en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Love You Give Me (2023- ) ⭐IMDB: 9.0/10 (8 Votes) 🎬 #Comedy #Drama #Romance 🗓️ 2023- 🎞️ Series 📺 1080p 🌎 #China ⏰ 43 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Love You Give Me (2023)ဒီတစ်ခါ စီအမ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ အချစ်ဟာသဇာတ်လမ်းလေးပါတစ်ချိန်တုန်းက မင်ဟွေ့ဆိုတဲ့ကောင်မလေးတစ်ယောက်က ရှင်းချီဆိုတဲ့ ကောင်လေးတစ်ယောက်ကို ချစ်ခဲ့သတဲ့။ သက်ဆုံးတိုင်ပေါင်းဖက်ဖိုအတွက် လက်ထပ်ဖိုထိပါ စီစဉ်ထားသူတွေပေါ့။ ဒါပေမယ့် ကိစ္စတွေဖန်လာတာရှင်းချီရဲ့အသက်ကိုပါ ထိခိုက်စေလောက်တဲ့ထိ ရှုပ်ထွေးခဲ့တာဆိုတော့ ဆက်ဆံရေးတစ်ခုကလည်း အက်ရာထင်ခဲ့တာပေါ့။နှစ်တွေကြာပြီး ပြန်ဆုံကြတော့လည်း နှစ်ယောက်လုံးက ကိုယ့်နယ်ပယ်မှာ နေရာတစ်ခုရှိသူတွေ…“ကံကြမ္မာ” ဆိုတဲ့အရာက ပြန်ဆက်သွယ်ပေးရာကနေ သိလိုက်ရတာက မင်ဟွေ့မှာ သားတစ်ယောက်ရှိနေပြီတဲ့။သူတိုရဲ့ဆက်ဆံရေးကို အစကနေ ပြန်စမလား… ရင်မှာ သိမ်းဆည်းထားတဲ့အချစ်တွေကို ပြန်လည်ဖွင့်ဟရင်းရှေ့ဆက်ကြမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်Reviewed by MinnieQuality : WEB-DL 720p,1080pTotal Episodes : 28Format : mp4Genres : Romance, Comedy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )

Amma I Love You (2018) ⭐IMDB: 7.4/10 (95 Votes) 🎬 #Bollywood #Crime #Drama 🗓️ 2018 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amma I Love You (2018) Siddhu The Warrior “မိခင်တစ်ယောက်က ကျွန်တော်တို့အတွက်တံမြက်စည်းလှည်းသမား…သန့်ရှင်းရေး…စားဖိုမှုး..စားပွဲထိုး…ဆရာမလည်း ဖြစ်တယ်…ပွဲစီစဉ်သူ …အလှဆင်တဲ့သူ….ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင်ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ်စျေးဆစ်တတ်တဲ့သူ….ငွေကိုင်…စီးပွားရေးအကြံပေး…ထောက်ပံ့ပေးတဲ့သူ…စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ်ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ်ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ်ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့်မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်”ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့်အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ…. ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ…တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်….အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်…မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်…ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။ အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး…ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလိုသူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့….။ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ….။ IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။

Amma I Love You (2018) ⭐IMDB: 7.4/10 (95 Votes) 🎬 #Bollywood #Crime #Drama 🗓️ 2018 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amma I Love You (2018) Siddhu The Warrior “မိခင်တစ်ယောက်က ကျွန်တော်တို့အတွက်တံမြက်စည်းလှည်းသမား…သန့်ရှင်းရေး…စားဖိုမှုး..စားပွဲထိုး…ဆရာမလည်း ဖြစ်တယ်…ပွဲစီစဉ်သူ …အလှဆင်တဲ့သူ….ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင်ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ်စျေးဆစ်တတ်တဲ့သူ….ငွေကိုင်…စီးပွားရေးအကြံပေး…ထောက်ပံ့ပေးတဲ့သူ…စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ်ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ်ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ်ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့်မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်”ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့်အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ…. ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ…တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်….အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်…မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်…ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။ အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး…ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလိုသူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့….။ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ….။ IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။

The Sandlot (1993) ⭐IMDB: 7.8/10 (96 k Votes) 🎬 #Comedy #Family #Drama #Sport 🗓️ 1993 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။

The Sandlot (1993) ⭐IMDB: 7.8/10 (96 k Votes) 🎬 #Comedy #Family #Drama #Sport 🗓️ 1993 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။

Virgin People (1984) ⭐IMDB: 7.5/10 (448 Votes) 🎬 #Adult #Asian #Drama 🗓️ 1984 🎞️ Movie 📺 720p 🌎 #Philippines ⏰ 2 နာရီ 10 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကိုရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့်ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ… ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။ မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေလက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့…. တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက်ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ …..

Virgin People (1984) ⭐IMDB: 7.5/10 (448 Votes) 🎬 #Adult #Asian #Drama 🗓️ 1984 🎞️ Movie 📺 1080p 🌎 #Philippines ⏰ 2 နာရီ 10 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကိုရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့်ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ… ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။ မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေလက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့…. တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက်ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ …..

Lola 2 (2022) ⭐IMDB: 4.4/10 (40 Votes) 🎬 #Drama #Sport 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကို စိန်ခေါ်သူ ထရီနာက မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ကြိုးဝိုင်းထဲပြန်လာဖို့ စိန်ခေါ်နေခဲ့တာကြောင့် လိုလာက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မမွေးခင်ကလည်း မမွေးခင်မို့လို့ စိတ်ပူရပေမယ့် မွေးပြီးတော့လည်း ပြုစုဖို့ ပူပန်ရပြန်တာကြောင့် လက်ဝှေ့ကိုအသွေးအသားထဲကချစ်သူ လိုလာ့အတွက်တော့ သမီးလား၊ လက်ဝှေ့လားဆိုပြီး တကယ့်ကို ရွေးချယ်ရခက်တဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာပေါ့။ မိခင်တစ်ယောက်ဖြစ်ရတာက မလွယ်ကူသလို ကလေးတစ်ယောက်အမေအဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရဖို့ကလည်း လိုလာ့အတွက်တော့ တကယ့်ကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့မို့ သူ့ကိုနားမလည်ပေးနိုင်တဲ့ ခင်ပွန်းသည် ဒေးဗစ်ကိုလည်း ရင်မဖွင့်နိုင်၊ သမီးလေးကိုလည်း မစွန့်ပစ်နိုင်တဲ့ လိုလာတစ်ယောက် နောက်ဆုံးမှာတော့ ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ကြိုးဝိုင်းထဲကို ရဲရဲဝင့်ဝင့်နဲ့ ပြန်ဝင်လိုက်ဖို့ပါပဲ။ ကလေးတစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ လိုလာတစ်ယောက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား.. ခင်ပွန်းသည်ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူခွင့်ပြုပေးနိုင်ပါ့မလား.. ပြောင်းလဲသွားတဲ့အခြေအနေတွေမှာ စိန်ခေါ်သူ ထရီနာ့ကိုရော ယှဉ်ပြိင်ထိုးသတ် အနိုင်ရနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။

Siew Lup (2016) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Adult #Drama #Horror #Romance #Thriller 🗓️ 2016 🎞️ Movie 📺 1080p 🌎 #Singapore ⏰ 1 နာရီ 23 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတ်အဖြတ် သွေးထွက်သံယို လန့်ဖြန့်သွေးတက် ချစ်ခင်မြတ်နိုး ရိုမန့်ဒရမ်မာ စင်ကာပူဇာတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်။ မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ဇနီးအဖြစ်ဘဝကိုဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလိုတောင့်တောင့်ဖြောင့်ဖြောင့်သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။ တကယ်တမ်း အနီးကပ်ရန်သူ၊သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။aဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့အကြံဆိုးကြီးကိုကြံပါတော့တယ်။ ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။သူတို့အတွက် အလောင်းဖျောက်ဖို့အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေနဲ့ကြမ်းတမ်းတဲ့ ခုတ်ထစ်သတ်ဖြတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ၁၈ နှစ်အထက်ဇာတ်ကားဖြစ်ပါတယ်။ငယ်ငယ်တုန်းက လူသားပေါက်စီကားတို့ခေါက်ဆွဲကားတို့ကို တဖန်ပြန်သတိရစေမယ့် လူသားအခေါက်ကင်ကားလေးကို ရှုစားလိုက်ကြပါဦး။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

Deep Sea Rescue (2023) ⭐⁉️ 🎬 #Adventure #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 25 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ်ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့…… ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကိုငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာအပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။ သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ……ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့်အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ ……

Top Secret Pursuit (2021) ⭐TMDB: 0.0% User Score 🎬 #Crime #Drama 🗓️ 2021 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 35 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လျန်ကျားဒေသက မူးယစ်ကုန်သွယ်ရေးဂိုဏ်းတစ်ခုဟာရဲတွေအချိန်ကြာကြီး စုံစမ်း‌နေပေမဲ့ လက်ပူးလက်ကြပ်မဖမ်းနိုင်တဲ့“ချန်ကျားဟောက်”ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ချန်ကျားဟောက်ဟာလည်း “ကိုယ့်ဒူးကိုယ်တောင်မယုံတဲ့လူမျိုးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရာဂိုထောင်စက်ရုံကြီးကို လျှို့ဝှက်စွာဖုံးကွယ်ထားပါတော့တယ်။ အမြစ်ကိုမရှင်းနိုင်တဲ့သစ်ပင်တစ်ပင်ဟာ ဘယ်တော့မှမသေဆုံးနိုင်သလိုပဲပြဿနာရဲ့ဇစ်မြစ်ဖြစ်တဲ့ထိုစက်ရုံကြီးကိုပါ ရှာဖွေနိုင်ဖို့ ရဲတွေဟာကြိုးပမ်းပါတော့တယ် ဒီလိုနဲ့ ချန်ကျားဟောက်အဖွဲ့ထဲက “ချောင်ရန့်ဖန်”ဆိုသူဟာရဲတွေထောက်လှမ်းဖို့လွန်ခဲ့တဲ့၄နှစ်တည်းက ထည့်ထားတဲ့သူလျှိုဖြစ်နေတဲ့အခါမှာတော့…ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ

The Raven (2012) ⭐IMDB: 6.4/10 (87 k Votes) 🎬 #Crime #Mystery #Thriller 🗓️ 2012 🎞️ Movie 📺 1080p 🌎 #UnitedStates #Spain #Hungary #Serbia #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The raven 2012 ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားက ပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။

Tekken: Blood Vengeance (2011) ⭐IMDB: 5.7/10 (6 k Votes) 🎬 #Action #Animation #Fantasy #ScienceFiction #SciFi 🗓️ 2011 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲ​တွေ၊ animations​တွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက​ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animation​တွေ၊ တိုက်ခိုက်​ပုံတွေနဲ့ ခပ်ကြမ်းကြမ်း​ရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူ​တွေ​ရော၊ မကြည့်ဖူး​သေးတဲ့သူ​တွေပါ ခံစားကြည့်ရှုနိုင်​​​ဖို့ ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းက Tekken-verseထဲက main character​တွေဖြစ်တဲ့ ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ ​သားအဖမြေးအဘိုး၃​ယောက်ရဲ့ အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မ​သေဘဲရှင်ကျန်ခဲ့တဲ့ ​ကျောင်းသားတစ်​ယောက်ကို ဂျင်နဲ့ ခဇုယတို့၂​ယောက် ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာ​ဖွေရင်း ကျိုတိုမြို့ရဲ့ ​ကျောင်းတစ်ခုမှာ ရှာ​​တွေ့ပြီး​နောက်ပိုင်း အနီးကပ်​ထောက်လှမ်းရင်း သူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်​မိပြီးသား ဖြစ်သွားပါတယ်။ စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အ​ကြောင်းရင်း​၊ မထင်ထားတဲ့ လှည့်ကွက်​တွေ၊ အမိုက်စားbattleနဲ့ animation​တွေကို ကြည့်ရှုရင်း ငယ်ဘဝကို တ​ကျော့ပြန်​​အောက်​မေ့လိုက်ကြတာ​ပေါ့။

Right Now, Wrong Then (2015) ⭐IMDB: 7.1/10 (5 k Votes) 🎬 #Drama #Romance 🗓️ 2015 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။

Right Now, Wrong Then (2015) ⭐IMDB: 7.1/10 (5 k Votes) 🎬 #Drama #Romance 🗓️ 2015 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။

The Artifice Girl (2022) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Mystery #Sci-Fi #Thriller #Drama #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Artifice Girl (2023) Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင်သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ်သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေလူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီးသူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် မသိအောင် ဆက်သွယ်လိုက်တဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲချယ်ရီ့တိုးတက်မှုကဘယ်အတိုင်းအတာထိသွားမလဲဥာဏ်ရည်တုက လူသားဥာဏ်ရည်ကိုကျော်သွားတဲ့တစ်ချိန်ဘာဖြစ်ကြမလဲစိတ်ဝင်စားစရာပါ။သေချာတာကတော့ ကြည့်ရှုသူပရိသတ်ကိုအတွေးတွေအများကြီး ချန်ရစ်ပေးနိုင်မယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Last Sentinel (2023) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Drama #Science Fiction #Thriller #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedKingdom #Estonia #Germany ⏰ 1 နာရီ 59 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်‌ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ ‌သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Last Sentinel (2023) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Drama #Science Fiction #Thriller #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Estonia #Germany ⏰ 1 နာရီ 59 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်‌ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ ‌သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

From Black (2023) ⭐IMDB: 4.9/10 (689 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သားငယ်လေးပျောက်ဆုံးသွားမှုကြောင့် နှစ်တွေကြာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံးဖြစ်နေတဲ့ မိခင်တစ်ယောက်က သူ့သားလေးကို ပြန်ရနိုင်မယ့်နည်းလမ်းတစ်ခုကို တွေ့ရှိသွားပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အလွယ်တကူလုပ်လို့ရတာမျိုး မဟုတ်ဘဲ သူ့ဘက်ကပြန်ပေးဆပ်ရမယ့်ကြေးကလည်း ကြီးမားလွန်းလှပါတယ်။ သားလေးကိုပြန်ခေါ်ချင်စိတ်ကြောင့် ထိတ်လန့်စရာကောင်းတဲ့အရာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်အကြောင်း တင်ဆက်ပေးထားတဲ့ horror ကားကောင်းလေးပဲဖြစ်ပါတယ်။

The Fearway (2023) ⭐IMDB: 4.0/10 (261 Votes) 🎬 #Horror #Science Fiction #ScienceFiction #SciFi #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။ စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။