါ” “ဪ. . . မင်း မဆိုးဘူးပဲ” “ဟုတ်ကဲ့. . . အဟဲဟဲ. . . ဟုတ်ကဲ့၊ ကျွန်တော် အောင်မှတ်ရပြီပေါ့နော်” “အေး. . . မင်းက အောင်မှတ်ရပါတယ်၊ ဒါပေမဲ့ ဂုဏ်ထူးမှတ်ရသွားသူက ရှိတယ်ကွ” “ဗျာ” “အေး. . . ဟုတ်တယ်၊ နောက်မှ ငါစဉ်းစားမိတယ်၊ မီးကို စက္ကူနဲ့ ထုပ်တာကမှ လွယ်ဦးမယ်၊ ကျွတ်ကျွတ်အိတ်နဲ့ ထုပ်နိုင်ဖို့က မလွယ်ဘူး၊ အဲဒါကြောင့် စက္ကူမီးပုံးလုပ်တဲ့ မင်းနဲ့ ပေးစားမယ့်အစား ကျွတ်ကျွတ်အိတ် မီးပုံးပျံလုပ်တဲ့ ဒဂုံမြောက်က မောင်မောင်မြင့်ဦးဦးမြင့်နဲ့ပဲငါ့သမီးကို ပေးစားတော့မယ်” “ဗျာ...” #တာရာမင်းဝေ ———————————