ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
30 Days of Night (2007)
⭐TMDB: 64.0% User Score
🎬 #Action #Adventure #Horror #Thriller
🗓 2007 🎞 movie
🌎 #UnitedStates #NewZealand #NewZealand #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
30 Days of Night(2007)
********************
ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလို
ဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်…ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့
သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်း
ပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..
ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့
မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့
ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်…
အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲ
ပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာနှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် …
နိုဝင်ဘာလပေါ့…ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းက
တောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..
အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်း
အကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..
အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်း
မြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..
နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာ
မြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့…...
Creation of the Gods I: Kingdom of Storms (2023)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Drama #Fantasy #Action #Adventure #War
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 28 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့Creation of the Gods I: Kingdom of Storms ( 2023 ) ကိုCM ကနေတင်ဆက်ပေးလိုက်ပါတယ် …
ဒါရိုက်တာ Wuershan ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ထဝင်မြောက်ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာတရုတ်ပြည်ရဲ့နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ်
Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ်ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ်ကြပြီးတော့တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။
ဇာတ်လမ်းကတော့…အမြီး ၉ ချောင်းမြေခွေးဖြစ်တဲ့ စူးတာကျိမိဖုရားနဲ့ရှန်းဘုရင်တို့ကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခရောက်ပြီး လောကတခွင်ကိုမိစ္ဆာနတ်ဆိုးတွေနှောက်ယှက်ဖျက်ဆီးနေကြတာကြောင့်နတ်တွေကဝိုင်းဝန်းတားဆီးဖို့ ဖြစ်လာတဲ့အခါ….။
ရှေးခေတ်က လူသားတွေ မိစ္ဆာတွေ နတ်ဘုရားတွေကြားက ဒဏ္ဍာရီစစ်ပွဲတွေအကြောင်းကို စိတ်လှုပ်ရှားစွာကြည့်ရှုခံစားရမယ့် ရုပ်ရှင်အလန်းစားစစ်စစ်ကြီးဖြစ်ပါကြောင်း။IMDb Rating (7.4) ထိ ရရှိထားပါတယ်။...
Anel Meley Panithuli (2022)
⭐IMDB: 6.9/10 (309 Votes)
🎬 #Bollywood #Drama #Thriller
🗓 2022 🎞 movie
🌎 #India
⏰ 1 နာရီ 59 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော်မာသီဆိုတဲ့မိန်းကလေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့လက်ထောက်မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသားဖြောင့်မှန်တဲ့ဝန်ထမ်းတစ်ယောက်ပါ
သူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ်လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်းဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။
တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)ကကြားဝင်ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။
တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကိုမာသီသိသွားတော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်
မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ….
တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက်ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကိုပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး…
(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ Alexia ~ Dee တို့ပဲဖြစ်ပါတယ်)...
The Irishman (2019)
⭐IMDB: 7.8/10 (413 k Votes)
🎬 #Biography #Crime #Drama #History
🗓 2019 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 3 နာရီ 29 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။
ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။
ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။
သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။
အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။
Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။
ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။
သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။
သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။
သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။
သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။
လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။
သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။
သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှာ
စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။
အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။
God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။
နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။
မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။
အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။
ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။
ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။...
Ayodhi (2023)
⭐IMDB: 8.3/10 (3 k Votes)
🎬 #Action #Bollywood #Drama #Thriller #Family
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 59 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ayodhi (2023)
IMDb-8.3/10
အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ…?
ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစုဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ်
ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်…သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ်
ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား…ကိုယ်ချင်းစာနာစိတ်ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်
အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alexia ~ Dee ~ KKKZ တို့ပဲဖြစ်ပါတယ်...
CSI: Crime Scene Investigation (2000-2015)
⭐IMDB: 7.7/10 (87 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2000-2015 🎞 tv series
🌎 #UnitedStates #Canada
⏰ 44 မိနစ် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CSI: Crime Scene Investigationအားလုံး စောင့်မျှော်နေကြတဲ့CSI TV Series ကို တင်ဆက်လိုက်ပါပြီ
ရှားလော့ဟုမ်း နဲ့ ခဏတာ ဝေးနေတဲ့ ခဏမှာစိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းတွေကို လိုက်ကြည့်ရအောင်ဒီ CSI : Crime Scene Investigationဆိုတဲ့ TV Series မှာ အပိုင်းတစ်ခုနဲ့ တစ်ခုညှိတွယ် မထားပဲ အပိုင်းတစ်ခုမှာအမှုတစ်ခုကို အဆုံးသက်လေ့ရှိပါတယ်ဒါကြောင့် သင့်ကို ဆန့်တငင်ငင် ဖြစ်နေစေမှာမဟုတ်ပဲ CM ရဲ့ Page တိုင်းအောက်မှာCSI အပိုင်းသစ်တွေ တင်ပေးပါလို့ အော်နေစရာ မလိုလောက်ပါဘူး 😀ကျနော် ကိုယ်တိုင်လဲ CSI Series ကိုပုံမှန်တင်ပေးဖို့ ကြိုးစားသွားမှာဖြစ်လို့စိတ်ဝင်စားဖို့ ကောင်းတဲ့ မှုခင်းတွေကိုCSI အဖွဲ့နဲ့ အတူ အဖြေရှာကြည့်ရအောင်လားဗျာ File Size – 300 MB EpisodeQuality – 720PRuntime – 40 min EpisodeSubtitle – Burmese (Hardsub)...
El Conde (2023)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Comedy #Fantasy #History #Horror
🗓 2023 🎞 movie
🌎 #Chile
⏰ 1 နာရီ 51 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
El Conde (2023)
~ IMDb – 6.6/10, Rotten Tomatoes – 83% ~
ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။
သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ နတ်ဆိုး၀င်နေတာကို နှင်ဖို့ ဘုရားကျောင်းက ကာမန်ဆိုတဲ့ သီလရှင်ကို စာရင်းကိုင်အယောင်ဆောင်ပြီး လွှတ်လိုက်ပါတယ်။
ကာမန်က ဗိုလ်ချုပ်ကြီးအိမ်မှာ သူ့ရဲ့နှစ်ကာလကြာရှည် ဝှက်ထားခဲ့တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ စာချုပ်တွေ ဘဏ်အကောင့်တွေကို ဘာသာပြန်ပေးရင်း ဗိုလ်ချုပ်ကြီးသားသမီးတွေဆီကနေ သူတို့ရဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ အာဏာရှင်လုပ်ရပ်တွေ အားလုံး သိသွားတဲ့အခါ… သားသမီးတွေကလည်း ကာမန်အယောင်ဆောင်လာတာသိပြီးရှင်းဖို့ လုပ်တဲ့အခါ…
ဒီအရှုပ်အထွေးတွေထဲ ဘယ်သူတွေစတေးခံရပြီး ဘယ်သူတွေကျန်ရစ်မလဲ…
တစ်ချိန်က အင်္ဂလန်၀န်ကြီးချုပ် မာဂရက်သက်ချာကိုပါထည့်ထားတဲ့ Satire အဖြူအမည်းရုပ်ရှင်အဖြစ် ခွီလည်းခွီရ လန့်လည်းလန့်ရစေမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Bard of Blood (2019- )
⭐IMDB: 6.8/10 (12 k Votes)
🎬 #Action #Adventure #Drama #Thriller
🗓 2019- 🎞 tv series
🌎 #India
⏰ 42 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bard of Blood (2019) (Complete)ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး
၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်…ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး
ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ်
ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့်
တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး…
အညွှန်း
——-
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ
ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ
လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်…ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး
ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ
အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ….သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့
ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း
အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ်
ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ …..သူ့သူငယ်ချင်းသေဆုံးမှုကရော
သွေးရိုးသားရိုးဟုတ်ရဲ့လား…စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့
တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL / 720pTotal Episodes : 7EpsFormat : mp4Genres : Action & Adventure, DramaDuration : 47minsSubtitle : Myanmar Subtitle ( Hardsub )...
Buya Hamka Vol. 1 (2023)
⭐IMDB: 6.8/10 (273 Votes)
🎬 #Biography #Drama #History
🗓 2023 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 46 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Buya Hamka Vol. 1 (2023)
ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။
ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Murder Syndicate (2023)
⭐IMDB: 4.5/10 (324 Votes)
🎬 #Action #Thriller #Crime
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 40 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။
ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့
ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့
အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့
အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာ
ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့
သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့
ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကို
သားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာ
မရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကို
စိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာ
အနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီး
သူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့
ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။
ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့
အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကို
ရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။...
Strange Wilderness (2008)
⭐TMDB: 49.0% User Score
🎬 #Adventure #Comedy
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Strange Wilderness (2008)====================
ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေကအညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေးတွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။
ဇာတ်လမ်းအညွှန်း –ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူးတင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်ကအစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်ကတော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ်လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံးဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်းရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့တွေးသာကြည့်ကြပါတော့။
ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူကအစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ထွက်ကြရပါတော့တယ်။ သူတို့ တင်ဆက်မဲ့ အစီအစဉ်က လူဝံကိုရှာဖွေခြင်း တဲ့။ ကဲ ရှုစားလိုက်ကြပါဦးဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
Rebel (2022)
⭐IMDB: 7.5/10 (2 k Votes)
🎬 #Action #Drama #Thriller
🗓 2022 🎞 movie
🌎 #Belgium #Luxembourg #France
⏰ 2 နာရီ 14 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rebel (2022)
~ IMDb – 7.5/10, Rotten Tomatoes – 93% ~
2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။
ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။
အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ…
ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash တာတွေ နားယောင်ပြီး သူ့အကိုကောင်းတာလုပ်နေတာလို့ ယုံကြည်နေပါတယ်။
ဒီလိုနဲ့ အကိုဖြစ်သူနဲ့တွေ့ရမယ်လို့ ဆွယ်တာကို ယုံပြီး ဆီးရီးယားကို လိုက်လာတဲ့အခါ…
သားငယ်လေးအတွက် အရူးမီးဝိုင်းပြီး အသက်စွန့် လိုက်ခေါ်တဲ့ မိခင်နဲ့ ညီအကိုနှစ်ယောက်ကြားက ကံကြမ္မာဆိုး ဘယ်လိုအဆုံးသတ်မလဲဆိုတာ…
ရင်နင့်စရာကောင်းပြီး ဆီးရီးယားစစ်မြေပြင်က ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအကြောင်း ဗဟုသုတရစေမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
MY3 (2023- )
⭐IMDB: 6.8/10 (116 Votes)
🎬 #Comedy #Romance #SciFi
🗓 2023 🎞 tv series
🌎 #India
⏰ 52 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MY3 (2023)MY3 (2023)IMDb- 7.3
ယခုတစ်ခေါက်မှာတော့ Sci-fi ဇာတ်လမ်းတွဲမျိုးကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် မိသားစုနဲ့အတူကြည့်ချင်တာပဲဖြစ်ဖြစ်
တစ်ယောက်တည်းကြည့်ချင်တာပဲဖြစ်ဖြစ် မရိုးစေရဘဲစိတ်ဝင်စားစွာကြည့်ရှုလို့ရမယ့် ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။အူတီတောင်တန်းတွေကြားမှာ တစ်ယောက်တည်း နေထိုင်နေတဲ့ အာဒီသရာ..
ဒါတင်မကသေးဘဲ နည်းပညာအကူအညီကို သုံးပြီး အိမ်ကနေ အာဒီသရာလုပ်ငန်းစုတွေကို
လှမ်းအုပ်ချုပ်နေတဲ့ဥက္ကဌတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ မိုင်သရီဆိုတဲ့
ခေတ်သစ်စက်မှုပစ္စည်းတွေတီထွင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီး
သူ့ဆီကနေ ထူးဆန်းတဲ့ပစ္စည်းတွေ စက်ရုပ်တွေကို ဝယ်ယူရင်း သူ့
ရဲ့တစ်ယောက်တည်းနေရတဲ့အကြောင်းရင်းဖြစ်တဲ့ထူးဆန်းတဲ့ရောဂါကို ကုသနိုင်မယ့် စက်ရုပ်ကို တီထွင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုကနေတစ်ဆင့် သူတို့တွေ ဘယ်လိုမျိုးဆက်တီထွင်ကြမလဲဆိုတာကို
မရိုးရအောင်ဆွဲဆောင်ထားတဲ့ ရိုက်ချက်တွေနဲ့ သရုပ်ဆောင်မှုကို ခံစားလိုက်ကြပါစို့နော်…(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)Quality : 1080p /720p Total Episodes : 9EpsFormat : mp4Genres : Comedy~ Romance ~ Sci-FiDuration : 30minsSubtitle : Myanmar Subtitle ( Hardsub )...
Jane Eyre (2011)
⭐IMDB: 7.3/10 (91 k Votes)
🎬 #Drama #Romance
🗓 2011 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ဆိုတတ်တာကြောင့် သူ့ဘဝက အရွယ်ရောက်တဲ့အထိအထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျောင်းကနေ ထွက်လာပြီး Thornfield Hallဆိုတဲ့ အိမ်ကြီးမှာ Mr. Rochester ဆိုသူရဲ့ အုပ်ထိန်းခံပြင်သစ်ကလေးမလေးကို စာသင်ကြားပေးရတဲ့ ဆရာမအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Mr. Rochesterရဲ့ ပုံစံအရ မာနကြီးပြီး တော်ရုံလူကိုတန်းတူညီမျှ သဘောမထားတတ်တဲ့သူက Jane နဲ့ တွေ့ပြီးနောက်မှာ နူးညံ့ပျော့ပြောင်းတဲ့အသွင်ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မှာ လူသိမခံတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။
အဲ့ဒါကို Jane သိသွားတဲ့ အခါမှာ ဘာဆက်ဖြစ်မလဲ Janeကရော ဘာဖြစ်လို့ထွက်ပြေးလာတာလဲ Jane ထွက်ပြေးလာတဲ့နေရာအသစ်ကရော ဘယ်လိုပုံစံမျိုးလဲ ရုပ်ရှင်ကားက ဆက်ပြောပြသွားမှာပါ။ Pride & Prejudice နဲ့ romanceက နည်းနည်းလေးဆင်သလိုလို ရှိပြီးတော့ သူ့ပုံစံနဲ့ သူ ခံစားကြည့်ရှုလို့ကောင်းတဲ့ကားပါ။...
Rampage (2009)
⭐IMDB: 6.2/10 (20 k Votes)
🎬 #Action #Crime #Thriller #Uncategorized
🗓 2009 🎞 movie
🌎 #Canada #Germany
⏰ 1 နာရီ 25 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rampage (2009)==============IMDb Rating 6.2/10
လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အလားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲစုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစားသွားရမှာအမှန်ပဲ။
ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်းမြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန်ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစားလိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်းဘာလုပ်မလဲ။
ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်းကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင်ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ဘယ်လိုလုပ်ရမလဲ။ လွယ်ပါတယ်။သတ်ပစ်လိုက်ရုံပေါ့။
ဒီဇာတ်ကားဟာ စိတ်အနေအထား ပုံမှန်မဟုတ်တဲ့ လူငယ်တစ်ယောက်က တစ်မြို့လုံးကိုလှည့်စားပြီး လူဆယ်ဂဏန်းကျော်ကို သွေးအေးအေး ခပ်ကြမ်းကြမ်း သတ်သွားတဲ့ ကားပါပဲ။ ရူးသာရူးတာ အရူးပါး ဆိုသလို သူ့ဘက်ကို အမှုပတ်လာမယ့် အရာအားလုံးရှင်းထုတ်ပြီးသား။ ကြားထဲက အာဇာနည်လုပ်ပေးမယ့် ဓားစာခံရှိနေပြီးသား။
ဇာတ်လမ်းအကျဉ်းရယ်လို့ မရှိပါဘူးနော်။ သံချပ်ကာတွေဝတ်၊ စက်သေနတ်နှစ်လက်နဲ့ မြို့ပတ်ပြီး လူလိုက်သတ်နေတဲ့ဇာတ်ကားပါ။ Brendan Fletcher သရုပ်ဆောင်ထားတာဖြစ်ပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေလည်း ရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့ လူကြိုက်များမှုကြောင့်Rampage: Capital Punishment (2014) နဲ့ Rampage: President Down (2016) ဆိုပြီးအဆက် နှစ်ကား ထပ်ထွက်ခဲ့ပါသေးတယ်။ ဇာတ်ကားက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စိတ်မချမ်းမြေ့ဖွယ် ရိုက်ကူးထားတာဖြစ်လို့ စိတ်အဆင်မပြေသူတွေ၊ ကလေးငယ်တွေမကြည့်သင့်ပါဘူး။ ဒါပေမဲ့ လူသတ်တာဆိုပေမဲ့ အလုပ်ကို အလုပ်နဲ့တူအောင် စနစ်တကျ ဦးနှောက်ကောင်းကောင်းနဲ့ လုပ်သွားပုံကတော့ အံ့မခန်းဖြစ်လို့ ကြည့်ရှုထိုက်တဲ့ ဇာတ်ကားလေးပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...
Robot No. 8 (2023)
⭐TMDB: 0.0% User Score
🎬 #Adventure #ScienceFiction
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 19 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှအက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေတီထွင်လာတဲ့ခေတ်မှာအကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခကကမ္ဘာအပြင်ဘက်ကနေစီလီကွမ်အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကိုစက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။
သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီးအထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီးအဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲအထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန်ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။
အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီးသူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလိုအသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ကဲဒီတော့ဒီစက်ရုပ်သုတေသနစင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားကဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီးအသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကောဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကိုထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။
ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကိုတုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကိုမီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။...
Silent Duel (2023)
⭐TMDB: 0.0% User Score
🎬 #Action #Crime
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 29 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ…မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်ကမူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာHIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်…
သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက်သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်းသူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်..
တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင်ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်…HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲမူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ….သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုးအဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်…...
This Must Be the Place (2011)
⭐IMDB: 6.7/10 (36 k Votes)
🎬 #Drama #Adventure #Comedy
🗓 2011 🎞 movie
🌎 #Italy #France #Ireland #Belgium
⏰ 2 နာရီ 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။
ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ မကုသပဲထားဖြစ်ခဲ့တဲ့ရောဂါမျိုးလည်းဖြစ်တယ်။ ဒီထဲကမှ ကံကောင်းတဲ့သူတစ်ချို့ကပဲ healဖြစ်နိုင်ပြီး အများစုကတော့ ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုစိတ်ရဲ့အနက်ရှိုင်းဆုံးနေရာထိထိုးသိပ်ဖုံးဖိပြီးနေသွားတတ်ကြတယ်။ ရှိုင်အန်ကရော healဖြစ်သွားတဲ့ကံကောင်းတဲ့သူမျိုးထဲမှာပါမလား သူ့အဖေရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုရော ဖြည့်စည်းသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Billy the Kid (2022- )
⭐IMDB: 7.2/10 (5 k Votes)
🎬 #Western #Drama #Adventure #Biography #History #Romance
🗓 2022- 🎞 tv series
🌎 #UnitedStates #Canada
⏰ 45 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Billy the Kid (2022)
Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာနာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ အားလုံးကိုပေါင်းစပ်ပြီးအနီးစပ်ဆုံးဖြစ်အောင် ကြိုးစားချဉ်းကပ်ပေးထားတယ်လို့ပြောလို့ရနိုင်ပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ၊Billy the Kid ဘာကြောင့် နာမည်ကြီးရတာလဲ ၊သူ့ရဲ့နာမည်အကြီးဆုံးအချက်ကတော့ သေနတ်ကိုဆွဲထုတ်တဲ့ နေရာမှာ လျှပ်ပြက်သလိုလျှင်မြန်ပါတယ်တဲ့။တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ကို အခုခေတ်ထိ တသသ ရုပ်ရှင်တွေ စီးရီးစ်တွေအဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာလို့ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ရှုစားကြရအောင်ပါ။File size…(1 GB)/(491 MB)...
Dinosaurs (2023)
⭐IMDB: 8.7/10 (1 k Votes)
🎬 #Bollywood #Crime #Action #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 29 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dinosaurs (2023)================
IMDb 8.7/10
အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။
ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။
ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေအစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ…။
( ဒီရုပ်ရှင်ကိုတော့ CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )...
