en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Stake Land (2010) ⭐IMDB: 6.4/10 (44 k Votes) 🎬 #Drama #Horror #SciFi #ScienceFiction 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “Stake land” ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့…။ ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊ တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့် ပျက်သုဥ်းသွားခဲ့တဲ့အချိန်…။ ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာ ဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်…။ သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးက နေရနိုင်တာမလို့ အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ…။ ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့ သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ ဒီနယ်မြေသစ်ကိုမရောက်မီ လမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ ဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ… အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်း vimpire hunuter vibe မျိုး ၊ survival vibeမျိုးခံစားရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...

Delibal (2015) ⭐IMDB: 6.7/10 (12 k Votes) 🎬 #Drama #Romance 🗓 2015 🎞 movie 🌎 #Turkey ⏰ 1 နာရီ 53 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာ သိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့” CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့ သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့ ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်း ဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက် ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့ ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေး ဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့ အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီး ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့ ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့ ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။ ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့ အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအန မကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့……. ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ် တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်း သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက တစ်ယောက်အပေါ် တစ်ယောက် ချစ်တတ်ပုံလေးတွေ ကြင်နာတတ်ပုံလေးတွေနဲ့ အကြင်လင်မယားဘဝကို နှစ်ကိုယ်တူဖြတ်သန်းကြပုံလေးကို စောင်ကိုက်ရင်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။...

Delicious You Passed (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************************* ဒါလည်းကွီးယားတက်တူးမမရဲ့ကားပါပဲ..ဆိုတော့ အညွှန်းမဖတ်ဘဲ ဒေါင်းလိုက်ပါတော့.. ဂယောင်းဆူနဲ့ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်က Enjoy Village ဆိုတဲ့ ဟိုတယ်လေးကိုဖွင့်ဖို ပြင်ဆင်နေကြတာပါ အဲဒီဟိုတယ်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ဖိုအတွက် သင်တန်း နည်းပြဆရာမ လုပ်ခဲ့ဖူးတဲ့ ဟန်ဂျီယူနဲ့ အရက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသူ ယူဘန်းဆွန်းတို လာလျှောက်ကြပါတယ် ‌ဂယောင်းဆူ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်လည်း လျှောက်ထားသူနှစ်ယောက်ကို အလုပ်ခန့်ထားဖိုရာ စမ်းသပ်မှုအမျိုးမျိုး လုပ်ကြတဲ့အခါမှာတော့...

Father of the Milky Way Railroad (2023) ⭐IMDB: 6.3/10 (110 Votes) 🎬 #Drama #Family 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 8 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တ...

Hatred (2016) ⭐IMDB: 7.6/10 (7 k Votes) 🎬 #War #Drama #History 🗓 2016 🎞 movie 🌎 #Poland ⏰ 2 နာရီ 29 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လို Hatred အမုန်းလို့ နာမည်ပေးထားပါတယ်။ ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်က အဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့ စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေ တကယ်ဖြစ်ခဲ့တဲ့ Volhynia – ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့ အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။ Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့ Rating 7.6/10 ရထားပါတယ်။ Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။ တကယ်ကိုထိုက်တန်ပါတယ်။ ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့ အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့ လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကို ထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင် ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။ စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့ အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ စကားအရဆိုလည်း ဒီဇာတ်ကားကို မကြည့်သင့်တဲ့ အကြောင်းအရင်းဆိုလို့ အဲ့ဒါပဲပါပါတယ်တဲ့။ ဒါပေမယ့် အဲ့လောက်ဆိုးရွားတဲ့ သမိုင်းအကြောင်းတွေ သိထားရတော့လည်း နောက်ထပ် ထပ်ရှိမလာအောင် ဆင်ခြင်နိုင် လက်ဆင့်ကမ်းနိုင်တာမျိုးတွေ ပိုလုပ်နိုင်သွားမှာမျိုးပေါ့။ ပိုလန်မိန်းမငယ်လေးတစ်ယောက်အကြောင်းကို မူတည်ပြီး အဖြစ်အပျက်အားလုံးနီးပါးကို ရိုက်ထားလို့ သရုပ်ဆောင်နေတယ်ဆိုတာ/ဇာတ်ကားဆိုတာ မေ့သွားလောက်တဲ့အထိ ကြည့်မိနေမှာပါ။ အစပိုင်းကိုလူများတွေက ဖောက်ပြန်တဲ့မိန်းမဇာတ်ကားများလား ထင်သွားတာလို့ ပြောကြပါတယ်။ အဲ့လိုဆိုတော့18+ အခန်းတွေလည်း ပါပါတယ်။ ရသစုံတယ်တို့ ပြောဖို့ခက်ပေမယ့် တကယ့်အဖြစ်အပျက်ဆိုးတွေ ဖြစ်ခဲ့တဲ့အချိန်ကို တကယ်မြင်နေရသလို ကြည့်ရတာမို့ ဇာတ်ကားနောက် ပါသွားပြီး တစ်ခုခုကိုတကယ်ကြီး ခံစားရမှာပါ။ နားမလည်လိုက်ဘူးလို့ ဖြစ်တာမျိုးတွေ ရှိခဲ့ရင် တခြားနိုင်ငံတကာက ကြည့်သူ့တွေလည်း ဖြစ်ကြပါတယ်တဲ့။ ကြည့်ရင်းနဲ့ သိသွားမှာပါ။ အဓိက ရိုက်ပြထားတာက ပိုလန်နဲ့ ယူကရိန်းကြားက ရင်နင့်ဖွယ် ဂျီနိုဆိုက်-လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်မှန်ကိုပါ။ အပြန်အလှန် ရန်ငြိုးရန်စလက်တုံ့ပြန်မှုတွေက လူကို လူလို့မြင်ဖို့ခက်တဲ့အထိက ဖြစ်ကုန်စေတာတွေပါ။ ဒုတိယတစ်ခေါက်ကြည့်ရင် ဇာတ်ကားကောင်းတိုင်းလိုလိုက ရိုးမသွားဘဲ ပိုမြင် ပိုကြည့်ကောင်းတာသိကြမှာပါ။ ဒီဇာတ်ကားလည်း အဲ့လို ကားမျိုးပါပဲ။ ဒါပေမယ် ဒုတိယတစ်ခေါက်ကြည့်မယ်ဆို အနိဌာရုံတွေကို ကျော်ပြီးဖြစ်ဖြစ် မျက်စိမှိတ်၊ အသံဖျောက်ထားပြီးဖြစ်ဖြစ် ကြည့်ကြည့်ပါ၊ ဇာတ်ကားအကြောင်းထပ်ပြောရရင်တော့ အဲ့ဒီဇာတ်ကားက ပိုလန်အကယ်ဒမီတွေ ၉ ဆုခန့် ရခဲ့ပါတယ်။ သရုပ်ဆောင်တိုင်းနီးနီးမှာ သရုပ်ဆောင်နေတယ်ဆိုတာ ခံစားမိအောင်လုပ်တဲ့လူကို မပါသလိုပဲ။ ကလေးငယ်ငယ်လေးတွေ ထည့်ထားတာကအစ တကယ့်ကို အံဝင်ခွင်ကျ တကယ်ဖြစ်နေတယ်ချည်းထင်ရတာ။ အများကြီးတွေ ထက်မပြောတော့ပါဘူး။ သမိုင်းထဲက အဖြစ်အပျက် တစ်ခုကို ကြည့်ကြည့်လိုက်ပါ။ It’s worth it ပါ၊...

Marichi (2023) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Bollywood #Mystery #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marichi 2023 မရဏပန်းIMDb – 8.9/10 ဆရာဝန်တွေကိုပဲ ရွေးချယ်ပြီး သတ်နေတဲ့ လူတစ်ယောက်၊သူဟာ လူသတ်ပြီးသွားရင်လည်း ပန်းလေးတစ်ပွင့်ကို သူသတ်ပါတယ်ဆိုတဲ့အနေနဲ့အမြဲချန်ထားခဲ့တဲ့ လူသတ်သမား၊ ဆရာဝန်တွေကို သတ်တဲ့အခါမှာလည်းသူ့ရဲ့ပုံစံထဲကနေ သတ်တယ်ဆိုပေမဲ့လို့ မတူညီတဲ့နည်းလမ်းတွေနဲ့သတ်တဲ့သူ။ ဒီ ဆိုက်ကိုပါ့သ်လူသတ်ကောင်ကို ဖမ်းဖို့ တာဝန်ပေးခဲ့ရတဲ့ ဘိုင်ရာ့ဗ်ဆိုတဲ့အရာရှိနဲ့ ဆိုက်ကိုပါ့သ်လူသတ်ကောင်တို့ကြား ဉာဏ်ချင်းယှဉ်ပြိုင်ကြရင်းကြားထဲကနေ ဆရာဝန်ဘယ်‌နှစ်ယောက်လောက် အသတ်ခံရပြီးမှဒီလူသတ်သမားကို ဖမ်းမိသွားမှာလဲ………. ဒီဆိုက်ကိုပါ့သ်လူသတ်ကောင်ကရော ဘာလို့ ဆရာဝန်တွေကိုမှ ရွေးသတ်နေရတာလဲ ……ဘိုင်ရာ့ဗ်ကရော ဒီအမှုကို ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာကိုလျှို့ဝှက်ဆန်ဆန်နဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Monica and Friends: Bonds (2019) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Adventure #Family #Comedy 🗓 2019 🎞 movie 🌎 #Brazil ⏰ 1 နာရီ 37 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ခါတစ်လေမှာ ကလေးတွေဟာ လူကြီးတွေနဲ့ တွေးခေါ်ပုံချင်း အတော်လေးကွာခြားတတ်ပါတယ်။လူကြီးတွေတန်ဖိုးထားတတ်တဲ့ ရွှေ၊ ငွေ၊ အသုံးအဆောင်ပစ္စည်း၊ တန်ဖိုးကြီးအရာတွေဟာ သူတို့အတွက် ဘာမှအသုံးမဝင်သလိုဖြစ်နေတတ်ပေမယ့် သာမန်စာရွက်လေးတစ်ရွက်၊ အရုပ်ကလေးတစ်ရုပ်၊ တိရစ္ဆာန်ကလေးတစ်ကောင်၊ အသေးအဖွဲလေးတစ်ခုဟာ သူတို့အတွက် အပျောက်ရှမခံနိုင်လောက်အောင် အဖိုးတန်နေ၊ အဓိပ္ပါယ်ရှိနေတတ်ပြန်ပါတယ်။ ဒါဟာ ကလေးအများစုမှာရှိတတ်တဲ့ ယေဘုယျစိတ်အလုပ်လုပ်ပုံ psychology ဖြစ်ပါတယ်။ အဲ့သဘောတရားနဲ့ ဆက်စပ်နေတဲ့ ၂၀၁၉ ခုနှစ်ထွက် ဘရာဇီး family adventure ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဟောလိဝုဒ်ဘရာဇီးရုပ်ရှင်ပွဲတော်ကာလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Daniel Rezende ကရိုက်ကူးထားပြီး ကလေးသရုပ်ဆောင် Giulia Benite၊ Kevin Vechaitto၊ Laura Rauseo၊ Gabriel Moreira တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Mauricio de Sousa ရဲ့ Monica’s Gang ကိုအခြေခံရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြောဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရာဇီးမြို့ငယ်လေးတစ်မြို့က လမ်းတစ်လမ်းမှာ ဂျင်မီဖိုက်၊ စမတ်၊ မိုနီကာနဲ့ မဂ္ဂီတို့ဟာ မတည့်အတူနေ သူငယ်ချင်းလေးယောက်ပါ။ မိုနီကာဟာ မိန်းကလေးဆိုပေမယ့် စွာတေးလန်လေးဖြစ်နေလို့ တစ်လမ်းလုံးရဲ့ လမ်းဗိုလ်လိုဖြစ်နေသူလေးပါ။ ဂျင်မီဖိုက်ကတော့ မိုနီကာ့နေရာကိုယူချင်နေတဲ့ အကြံဉာဏ်ထုတ်တတ်တဲ့ ကောင်လေးပါ။ အဲ့လိုတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရင်းနဲ့ တစ်နေ့မှာ ဂျင်မီဖိုက်မွေးထားတဲ့ ခွေးလေးဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အဲ့အခါမှာ ပိုင်ရှင်ဖြစ်သူဂျင်မီဖိုက်တစ်ယောက် မစားနိုင်၊ မအိပ်နိုင် ကြေကွဲနေချိန်မှာ မတည့်အတူနေ ကျန်သူငယ်ချင်းတွေက လာရောက်အားပေးစကားပြောပြီး ခွေးလေးကိုလိုက်ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြို့အနီးအနားဝန်းကျင်မှာ သတင်းစုံစမ်းရင်း လူတစ်ယောက်က ခေါ်သွားကြောင်းစုံစမ်းမိတဲ့အခါမိမိတို့အိမ်က လူကြီးတွေမသိအောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး လေးယောက်သား ခွေးရှာပုံတော်ဖွင့်ထွက်ခဲ့ကြပါတော့တယ်။ သူတို့ခွေးလေးကို လွယ်လွယ်ကူကူပဲ ပြန်တွေ့မလား၊ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ပြီးမှ ပြန်တွေ့မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးမိသားစုဇာတ်ကားလေးဆိုပေမယ့် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ၊ အထူးသဖြင့် ကလေးသရုပ်ဆောင် လေးယောက်ရဲ့ သရုပ်ဆောင်ချက်ကို အတော်လေးသဘောကျမိပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကို သူတို့လေးယောက်ရဲ့ ဟန်ချက်ညီညီ၊ အပေးအယူမျှမျှ ဟာကွက်မရှိသရုပ်ဆောင်သွားချက်ဟာ ဇာတ်ကားတစ်ကားလုံးကို ပျင်းမသွားရအောင် ထိန်းထားပေးသလို ဇာတ်ကားတစ်ကားလုံးရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ တခြား အထူးပြုလုပ်ချက်တွေ၊ CGI၊ VFX effects တွေ မွှနေအောင်သုံးမထားပေမယ့် ကောင်းမွန်တဲ့ setting၊ ပါဝင်တဲ့ဇာတ်ဆောင်တွေရဲ့ အပေးအယူမျှတဲ့သရုပ်ဆောင်ချက်၊ ဇာတ်အိမ်ရဲ့ အချိတ်အဆက်မိ ထောင့်စေ့မှုတွေကိုကြည့်ယုံနဲ့ ဘရာဇီးဇာတ်ကားတွေဟာ ရုပ်ရှင်အဆင့်အတန်းတစ်ခုမှာရှိမှန်း တန်းသိနိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်ကြားက ချည်နှောင်မိတဲ့သံယောဇဥ်အကြောင်းကို adventure ရသလေးရောစွက်ရင်း အကောင်းဆုံးတင်ဆက်ပြထားပါတယ်။ ထူးခြားဆန်းပြားလွန်းတဲ့ ဇာတ်လမ်းမျိုးမဟုတ်ပေမယ့် IMDb rating 7.1 အထိ ရထားတာကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားရဲ့အရည်အသွေးကို ခန့်မှန်းနိုင်မှာဖြစ်ပြီး ကြည့်ရှုဖို့ တင်ဆက်လိုက်ပေးရပါတယ်။...

The Beekeeper (2024) ⭐IMDB: 6.7/10 (16 k Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ ဇာတ်လမ်းအကျဉ်း ဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို သူငယ်ချင်းအကူအညီတောင် မပါပါဘူး။ တစ်ယောက်တည်းမှ တစ်ယောက်တည်းချတာပါ။ တစ်နိုင်ငံလုံးကိုချသွားတာပါ။ ဒုတိယကားထွက်ရင်တော့ တစ်ကမ္ဘာလုံးကိုချပြီး တတိယကားလောက်ဆို စကြဝဠာတစ်ခုလုံးနဲ့ချမယ်လို့ ယူဆရပါတယ်။ ကြည့်လိုက်ကြပါဦး။...

The Cuckoo's Curse (2023) ⭐IMDB: 5.6/10 (347 Votes) 🎬 #Fantasy #Horror #Thriller 🗓 2023 🎞 movie 🌎 #Germany #Spain ⏰ 1 နာရီ 44 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Cuckoo’s Curse (2023) ဒီတစ်ခေါက်က‌တော့ စပိန် Thriller, Mystery ရုပ်ရှင်အလှည့်ပါ။ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ မက်နဲ့ ကိုယ်၀န်သည် အန်နာတို့လင်မယား ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ Plot ဖြစ်ပါတယ်။ မက်က အာခီတက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ ဦးစားပေးတဲ့သူပါ။ အန်နာကတော့ သားဖွားဆရာဝန်ဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခင် မွေးတော့မှာမို့ အလုပ်က အနားယူရင်း အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ သူတို့ ခရီးထွက်တဲ့စိတ်ကူးကလည်း အဆန်းပါ။ Website မှာတွေ့တဲ့ ဂျာမန်လူအိုစုံတွဲနဲ့ အိမ်ချင်းလဲပြီး နေဖို့စီစဉ်ထားတာပါတဲ့။ စစရောက်လာချင်းမှာတော့ မက်တို့နေရတဲ့အိမ်ကြီးက ခေတ်မီအသုံး‌အဆောင်တွေနဲ့ အပျံစားမို့ သဘောအကျကြီးကျနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်စတစ်စ မက်က အရင်နဲ့မတူဘဲ သူမဟုတ်သလိုတွေ လုပ်လာတဲ့အခါ… တစ်ဖက်မှာလည်း အန်နာတို့အိမ်မှာနေနေတဲ့ စုံတွဲက ထူးထူးဆန်းဆန်းတွေ လုပ်နေတာကို အိမ်နီးချင်းကမြင်ပြီး အကြောင်းကြားတဲ့အခါ… ဂျာမန်စုံတွဲလိုချင်တာက အိမ်လဲနေဖို့အပြင် ဘယ်လိုရည်ရွယ်ချက်ရှိနေတာလဲ… အကြောင်းစုံသိသွားတဲ့ အန်နာက ဒီကျိန်စာကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ… ဆက်လက်ရှုစားပေးကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Parking (2023) ⭐IMDB: 8.0/10 (8 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Parking (2023) “နေရာ”IMDb – 8.0/10 သတင်းရင်းမြစ်တွေအရ ၂၀၂၃တမီးလ်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးစာရင်းဝင်ထားတဲ့ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ အက်ရှ်ဝါဆိုတာ အိုင်တီပညာရှင်တစ်ဦး။ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့အတူချန်နိုင်းမြို့မှာအိမ်ငှားနေဖို့ ပြောင်းလာပါတယ်။သူတို့ငှားနေတဲ့ အောက်ထပ်မှာတော့လူရိုးလူဖြောင့် အစိုးရဝန်ထမ်း လူ့ဂွစာအဘိုးကြီးမိသားစုနေပါတယ်။ လာဘ်ပေးလာဘ်ယူမုန်း ခေတ်သစ်လူ့အဖွဲ့အစည်းကိုလည်း အမြင်မကြည်တဲ့အဘိုးကြီးနဲ့ဇနီးဖြစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြင်နာတတ်တဲ့ အိုင်တီပညာရှင်လူငယ်တို့တွေ့တွေ့ချင်းမှာတော့ ပလဲနံသင့်ရှိကြပါပေရဲ့။ ဒါပေမဲ့လည်း ဇာတ်လမ်းနာမည်အတိုင်း တစ်နေရာတည်းရှိတဲ့ပါ့ခ်ကင်ကို မောင်ပိုင်စီးဖို့ကြိုးစားကြတဲ့အခါမှာတော့။ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်လာမဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းလေးကိုပရိသတ်တို့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

A Taxi Driver – Mei Hoshizora [SDMF-038-Decensored] ⭐- 🎬 #Adult 🗓 - 🎞 video movie 🌎 #Japan ⏰ 1 နာရီ 35 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ippei Nakata ဆိုတဲ့ JAV ဘိုးတော်ကြီးကို သိကြသူများပေမယ့် မင်းသမီး Mei Hoshizora ကတော့ ရိုက်ကူးတဲ့ဇာတ်ကားရှားပါးတာမို့ မသိကြပါဘူး။ ဆာဂျရီမျက်နှာပြုပြင်ထားတဲ့ လုံးဝစက်ရုပ်မျက်နှာပေါက်မျိုးပါပဲ။ SDMF-038-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမနဲ့ဘိုးတော်ကို အကြမ်းစားမြင်တွေ့ရပါမယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့ဆိုတော့ Mei Hoshizora ရဲ့ဆာဂျရီကိုလဲ သုံးသပ်လို့ရမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Hanukkah on Rye (2022) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Comedy #Drama #Family #TVMovie #Romance 🗓 2022 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hanukkah on rye (2022)==================IMDb rating – 7.3/10 ဒီဇာတ်ကားကို‌ Hallmark channel ရဲ့ 2022 ခုနှစ်ထွက်အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ် ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့….Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ်ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင်2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်းကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေတာပါ။ တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Mollyတို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Mollyနဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား…စီးပွားပြိုင်ဘက်မိသားစုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...

The Silence (2010) ⭐IMDB: 7.0/10 (8 k Votes) 🎬 #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #Germany ⏰ 1 နာရီ 59 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။...

The Horseman (2008) ⭐TMDB: 61.0% User Score 🎬 #Action #Crime #Thriller 🗓 2008 🎞 video movie 🌎 #Australia ⏰ 1 နာရီ 38 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြမ်းကြမ်းရမ်းရမ်း R-rated movieတွေကို မျှော်လင့်နေကြတဲ့ CMပရိသတ်တို့အတွက် IMDb 6.5ရထားတဲ့ Revenge drama လေးဖြစ်တဲ့ The Horsemanဆိုတဲ့ရုပ်ရှင်‌လေးကို တင်ဆက် ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ဆေးလွန်ပြီးဆုံးသွားတဲ့ သမီးတစ်ယောက်ရဲ့အဖေဖြစ်သူက သမီးဖြစ်သူသေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းပြီးတော့ လက်စားချေမှာဖြစ်ပါတယ်။ ခရစ်စတီယန်ဟာ သမီးကိုသိပ်ချစ်တဲ့သူတစ်ယောက်၊ မမျှော်လင့်ဘဲ ရလာခဲ့တဲ့ကလေးဆိုပေမဲ့ အသက်နဲ့ထပ်တူချစ်ရတဲ့သမီးလေးဆိုရင်လည်း မမှားပါဘူး။ ဒီလိုနဲ့ ခရစ်စတီယန်ရဲ့အသဲနှလုံးကို ဆွဲထုတ်မယ့် သတင်းတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ စက်မှုဇုန်ကလမ်းကြား တစ်ခုမှာ သမီးဖြစ်သူသေဆုံးနေတာကိုတွေ့ရှိရကြောင်း ရဲဘက်က အကြောင်းကြားလာတာပါ။ သေဆုံးရတဲ့အကြောင်းအရင်းက ဘိန်းဖြူအသုံးလွန်ပြီး အန်ဖတ်ဆို့ပြီး အသက်ရှူကြပ်တာဆိုတာရယ်၊ လူတစ်‌ယောက်က အခပေးဖုန်းကနေ ဆေးရုံကားခေါ်ပေးတယ်ဆိုတာကလွဲလို့ တခြားဘာမှမသိရ ဘာသက်သေမှ လည်းမရှိတော့ ခရစ်စတီယန်တစ်ယောက် အရူးမီးဝိုင်းပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သမီးဖြစ်သူရဲ့sex tapeကို သူ့ဆီကိုပို့လာတဲ့အခါမှာတော့ ညစ်ညမ်းကားရိုက်ကူးရေးကနေ အစဆွဲထုတ်ပြီး သမီးဖြစ်သူသေဆုံးမှုနဲ့ ပတ်သက်နေသူမှန်သမျှကို မိုက်မိုက်ကန်းကန်းနဲ့ ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားကြပါဦး။...

Nothing Lasts Forever (2022) ⭐IMDB: 7.1/10 (856 Votes) 🎬 #Documentary #Crime 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။...

Arthaat (2021) ⭐ - 🎬 #Adult #Bollywood #Drama #Romance #Short 🗓 2021 🎞 video movie 🌎 #India ⏰ 1 နာရီ 6 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Arthaat (2021) လင်ရယ် မယားရယ်လို့ဖြစ်လာရင် ဆိုးတူကောင်းဖက် အတူဒွန်တွဲနေထိုင်ရမှာဖြစ်သလိုတစ်ယောက်နဲ့တစ်ယောက်လည်း ဂုဏ်ပေးလေးစားရမှာ အမှန်ပါပဲ။လောကကြီးကို ထောက်တည်ထားတဲ့ ထောင့်တွေထဲမှာ လိင်မှုကိစ္စဟာလည်းတစ်ခုအပါအဝင်ဆိုရင် မမှားနိုင်ပါဘူး။ လင်နဲ့မယားကြားက ကွာဟချက်တွေထဲမှာဒီကိစ္စရဲ့လိုအပ်ချက်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် လင်နဲ့မယားဆိုတာ တချို့သော ကိစ္စရပ်တွေအသာထားပေဦးတော့။ဒီကိစ္စအဆင်မပြေတဲ့အခါမှာလည်း အချင်းချင်းမေတ္တာတွေလျော့ပေါ့လာတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ယောက်ျားဖြစ်သူရဲ့မစွမ်းဆောင်နိုင်ရည်ကို မိန်းမကအလိုမကျဘဲသူ့စိတ်ထဲမှာ အမြဲယောက်ျားဖြစ်သူကို အပြစ်ရှာချင်နေတယ်။ ဇရက်တောင်ပံကျိုးဖြစ်နေတဲ့သူမကို ကြောင်ခံတွင်းပျက်တွေက အမြီးရရ ခေါင်းရရ အမြတ်ထုတ်လာတဲ့အခါမှာတော့ဇာတ်လမ်းက ဘယ်လိုဖြစ်သွားတော့မလဲ။ ဆိုတော့ ၁၈အပေါင်းကားလေးကို ၁၈ယောက်စုကြည့်လို့ရပါပြီနော်။ Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

The Marine (2006) ⭐TMDB: 59.0% User Score 🎬 #Action 🗓 2006 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးမှာ တွေ့ရမှာ‌ကတော့ အ ားလုံးရဲ့ အချစ်တော် ကိုဂျွန်စီးနားကြီးပဲဖြစ်ပါတယ်။ အက်ရှင်ကား ကြမ်းကြမ်းတမ်းတမ်း‌‌မျှော်နေတဲ့ လူတွေရဲ့ အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဇာတ်လိုက်‌ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေ အမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။ အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေ အနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကို ပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ ဂျွန်စီးနားကြီးရဲ့ ‌တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲ အကြံပြုလိုက်ပါတယ်ခင်‌ဗျာ။...

The Marine 5: Battleground (2017) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2017 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဤ Marine 5 ဇာတ်လမ်းသည် ဆေးထောက်ပံ့ရေးအဖွဲ့ ဂျိတ်ကာတာနှင့် ဂျိုးတို့မှ 911 Emergency call မှတဆင့် အကူအညီတောင်းခံလာသူထံသို့ သွားရောက်ကူညီပေးရာ ၎င်းပုဂ္ဂိုလ်က ဆိုင်ကယ်စီးလူမိုက်အဖွဲ့နှင့် ပတ်သက်နေ၍ ၎င်းတို့ဆေးအကူနှစ်ဦးပါ အန္တရာယ်အကြားသို့ ကျရောက်ခဲ့ရပုံ၊ ဂျိတ်ကာတာတစ်ဦးတည်းမှ ၎င်းဆိုင်ကယ်သမားအဖွဲ့ဝင်များအား ရင်ဆိုင်တိုက်ခိုက်ရပုံတို့ကို အခြေခံ၍ ဇာတ်လမ်းဆင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဇာတ်လမ်းတစ်ကားလုံး အပန်းဖြေဥယျာဉ်၏ ကားပါကင်တစ်နေရာတည်းတွင်ရိုက်ကူးထားခဲ့သော်လည်း ကြည့်ရှုရမည်မှာ ပျင်းရိငြီးငွေ့ခြင်းမရှိ ခပ်ကြမ်းကြမ်းအမိုက်စား Fighting ခန်း ဇာတ်ကွက်များကို ခံစားရမည့် Action ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။...

The Marine 2 (2009) ⭐TMDB: 59.0% User Score 🎬 #Action 🗓 2009 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက်မှာတော့ IMDb 4.9 / 10ရှိတဲ့ Action/Thriller အမျိုးအစား movie တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဂျိုးဆိုတဲ့ အထူးတပ်သားတစ်ယောက်မှာ အရမ်းချစ်ရတဲ့ ဇနီးသည်တစ်ဦးရှိပါတယ်အားလပ်ရက်တစ်နေ့မှာတော့ ဂျိုးဟာ ချစ်ဇနီးသည်လေးနဲ့တွေ့ဖို့အတွက် သူမ အလုပ်လုပ်တဲ့နေရာကို သွားခဲ့ပေမဲ့ သူ့ရဲ့ဇနီးသည်ဟာဓားစာခံတစ်ဦးအဖြစ် ပြန်ပေးဆွဲခံလိုက်ရတာကို သိသွားပါတော့တယ်ဂျိုးတစ်ယောက် သူရဲ့ဇနီးသည်ကို ကယ်တင်ဖို့အတွက်စွန့်စားခန်းဖွင့်ပုံတွေကို ဒီ movie လေးထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်File size…      1.2 GB  /    843 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

The Marine 3: Homefront (2013) ⭐IMDB: 4.8/10 (5 k Votes) 🎬 #Action #Thriller 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Marine 3: Homefront – Review ဇာတ်ကာကတော့ နပန်းအကျော်အမော် John Cena ရော ဇာတ်ကားရော အရမ်းကို လူကြိုက်များသွားခဲ့တဲ့ The Marine ရဲ့ အဆက်ထဲက ၃ ကားမြောက်ပါ။ မရိန်းတပ်သားတစ်ယောက် အိမ်ကိုခဏအပြန်မှာ ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို ကြည့်ရမှာ ဆိုပါတော့။ ဇာတ်လမ်းက အက်ရှင်ကားတော်တော်များများလိုပဲ အရမ်းကြီးဆန်းပြားမနေပါဘူး။ ဒါပေမယ့် အကြမ်းအရမ််း အက်ရှင်ကားအနေနဲ့ ကြည့်ဖို့ကတော့ Entertaining ဖြစ်ပါတယ်။ IMDb တွေ Rotten Tomato တွေ သိချင်ရင်တော့ 4.8/10 နဲ့ 34% ပါတဲ့။ Rating တွေက သိပ်မဟုတ်လှပေမယ့် အက်ရှင်ကားအနေနဲ့ကတော့ ကြည့်ပျော်ပါတယ်။ ကြည့်ပျော်စရာလေးတွေ ထပ်ပြောရရင် ရှေ့က The Marine လိုပဲ ဒီဇာတ်ကားမှာလည်း နပန်းချန်ပီယံက သရုပ်ဆောင်ထားတာပါပဲ။ ကြိုးဝိုင်းထဲမှာလည်း Mike The Miz လို့ သိကြတဲ့ မင်းသားက သရုပ်ဆောင်ထားတာပါ။ သူက The Marine ဇာတ်ကား ၆ ကားရှိတာမှာ ၄ ကားမှာ သရုပ်ဆောင်ထားပါတယ်တဲ့။ John Cena ကို အရမ်းကြိုက်ခဲ့ရင်တော့ Mike ကို တစ်ချက်တစ်ချက် John Cena လောက်မမိုက်ဘူးလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို မကြိုက်ကြလို့၊ မဆန်းပြားလို့ Rating နည်းနေတာပေမယ့် Mike သရုပ်ဆောင်တာ တကယ်ပီပြင်တဲ့အကြောင်း Review တွေအများကြီးနဲ့ အဲ့ဒါကြောင့်ကိုလည်း ကြည့်ရတာမိုက်တယ် ပြောကြပါတယ်။ တကယ်ဟုတ် မဟုတ် ကြည့်ကြည့်လိုက်ပါဦး။ ကျန်တဲ့ သရုပ်ဆောင်တွေလည်း သူ့နေရာနဲ့သူ ကွက်တိမိုက်နေကြတာပါပဲ။ နာမည်ကြီးကတော့ တကယ့်အစွန်းရောက်ဗီလိန်နေရာမှာ Neal McDonough က ဆရာကြီးပီပီ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Scott Wiper က ဇာတ်လမ်းရေးတဲ့ထဲလည်းပါပါသေးတယ်တဲဲ့၊ အက်ရှင်ဇာတ်ကား ပီပီသသမလို့ R rated အကြမ်းအရမ်း ဇာတ်ကားလေးပါ။ ထူးခြားတာကတော့ ဒီဇာတ်ကားထဲမှာ မောင်နှမချင်းကြားက ဆက်ဆံရေးလေးတွေ နားလည်မှုလွဲတတ်တာလေးတွေ ထည့်ရိုက်ပြထားတယ်။ ပြီးတော့ အပေါင်းအသင်း ဘော်ဒါစိတ်ဓါတ်ကို ရိုက်ထားတာလေးလည်း မိုက်တယ်။ ဇာတ်လမ်းအရ လူဆိုးဆိုတဲ့ ဘော်ဒါနှစ်ယောက်ကြားက အကန့်နဲ့ စိတ်ဓါတ်လေးတွေရော လူကောင်းသူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ စိတ်ဓါတ်လေးတွေရော တကယ်သဘောကျစရာလေးတွေပါတယ်။ တချိန်လုံး ဝုန်းဒိုင်းကြဲနေတာတွေအပြင် ဘာဆက်ဖြစ်မလဲဆိုတာ ခပ်လန့်လန့်နဲ့ စောင့်ကြည့်ရတာလေးတွေ ပါးပါးလည်းပါတယ်။ ဆိုတော့ သူ့အနေအထားနဲ့သူ မိုက်ပါတယ်။ ကြည့်သာ ကြည့်ကြည့်လိုက်ပါ။ တစ်နာရီခွဲလောက်တော့ ဖျော်ဖြေပေးနိုင်ပါတယ်။...