en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Marine 4: Moving Target (2015) ⭐IMDB: 5.2/10 (4 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating 5.3/10 ရရှိထားပြီး နာမည်ကြီး WWE Fighter The Miz ကိုယ်တိုင်ခေါင်းဆောင်ပါဝင်ထားတဲ့ The Marine 4 ဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ မရိန်းတပ်သားတစ်ယောက်ရဲ့အရည်အချင်းတွေကိုအသားပေးရိုက်ကူးထားတာမလို့ အက်ရှင်ကားချစ်သူတွေအကြိုက်တွေ့စေမယ့်ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်မှာပါ။ ဂျိတ်ခ်ကာတာ ဟာ မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ခဲ့ပါတယ်။ စစချင်းရက်မှာပဲ ကုမ္ပဏီက လူတစ်ယောက်ကို ကာကွယ်ဖို့အတွက်သူ့တို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ဂျိတ်ခ်တို့အဖွဲ့ကာကွယ်ရမယ့်သူက အိုလီဗီယာ တန်းနစ်စ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမက ကာကွယ်ရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချဖို့ကြိုးစားနေသူပါ။ အဲဒီနောက်မှာတော့ သူမကို ခေါ်ဆောင်လာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဆိုင်မွန်ဗိုဂဲလ် ဦးဆောင်တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့က ဂျိတ်ခ် တို့ရဲ့ ယဉ်တန်းကို ခြုံခိုတိုက်ခိုက်ချိန်မှာတော့ နှစ်ဖက်အဖွဲ့သားတွေ ကြမ်းကြမ်းရမ်းရမ်းဘယ်လိုတိုက်ခိုက်ပြီး အနိုင်ယူကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။...

The Marine 5: Battleground (2017) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2017 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဤ Marine 5 ဇာတ်လမ်းသည် ဆေးထောက်ပံ့ရေးအဖွဲ့ ဂျိတ်ကာတာနှင့် ဂျိုးတို့မှ 911 Emergency call မှတဆင့် အကူအညီတောင်းခံလာသူထံသို့ သွားရောက်ကူညီပေးရာ ၎င်းပုဂ္ဂိုလ်က ဆိုင်ကယ်စီးလူမိုက်အဖွဲ့နှင့် ပတ်သက်နေ၍ ၎င်းတို့ဆေးအကူနှစ်ဦးပါ အန္တရာယ်အကြားသို့ ကျရောက်ခဲ့ရပုံ၊ ဂျိတ်ကာတာတစ်ဦးတည်းမှ ၎င်းဆိုင်ကယ်သမားအဖွဲ့ဝင်များအား ရင်ဆိုင်တိုက်ခိုက်ရပုံတို့ကို အခြေခံ၍ ဇာတ်လမ်းဆင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဇာတ်လမ်းတစ်ကားလုံး အပန်းဖြေဥယျာဉ်၏ ကားပါကင်တစ်နေရာတည်းတွင်ရိုက်ကူးထားခဲ့သော်လည်း ကြည့်ရှုရမည်မှာ ပျင်းရိငြီးငွေ့ခြင်းမရှိ ခပ်ကြမ်းကြမ်းအမိုက်စား Fighting ခန်း ဇာတ်ကွက်များကို ခံစားရမည့် Action ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။...

Freaks of Nature (2015) ⭐IMDB: 5.9/10 (13 k Votes) 🎬 #Comedy #Horror #SciFi #ScienceFiction 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့ မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့ နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။ Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံ ပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေက အတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။ အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့ အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီး မြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ သဘာဝရဲ့ကြောက်စရာသတ္တဝါတွေ အစုံပါတဲ့အတွက် ဒီလိုသတ္တဝါတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် မကြည့်ခင် Thay သွားသင့်တဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Rubber (2010) ⭐IMDB: 5.7/10 (40 k Votes) 🎬 #Comedy #Fantasy #Horror #Drama #Mystery 🗓 2010 🎞 movie 🌎 #France ⏰ 1 နာရီ 19 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီး ဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horror အမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက် တမူထူးခြားပါတယ်။ ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကို အသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာ လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာ မိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီး ကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာ လူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ… စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ… ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲ ကားတာယာကအစစ်လား… သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာ Rubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်...

Primbon (2023) ⭐IMDB: 5.3/10 (201 Votes) 🎬 #Drama #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 29 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Primbon (2023) ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေးသဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာသည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကိုသည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့Robinပဲဖြစ်ပါတယ်...

Innocent Vengeance (2023) ⭐IMDB: 6.4/10 (357 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 50 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Innocent Vengeance (2023) သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အဒမ် တို့မိသားစုလေးထဲ ကံဆိုးမှုတွေကျရောက်လာတဲ့အခါအဒမ်တစ်ယောက် စိတ်ဒဏ်ရာတွေကို ဘယ်လိုရင်ဆိုင်ဖြေရင်းမလဲ။လုယက်သူတို့ လက်ချက်ကြောင့်မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အဒမ်တစ်ယောက်ဘယ်လိုပြန်လည်ရုန်းကန်ပြီး လမ်းအသစ်တွေလျှောက်မလဲ ဆိုတာမြင်တွေ့ရမယ့် သည်းထိပ်ရင်ဖို ပညာပေးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဘဝအသစ်မှာ အဒမ်တစ်ယောက်ဘယ်လို ခြေလှမ်းအသစ်တွေလျှောက်မလဲ ဘယ်သူတွေနဲ့တွေ့မလဲသူငယ်ချင်းရဲ့အကြံပေးမှုကြောင့် စိတ်ကျန်းမာရေးဆရာဝန်ပြရင်း ဘဝအသစ်ပြန်လည် ထူထောင်ဖို့ကြိုးစားမယ့်အဒမ်ရဲ့ ခရီးမှာ ဘယ်လိုသင်ခန်းစာတွေပေးသွားမလဲ မြင်တွေ့ရမယ့် ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဒမ် ရဲ့ ဘဝကိုဖျက်ဆီးသွားတဲ့ ဓားပြတွေနဲ့ အဒမ်ပြန်ဆုံတဲ့အခါသူဘာလုပ်မလဲဆိုတာကို စိုးရိမ်စိတ်အပြည့်နဲ့ ‌ရင်ခုန်စွာ ကြည့်ရှုကြရမှာဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့Robinပဲဖြစ်ပါတယ်...

Horny Teenagers Must Die! (2024) ⭐IMDB: 4.0/10 (54 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horny Teenager Must Die 2024 မိသားစုနဲ့အတူ မကြည့်ရှုသင့်သော ဇာတ်ဝင်ခန်းများ စကားပြောများ ပေါများစွာပါဝင်သည့် R rated ရုပ်ရှင်ဖြစ်ပါသည်… ယခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ လုံးဝကို လန်းတဲ့ Horror လူသတ်ကားလေးပဲ ဖြစ်ပါတယ်ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တောအုပ်ကြီးထဲ အိမ်ဟောင်းကြီးတစ်လုံးကို ဘော်ဒါတွေစုပြီးသွားကြပြီးလူသတ်သမားက ရှယ်လိုက်သတ် အကုန်လုံးပြေးကြလွှားကြနဲ့ ရင်တထိတိထိတ်ဖြစ်ရတဲ့ ခံစားချက်မျိုးကို ပြန်ရစေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဟုတ်ပါတယ် သူငယ်ချင်းတွေ စာမေးပွဲအောင်စာရင်းထွက်တော့ တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အပျော်ခရီးထွက်လာကြပြီးရေချိုးခန်းမရှိ အိမ်သာမရှိ ဖုန်းလိုင်းပါပျောက်နေပေမဲ့ ကြင်နာရမဲ့ စုံတွဲလေးတွေပါလာတဲ့သူတွေကတော့ မိုးမမြင်လေမမြင်ကို ချစ်ကြည်နူးနေပါတယ်အဓိကမင်းသား ဒရူးကတော့ သူ့ကောင်မလေးက အပျိုစင်လေးမို့ အဆင့်တက်ဖို့ အကြံနဲ့ သု့စော်ကိုရော သူ့စော်သူငယ်ချင်းကိုပါ ခေါ်လာတာပါအဲ့မှာပဲ ထူးဆန်းတဲ့လူပျောက်တာတွေ လူသေတာတွေဖြစ်လာတဲ့အခါသူတို့ကိုအမဲလိုက်နေတာ ဘယ်သူလဲဘာလို့ဒီလိုလုပ်နေတာလဲ စတဲ့အဖြေများစွာကို ရင်တထိတ်ထိတ်နဲ့ ရှာဖွေခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...

Boy's Note (2023) ⭐TMDB: 61.0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Catatan Si Boy (2023)IMDb – 5.7/10 ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အင်ဒိုမင်းသား မင်းသမီးငယ်ငယ်ချောချောလေးတွေများစွာ ပါဝင်ထားပါတယ်။ ချစ်သူကို ပိုင်ဆိုင်ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဆိုပေမဲ့ မိဘကို ဆုံးရှုံးသွားရမှာမျိုးဆိုရင်တော့ကြေကွဲစွာနဲ့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ကောင်လေးတစ်ယောက်။အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အတွက် ချစ်သူကိုထားခဲ့ပြီး အဖေ့စိတ်တိုင်းကျ နေခဲ့ပေမဲ့ချစ်သူကိုတော့ ထာ၀ရချစ်သွားမယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်။သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပြီးနှစ်ဦးသား ပေါင်းစည်းနိုင်မှာလားဆိုတာ။အချစ်စစ်မှန်ရင် အခက်အခဲအတားအဆီးတွေ များနေပါစေ ကျော်ဖြတ်နိုင်မယ်ဆိုတဲ့မိုတီလေးရမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanပဲဖြစ်ပါတယ်)...

Alien Siege (2005) ⭐TMDB: 47.0% User Score 🎬 #Action #Adventure #Drama #ScienceFiction #TVMovie 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alien Siege (2005 ) ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူး ဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ်သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ်သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါနောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ်အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ်ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာသမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးကို ဘယ်လိုကာကွယ်သွားမလဲဆ်ိုတာ ဆက်လက်ကြည့်ရှုရမှာပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။...

Warrior Strong (2023) ⭐IMDB: 5.8/10 (146 Votes) 🎬 #Comedy #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Warrior Strong [2023] (IMDb 6.2/10) ဇာတ်လမ်းစစချင်းမှာ ဘစကတ်ဘောကွင်းထဲက နည်းပြ ရှမစ်ဒ်တစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပါတယ်..ဒီအချိန်မှာပဲ ရှမစ်ဒ်ရဲ့ တချိန်က တပည့်ဟောင်း ဘီလာဟာလည်း သူ့ရဲ့ NBA နည်းပြကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အသင်းလက်မဲ့ဖြစ်သွားခဲ့ရပါတယ်…နာမည်ဆိုးနဲ့ကျော်ကြားသွားပြီမို့ လိဂ်တစ်ခုလုံးကရော ပရိတ်သက်များကပါ ဝိုင်းဝန်ပယ်ကျဉ်တာကို ဘီလာ ခံရပါတော့တယ်…ဒီလိုနဲ့ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဘီလာတစ်ယောက် နာမည်ကို ပြန်အဖတ်ဆယ်ပြီး NBAလောကထဲ ပြန်ဝင်ဖို့ လိုလာပါတော့တယ်…ဒီအတွက် အေးဂျင့် လုပ်သူ ကာတာရဲ့ အကြံပေးချက်အတိုင်း ဘီလာလို့ စတင်ကျော်ကြားလာတဲ့သူ့ရဲ့မွေးရပ်မြေကလေးက Warriors အသင်းကို သွားရောက်ပြီး နည်းပြ ရှမစ်ဒ်အစား နည်းပြဝင်လုပ်ဖို့ ဖြစ်လာရပါတော့တယ်…ဒီလိုနဲ့ နာမည်အဖတ်ဆယ်ရုံသက်သက် သွားရောက်ခဲ့တဲ့ ဘီလာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ…သူ ပြန်သွားချင်တဲ့ NBA ဘတ်စကတ်ဘော ထိပ်သီးလောကထဲကိုရော ပြန်ဝင်နိုင်ပါ့မလားဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Arthur's Whisky (2024) ⭐IMDB: 4.3/10 (435 Votes) 🎬 #Comedy #Fantasy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Arthurs Whisky [2024] (IMDb 4.2/10) အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်…ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး…ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာအာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်…ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်…အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ…ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်…သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်…ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက်လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကိုတစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Air Mata Di Ujung Sajadah (2023) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 45 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 ) အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး…အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ …ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူအကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့်အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်…ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်…ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်…မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီးသူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်…ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီးသေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းကတစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာသူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း အမှန်အတိုင်းဖွင့်ပြောလာပါတော့တယ်…အကွီလာဟာ သားစိတ်နဲ့ ရှာရင်းဖွေရင်း ပြန်လည်ဆုံစည်းကြတဲ့အခါအကွီလာရယ် အာရစ်ဖ်နဲ့ ယွန်နာတို့ လင်မယားရယ် ဒီအခက်အခဲကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

A Very Good Girl (2023) ⭐IMDB: 5.7/10 (478 Votes) 🎬 #Comedy #Drama #Thriller #Mystery 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 58 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Very Good Girl [2023] ( IMDb 5.8/10, RT 58% ) မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်…မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့်လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး…ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်…အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ…အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်…ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်…ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Pirates of the Caribbean: Dead Men Tell No Tales (2017) ⭐IMDB: 6.5/10 (340 k Votes) 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2017 🎞 movie 🌎 #USA #UnitedStates #Australia #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 2 နာရီ 09 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်...

Pirates of the Caribbean: On Stranger Tides (2011) ⭐IMDB: 6.6/10 (558 k Votes) 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်...

Pirates of the Caribbean: Dead Men Tell No Tales (2017) ⭐IMDB: 6.5/10 (340 k Votes) 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2017 🎞 movie 🌎 #USA #UnitedStates #Australia #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်...

Pirates of the Caribbean: On Stranger Tides (2011) ⭐IMDB: 6.6/10 (558 k Votes) 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်...

Pirates of the Caribbean: At World's End (2007) ⭐TMDB: 72.0% User Score 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 49 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: At World’s End(2007) IMDb…7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်...

Pirates of the Caribbean: Dead Man's Chest (2006) ⭐TMDB: 74.0% User Score 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2006 🎞 video movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: Dead Man’s Chest(2006)အညွှန်း ************************************************** IMDb….7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား … ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ … ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်… ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့… ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်...

Pirates of the Caribbean: The Curse of the Black Pearl (2003) ⭐TMDB: 78.0% User Score 🎬 #Action #Adventure #Fantasy #PiratesoftheCaribbean #1to5 🗓 2003 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 23 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb…8,,,Rotten….79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ… သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်.. ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော… တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်… အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ… ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်...