en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Always Amore (2022) ⭐IMDB: 6.9/10 (954 Votes) 🎬 #Drama #Romance #TVMovie 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada ⏰ 1 နာရီ 23 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Always Amore(2022) ******************* အဲလိဇဘတ်ဟာ ယောကျာ်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မိသားစုကိုရော စီးပွားရေးကိုရော တစ်ဦးတည်းဦးဆောင်နေရရှာပါတယ်။ ယောကျာ်းဖြစ်သူရဲ့အမွေအနှစ်ဖြစ်တဲ့ စားသောက်ဆိုင်လေးဟာလည်း တစ်နှစ်ထက်တစ်နှစ်ရောင်းအားကျလာပြီးနောက် ပိတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိလာပါတယ်။ ဒီအခြေအနေကနေကယ်တင်နိုင်ဖို့ဆိုပြီး စားသောက်ဆိုင်အကြံပေးဖြစ်သူ ဘန်နဲ့ ပူးတွဲ အလုပ်လုပ်ဖို့အကြောင်းဖန်လာပါလေရော။ ဘန်ဟာ အကြံပေးလောကမှာ နာမည်ကြီးအောင်မြင်သူ၊ အပြောင်းအလဲကိုကြိုဆိုသူပါ။ အဲလိဇဘတ်ကကျတော့ ယောကျာ်းဖြစ်သူရဲ့ အမှတ်တရ အငွေ့အသက်တွေ ပျောက်ပျက်မသွားအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်လေ့ရှိသူပါ။ သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့…..။ ပြောင်းလဲမှုတိုင်းဟာ အမြဲတမ်းဆိုးဝါးမနေဘဲ အချစ်သစ် ပျော်ရွှင်မှုအသစ်ကိုတောင် ရှာဖွေတွေ့ရှိနိုင်ကြောင်းရိုက်ကူးပြသထားတဲ့ကားလေးဖြစ်ပါတယ်။

Bestseller (2010) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2010 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bestseller(2010) *************** သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာ သူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။ အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။ သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလို တစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။ စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ…. လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ…… တရားခံက ဘယ်သူဖြစ်မလဲ…… အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား….. လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။

Bestseller (2010) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2010 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bestseller(2010) *************** သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာ သူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။ အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။ သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလို တစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။ စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ…. လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ…… တရားခံက ဘယ်သူဖြစ်မလဲ…… အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား….. လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။

KKN di Desa Penari: Luwih Dowo, Luwih Medeni (2022) ⭐IMDB: 5.5/10 (79 Votes) 🎬 #Horror #Mystery 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 2 နာရီ 55 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။(မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။) ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ပိုရှည်လျားသော ပိုကြောက်စရာကောင်းသောလို့အဓိပ္ပါယ်ရပါတယ်။မူရင်းဇာတ်လမ်းကို မိနစ်၄၀ ပိုဖြည့်ပေးထားပြီး အရင်ဇာတ်လမ်းမှာတုန်းက ပရိသတ်မရှင်းမလင်းဖြစ်ရတဲ့အကြောင်းအရာတွေကိုဖြည့်စွက်ပေးထားတယ်ဇာတ်လမ်းကိုမူရင်းအရေးအသားနဲ့ပိုတူအောင်အားဖြည့်ထားတယ် … တည်းဖြတ်မှုတွေကလဲ မူရင်းထက် ပိုကောင်းလာတာကြောင့် မကြည့်ရသေးသူတွေရော ကြည့်ရှုပြီးသူတွေအတွက်ပါ ပိုပြီးပြည့်စုံတဲ့ဇာတ်လမ်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

KKN di Desa Penari: Luwih Dowo, Luwih Medeni (2022) ⭐IMDB: 5.5/10 (79 Votes) 🎬 #Horror #Mystery 🗓️ 2022 🎞️ Movie 📺 720p 🌎 #Indonesia ⏰ 2 နာရီ 55 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။(မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။) ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ပိုရှည်လျားသော ပိုကြောက်စရာကောင်းသောလို့အဓိပ္ပါယ်ရပါတယ်။မူရင်းဇာတ်လမ်းကို မိနစ်၄၀ ပိုဖြည့်ပေးထားပြီး အရင်ဇာတ်လမ်းမှာတုန်းက ပရိသတ်မရှင်းမလင်းဖြစ်ရတဲ့အကြောင်းအရာတွေကိုဖြည့်စွက်ပေးထားတယ်ဇာတ်လမ်းကိုမူရင်းအရေးအသားနဲ့ပိုတူအောင်အားဖြည့်ထားတယ် … တည်းဖြတ်မှုတွေကလဲ မူရင်းထက် ပိုကောင်းလာတာကြောင့် မကြည့်ရသေးသူတွေရော ကြည့်ရှုပြီးသူတွေအတွက်ပါ ပိုပြီးပြည့်စုံတဲ့ဇာတ်လမ်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

KKN di Desa Penari (2022) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 720p 🌎 #Indonesia ⏰ 2 နာရီ 9 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KKN, Curse of the Dancing Village (2022) Synopsis IMDB – 6.2/10 ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။ အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။အဲဒီ တားမြစ်ချက်ကို ချိုးဖောက်မိရာကနေ သူငယ်ချင်းခြောက်ယောက် ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံရမလဲ၊ရှေးရိုးရာကို လျစ်လျူရှုပြီး နာနာဘာဝကို သွားပလေးရင် ဘာဖြစ်တတ်လဲဆိုတာကို ဒီကားလေးမှာ စောင့်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leoပဲ ဖြစ်ပါတယ်။

KKN di Desa Penari (2022) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 2 နာရီ 9 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KKN, Curse of the Dancing Village (2022) Synopsis IMDB – 6.2/10 ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။ အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။အဲဒီ တားမြစ်ချက်ကို ချိုးဖောက်မိရာကနေ သူငယ်ချင်းခြောက်ယောက် ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံရမလဲ၊ရှေးရိုးရာကို လျစ်လျူရှုပြီး နာနာဘာဝကို သွားပလေးရင် ဘာဖြစ်တတ်လဲဆိုတာကို ဒီကားလေးမှာ စောင့်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leoပဲ ဖြစ်ပါတယ်။

Two Sinners and a Mule (2023) ⭐IMDB: 4.5/10 (127 Votes) 🎬 #Western #Action 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Two Sinners and a Mule (2023) Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ မိန်းမရွှင်၂ယောက်ရယ် ဆုကြေးစားမုဆိုးတစ်ကောင်ရယ်ပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို အရဖမ်းဖို့ ကြံကြတယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင် ဟာသ ငိုချင်း ရသစုံရောပြွမ်းပြီး ကြည့်ကြရမှာပါ။ အတော်အတန်ကြည့်ကောင်းတဲ့ကားမို့ Western ကား ငတ်နေတဲ့လူတွေအတွက် အာသာပြေစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Two Sinners and a Mule (2023) ⭐IMDB: 4.5/10 (127 Votes) 🎬 #Western #Action 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Two Sinners and a Mule (2023) Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ မိန်းမရွှင်၂ယောက်ရယ် ဆုကြေးစားမုဆိုးတစ်ကောင်ရယ်ပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို အရဖမ်းဖို့ ကြံကြတယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင် ဟာသ ငိုချင်း ရသစုံရောပြွမ်းပြီး ကြည့်ကြရမှာပါ။ အတော်အတန်ကြည့်ကောင်းတဲ့ကားမို့ Western ကား ငတ်နေတဲ့လူတွေအတွက် အာသာပြေစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

How About Adolf? (2022) ⭐IMDB: 6.2/10 (722 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 720p 🌎 #Germany ⏰ 1 နာရီ 27 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Family Affairs (2022) ဒီကားလေး‌ကတော့ ၂၀၁၈ မှာတုန်းကHow About Adolf?ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြ‌ထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ‌ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)

How About Adolf? (2022) ⭐IMDB: 6.2/10 (722 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Germany ⏰ 1 နာရီ 27 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Family Affairs (2022) ဒီကားလေး‌ကတော့ ၂၀၁၈ မှာတုန်းကHow About Adolf?ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြ‌ထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ‌ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)

Man of Vendetta (2010) ⭐IMDB: 6.3/10 (593 Votes) 🎬 #Action #Drama #Thriller #Crime 🗓️ 2010 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Man of Vendetta(2010) ********************** ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာ သမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။ အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး.. အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။ သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့…. Man of Vendetta ဇာတ်ကားဟာ 2010ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

Man of Vendetta (2010) ⭐IMDB: 6.3/10 (593 Votes) 🎬 #Action #Drama #Thriller #Crime 🗓️ 2010 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Man of Vendetta(2010) ********************** ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာ သမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။ အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး.. အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။ သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့…. Man of Vendetta ဇာတ်ကားဟာ 2010ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

Mrs. Chatterjee vs. Norway (2023) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Biography #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India #Estonia ⏰ 2 နာရီ 13 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mrs Chatterjee Vs Norway IMDb-7.4/10 Rotten Tomatoes-15% ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ် အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ်ဒေဘီကာတို့ဇနီး‌မောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါအနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်းယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ် အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ်အဲဒီအထင်နဲ့ပဲ ‌ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ် လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့်လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲအင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကိုတစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

Mrs. Chatterjee vs. Norway (2023) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Biography #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India #Estonia ⏰ 2 နာရီ 13 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mrs Chatterjee Vs Norway IMDb-7.4/10 Rotten Tomatoes-15% ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ် အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ်ဒေဘီကာတို့ဇနီး‌မောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါအနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်းယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ် အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ်အဲဒီအထင်နဲ့ပဲ ‌ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ် လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့်လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲအင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကိုတစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

Air (2023) ⭐IMDB: 7.6/10 (39 k Votes) 🎬 #Drama #Sport #History 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Air (2023)==========IMDb Rating – 7.6/10 Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသားကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမားမိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်းဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက်လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရုပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။ မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ(Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ရည်ရွယ်ရိုက်ကူးခဲ့ပေမဲ့အကြိုပွဲတွေမှာ လူကြိုက်များလွန်းလို့ ရုံတင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းနိုက်ကီကုမ္ပဏီဟာ ဘတ်စကတ်ဘောအားကစားလောကမှာ မာကတ်တင်းအတွက် ကစားသမားကောင်းတွေမရှာနိုင်လို့ အက်ဒီးဒက်စ် တို့ကွန်ဗာ့စ်တို့ကို မယှဉ်နိုင်တော့ဘဲ နောက်ဆုတ်ထွက်ခွာရမယ့်အခြေအနေဖြစ်နေပါပြီ။ နိုက်ကီရဲ့ စီအီးအို ဖေးလ် (ဘန်) ဟာ သူ့ရဲ့ ဘတ်စကတ်ဘောဌာနအတိုင်ပင်ခံ ဆန်နီ(မက်ဒေမွန်) ကို ဒေါ်လာ ၂ သိန်းခွဲသုံးပြီးဘတ်စကတ်ဘောကစားသမား ၃ ယောက်နဲ့ စာချုပ်ချုပ်ဖို့ရှာခိုင်းပေမဲ့ဆန်နီကတော့ ဒေါ်လာ ၂ သိန်းခွဲလုံးကို အထက်တန်းကျောင်းချန်ပီယံသစ်၊ NBA ကို စပြီးခြေချေတော့မယ့် မိုက်ကယ်ဂျော်ဒန်အပေါ်မှာပဲပုံအောဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဂျော်ဒန်ကလည်း အက်ဒီးဒက်စ် ပရိသတ်ဖြစ်နေပြီးဖိနပ်စာချုပ်အတွက် အက်ဒီးဒက်စ်ကိုပဲ သွားဖို့အားသန်နေပါတယ်။ဒါကို နိုက်ကီအဖွဲ့ကဘယ်လိုအိုက်ဒီယာတွေ၊ ဘယ်လိုသမိုင်းဝင်သဘောတူညီချက်တွေနဲ့ ဆွဲဆောင်ခဲ့လဲဆိုတာ ဒီရုပ်ရှင်မှာ စိတ်ဝင်စားစရာ မြင်ရမှာပါ။ ဘိုင်အိုဂရပ်ဖီ၊ ဒရာမာ၊ အားကစား၊ စီးပွားရေးရုပ်ရှင်အမျိုးအစားကြိုက်တတ်သူတွေ၊ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအချိန်ပေးရတာတန်မယ့် ရုပ်ရှင်ဖြစ်ပါကြောင်း….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)

Yaathisai (2023) ⭐IMDB: 7.8/10 (358 Votes) 🎬 #Bollywood #Drama #History #War #Action 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 2 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yaathisai 2023 IMDb 8.1/10 လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရောစစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။ သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ နောက်ဆုံး ပလ္လင်ထက်က ထီးနန်းကို ဘယ်သူ သိမ်းယူနိုင်မလဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါဦး။

Yaathisai (2023) ⭐IMDB: 7.8/10 (358 Votes) 🎬 #Bollywood #Drama #History #War #Action 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 2 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yaathisai 2023 IMDb 8.1/10 လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရောစစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။ သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ နောက်ဆုံး ပလ္လင်ထက်က ထီးနန်းကို ဘယ်သူ သိမ်းယူနိုင်မလဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါဦး။

The Hairpin of the Rogue (2023) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 24 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ငယ်ငယ်ကတည်းက ယွဲ့နွီတိုင်းပြည်မှာ ကြီးပြင်းလာခဲ့တဲ့သိုင်းလောကသူရဲကောင်းကြီးနင့်ဝူစူးနဲ့ သူ့အဖော်မြောင့်ခုန်းခုန်းတို့ဟာချမ်းသာသူတွေဆီက လုယက်ခိုးယူပြီး ဆင်းရဲသူတွေကို ကူညီပေးတတ်ကြတယ်။ တစ်နေ့မှာ ကျားယဲတိုင်းပြည်က မင်းသားကျားလွိထူဆီမှပစ္စည်းတချို့ကို လုယူမိခဲ့ပြီး လိုက်လံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ထွက်ပြေးနေတဲ့ လမ်းမှာပဲ ယွဲ့နွီတိုင်းပြည်ရဲ့ မင်းသမီးလေးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ မသင်္ကာမှုတွေကို လိုက်လံစုံစမ်းရင်း သူတို့ဟာအန္တရာယ်တွင်းထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။သူတို့တတွေ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ ……အန္တရာယ်တွေကို ဘယ်လို ဖြေရှင်းကျော်ဖြတ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးပြုတဲ့ သူရဲကောင်းကြီး ဖြစ်သွားမလဲဆိုတာကိုရုပ်ရှင်လေးထဲ ကြည့်ရှုခံစားလိုက်ပါနော်။

Social Distancing (2023) ⭐TMDB: 0.0% User Score 🎬 #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China #HongKong ⏰ 1 နာရီ 31 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Covidကာလအစောပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ဟောင်ကောင်ဟော်ရာကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ Covid pandemicမှာလူတွေအားလုံးအိမ်တွင်းအောင်းကြရတော့စိတ်ထွက်ပေါက်အဖြစ်နဲ့ လက်ကိုဖုန်းတွေကိုပဲပိုသုံးမိကြတာပေါ့။နိုင်ငံခြားကပြန်လာတဲ့ချူထုံဟာ Youtube ချန်နယ်ဖွင့်ပြီးကြည့်ရှုနှုန်းများအောင်ကြိုးစားနေပါတယ်။သရဲတစ္ဆေအကြောင်းစိတ်လှုပ်ရှားစရာတွေရိုက်ရင်လူကြည့်များတယ်ဆိုကြလို့ သေသွားတဲ့သူတစ်ယောက်ရဲ့ဖုန်းကို Live လွှင့်ပြီးဖွင့်ပြတာပေါ့….. အဲဒီအချိန်ကစပြီးသူ့ဘေးနားမှာထူးဆန်းတာတွေဖြစ်လာပါတော့……Digital spiritသရဲရှိတယ်ဆိုတာကစပြီးယုံလာပါတော့တယ်……ဒီကားလေးမှာ လူငယ်တွေလက်ကိုင်ဖုန်းကိုအရမ်းစွဲလမ်းလွန်းလို့ဖြစ်ရတဲ့ဆိုးကျိုးတွေ……မိသားစုကိုလစ်လျူရှုခဲ့မိလို့နောင်တရခဲ့ရပြီးတကယ်နောက်ပြန်လှည့်ချိန်မှာ ပြန်ဆုပ်ကိုင်ဖို့အချိန်မမီတော့တာတွေကိုပါဖော်ပြသွားပါတယ်…..ဟော်ရာတွေရဲ့ထုံးစံအတိုင်း တကယ်သရဲလားဘယ်လိုထူးဆန်းတဲ့အရာတွေကြောင့်ဖြစ်လာတာလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်နော်