en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Til Death Do Us Part (2023) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Action #Comedy #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Til Death Do Us Part (2023)====================IMDb Rating – 6.0/10 သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကားပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကားကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ်ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင်လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်းလူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ်ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော်ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော်ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...

Cheating Wives (2018) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 Movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 7 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************** ဆူယွန်းဟာ အိမ်ထောင်သည်အမျိုးသမီးဖြစ်သော်ငြား လိင်ကိစ္စနဲ့ ပတ်သက်လို့အတော်အဆင်မပြေ…ယောက်ျားဖြစ်သူကလည်း အလုပ်ကပြန်လာရင် ပင်ပန်းလို့ဆိုပြီးအသေကောင်လိုအိပ်..ကြာလာတော့ သူမ သီးမခံနိုင်တော့..ဒါ့ကြောင့်အထုပ်ဆွဲပြီး သူငယ်ချင်းဖြစ်သူ မီယာရဲ့အိမ်ကိုထွက်သွားပါတော့တယ်..အဲ့အိမ်ရောက်မှ သူမရဲ့ ဆန္ဒတွေကို နင်းကန်ဖြစ်ပေးမဲ့ ငယ်သူချင်း ဘီးကျဲတစ်ကောင်နဲ့ပြန်တွေ့တဲ့အခါမှတော့… အလှလေးပါတဲ့ကွီးယာ ၁၈မို့ ဘိုးတော်တို့ကျေနပ်မယ်ထင်ပါတယ်…...

大漠追云剑 (2023) ⭐TMDB: 0.0% User Score 🎬 #Action #Adventure 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က သဘောထားကြီးပြီး စိတ်ထားကောင်းတဲ့နင်တူးမြို့ မြို့သခင်လေးဟာ ရွာပြန်တဲ့လမ်းမှာ အသတ်ခံခဲ့ရပါတယ်။လက်အောက်က ကိုယ်ရံတော် ကျဲလန်၊ ပိုင်ချင်းနှင့်သူ့သားလေးမော့ကျင်းတို့ဟာလည်း သတင်းအစအနရှာမရအောင်ပျောက်နေခဲ့ပါတယ်။ ၁၈ နှစ်ကြာပြီးနောက် ရောဂါဖြင့်သေလုဆဲဆဲဖြစ်နေတဲ့ မြို့သခင်ကြီးရဲ့မြေးရှာကြောင်းကြေညာစာတမ်းက ကန္တာရရဲ့ တည်ငြိမ်မှုကို ဖောက်ခွဲခဲ့ပါတယ်။ဟေးရွှေမြို့ရဲ့ တစ်မြို့လုံးသိဖြစ်တဲ့ ကျင်းမော့ဟာ အပေါ်ယံမှာတော့အပျော်မက်သလိုဖြစ်ပေမယ့် စိတ်သဘောထားကောင်းသူတစ်ဦးဖြစ်ပါတယ်။မကြာခဏ မိဘမဲ့ကလေးတွေနဲ့ အခက်အခဲရှိသူတွေကို ကူညီပေးလေ့ရှိပါတယ်။ ကျင်းမော့ဟာ သူ့အမေရဲ့ ရွှေတံဆိပ်ကို လောင်းကစားရုံမှာ ပေါင်မိပြီးနောက်သိုင်းလောကကြေးစားလူသတ်သမားတွေ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ကျင်းမော့ဟာ မွေးစားအမေပိုင်ချင်းရဲ့ အကူအညီဖြင့် အစ်မဖြစ်သူချိုးအာနဲ့အတူနင်တူးမြို့မှာ အဘိုးကိုရှာဖို့ ထွက်ခွါခဲ့ပါတယ်။ လမ်းတစ်ဝက်ကထျန်းလုံတည်းခိုခန်းမှာ တွေ့ခဲ့တဲ့ ကျဲလန်၊ စီးယွီတို့နဲ့အတူ ကန္တာရအတွင်းကို ခရီးနှင်ခဲ့ပါတယ်။ ကျင်းမော့တစ်ယောက် သူ့ဘဝမှန်ကို ပြန်ရနိုင်ပါ့မလား……သူတို့ရဲ့ ကန္တာရခရီးစဉ်ကရော ဘယ်လို အန္တရာယ်တွေနဲ့ ပြည့်နှက်နေမလဲ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုရအောင်နော်။...

荒野迷案 (2023) ⭐TMDB: 0.0% User Score 🎬 #Crime 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။ သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာသူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက်တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။ အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ……လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ……လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲအကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင်နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။...

Marisol (2023) ⭐IMDB: 5.6/10 (63 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marisol (2023)============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော်အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက်ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ်ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန်ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆလေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရားမဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Tumbal Kanjeng Iblis (2022) ⭐IMDB: 5.9/10 (37 Votes) 🎬 #Drama #Horror #Mystery 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 33 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tumbal Kanjeng Iblis(2022) ************************* မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလို ကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်းအများအပြားရှိပါတယ် …မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိသတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,, ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီး တီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် …သူ့အစ်မနေခဲ့တယ်လို့ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်… အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီးတီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်း အိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေတာလဲ….သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်က ဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ…။ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူး အသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။...

Brightburn (2019) ⭐IMDB: 6.1/10 (104 k Votes) 🎬 #Drama #Horror #Mystery #ScienceFiction #Thriller #SciFi 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.1) ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကို အာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။ သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။ အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ့ အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။ အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။ တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်က ဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ ဒီမှာ ကြည့်ရမှာပါ။ စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။ စောင့်ကြည့်ဖို့မမေ့ပါနဲ့။ အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။...

Beautiful Sisters: Flesh Slave (1986) ⭐TMDB: 61.0% User Score 🎬 #Adult #Asian #Thriller 🗓 1986 🎞 movie 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရီကိုဟာ သွားဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ကျိုကိုကတော့ သူ့ဆေးခန်းမှာစာရေးမအဖြစ် ကူညီပေးနေပါတယ်။တစ်နေ့မှာတော့ သူတို့ညီအစ်မဆေးခန်းထဲကို ဝရမ်းပြေးလူဆိုးတစ်ယောက် လူနာယောင်ဆောင်ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကိုချုပ်နှောင်ဖမ်းဆည်းထားပါတော့တယ်။ ဒီလူဆိုးဟာ ချေးငွေလုပ်ငန်းတစ်ခုက ငွေတွေကိုဘုံးပြေးလာတာဖြစ်ပြီး ရဲတွေလက်ကလွတ်အောင် သူတို့ဆီကိုလာပုန်းအောင်းနေတာပါ။ပုန်းအောင်းနေတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနည်းမျိုးစုံနဲ့စော်ကားနှိပ်စက်ရာက နဂိုကတည်းက မိန်းမချင်းသာစိတ်ဝင်စားတဲ့ညီအစ်မဟာ ဒီလူဆိုးလက်ကလွတ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။ နှောင်းပိုင်းကာလ pink film တစ်ကားဖြစ်ပြီး ကြိုးတုပ်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေ အပြင်ဖော်ပြလို့မကောင်းတဲ့ကွက်ကွက်ကွင်းကွင်းပြကွက်တွေပါဝင်တဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင်မင်းသမီးနှစ်ယောက်လုံးကလည်း တော်တော်လှတဲ့အတွက်ကြည့်ရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Thunder Monk (2023) ⭐TMDB: 63.0% User Score 🎬 #Action #Comedy 🗓 2023 🎞 Movie 🌎 #Thailand ⏰ 1 နာရီ 29 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thunder Monk (2023) ဦးဇင်းကျစ် အဖြစ် Oat Paramote Pathanပတ်ပေါင့် အဖြစ် Pop PongKool Suebsungဂျုံ အဖြစ် Fon Sananthachatဝိုင် အဖြစ်Carissa Springgett ဇာတ်လမ်းအကျဉ်း အတိတ်ဘ၀ တုန်းက ဘုန်းဘုန်းကျစ်နဲ့မှော်ဆရာပတ်ပေါင်တို့က သိပ်ကိုချစ်ကြတဲ့ လင်မယားတွေပါဒီဘ၀မှာ နှစ်ယောက်လုံးက ယောကျာ်းလေးအဖြစ် မွေးဖွားလာပါသော်လည်းအတိတ်ဘ၀တုန်းက ပတ်ပေါင့် ဘုန်းဘုန်းကျစ်အစား အသေခံပေးခဲ့ပါတယ် ဒီအတွက် ဘုန်းဘုန်းကျစ်က ပတ်ပေါင့်ပြုသမျှ ၀ဋ်ကြွေးတွေကို သူခံယူပါ့မယ်လို တောင်းဆုပြုခဲ့ပါတယ်ဆိုတော့ ဘုန်းဘုန်းကျစ် အတိတ်တုန်းက သူ့မိန်းမဖြစ်ခဲ့တဲ့ မှော်ဆရာပတ်ပေါင့်ဆီကို ၀ဋ်ကြွေးလွှတ်မြောက်အောင် လုပ်ဖို့ သွားပါတော့တယ်ဖြစ်ချင်တော့ ဒီဘ၀မှာ မှော်ဆရာပတ်ပေါင့်က ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုထားပါတယ် သို့ပေမဲ့ သူ့စကားကို မတည်နိုင်ဘဲ နောက်ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်သွားပါတယ်သူ့ကျိန်စာကြောင့် မိုးကြိုးက မှော်ဆရာကို ပစ်ရမယ့်အစား အတိတ်ဘ၀က ဘုန်းဘုန်းကျစ်ရဲ့ တောင်းဆုကြောင့် ဘုန်းဘုန်းကိုပဲ ပစ်မှာပါဆိုတော့ ဘုန်းဘုန်းကျစ် မှော်ဆရာကို အချိန်မှီတားနိုင်ပါ့မလား ဆိုတာကို အူတက်အောင် ရယ်မောရင်း စောင့်ကြည့်လိုက်ပါ (အညွှန်းရေးသားသူမှာFake Loveဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့Nang Mwe Kham&Fake Loveဖြစ်ပါတယ်။)...

Sometimes I Want to Be a Porn Star (2015) ⭐IMDB: 4.7/10 (13 Votes) 🎬 #Adult #Drama #Romance 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 22 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sometimes Pornography အချစ်နဲ့လိင်ကိစ္စကို သိမ်သိမ်မွေ့မွေ့ခံစားချင်တဲ့ သူတွေအတွက် ဒီကားကကြည့်သင့်တဲ့ အထဲပါပါတယ်လိင် ကိစ္စရဲ့ သဘောသဘာ၀ ယောကျ်ားတွေရဲ့ စိတ်ခံစားချက် လွတ်လွတ်လပ်လပ်နေချင်တဲ့ယောကျ်ား တစ်ယောက်ကိုမှ စွဲလမ်းမိတဲ့ မိန်းမတစ်ယောက်ရဲ့ စွဲလမ်းစိတ်သဘော စတာတွေကိုစကားလုံးလှလှလေးတွေနဲ့ ပုံဖော်ထားသလို လိင်မှု ကိစ္စကိုလည်း နူးနူးညံ့ညံ့ တင်ဆက်ထားတဲ့ Pornograhpy ပဲဖြစ်ပါတယ် လိင် ကိစ္စဆို ၀ုန်းဒိုင်းကုတင်ပေါ်တက်ဆိုတာထက် အချစ်နဲ့ လိင် ကိစ္စကိုတွဲပြီး ညင်ညင်သာသာလေးမှ သဘောကျတယ်ဆိုဒီကားကိုကြည့်သင့်ပါတယ် မင်းသမီးရော မင်းသာရော လူလတ်ပိုင်းအရွယ်ဆိုပေမယ့် ရုပ်ရည်ကော ဘော်ဒီပိုင်းပါတော်တော်လေးကြည့်ကောင်းပြီးသရုပ်ဆောင်လည်းကောင်းတယ်လို့ပြောလို့ရပါတယ် သာမန် 18+တွေနဲ့ ကွဲထွက်ပြီးမိန်းမတွေရဲ့ သဘောသဘာ၀ ယောကျ်ားတစ်ယောက်ရဲ့ စိတ်သဘောသဘာ၀ကိုနားလည်ချင်တယ်ဆို 18+ကိုမှ Documentary ဆန်ဆန် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ...

The Unbinding (2023) ⭐IMDB: 5.3/10 (530 Votes) 🎬 #Horror #Documentary #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Unbinding (2023)================ သိပ္ပံနယ်လွန်၊ သဘာ၀လွန်၊ ပရလောက၊ တစ္ဆေသရဲကိစ္စတွေ စိတ်၀င်စားတဲ့သူဆိုရင်တော့ ဒီ Documentary ကို ကြည့်ကိုကြည့်သင့်ပါတယ်။လက်တွေ့ဖြစ်ရက်တွေကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာမို့ ပုံမှန်သရဲကားတွေထက် ပိုရင်ခုန်စရာ‌ကောင်းပါတယ်။ ဒါရိုက်တာစာရေးဆရာလည်းဖြစ် သိပ္ပံနယ်လွန်ကိစ္စတွေကို စူးစမ်းထောက်လှမ်းသူလည်းဖြစ်တဲ့ဂရက်ဂ် နဲ့ ဒေနာနယူးကတ်တို့ဇနီးမောင်နှံရဲ့ လက်တွေ့စွန့်စားခန်းတွေကိုစိတ်၀င်စားစရာ ရိုက်ပြထားတာပါ။ ဇာတ်ကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်တော့ တစ်နေ့မှာ ဂရက်ဂ်တို့ဆီကျိန်စာ‌တိုက်ခံထားရသလိုမျိုး ကြောက်စရာသစ်သားရုပ်တုတစ်ခု ရောက်ရှိလာတာက စပါတယ်။ ရုပ်တုရောက်လာတဲ့နေ့ကစလို့ ခြောက်ခြားစရာအဖြစ်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ရုပ်တုကိုပြန်ပို့ဖို့၊ ရုပ်တုမှာပူးကပ်နေတဲ့အရာကို ဖယ်ရှားဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ ကျိန်စာမိနေတဲ့ရုပ်တုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းလဲ၊ နောက်ကွယ်ကအမှန်တရားတွေကို ဘယ်လိုရှာကြမလဲဆိုတာတွေကို လက်တွေ့ကျကျကြည့်ရမှာမို့လည်း ပိုစိတ်၀င်စားစရာကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

18+ (2023) ⭐IMDB: 6.5/10 (425 Votes) 🎬 #Bollywood #Comedy #Drama #Romance #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Journey of Love 18+ (2023)IMDb – 6.6/10 ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲသူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါနှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်….ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီးဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)...

Lakhan-Leela-Bhargav (2023- ) ⭐IMDB: 8.4/10 (3 k Votes) 🎬 #Drama 🗓 2023- 🎞 tv series 🌎 #India ⏰ 33 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lakhan Leela Bhargava (2023)Lakhan Leela Bhargava 2023 Rating 8.5 ထိရရှိထားပြီး လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်နေတဲ့ အိန္ဒိယတရားခွင်ဒရာမာစီးရီးကို တင်ဆက်ပေးချင်ပါတယ်။လက်ခန်းဟာ ရှေ့နေအဖြစ်အင်မတန်မှ စိတ်အားထက်သန်ပေမဲ့ အမှုတစ်ခုမှမကိုင်ရသေးလို့ အမှုသည်ကိုမရရအောင်အကွက်ဆင်ပြီးရှာနေရပါတယ်။ သူဒီလိုအောင်မြင်မှုမရတာဟာ ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ မိုဟန်ဆိုသူကြောင့်ဆိုပြီး နာကျဉ်းနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့တော့ သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူသတ်မှုတစ်ခုကိုပထမဆုံးကိုင်တွယ်လိုက်ရပါတော့တယ်။တရားရုံးရှေ့နေ့လိုက်ပေးဖို့ကို ကြိုးစားပမ်းစားပြင်ဆင်ပြီး စိတ်အားထက်သန်နေခါမှာ တရားရုံးအတွင်းမှာ အမှုသည်က ရှေ့နေပြောင်းချင်ပါတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့… ပထမဆုံးအမှုမှာတင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အမှုကိုသူဖြေရှင်းခွင့်ရမှာလားဆိုတာ နောက်အမှုကရောဘာတွေဆက်လာမလဲဆိုတာ | လက်ခန်းရဲ့အမှုဖြေရှင်းတာတွေ၊ တရားခံရှေ့နေတွေကို ထေ့ငေါ့ပြီးပြောတတ်တာတွေ၊ မဟုတ်မခံတတ်တာတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Dee~Yunni~ToMo~Zwe တို့ပဲဖြစ်ပါတယ်။)Quality : 1080p WEB DL  / 720pFormat : mp4Genres :Drama Duration : Subtitle : Myanmar Subtitle ( Hardsub )...

Sorry About the Demon (2022) ⭐IMDB: 4.9/10 (713 Votes) 🎬 #Comedy #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sorry About the Demon (2023)======================= သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာနေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအသစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာအလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံတွဲတွေပါ။ ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူးနေတဲ့ အိမ်ကြီးတစ်အိမ်မှာ ‌နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်းနေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ 2023 ရဲ့ အသစ်ထွက်ရှိလာတဲ့ Horror / Comedy ဇာတ်ကားကောင်းလေးမို့ အမြန်ဆုံးပဲ တင်ဆက်ပေးလိုက်ပါပြီဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Death Notice (2023) ⭐TMDB: 61.0% User Score 🎬 #Crime #Mystery 🗓 2023 🎞 Movie 🌎 #China #HongKong ⏰ 1 နာရီ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ – ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ “သေဆုံးခြင်းအကြောင်းကြားစာ” များကိုဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင်ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Darker က ဘယ်သူဖြစ်မလဲ……အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ……ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝအားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။...

Prehistoric Planet (2022-2023) ⭐IMDB: 8.5/10 (10 k Votes) 🎬 #Documentary #Animation #History 🗓 2022-2023 🎞 tv series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 39 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Prehistoric Planet (2022)၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံ စကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planetမှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။ ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ်အခြေခံပြီး လူသားမတိုင်မီ ခေတ်ဦးကမ္ဘာက ဒိုင်နိုဆောတွေ အကြောင်းကို ဂရပ်ဖစ် အမိုက်စား နောက်ခံစကားပြော ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်နောက်ဆုံးပေါ် ရုပ်လုံးဖော်နည်းပညာနဲ့ လူသားမတိုင်မီခေတ်က ဒိုင်နိုဆော မျိုးစိတ် အမျိုးမျိုးရဲ့ရှင်သန် စားသောက် မိတ်လိုက်တဲ့ အဖြစ်အပျက်တွေကို သဘာဝကျစွာ ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားမို့ မိခင်သဘာဝတရားကြီးနဲ့ သက်ရှိကွင်းဆက်အကြောင်း စိတ်ဝင်စားသူတွေအဖို့ ကြည့်ကို ကြည့်ရမယ့် edutainment ရုပ်ရှင်အမျိုးအစား တစ်ခုပါ  File Size – 2.3 GB /1GB / 500MBQuality – Web-Dl 4K / 1080p / 720pDuration – 40minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4 , MKVGenre : Documentary...

Barbie in a Mermaid Tale 2 (2011) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Uncategorized #Animation #Family 🗓 2011 🎞 video movie 🌎 #Canada #USA #UnitedStates ⏰ 1 နာရီ 13 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Barbie in A Mermaid Tale 2 (2011)=========================IMDb Rating – 6.0/10 ကိုယ့်ရဲ့ရေသူမဘဝကို လက်ခံနိုင်သွားတဲ့ Merliah ကတော့ ကုန်းပေါ်မှာရောရေထဲမှာပါ ဆယ်လီဖြစ်နေပါပြီ။ လူတစ်ဝက် ရေသူမတစ်ဝက်မို့လို့ ရေအောက်မှာထီးနန်းဆက်ခံဖို့လည်း မဖြစ်သလို Merliah ကလည်း နန်းတက်ဖို့စိတ်မဝင်စားဘဲ ဝါသနာပါတဲ့ Surfer အလုပ်ကိုပဲ ဆက်လုပ်နေဖြစ်တာပါ။ Surfing သက်တမ်းတစ်လျှောက် “Queen of the Waves” လို့တင်စားခံလာရတဲ့ Merliah တစ်ယောက် … ဒီတစ်ခါ Second movie မှာတော့ ပြိုင်ဘက်တစ်ယောက် ရလာပါတယ်။ Merliah လည်း Kylie Morgan ကို ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲကြီးမှာမရရအောင်ချိုးဖို့ပြင်ထားတာပေါ့။ ဒါပေမယ့် ရေအောက်မှာတော့ Merliah အမေက နန်းလွှဲရမယ့်လူမရှိဘဲ သူပဲနန်းပြန်တက်ရမှာမို့ နန်းတက်ပွဲအတွက် Merliah ကို ပြိုင်ပွဲတစ်နှစ်အောက်စေချင်နေပါတယ်။ တစ်သက်လုံးကြိုးစားလာလို့ နေရာတစ်ခုရောက်နေတဲ့ Merliah ကလည်းထီးနန်းကိစ္စတွေကြောင့်နဲ့ ပြိုင်ပွဲကိုအအောက်မခံနိုင်ပါဘူး။ ဒီအခြေအနေတွေအားလုံးကို စောင့်ကြည့်နေတဲ့ ငါးတစ်ကောင်ကတော့ Merliah ကိုမနာလိုတဲ့ Kylie ကိုအသုံးချပြီး Eris ကို လွှတ်ပေးဖို့ကြိုးစားတာ အောင်မြင်သွားပါတော့တယ်။ Merliahလည်းရှိမနေတဲ့ နန်းတက်ပွဲနေ့ကွက်တိမှာမှ Eris တစ်ယောက် ပြန်လွတ်လာတဲ့အခါမှာတော့ … (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Kousalya Supraja Rama (2023) ⭐IMDB: 8.0/10 (514 Votes) 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kousalya Supraja Rama(2023) IMDb-8.1/10 Budget ၆ ကုဋေပဲ အသုံးပြုပြီး ၁၅ ကုဋေပြန်ရအောင်ရှာနိုင်ခဲ့တဲ့ ကန်နားဒါးဇာတ်ကားကောင်းလေးပါဒီကားထဲက ရမ်နဲ့ မူတူးလက်ခ်ျမီးနေရာမှာ သရုပ်ဆောင်တဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကလည်းဇာတ်ကားတော်တော်များများတွဲဖက်သရုပ်ဆောင်ဖူးကြတော့သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဒီထဲမှာလိုက်ဖက်ညီညီရှိနေမှာပါ ဇာတ်လမ်းအညွှန်း ယောက်ျားဆိုတာ ယောက်ျားမာနရှိရတယ် မိန်းမတွေကို လွှမ်းမိုးရမယ် မိန်းမတွေရဲ့အကူအညီကိုယူနေရတယ်ဆိုရင်ယောက်ျားမပီသတာပဲ ဒီလိုအဆိပ်အတောက်ဆန်တဲ့ ယောက်ျားဝါဒီတွေဆက်တိုက်ရိုက်သွင်းခံခဲ့ရတဲ့ရမ်တစ်ယောက် ဘယ်မိန်းမကိုမှ အရေးမလုပ်မာနခဲ အဲဒီမာနခဲကိုမှကြွေနေကြတဲ့ ကျောင်းသူတွေကလည်းအများသား၊သူကတော့ တစ်ယောက်ကိုမှအရေးမလုပ်ခဲ့ ၊ အဲဒီချိန်မှာကောင်မလေးတစ်ယောက် အနားရောက်လာခဲ့တယ် အဲဒီကောင်မလေးကပဲ သူ့ယောက်ျားမာနကို ရိုက်ချိုးခဲ့မိသလို အဲဒီကောင်မလေးကိုပဲ သူချစ်မိသွားခဲ့တယ် ငါတို့ယောက်ျားဆိုတာ….ဆိုပြီးအမြဲမာန်တက်နေတဲ့ ဆန်တူတစ်ယောက် အချစ်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲသွားမလား သူ့အတ္တမာနတွေပဲဆက်ပြီးလွှမ်းမိုးနေမလားတစ်ယူသန်နဲ့ အရောင်စုံ လောကပတ်ဝန်းကျင်ကြားယှဉ်ပြိုင်မှုကို ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်...

Blue Beetle (2023) ⭐IMDB: 6.7/10 (29 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blue Beetle(2023) ****************DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့ အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင် ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့ လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movie မဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။ မိသားစုက အဲဒီအချိန်မှာ စီးပွားရေးအဆင်မပြေဘဲ အိမ်ပါ ဆုံးတော့မလိုဖြစ်နေလို့ ရရာအလုပ်ရှာပါတော့တယ်။ အဲဒီမှာပဲ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီဖြစ်တဲ့ ကော့ကုမ္ပဏီမှ ာ အလုပ်ဝင်မိရကနေ ဆက်စပ်ပြီး သူတို့ကုမ္ပဏီရဲ့ ထိပ်တန်းလျို့ဝှက်ချက် ချေးပိုးထိုးအပြာကောင်ဂြိုလ်သားနဲ့ထိတွေ့မိပါတော့တယ်။ အဲဒီကနေ စူပါပါဝါတွေရလာပေမဲ့ ကုမ္ပဏီပိုင်ရှင် ဗစ်တိုးရီးယားက အသေရရ အရှင်ရရလိုက်ဖမ်းပြီး မိသားစုကိုပါ ရန်ပြုလာတာကို ရင်ဆိုင်ရတဲ့အခါ…....

Barbie in a Mermaid Tale (2010) ⭐IMDB: 6.3/10 (4 k Votes) 🎬 #Uncategorized #Animation #Family #Fantasy 🗓 2010 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Barbie in A Mermaid Tale (2010)========================IMDb Rating – 6.3/10 Barbie in a mermaid tale ဆိုရင်တော့ Barbie fan မှန်ရင် အများကြီးညွှန်းနေစရာမလိုမယ့် ကားကောင်းလေးပါနော်။ ၂၀၁၀ ထွက် BarbieMovie တွေထဲမှာမှ Fan တွေ အရူးအမူးဖြစ်ခဲ့ရတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။ ကြည့်ဖူးသူတော်တော်များများကို ဆံပင်အရောင်ပြောင်းချင်စေခဲ့တဲ့ လွှမ်းမိုးမှုအကောင်းဆုံးဇာတ်လမ်းလေးကတော့ … Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော်ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီးတဲ့ Stunt တွေလှလွန်းလို့ “Queen of the waves” လို့တောင် တင်စားရတဲ့ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ်ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာလှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့စတန့်ကွက်တွေကနေ ရေစင်တာနဲ့အမျှ တဖြည်းဖြည်းပန်းရောင်ပြောင်းလာတဲ့Merliah ဆံပင်တွေဖြစ်သွားပါတော့တယ်။ နာမည်လည်းကြီး Hightlight လည်း အလကားဖောက်လိုက်ရသလို ဖြစ်သွားပေမယ့် Merliah ပျော်မနေခဲ့ပါဘူး။ ဆံပင်တင်ဆန်းတာမဟုတ်ဘဲ ခန္ဓာကိုယ်ကပါ တမူထူးပြီး ရေအောက်ထဲမှာ အသက်ရှူနိုင်နေတဲ့အပြင် လင်းပိုင်တစ်ကောင်ကပါ စကားလာပြောသွားလို့ပါပဲ။ လူထူးလူဆန်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေနာမည်မကြီးချင်လို့ အဘိုးလုပ်သူကို မေးကြည့်လိုက်တဲ့အခါမှာတော့ ဘဝရဲ့အကြီးမားဆုံး Surprise နဲ့ ကြုံလိုက်ရပါတော့တယ်။ ဒီကားလေးက Barbie in a FashionFairytale နဲ့ တစ်နှစ်တည်းထွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့အဆက်ဖြစ်တဲ့ Movie ကတော့၂၀၁၁ မှာထွက်ရှိခဲ့ပြီး CM ကနေလည်း ဆက်လက်ဘာသာပြန်တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...