936
Subscribers
+2024 hours
+857 days
+30530 days
Posts Archive
936
ထိုအခိုက်တွင် ညွန့်ညွန့်၏ဖခင်သည် စိတ်မကျေနပ်သဖြင့် ထပ်မံလိုက်လံရှာတွေ့ဦးမည်ဟု စိတ်ကူးပြီး လိုလိုမယ်မယ်ခြောက်လုံးပြုးကို ယူသွားရန် အိပ်ရာသို့သွားလေ၏။ ခေါင်းအုံးအောက်၌ ထားသော ခြောက်လုံးပြူးမရှိတော့သည်ကို တွေ့ရလေ၏။ ထိုအခါ လွန်စွာထိတ်လန့်ခြင်းဖြစ်လျက် ပျာရိပြာယာ ဆင်းပြေးလာပြီး အမယ်ကြီးအား အကျိုးအကြောင်းကို ပြော၍ပြလေ၏။ အမယ်ကြီးလည်း လွန်စွာကြောက်ရွံ့လျက် “အမယ်လေး ငါ့ သမီး သေပါပြီ။ ကိုယ့်ကိုယ်ကို ကိုယ်သတ်ပြီး သေပါပြီ။ သေရင် မင်းကြောင့်ပဲ၊ မင်းဘာပြုလို့ သူ့ကို မရမကကြံရသလဲ၊ မင်းကို မကြိုက်လို့ဆိုတာ သိပြီမဟုတ်လား၊ ငါ့မြေး ငယ်ငယ်ကလေး ရှိသေးတယ်။ ယောက်ျားမလိုချင်သေးပါဘူးလို့ ပြောပါလျက် မင်း ဘာပြုလို့ စကားလာပြီး တောင်းရသလဲ”ဟု ဝတ်လုံအား ပြော လေ၏။
ထို့နောက် သားမက်ဘက်သို့ လှည့်ကာ “မင်းကလဲ ကြံဖော်ကြံဘက်ပဲ။ မင်းလာပြီး ပေးစားရန် အကြံပြု၍ဖြစ်တာ၊ မင်းမလာရင် ငါ့မြေးကလေးလိုနေမှာပဲ။ အခု ဘယ့်နှယ်လုပ်မလဲ။ ငါ့မြေးခြောက်လုံးပြူးနဲ့သေပြီ။ အမယ်လေး သေပါပြီ
သေပါပြီ တော့။ မင်းတို့ဒီလိုပဲထိုင်ပြီး မှိုင်နေကြတော့မှာလား။ ဘာမှ မတတ်နိုင်ကြတော့ဘူးလား” စသည်ဖြင့် ဆူပူလေရာ ဝတ်လုံတော်ရမင်းနှင့် သားမက်မှာ ညွန့်ညွန့်အတွက်လည်းပူ၊ အမယ် ကြီးကလည်း ဆူလျက် အခက်ကြုံ၍နေကြလေ၏။
ထို့နောက် နှစ်ယောက်သား ညွန့်ညွန့်ကိုရှာရန် အိမ်မှအထွက်တွင် ကြီးစွာအားရဝမ်းသာခြင်းဖြစ်ကြလေ၏။ အကြောင်းမူကား ခြံဘက်သို့ မောင်းနှင်၍လာသော ညွန့်ညွန့်၏ကားကို မြင်ကြရလေ၏။
ကား၏နောက်၌လည်း အခြားကားကြီးတစ်စင်းသည်လည်း ပါ၍လာလေ၏။
မကြာမီ ကားနှစ်စင်းလာ၍ရပ်ပြီး တစ်စီးမှ ဒရိုင်ဘာကလေး တစ်စီးမှ ညွှန့်ညွန့်ဆင်း၍ လာလေရာ အံ့အားသင့်၍နေကြလေ၏။ အမယ်ကြီးသည် ညွန့်ညွန့်ကိုပြေး၍ဖက်လေ၏။
အမျိုးမျိုး သူတစ်ခွန်း ငါတစ်ခွန်း မေးကြလေ၏။
ကောင်ကလေးက မိမိကို ရန်သူလက်မှ ညွန့်ညွန့် ကယ်ဆယ်ကြောင်း၊ သို့အတွက် အလွန်ကျေးဇူးတင်ပြီး ညွန့်ညွန့်ကို ကျေးဇူးဆပ်ဖို့ အိမ်အထိ လိုက်လာကြောင်း စသည်ဖြင့် ပြော၍ပြလေ၏။
ညွန့်ညွန့်ကလည်း များစွာထောက်ခံလေ၏။ ဝတ်လုံတော်ရ မင်းသည် ကောင်ကလေးကိုမြင်လျှင် အံ့သြ၍နေလေ၏။
“မင်း ဘယ့်နှယ် ဒီရောက်နေသလဲ”
“ကျုပ်အဖေ ဆုံးသွားလို့ သည်အတွက် တောမှာမနေချင်တာနဲ့ ရန်ကုန်မှာလာနေတယ်”
“အခု ဘယ်လမ်းမှာလဲ”
“လန်ကတ်စတာလမ်း (ယခု ပန်တျာကျောင်းလမ်း)မှာ”
“ဘယ်သူနဲ့နေသလဲ”
“တစ်ယောက်တည်းပဲ၊ အစေခံနှစ်ယောက် စာရေးတစ်ယောက်ပဲ အဖော်ရှိတယ်”
ကောင်မကလေးသည် ထိုစကားများကို ကြားရသောအခါ ကောင်ကလေးကို ကြောက်ရွံ့သောမျက်နှာမျိုးနှင့် ကြည့်၍နေ လေ၏။
အဘွားကြီးက ကောင်ကလေးကိုကြည့်ပြီး "မင်းဘယ်သူ့ သားလဲ"
မြေပိုင်ရှင်ဦးနှင်းသားပါပဲ။
"ဪ ခြောက်လလောက်က ကညွတ်ကွင်းမှာ အနိစ္စရောက်တဲ့ ဦးနှင်းလား။ ဩော် အဘွားရဲ့ ငယ်သူငယ်ချင်းကြီးသားပါကလား။ မင်းအဖေနဲ့ အဘွားဆိုတော့ ကျောင်းနေဖက်ပေါ့။ အဘွား ငယ်ရည်းစားကွယ့်။ မင်း အမေ မလုပ်က အဘွားထက် သတ္တိကောင်းလို့ မင်းအဖေကို ရသွားတာကလား"
ညွန့်ညွန့်နှင့်ဖခင်သည် ပြုံး၍နေ၏။ ညွန့်ညွန့်က အဘွားကြီးအား မိမိတို့ကလေးချင်း ချစ်ကြိုက်နေကြောင်း တိုးတိုးကလေးပြော၍ပြရာ အဘွားကြီးက အားရဝမ်းသာပြုံးရယ်ကာ "လာ လာမောင်၊ အိမ်ပေါ်ကိုတက်ပါဦး ဟေ့ မောင်ဖေမောင်၊ ဒီသူငယ် မော်တော်ကားကို ကားရုံထဲတဆိတ် သွင်းလိုက်စမ်းကွယ်"ဟု ပြောပြီး အမယ်ကြီး ညွန့်ညွန့် ၄င်း၏ဖခင် ကောင်ကလေးပါ။ လေးယောက်သား အိမ်ပေါ်သို့တက်ကြပြီး ချိုအေးသောလက်ဖက်ရည် အဖျော်ရည်တို့နှင့် မုန့်များကိုစားရင်း စကားပြော၍ နေကြလေ၏။
အမယ်ကြီးက ရှေးကြောင်းနောက်ဖြစ်တွေကို ပြောပြကာ တဟားဟားရယ်မော၍ နေကြလေ၏။ ထို့နောက် ကောင်ကလေး၏ အခြေအနေကို သိကြလေ၏။ အိမ်ရာခြံမြေဘဏ်ရှိ ငွေများအပြင် လယ်ဧကတစ်သောင်းခန့်၏ ပိုင်ရှင်ဖြစ်ကြောင်း သိကြရလေ၏။
ထိုအခိုက်တွင် ဝတ်လုံတော်ရမင်းသည် အိမ်ပေါ်မှပြောကြသော စကားများကို လှေကားမှနားစိုက်၍ထောင်လေရာ “ဟေ့ မောင်ရင် မင်းပြန်တော့မလို့လား၊ ညဉ့်နက်ပါပကော၊ ယနေ့ည ဒီမှာပဲအိပ်ပါလား" ဟု ကောင်ကလေးအား အမယ်ကြီးပြော လိုက်သောစကားကို ကြားရသဖြင့် စိတ်လျှော့ပြီး လှေကားမှခြေသံ မကြားရအောင် သူခိုးလိုဆင်း၍သွားလေ၏။
နောက်တစ်လလောက်ကြာရှိသောအခါ ညွန့်ညွန့်နှင့် သူငယ် ကလေး၏ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲ အတ္ထုပ္ပတ္တိကို ရန်ကုန်မြို့သတင်းစာများထဲ၌တွေ့ရှိကြရလေသတည်း။
(ဤအတ္ထုပ္ပတ္တိသည်ကား နောင်နှစ်ပေါင်းအစိတ်သုံးဆယ် လောက်ကြာသောအခါ မြန်မာအမျိုးသမီးကလေးများ တိုးတက်၍ လာမည့်ခေတ်ပျံလွှားကြီး၏ အကြောင်းပေတည်း)
[ကဝိမျက်မှန်မဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၁ (ဧပြီ၊ ၁၉၃၀)တွင် ဖော်ပြခဲ့သည်။]
⬛🟥
ပီမိုးနင်း
Shared by Heain Minn Zar
936
သို့ခြိမ်းခြောက်၍နေခိုက်တွင် ကောင်မကလေးသည် မိမိ၏ ကားကို လမ်းကွေ့ထဲသို့မောင်းနှင်ပြီး ကားကိုရပ်လေ၏။ ထို့ နောက် ခြိမ်းခြောက်လုယက်၍နေသောနေရာနှင့် မနီးမဝေးသစ်ပင် တစ်ပင်၏ အကွယ်သို့ ဝင်လေ၏။
ကောင်ကလေးကို ကားပေါ်မှဆွဲ၍ချပြီး လက်အမြှောက် ခိုင်း၍ထားပြီးလျှင် လူဆိုးများသည် ကောင်ကလေး၏ကိုယ်ကို ရှာကြလေ၏။
ကောင်ကလေးက ခုခံငြင်းပယ်လေရာ လူဆိုးတစ်ယောက်က ကောင်ကလေး၏ ဦးခေါင်းကို ဓားရိုးနှင့်ထုလိုက်ရာ ကောင်ကလေး လဲကျမေ့မျော၍သွားလေသတည်း။
ထိုအခါ လူဆိုးများသည် ကောင်ကလေး၏ အိတ်များကို ကုန်း၍ စမ်းသပ်ကြရာတွင် ညွန့်ညွန့်သည် သစ်ပင်အကွယ်မှ ခြောက်လုံးပြူးကို နှစ်ချက်ဆင့်၍ ပစ်ဖောက်လိုက်လေ၏။ လူဆိုး များလည်း ထိတ်လန့်တကြားဖြစ်ကြပြီးလျှင် ပုလိပ်တွေဟေ့ ပုလိပ်တွေဟု ပြောပြီး ထွက်ပြေးကြလေသတည်း။
ကောင်မကလေးသည် ကောင်ကလေးကို ပြေး၍မထူလေ ၏။ ကောင်ကလေးသည် ကောင်မကလေး၏ ပေါင်ပေါ်၌ အတန်ကြာမေ့လျက်ပင် နေလေ၏။ ဦးခေါင်းမှကျသော သွေးများကို ညွန့်ညွန့်သည် သုတ်၍ပေးလေ၏။ နောက်အတန်ကြာသောအခါ အကောင်ကလေးသတိရ၍လာပြီး မျက်စိများကို ဖွင့်လိုက်သောအခါ ညွန့်ညွန့်ကို မြင်ရသဖြင့် ဟုတ်မှဟုတ်ပါ့မလားဟု မျက်လုံးများကို လက်နှင့်ပွတ်ကာ ကြည့်ရင်း အံ့အားသင့်၍နေပြီးနောက်
"ဪ တင်တင် မင်းလား၊ ဘာဖြစ်လို့ ဆိုင်မှာ မင်းကို ငါ မတွေ့ရသလဲ။ ငါ ဆိုင်ကိုခဏခဏလာတယ်။ ငါမင်းကို မတွေ့ရဘူး။ ဘယ်သူ့ကိုမှလဲ မေးလို့မရဘူး။ ငါဆိုင်ကိုနေ့တိုင်း ရောက်တယ်။ တင်တင် ဘယ်ကိုသွားနေသလဲ။ တင်တင် စိတ်တစ်မျိုးပြောင်းသွားတယ်ထင်လို့။ ငါစိတ်ပူလိုက်တာကွယ်၊ ဘယ်မှာ ရှာရမှန်းလဲမသိဘူး။ အခု ဘယ်ကပေါ်လာသလဲ စသည်ဖြင့် ညွန့်ညွန့်၏လက်ကလေးများကို မိမိ၏လက်နှစ်ဘက်နှင့် ကိုင်ဆုပ်ကာမေးလေ၏။
ညွန့်ညွန့်သည် ၄င်း၏မျက်နှာကို စိုက်ကာကြည့်လျက် “ကျွန်မ တင်တင်ဆိုတာ မဟုတ်ပါဘူး။ ရှင်လူမှားတာပါ။ သေသေချာချာကြည့်ပါဦး”ဟု ပြုံးလျက်ပြောလေ၏။
ကောင်ကလေးသည် မျက်နှာကို ရှုံ့ကာ ဣန္ဒြေနှင့်ကြည့် ပြီး “မင်းတင်တင်မဟုတ်ရင် တင်တင်နဲ့အမွှာပူးမွေးတာပဲ။ သို့ သော်လည်း မင်းက တင်တင်ထက် သားနားတယ်”
ထိုအခိုက်တွင် ညွန့်ညွန့်သည် ခြောက်လုံးပြူးကိုင်သော လက်ကို ကောင်ကလေးမြင်အောင်ပြပြီး “ရှင့်တင်တင်ဟာ ခြောက်လုံးပြူးပစ်တတ်သလား”ဟု မေး၏။
ကောင်ကလေးသည် သာလွန်အံ့အားသင့်လျက် ခြောက်လုံးပြူးကို ကြည့်၍နေလေ၏။
ထို့နောက် ထိုင်ကာ ညွန့်ညွန့်၏မျက်နှာကို သေသေချာချာ ကြည့်ပြီး “မင်းတော့ တင်တင်အစစ်ပဲ၊ ပြောပုံဆိုပုံ ပြုံးရယ်ပုံလဲ တင်တင်နဲ့မခြားဘူး။ အသံလဲ တထေရာတည်းပဲ။ မျက်နှာ လှပုံမှာလဲ မခြားနားဘူး။ အရွယ်လဲတူတယ်။ ကိုယ်ပေါက် ကိုယ်ရောက်လဲ တူတယ်။ ဟောဒီ ပါးကလေးခွက်ပုံဟာလဲ တင်တင်ပဲ၊ မင်းငါ့ကို မလိမ်နဲ့၊ မင်း တင်တင်မဟုတ်ရင် ဘယ်က ဖုတ်တစ္ဆေလဲ”ဟုပြောကာ ညွန့်ညွန့်ကို တအားပွေ့ယူလိုက်လေလျှင် ယောက်ျားစိတ်အမူအရာသန်၍ ထက်မြက်ခက်ထန်သော တင်တင်မှာ ကောင်ကလေး၏ လက်မောင်းများထဲတွင် ပျော့ပျောင်းကာ တုန်လှုပ်ကာ နေရှာလေသတည်း။
ထို့နောက်မှ “ဟုတ်တယ် ကိုခင်အောင်။ ကျွန်မ ကိုခင်အောင်ကို လှည့်စားပြီး တင်တင်ဆိုတဲ့အမည်နဲ့ လက်ဖက်ရည်ဆိုင်မှာ အတွေ့ခံခဲ့သော်လည်း ကျွန်မ တင်တင် မဟုတ်ပါ ဘူး။ မင်းကတော်ကြီး ဒေါ်မြရဲ့မြေး ညွန့်ညွန့်ပါ” ထိုအခါ ခင်အောင်မှာ ထိတ်လန့်သလိုဖြစ်ပြီး ကောင်မကလေးကို မိမိ၏ရင်ခွင်မှ လွှတ်လိုက်လေ၏။
“နို့ မင်းဘာပြုလို့ ငါ့ကို လိမ်တာလဲ”
“လိမ်ရတာ တခြားကြောင့်မဟုတ်ဘူး၊ ကိုခင်အောင်၊ လောကဟာ အင်မတန်ရှုပ်တာ လူကိုမချစ်ဘဲ စည်းစိမ်ဥစ္စာကို ချစ်လို့လာတဲ့ ဂုဏ်အသရေရှိဆိုတဲ့လူတွေက လောကမှာ အင်မတန်များတာ၊ သည်တော့ ဥစ္စာကိုမချစ်၊ လူကိုသာချစ်တဲ့ လူ တစ်ယောက်ယောက်ကို တွေ့ဖို့ရန်။ အကြွားအဝါတွေကို မုန်းပြီး တမင်သက်သက် အဆန်းထွင်တာပါ၊ ကျွန်မ တခြားမိန်းကလေး တွေနဲ့ မတူပါဘူး။ အဆန်းအသစ်တစ်ခုခုကို လုပ်နေရမှ စိတ် ကျေနပ်ပါတယ်”
“ဒီလိုဖြင့် ညွန့်ရယ်၊ နောင် မင်းနဲ့ငါ ညားပြီးရင် မင်း ဆန်းသမျှဒဏ်တွေကို ငါခံနိုင်ပါ့မလား၊ ဘယ်အထိ ဆန်းမှာလဲ၊ ကြောက်စရာကြီးပါကလား”
“ဒါ နောက်ဆုံးဆန်းတာပါပဲ။ ဆန်းကျိုးလဲနပ်ပါပြီ။ ဆန်း တဲ့အတွက် ကိုခင်အောင်ရဲ့အသက်ကိုတောင် ကယ်ရတဲ့ မိန်းမကလေးဖြစ်ပါပြီဟု ပြောလေ၏”
အိမ်၌ကား ဝတ်လုံတော်ရမင်းနှင့်တကွ အမယ်ကြီးနှင့် သမက်သည် ညွန့်ညွန့်ကို ဒေါင်ချာလည်အောင် ရှာ၍နေကြလေ၏။ မော်တော်ကားတစ်စင်းနှင့်လိုက်၍ရှာကြ၏။ မတွေ့ရသော အခါ အိမ်သို့ပြန်လာကြပြီးလျှင် မှိုင်လျက် အကြံထုတ်၍နေကြလေ၏။
နောက်ဆုံး၌ အမယ်ကြီးက ဝတ်လုံတော်ရမင်းအား “မင်း ဘာမှမတတ်နိုင်တော့ဘူးလား၊ မင်းညံ့လို့ အခုလိုဖြစ်ရတာ” ဟု ပြောလေ၏။
ဝတ်လုံတော်ရမင်းက ဉာဏ်မထုတ်တတ်သောအခါ "ကိုင်း ညံ့ရင်ဖြင့်သွားတော့မယ်။ သူထွက်ပြေးတာ ကျွန်တော်လဲ ဘာတတ်နိုင်မလဲ”ဟုပြောပြီး သွားတော့မည်ပြုလေ၏။
936
ထိုကဲ့သို့ပြောဆိုရင်း အိမ်ရှေ့ခန်းသို့ရောက်သွားလေရာ ဝတ်လုံရော၊ ညွန့်ညွန့်ရော မတွေ့ကြရသောအခါ အဘွားကြီးက သာလွန်သဘောကျပြီး အနက်အဓိပ္ပာယ်များများကြီးရှိသော မျက်လုံးများနှင့် သားသမက်ကိုကြည့်ပြီးကာလ အားရဝမ်းသာခြင်းတည်းဟူသော ဝါယောဓာတ်ဖြင့် လျင်မြန်ထက်မြက်၍လာသော အိုမင်းသော ခြေနှစ်ဘက်သည် အမယ်အိုကြီးကို အပေါ်ထပ်သို့ လျင်မြန်စွာ ဆောင်ယူ၍ သွားကြလေသတည်း။
ညွန့်ညွန့်၏ဖခင်မှာမူ ဧည့်ခန်းတွင်ရပ်ကာ ဆင်ခြင်လျက် နေရစ်လေသတည်း။
ထိုအခိုက်တွင် ခြံကြီးထောင့်၌ လူနှစ်ယောက် စကားပြော၍ နေကြလေ၏။ တစ်ယောက်က “သူ့မှာစိန်လက်စွပ်တစ်ကွင်းပါတယ်။ ဒီအကောင်ဟာ ဘယ်မြာ့ဆီက ဘယ်လိုညာလာသလဲ မသိဘူး”
“သူ့အိတ်ထဲမှာ ငွေလေးငါးရာဘယ်တော့မှ မပြတ်ဘူး၊ ရုပ်က တော်တော်ချောတယ်၊ ဒီတော့ ကောင်မတွေဆီက ရတယ်လို့ ကြားရတာပဲ။"
“ရရင် တက္ကစီမောင်းနေပါ့မလားကွဲ့။ ယနေ့ည သူ့မှာ ငွေပါတယ်ဆိုတာ ငါလဲသတင်းရတယ်”
“တက္ကစီမဟုတ်ဘူးကွဲ့၊ ပရိုက်တစ် ကိုယ်ပိုင်ကား၊ မော်တော် ဗျယ်တီကဲလ်-ဘက်က အကောင်တွေက သူနဲ့အင်မတန် ချစ်တာ”
“အင်း အကောင်က ငွေပေါတာကိုးကွဲ့၊ ဒါထက် မင်းသူ့အကြောင်းကို သိရဲ့လား”
“ဟင့်အင်း သေသေချာချာတော့ မသိရဘူး၊"
"ငါက သေသေချာချာသိရတယ်။ ခရမ်းက တမင်သက်သက် ရန်ကုန်မှာ လာရွှမ်းနေတာ။ ဒီအကောင်မှာ...အို မင်းမသိလို့ပါ။ ယနေ့ည သူ့အိတ်ထဲမှာ ငွေသုံးထောင်ပါတယ်။ မနေ့ညက အနီထောင်မှာ အောထားတာတွေ"
“အေး ဘယ့်နှယ်လုပ်မလဲ"
“ဘာအရေးကြီးသလဲ၊ သူ မရမ်းကုန်းက ထမင်းဆိုင်မှာ ဘယ်နည်းနဲ့မဆို ရပ်ရမှာပဲ။ ဟိုမှာ သူကြိတ်ချစ်နေတဲ့ မြာကလေး တစ်ယောက်ရှိတယ်။ အလကားဟာကလေးပါ။ စော်ဘွားကလေးကုန်းက ရှမ်းမကလေး တစ်ယောက်ပါ။ ရှမ်းမကလေးဆိုတော့ ချောတာပေါ့ကွဲ့ "
"ဒီလိုဖြင့် အရူးထောင်ဘက်က စောင့်ရရင် ဟန်မကျဘူးလား”
“ဟိုဘက်ကို သူမလာဘူး၊ ဒီလမ်းကပဲပြန်မှာပဲ၊ ကားထဲမှာ သူတစ်ယောက်တည်းပဲ ရှိတယ်။ ငါတို့က နှစ်ယောက်၊ အပြန်မှာ လိုက်ပါရစေဗျာလို့ ဆိုရုံပဲ။ သေနတ်မလိုဘူး။ ခြောက်လုံးပြူး မလိုဘူး။ ငါတို့မှာလဲ ဘာမှမရှိဘူး။ ဓားပဲလိုတာပဲ။ မင်း အကောင်မှာလဲ ခြောက်လုံးပြူးမရှိပါဘူး”
"ကိုင်း လာ ခွေးကလေး မွေးစကို လင်းတသုတ်သလို ရုတ်တရက် စီးပြီး..
ညွန့်ညွန့်သည် ထိုစကားကိုကြားလျှင်ကြားခြင်း အိမ်ပေါ်သို့ တက်ပြေးလေ၏။ ဖခင်၏အိပ်ရာအောက်၌ရှိသော ခြောက်လုံးပြူးသေနတ်ကို ယူလေ၏။ သေနတ်၌ ယမ်းတောင့်များ အပြည့်ရှိသည်ကို တွေ့ရှိရလေ၏။ ကပျာကယာ နောက်ဘေး လှေကားမှ ဆင်း၍ပြေးပြီး မော်တော်ကားထားသော ဂယ်ရစ်အခန်းသို့ပြေးပြီးလျှင် အဘွားကြီးနှင့် မိမိနှစ်ယောက်စီးသော မောရစ်အမြီးထောင် ကားကလေးကိုစီးပြီး တခါတည်းမောင်းထွက်၍သွားလေ၏။
ကားသံကိုကြားကြသောအခါ အဘွားကြီးနှင့် ညွန့်ညွန့်၏ အဖေသည် ပြေးထွက်၍ လာကြလေ၏။
ကားသည် တံခါးဘက်သို့ရောက်လေ၏။ ဝတ်လုံတော်ရမင်းလည်း ညွန့်ညွန့်ကိုရှာတွေ့ရာမှ ပြေးထွက်၍လာလေ၏။ သုံး ယောက်သား ဆုံမိကြလေ၏။ ကားသည်ကား ၄င်းတို့၏နားတွင် ပွတ်၍ထွက်သွားလေ၏။
သုံးယောက်သား အပြင်းအထန် လိုက်ကြလေသတည်း။
အဘွားကြီးမှာလည်း ကျောက်စလစ်လမ်းပေါ်တွင် ပြိုလဲပြီး ဒူးတွေ ပေါင်တွေ ပြဲ၍ကုန်လေ၏။
အဖေဖြစ်သူမှာ စည်းစိမ်ယစ်သောအရာရှိ၊ ဗိုက်ပူပူဖြစ်သဖြင့် ပြေးမည်လွှားမည်အပြုတွင် ပုဆိုးရှည်နှင့် ဖြစ်၍နေသောကြောင့် အတွင်းပိတ်ဘောင်းဘီတိုတိုနှင့် လသာရောင်မှာ မင်ကြောင် မပေါ် ရအောင် မနည်းကြီးသတိပြုရသောကြောင့် မမှီလိုက်ချေ။ ဝတ်လုံတော်ရမင်းမှာမူကား ငွေတောင်သူဇာတ်ထဲက သုဓနု မင်းသား ထက် ဆိုး၍နေလေ၏။ အကြောင်းမူကား သားနှစ်ယောက် မရသေးမီ စွန့်ပစ်၍သွားခြင်းခံရလေရာ လက်နှစ်ဘက်ကို မြှောက်ကာ ပုဆိုးရှည်ကို ခါးတောင်းပင့်ကာ အမယ်လေး ညွန့်ရဲ့ ညွန့်လေးရဲ့။ ဘာဖြစ်တာလဲ။ ဘယ်သူ့ကိုကြောက်စရာ ဘာမှ မရှိပါဘူး စသည်ဖြင့်အော်ရင်းဟစ်ရင်း ကျန်ရစ်လေ၏။ ညွန့်ညွန့် မှာမူ မည်သူ့ကိုမျှမမြင်။ မည်သူ့စကားကိုမျှမကြားဘဲ ကားကို တအားစိုင်း၍သွားလေ၏။
ရှေ့၌ဆီးကာသော အစေခံများနှင့် မာလီကုလားများမှာမူကား ကားနံဘေး၌ အမှိုက်တွေလို လွင့်ကျန်ရစ်ကြလေ၏။
အတန်ငယ်ကြာလျှင် ကားပျောက်၍သွားလေသတည်း။ ညွန့်ညွန့်၏ကားသည် မကြာမီ ကားနှစ်စီး၏နောက်သို့ ကပ်ရောက်၍သွား၏။ ထိုကားနှစ်စီးအနက် တစ်စီးမှာ ကောင် ကလေး၏ကား ဖြစ်လေရာ တစ်စီးမှာ လူဆိုးများ၏ကား ဖြစ်လေ၏။
ချင်းချောင်းနန်းတော်ကြီးဘက်သို့ ရောက်၍လာသောအခါ ကောင်ကလေးကားမှာ ပေါင်ကျိုးသောခွေးပမာ ဒရွတ်တိုက်စ ပြုလေ၏။ အကြောင်းမူကား ဘီးတစ်ဘီးမှာ ပေါက်၍သွားလေ၏။
ထိုအခါ ကောင်ကလေး၏ကားသည် ထိုး၍ရပ်လေ၏။
လူဆိုးများ၏ကားလည်း ၄င်းကားအနီးတွင်ကပ်၍ရပ်ပြီး လူဆိုးများသည် ကောင်ကလေး၏ ကားသို့ ကူးကြလေ၏။ ကောင်ကလေးကို လူဆိုးများသည် ဓားမြှောင်များနှင့် ခြိမ်းခြောက်ကြလေ၏။
936
သို့ဖြစ်သောကြောင့် နောက် တနင်္ဂနွေတစ်ပတ်လောက် ကြာသောအခါ ဝတ်လုံဦးဖေမောင်သည် လူကြီးစုံရာနှင့် နားဖောက် တောင်းဆိုလာလေ၏။
စားဖွယ်သောက်ဖွယ်အမျိုးမျိုးနှင့် ဧည့်ခံ၍နေကြလေ၏။
အတန်ညဉ့်နက်၍ သွားသောအခါ ဝတ်လုံတော်ရမင်း၏ အဖော်များ ပြန်၍သွားကြလေရာ ဝတ်လုံတော်ရမင်းမှာ တစ်ယောက်တည်းကျန်ရစ်လေ၏။ အဘွားကြီးနှင့် ဖခင်ကလည်း ပြန် သွားသော ဧည့်သည်များနှင့်စကားပြောရင်း ခြံဝသို့တိုင်အောင် လိုက်၍ ပို့ကြလေ၏၊
ညွန့်ညွန့်၏ အဘွားနှင့် ဖခင်သည် ခေတ်ကာလယဉ်ကျေးခြင်းအရာ၌ အထွတ်အထိပ်သို့ ရောက်ကြသူများဖြစ်ကြလေရာ ဧည့်သည်များအား ကောင်းပါပြီ၊ ကြွပါတော့ဟူသောစကားကို အသုံးပြုလေ့မရှိ၊ ဖုတ်ပြိတ္တာတစ္ဆေသူရဲကို အိမ်ဝန်းခြံပြင်သို့ရောက်အောင် နှင်ထုတ်သုတ်သင်ပြီးမှ စိတ်လက်ချသော နည်းမျိုးနှင့် အလားတူစွာ ဧည့်သည်များကို ခြံအပြင်သို့ရောက်အောင် လိုက်၍ ပို့ကြသော ဥရောပထုံးစံတစ်မျိုးကို လိုက်ကြသူများဖြစ်ကြလေရာ ဝတ်လုံတော်ရမင်းနှင့် ညွန့်ညွန့်မှာ နှစ်ယောက်တည်း ကျန်ရစ်ကြလေ၏။
အဘွားကြီးနှင့် အဖေကြီးသည် ဧည့်သည်တွေကို အပြင်သို့ ရောက်အောင် ပို့ပြီးသော်လည်း ရုတ်တရက် ဧည့်ခံခန်းထဲသို့ ပြန်၍မရောက်ကြသည်မှာ အဘယ်လို သဘောအသွားဟု ဥပဒေဉာဏ်ဖြင့် ရိပ်မိသိရှိသော ဝတ်လုံတော်ရမင်းသည် ညွန့်ညွန့်နှင့် စကားပြော၍ နေရာ၌ ထိုင်ရာမှထပြီးလျှင် အခန်းတွင်းမှာ တောင်လျှောက်သလို မြောက်လျှောက်သလိုလို လုပ်၍နေပြီးနောက် ညွန့်ညွန့်ထိုင်၍နေသော ကုလားထိုင်အပါးသို့ တရစ်ဝဲဝဲရောက်၍လာပြီး ““ညွန့်ညွန့် ယနေ့ညဟာ အသာယာဆုံးည မဟုတ်လား” ဟု ညွန့်ညွန့်ထိုင်သောကုလားထိုင်ကို လက်တစ်ဖက်နှင့် ကိုင်ကာ ပါးချင်းထိလုကမန်းဖြစ်အောင် ကပ်ကာ မေးလေ၏။
ညွန့်။ ။ “မသာမယာဆုံး ညပါပဲဟု ပြောင်တောင်တောင်မျက်နှာထားနှင့် ရှေ့တည့်တည့်ကို ကြည့်ကာ ပြောလေ၏။
“ညွန့် ဘယ်လိုစကားကို ပြောလိုက်တာလဲ၊ ညွန့် ကျုပ်ကို ချစ်တယ်ဆိုတာ အတိအလင်းဝန်ခံလို့ အခုလို တောင်းရရမ်းရတာ မဟုတ်လား”
ညွန့်ညွန့်သည် ဝတ်လုံ၏မျက်နှာကိုမော်၍ကြည့်ပြီး "ယူတာဟာ ချစ်တာနဲ့ ဘာမှမဆိုင်ပါဘူး။ လူမမာဟာ ဆေးခါးကြီး ပေမယ့် သောက်သင့်သောက်ရတာပဲ...”
“မင်းက မမာတဲ့လူ၊ ကျုပ်က ဆေးခါးကြီးပေါ့လေ”
“အို ဝတ်လုံတော်ရမင်းကလဲ၊ ကျွန်မကို မင်းတွေ ကျုပ်တွေနဲ့ ပြောနေစရာ မရှိပါဘူး။ ကျွန်မကို ဘာမှညုစရာမလိုဘူး၊ ရမယ်ဆိုတာသာ စိတ်ချပါ၊ လူကြီးတွေက ကျွန်မကို ဝတ်လုံတော်ရမင်းနဲ့ ပေးစားတော့မယ်၊ လူကြီးများဟာ စက်ရှင်တရား သူကြီးတွေပါ။ သူတို့က စီရင်ချက်ချထားပြီးပြီပဲ။ ကျွန်မ မလွတ်နိုင်တော့ပါဘူး။ စိတ်သာချပါ။ ဝတ်လုံတော်ရမင်းကို ကျွန်မ ယူရပါတော့မယ်။ ကျွန်မ ချစ်လို့ယူရမှာမဟုတ်ဘူး။ အမေချစ်လို့ ရှင့်ကိုယူရမှာပါ။ အကယ်၍များ အမေ့ကို မယားလိုသဘောထားပြီး ကျွန်မကို သမီးလိုသဘောထားရင် သိပ်ကျေးဇူးတင်မှာပဲ။ ဒီလိုသဘောမထားလို့ ကျွန်မကို တမျိုးတမည်သဘောထားပြီး ယူမယ်ဆိုရင်လဲ ကျွန်မတော့ စီမံကြတာကို ခံရတော့မှာပဲ။ နည်းနည်းတော့ သနားစေချင်တာပဲ””
“အို ညွန့်ရယ် တောင်တောင်မြောက်မြောက်တွေကို ပြောနေစရာမဟုတ်ပါဘူး။ ချစ်တာကြိုက်တာဆိုတာ အလကားဟာတွေပါ။ ကျားခြင်္သေ့ မွေးတဲ့လူများဟာ အစမှာတော့ တဟိန်းဟိန်း တဟောက်ဟောက်နဲ့ ကြောက်စရာရန်သူကို ယဉ်အောင် လုပ်ရတာပဲ။ နောင်အတန်ကြာလို့ ယဉ်လာတော့လဲ ကျား ခြင်္သေ့ဟာ သခင်ကိုသိပ်ပြီးချစ်တာပါပဲ”
“ရှင်က ကျွန်မကို ခြင်္သေ့မကလေးလို့ ဆိုချင်တာပေါ့လေ၊ ကျွန်မမှာတော့ အခုအခါမှာ ထောင်ချောက်ထဲကျနေသူမို့၊ ခြောက်လုံးပြူးကြီးနဲ့ ပစ်ရင်လဲခံရမှာပါပဲ၊ ကြာပွတ်ကြီးနဲ့ရိုက်ရင်လဲ ခံရမှာပါပဲ။ နှစ်လုံးပြူးကြီးနဲ့ပစ်ရင်လဲ ခံရမှာပါပဲ။ လှံချွန်ကြီးနဲ့ ကလိရင်လဲ ခံရမှာပါပဲ။ အခုအနေမှာတော့ ကျွန်မမှာခံဘက်ကပါ။ တုန့်ပြန်ဝံ့တာ မဟုတ်ပါဘူး”ဟု ပြောလေ၏။
ထိုအခါ ဝတ်လုံတော်ရမင်းက ညွန့်ညွန့်၏စကားကို စဉ်းစားနားထောင်ပြီး ယီးတီးယားတားဖြစ်လျက် ရပ်ကာကြည့် ၍နေပြီးနောက် မိမိ၏စိတ်ကိုချုပ်တည်း၍ မရသောအနေဖြင့် ညွန့်ညွန့်ကို ပွေ့ယူကာ နမ်းရှုပ်မည်ပြုလေ၏။
ညွန့်ညွန့်မှာ မခံမရပ်နိုင်ဖြစ်ပြီးလျှင် ရုန်းကန်ကာ ထွက်ပြေးလေရာ ခြံကြီး၏ ထောင့်တစ်ခုသို့ ရောက်သွားလေ၏။ ဝတ်လုံတော်ရမင်းမှာ ယောင်တောင်ယောင်တောင်ကျန်ရစ်လေ၏။ အဘွားကြီး နှင့်ဖခင်မှာ အိမ်ကြီးရှေ့ မော်တော်ကား အဝင်အထွက်လမ်းပေါ်မှာ အပြန်အလှန်လျှောက်ရင်း ဝမ်းမြောက်ဝမ်းသာ စကားပြော၍ နေကြလေ၏။
အဖေ။ ။ “အမေပြောသလို မဟုတ်ပါဘူး။ ကလေးမ ။ အတော်သားပဲ၊ အလကား တမင်ဆိုးနေတာပါ”
ဘွား။ ။ “အမေ သိပါတယ်၊ ဖေမောင်ကို သူကသာ တကယ်သဘောမကျရင် အမေက ခုလောက်တောင် တွန်းနေမှာတဲ့လား၊ အမေကလဲ ငယ်ရာက ကြီးလာခဲ့တာပါ၊ သိပါတယ်။ အမေစီမံရင် နေရာကျတာချည်းပါပဲ။ ကလေးမ အင်မတန် သဘောပြည့်တာပါ။ ခုခေတ်ခုကာလ မိန်းမကလေးများနဲ့မတူပါဘူး။ အမေ့စကားကို အမြဲနားထောင်တာပဲ။ အပြင်အပမှာတော့ မလေးမစားသလို မှတ်ထင်ရတာပေါ့လေ။ တကယ်ဆိုတော့ အမေတို့ရဲ့ မျိုးရိုးရှိပါတယ်။ ကြက်မှာအရိုး၊ လူမှာအမျိုးတဲ့။ အမေနဲ့နေသမျှ ကာလပတ်လုံး စိတ်လက်မချစရာမရှိပါဘူး”
936
“ကျွန်မ နွားမဟုတ်ပါဘူး၊ ထိန်းကျောင်းဖို့ မလိုပါဘူး။ ကျွန်မဘာသာနေနိုင်ပါတယ်”
“အမေ သေသွားရင် သမီး ဘယ့်နှယ်လုပ်နေမလဲ”
“မေမေသေသွားတော့ ဖေဖေဘယ်လိုလုပ်နေခဲ့သလဲ၊ တစ်ယောက်သေတာနဲ့ မသေဘဲ နေရစ်ခဲ့တဲ့လူ ဘာဆိုင်သလဲ”
“ဆိုင်တော့ မဆိုင်ဘူးပေါ့ သမီးရယ်၊ သို့သော်လည်း လူကြီးများ စိတ်ညစ်အောင် လုပ်တော့ မကောင်းဘူး”
“လူငယ်များစိတ်ညစ်အောင်တော့ လူကြီးများလုပ်စေတဲ့ လား။ အခုကာလလူကြီးများဟာ ဘယ်သူ့စကားမှ နားမထောင်ချင်ကြဘူး၊ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတာလို လုပ်ချင်ကြတယ်။ သင်းတို့အလိုလိုက်လို့ ကောင်းတာမဟုတ်ဘူး”
အဘွား။ ။ “ဟုတ်ပါတယ်အေ၊ ညည်းတို့လူငယ်များကမှ ပုံသက်သေကောင်းကောင်းမပြရင် အမေတို့ လူကြီးများမှာ ဘယ်ပြောစရာရှိတော့မလဲ”ဟု ငေါ့၍ပြောလိုက်လေ၏။
ထို့နောက် ဖခင်ဖြစ်သူက အဘွား၏စကားကိုနားထောင်ဖို့ အဘွားကကောင်းစေလိုလို့ နေရာချထားသည်ကို လိုက်နာဖို့ ပြောလေရာ ညွန့်ညွန့်သည် နားနှစ်ဘက်ကို လက်နှင့်ပိတ်၍ ထွက်သွားလေ၏။
နောက်တစ်နေ့ သားအမိသုံးယောက် ထမင်းစားပြီး စကား ပြောခိုက်တွင် ဂုဏ်အသရေရှိ ဧည့်သည်ယောက်ျား လေးငါး ယောက်ရောက်၍လာကြလေ၏။ ၄င်းတို့သည် ညွန့်ညွန့်ဖခင်၏ မိတ်ဆွေများဖြစ်ကြလေ၏။ ၄င်းတို့အထဲတွင် ဝတ်လုံဦးဖေမောင် ပါ၍လာလေရာ ညွန့်ညွန့်သည် ရှောင်ရှား၍ သွားလေ၏။
သို့သွားခိုက်တွင် မော်တော်ကားအစိမ်းကြီး ဖြတ်၍လာလေရာ မကြာမီ လက်ဖက်ရည်ဆိုင်၌ မိန်းမပျိုကလေးတစ်ယောက် ပြင်ဆင်ရောင်းချ၍ နေပြန်လေ၏။
မော်တော်ကား ဒရိုင်ဘာကလေးသည် ကားပေါ်မှ အခါတိုင်းနည်းတူ ဆင်း၍ ဆိုင်သို့ဝင်လာပြီး ဗိုက်ကိုပုတ်ပြကာ “ဘာ စားစရာရှိသလဲ တင်တင်”ဟု မေးလေရာ မိန်းမကလေးက “လက်ဖက်ရည်နဲ့ ထမင်းပေါ့၊ ဝမ်းဘဲသား၊ ကြက်သား၊ အမဲနှပ်ငါးသလောက်ဥကြော်၊ သနပ်စုံ၊ ဘာပြင်လိုက်ရမလဲ"
“ပြင်ချင်တာပြင်လိုက်၊ တင်တင်ပြင်သမျှ အကုန်စားနိုင် တယ်”ဟုပြောကာ အိတ်ထဲကငွေစများကို လှုပ်၍ပြလေ၏။
ထမင်းစားရာ၌ ကောင်ကလေးက တင်တင်အား “တင် တင် မင်းရုပ်ရည် အမူအရာနဲ့ ဒီဆိုင်ဟာ မတင့်တယ်ဘူး၊ မဆိုင်တဲ့နေရာပဲ။ ကာလသားကလေးတွေကလဲ ဝိုင်းလို့အုံလို့။ သည်ထက်ကောင်းတဲ့ အလုပ်ကို ကြံပါလား။ မင်း အင်္ဂလိပ်စာ သင်ဖူးတယ်ဆို။ ဆိုင်ကြီးတစ်ခုမှာ ဝင်ပြီး စာရေးလုပ်ပါလား၊ ငါ့မှာ အသိမိတ်ဆွေ သူငယ်ချင်းတွေပေါတယ်”
“ကောင်မကလေးတွေက ရှစ်တန်းပညာကလေးနဲ့ ကျွန်မ ဘာအလုပ်ကိုလုပ်ရမှာလဲ။ ကျွန်မမိဘရှိရင် ဆက်ပြီးပညာသင် နိုင်မှာပဲ။ အခုတော့ကာ”
“ကျောင်းမှာဆက်နေပါလား။ ငါက စရိတ်ထောက်မယ် လေ” ဟုပြောလေ၏။
“ဘာဖြစ်လို့လဲ ကားပိုင်မောင်းရမှာမို့ ကျွန်မတို့လို ဆိုင် ရောင်းသူကလေးမျိုးကို ယူရမှာ ရှက်သလား”
ဒရိုင်ဘာကလေးသည် မိခင်မှာထားသောစကားကို သတိရ၏။ ဂုဏ်အသရေမရှိတဲ့ မိန်းကလေးများကိုတော့ ချွေးမ မတော်ပါရစေနဲ့ သားရယ်ဟု ပြောသော မိခင်၏စကားသည် တောက်ပသောစာလုံးကြီးများကို မိမိ၏မျက်စိရှေ့၌ထင်ပေါ်၍လာလေ၏။
“ရှက်လို့မဟုတ်ပါဘူး။ သားသားနားနားဆိုတော့ ကောင်းတာပေါ့ကွယ်။ ငါက အကုန်ခံလို့မှ မင်းက မသင်ချင်ဘူးလား၊ မင်းစိတ်က အောက်ကျတာကိုး။ စိတ်ကိုအထက်ကျကျထားမှ အမြင့်ကို ရောက်တာမျိုးကွဲ့"
သို့စကားပြောရင်း စား၍ပြီးလေ၏။
ကောင်ကလေးက သွားခါနီး၌ အဟုတ်ပြောတာ၊ မင်း ပညာသင်ရမယ်ဟု ပြောလေရာ ကောင်မကလေးက စကားမပြောဘဲ ခေါင်းငုံ့ကာ ပန်းကန်ကလေးများကို ထပ်၍နေလေ၏။
ထိုအခိုက်တွင် ဒရိုင်ဘာကလေးသည် စကားမပြော နှုတ်မဆက်ဘဲထွက်၍သွားလေ၏။ ကောင်မကလေးသည် မော်၍ကြည့် မျှော်နေလေ၏။ ကောင်ကလေးသည် ပြန်၍မှမကြည့်ဘဲ ကားကိုနှင်၍ ထွက်သွားလေ၏။ မိန်းမပျိုကလေးသည် ဆိုင်ထဲမှ ထွက်ပြီး ခြံကြီးထဲသို့ဝင်သွားရာတွင် “သူလဲ အမေတို့ အဖေတို့လို အမော်အကြွားမျိုးတွေထဲကပဲ။ မော်တာ ကြွားတာတွေထဲမှာ ငယ်ငယ်ကလေးက စပြီးနေခဲ့ရလို့ ငြီးငွေ့သည့်အတွက် ရိုးရိုးသားသား ငါလိုမကြွားချင် မမော်ချင်တဲ့လူစားကို လိုက်ပြီး ရှာခဲ့ တာ၊ အခုတော့ အလကားဖြစ်တာပဲ” စသည်ဖြင့် တွေးတောကာ များစွာဝမ်းနည်းခြင်းဖြစ်လေ၏။ “ငါ့ကိုသူနဲ့မတန်ဘူးလို့ သူ့စိတ်မှာထင်တာပဲ။ သူက ငါထက် အဖိုးတန်တယ်၊ ဒီလိုဖြစ်ရင် သူလောက်အဖိုးမတန်တဲ့ ဝတ်လုံကိုပဲယူပြီး အေးအေးနေတော့မယ်” ဟု စိတ်ကို တင်းလိုက်လေ၏။
နောက်တစ်နေ့ ထမင်းစားပြီးနောက် အမယ်ကြီးနှင့် ညွန့်ညွန့်၏ဖခင်သည် ညွန့်ညွန့်အကြောင်းကို တိုင်ပင်၍နေကြလေ၏။ ညွန့်ညွန့်သည် တော်ရာမှနားထောင်၍နေရာ မိမိအကြောင်း ပြောဆိုနေကြကြောင်း သိရလေ၏။
ထိုအခါ အပါးသို့ကပ်သွားလေရာ အဘွားဖြစ်သူက ဆက်လက်ပြီး ပြောဆိုကာ ညွန့်ညွန့်ကိုနားချလေရာ ညွန့်ညွန့်သည် စကားပြန်၍မပြောဘဲ ငြိမ်သက်စွာနားထောင်၍နေလေ၏။ သို့ ငြိမ်သက်စွာနားထောင်၍နေရာ ဖခင်နှင့် အဘွားကြီးသည် များစွာ အားတက်ပြီးလျှင် ဝတ်လုံကိုယူဖို့ရန် တိုက်တွန်းကြရာ ညွန့်ညွန့် သည် စိတ်လက်မပါ့တပါနှင့်ပင် “ယူပါတော့မည်”ဟု အာမခံလိုက်လေသည်။
936
ကျိန်း သေပေါ့ မိန်းမရဲ့”
“ဘာဘာ၊ ဟင်း...ကျွန်မ ရှင့်မိန်းမ မဟုတ်သေးဘူး”ဟု ပြောကာ ယောက်ျားပျိုကလေး၏ခေါင်းကို ပုတ်လိုက်ရာ ယောက်ျားပျိုကလေးသည် ပုလင်းများအကွယ်မှ လက်ကိုဖမ်း၍ ကိုင်ပြီး “အတူတူပေါ့ မိန်းမရယ်။ အခုကစပြီး ခေါ်နည်းကိုကျင့်ထားတာပါ။ ဒါထက် ငါမင်းဖို့ယူလာတယ်”ဟု ပြောကာ အိတ်ထဲမှ စက္ကူသေတ္တာကလေးတစ်ခုကို ထုတ်၍ပေးလေ၏။
မိန်းမပျိုကလေးသည် ရွှင်ပျတောက်ပသောမျက်နှာနှင့် ထိုလက်ဆောင်ကို ယူကာ နမ်းရှုံ့လိုက်ပြီး ဖွင့်၍ကြည့်လေရာ လှပသော ရေမွှေးပုလင်းကလေးကို တွေ့ရှိရလေ၏။
ထို့နောက် အတန်ငယ်ကြာစွာ စကားပြောပြီး ကောင်ကလေးသည် ကားပေါ်သို့ပြန်တက်ပြီး ကောင်မကလေးကို လက်ပြကာ နှုတ်ဆက်၍ထွက်သွားလေ၏။ ကောင်မကလေးကလည်း လှမ်း၍နှုတ်ဆက်လိုက်လေ၏။
ထိုအခိုက်တွင် အိမ်၌အဘွားကြီးနှင့် ဝတ်လုံတော်ရမှာ ကောင်မကလေး ပျောက်သဖြင့် ဒေါင်ချာလည်၍ နေကြလေ သတည်း။ အတန်ကြာလတ်သော် ဝတ်လုံတော်ရသည် စိတ်ပျက်ပြီးလျှင် ထွက်၍သွားလေ၏။
မကြာမီ အသက် ၄၀-ကျော်ခန့်ရှိသော ယောက်ျားကြီး တစ်ယောက် ရောက်၍လာလေ၏။ အဘွားကြီးသည် ၄င်းကိုမြင် သောအခါ အံ့အားသင့်၍နေလေ၏။
“ကျွန်တော် အခုရထားနဲ့ပဲ ရောက်လာတယ်။ အမေ ဘာပျာလောင်ခတ်နေသလဲ”
“နင့်သမီးမရှိဘူး၊ ဘာကိစ္စနဲ့လာသလဲ၊ အခွင့်နဲ့လား”
“ဘယ်သူနဲ့လဲ ဒရိုင်ဘာနဲ့လား၊ ခံတမာနဲ့လား၊ ကျွန်တော် ရုံးကြီးမှာကိစ္စရှိလို့ ပြည်တွင်းရေးအမတ်ကြီးကို ကြည့်ဖို့ လာတယ်။"
“ပြည်တွင်းရေးအမတ်ကြီးက အရေးမကြီးဘူး။ နင့်သမီး လင်နောက်လိုက်ပြေးပြီထင်တယ်။ ဒီကောင်မကို ငါမထိမ်းနိုင် ဘူး၊ နင့်သမီး နင်ပဲခေါ်သွား လင်ပေးစားလိုက်။ အခုကာလ မိန်းကလေးများဟာ မော်တော်ကား လေယာဉ်ပျံထက် ပျံသေး တယ်။ ဘာကိုမှဂရုမစိုက်ဘူး။ ဘယ်သူ့စကားမှလဲ နားမထောင် ဘူး။ ဒါကြောင့် ငါက ဝတ်လုံဖေမောင်နဲ့ နေရာချဖို့စိတ်ကူးနေ တယ်။ သူ့ကိုပြောလို့မရဘူး။ နင့်သမီးကို ငါ့ဆီကြာကြာထားရင် ဖေမောင် နဲ့ငါအတင်းပေးစားရလိမ့်မယ်”
“ဘယ်ကဖေမောင်လဲ၊ ဩော် ဝန်ထောက်ဦးသာရွှန်းတူ ဆိုတာလား။ ဒါဖြင့်အကောင်းသားပဲ အမေ။ တိုက်တွန်းလိုက်ပါလား” ဟုပြောရင်း မျက်နှာကို လက်ကိုင်ပဝါနှင့် သုတ်ရင်း ကုလားထိုင်ပေါ်၌ထိုင်၍ချလိုက်လေ၏။
ထိုအခိုက်တွင် ညွန့်ညွန့်သည် ခြံကြီးထဲသို့ ပြန်၍ရောက် လာလေ၏။ မိမိ၏ ဖခင်ကိုမြင်လျှင် မိမိကိုယ်၌ ဝတ်၍ထားသော နွမ်းပါးသောအဝတ်များကို ကြည့်ကာ မာလီကုလား၏ တဲသို့ ပြေးပြီး ပေါက်တူးတစ်ခုကို ယူပြီးလျှင် ပန်းခြံထဲ၌ မြက်များကို ပေါက်၍နေလေ၏။
မာလီကုလားသည် ဈေးမှပြန်လာရာ မြက်ပေါက်၍နေသော သခင်မကလေးကို မြင်သောအခါ ပြေး၍လာပြီး မလုပ်ရအောင် ပြောလေ၏။ ညွန့်ညွန့်က ကုလားကိုပြန်၍ ဆူ၏။ ကုလားက ပေါက်တူးကို လု၍ယူ၏။ နှစ်ယောက်သား တစ်ယောက်လက်မှ တစ်ယောက်ပေါက်တူးကို လုရင်း ဆူညံ၍ နေကြလေရာ အမယ်ကြီးနှင့်ညွန့်ညွန့်၏အဖေတို့ ပြေးထွက်၍လာကြလေ၏။ မာလီ ကုလားနှင့် ညွန့်ညွန့်ကိုမြင်ကြသောအခါ အံ့သြ၍နေကြလေ၏။
အဘွားဖြစ်သူက မိမိ၏သားမက်အား “ကြည့်စမ်း၊ နှင့် သမီးလုပ်ပုံ တော်ရဲ့လား၊ မာလီကုလားမယားဖြစ်ချင်လို့ ဒီအလုပ်ကို အားကျတာပဲ” ဟု ပြောလေရာ ဖခင်ဖြစ်သူသည် အပါးသို့ကပ် သွားလေ၏။ ညွန့်ညွန့်သည် ဖခင်ဖြစ်သူကိုမြင်လျှင် ပေါက်တူးကို လွှတ်ချပြီး ပေရေသောလက်များကို အင်္ကျီနှင့်သုတ်ကာ “ဖေဖေ ဖေဖေ နောက်မိန်းမရနေလို့ ကျွန်မတို့ဆီပြန်မလာဘဲနေတယ်လို့ ကျွန်မတွေးနေတယ်။ အခုပေါ်လာသေးသကိုး။ ဘယ်သူနဲ့မှ မရ သေးဘူးလား" ဟု လက်ကိုဆွဲကာမေးလေ၏။
အဘွား။ ။ “ဟဲ့ အရူးမ ခုတင်က နင်ဘယ်သွားနေ သလဲ၊ မာလီကုလားကို သွားညုနေသလား”
“မာလီကုလားနဲ့ အမေနဲ့မှ ရွယ်တူတန်းတူချင်း ကျွန်မကို ဘာမှမနာလိုစရာမရှိဘူး။ အမေ့မာလီကုလားကို ကျွန်မ မယူဘူး စိတ်ချနေ၊ ကျွန်မပျင်းလို့ သစ်ပင်စိုက်မလို့ နေရာပြင်နေတယ်။ အမေ့ဝတ်လုံဆိုတာကြီးကော သွားပလား၊ သာဓု သာဓု သာဓု ကျွန်မသူ့ကြောက်လို့ရှောင်ရင်း..”
ထို့နောက် အံ့အားသင့်၍နေသော ဖခင်ဘက်သို့လှည့်ပြီး စကားဆက်ကာ “ဖေဖေ ကျန်းခံ့သာလို့မာတော်မူရဲ့နော်”
“မာပဗျာ မာပါရဲ့။ သမီးရဲ့ဆုတောင်းမေတ္တာကြောင့် ကျန်းကျန်းမာမာပါပဲ”
"ကျွန်မ ဆုမတောင်းအားဘူး၊ အမေတော့ ညည ဘုရားရှိခိုးတာပဲ”
“နို့ သမီးတော့ကော ဘုရားရှိမခိုးဘူးလား”
“ဘယ်ရှိခိုးနိုင်မလဲ စိတ်ညစ်နေတာပဲ၊ ဒီအမေက ဝတ်လုံ နဲ့ချည်း ကျွန်မကို တို့တို့နေတယ်။ ထွက်တောင်ပြေးချင်နေပြီ။ ကျွန်မယောက်ျားယူဖို့ စိတ်မကူးသေးဘူး။ ဖေဖေကကော ကျွန်မ ကို ဘယ်သူနဲ့တွန်းပေးချင်လို့လာသလဲ။ ဒီအကြံမျိုးနဲ့လာရင် ကျွန်မ စကားမပြောဘူး။ အမေနဲ့သာပြောပြီး ပြန်သွားပါ”
“သမီး ဒီလိုချည်း နေလို့ဘယ်ဖြစ်မလဲ။ သမီးအမေကလဲ အသက်ကြီးပြီ။ သမီးကို ထိန်းကျောင်းမနေနိုင်ဘူး”
936
ပျံလွှားမ
•••••••
#ပီမိုးနင်း
“ဇိကုပ်နတ်ပြည်တင်၊ မြင့်တယ်လို့ခုန်ချချင်သလား သမီး ရဲ့၊ ဆင်စီးပြီးမြင်းရံတာကို အမေမြင်ချင်လို့ ပြောတာပါ။ ဆင် နင်းပြီး မြင်းကန်တာကို အမေမမြင်ချင်ဘူး။ အမေလဲ အသက် ကြီးပြီ။ ခြောက်ဆယ်ထဲမှာ နေ့မြင်ညပျောက်ဆိုတဲ့ခေတ်မို့ အမေ မသေမီ သမီးအတွက် စိတ်ချချင်တယ်”ဟု မင်းကတော်ကြီး ဒေါ်မြက မြေးဖြစ်သူ ညွန့်ညွန့်ကို နားချလေ၏။
ညွန့်ညွန့်မှာ မိခင်မရှိ။ ဖခင်မှာလည်း အလုပ်တာဝန်နှင့် ရပ်ဝေးမှာနေရလေရာ အလွန်ချစ်လှစွာသော အဘွားကြီးနှင့်သာ နေရလေ၏။ အဘွားကြီးသည် မြေးဖြစ်သူ မိတဆိုးကလေးကို များစွာအလိုလိုက်သူဖြစ်လေ၏။ သို့ဖြစ်သောကြောင့် ညွန့်ညွန့်မှာ အသက် ၁၈-နှစ်အရွယ်၌ ကလေးဆိုးကလေးဖြစ်၍နေလေ၏။ လွန်စွာစိတ်လက် လျင်မြန်ထက်မြက်သဖြင့် ယောက်ျားလိုဝတ်ပြီး တစ်ကိုယ်တည်း လည်တတ်ပတ်တတ်လေရာ အဘွားကြီးက ၄င်းကို မိပတ်လည်ဟုခေါ်ကာ အပြစ်တင်ဆိုသော်လည်း အဘွားကြီးကိုလည်း ဂရုမထား၊ အဘွားကြီး၏ နှုတ်ပြောကိုလည်း ပမာန မပြု အခါများစွာ အဘွားကြီးကို ငေါက်တောက် ငေါက်တောက် တုံ့ပြန်ပြောဆိုလေ၏။ သို့ဖြစ်သောကြောင့် အဘွားကြီးသည် ထိန်းမရကျောင်းမရ၊ ထင်သလိုနေထိုင်သွားလာတတ်သော မြေး အတွက် တစ်နေ့တခြား ထိတ်လန့်ကြောက်ရွံ့ခြင်း ဖြစ်၍လာလေ၏။
မင်းကတော်ကြီးသည် အလွန်မာနကြီးသဖြင့် မျိုးရိုးဂုဏ်မောက်သူဖြစ်လေရာ မြေးကလေးကို အောက်တန်းစား လူနိမ့်များ၏ ငါးမျှားချိတ်၌ အသုတ်ခံရမှာ လွန်စွာစိုးသဖြင့် အသက် သုံးဆယ်ကျော်ခန့်ရှိသူ မုဆိုးဖိုဝတ်လုံဦးဖေမောင်နှင့် ပေးစားရန် ကြံစည်ကာ ညွန့်ညွန့်ကို အမြဲနားချခဲ့လေ၏။
ညွန့်ညွန့်သည် အဘွားကြီးပြောသောစကားကိုမကြား။ “အမေ ကြည့်စမ်း၊ သူတို့လင်မယား သိပ်လိုက်တာပဲ။ လင်ကလဲ ချောချော မယားကလဲလှလှ၊ ရွယ်တူတန်းတူမို့ သိပ်ပျော်မှာပဲ နော်။ မင်္ဂလာဆောင်ပြီးပြီးချင်း လေယာဉ်ပျံနဲ့ အမေရိကန်ကို သွားကြမလို့တဲ့” ဟု မိမိလှန်လှောကြည့်ရှုနေသော မဂ္ဂဇင်းထဲက ရုပ်ပုံတစ်ခုကို အဘွားကြီး၏ နှာခေါင်းနားသို့ ကပ်ကာပြလေ၏။
“သမီး အားကျသလား၊ ရွယ်တူဆိုတာက အသက်အရွယ် သာတူတာ မဟုတ်ဘူး။ အမိုက်မှာလဲတူတတ်တယ်။ ညည်းက ညားတာသာမြင်ရတယ်။ ကွာမှာကို မမြင်ရဘဲကိုး"
“အမေ ဘိုးဘိုးနဲ့ ဘယ်နှစ်ခါကွာဘူးသလဲ၊ မှန်မှန်ပြောစမ်း"
“တစ်ခါမှမကွာခဲ့ဘူး..."
“ဘာဖြစ်လို့မကွာသလဲ၊ အမိုက်ချင်း ရွယ်မတူလို့လား””
“မတူပေါင်၊ အမေက ညည်းဘိုးဘိုးထက် ငါးနှစ်ကြီးတယ်*
“တယ်တော်တယ်။ ကျွန်မကျတော့ လင်ကြီးကြီးနဲ့ ပေးစားချင်တယ်။ ယူလိမ့်မယ်၊ စိတ်သာချနေ၊ ကျွန်မလဲ ငယ်ငယ်ကလေး ယူချင်မှာပေါ့”
“ဘယ်သူ့လဲ…”
“မမှောင်သေးဘူး…”
ထိုအခိုက်တွင် ဝတ်လုံဦးဖေမောင်ရောက်၍လာလေ၏။
အဘွားကြီးက
“ဪ ရောက်လာသကိုး။ လာလာထိုင် ပါ။ မင်းတော်တော်အသက်ရှည်ဦးမယ်၊ အခုပဲ မင်းနှမနဲ့ မင်းအကြောင်းပြောနေသေးတယ်"
ဝတ်လုံတော်ရမင်းသည် အပါးကုလားထိုင်၌ ထိုင်မိသောအခါ အဘွားကြီးသည် အကြောင်းကိစ္စတစ်စုံတခုကိုပြပြီး ထိုင်ရာမှ ထ၍သွားလေ၏။
ထိုအခါ ညွန့်ညွန့်သည် ဝတ်လုံကိုကြည့်ကာ “ကျွန်မ ဟာ အမေ့စကားကို အင်မတန်နားထောင်ရုံမကဘူး၊ အမေ လုပ်ပုံ ကိုင်ပုံကို အတုခိုးလိုက်နာဖို့ရန် ငယ်ငယ်ကလေးက ကျွန်မ အသင်အပြ အဆုံးအမခံခဲ့ရပါတယ်။ တိုတိုပြောမယ်။ အမေ စကားမပြောချင်တဲ့လူကိုတောင် ကျွန်မ စကားမပြောဘူး။ အခု အမေရှင့်ကို စကားမပြောချင်လို့ ထသွားတယ်။ ကျွန်မလဲ သူ့နည်းကိုလိုက်ရမှာပဲ” ဟုပြောပြီး ထအသွားတွင် လျင်မြန်စွာ မောင်းနှင်၍လာသော မော်တော်ကားအစိမ်းကြီးတစ်ခုကို မြင်ရလေရာ ညွန့်ညွန့်သည် ကပျာကယာ အိမ်ထဲသို့ပြန်၍ဝင်ပြီး အဝတ်များကိုလဲကာ နွမ်းနယ်သော ဆင်းရဲသူတို့၏ အဝတ်အစားလို ဝတ်ဆင်ပြီးနောက် ဘေးပေါက်မှ ထွက်၍ပြေးလေ၏။
နောက်နာရီဝက်ခန့်မျှကြာရှိသောအခါ မြန်မာလက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ မိန်းမပျိုကလေးတစ်ယောက်သည် ထိုင်၍ရောင်း ချကာနေလေ၏။
ထိုလက်ဖက်ရည်ဆိုင်သည်ကား ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်ရှိ ညွန့်ညွန့်တို့အိမ်နှင့် မနီးမဝေး လက်ဖက်ရည်ဆိုင်ဖြစ်လေ၏။
မော်တော်ကားအစိမ်းကြီးကို မောင်းသော ယောက်ျားပျိုကလေးမှာ အတော်ချောမောသော ယောက်ျားပျိုကလေးဖြစ်လေ ၏။ ကားပေါ်မှဆင်းပြီး လက်ဖက်ရည်ပြင်၍နေသော မိန်းမချော ကလေး၏ အပါးသို့သွားပြီးလျှင် အနီးရှိ ဖန်ဘူးများထဲမှ ဘီစကွတ်မုန့်များကို နှိုက်စားရင်း စကားပြော၍နေလေ၏။ မိန်းမပျိုကလေးသည်ကား များသောအလုပ်တို့၏အကြား၌ ဒရိုင်ဘာကလေးနှင့် စကားပြောနိုင်အောင် ပြောလေ၏။
ယောက်ျားပျိုကလေးက “မင်းဒီမှာ အခုလို အခစားအစေခံ လုပ်နေရတဲ့ဘဝက မြန်မြန်လွတ်အောင် ငါကြိုးစားပြီး ဒီကားကို ပိုင်အောင်လုပ်နေတာပဲ။ အခုတစ်လမှာ ၁ဝဝိ/-ပြန်ပေးရတယ်။ နောက်ငါးလလောက်ကျရင် ကျေတော့မှာပဲ။ ကျေပြီးရင်တော့ ကိုယ်ပိုင်ကား ကိုယ်ပိုင်မောင်း အမြတ်ကိုယ့်ဖို့ချည်းပဲ။ သည်တော့ မင်းနဲ့ငါ စားစားသောက်သောက် တစ်လနှစ်ရာလောက်တော့ အသားတင်ကျန်မှာပဲ။ အဲသည်အခါကျတော့ ဘတ်စ်ကားတစ်စင်း ဝယ်ပြီး ဒရိုင်ဘာတစ်ယောက်နဲ့ထား။ အခုလို ဘုရားပွဲတွေ ဘာတွေရှိတဲ့အခါမှာ တစ်နေ့သုံးဆယ် လေးဆယ်ဆိုတာ
936
ကျွန်မ ပခုံးကို ဖက် ထားပါသည် ။ ကျွန်မ မှာ အပျိုကြီး စိတ် မကုန့် တကုန် ဖြစ်၍ ပို ရှက်ကိုးရှက်ကန်း ဖြစ်နေ ပါသည် ။ သူ့ မှာ ကျွန်မ ထက် အရပ် ခေါင်း တစ်လုံးခန့် မြင့်၍ ကိုယ်လုံးကိုယ်ထည်များ ကျွန်မ ၏ နှစ်ဆမျှ ရှိရာ ကျွန်မ မှာ သူ့ ရင်ဘတ် ပေါ် မသိမသာ ခေါင်း မှီထားရင်း သစ်ပင်ကြီး အရိပ် အောက်တွင် ဝင် ခိုနေရသလိုပဲ ဟု တွေးမိပါသည် ။ သူ ကလည်း ကျွန်မ အား လေမိုးနေပူ တို့မှ ကာကွယ်မည့် အပင်ကြီး ပမာ အုပ်ဆိုင်းနေသကဲ့သို့ ထင်မိသည် ။ သူ က ကျွန်မ ၏ မေးစေ့ကို ဆွဲ ယူပြီး “ အမူ ရယ် မောင့် ကို မချစ်ဘူးလား ” ဟု မေးပါသည် ။ ကျွန်မ က “ အို ရှက်စရာကြီး ” ဟု သူ့ လက် ထဲ က အ သာ ရုန်း ထွက် မည် လုပ်ပါသည် ။ “ မဟုတ်ပါဘူးကွယ် “ မောင် ” လို့ ခေါ် ရမှာ ဒါလောက် ဝန် လေးသလားလို့ပါ ။ မချစ်ရင် ဝန် လေးမှာပါလေ ၊ ဒါလောက်ကလေး မှ အလို မလိုက်ရင် လည်း နေပါတော့ ” ဟု သူ က အသာအယာ ပြော လေ သည် ။
ကျွန်မ မှာ သူ့ ကို သနားသွားပြီး “ ဝန်လေး လို့ မဟုတ် ပါဘူး ” ဟု ခပ်ဖြည်းဖြည်း ပြောရာ သူ က “ ဝန်မလေး ရင် ဘာလို့ မခေါ်တာလဲ ၊ အမူ သိပ် ဝန်လေးနေရင် မတိုက်တွန်း ပါဘူး ။ အမူ မလုပ်ချင်တဲ့ အလုပ် ကို တိုက်တွန်းရင် အမူ စိတ်ညစ်မှာ စိုးပါတယ် ” ဟု ပြန် ပြောပါသည် ။ သူ က ယခုလို ပြော လိုက်သောအခါ ကျွန်မ မှာ ဘာ မှ ပြန် ပြောရ မှန်း မသိ ဖြစ်နေပါသည် ။ ထိုအခိုက် ဒေါ်စာ က တစ်ဖက် ခန်းမှ နေ၍ “ မမလေး ဟင်းတွေ အေး ကုန်ပြီ ” ဟု ပြောလိုက် ရာ ကျွန်မ သည် သူ့ မျက်နှာ ကို ပြုံးပြုံးကလေး မော့ ကြည့် ပြီး “ မောင် ထမင်းစားကြစို့ ” ဟု ခေါ်လိုက်ရာ မောင့် မှာ ပီတိ တွေ လွှမ်းသွားပါတော့သည် ။
ဦးတင်အောင် ( ဝါ ) မောင် သည် ကျွန်မ အပေါ်တွင် အလိုလိုက် ယုယကြင်နာသမှုကလေးများကို နေ့စဉ်နှင့် အမျှ တွေ့ရပါသည် ။ ဒေါ်စာ ကလည်း သူ့ လို လူ ရှာ မှ ရှား သည် ဟု အနား က တဖွဖွ ပြောရုံ မက ကျွန်မ စိတ်ပျက် သည့် အချက်များ ကို ပြော ပြသောအခါ ကျွန်မ ကို သနားရုံ မက “ မမလေး ဒါတွေ ခက်တာပဲ ။ အပျိုကြီးတွေ မှာ ဒါမျိုး ချည့်ပဲ ၊ ဂျီး များတာ က လွန်လွန်းတယ် ။ လူ့ ဘဝမှာ ဒီ အသေးအဖွဲ့တွေ အကြီးအကျယ် လုပ်နေလို့ ဘယ်တော့ ပြီးတော့မှာလဲ ” ဟု ပြောပါသည် ။
တစ်နေ့သော် မောင် မှာ အရေးကြီးသော အမှု တစ်ခု ရှိ၍ ပဲခူး သို့ သွားရပါသည် ။ ကျွန်မ မှာ မောင် နှင့် လက်ထပ် ပြီးကတည်း က တစ်ခါမှ မခွဲဖူးသေးရာ ဝမ်းနည်းသလိုလို ဖြစ် နေပါသည် ။ “ အမူ ပျင်းနေတော့မှာပဲ ထင်တယ် ။ မောင် မကြာပါဘူးကွယ် ၊ သုံးရက်တည်းပါ ” ဟု သွားခါနီး ချော့မော့ ရှာပါသေးသည် ။
မောင် ထွက်သွားသောအခါ ကျွန်မ မှာ ဟာတိဟာတာ ဖြစ် ကျန်ရစ်ခဲ့တော့သည် ။ အိမ်ပတ်ဝန်းကျင် အရပ်ရပ် မှာလည်း မောင့် ကို သတိရဖွယ်ချည့် ဖြစ်နေတော့သည် ။ အိပ်ရာ ၊ ခုတင်နံဘေး ကြွက်လျှောက်ပေါ် တင်ထားသော ဆေးပြင်းလိပ်တိုကလေးများ ကို ကြည့်ပြီး မျက်ရည် ကျမိ သည် ။ မောင် သည် ဆေးပြင်းလိပ် အတို အလွန်မြတ်နိုး သည်ကို သတိရ၍ ထိုဆေးပြင်းလိပ်တိုကလေးများ ကို တစ်ခုစီ ကောက် ၍ ယွန်းသေတ္တာကလေး ထဲ ထည့် ထား လိုက်ပါသည် ။
မိုး ကလည်း အေးသည် နှင့် တစ်ယောက် တည်း အိပ် ရာပေါ် လှဲရင်း ရှေးဖြစ် နောက်ကြောင်း တွေ စဉ်းစားရင်း ကွယ်လွန်သူ မိဘတွေ သတိ ရကာ မျက်ရည် မဆည်နိုင် ဖြစ် မိသည် ။ ငိုချင်လျက် လက်တို့ ဆိုသလို ငိုချင်စရာတွေ ချည့် ဖြစ်သဖြင့် အားရပါးရ ငို မိပါသည် ။ အားရမှ ရေချိုးခန်း ထဲ ဝင် မျက်နှာ သစ်ပြီး တန်းပေါ်က မျက်နှာသုတ်ပဝါ ကို ဆွဲသုတ်လိုက်ရာ ဆေးပြင်းလိပ် နှင့် ချွေးနံ့ကြီး ကျွန်မ နှာခေါင်း ထဲ တိုး ဝင်လာပါသည် ။ ခါတိုင်း လို ဆိုလျှင် ဒေါပွ ၍ မျက်နှာသုတ်ပဝါ ကို လွှင့် ပစ်မည် ဖြစ်သော်လည်း ယခု အခါမှာ မောင့် ကို သတိ ရ၍ ထို မျက်နှာသုတ်ပဝါ ကို ကျွန်မ ပါး နှင့် အပ်ထားမိသည် ။
မောင် မနက် ကမှ ထွက်သွားသော်လည်း ကျွန်မ အဖို့ မှာ ဆယ်ရက်ခန့် ကြာ သွားပြီဟု ထင်ပါသည် ။ မောင် သုံးရက် တောင် ကြာ ဦးမည် ကို တွေး မိသောအခါ ပို ရင်လေး၍ ဒီ အချိန်အတွင်း ဘယ်လိုလုပ် နေရပါမလဲ ဟု အောက်မေ့မိသည် ။
အိပ် နေလျှင် အချိန် ကုန်မှာပဲ ဟု အိပ်ရာထဲ ပြန် ၍ ဇွတ်မှိတ် အိပ်လိုက်ရာ အိပ်ပျော်သွားသည်မှာ မည်မျှ ကြာသည် မသိ ၊ ကျွန်မ အနီး တစ်စုံ တစ်ယောက် ရောက် နေ သလို အိပ်မက် မက် သလို ဖြစ်သဖြင့် မျက်လုံး ဖွင့် ကြည့် လိုက်ရာ ကျွန်မ နံဘေး တွင် ဒူးထောက်ကာ ကျွန်မ ၏ လက် များကို အသာအယာ ယုယ ကိုင် နေသော မောင့် ကို တွေ့ ရ သဖြင့် “ ဟင် မောင် မောင် ဘယ်တုန်းက ရောက်သလဲ ၊ သုံးရက်တောင် ကြာ သွားပလား ” ဟု မယုံကြည်နိုင်အောင် မေးရင်း ထ ထိုင်ပါသည် ။
မောင် သည် ကျွန်မ ၏ နံဘေး ဝင် ထိုင်ပြီး “ ပဲခူး သွား ဖို့ ကိစ္စ ကို တခြား ဝတ်လုံ တစ်ယောက် လွှတ်လိုက်ပြီ မောင် လည်း အမူ တစ်ယောက်တည်း ထားခဲ့ရမှာ ကို စိတ် မကောင်း လို့ ကြံဖန် လုပ်လိုက်တယ် ။ အမယ် မောင့် မျက်နှာသုတ်ပဝါကြီး ဘယ့်နှယ် လည်ပင်း ပတ်ထားတာလဲ ဆေးလိပ် စော် မနံဘူးလား ” ဟု မေး လိုက်သောအခါ ကျွန်မ မှာ မျက်နှာ ကို သူ့ ရင်ခွင် ထဲ ဝှက် ကာ “ မောင် နောက် ကို အမူ တစ်ယောက် တည်း မထားခဲ့ရဘူး ” ဟု သာ ပြောလိုက်မိပါ တော့သတည်း ။
#ခင်မျိုးချစ်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၂
၁၉၄၇ ၊ ဇူလိုင်
936
သူ ၏ စွပ်ကျယ် ၊ လုံချည် ၊ အဝတ်အစားများ ကို ချွတ်ပြီး လက် အနားမှာ ရှိသော ဒိုဘီခြင်း ထဲသို့ မထည့် ။ ကြမ်းပေါ်မှာ ပုံ ထားတတ်ပါသည် ။ တစ်ခါတစ်ခါ အိပ်ရာ ပေါ် ပုံ ထား တတ်ရာ ချွေးစော် ၊ ဆေးလိပ်စော် အနံ့များ မှာ ကူးစက်ပြီး အားလုံးကုန် နံစော်နေပါသည် ။ ထို့ပြင် သူ ၏ ဒိုဘီ ပေးပြီးသား ၊ လျှော်ပြီးသား အဝတ်များ ကို အစက ကျွန်မ အဝတ်အစားများ နှင့် အတူ ဗီရို တစ်ခု ထဲ မှာ ရော ထားပါသည် ။ ကျွန်မ မှာ ကျွန်မ ၏ ချွေးခံအင်္ကျီများ နှင့် သူ့ စွပ်ကျယ် ၊ ရှပ်အင်္ကျီများ ရောနှောနေသည် ကို မြင်ရတာ တစ်မျိုးကြီးပဲ ၊ ရှက်သလိုလို ဘာလိုလို ဖြစ်သည် ။ ယောက်ျားတစ်ယောက် ၏ ပစ္စည်းများ ကျွန်မ ၏ ပတ်ဝန်း ကျင်တွင် ဤသို့ နီးကပ်ရင်းနှီး ရောနှောနေသည် ကို ကျွန်မ စိတ်က လက် မခံနိုင်သဖြင့် သူ့ အဝတ်တွေ ကို တခြား မှာ ရွှေ့ ထားလိုက်ပါသည် ။ တစ်ခါတစ်ခါ သူ့ ပစ္စည်း တစ်ခု ရှာ မတွေ့လျှင် ကျွန်မ ၏ ဗီရို ကိုဖွင့် ချွေးခံအင်္ကျီတွေ ၊ ဘာ တွေ ကြားထဲ မွှေ တတ်သည် ကို ကျွန်မ နည်းနည်း မှ မကြိုက်ပါ ။ ထို့ပြင် ကျွန်မ သုံးသည့် တို့ပတ်ပဝါ ၊ လက်ကိုင်ပဝါ ၊ မျက်နှာသုတ်ပဝါများ ကို သူ က အလွယ်တကူ ယူ သုံး တတ် သေးသည် ။ ကျွန်မ မမြင်စဉ် ယူသုံးစေကာမူ သူ့ ဆေးလိပ် နံ့ကြီး က ကျန် နေခဲ့၍ သိသာပါသည် ။ ထို အနံ့ကြီး မှာ ကျွန်မ ၏ ရန်သူ ဖြစ်ပါတော့သည် ။ သူ တစ်ခါ သုံး သွားလျှင် ကျွန်မ သုံး၍ မဖြစ်တော့ပါ ။ အနံ့ကြီး က ဘယ်လိုလုပ်လုပ် စွဲ ကျန်ခဲ့ပါသည် ။ ထိုအကြောင်း ကို ရင်းနှီးသည့် မိန်းမ မိတ်ဆွေများ ကို ပြောပြရာ “ ဟဲ ဟဲ အပျိုကြီး လင် ယူစ ဆိုတော့ ယောက်ျား စော် နံတာ မခံနိုင် ဖြစ်နေပြီ ။ ကြာတော့ ယဉ်သွား ပါလိမ့်မယ် ။ မပူပါနဲ့ ” ဟု ရယ်သွမ်းသွေးပြောကြပါ သည် ။
ကျွန်မ မှာ အသက် ၃၅ နှစ် အထိ လွတ်လပ်စွာ နေခဲ့ ရာ ကိုယ့် စိတ်တိုင်းကျ ချည်း လုပ်ခဲ့ရသည် ။ အိမ်ထောင် ကျ လာသည့်အခါ ချုပ်ချယ်မှုတွေ ရှိလာတော့သည် ။ ပြောရ လျှင် အသေးအဖွဲများ မှာ အလွန်ပဲ အရေးကြီးပါသည် ။ ဥပမာ ရှေးက ကျွန်မ သွားစရာ လာစရာ ရှိလျှင် စိတ်တိုင်း ကျ အလှပြင်ရာတွင် အချိန်ဘယ်လောက် ကြာကြာ ကိစ္စ မရှိ ပါ ။ ယခုအခါ လင်သည် ခမျာ စောင့် ရသည်ကို အားနာရ ပြန်သည် ။ ထို့ပြင် ရှေးအခါက ဝတ်စရာ လုံချည်တွေ တစ်ပုံ တစ်ခေါင်း ရှိနေမင့် ။ သွားခါနီးမှ အထက်ဆင် မတပ်ရသေး သည့် လုံချည် ကို ဝတ်ချင် စိတ် ပေါက်လာလျှင် စိတ် အလို လိုက်၍ သွားစရာ ဘယ်လောက် အရေးကြီးကြီး ထို လုံချည် ကို ဝတ်ဖြစ်အောင် ချုပ် လုပ်ပြီး မှ လမ်း ထွက်ပါသည် ။ တစ်ခါတစ်ခါ အဝတ်အစား ဝတ်ဖို့ အပြင် ထုတ် လိုက်လျှင် ဘော်လီလက်ကြိုး ပြတ် နေတာ တွေ့လျှင် တခြားဘော်လီ တွေ တစ်ပုံကြီးထဲ က ကောင်းတာ ရွေး မယူပါ ။ ထို လက် ကြိုးပြတ်သည့် ဘော်လီ ကိုပင် ဘယ်သူ အလျင် လို၍ ဘာ ဖြစ် နေနေ ထို ဘော်လီ ကို ပြင်ဆင်ပြီးမှ ဝတ် ပါသည် ။ ဤမျှလောက် ကိုယ့် ကိုယ် ကို အလို လိုက်လာခဲ့ပါလျက် ယခုအခါ ကျွန်မ မှာ အခြားသူ တစ်ဦး ကို အလို လိုက် ရမည့် အ လှည့် ကြုံ နေပါသည် ။
သွား စရာ ရှိလျှင် ကျွန်မ ကိစ္စ ကို ဂျီးချဲ့ မနေအားဘဲ လင်တော်မောင် ဝတ်ဖို့ ၊ ဆင်ဖို့ ကို ပြင်ဆင် ပေးရပါတော့ သည် ။
“ မူ ရေ ဟိုနေ့က ဝယ် လာတဲ့ ဘန်ကောက်လုံချည် မချုပ်ရသေးဘူးလား ၊ ဒီနေ့ အဲဒီ လုံချည် ဝတ်ရင် ကောင်းမှာပဲ ကွယ် ။ အခု သွားဖို့ အချိန် လိုပါသေးတယ် ။ စက် နဲ့ တစ်ကြောင်းလောက် ပေါက် လိုက်ပါလား ”
“ ဟောဒီ ရှပ်အင်္ကျီ ကြယ်သီးတစ်လုံး ပြုတ်နေပြီ ။ သွားခါနီး တယ်ခက်တာကိုး ။ အမူ ရေ ဒီနေ့ မောင် ဝတ်မယ့် လုံချည် က ဒီ ရှပ်အင်္ကျီ နဲ့ မှ လိုက် လို့ အသီး တပ် ပေးစမ်းပါ ကွယ် ၊ မကြာပါဘူး ”
အဲဒီလို သူ ဂျီးချဲ့တာတွေ ကို ကျွန်မ က လိုက်လုပ် ပေးနေရတော့ ဘယ်မှာ ကျွန်မ ဖို့ အချိန် ရှိတော့မလဲ ။ ပြီးတော့ ရှိသေးတယ် ။ သူ က ကျွန်မ ကို “ မူ ” လို့ခေါ်တယ် ။ ကျွန်မ က သူ့ ကို ' မောင် ' လို့ ခေါ် ရမတဲ့ ။ သူ့ ကိုယ် သူ မောင် လို့ ထည့်ထည့် ပြောရတာ အမောပါပဲ ။ ကျွန်မ ကလည်း သူ့ကို မောင် လို့ ခေါ်ရမှာ လည်း ရှက် ၊ နာမည် ခေါ် ရမှာ လည်း ခက် ၊ သံပြတ် နှင့် ပြောတာ ကို သူ က အတင်း ' မောင် ' ခေါ်ခိုင်းတယ် ။ ထမင်း စားဖို့ ခိုင်းတဲ့ ကောင်မလေး ခေါ်ခိုင်း ရင် မလာဘူး ။ ပေ နေတယ် ။ ကျွန်မ သွားပြီး “ ဒီမယ် ထမင်း စားရအောင် ” လို့ ခေါ် တော့ သူ့ နာမည် “ ဒီမယ် ” မဟုတ်ဘူး တဲ့ ။ ဒါနဲ့ “ ဦးတင်အောင် လာ ထမင်းစားမယ် ” လို့ ခေါ်တော့ “ ဘာမှုလဲ ” တဲ့ ။ အမှုသည်တွေ ကသာ သူ့ ကို ဒီလို ခေါ် တာတဲ့ ။ ကျွန်မ က မဟုတ်ပေါင် ၊ ဝတ်လုံတော်ရမင်း လို့ ခေါ်ပါတယ် ၊ အမှုသည် က ဦးတင်အောင် လို့ မခေါ်ပါဘူး လို့ ဆင်ခြေ ပေးပေမယ့် မရဘူး ။ နောက်ဆုံး မရဲတရဲ “ မောင် ” ထမင်းစားမယ် လို့ ခေါ်မှ ထ လာတယ် ။
ထမင်း စား သည့် ကိစ္စ မှာ တစ်နေ့ နှင့် ပြီးသည့် ကိစ္စ ဖြစ်မနေ၍ နေ့စဉ် နှင့် အမျှ ' မောင် ' ခေါ် ရေးပြဿနာကြီး နှင့် ရင်ဆိုင် နေရပါသည် ။ တစ်နေ့တွင် ထမင်းစား ခေါ် ရာတွင် ခါတိုင်း မရဲတရဲ သူ့ အနား ရစ်သီရစ်သီ လုပ်၍ “ ထမင်းစားမယ်လေ ” ဟု သံပြက်နှင့် ပြောလိုက်ရာ သူ က ဖတ်နေသော သတင်းစာ ကို ချ၍ ကျွန်မ ကို ပြုံး ကြည့်နေ ပါသည် ။ ကျွန်မ မှာ စိတ်မလုံဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေစဉ် သူ နေရာက ထ ၍ ကျွန်မ နှင့် ယှဉ်ရပ်လိုက်ပြီး
936
ကျွန်မ အသက် သုံးဆယ်ငါးနှစ် ရှိသောအခါ ကျွန်မ ရုံးတွင် အလုပ် လုပ်သက် မှာ ဆယ့်ငါးနှစ် ခန့် ရှိ ပြီ ဖြစ်၍ လခ လည်း ကြီး ပါသည် ။ သားအမိ နှစ်ယောက်တည်း ဖြစ် ၍ နဂိုက ရှိရင်းစွဲပစ္စည်းများ မှာ လျော့သည် မရှိ ၊ တိုးသည် သာ တိုး ပါသည် ။
ဤသို့ ချမ်းချမ်းသာသာ နေစဉ် တိမ်စင်သော ကောင်း ကင်ထက်မှ ဗြန်းခနဲ မိုးကြိုး ပစ်ချလိုက်သလို မေမေ့ မှာ ရုတ်တရက် အနိစ္စ ရောက်သွားပါသည် ။ ကျွန်မ မှာ တစ်သက် နှင့် တစ်ကိုယ် မကြုံစဖူး ပူဆွေးရပါသည် ။ ဖေဖေ ဆုံး စဉ်ကမှာ မေမေ ရှိ နေသဖြင့် တော်ပါသည် ။ ယခုအခါ မှာ ကျွန်မ တွင် အားကိုးရာ မဲ့သော သောင်ပြင် လွှတ်သည့် ခွေး လို ကျန်ခဲ့ပါသည် ။ ကျွန်မ မှာ မျက်စိသူငယ် နှင့် ဆောက် တည်ရာ မရ ဘယ် သွားရတော့မလို ဘယ် လာရတော့မလို အရူး လို ဖြစ်နေပါတော့သည် ။
ထိုအခါ ကျွန်မ ငယ်စဉ် က ထိန်းလာခဲ့သည့် လူယုံ တော် အဒေါ်ကြီး ဒေါ်စာ က “ ခက်တယ် ၊ ခက်တယ် ၊ မမ လေး မှာ ယောက်ျား အားကိုး အားထား မရှိတော့ ပစ္စည်း ဥစ္စာတွေ နှင့် ရန် များတော့မယ် ရှေ့ရေးခက်တယ် ” ဟု မျက် ရည်စမ်းစမ်း နှင့် ညည်းညူ ရှာပါသည် ။
ကျွန်မ က “ အို ဒေါ်စာ ကလည်း ကျွန်မတို့ မှာ ပစ္စည်း အခြေအနေ လည်း ရှိ ၊ ပညာ လည်း ရှိ ၊ အလုပ် နှင့် အကိုင် နှင့် ယောကျာ်း မရှိလို့ ဘာမှ မဖြစ်ပါဘူး ” ဟု သာ ပြောရသော် လည်း မေမေ ကွယ်လွန်သွားသည့် အခါ အားကိုးရာမဲ့ အားငယ်မိသည် မှာ အမှန်ပင် ဖြစ်ပါသည် ။
ကျွန်မ မှာ ဒေါ်စာ ကို အဖော်ပြု၍ နေခဲ့ရာ မေမေ ရှိစဉ် က ကဲ့သို့ နှင့် မတူ မျက်နှာ ငယ်သည် ဟု ထင် မိပါသည် ။ မိတ်ဆွေသူငယ်ချင်းများ က “ မခင်မူ တစ်ယောက် သနားစရာပဲ ။ သူ့ ခမျာ အဖေ လည်း မရှိ ၊ အမေ လည်း မရှိ ။ အိမ်ထောင်ရက်သား လည်း မရှိ ၊ ဒုက္ခပါပဲ ” ဟု ကျွန်မ နောက်ကွယ် သာ မက ရှေ့ မှာ ပင် ပြောဆိုကြပါသည် ။ တချို့မှာ စိတ် ထဲ က တကယ် သနား၍ ပြော ကြသော်လည်း အချို့မှာ ချီးမွမ်း ခြေကျောက် ဆိုသလို ပြောကြသဖြင့် ကျွန်မ မှာ မခံချိ မခံသာ ဖြစ်မိပါသည် ။ အချို့ကလည်း “ ဟိုတုန်းက စပ်ကြ ဟပ်ကြတာတွေကို အမူ လုပ်နေလိုက်တာ ခုတော့ တယ်ကောင်း ။ အပျိုဟိုင်းကြီး ဖြစ်ပြီး လူမလေး ခွေးမခန့် နေရတာပေါ့ ။ တော်တော်ကြာ ဘယ် က ဣတ္ထိယသိုက် သမား နှင့် တွေ့မယ် မသိဘူး ” စသည်ဖြင့် အမနာပ စကား များ ကို မကြားတကြား ပြောကြသဖြင့် ကျွန်မ မှာ စိတ်ညစ် မိပါသည် ။
ကျွန်မ မှာ ပစ္စည်းဥစ္စာပညာ ပြည့်စုံ၍ ယောက်ျား ယူ ဖို့ ကိစ္စမှာ အပို သက်သက် ဖြစ်သည် ဟု ထင်မှတ်ခဲ့သော် လည်း ဤသို့ လူအများ ပြောကြဆိုကြသံ ကြားရသောအ ခါ ယောက်ျား ရှိ မှပဲ ဖြစ်တော့ မလို ဖြစ် နေပါသည် ။ ကျွန်မ နှင့် ရွယ်တူ သူငယ်ချင်းမိတ်ဆွေများကလည်း သူတို့ လင် တွေ ၊ သားသမီးတွေ နှင့် လာရောက်လည်ပတ်ရင်း “ မခင်မူ ရဲ့ ဒါလောက် ဘာကြောင့် အချိန် ဖြုန်း နေရတာလဲ ၊ ကျွန်မ တို့ ကြည့် ပါဦး ။ သား ရှင်ပြုရတော့မယ် ” စသည်ဖြင့် နောက်ကြ ၊ ပြောင်ကြ တာ ကိုလည်း မခံချင်သော်လည်း မချိ သွားဖြဲ နေရပါသည် ။
မေမေ မရှိသောအခါ သူငယ်ချင်း မိတ်ဆွေများ ကိုသာ အားကိုး နေရသဖြင့် သူတို့တတွေ ကလည်း အိမ်ထောင် ပြုဖို့ သာ တိုက်တွန်းကြပါသည် ။ ကျွန်မ မှာ မေမေ အရင် က ပြောခဲ့ ၊ ဆုံးမခဲ့တာတွေ ကို သတိရ ၊ တမျှော်တခေါ်ကြီး တွေး ၍ ငြင်းပယ်ခဲ့သော်လည်း မေမေ ကလည်း မရှိ ၊ အားကိုးရာမဲ့ အခြေအနေတွင် စိတ် တဖြည်းဖြည်း ကျခဲ့ အိမ်ထောင်ရေး ကို ရှေးကလောက် ရှောင်ဖယ်လို စိတ် မရှိတော့ပါ ။ထို့ကြောင့် မေမေ ဆုံးပြီး တစ်နှစ်ခန့် ကြာလျှင် မိတ်ဆွေသူငယ်ချင်းများ ဘေးတီး တိုက်တွန်းချက် အရ ဝတ်လုံတော်ရ ဦးတင်အောင် နှင့် ဖူးစာ ဆုံ ခဲ့ရပါသည် ။
ဦးတင်အောင် မှာ မုဆိုးဖို ဖြစ်၍ သားသမီး အတွယ် အတာ မရှိ ၊ အသက် ၄၀ ကျော် ရှိပါပြီ ။ စိတ်သဘော ကောင်း၍ ကျွန်မ တို့ မိဘများ နှင့် သိကျွမ်းသော မိတ်ဆွေ ဟောင်း တစ်ဦး ဖြစ်ပါသည် ။ ကျွန်မ ၏ အကြောင်း ကို ကောင်း မကောင်း သိခဲ့သူ ဖြစ်သဖြင့် ကျွန်မ အပေါ် တွင် ကြင်နာ ညှာတာပါသည် ။ အသောက်အစား ကင်းသော လူကြီး လူကောင်း တစ်ယောက် ဖြစ်၍ အများ က ကြည်ညိုခံရပါ သည် ။
ဦးတင်အောင် လို လူ နှင့် စိတ်ချမ်းသာဖို့တော့ ကောင်း သော်လည်း ကျွန်မ ၏ စိတ်ချမ်းသာမှု မှာ တင်းပြည့်ကျပ် ပြည့် မရှိပါ ။ အဘယ်ကြောင့်နည်း မေးသော် အဖြေ မှာ တိုတို နှင့် မပြီး ရှည်လျားလှပါသည် ။
အိမ်ထောင်ရေး နှင့် ပတ်သက်၍ ကျွန်မ စိတ် တွင် သဘော မကျသည့် အချက် တစ်ခုမှာ ဦးတင်အောင် သည် ဆေးပြင်းလိပ် သောက် ပါသည် ။ အိမ် မှာ နေရာတကာ ဆေးလိပ်ပြာတွေ ချထားတတ်သည် ကို ကျွန်မ အလွန်ပဲ ရွံ ပါသည် ။
ဆေးလိပ် ပြာ သာ မက ဆေးလိပ် အတိုကလေးတွေ ကို အိပ်ရာ နံဘေး ကြွက်လျှောက်ပေါ်မှာ စီ တင်ထားတတ် ပါသည် ။ တစ်ခါ အိမ် က အစေခံမကလေး တံမြက်စည်း လှည်း ပစ်မိ၍ ခါတိုင်း အင်မတန် ညင်ညင်သာသာ ပြော တတ်သူ ဖြစ်လျက် နှင့် ရိုက်ပုတ်မတတ် မောင်းမဲ သဖြင့် ကျွန်မ ကြားဝင် တောင်းပန် ရပါသည် ။ အိပ်ရာခင်း ၊ ခေါင်း အုံးစွပ်များမှာ ဆေးလိပ်စော် နံသဖြင့် ကျွန်မ တစ်ခါတစ်ခါ မအိပ်နိုင်ပါ ။
936
မှာ ။ သူတို့ ပစ္စည်းအင်အား မေမေ တို့ ထက် သာ နေတော့ သမီး သူတို့ ကြား ထဲ မှာ မျက်နှာ ငယ်မှာ မေမေ က တွေးပြီး သနား မိတယ် ။ ပြီးတော့ မောင်ဘ၀င်း က သမီး ကို ချစ်ကြင်နာရင် သူတို့ က မနာလိုဘဲ ခနိုးခနဲ့ စကားတွေ ပြောမယ် ၊ ပြီးတော့ သမီး က နောက် ရောက် လာတဲ့ ဧည့်သည် လို သူတို့ လူစု ထဲ လည်း သွားရပြန် ၊ ပစ္စည်းအင်အား ကလည်း သူတို့ လို မရှိ ၊ သူတို့က ဆီးပြီး နှိမ် မှာပဲ ။ ယောက်ျား ဆိုတာက သဘော ကောင်း ပေမဲ့ နေရာတကာ အလိုက် သိမှာ မဟုတ် ဘူး ။ တော်တော်ကြာ ကိုယ့်ယောက်ျား ကို လည်း နားမပူချင်တော့ ဒူး နဲ့ မျက်ရည် သုတ် နေရမှာ ။ ပြီးတော့ ရှိသေးတယ် ၊ အခု မောင်ဘ၀င်း က ဒီလူမမည် ညီတွေ ၊ နှမတွေ ကို အဖ အရာနှင့် အုပ်ထိန်းနေရတဲ့ တာဝန် ကို လည်း သမီး လည်း ခွဲဝေပြီး ခံရမယ် ။ သမီး ဟာ တစ်ဦး တည်းသော သမီး ပီပီ ဘာမှ တာဝန် မရှိဘဲ ချမ်းချမ်းသာသာ နေလာခဲ့ရပြီး ဒီ တာဝန်တွေ ထမ်းရရင် ဘယ်လောက် ခေါင်း ရှုပ်မလဲ ၊ အခု မောင်ဘဝင်း မှာ ရှိတဲ့ ပစ္စည်း ဟာ ဒီ မောင်နှမတွေ အ လျှိုအလျှို ခွဲ ယူလိုက်ကြရင် ဘာမှ ရှိမှာ မဟုတ်ဘူး ။ အခု မေမေ ပြောတဲ့ ဒုက္ခတွေ ခံရတာပဲ အဖတ် တင်မှာပဲ ” ဟု ပြောသောအခါ ကျွန်မ မှာ အိမ်ထောင်ရေး ၏ ခက်ခဲမှု များကို ထင်မြင် ရင်လေးကာ မေမေ့ စကား ကို နားထောင် လိုက်ပါသည် ။
အတွင်းဝန်ကလေး ကိုကျော်ဒင် မှာ ပညာဂုဏ် ၊ ရာထူးဂုဏ်လည်း ရှိ ၊ ညီအစ်ကို မောင်နှမ လည်း ကျွန်မ လို တစ်ဦးတည်းသော သား ဖြစ်သည် ။ သူ့ အလုပ် က ရန်ကုန် က ဘယ် မှ မသွားရသော အလုပ် ဖြစ်၍ ကျွန်မတို့ ၏ ပတ်ဝန်းကျင် မိတ်ဆွေများ က နေရာကျလိမ့်မည် ဟု ကျိန်းသေ ပေါက် ထားခဲ့ပါသည် ။ “ မောင်ကျော်ဒင် တစ်ယောက် ဖြင့် အတော်ပဲ သဘော ကျ စရာပဲ သမီးရယ် ၊ ညီအစ်ကိုမောင် နှမ လည်း မရှိ ၊ အမေကြီး တစ်ယောက် ပဲ ရှိတယ် ။ ခက်တာ က အဲဒီ အမေကြီး ပဲ ။ သူ ကလည်း သား တစ်ဦးတည်း ဆိုတော့ အမြဲ လိုက် နေမှာပဲ ။ ယောက္ခမ နဲ့ နေ ရတဲ့ မယားသည် ဟာ ဘယ်တော့မှ စိတ် မချမ်းသာဘူး ။ အခု ကြည့်ရတာ သား လုပ်သူ က ရသမျှ ပိုက်ဆံ အမေ့ လက် ထဲ ထည့် ၊ အမေ့ သြဇာ ချည့်ပဲ ။ ဒီတော့ သမီး ရဲ့ သြဇာ မကိုက် ၊ လင် သာ ဆိုရတယ် ယောက္ခမ က ရှေ့ က ကာဆီး ကာဆီး နဲ့ ပိုင်စိုးပိုင် နင်း မရှိ ၊ စိတ်ဒုက္ခ များ ရလိမ့်မယ် ။ ပြီးတော့ အခု သမီး ဖေဖေ ဆောက်သွားတဲ့ အိမ်ကြီး မှာ မေမေတို့ သားအမိ နေလာတာ မောင်ကျော်ဒင် တို့ သားအမိ ကလည်း မေမေတို့ လိုပဲ အိမ်ပိုင် ယာပိုင် နဲ့ တစ်ထီးတစ်နန်း နေတာ ဆိုတော့ မောင်ကျော်ဒင် ကလည်း သမီး ဆီ လိုက် နေမှာ မဟုတ်တဲ့ အကြောင်း ကို တီးခေါက် ကြည့် လို့ သိရပြီ ။ သူ့ အမေ ၊ ကိုယ့် အမေ လွန်ဆွဲ တဲ့ ကြားထဲမှာ ငါ့ သမီး မှာ ဘယ်သူမှ မခွဲနိုင်လို့ စိတ်ညစ် ရမှာပဲ ။ ပြီးတော့ မောင်ကျော်ဒင့် အမေကြီး ဟာ သား ကို အင်မတန် နိုင်တယ် ။ ချွေးမ ရ ရင်လည်း သူ့လက်အောက် မှာ ဖိ ထားမှာပဲ ။ အခု ဒီကိစ္စ ကို စကား စ ပြောဆို ရင်းတောင် သားရှင် ပီပီ စီးပိုးတဲ့ စကားတွေ သိပ်ပြောတော့ မေမေ လည်း မခံချင်ဘူး ၊ ရှေ့ကို ဆိုရင် ဒါထက် ဆိုး မှာပဲ ။ အမေ ကြီး က သူ့သား နဲ့ တန်တဲ့ မိန်းမ လောက မှာ မရှိသလောက် ထင် နေတာ ။ ဒီလိုဟာမျိုး နဲ့ ဘယ့်နှယ် လုပ်ပြီး သမီး စိတ် ချမ်းသာနိုင်မှာလဲ ” စသည်ဖြင့် လူကြီးပီပီ ရှေ့ရေးမျှော်တွေး လမ်းခင်း ပြလိုက်သည် ကို ကျွန်မ မှာ နားလည် သွားသဖြင့် “ ဟုတ်ပါရဲ့ ၊ ဒီလို ယောက္ခမဆိုး လက်ထဲမှာ ဒူး နဲ့ မျက်ရည် သုတ်နေရမယ့် ဘဝမျိုးတော့ နေရာ မကျပါဘူး ” ဟု စိတ် ပျက်စွာ နှင့် ပယ် လိုက်ရပါသည် ။
ထို့နောက် စပ်ဟပ်လာကြသော ပညာရှင် ၊ ရာထူး ရှင် ၊ ပစ္စည်းရှင်များ မှာ ရှေ့သွားလေပြီသော နောင်တော် ၊ နောင်တော်များ၏ နည်းအတိုင်း အပြစ် ဆိုစရာ တွေ ဖြင့် ကျွန်မ မှာ ငြင်းပယ်ရင်း နှစ်ဆယ်ကျော် အစိတ်ပိုင်း သို့ အရွယ်တော် တစ်ဆိတ်ဟိုင်း လာရသည် ။ အစိတ် က သုံး ဆယ်သုံးဆယ့်ငါးနှစ် အထိ အေးအေးဆေးဆေး အပျို ကြီး ဘဝ နှင့် မပူပင် မကြောင့်ကြရဘဲ နေခဲ့ရ၍ အရွယ် မှာ အိုသည် မရှိ ၊ ကြာလေ နုလေ ၊ ပြုပြု ပြင်ပြင် နှင့် အလှကျက်သရေ တိုး လာခဲ့ပါသည် ။ စပ်ဟပ်သူများမှာလည်း ဘယ်ခါ မစဲ တသဲသဲ လာကြသော်လည်း နောင်တော့် နောင်တော် များ၏ ထုံးစံအတိုင်း အပြစ်အနာအဆာများတွေ့ရသဖြင့် ပယ် ခဲ့ရပါသည် ။
ကျွန်မ မှာ နဂို ရုပ်ရည် ကလည်း ရှိ ၊ မကြောင့် မကြ ချမ်းသာစွာ နေ ရသဖြင့် အသက်အရွယ် ဟိုင်း သွားသော် လည်း ကြာလေ နုလေ ၊ အလှကျက်သရေ မလျော့ဘဲ ရှိခဲ့ ရာ ကျွန်မ ၏ အသက်မှန် ကို မှန်းဆနိုင်သူ ရှား ပါသည် ။ ကျွန်မ ကိုယ်တိုင် ကလည်း ကျွန်မ ၏ အသက် ကို မေးလာ လျှင် “ ကျွန်မ အသက် မငယ်တော့ပါဘူး ။ နှစ်ဆယ် ကျော် ပါပြီ ” ဟု မတင်မကျ ပြောခဲ့ပါသည် ။ ဤသို့ ပြောရင်းပင် ကျွန်မ ၏ အသက် မှာ နှစ်ဆယ် ၏ တစ်ဖက်တွင် ဆယ့်ငါးနှစ် ကျော် လွန်လာခဲ့ပါသည် ။
ကျွန်မ မှာ ကျွန်မ ၏ လွတ်လပ်အေးငြိမ်းချမ်းသာ သော ဘဝတွင် ပျော်မွေ့ လျက် ရှိပါသည် ။ ကျွန်မ နှင့် ရွယ်တူသူငယ်ချင်းတွေ သားပူ သမီးပူလင်ပူတွေ တွေ့ နေရသည် ကို မြင်ရလေလေ ကျွန်မ ၏ ကုသိုလ် ကို ပြန်၍ ကျေးဇူး တင်ရလေလေ ဖြစ်ပါသည် ။ ကျွန်မ မှာ မေမေ က လွဲ၍ သံယောဇဉ် မရှိ ။ သားအမိ နှစ်ယောက် မှာ အမြဲ မခွဲမခွာ ပူးတွဲ၍ ပျော်ရွှင်စွာ နေကြပါသည် ။
936
🔹အပျိုလို မနေမိလို့ 🔹
#ခင်မျိုးချစ်
ကျွန်မသည် အသက် သုံးဆယ့်ငါးနှစ် တိုင်တိုင် အပျို ကြီး လုပ်လာခဲ့ပါသည် ။ တချို့တွေလို ရေခဲစိမ် ၊ ဒိုဘီပေး မဟုတ်ဘဲ အပျိုဆိုး ဘဝ မှာ အပျိုစစ် တစ်ဦးအဖြစ် နှင့် ကိုယ့် ကိုယ် ကို ထိန်းသိမ်းခဲ့ သူ ဖြစ် ပါသည် ။ ကျွန်မ အပျိုကြီး ဖြစ် ရခြင်း မှာ အရုပ် ဆိုး ၍ ကြိုက် သူ မရှိ ၍ မဟုတ်ပါ ။ ကျွန်မ ၏ ရုပ်ရည် မှာ အသက် ၂၀ လောက် က များ ဆိုလျှင် မြင် သူ တွေ ငေး လောက်အောင် ချောသဖြင့် လမ်း ထွက်လျှင် လူတွေ ၏ မျက်လုံးရည်ကြောင့် ကျွန်မ မှာ ရှက်ကိုးရှက်ကန်း ဖြစ်ရပါသည် ။ မိဘ မှာ အရာရှိပိုင်းက ဖြစ်၍ ခေတ် ပညာ ကို လည်း ဆယ်တန်း အောင် အထိ သင် ခဲ့ပါသည် ။ ဆယ်တန်း အောင် သည့် နှစ်ကပင် ဖခင်ကြီး ဆုံး သဖြင့် လက်ရေးတို နှင့် လက်နှိပ်စက်ပညာ ကိုသင်ကာ ရန်ကုန်မြို့ အစိုးရရုံး တွင် အလုပ် လုပ်ရပါသည် ။ ထိုအခါက ကျွန်မ ၏ အသက် မှာ ၂ဝ မပြည့်သေးပါ ။ လူတိုင်း ကပင် ကျွန်မ ကဲ့သို့ ချောမောသည့် မိန်းကလေး တစ်ဦး သည် ကြာရှည် အလုပ် လုပ်မည် မထင် ။ မကြာမီ အိမ်ထောင် ပြု လိမ့်မည် ဟု အောက်မေ့ ကြပါသည် ။ သို့သော် ကျွန်မ မှာ တစ်နှစ် ထက် တစ်နှစ် အသက် ကြီး အရွယ် ဟိုင်း လာသော်လည်း အိမ်ထောင် နှင့် ဝေးခဲ့ပါသည် ။ ဝေး ရခြင်း မှာလည်း အထက် က ပြောခဲ့သလို ကြိုက်သူ မရှိ၍ မဟုတ်ဘဲ နဖူးစာကံ က ကြံ ဖန်၍ သာ လွဲ ရပါသည် ။
မိဘစုံလင် စဉ် က စပ်ဟပ်သူတွေ လည်း မနည်းပါ ။ ထိုအခါကတော့ လည်း အသက် ငယ်သေးသည် ဟု နေ ခဲ့ပါ သည် ။ တစ်ဦးတည်းသော သမီး မို့ ငယ်ငယ်ရွယ်ရွယ် နှင့် အိမ်ထောင် ချပေးဖို့ရန် မိဘများ ကလည်း နှမြော ကြပါ သည် ။ ကျွန်မကိုယ်တိုင် လည်း တစ်ဦးတည်းသော သမီး အဖြစ် နှင့် မကြောင့်မကြ မတောင့်မတ နေရသည့် ဘဝ နှင့် ပျော် နေမိပါသည် ။
ထိုအခိုက် အတွင်း ဖခင်ကြီး အနိစ္စ ရောက်သွားပြီး ရှေး ကလို ကုံလုံခြင်း မရှိသော်လည်း ပညာ ကို အားကိုးကာ အလုပ် လုပ် ကိုင်နေ ရသည့် ဘဝ မှာလည်း နဂို က ပစ္စည်း အခံ ရှိသူ ဖြစ်သည့်အလျောက် ဒါ လုပ်မှ ဒါ စားရသူများ နှင့် မတူ ချမ်းသာစွာ နေ ရပါသည် ။ အလုပ်အကိုင် မှာ အပျင်း ပြေ စိတ် မလေရုံ ဖြစ်၍ ရသည့် ငွေ ကို အဝတ်အစား အမျိုး မျိုး ဝယ်ခြင်း စသည် သုံးဖြုန်း ကာ စိတ် ပျော်နေမိပါသည် ။
ထို့ကြောင့်လည်း လာ၍ စပ်ဟပ်သူများ ကို စိတ်တိုင်း မကျနိုင် ကြေး များခဲ့သည် မဟုတ်ပါလော ။ တရားမ ဝန်ထောက်ကလေး ကိုမြမောင် မှာ ပညာ က လည်း ဘီအေ - ဘီအယ် ၊ အသက် ကလည်း နှစ်ဆယ့်ငါး နှစ် ၊ ရုပ်ရည် ကလည်း အပြစ် ဆိုစရာ မရှိ “ ခင်မင်မှု မရလျှင် သေရပါလိမ့်မည် ” ဟု မရှက်မကြောက် အောင်သွယ်ဒလန် တွေ လွှတ်ကာ မေမေ့ ကို နား ပူ ခဲ့သည် ။ သူ ကိုယ်တိုင်လည်း အိမ် ကို ရေထွက် မတတ် လာသည် ။ အစက မေမေ က သဘော တူ တော့ မလိုလိုနှင့် တကယ်တန်း ကျလာသောအခါ “ မဖြစ် နိုင်ပါဘူး သမီး ရယ် ၊ သူတို့ က အစိုးရ အလုပ် ဆိုတော့ မြို့ ပြောင်းရမှာ ၊ မေမေ ကလည်း ရန်ကုန် မှာ သမီး ဖေဖေ ရဲ့ လက်ငုတ် ဖြစ်တဲ့ ဒီ တိုက် အိမ် ကို မခွာနိုင်တော့ သမီး နှင့် လိုက် မနေနိုင် ၊ ခွဲလည်း မခွဲနိုင် ဖြစ်မှာပဲ ။ ပြီးတော့ လင့် တစ်မျက်နှာ တစ်ရွာ ထင်ပြီး သမီး လိုက်သွားရမှာ ကို မေမေ မချိလွန်းလို့ ” ဟု မျက်ရည်ကလေး စမ်းစမ်း နှင့် ပြော ရှာပါ သည် ။ ကျွန်မ မှာ ဖခင်ကြီး မရှိ၍ အမေ တစ်ခု သမီး တစ်ခု ချစ်ခင်နေရသဖြင့် ဝမ်းနည်းမိကာ “ မငိုပါနဲ့ မေမေရယ် ၊ မေမေ နှင့် ခွဲရမယ် ဆိုရင် ရှင်ဘုရင်ကြီး ဖြစ်ပစေ သမီး မယူပါဘူး ။ အခုလည်း သမီး က မေမေ့ သဘော တစ်ခုပါ ။ သူ့ ကို ဘယ်လိုမှ မအောက်မေ့ပါဘူး ” ဟု ချော့မော့ရပါ သည် ။
ရန်ကုန်မြို့ပေါ် မှာပင် နေထိုင်လျက် ရှိသော စက်သူဌေး ကိုဘဝင်း မှာ ပညာ ကတော့ အိုင်အေ လောက် ပဲ တတ် ပါသည် ။ ရုပ်ရည်လည်း အန်ချင်စရာ ပုံ မဆိုးလှပါ ။ အ သက်လည်း ကျွန်မ ထက် ငါးနှစ် ခြောက်နှစ် လောက် ပဲ ကြီး ပါသည် ။ ပစ္စည်း နှစ်သိန်း - သုံးသိန်း လောက် ရှိပါသည် ။ သူ ကလည်း ကျွန်မ ကို လို ချင်၍ မေမေ့ ကို အမျိုးမျိုး ကပ် ပါ သည် ။ မေမေ့ မှာ အစတွင် ငါ့ သမီး မခင်မူ သူဌေးကတော် ဖြစ် ရမှာပဲ ဟု သဘောကျ သလိုလို ရှိပြီး တကယ်တော့ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာသောအခါ “ မောင်ဘ၀င်း က တော် ပါ ရဲ့ သမီးရယ် ။ သူ နဲ့ ဆိုရင် မေမေ နှင့် လည်း မခွဲရဘူး ၊ ကောင်းသားပဲ လို့ တော့ အောက်မေ့မိပါရဲ့ ။ ဒါပေမဲ့ အိမ်ထောင်ရေး ဆိုတာ အခက် သားနော် ။ လွယ်တာ မဟုတ်ဘူး ၊ အများကြီး စဉ်းစားရတယ် ။ မောင်ဘ၀င်း မှာ ညီအစ်ကို မောင်နှမတွေ သိပ် များတယ် ။ ရှစ်ယောက် တောင် ပဲ ။ သူ က အကြီးဆုံး ။ ပြီးတော့ ယောက်ျားလေး ဆိုလို့ သူ နှင့် ညီ အငယ်ဆုံးကလေး ခုမှ ဘာ အသက် ကြီးသေးလို့လဲ ၊ ဆယ်နှစ် သာ ရှိသေးတယ် ။ ကြားထဲမှာ နှမတွေ အပြိုင်းအရိုင်း အပျိုတွေ ချည့်ပဲ ၊ ကောလိပ် မှာ တစ်ချို့ ၊ ကွန်ဗင့် မှာ တစ်ချို့ ၊ ဒါတွေကို မိဘ မရှိတော့ မောင်ဘ၀င်း က အုပ်ထိန်းနေရတာ ပဲ ။ သမီး နှင့် သူ ယူကြရင် ဒီ ညီအစ်ကို မောင်နှမတွေ နဲ့ ခွဲလို့ ဖြစ်မှာ မဟုတ်ဘူး ၊ အတူ နေရမှာပဲ ။ ဒီတော့ ခက်တယ် သမီး ရယ် ။ ယောင်းမ အပျိုတွေ ခြောက်ယောက် ဆို တဲ့ တာဝန် က နည်းတာ မဟုတ်ဘူး ။ ပစ္စည်းဥစ္စာ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ စိတ်ညစ်ရမယ့် လမ်းတွေ မေမေ မြင်လွန်းလို့ ။ အပျိုပေါက်မတွေ ဆိုတာ အစ်ကို ရဲ့ မယား ကို အမြဲ ဂုဏ်ပြိုင်
936
“ မီးခံသေတ္တာ ထဲ မှာ လယ်ပေါင်စာချုပ် ၊ သီးစား စာချုပ်တွေ ရှိ သကွ ။ အဲသာတွေ ယူဖို့ကွ ။ သာပေမယ့် ငပွင့် ကြောင့် အကြံ ပျက်သာပဲ ကောင်းပါ သကွာ ။ နို့ မို့ရင် ချစ်တီးတိုက် ကို စောင့်ဖို့ လွှတ် လိုက်တဲ့ အမ်း ပုလိပ်တပ် နဲ့ တိုး မှာ ”
“ အံမာ ဝက်ကုန်း နဲ့ နတ်ကြီးငါးပါး ဆေး ထိုးထား တယ် မဟုတ်လား ”
“ ဟာ .. အဲသည် ဆေးတွေက ခဲ ၊ အုတ် ၊ ကျောက် ၊ တံတောင် ၊ တုတ် ၊ ဓား ၊ လှံ ၊ ဖနောင့် ၊ လက်သီး ၊ တင်းပုတ် ဘာညာ ပေါ့ကွာ ။ အဲသာတွေ ပဲ ပြီးသာ ကွ ။ အား နဲ့ ပြေးလာသဲ့ ကျည်ဆန် ၊ အဲအဲ နှစ်လုံးပြူး ၊ “ စရိတ် ” ကျဲ သာတော့ ပြီး သကွ ၊ ရိုင်ဖယ်ကျည်ဆန် ကျတော့ မခံနိုင်ဘူး ၊ အရိုးကျိုး သတဲ့ ”
ကိုထွန်းမှုန်တို့ လူလတ်ပိုင်း မှာ တွေ ပြီး ကြည့်နေ ကြငြား ကျော်မြသောင်း တို့ လူငယ်များ ကား ဝါးခနဲ ရယ်မော လိုက်ကြလေ၏ ။
◾ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်
#ကိုအောင်နိုင်ဦး
936
ဝါး တစ်ရိုက် မျှ သာ ကွာ တော့သည် ။ သင်္ဘောမန်ကျည်းပင် နှင့် ပဒိုင်းပင် များ က အကာအကွယ် ပေး ထားသည် ။
“ ဟေ့ .. ရပ်လိုက်ကြ ၊ ရပ်ဆို မရပ်ဘူးလား ”
တိုက်ဝင်း ထဲ မှ လူတချို့ ပြေးထွက် သွားသဖြင့် သွေးကြီး လှမ်း အော် ရင်း နှစ်လုံးပြူးသေနတ် ဖြင့် လှမ်း ပစ်သည် ။ ထိုအချိန် တွင် ဦးစံအေး ခုန် ထွက်၏ ။ ကျားခနဲ အော်ရင်း သွေးကြီး ကို ဝင် ခုတ်သည် ။ သွေးကြီး မှာ ရုတ်တရက် မင်တက် မိ သွား ရာ က နှစ်လုံးပြူး ဖြင့် ဆီးခံ သည် ။ မောင်ဆေးရိုး နှင့် မောင်ပိတ်စ လည်း မနေသာ ပြေးဝင် ခုတ်သည် ။
“ ခုတ်ကုန်ပြီဟေ့ ။ ချကြ ... ချကြ ခုတ်လဟ ”
မြောင်းထဲ မှ ၊ ချုံထဲ မှ မှောင်ရိပ် မှ လူ သုံးဆယ် ခန့် ထွက် လာသည် ။ သွေးကြီး နှင့် တပည့်လေးဦး မှာ သေနတ် ကို အရ လု လျက် မီးစည်းများ ချ ကာ ထွက် ပြေး တော့သည် ။
“ လိုက်ဟ .. လိုက်ဟ ၊ ချ ... ခုတ်ဟ ”
ဦးသာဒင့် တိုက်ရှေ့ တွင် သာ ဆူညံ နေရာ က ပြည်စိုးကုန်း ရပ်ကွက် တစ်ခုလုံး ပါ အော်ဟစ် ကြုံးဝါး သံများ ဖြင့် ပွက်လော ရိုက် သွား တော့သည် ။
“ အဲဒါပဲကွ ၊ ငပွင့် နှောက် လိုက်တာ တစ်ခါတည်း ဘယ်မှာ ချစ်တီးတိုက် ကို ရောက်တော့လို့တုံး ၊ သွေးကြီး နောက် ကို ဝိုင်း လိုက်ရင်း နဲ့ လူစု ကွဲ သွားပါရောလား ။ ဝက်ကုန်း နဲ့ နတ်ကြီးငါးပါး လည်း စမ်းခန်း မရောက် တော့ပါဘူး ”
“ အရီး သာ ရှိတာ မဟုတ်ပါဘူး ဗျာ ။ ကျုပ် လည်း ဂျပန်ခေတ် တုန်း က ထိုး ထား တာ ရှိပါတယ် ”
စကားဝိုင်း ဘေး သို့ တိတ်ဆိတ်စွာ ရောက်ရှိ နေသူ မှာ ငါးယောက် ဖြစ်၏ ။ သူ့ သား ကိုဘညိန်း နှင့် ရွယ် တူတွေ ။ အေးအောင် ၊ စိန်အုပ် ၊ ထွန်းမှုန် ၊ ကြင်မောင် နှင့် ခင်မောင်လေး စသည် တို့ ။ ရင်ဘတ်ကြီး တကော့ ကော့ ဖြင့် ဝင်ရောက် ဝင့်ကြွားသူ မှာ ကိုထွန်းမှုန် ဖြစ် သည် ။ သူ့ ရင်ဘတ် ပုတီးဆွဲလမ်း တွင် ဆီမင် ဖြင့် ထိုး ထားသော နတ်ခေါင်းငါးလုံး ။
“ ဘဒွေး အရုပ်တွေ ခဏ နေပါဦးဗျာ ”
ကျော်မြသောင်း က ဝင်ပြီး ကန့်ကွက်သည် ။
“ အဘ ဟို ချောင်း ထဲ က သွားတဲ့လူ တွေ ကော ဘာ လုပ် ကြသတုံး ဘ ” ဟု လိုရင်း ကို မေးသည် ။ ထိုအခါ ရီးဆေးရိုး ရယ်မော ပြန်သည် ။ “ အေး ဟုတ်သဟ ” ပြောရင်း က ခြေမ ကြား မှ ကြိုးစ ကို ဖြတ်သည် ။ လွန်း တောင့် တွင် ရစ်သည် ။ ရေနွေးကြမ်း အေးအေး ကို မော့သည် ။ ဆေးလိပ်တို ကို ကောက်ကိုင် မိ မှ စကား ပြန် ဆက်သည် ။
“ ချောင်း ထဲ က သွားတဲ့ လူစု မှာ အဖေ က လူကြီး ကွ ။ သူတို့ ဟာ စာတိုက်ဆိပ် က တက် ပြီး ဂတ် ကို စီး ဖို့ ဟာ ပတ်တရောင် တွေ နဲ့ တိုး နေပါလေရော ဟေ့ ။ အဲဒါ နဲ့ ဈေးဆိပ် က တက် ပြီး တိုက်ကြားတွေ က မှောင်ရိပ် ခို အလာ မှာ ဘိန်းစားပုလိပ် ကြောင့် ခွကျ ကုန်တာပေါ့ လကွာ ”
နောက် ရောက်လာသူများ ရော ၊ ရှိ နှင့် ပြီးသော လူငယ်လေးများ ပါ မျက်တောင် မခတ်ဘဲ ရီးဆေးရိုး ကို ကြည့် နေ ကြ၏ ။ ရီးဆေးရိုး သည် ဆေးလိပ် ကို နှစ်ဖွာ သုံးဖွာ ဖွာရှိုက် ပြီး ငြား အာသာ မပြတ်နိုင်ဘဲ ထပ်မံ ဖွာ နေသည့် အတွက် လှဆောင် မနေသာတော့ချေ ။
“ ဘ ကလဲဗျာ ၊ ပွဲ တောင်းမှန်း သိတာနဲ့ ပဲ ”
“ ဘိန်းစား ပုလိပ် ကြောင့် ဘယ်လို ဖြစ်တုံး ဘ ”
ဖိုးအေး မူ မေး လည်း မေး ၊ ဆေးလိပ် ကို လည်း လှမ်း ဆွဲသည့် အတွက် ရီးဆေးရိုး တိမ်းငဲ့ ဖယ်ရှားရင်း စကား ဆက် ရ၏ ။
“ အဲ မြောက်ရှားတိုက် နဲ့ မနီးမဝေး မှာ ဘိန်းခန်း ရှိ သကွ ။ သည် ဘိန်းခန်း ထဲ ကို ပုလိပ်ဘိန်းစား တစ်ယောက် ဝင် သွားတာ လှစ်ခနဲ လည်း မြင် လိုက် ရော ဖိုးဇုန် ပေါ့ ကွာ အာဠာဝက ထ ပါလေရော ဟေ့ ”
“ အာဠာဝက ဆေး ထိုးထားလို့ လား ဘ ”
“ ဟ ကောင်လေး ရ ... သတ်မယ် ဖြတ်မယ် ကြုံး ဝါးတာ ကို အာဠာဝ က ထ တယ် ခေါ်သာဟ ။ နားဝေးပါ့ ကွာ ”
ကိုကြင်မောင် သည် ရီးဆေးရိုး ကိုယ်စား ဝင် ရောက် ဖြေကြား သည် ။ မေးသူ ၏ ထိပ် ကို လည်း ပုတ်သည် ။
“ အဖေ က မဟုတ်ဘူး ၊ တို့ အကြံ ပျက်မယ် ၊ သွား မလုပ်နဲ့ တား သကွ ။ သာပေမဲ့ မဟုတ်ဘူး ။ ငတောက် တို့ အိမ် ချစ်တီး သိမ်း တုန်း က ငတောက် ကို သေနတ် ဒင် နဲ့ ဆောင့်သာ သည် ဘိန်းစားပဲ ၊ အခု လက်စား ချေရမယ် ပေါ့ ။ သည်တော့ အဖေ က ဖျောင်းဖျတယ် ၊ သည် ပုလိပ် ကို အခု မသတ်နဲ့ ။ အရှင် ဖမ်း ၊ ဓားစာခံ လုပ် ပြီး ဂတ် ကို စီးမယ် ဆိုတော့ ဖိုးဇုန် သဘောကျ သွားသကွ ။ သည် အကြံ ကောင်းသယ်ပေါ့ ”
“ ဘိန်းစားပုလိပ် မှာ သေနတ် မပါဘူးလား ဘ ”
“ မပါပါဘူးကွာ ၊ ဖိုးဇုန်တို့ လည်း အဲသည် ဘိန်းစားပုလိပ် ကို ဖမ်းဖို့ တိုက်ထဲ လည်း ဝင် သွားရော ဘိန်းခန်း အပေါက်စောင့် ကု,လား က သူခိုး သူခိုး ထ အော် ပါလေရော ဟေ့ ၊ ဖိုးဇုန် လန့်ပြီး ဓား နဲ့ တွက် ပစ်ခဲ့သာ လူ ကို မထိပေလို့ပေါ့ကွာ ၊ ခန်းဆီးအဝတ် ထက်ပိုင်း ပြတ် ကျန်ခဲ့သတဲ့ ”
“ ဂတ် က မကြားဘူးလား ဘ ”
“ ဂတ် က ကြား ၊ မကြား တော့ မသိဘူးလေ ၊ တိတ်တိတ်ကလေး သွားရမယ့် ဥစ္စာ ၊ အရပ် ထဲ က လူတွေ ထွက်လာ သဲ့ နောက်တော့ ဘယ်မှာ ကောင်းတော့ မှာ လဲ ။ အကြံ ပျက်တော့တာ ပေါ့ကွာ ။ အဖေ ပြန် ပြောလို့ သိရသာ က တော့ အဲသာပဲ ကွ ”
ရီးဆေးရိုး သည် စကားအဆုံး ၌ မီးခြစ် ကို လှမ်းယူသည် ။
“ ဘ တို့ က ချစ်တီးတိုက် ကို ဘာ လုပ်မယ် စိတ် ကူး နဲ့ သွားကြတာလဲ ဘ ”
ကိုထွန်းမှုန့် အမေး ဖြစ်သည် ။
936
“ ဟ ... မင့်ဖေ ကလွှား ၊ ငါ မှတ်မိတာ က လည်း ဟို တစ်စ ၊ သည်တစ်စ ပဲ ကိုးကွ ။ အဲသည်တော့ အဲ .. အဲ ၊ အဲသည် ည က လကွယ်ည ကွ ”
အရေးတော်ပုံ ည သည် နှင်းမှုန် ထဲ မှ မှိုင်းရီဝေဝါး စွာ ပေါ်လာ ပြန်၏ ။ ခုတင်ကြီးစု အနီး ကွမ်းခြံစပ် တွင် တစ်စု ၊ ယာထဲ တွင် တစ်အုပ် ၊ သာဒွန်းဝ မြောင်းပေါင် တွင် ကား လူ အတော် များ ဟန် တူသည် ။ ကြယ်ရောင် ဖြင့် လက်ခနဲ လက်ခနဲ ပေါ် လာသည့် ငှက်ကြီးတောင် ဓားရောင် ဖြင့် ပင် အနည်းဆုံး လူ တစ်ရာ ခန့် ရှိမည် ထင် ရသည် ။
ရမ်းဘိုကုန်း တစ်ရွာ တည်း မှ မဟုတ် ။ ခုတင်ကြီးစု ၊ ပုရပိုက်တန်း သာ မက ချောင်း ဟိုဘက်ရွာများ ရော တောင်ဖျား မှ ရွာများ ပါ ပါဝင်သည် ။ သူ့ အစု သူ့ ခေါင်းဆောင် နှင့် လာကြခြင်း လည်း မဟုတ် ။ စိတ်တူ သဘောတူ လေးယောက် တစ်စု ၊ ငါးယောက် တစ်စု ထွက် လာ ကြရာ က သည် မှာ ဆုံမိကြခြင်း ဖြစ်သည် ။
“ ကဲ ... ကဲ အားလုံး နားထောင်ကြပါ ။ သည်လူ တွေ တစ်စုတစ်စည်း သွား ရင် ဂတ်တဲ မရောက်ခင် ပုလိပ် တွေ သိ ကုန် လိမ့်မယ် ။ အဲဒါကြောင့် ချောင်း ထဲ က တစ်စု သွားမယ် ၊ အဲသည် အစု ကို ကျုပ် ခေါင်းဆောင် မယ် ။ ခေါင်းဆောင် ရဲ့ စကား ကို လိုက်နာကြပါ ”
အစီအစဉ် ကို သစ်ငုတ်တို ပေါ် မှ မတိုးမကျယ် ပြော သူ မှာ မောင်ဆေးရိုး ဖခင် ဦးကျန်ကြီး ပေတည်း ။
“ ကျန် တစ်စု ကို ကိုစံအေး ခေါင်းဆောင် ပြီး ကုန်းပေါ် က သွားမယ် ။ ကားလမ်း ပေါ် က မတက်ဘဲ လမ်းဘေး လှည်းလမ်း က သွားကြပါ ။ ချစ်တီးတိုက် ကို ရောက် မှ အသံ ပြု ကြပါ ”
အစီအစဉ်ကို လူများ သဘော ကျ ကြသည် ။ လယ်သမား အများစု မှာ ချစ်တီး ကို နာ ထားသူများ ဖြစ်သည် ။ ထို ချစ်တီး နောက် မှ ပါလာ နေ ကျ ပုလိပ် ကို လည်း လယ်သမားများ က ရွံမုန်းကြောက်ကြီး ဖြစ် နေ သဖြင့် ဂတ်တဲ ကို တိုက်မည် ဆိုသော အခါ ဝမ်းသာ နေ ကြ သည် ။ လကွယ်ည ၏ ကြယ်ရောင် အောက် တွင် ငှက်ကြီးတောင်ဓား နှင့် မှိန်းကိုင် ၊ လှံကိုင် လယ်သမားများ သည် တိတ်ဆိတ်စွာ အစု ခွဲ ကြသည် ။ မောင်ဆေးရိုး မှာ ကုန်းကြောင်းချီ အဖွဲ့ တွင် ပါဝင်သည် ။ သူ့ ဘေး တွင် ကိုသာဒွန်း ၊ ကိုပိတ်စ တို့ ပုဆိုးခြုံ ထဲ ဓား ထည့်လျက် ကုပ်ကုပ်ကလေး ပါလာကြ၏ ။ သူတို့ သည် မြို့ အဝင် မြောင်း နှင့် ‘ ပေါင်း ’ ကို တိတ်ဆိတ်စွာ ဖြတ်ကျော် ခဲ့ကြ သည် ။ အချိန်မှာ သန်းခေါင်ဘက် သို့ နီး နေပြီ ။ အိမ် အများ တံခါးပိတ် ကာ အိပ်ကြပြီ ဖြစ်ငြား မီးတလက် လက် နှင့် စကား ကောင်း နေသော အိမ်များ လည်း ရှိနေ သေးသည် ။ ‘ ချင်းမပေါင်း ’ သို့ အရောက် တွင် ဓာတ်စက်သံ တညံညံ ၊ အောက်လင်းဓာတ်မီး တထိန်ထိန် နှင့် တိုက်တစ်လုံး အနီး တွင် ရပ်တန့် မိ ကြသည် ။ မီးရောင် က လမ်း ပေါ်အထိ ရောက် နေသည် ။ သည် လူအုပ် မည်သို့ ဖြတ်သန်း မည်နည်း ။
“ ဘုန်းကြီးကျောင်း ဘက် လှည့် သွားကြရအောင် ဟေ့ ”
ဦးစံအေး တီးတိုး ပြောစဉ် အော်ကျယ် အော်ကျယ် အသံ တစ်သံ ထွက်ပေါ်လာ ချေ တော့သည် ။
“ ဘာပြုလို့ နောက်ပြန် ဆုတ်ရမှာတုံး ဆရာကြီး ရဲ့ ။ နိမိတ် မကောင်းပါဘူး ၊ ဝပ်ပြီး သွားကြတာပေါ့ ”
“ အောင်မာ သည် တိုက် ဟာ လက်စ သတ်တော့ ဦးသာဒင် တိုက် ။ စပါး နှစ်တောင်း ချေး ပြီး စာရင်းစာအုပ် ထဲ မှာ ငါးတောင်း လို့ မှတ်တဲ့ လူလိမ် လူယုတ်မာကြီး ။ ကျုပ် ကို ဒုက္ခ ပေးတဲ့ လူကြီး ။ လာကြ သူ့ ဓာတ်မီး ကို ရိုက်ခွဲ ပစ် ရအောင် ”
ဒိုင်းခေါင်းကုန်း ရွာသား ငပွင့် ဖြစ်သည် ။
“ ဟဲ့ ငပွင့် မလုပ်နဲ့ ။ ချစ်တီးတိုက် ကို မရောက်ဘဲ နေ တော့မယ် ”
ဦးစံအေး က အသံအုပ် လျက် တားမြစ်သည် ။ ငပွင့် ကား သူ့ ဘက် သို့ လူ နှစ်ဆယ် ခန့် ပါလာသည့် အတွက် အားတက် သွားသည် ။ “ လာကြဟေ့ .. လာ ကြ ” အော်လျက် ပြေး ကပ်သည် ။
သစ်သား ဝင်းထရံ ကို ကျော် တက် သူ က တက် ၊ မီးအိုး ကို ခဲ ဖြင့် ထုသူ က ထု ၊ ဝင်းထရံ ကို ဖျက် သူ က ဖျက်ဖြင့် တစ်မဟုတ်ချင်း ဆူညံ သွားလေ၏ ။
မီးရောင်ပျပျ ရှိ သော အိမ်များ လည်း ချက်ချင်း မီးငြိမ်း သွား တော့သည် ။ ဦးစံအေး ၏ အစီအမံ အောက် တွင် ငြိမ်ဝပ်စွာ ရှိနေသူများ လည်း ယောင်ချာချာ ဖြစ် နေ ကြသည် ။ ငပွင့် တို့ မှာ လည်း တိုက်တွင်း သို့ မဝင်နိုင်ပေ ၊ သံတိုင် တပ် ထားသည့် ကျွန်းတံခါး ကို သူတို့ မဖျက်နိုင်ကြ ။ သို့အတွက် စပါးကျီများ ရှိသည့် ဘက် သို့ လှည့်သွား ကြစဉ် နှစ်လုံးပြူး သေနတ်သံ တစ်ချက် ကျယ်လောင်စွာ မြည်ဟိန်း သည် ။
“ ဟေ့ တစ်ယောက် မှ မလှုပ်နဲ့ ။ အားလုံး မြေကြီး ပေါ် မှာ မှောက်နေကြ ”
သွေးကြီး ဦးဖိုးဆိုင် ၏ အသံ ဖြစ်သည် ။
“ လူစု ခွဲပြီး မှောင်ရိပ် ခိုကြ ဟေ့ ။ မပြေးနဲ့ .. မပြေးနဲ့ ”
ဦးစံအေး မှာ တီးတိုး မျှ သာ သတိ ပေး နိုင်၏ ။ သူ့ ဘေး တွင် လူ မည်မျှ ၊ သူ့ နောက်တွင် လူ မည်မျှ ကျန် သေးသည်ကို သူ မသိ ။ လမ်းစောင်း တွင် ပေါက် နေ သော ဝက်ချေးပနဲ ပင် ရိပ် တွင် ပုဝပ် လျက် ပုန်းခို သည် ။ မောင်ဆေးရိုး နှင့် မောင်ပိတ်စ သာ လျှင် ဦးစံအေး နောက် ၌ ရှိသည် ။ ကျန် လူများ မှာ မြောင်း ထဲ ဆင်း သည် ။ ဘုန်းကြီးကျောင်း ထဲ ဝင် ကြသည် ။ တာစောင်း တွင် ဦးစံအေး က တရွေ့ရွေ့ ရွှေ့သည် ။ မောင်ပိတ်စ နှင့် မောင်ဆေးရိုး လည်း ရွေ့ရွေ့ ရွေ့ရွေ့ ဖြင့် ကပ်လိုက် သွားကြသည် ။ သွေးကြီး ဦးဖိုးဆိုင် နှင့် တပည့်တပန်း များ သည် မီးစည်း တယမ်းယမ်း တမြှောက်မြှောက် ဖြင့် လျှောက် လာ ကြရာ ဦးစံအေး တို့ နှင့်
936
❝ ဝက်ကုန်း အသုံးမတည့်ပါ ❞
#ဆင်ဖြူကျွန်းအောင်သိန်း
လှလှနွယ် နှင့် မေသဇင် ကို ငေး ကြည့် ရင်း က ရီးဆေးရိုး မှာ ရင်တွင်း သို့ ဆို့တက် လာ သယောင် ခံစား ရသည် ။ မြေးမကလေး မိမိထွေး ၏ ရှားပါးသော မိန်းကလေး သူငယ်ချင်းများကို မြင်ရသောကြောင့် ဖြစ်ချေသည် ။ မြေးမကလေး သည် ကျောက်ပြုတ်ကုန်းရွာတွင် မာမာချာချာမှ ရှိပါလေစ ။ ကလေး နှစ်ယောက် နှင့် နှမ်းဖတ်ခဲ ထမင်း သော် မှ နပ်မှန် အောင် ချက်နိုင်ပါလေစ ။ မြေးမကလေး တွင် မိန်းကလေး သူငယ်ချင်း ရှားပါး ငြား ယောက်ျားကလေး သူငယ်ချင်း မူ ပေါများသည် ။ ယခု သူ့ ဘေး တွင် ဆောင့်ကြောင့် တစ်သွယ် ၊ ခြေဆင်း လဲ လု တစ်ဖုံ ထိုင် နေကြသူများ ပင် ငါးယောက် ရှိ၏ ။ ငတောက် ၏ သား လှမောင် နှင့် လှဆောင် ။ တင်မောင်မြင့် ၏ သား ဖိုးအေး ၊ စံရ ၏ သား ၄ ဦး ၊ သန်းထူး ၏ သား ကျော်မြသောင်း ။
သူတို့ ကို စေ့စေ့စပ်စပ် ကြည့် မိသော အခါ ရီးဆေးရိုး မျက်ရည် ဝေ့ ချင်သည် ။ သို့သော် ပင်ကို က သီဝေ သော အဘိုးကြီးအို တစ်ယောက် ၏ မျက်လုံးတွင် တော်ရုံမျက်ရည် ဝေ့ကာမျှဖြင့် မသိသာ ။ သူတို့ ထဲ မှ ကျော်မြသောင်း သည် သူ့ လက်ဖျံ ရှိ ဆေးထိုး ရုပ် နှင့် ရီးဆေးရိုး.ရင်ဘတ် ရှိ နတ်ကြီးငါးပါး ကို ယှဉ် ကြည့် နေ၏ ။ ကောင်းစွာ ဖြန့်ခါခြင်း မရှိဘဲ ပစ်တင် လှန်းထားသော ရေစို အဝတ် တစ်ထည် အလား ရီးဆေးရိုး ၏ ရင်ဘတ် နှင့် ကျောပြင်များ ရှုံ့တွ နေသည် ။ ကြိုးလွန်းတောင့် ကို မြှောက်ကာ မြှောက်ကာ ‘ လွန်း ’ လိုက်တိုင်း လက် မောင်းကြွက်သားကြီး က ခါ ယမ်း နေသည် ။
ရင်ဘတ် ရှိ နတ်ကြီးငါးပါး မှာ ဟင်္သာပဒါး ဖြင့် ထိုး ထားသည် ။ နှစ်ပေါင်း ငါးဆယ် ကျော် ခဲ့ပြီ ။ အရေခွံ ကို ဆွဲဖြန့် ကြည့် မှ ရေးရေး သာ မြင်ရသည် ။ သို့အတွက် ကျောဘက် သို့ ကျော်မြသောင်း စောင်း ကြည့် သည် ။ ဝက်ကုန်း ဆီမင် ဖြင့် ထိုးနှံ ထားသည့် အနက်ရောင် ။
“ ကျောဘက် က အရုပ် ကျ တော့ အပီ ပါ လား ဘ ရဲ့ ၊ ဘာကြီးပါလိမ့် ”
“ ဝက်ကုန်း ခေါ်သကွယ့် ”
သွားဖုံးများ ပေါ် လာသည် အထိ ရီးဆေးရိုး ပြုံး မိ သည် ။ ပြုံးရာ က အသံ ပါ ထွက် လာပြီး ရယ်သံစွက် လျက် “ သည် ဝက်ကုန်း ပေါ့ ကွာ ” ဆိုရင်း ရယ်မော မိ ပြန်သည် ။ သည် ဝက်ကုန်း နှင့် နတ်ကြီးငါးပါး မှာ တော်ရိရော်ရိ မဟုတ် ။ ပေါင် နှင့် ခါး တွင် ထိုးသည့် ထိုးကွင်းများ ကား အလှ သက်သက် ဖြစ်သည် ။ ကျောင်း မှ ထွက်ပြီး နှစ် အနည်းငယ် ကြာ မှ ထိုးနှံသော နတ် နှင့် ဝက်မှာ ကန်တော့ပွဲပေး ၊ ဆေးကျူး မန္တန် စုပ်ပြီး မှ ထိုးရ သည့် ‘ ပြီး ’ ဆေးများ ဖြစ်သည် ။
“ တကယ် ကော ပြီး သလား ဘ ”
ကျော်မြသောင်း နည်းတူ ပင် လှဆောင် က လည်း စိတ်ဝင်တစား ရှိ လာ ကာ ဝင် မေးသည် ။
“ ပြီးလား မပြီးဘူးလား စမ်းခန်း တောင် မရောက် ပါဘူးလကွယ် ၊ သွေးကြီး က နှစ်လုံးပြူး နဲ့ လိုက် ပစ်လို့ ပြန်လာခဲ့ရပါကော ”
ရီးဆေးရိုး မှာ ပြောပြီးခါ မှ “ သွေးကြီး ” ဟူသည် အဘယ်သို့ ဟူသည် ကို မရှင်းမိပါ တကား ဟု သတိ ရ သည် ။ သို့အတွက် ရယ်သံသဲ့သဲ့ ဖြင့် စကား ဆက်သည် ။
“ သည်လို ကွ ၊ အရပ်အုပ် ဆယ်အုပ် ကို ‘ တစ် သွေး ’ ခေါ် သကွယ့် ။ မြို့သူကြီး အောက် က ပေါ့ကွယ် ။ ရပ်ကွက်အုပ် ဆယ်ယောက် အပေါ် က ပေါ့ ”
‘ သွေးကြီး ’ ဟူသော ဝေါဟာရ ကို မကြားဖူးသော လူငယ်များ မှာ မျက်လုံးပြူး ၊ ပါးစပ်ဟ နေရာ မှ ညင်သာစွာ သက်ပြင်း ချ ၏ ။
“ ဘ တို့ က ဘာ သွား လုပ်တာတုံး ”
ဖိုးအေး ၏ ပြူးကြောင်ကြောင် အကြည့် နှင့် ယှဉ် သည့် အမေး ။
“ သူပုန် ထ တာပေါ့ လကွာ ”
“ သူပုန် ”
သုံးယောက်ခန့် သည် အံ့ဩသံ ၊ တုန်လှုပ်သံ ဖြင့် မေး၏ ။
“ ဂဠုန်ဆရာစံ သာယာဝတီ မှာ ထ တုန်းက ပေါ့ ။ သရက် တို့ ၊ ပြည် တို့ ၊ အောင်လံ တို့ ၊ တောင်တွင်း ၊ ပခုက္ကူ ၊ မြင်းခြံ ဘက် လည်း ကူးစက် လာ တော့ ရမ်းဘိုကုန်း က ဘ တို့ ကော ဘာသား နဲ့ လုပ်ထားသမို့ နေနိုင် မှာတုံး ထကြတော့တာ ပေါ့ ကွာ ”
ရီးဆေးရိုး မှာ ထိုအချိန် က ကာလသား ဘဝ သာ ရှိသေး၏ ။ အတိတ် ကို ပြန်လည် စဉ်းစားငြား မှိုင်း ယဲ့ယဲ့ သာ ပေါ် သည် ။ အဖေ နှင့် မကြာခဏ ခေါင်းချင်း လာ ရိုက်သော ရီးစံအေး ၊ ရီးကံရ ၊ ငှက်ကြီးတောင်ဓား ကို တသွေးတည်း သွေး လိုက် ၊ ခြေသလုံးမွှေး “ ကျ မကျ ” စမ်း လိုက် လုပ် နေသည့် အဖေ ဦးကျန်ကြီး ။
ထို လ ထို ရာသီ သည် ထိုးကွင်း မင်ကြောင်ဆရာ များ နယ်လှည့်သည့် ရာသီ လည်း ဖြစ်ရာ ထိုးနေကျ မင်ကြောင် ထက် ပြီးဆေး ထိုး လိုသူ က များ နေသည် ။ သို့အတွက် မင်ကြောင်ဆရာ များ မှာ နှစ်တိုင်း ထက် ပိုပြီး လာဘ် ရွှင်သည် ။ တစ်ဖက်တွင် လည်း ပုလိပ် နှင့် သူကြီး ၏ ရန် ပေါ်ပေါက်လာ သောကြောင့် ကျီးလန့် စာစား ဆေး ထိုး ကြ ရသည် ။
“ ဘ ဟာကလဲ ဟုတ်မလို နဲ့ အဖျား ရှူးသွားတာပါကလား လို့ ”
ကျော်မြသောင်း ၏ အားမလို အားမရ စကား ။
“ မင်းတို့ က သာ အဖျား ရှူးတယ် ထင်တာကိုး ကွ ၊ ငါတို့ မှာ တော့ တစ်သက်လုံး က မျက်လုံး လှန် မကြည့် ရဲ တဲ့ သွေးကြီး တို့ ၊ ပုလိပ် တို့ ကို ဓား နဲ့ ဝင် ခုတ် ရတာ နည်းနည်း နောနော စွန့်စားရတာ မှတ်သလား ”
“ ဘ ပြောတာကလဲ ဗျာ ၊ ဘိုင်စကုပ် ကို ဟိုနား တစ် ဖြတ် ၊ ဒီနား တစ်ဖြတ် ကြည့်ရလား မှတ်ရသဗျ ၊ ဆံ့တငံ့ငံ့ နဲ့ ”
ရီးဆေးရိုး သည် “ ဝမ်းစာ ” ထန်းအူလျှော်များ ကို ဖနောင့် ဖြင့် ခြစ်လျက် စုရုံး ဆွဲငင် ရင်း ပြုံး ပြန်သည် ။
936
" ခင်ဗျားတို့အားလုံး လစာဖြတ်မယ်။ရတဲ့လှေခနဲ့ လျော်ရတာနဲ့ မကာမိဘူး။ခင်ဗျား
တို့အကျင့်ပျက်နေလို့ ဒီလှေ ဒီလိုဖြစ်နေတာ။ခင်ဗျားတို့ကို သတိလည်းပေးထားပြီးပြီ။ခင်
ဗျားတို့မပြင်ဘူး။လျော်ရတဲ့ငွေကို တွက်ပြီး
လစာကို ရတဲ့ပမာဏအချိုးအတိုင်းဖြတ်မယ်။အဲဒီငွေ မကြေမချင်းလစာမပေးဘူး "
" နေပါဦးမောင်နိုင်ရ။ဒီအိတ်တွေလာတင်
တုန်းက မင်းချိန်ပြီး လက်ခံတာမှ မဟုတ်ဘဲ။လျော့တယ်၊မလျော့ဘူး ဘယ်သိနိုင်မလဲ။ကုန်
သည်တွေက လူလည်တွေကွ "
" မဟုတ်ဘူးပဲ့နင်း။ဒီအိတ်တွေချတုန်းက
ကျွန်တော်ကိုယ်တိုင်ရှိနေတာ။အိတ်တွေက အ
တင်းတွေ။အခု လျော့နေတယ်။အားလုံးလျော့
နေတာလည်းမဟုတ်ဘူး။ဘယ်လောက်လျော့
တယ်မလျော့ဘူးဆိုတာထား။မခိုးရင်မလျော့
ဘူး။မလျော့ရင် ပြဿနာမဖြစ်ဘူး။လျော့လို့
ပြဿနာဖြစ်တာ။လှေသားလို့ ငှားထားတာ၊သူခိုးတွေဖြစ်နေလို့ပဲဗျ "
" ဟေ့ကောင်၊မင်း စကားပြောဆင်ခြင်ကွာ။အားလုံးကို ဝါးလုံးသိမ်းမပြောနဲ့ "
" ဒါဆို ဘယ်သူခိုးတာလဲ။ခိုးတဲ့လူဖြုတ်မယ်။မပြောရင် အားလုံးဖြုတ်မယ် "
" ကောင်းတယ်။မင်းလှေထဲလုပ်စားတာနဲ့
စာရင် ရနောင်းမှာ လုပ်စားတာက ပိုက်ဆံတောင်ပိုရသေးတယ်။အခုပဲ အလုပ်က ထွက်
တယ်ကွာ "
" ဟုတ်တယ်၊ထွက်တယ် "
" ထွက်လေ၊ထွက်ကြပေါ့၊တစ်ယောက်မကျန်ထွက်နိုင်တယ် "
ကျွန်တော် အတော်ကလေး ဒေါသဖြစ်သွားသည်။ထားဝယ်မှာ လှေပြင်တုန်းက ပဲ့နင်းဘုန်းတာတွေ၊စက်ဆရာက ဟက်အကွဲ
အဟောင်းကို မျက်နှာသစ်ပြီး လဲထုတ်ထားသည့် ဟက်လုပ်ထားတာတွေပါ ပြောပစ်လိုက်သည်။သည်လူတွေက သူတို့လုပ်ပိုင်ခွင့်တွေကိုပြပြီး ဘုန်းဖို့ကြိုးစားနေကြသူတွေ။
စက်ဆရာငယ်၊အိုးသူကြီးနှင့် လှေသား
တစ်ယောက်ကလွဲပြီး၊အားလုံးထွက်ကုန်ကြတော့မှ ကျွန်တော် ပျာသွားရသည်။လှေဝင်၊
လှေထွက်၊လှေကပ်၊လှေခွာ၊ကျောက်ထောင်၊ကျောက်ချ အရေးပေါ် လုပ်မည့်သူမရှိတော့။
စက်ဆရာငယ်ကျန်သော်လည်း ပဲ့နင်းတွေက
ထွက်သွားသဖြင့် အကျပ်ရိုက်တော့သည်။လခကောင်းသည့်အလုပ်တွေပေါသည့် ကော့
သောင်းတွင် လှေလုပ်သားရှာရသည်မှာလည်း
ကောက်ရိုးပုံထဲ အပ်ရှာရသလိုပင်။
" မပူနဲ့စာရေး။ပဲ့နင်း၊စက်ဆရာ၊လှေသား
ကျွန်တော်တို့ ဝိုင်းကူရှာပေးမယ်။ကျွန်တော်ကလှေလုပ်သက် ကြာပြီဆိုတော့ လှေအတော်
များများနဲ့သိတယ်။လောလောဆယ် ပင်လယ်
မြားလှေကြီးမှာ ကပ်ထားဖို့ ကျွန်တော်သွား
ပြော်ယ်။ပင်လယ်မြားက တန် ၅၀၀ ဝန်တင်လှေကြီး။ပဲ့နင်းနဲ့ ကျွန်တော်ခင်တယ်။လှေ
သားကတော့ ထားဝယ်ပြန်ချင်တဲ့လူတွေကို
ခဏခေါ်ထည့်သုံးလို့ရတယ်။လှေထွက်ချိန်အထိ ပဲ့နင်း၊စက်ဆရာ မရရင် ခေါက်ဖြတ်ငှား
သွားမယ်ဗျာ။စက်လှေကြီးတွေက လက်ထောက်ပဲ့နင်းတွေက လက်မှတ်ရပြီးသားတွေချည်းပဲ "
" အေးဗျာ။တော်တော်ဆိုးတဲ့လူတွေ။အိုး
သူကြီးပဲ ကြိုးစားပြီးလုပ်ပါဦး။ကျွန်တော့်မှာ
လှေခ ကောက်စရာကရှိသေးတယ်။ခိုးတဲ့
ကောင်တွေကတော့ သွားပြီ။ခင်ဗျားတို့ပဲကျန်
တော့တယ်။လိပ်ပြာသန့်တဲ့သူကျန်တာပဲ။ဒီ
ကောင်တွေကို ပေးမယ့်ဘောက်ဆူးတွေကို ခင်ဗျားတို့ကို ခွဲပေးမယ် "
" စာရေးအလုပ်ကိုသာ ပြတ်အောင် ခေါင်းအေးအေးလုပ်ပါ။ကျွန်တော်တို့ကတော့
အလုပ်မြဲဖို့ပဲ စဉ်းစားတယ် "
သို့ဖြင့် ပင်လယ်မြားစက်လှေကြီးတွင်
လှေကိုတွဲကပ်ထားလိုက်ရသည်။အရေးအ
ကြောင်းဆိုလျှင် လှေကြီးမှာက လှေလုပ်သား
၂၀ကျော်ရှိသဖြင့် အကူအညီ တောင်း၍ရသည်။လှေရှင်ဆီကိုတော့ ဖုံးဖုံးဖိဖိ အကြောင်း
ကြားရပေမည်။
စက် ၂လုံးရှိသည်ပဲလေ။လက်ထိုးလှော်ရ
မည့် အဆင့်ကို မရောက်နိုင်သေးဘူး၊သံမဏိမြားရေ့၊အခုတော့ ငါ့လက်ထဲ မင်း လုံးလုံး
ရောက်ပြီပေါ့ကွာဟု စိတ်ထဲကကြုံးဝါးရင်း
ကျွန်တော့်စိတ်ကြိုက်လူတွေနှင့် သံမဏိမြား
ရှေ့ခရီးကို ဆက်ဖို့ ကျွန်တော် အားမာန်တင်း
လိုက်သည်။
* * *
