en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
MI-5 (2015) ⭐IMDB: 6.2/10 (24 k Votes) 🎬 #Action #Drama #Thriller 🗓 2015 🎞 movie 🌎 #UnitedKingdom #Germany ⏰ 1 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာနာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကိုယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကိုအမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကိုSuspense အပြည့်နဲ့ရှုစားကြရမှာပါ။
...

Ullozhukku (2024) ⭐IMDB: 7.8/10 (388 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ) IMDb – 7.9/10 ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားကခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကိုမျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီးအိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်ကအန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။ နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာမွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင်သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။ အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက်ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီးမထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။)
...

Bharath Ane Nenu (2018) ⭐IMDB: 7.5/10 (19 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 49 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bharat Ane Nenu (2018) IMDb Rating (7.5) / Rotten Tomatoes (88%) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။ (ရုပ်ရှင်အညွှန်းကို MLMC မှ ရေးသားထားပါတယ်။)
...

A Moment to Remember (2004) ⭐TMDB: 78% User Score 🎬 #Drama #Romance 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Moment to Remember (2004) ********************************* အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလို ဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။ အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။ မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိ ကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။ အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။ တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။ မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလို ကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ချီးကျူးဖို့ကောင်းပါတယ်။ နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇာတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ
...

Dreamcoin (2024) ⭐IMDB: 4.3/10 (42 Votes) 🎬 #Action #Drama #Comedy 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 53 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘက်ခ်ဟာ အရမ်းတော်တဲ့ ဆော့ဖ်ဝဲပညာရှင်ဖြစ်ပေမဲ့ ဒေါသမထိန်းနိုင်တဲ့စိတ်ရောဂါကြောင့် အလုပ်ပါပြုတ်လာရသူပါ။ အိမ်ကဖိအားပေးတာတွေ နေတဲ့အိမ်ကလည်းအိမ်လခမပေးနိုင်တော့လို့ စိတ်ညစ်ညစ်နဲ့ အစ်ကိုဝမ်းကွဲ ယူဂျဲစီရောက်လာခဲ့ပါတယ်။ ကြံရာမရတဲ့အဆုံး ဘက်ခ်ကိုယ်တိုင် ရေးထားတဲ့ A.I နဲ့ ဆော့ဖ်ဝဲကိုသုံးပြီး Cryptocurrency အရောင်းအဝယ်စလုပ်ပါတော့တယ်။ ကွန်ပျူတာဂျပိုးဘက်ခ်တစ်ယောက် အစ်ကိုယူဂျဲ ကျေးဇူးနဲ့ငွေအရင်းအနှီးရခဲ့ပေမဲ့ အပြင်လောကပြဿနာတွေထဲပါ ခြေစုံပစ်ဝင်မိတဲ့အခါ။
...

The Class (2008) ⭐TMDB: 70% User Score 🎬 #Drama 🗓 2008 🎞 movie 🌎 #France ⏰ 2 နာရီ 10 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်မဲ့ကားလေးကတော့ ထွက်တာကြာပြီဖြစ်တဲ့ ကားဟောင်း ကားကောင်းလေးပေါ့နော် ဇာတ်ကားနာမည်က The Classဖြစ်ပြီး ၂၀၀၈ခုနစ်ကတည်းကထွက်ရှိထားပါတယ် ဒီကားကို ဒါရိုက်တာ Laurent Cantentကရိုက်ကူးထားတာဖြစ်ပြီး အံ့ဩစရာက ဇာတ်ညွှန်းရေးသားသူ François Bégaudeau က အတန်းပိုင်ဆရာအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်လမ်းက ပိုအသက်ဝင်နေတာဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ ပြင်သစ်စာသင်တဲ့ အတန်းပိုင်ဆရာ ဖရန်ကို နဲ့သူ့ရဲ့တပည့်လေးတွေအကြောင်း အဓိက ပြသထားတာပါ ဆယ်ကျော်သက်ကျောင်းသားတွေ ထုံးစံ ကျောင်းက ဘာလုပ်လုပ်သဘောမကျကြ ပုန်ကန်ပြန်ပြောချင်ကြအရွယ်တွေ ဖြစ်ပါတယ် အတန်းပိုင်ဆရာဖရန်ကိုခမျာ ကျောင်းသားတွေအတွက်အရမ်းတွေးပေးပြီး တပည့်တွေရဲ့ စရိုက်လက္ခဏာအမျိုးမျိုး ပြဿနာအမျိုးမျိုးကို မျိုသိပ်ပြီး စိတ်အေးအေးနဲ့ ရှင်းပေးရပါတယ် ဆရာဖရန်ကို ဒီလိုပဲ ခေါင်းအေးအေးနဲ့ ကျောင်းသားတွေ အတွက် တွေးပေးနိုင်ဦးမှာလား မတူညီတဲ့ ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်မှာလဲ ကျောင်းသားတွေနဲ့ရော သင့်မြတ်နိုင်ပါ့မလားကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုနိုင်ပါတယ် Aprilအနေနဲ့တော့ တကယ့်လက်တွေ့ဆန်တဲ့ အဖြစ်အပျက်တွေကို မီးမောင်းထိုးပြသွားတဲ့ ကားကောင်းလေးမို့ ဆယ်ကျော်သက်အရွယ်လေးတွေ ကျောင်းသားကျောင်းသူလူငယ်တွေ ဆရာတွေကို ဒီကားကြည့်ဖို့ ညွှန်းချင်ပါတယ် ကားထဲကလိုပြဿနာကြုံတွေ့နေရသူများလည်း ဒီကားလေးကနေ အဖြေရှာနိုင်ဖို့ မျှော်လင့်ပါတယ်
...

Deadpool & Wolverine (2024) ⭐IMDB: 8.3/10 (76 k Votes) 🎬 #Action #Adventure #Comedy #MarvelUniverse #SciFi #Xmen #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #Canada #Australia #NewZealand #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadpool & Wolverine (2024) IMDb Rating (8.3) / Rotten Tomatoes (80%) Deadpool & Wolverine ကို ပရိသတ်တွေ အရမ်းကြည့်ချင်နေကြလို့ တင်ပေးထားပါတယ်။ပထမဆုံးနေ့က ထွက်တဲ့ Cam တွေကိုသိပ်အားမရလို့ ဒီနေ့ထွက်လာတဲ့ အကြည်ဆုံး ts ဗားရှင်းကို တင်ပေးထားပါတယ်။အကြည်ထွက်တဲ့အထိ မစောင့်နိုင်သူတွေ ဒီလောက်ကြည်တာဆို ကြည့်လို့ အဆင်ပြေမှာပါ။ဘာသာပြန်ကတော့ စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံးတော့ ပြန်ပေးထားပါတယ်။လိုတာပိုတာကတော့ အကြည်ထွက်ရင် ပြန်ကြည့်ကြပါ။ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်းChannel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီးကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါစကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။
...

The Arctic Convoy (2023) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Action #Drama #History #War #Thriller 🗓 2023 🎞 movie 🌎 #Norway ⏰ 1 နာရီ 49 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။
...

Nightmare Teacher (2016) ⭐IMDB: 7.0/10 (569 Votes) 🎬 #Mystery #Drama #Horror #Thriller 🗓 2016 🎞 tv mini series 🌎 #SouthKorea ⏰ 15 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nightmare Teacher (2016)*************************ဒီတစ်ခေါက် CM ကနေ ဘာသာပြန်တင်ဆက်ပေးချင်တဲ့ Nightmare Teacher ဆိုတဲ့စီးရီးလေးမှာ Penthouse ဇာတ်လမ်းတွဲတွေမှာ ဂျူဒန်းထယ်ဆိုတဲ့ဇာတ်ကောင်နဲ့နာမည်ကြီးပြီးသားဖြစ်တဲ့ မင်းသားကြီးအွန်းဂီဂျွန်းအပြင် ပရိသတ်အချစ်ကိုရထားပြီးသားဖြစ်တဲ့ မင်းသမီးချောဂင်ဆိုဟျွန်းနဲ့ BtoB အဖွဲ့ဝင် rapper‌ချောလေးအီမင်ဟျော့တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်းကတော့ .. ဟန်ဘုံဂူဆိုတဲ့ကျောင်းဆရာတစ်ယောက် ကျောင်းကိုရောက်လာချိန်မှစပြီး ကျောင်းမှာ ကျောင်းသူ/သားတွေ စတင်ပျောက်လာခဲ့ပါတယ်။ ဒါကို ဂန်ယယ်ရင်ဆိုတဲ့ အတန်းခေါင်းဆောင်က စတင်သတိထားမိခဲ့ပြီး ကျောင်းသားတွေပျောက်ဆုံးသွားရခြင်း နောက်ကွယ်ကအကြောင်းရင်းကို ဆောဆန်းဝူဆိုတဲ့ ကျောင်းသားနဲ့အတူ စတင်စုံစမ်းပါတော့တယ်။ အဲဒီလိုစုံစမ်းရာကနေ ဘယ်လိုထိတ်လန့်စရာအမှန်တရားမျိုးကို သူတို့သိရှိသွားမလဲ ကျောင်းဆရာဟန်ဘုံဂူရဲ့လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာကိုတော့ အတူတူဇာတ်ကား‌လေးကိုကြည့်ရင်း ရှာဖွေလိုက်ကြတာပေါ့ .. အညွှန်းကို Double M မှ ရေးသားပေးထားပါတယ် Episodes: 12Aired: Mar 14, 2016 – Mar 31, 2016Aired On: Monday, Tuesday, Wednesday, ThursdayOriginal Network:Naver TV CastDuration: 15 minsGenres:Mystery,Horror,Youth,SupernaturalTranslated byEsther Oo & Double MEncoded byAHtet <<<>> Episode 01[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ [1080p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 02[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 03[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 04[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 05[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 06[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 07[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 08[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 09[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 10[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 11[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 12[720p]     »»»
...

Lampan (2024) ⭐IMDB: 9.2/10 (159 Votes) 🎬 #Drama #Family 🗓 2024 🎞 tv series 🌎 #India ⏰ 32 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lampan (2024) ဖြူစင်သော ငယ်ဘဝGenre – Family, Drama အားလုံးပဲ ကျွန်တော့်နာမည်က လမ်ပန်ပါဗျ၊တစ်ခါတလေ ချစ်စနိုးနဲ့ လမ်ပူ လမ်ပယာ ဆိုပြီးလည်း ခေါ်ကြပါတယ်။ ကျွန်တော်တို့ မိသားစုလေးမှာ ဖေဖေရယ် မေမေရယ် ညီမလေး ၂ ယောက်ရယ် ရှိကြတယ်။ဒါပေမဲ့ ဘာလို့မှန်းမသိပါဘူး မေမေက သူ့ ဖေဖေ မေမေရှိတဲ့ ရွာလေးကိုဘိုးဘိုးဘွားဘွားက၂ ယောက်တည်း နေတာမို့လို့ အဖော်ရအောင် သွားနေလိုက်ပါတဲ့၊ သူကတော့ ညီမလေး ၂ ယောက်ကအဖော်ရှိလို့ အဆင်ပြေတယ်ဆိုပြီး ပြောပါတယ်။ ဘိုးဘိုးကတော့ အိမ်မှာ သူ့ဘာသာ အေးဆေးနေတတ်ပြီးဘွားဘွားကတော့ အမြဲတမ်း ပွစိပွစိနဲ့ ကျွန်တော် ဘာပဲလုပ်လုပ် ဆူပူကြိမ်းမောင်းနေပေမဲ့ နှစ်ယောက်လုံးက ချစ်ကြပါတယ်ဒါပေမဲ့လည်း အထီးကျန်သလိုပဲ အဲဒါကြောင့် မကြာခဏ မေမေ့ကို လွမ်းမိပါသေးတယ်။ ကျောင်းမှာကျတော့လည်း သူငယ်ချင်းတွေ ရှိပေမဲ့ အထီးကျန်သင်းကွဲတစ်ယောက်လိုပဲ ခံစားရပါတယ်။ဒီလိုနဲ့ ချောင်ကျကျ ရွာလေးက အဖော်မဲ့ဖြစ်နေတဲ့ ကျွန်တော့်ကို အဖော်လုပ်ပေးရင်း ကြည့်ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေနော်…။ ပထမဆုံး ပြောပြချင်တာတော့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပင်ပန်းနွမ်းနယ်မှုတွေကနေ ချစ်ခြင်းမေတ္တာတရားနဲ့ နွေးထွေးအောင် လုပ်ပေးမယ့်ဇာတ်လမ်းတွဲလေးပါလို့။ တခြားအိန္ဒိယရုပ်ရှင်တွေလို အိုဗာတွေမပါ၊ အက်ရှင်တွေမပါ၊ တရားစွဲ အကျင့်ပျက် ခြစားတာတွေမပါပဲအရောင်တွေ မစုံသေး မခြယ်သရသေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ ခံစားချက်တွေ သိလိုစိတ်တွေ ဖြစ်တည်မှု အမြင်လေးတွေကိုသဘာဝအတိုင်း ရိုးရိုးလေး ပုံဖော်ထားတာကို မြင်ရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် ရွာကို အလည်သွားကြတဲ့နွေးထွေးတဲ့ ကျေးလက်ဒေသ မြင်ကွင်းလေးတွေကိုလည်း ပြန်အောက်မေ့အမှတ်ရစေတယ်။ နောက်ခံသံစဉ်တွေလည်း ဇာတ်သဘောအလိုက် အလွန်အကျွံ မရှိပဲ မျှမျှတတလေး ကြည့်ရှုသူ ရင်ထဲထိအောင် ထည့်ပေးထားတယ်။”အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ်” ဆိုပြီး ခုလက်ရှိ အပူမီးလေးတွေ တစ်ခဏတာငြိမ်းအေးသွားအောင် ဖြူစင်လွန်းလှတဲ့ ငယ်ဘဝလေးကို တစ်ခေါက်တစ်ခါ အလည်သွားလိုက်ရအောင်လားဗျာ….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Hello! (2017) ⭐IMDB: 7.3/10 (3 k Votes) 🎬 #Action #Bollywood #Romance #Family #Music 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hello (2017)IMDb: 7.3/10Genre: Action/Romance ဒီရုပ်ရှင်ကို “ငယ်ကချစ်နှစ်တစ်ရာ” လို့ပဲဆိုမလား၊ “နဖူးစာရွာလည်တယ်” လို့ပဲဆိုမလားမသိတော့ပါဘူး။ တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့် ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့် ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ ဇာတ်ညွှန်းဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးက ဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကို ခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။ လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်” တဲ့။ ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့် တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်း ကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။
...

Savi (2024) ⭐IMDB: 7.5/10 (14 k Votes) 🎬 #Action #Bollywood #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Savi (2024) (အသွားမတော်တစ်လှမ်း) နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာလူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။ နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်းအခိုင်အမာပြောဆိုနေပါတယ်။ နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက်ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်းမိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ……နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား ….ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Hong Gil-Dong, The Hero (2008) ⭐TMDB: 56% User Score 🎬 #Drama 🗓 2008 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 9 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hong Gil-Dong, The Hero (2008) ********************************* အပိုင်း (၁ မှ ၂၄) စ/ဆုံး “ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)” အထက်တန်းလွှာမျိုးရိုးရဲ့သားဖြစ်ပေမဲ့လည်း တရားမဝင်သားဖြစ်တာကြောင့် မိသားစုအိမ်တော်မှာ နေရာမရတဲ့အပြင် အတတ်ပညာလည်း သင်ကြားခွင့်မရတဲ့ ဟုန်းဂီဒုံတစ်ယောက်ဟာ ဘဝကို ဆိုးပေတေစွာနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့လည်း မတရားမှုကို ရွံ့ရှာတွန်းလှန်တတ်တဲ့ စိတ်ရင်းခံလေးရှိတဲ့သူတစ်ယောက်ပါ။ ဘဝကိုပျော်သလိုနေလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ကျဉ်ဖယ်ခြင်းကို ခံခဲ့ရပေမဲ့လည်း ဂျိုဆွန်းပြည်မှာ ဒုက္ခခါးစည်းခံနေရတဲ့ပြည်သူတွေဘဝကို မြင်ရပြီးနောက် အများအကျိုးဆောင်ပေးမှုတွေကြောင့် ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)ကြီးဖြစ်လာသူကြီးပေါ့။ အဲဒါကြောင့်လည်း ဘုရင့်ရဲ့အမျက်တော်လည်း အရှခံရကာ ဝရမ်းပြေးဘဝပါ ရောက်ရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျိုဆွန်းခေတ် ထိုကာလမှာ နန်းပလ္လင်ပေါ်ရှိတဲ့ ဘုရင်ရဲ့ ညံ့ဖျင်းမှု အပျော်အပါးလိုက်စားမှုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တဲ့ ချင်နိုင်ငံရဲ့ ယုတ်မာမှုတွေကြောင့် ဂျိုဆွန်းပြည်သူတွေရဲ့ ဘဝဟာ ခါးသထက်ခါးသက်လာခဲ့ပါတယ်။ လက်ရှိဘုရင်ရဲ့ရန်ကြောင့် မယ်တော်မိခင်ကိုဆုံးရှုံးခဲ့ရကာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့ မင်းသားကြီးကလည်း ကမ္ဘာမကြေတဲ့အငြိုးကို လက်စားချေဖို့အတွက် သေရွာကနေ ဂျိုဆွန်းကို ပြန်လာခဲ့ပါတယ်။ ရော်ဘင်ဟု(ဒ်) ဟုန်းဂီဒုံနဲ့ ရန်အငြိုးအကြွေး လာယူတဲ့မင်းသားကြီးတို့နှစ်ယောက် တွေ့ဆုံမိပြီး ဂျိုဆွန်းပြည်သူတို့ကို ဒုက္ခပင်လယ်ထဲကနေ ဘယ်လိုကယ်တင်ကြမလဲဆိုတဲ့ အကြောင်းအရာအပြင် ဂျိုဆွန်းပြည်ရဲ့ ပြည်သူ့သူရဲကောင်းကြီးဟုန်းဂီဒုံ၊ ပြည်သူ့မင်းသားကြီးအီ၊ သာမည ဂျိုဆွန်းသူလေး ဟောအီနို့တို့ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရဦးမှာပါနော်။ ဟုန်းဂီဒုံအဖြစ် မင်းသား Kang Ji Hwan ၊ ဂျိုဆွန်းပြည်ရဲ့မင်းသားကြီးအဖြစ် Jang Keun Suk နဲ့ ဟောအီနို့အဖြစ် Sung Yuri တို့အပါအဝင် နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ (အညွှန်းကိုတော့  Thinn မှ ရေးသား‌ထားပါတယ်။) Aired: Jan 2, 2008 – Mar 26, 2008Aired On: Wednesday, ThursdayGenres:Action,Historical,Comedy,RomanceEpisodes: 24Original Network: KBS2Translated by Miri, Toe Toe Aung, Thinn, Htoo Pyae, Saung Yupar & MilkeuxEncoded by Tiff «««TelegramChannel»»» Episode 01[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish [1080p]     »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 02[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 03[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 04[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 05[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 06[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 07[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 08[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 09[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 10[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 11[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 12[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 13[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 14[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 15[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 16[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 17[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 18[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 19[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 20[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 21[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 22[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 23[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 24[720p]       »»»
...

The Extraordinary Journey of the Fakir (2018) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Adventure #Bollywood #Comedy #Drama 🗓 2018 🎞 movie 🌎 #Belgium #France #India #Singapore #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Extraordinary Journey of the Fakir (2018) IMDb Rating (6.8 ) ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့် ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ် ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်… ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ…. ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့် အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ
...

The Fog (2005) ⭐TMDB: 45% User Score 🎬 #Horror #Mystery #Thriller #Drama 🗓 2005 🎞 movie 🌎 #Canada #France #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Fog (2005)Genre – Horror, Mystery Halloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း လေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာ ရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊ မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီး ကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေး အဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ပဟေဠိကို ဘယ်လိုအဖြေရှာကြမလဲ အသက်အန္တရာယ်တွေထဲက ဘယ်လိုရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ နစ်ခ်နေရာကိုတော့ Smallville စီးရီးထဲက Superman မင်းသား Tom Welling ဖြစ်ပြီး အဲလိဇဘတ်နေရာကိုတော့ နာမည်ကြီး Taken မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော Maggie Grace တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ဆိုသူထားကတော့ Thura Aung ဖြစ်ပါတယ်)
...

Eye on Juliet (2017) ⭐IMDB: 6.4/10 (583 Votes) 🎬 #Drama #Romance 🗓 2017 🎞 movie 🌎 #Canada #France #Morocco ⏰ 1 နာရီ 30 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eye on Juliet ဇာတ်ကားဟာ 2017 မှာ ထွက်ရှိထားတဲ့ Romance/Drama အမျိုးအစား ဖြစ်ပါတယ်။ IMDb 6.4 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ရီမုထိန်းချုပ်စက်ရုပ်လေးတွေနဲ့ ဆီပိုက်လိုင်း လုံ‌ခြုံရေးပေးရတဲ့ ဂေါ်ဒန်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆက်ဖြစ်မလဲ။ အသဲကွဲနေတဲ့ ဂေါ်ဒန်ဟာ အချစ်ကိုအယုံကြည်ရှိဦးမှာလား၊ သူ့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်လဲ ဆိုတာကို မြင်တွေ့ရမှာပါ။ မိုင်ထောင်ချီဝေးနေလည်း ချစ်ရင်ဘာမဆိုဖြစ်နိုင်မလားဆိုတာကို Channel Myanmar ပရိတ်သတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာဖြစ်ပါတယ်။
...

Safe House (2012) ⭐IMDB: 6.7/10 (238 k Votes) 🎬 #Action #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Safe House (2012) Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Denzel  ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။ No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထား တစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။ တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာ အပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ
...

Land of Women (2024) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #Spain #UnitedStatesofAmerica ⏰ 46 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နယူးယောက်မြို့မှာ အမျိုးသားနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဂါလာစကော့ဟာ အားလုံးအားကျရတဲ့ ဘဝမျိုးမှာ‌ နေထိုင်နေသူဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဂါလာ့ယောက်ျားဟာ ဂါလာ့မျက်လုံးထဲ မှာတော့ ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါတယ်။ ဒါပေမဲ့ သူတို့ဘဝရဲ့ အရေးကြီးတဲ့ရက်တစ်ရက်မှာ ဂါလာ့ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ သူ့အမျိုးသားရဲ့ စနက်ကြောင့် အိမ်စီးပွားရေးလည်း ညတွင်းချင်းပျက်ဆီးလို့ အမေနဲ့သမီးကိုခေါ်ပြီး အကြွေးရှင်တွေလက်ထဲက ထွက်ပြေးရတဲ့အခါ မထင်ထားတဲ့ အဖြစ်အပျက်တွေကို တစ်ခုပြီးတစ်ခုကြုံရပါတယ်။ ဂါလာထင်ထားတဲ့နဲ့ တစ်ခြားစီ ဖြစ်နေတဲ့ ယောက်ျားဖြစ်သူရဲ့ အလေ့အကျင့်တွေ သိပြီးတဲ့ နောက်မှာတော့ စပိန်နိုင်ငံက ကျေးလက်မြို့လေးတစ်မြို့က ဂါလာတို့မြေအဘွားတစ်တွေရဲ့ အဖြစ်ကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပါတယ်။ File Size – 861 MB / 475 MB Quality –WEB-DL 1080p 5.1CH , 720p Episodes –  6 Eps Duration –  42 min Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy , Drama Translator – ThiRi , Aoi & Alice Encoder – Min Wai ( Season 1)Onging Season Ep-1 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-1 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-2 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-2 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-3 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-3 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-4 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-4(720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-5 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-5 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-6 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-6 (720p) >>>
...

Oloture: The Journey (2024) ⭐IMDB: 6.3/10 (78 Votes) 🎬 #Drama #Crime 🗓 2024 🎞 tv series 🌎 #Nigeria ⏰ 40 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oloture : The Journey Season 1 (2024) IMDb rating – 6.3/10 အညွှန်း ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးအတွက်အသစ်ထွက်ရှိထားတဲ့ Netflix mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အိုလိုကျူရီ ဆိုတဲ့ တက်သစ်စဂျာနယ်လစ်‌လေးဟာ လူကုန်ကူးမှုအကြောင်းသတင်းရေးဖို့အတွက် အသွင်ယူတာကနေ စပါတယ်။ဒီကနေပဲ ပြဿနာတွေလည်း စတော့တာပေါ့။လူအချိတ်အဆက်တွေများ ရှုပ်ထွေးပွေလီလှတဲ့ဒီနယ်ပယ်ကြီးထဲမှာ အိုလိုကျူရီတစ်ယောက် လက်လွန်ကြက်သွန်ဖြစ်ရင်းပြန်ထွက်မရတော့တဲ့ အခြေအနေထိပါ ရောက်ကုန်ပါတယ်။ ဒီလိုကနေ ဥရောပကိုပို့မယ့် လူကုန်ကူးခရီးစဉ်မှာ လိုက်ပါလာရပါတယ်။တရားမဝင်သွားရတဲ့ခရီးမှာ ဒုက္ခအလီလီ ကြုံတွေ့ရပုံတွေကို ရိုက်ကူးပြထားတာပါ။နောက်တစ်ခုက သူရေးမယ့်သတင်းကရော ဘယ်လိုဆက်ဖြစ်မလဲ၊သူရဲ့ဘဝကြီးကရော ဘယ်လိုတွေဆက်ဦးမလဲ။ ဆက်လက်ကြည့်ရှုကြပါဦး။ (အပိုင်းသုံးပိုင်းပါဝင်ပြီး ကြာချိန် တစ်နာရီ မိနစ်၄၀ကျော်ပဲရှိပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူမှာ Orika ဖြစ်ပါတယ်။)
...

Mr. & Mrs. Mahi (2024) ⭐IMDB: 6.4/10 (13 k Votes) 🎬 #Bollywood #Drama #Sport #Romance #Biography 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.5/10Rotten tomato 64% မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေးမာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေအချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင်သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။ မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကိုစိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီးပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။ အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။
...