ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Forgotten Army - Azaadi ke liye (2020-2020)
⭐IMDB: 7.9/10 (6 k Votes)
🎬 #Action #Drama #History #Adventure #War
🗓️ 2020-2020 🎞️ Series 📺 1080p
🌎 #India
⏰ 45 မိနစ် 29 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Forgotten Army – Azaadi ke liye (2020) CompleteThe Forgotten Army – Azaadi ke liye 2020IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က
မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ်
မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့
လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ…
ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့
အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး
ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ်သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ
ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲစစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမဖော်ပြထားတဲ့
အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန်
ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို
အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့
ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – 40minsTotal Episodes:5EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Action & Adventure
The Swarm (2023-2023)
⭐IMDB: 5.5/10 (3 k Votes)
🎬 #Drama #Sci-Fi #Thriller #SciFi
🗓️ 2023-2023 🎞️ Series 📺 1080p
🌎 #Germany #Austria #Belgium #Italy #Switzerland #France #Japan
⏰ 46 မိနစ် 52 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Swarm (2023)The Swarm (2023)Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။
German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။
မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။
ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး
စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။
လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။
ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ချာလီတစ်ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊
လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်းတွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ က
ချာလီရောက်နေတဲ့ကျွန်းအပါအဝင် ကမ္ဘာအရပ်ရပ်မှာဖြစ်လာပြီးတော့ လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ….ပင်လယ်နေသတ္တဝါတွေ ရုတ်တရက်အမူအကျင့်ပြောင်းလဲကုန်တာ ဘာကြောင့်လဲဆိုတဲ့အဖြေက ဘာများဖြစ်မလဲ။
ဒီအဖြေက မိုင်ပေါင်းများစွာနက်ရှိုင်းလွန်းတဲ့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှိနေမယ်ဆိုတာတော့ အမှန်ပါပဲ။
ဒီတော့ ချာလီအပါအဝင် စွန့်စွန့်စားစားသိပ္ပံပညာတစ်သိုက်က ဒီအဖြေကိုရှာဖွေဖော်ထုတ်ပြီးတော့
လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကြားကတိုက်ပွဲကို အဆုံးသတ်ပေးနိုင်မလားဆိုတာ CM နဲ့အတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary Christ နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre….. Drama, Sci-fi & Fantasy, Mystery
Enthada Saji (2023)
⭐IMDB: 5.4/10 (207 Votes)
🎬 #Bollywood #Comedy #Drama #Fantasy
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 2 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Enthada Saji (2023)
IMDb – 6.2/10
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကိုအကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ်သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင်အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ်
တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလားဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာစိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ်
Enthada Saji (2023)
⭐IMDB: 5.4/10 (207 Votes)
🎬 #Bollywood #Comedy #Drama #Fantasy
🗓️ 2023 🎞️ Movie 📺 1080p

Doubt (2008)
⭐IMDB: 7.5/10 (133 k Votes)
🎬 #Drama #Mystery
🗓️ 2008 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 44 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။
Mafia Mamma (2023)
⭐IMDB: 5.3/10 (2 k Votes)
🎬 #Action #Comedy #Crime
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedKingdom #Italy #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mafia Mamma (2023)
” ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် “
ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်…
ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။
သားဖြစ်တဲ့သူက ကောလိပ်တက်…ယောက်ျားကဖောက်ပြန်…အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး…အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။
အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။
ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။
လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။
ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ကျွန်တော်တို့ရဲ့ငယ်ဘဝ ချစ်မမကြီး Monica Bellucci လည်းပါတဲ့အပြင် မိန်းကလေးတွေအတွက်လည်း ခပ်လန်းလန်း အီတလီမာဖီးယားဘဲကြီးတွေပါတာကြောင့် အနည်းနဲ့အများ ကြည့်ရကျိုးနပ်မယ့်ရုပ်ရှင်တစ်ကားပါ။ ကြော်ငြာတွေကလူတွေရဲ့ စိတ်မလုံခြုံမှုတွေကို ဘယ်လိုအမြတ်ထုတ်နေသလဲမြင်ရမယ့်အပြင် အီတလီနိုင်ငံရဲ့အလှအပ အငွေ့အသက်တွေကိုတွေ့ရမှာဖြစ်တာကြောင့် ဒီရုပ်ရှင်ကြည့်ပြီးသွားရင်တော့ နုံးချိချိဖြစ်နေတဲ့အချိန် ရေအေးအေးလေးချိုးလိုက်ရသလို လန်းသွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
Doubt (2008)
⭐IMDB: 7.5/10 (133 k Votes)
🎬 #Drama #Mystery
🗓️ 2008 🎞️ Movie 📺 1080p

The Grudge 2 (2006)
⭐IMDB: 5.0/10 (50 k Votes)
🎬 #Horror #Thriller
🗓️ 2006 🎞️ Movie 📺 720p
🌎 #UnitedStates #Japan
⏰ 1 နာရီ 48 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Grudge 2 (2006)
ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့…The Grudge 1ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။
အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ…အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ…ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ…
ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်…အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်…
မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်…ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး….
ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)
The Grudge 2 (2006)
⭐IMDB: 5.0/10 (50 k Votes)
🎬 #Horror #Thriller
🗓️ 2006 🎞️ Movie 📺 1080p

Van Helsing (2004)
⭐IMDB: 6.0/10 (274 k Votes)
🎬 #Action #Adventure #Fantasy #Horror #Thriller
🗓️ 2004 🎞️ Movie 📺 4K
🌎 #UnitedStates #CzechRepublic #Czechia
⏰ 2 နာရီ 12 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီးတွေထုံးစံအရ Count Dracula ရှိတဲ့ Transylvania ကို စေလွတ်ခြင်းခံရတဲ့အခါ….
– နှစ်သက်တမ်းကြာမြင့်စွာ ရှိတဲ့ Dracula ရှိတဲ့နေရာကို ကြက်သွန်ဖြူ နဲ့ သွားရွလို့ မရမှန်းသိတဲ့အခါ Van Helsing တစ်ယောက် ဘာတွေသယ်ဆောင်သွားမလဲ…?– Dracula မှာ ဇနီးတွေ ရှိနိုင်ပါသလား ? Dracula က ကလေးမွေးနိုင်လား ? မွေးလာတဲ့ကလေးတွေကကော ဘာပုံစံဖြစ်မလည်း ?– အခြား ဘယ်သူတွေကရော Dracula ကိုနိုင်ဖို့ ဘယ်လိုတွေကူညီကြမလဲ ?– Dracula ကကော ဘာတွေကြံစည်နေကြတာလဲ ?– Dracula ရှိတဲ့ နယ်မြေ မှာ Ven Helsing က ဘာ mission တွေ လာလုပ်တာလဲ ?စလာကတည်းက တဝုန်းဝုန်း တဒိုင်းဒိုင်းပါပဲ ။ Black and White နဲ့ စတင်ခဲ့ပြီး သဘာ၀လွန် ဖြစ်ရပ်များစွာပါတဲ့အပြင် ရူပ်ထွေးပွေလီလှတဲ့ ဇာတ်လမ်းတွေက်ု Van Helsing တစ်ယောက်ဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာ…….။Crd Review
Shanghai Triad (1995)
⭐IMDB: 7.1/10 (6 k Votes)
🎬 #Crime #Drama #History #Romance #Thriller
🗓️ 1995 🎞️ Movie 📺 720p
🌎 #France #China
⏰ 1 နာရီ 48 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shanghai Triad (1995)
~ IMDb – 7.1/10, RT – 90%, MyDramaList – 7.2/10 ~
ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations – The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။
CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။
ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
Shanghai Triad (1995)
⭐IMDB: 7.1/10 (6 k Votes)
🎬 #Crime #Drama #History #Romance #Thriller
🗓️ 1995 🎞️ Movie 📺 1080p

🗓️ 2004 🎞️ Movie 📺 720p
🌎 #UnitedStates #CzechRepublic #Czechia
⏰ 2 နာရီ 12 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီးတွေထုံးစံအရ Count Dracula ရှိတဲ့ Transylvania ကို စေလွတ်ခြင်းခံရတဲ့အခါ….
– နှစ်သက်တမ်းကြာမြင့်စွာ ရှိတဲ့ Dracula ရှိတဲ့နေရာကို ကြက်သွန်ဖြူ နဲ့ သွားရွလို့ မရမှန်းသိတဲ့အခါ Van Helsing တစ်ယောက် ဘာတွေသယ်ဆောင်သွားမလဲ…?– Dracula မှာ ဇနီးတွေ ရှိနိုင်ပါသလား ? Dracula က ကလေးမွေးနိုင်လား ? မွေးလာတဲ့ကလေးတွေကကော ဘာပုံစံဖြစ်မလည်း ?– အခြား ဘယ်သူတွေကရော Dracula ကိုနိုင်ဖို့ ဘယ်လိုတွေကူညီကြမလဲ ?– Dracula ကကော ဘာတွေကြံစည်နေကြတာလဲ ?– Dracula ရှိတဲ့ နယ်မြေ မှာ Ven Helsing က ဘာ mission တွေ လာလုပ်တာလဲ ?စလာကတည်းက တဝုန်းဝုန်း တဒိုင်းဒိုင်းပါပဲ ။ Black and White နဲ့ စတင်ခဲ့ပြီး သဘာ၀လွန် ဖြစ်ရပ်များစွာပါတဲ့အပြင် ရူပ်ထွေးပွေလီလှတဲ့ ဇာတ်လမ်းတွေက်ု Van Helsing တစ်ယောက်ဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာ…….။Crd Review
Van Helsing (2004)
⭐IMDB: 6.0/10 (274 k Votes)
🎬 #Action #Adventure #Fantasy #Horror #Thriller
🗓️ 2004 🎞️ Movie 📺 1080p

Private Eye (2009)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Thriller #Mystery #Crime
🗓️ 2009 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 1 နာရီ 48 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Private Eye(2009)
*****************
ကိုရီးယားရဲ့အထင်ကရမင်းသားကြီးHwang Jung-minပါဝင်ထားတဲ့
ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလို
plot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..
ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းတွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီ
တစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။
ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။
ဆေးကျောင်းသားလေးက တိရစ္ဆာန်အသေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာ
လူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်း
နောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီး
အထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊
ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်
အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..
Private Eye (2009)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Thriller #Mystery #Crime
🗓️ 2009 🎞️ Movie 📺 1080p

Amma I Love You (2018)
⭐IMDB: 7.4/10 (95 Votes)
🎬 #Bollywood #Crime #Drama
🗓️ 2018 🎞️ Movie 📺 4K
🌎 #India
⏰ 2 နာရီ 26 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amma I Love You (2018) Siddhu The Warrior
“မိခင်တစ်ယောက်က ကျွန်တော်တို့အတွက်တံမြက်စည်းလှည်းသမား…သန့်ရှင်းရေး…စားဖိုမှုး..စားပွဲထိုး…ဆရာမလည်း ဖြစ်တယ်…ပွဲစီစဉ်သူ …အလှဆင်တဲ့သူ….ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင်ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ်စျေးဆစ်တတ်တဲ့သူ….ငွေကိုင်…စီးပွားရေးအကြံပေး…ထောက်ပံ့ပေးတဲ့သူ…စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ်ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ်ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ်ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့်မိခင်ကိုတော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်”ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့်အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ….
ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ…တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်….အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်…မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်…ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။
အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး…ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလိုသူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့….။ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ….။
IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။
Summerland (2020)
⭐IMDB: 7.0/10 (8 k Votes)
🎬 #Drama #Romance #War
🗓️ 2020 🎞️ Movie 📺 720p
🌎 #UnitedKingdom
⏰ 1 နာရီ 39 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Summerland(2020)
******************
ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာ
သားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်းမပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊
ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကို
စောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီးဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှက
ကောင်လေးကို ဝိုင်းသနားကြပါလေရော။လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာ
တစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားက
မေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။
Summerland (2020)
⭐IMDB: 7.0/10 (8 k Votes)
🎬 #Drama #Romance #War
🗓️ 2020 🎞️ Movie 📺 1080p