ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Yevam (2024) ⭐IMDB: 6.3/10 (440 Votes) 🎬 #Bollywood #Crime #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yevam (2024) ဆယ်လီမုဆိုး IMDb-8.5/10 ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီးဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှအရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။ ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီးတက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။ အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွားမဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။ စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်းဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။ တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလား ထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်...
Dynamite Warrior (2006) ⭐TMDB: 61% User Score 🎬 #Action #Adventure #Fantasy #Drama 🗓 2006 🎞 movie 🌎 #Thailand ⏰ 1 နာရီ 39 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dynamite Warrior (2006) ကဲဗျာ ဒီတစ်ခါတော့ One Bak တို့ The Protector တို့ရဲ့ ဖန်တီးရှင် ကပဲ ဆက်လတ်ရိုက်ကူးခဲ့တဲ့Dynamite Worriers ခေါ် မီးကျည်မဲခေါင် ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေဗျဇာတ်ကားက အဟောင်းဆိုပေမဲ့ ဘယ်တော့မှ မရိုးသွားမယ် ကားမျိုးဖြစ်ပါတယ်ဗျ မင်းသားကလည်း Ong Bakထဲက ဒူးတံတောင်မင်းသားကြီး Tony Chaa ပါပဲ။၁၈၉၀ ဝန်းကျင်မှာ အခြေတည်ထားတဲ့ ခေတ်ဟောင်းအငွေ့အသက်လေးတွေနဲ့ ထိုင်းရော်ဘင်ဟုဒ်ဗားရှင်းကို ရှုစားရမှာပါ။ ၁၈၉၀ ခုနှစ် စိုင်ယမ်မှာ လယ်ယာလုပ်ငန်းကို ကျွဲတွေနွားတွေနဲ့ ရုန်းနေရချိန်မှာမြို့ထဲကဓနရှင်အရင်းရှင်ဖြစ်တဲ့ သခင်ကြီးဖရာဝမ်က အနောက်တိုင်းကလယ်ထွန်စက်ဆိုတာတွေ တင်သွင်းလာပြီး ဈေးကြီးကြီးနဲ့ ရောင်းပါတော့တယ်။ဒါပေမဲ့ ကျွဲနွားနဲ့ လယ်ထွန်စက်ဈေးက ဆယ်ဆတစ်ဆဖြစ်နေတော့အခြေခံလူတန်းစားမပြောနဲ့ သူဌေးတွေတောင် စိတ်မဝင်စားကြပါဘူး။ ဒီလိုနဲ့ ဖရာဝမ်တစ်ယောက် ဓားပြတွေငှား ကျွဲနွားကုန်သည်တွေဓားပြတိုက်အတင်းလုယက်ခိုင်းပြီး လယ်ထွန်စက် မဝယ်ဝယ်အောင်လုပ်ပါတော့တယ်။အဲဒီမှာ ဂျုန်ဘန်ဖိုင်ဆိုတဲ့လူထူးဆန်းတစ်ယောက် ပေါ်လာပါတော့တယ်။ ဂျုန်ဘန်ဖိုင်ဟာ ကျွဲသူခိုးဆိုပေမဲ့ သူကကုန်သည်တွေဆီကခိုးပြီးဆင်းရဲသားတွေကို ပြန်ခွဲဝေပေးတဲ့ ထိုင်းရော်ဟင်ဟုဒ် သူခိုးကောင်းလေးပေါ့။မွေထိုင်းလည်းကျွမ်းပြီး ဒုံးကျည်လက်နက်ကိုသုံးတဲ့သူ့ကို ဘယ်သူမှလည်းအနိုင်မယူနိုင်ပါဘူး။လူသတ်လေ့မရှိတဲ့ဂျုန်ဘန်ဖိုင်က စင်းလို့ခေါ်တဲ့ကျွဲကုန်သည်နဲ့တော့ ရန်ငြိုးရှိပြီး သွေးကြွေးဆပ်ဖို့ ဆန္ဒပြင်းပြနေသူပါ။ တစ်ဖက်က ဖရာဝမ်ကလည်း စင်းကျွဲရောင်းတာကို တားဆီးချင်တဲ့အတွက်ဂျုန်ဘန်ဖိုင်နဲ့စင်းကို ထိပ်တိုက်တွေ့ပေးဖို့ ကြံစည်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
The Eggsplosive Easter (2024) ⭐IMDB: 7.1/10 (75 Votes) 🎬 #Comedy #Family 🗓 2024 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။...
Charlie Bartlett (2008) ⭐TMDB: 67% User Score 🎬 #Comedy #Drama #Romance 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချာလီဘာလက်ဆိုတဲ့သူက အရမ်းစိတ်ကူးယဉ်တတ်သူပါ။ ဆယ်ကျော်သက်ဖြစ်တဲ့အလျှောက် သူငယ်ချင်းအသိုင်းအဝိုင်းမှာအရမ်းနာမည်ကြီးချင်သပေါ့။ အဲဒီလိုနဲ့သူဟာ တက်သမျှကျောင်းမှာ ပြဿနာတွေလိုက်ရှာပြီး ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းလိုက်ပြောင်းရတဲ့နောက်… ဒီဇာတ်ကားထဲမှာ အားလုံးရဲ့ အချစ်တော် Robert Downey Jr. ကလည်း ပါ၀င်ထားတာမို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ Comedy, Romance ဇာတ်ကားကောင်းတစ်ကားပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Chalti Rahe Zindagi (2024) ⭐IMDB: 6.1/10 (9 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chalti Rahe Zindagi (2024) “ဘ၀အဖုံဖုံ” လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကိုဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲကလင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။ မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်းကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Gaze in Silence (2022) ⭐TMDB: 10% User Score 🎬 #BL #Drama 🗓 2022 🎞 movie 🌎 # ⏰ 15 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရည်စားမထားချင်တဲ့ ကောင်လေးတစ်ယောက် သူကိုယ်တိုင်က ယောက်ျားချင်းပဲ စိတ၀င်စားတာဆိုတော့သူ့ကို လာသဘောကျတဲ့ ကောင်မလေးတေဆို ငြင်းနေတာပေါ့ တစ်နေ့ app တစ်ခုကနေ သူနဲ့ စိတ်ကူးချင်းတူတဲ့ ကောင်လေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ ချိန်းပြီးနောက်… BL ကားကို ခပ်ကြမ်းကြမ်းလေး ရိုက်ပြထားတဲံ ဇာတ်လမ်းတိုလေးပါ...
Norm of the North (2016) ⭐IMDB: 3.4/10 (10 k Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2016 🎞 movie 🌎 #UnitedStates #India #Ireland #China #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက စီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး တရုပ်ကို သရော်ထားတာကိုပါပဲ။ ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာ မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီး တားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီး ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့ (ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ)...
Imagine Me & You (2006) ⭐TMDB: 76% User Score 🎬 #Comedy #Drama #Romance 🗓 2006 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imagine Me & You (2005) IMDb – 6.7/10Genre – Comdey, Drama, Romance GOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။ လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို လိုက်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
The Reason I Jump (2020) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Documentary #Drama 🗓 2020 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 45 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.”–David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ …“သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.”– Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗာ...
71: Into the Fire (2010) ⭐TMDB: 75% User Score 🎬 #Action #Drama #War 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Bhaiyya Ji (2024) ⭐IMDB: 6.2/10 (6 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhaiyya Ji (2024)”အစ်ကိုကြီး အဖအရာ”================================ The Family Man ထဲက သဘာဝမင်းသားကြီးမာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စားအက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာအခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက်သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလိုအမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီးမီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
Chandu Champion (2024) ⭐IMDB: 8.3/10 (24 k Votes) 🎬 #Action #Biography #Bollywood #Drama #History #Sport #War 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chandu Champion (2024)“ချန်ပီယံ” ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ် ၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်…. နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာမူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့ အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်ကအားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ် တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရောဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့်အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက်တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Knowing (2009) ⭐TMDB: 62% User Score 🎬 #Action #Drama #Mystery #ScienceFiction #Thriller 🗓 2009 🎞 movie 🌎 #Australia #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Knowing (2009) ~ IMDb – 6.2/10, RT – 35%, Meta – 41% ~ ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကားပေါ့။ အဲဒီကာလတွေက ဒီမှာ နစ်ကေ့ဂ် တော်တော်ပေါ်ပြူလာဖြစ်ခဲ့တဲ့ကာလလို့ပြောရမယ်။ အဲဒီတုန်းက နစ်ကေ့ဂ် ကော်လက်ရှင်အခွေတွေဆိုလည်း Knowing က အမြဲပါတတ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ကားတွေ သိပ်မကြည့်ခဲ့ရသလို ဒီကားက ကမ္ဘာပျက်တဲ့ကားပေမဲ့ ပဟေဠိတွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတာရော အဲဒီမတိုင်ကာလမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံခြား ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ပြောတာတွေနဲ့ ခပ်ဆင်ဆင်တွေဖြစ်နေလို့လားမသိ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ တော်တော်ကြာလို့ မေ့သွားမှ ခုခေတ်တွေမှာ ပြန်ကြည့်တော့လည်း ဒီကားက မဟောင်းသေးပါဘူး။ ကောင်းတုန်းပဲ။ သက်တမ်းနု နှစ်ချို့ဝိုင်တစ်ခွက်လို့ ပြောရင်လည်းရတယ်။ သရုပ်ဆောင်တွေကတော့ နစ်ကေ့ဂ်အပြင် Rose Byrne ပါတယ်။ Ben Mendelsohn ပါတယ်။ Rose Byrne က ဒီထဲနုသေး တော်တော်လည်း ချောသေးတော့ တစ်ကားလုံး စုတ်ပြတ်သတ်နေရင်တောင် ကျွန်တော်တော့ သူပါလို့ ထပ်ကြည့်မှာပဲ။ ဇာတ်ရဲ့အကြောင်းအရာကတော့ ၁၉၅၉မှာ မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ အနာဂတ်မှာ ဘာဖြစ်မယ်လို့ သူတို့ထင်လဲဆိုတာတွေကို ပုံမှာရေးပြီး Time Capsule ထဲ ထည့်မြုပ်ဖို့လုပ်တယ်။ အဲဒီထဲက ကောင်မလေးတစ်ယောက်ကတော့ ဂဏန်းတွေရေးထည့်ခဲ့တယ်။ နှစ်ငါးဆယ်ကြာတော့ အဲဒီဟာတွေကို ပြန်ဖော်ကြတော့ ဒီဘက်ခေတ်ကလေးတွေကို အဲဒီစာရွက်တွေကို ပြန်ဝေပေးတယ်။ နစ်ကေ့ဂ်သားလေးကတော့ အဲဒီဂဏန်းတွေရေးထည့်ထားတဲ့ စာရွက်ကို ရသွားခဲ့တယ်။ ဒီလိုနဲ့ နစ်ကေ့ဂ်က အဲဒီဂဏန်းတွေက ပြီးခဲ့တဲ့နှစ်ငါးဆယ်အတွင်းဖြစ်ခဲ့တဲ့ ပျက်ကပ်တွေရဲ့ ရက်စွဲ၊ သေသူအရေအတွက်နဲ့ ကိုဩဒိနိတ်တွေမှန်း သိလာခဲ့တယ်။ အိုကလာဟိုမာစီးတီး ဗုံးကွဲမှုတို့ 9/11 တို့ ဟာရီကိန်းတိုက်တာတို့ အကုန်ပါခဲ့တယ်။ မဖြစ်သေးတာ သုံးခုအတွက်လည်းပါခဲ့တယ်။ ဒါကိုသိသွားတဲ့နစ်ကေ့ဂ်က ဒီပျက်ကပ်တွေကို ဘယ်လိုတားမလဲ တားနိုင်မလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပဟေဠိတွေအပြည့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ တော်တော်များများလည်း ကြည့်ပြီးကြလောက်ပါပြီ။ မကြည့်ရသေးတဲ့လူတွေတော့ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားကိုMyo Min Aung (MMA)မှ စိတ်ကြိုက်ဘာသာပြန် တင်ဆက်ထားပါတယ်)...
The Isle (2018) ⭐IMDB: 4.9/10 (12 k Votes) 🎬 #Fantasy #Mystery #Thriller #Adventure #Horror 🗓 2018 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့...
The Dream Songs (2023) ⭐TMDB: 73% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Dream Songs (2023)************************ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo) ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း*************ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာ ဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေ အိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။ အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့ သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက် မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့် ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာ ရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ချစ်ရတဲ့သူဆီကို အပြေးအလွှားသွားခဲ့တဲ့ ဂျောင်ဆယ်မီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေက ဟာအွန်းဆီကို ရောက်ရှိနိုင်ပါ့မလား…. ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ရတော့မှာကို မသိဘဲ ကျောင်းလေ့လာရေးခရီးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီး ချစ်ခင်ရသူတွေကို နှုတ်ဆက်စကားမပြောနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ ပုံရိပ်တွေကို တစ်ရှုးဆောင်ပြီး ကြည့်ရှုခံစားဖို့အတွက် Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်...
Magic Magic (2013) ⭐IMDB: 5.0/10 (10 k Votes) 🎬 #Drama #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #Chile #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Magic Magic (2013)IMDb: 5.0/10Rotten Tomatoes: 68% Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ ဇာတ်ညွှန်းအလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကို အလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့် ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။ အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။ စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။...
Preservation (2014) ⭐IMDB: 4.8/10 (6 k Votes) 🎬 #Horror #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wrenn Schmidt ၊ Aaron Staton နဲ့ Pablo Schreiber တိုက ဇနီးမောင်နှံနဲ့ ခဲအို မိသားစုသုံးယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Tribeca Film Festival Official Selection, Sitges Film Festival Official Selection တွေမှာလည်း ရွေးချယ်ခံထားရတဲ့ ကားကောင်းတစ်ခုပါ။ အပျော်တမ်းအမဲလိုက်ဖိုအတွက် သုံးယောက်သား ပိတ်ထားတဲ့ သစ်တောထိန်းသိမ်းမြေတစ်ခုကို သွားကြရာကနေ အမှတ်မထင် သူတိုက ပြန်အမဲလိုက်ခံရပါတော့တယ်။ အသေခံမလား ကိုယ်တိုင်သတ်မလားဆိုတဲ့ အခြေအနေတွေကို လိုက်ပါခံစားရမဲ့ horror, thriller အမျိုးအစား ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်...
Uppu Puli Kaaram (2024) ⭐IMDB: 7.2/10 (76 Votes) 🎬 #Drama #Comedy #Family 🗓 2024 🎞 tv series 🌎 #India ⏰ 21 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uppu Puli Kaaram (2024) ချဉ်ငန်စပ် အသိုက်အမြုံလေးGenre – Comedy ၅၂၈ မေတ္တာတွေ ၁၅၀၀ ချစ်ခြင်းတွေနဲ့ အမောအပန်းပြေ ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတဲ့ မိသားစုဟာသ စီးရီးလေး ဖြစ်ပါတယ်။ ချန်နိုင်းမြို့မှာ ရိုးရိုးသားသား အေးချမ်းစွာနဲ့ စားသောက်ဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေး ရှိပါတယ်။ဖခင်ဖြစ်သူက စကားတစ်ခုခုပြောတိုင်း စားစရာသောက်စရာများနဲ့ ဥပမာပေး ခိုင်းနှိုင်းတတ်သူ ဖြစ်ပြီးအကောင်းမြင်စိတ်လေးနဲ့ ရှင်သန်နေသူတစ်ဦး။ မိခင်ဖြစ်သူကတော့ မိသားစုတွေမှာ ထုံးစံအတိုင်း ဖြစ်နေကြတစ်ခုခုဆို ဆူပူကြိမ်းမောင်းပြောဆိုနေလို့ တစ်မိသားစုက ချစ်ကြောက်ရိုသေ ဖြစ်နေရသူပေါ့။ သမီးကြီး ဖြစ်သူကတော့ မိဘတွေ ယောက်ျားအတင်းပေးစားနေပေမဲ့ ခေတ်ဟောင်းအယူကိုမုန်းတီးပြီး အမျိုးသမီးထုတွေအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေမလေးတစ်ယောက်။သားဖြစ်သူကတော့ စိတ်သိပ်မပါပေမဲ့လည်း ဖအေဖြစ်သူရဲ့ ဆန္ဒကြောင့် IAS အရာရှိဖြစ်ဖို့ ကြိုးပမ်းနေရသူ။ သမီးလတ်ကတော့ Gym မှာ အလုပ်လုပ်တဲ့လူ ဖြစ်ပြီး ရသမျှလခကို မိခင်က ဓားပြတိုက် အပိုင်သိမ်းနေလို့စိတ်ပျက်လက်ပျက်နဲ့ ထွက်ပေါက် ရှာနေသူတစ်ဦး။ အငယ်ဆုံးမလေးကတော့ အလုပ်လက်မဲ့လေး ဖြစ်ပြီးအလုပ်တွေ လိုက်ရှာရလွန်းလို့ စိတ်ပျက်ပြီး ပညာရေးနောက်တစ်ဆင့်တက်မှ အဆင်ပြေမယ်လို့ ယူဆနေသူတစ်ဦး။စသဖြင့် ဒီ မိသားစု ၆ ယောက်ကို အခရာပြုပြီး ကိုယ်စီ ကိုယ်စီ ပျော်ရွှင်ကြည်နူးစရာတွေတစ်နေ့တာ အခက်အခဲ ဒုက္ခတွေ ကြုံရဆုံရပုံကို ရသစုံ တင်ဆက်ပေးထားတဲ့ စီးရီးလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Munkar (2024) ⭐IMDB: 5.7/10 (136 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 28 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Munkar 2024 ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့၂၀၂၄ ခုနှစ်နောက်ဆုံးထွက်လာတဲ့ အင်ဒို horror ကားလေးပဲဖြစ်ပါတယ်အာရှသရဲကားတွေထုံးစံအတိုင်း မကြောက်ကြောက်အောင် ရှယ်ခြောက်ပေးမှာမို့သရဲကားဆို အာရှကားမှဆိုတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ အာရှသရဲကားတွေကိုမှ ခေတ်မှီပြုလုပ်ချက်တွေနဲ့ကင်မရာရှုထောင့်တွေ အသံပြုလုပ်ချက်အလန်းတွေနဲ့မို့ ကြည့်ရတာအရသာရှိရှိကြောက်နေရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ဟာလီနာဆိုတဲ့ကောင်မလေးတစ်ယောက်ကအစ္စလာမ်ဘာသာရေးမိန်းကလေးဘော်ဒါဆောင်မှာ ကျောင်းသူသစ်လေးပါရောက်စဆိုတော့ အဆင်မပြေတဲ့အချိန်မှာ တခြားကျောင်းသူတွေကအနိုင်ကျင့်ရင်းလက်လွန်ပြီး ယဉ်တိုက်မှုဖြစ်သွားပါတယ်ယဉ်တိုက်မှုကနေပြန်ကောင်းလို့ ကျောင်းပြန်ရောက်လာတဲ့အချိန်မှာတစ်မျိုးဖြစ်ပြီး ထူးဆန်းနေတဲ့ ဟာလီနာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်...
Virgin Theory: 7 Steps to Get on the Top (2014) ⭐IMDB: 6.4/10 (37 Votes) 🎬 #Comedy #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Virgin Theory (2014)******************** Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း————– ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ်သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ် တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်သူတို့အိမ်ကို ဆယ်ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ်ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းကဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ မာဟီးကိုသင်ပေးပါတော့တယ်…ဒါပေမဲ့ အပျိုးကြီးမာဟီးက သူ့ဆရာမဆယ်ယောင်းသင်ပေးတဲ့အတိုင်း လိုက်လုပ်နိုင်မလားဘယ်လို အလွဲလေးတွေ ဟာသလေးတွေကြုံတွေ့ရမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် အညွှန်းကိုတော့ Aom မှ ရေးသားပေးထားပါတယ်...
