ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Saving the Tigers (2023- )
⭐IMDB: 8.1/10 (2 k Votes)
🎬 #Comedy #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #India
⏰ 28 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Save the Tigers (2023) CompleteSave the Tigers(IMDb 8.1/10)ယောကျာ်းတွေမကောင်းတဲ့ကား
ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား
အမျိုးသမီးအခွင့်အရေးတန်းတူရရေး
ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား
ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့
နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်တင်ဆက်ပေးမဲ့
imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီ
ဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ
save the tiger ကျားများကိုကယ်တင်ပါတဲ့
ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ်
ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ
ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့
တရားရုံးကို မိန်းမမခေါ်ရဲလို့
ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း
ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ
အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း
အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ
ကျားမအခွင့်အရေး အိမ်ထောင်ရေး
Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့
ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့
CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama
Twelve Days (2023)
⭐TMDB: 20.0% User Score
🎬 #Drama #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China #HongKong
⏰ 1 နာရီ 20 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် အချစ်ကားအေးအေးလေးတွေကို ကြိုက်တတ်တဲ့ပရိတ်သတ်တို့အတွက်12 Days ဆိုတဲ့ အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့-
လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင်ပြီးပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာသူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဇာတ်လမ်းတွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်းလှလှလေးတွေထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။
အချစ်ဆုံးဆိုတဲ့ လူနှစ်ယောက်က အိမ်ထောင်ကျပြီးနောက် အနေနီးပေမဲ့စိတ်ချင်းဝေးသွားကြပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်တစ်ခုတည်းနဲ့အိမ်ထောင်ပြုဖို့ မသင့်တော်ဘူးဆိုတာကို နားလည်စေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
ကဲ မိုးအေးအေးလေးနဲ့ feel ချင်တဲ့ ပရိသတ်ကြီးတို့ အတွက်ဒီကားလေးက အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။
The Ultimate Life (2013)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Drama #Romance
🗓️ 2013 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင်
အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရား
လို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင်
ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်း
သဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင်
ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာ
ဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာ
တစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့
ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့
ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့
သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။
သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲ
ဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။
The Ultimate Gift ၊ The Ultimate Life ၊ The Ultimate Legacyဆိုပြီး
The Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကို
CM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့
ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။
( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )
The Ultimate Life (2013)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Drama #Romance
🗓️ 2013 🎞️ Movie 📺 1080p

Upstream Color (2013)
⭐IMDB: 6.5/10 (34 k Votes)
🎬 #Drama #Sci-Fi #ScienceFiction #SciFi
🗓️ 2013 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကို
Shane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။
ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်း
သရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့
ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။
ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာ
ကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။
ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်
သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့
ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီး
ရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်က
Kris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။
သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး
ပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်
အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့
သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။
နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကို
ရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီး
နောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။
Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျ
လုနီးပါးဖြစ်ခဲ့တဲ့ အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာ
တွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။
Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီး သန်ကောင်ရဲ့
ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။
လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကို
ပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ ခံစားချက်တွေ အဖြစ်အပျက်
တွေကို ခံစားနေရပါတယ်။
သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီ
း သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုချိတ်ဆက်ကြမလဲ
ဆိုတာကို ကြည့်ရှုရမှာပါ။
(အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Phu Myat Thwe ဖြစ်ပါတယ်)
#Alive (2020)
⭐IMDB: 6.3/10 (43 k Votes)
🎬 #Action #Drama #Horror #Adventure #Thriller
🗓️ 2020 🎞️ Movie 📺 720p
🌎 #Sweden #SouthKorea
⏰ 1 နာရီ 38 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန်တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲရှိလာတဲ့အခါ…
သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲတစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာဘယ်လိုကူညီပေးကြမလဲ
ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ
trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့်ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ
ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင်သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်
Evil Dead (2013)
⭐IMDB: 6.5/10 (184 k Votes)
🎬 #Horror
🗓️ 2013 🎞️ Movie 📺 4K
🌎 #UnitedStates #NewZealand #Australia #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Evil Dead 2013 ကို ဆင်ဆာတွေမဖြတ်ထားတဲ့ BluRay Extended Version အသစ်နဲ့တင်ဆက်လိုက်ပါတယ်။
ဇာတ်လမ်းကတော့….
ဒီဇာတ်ကား စစချင်းမှာဆို လူငယ်ငါးယောက်ဟာ တောနက်ထဲက သစ်လုံးအိမ်တစ်ခုကိုအကြောင်းကိစ္စတစ်ခုနဲ့အတူ ရောက်လာကြပါတယ်။ဒါပေမဲ့ သူတို့ဟာ ထိုအိမ်ထဲမှာ အိပ်ပျော်နေတဲ့မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ သွားလှုပ်နိုးမိတဲ့ အခါမှာတော့အဲ့ဒီမကောင်းဆိုးရွားရဲ့ လက်ကနေ ဘယ်လိုအသက်ရှင် ရုန်းကန်လွတ်မြောက်ကြဖို့ ကြိုးစားကြမလဲ ဆိုတာ အရမ်းကိုစောင့်ကြည်ချင်စရာ ကောင်းပါတယ်။အောက်မှာ Review လေးကို ဆက်ဖတ်ကြည့်လိုက် ကြရအောင်ပါ။****Evil Dead 2013 ဟာဆိုရင် အရမ်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ Horror movie တစ်ခုလို့ပြောလာရင် ငြင်းစရာ မရှိပါဘူး။ဇာတ်လမ်း ဇာတ်ကွက်ကို သေချာထောင့်စိအောင် ပုံဖော် ဖွဲ့စည်းထားတာကိုလဲတွေ့ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Possession ဆိုတဲ့ ပြင်သစ်drama/ horror ဇာတ်ကားကို ပြေးမြင်မိရလောက်အောင် ပီပီပြင်ပြင်နဲ့ ကြောက်ရွံ့စိတ်လှုပ်ရှားဖို့ကောင်းတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ ဘယ်လိုပဲ စိတ်မသက်မသာ ကြောက်လန့်တုန်လှုပ်ရတဲ့ ဇာတ်လမ်းလို့ပဲဆိုဆို နောက်ဆုံးမိနစ်အပိုင်းအခြားကို ရောက်သည်အထိတကယ့်ကို သွေးပျက်ထိတ်လန့်ဖွယ်ရာ ပြကွက်တွေနဲ့ သင့်ကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းဆိုတာ အဆုံးရှိစမြဲဆိုရင်တောင် သင့်အနေနဲ့ နောက်ထပ်အပိုင်းဆက်တွေကို ကြည့်ရဖို့စိတ်အားထက်သန်နေလိမ့်မယ် ဆိုတာကတော့ အသေအချာပါပဲ။
ဇာတ်လမ်းကို စဖွင့်လိုက်တာနဲ့ အရင်ဆုံး သင့်ကိုဆွဲဆောင်ထားမှာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ သုံးထားတဲ့ Visual Effects တွေပါပဲ။သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေမှာဆိုရင်လဲ ရုပ်ရှင်ကြည့်နေရတယ်လို့ မထင်မှတ်ရလောက်အောင်သင့်ကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။တကယ့် ထိပ်ဆုံးတန်းဝင်တဲ့ ရိုက်ချက်တွေ သတ်ခန်းဖြတ်ခန်းတွေနဲ့ horror ဇာတ်လမ်းတခုလို့တောင် တင်စားလို့ရနိုင်ပါတယ်။ဇာတ်ဝင်ခန်းတစ်ခုစီရဲ့ တကယ့်အဓိက point တွေအတွက် ဒီဇာတ်ကားမှာ ဘတ်ဂျက်အများကြီးသုံးပြီးဖန်တီးထားတယ်ဆိုတာကိုလည်း settingတွေချထားတဲ့ သစ်လူံးအိမ်၊ ဇာတ်ဝင်ခန်းတွေမှာ အသုံးပြုထားတဲ့ ရှေးဟောင်းဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ကြည့်ရင် သိသာစေနိုင်ပါတယ်။သေချာတာတခုကတော့ 1981 မှာ ကိုယ်တိုင်ရေးသား ရိုက်ကူးခဲ့တဲ့ Evil Dead ကို အကောင်းဆုံး ပြန်ဖန်တီးတင်ဆက်ထားတဲ့ အနုပညာတခုဆိုတာပါပဲ။
ဒီဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာ audio effect တွေဟာဆိုရင်လည်း သူ့နေရာနဲ့ သူ့ဇာတ်ကွက်နဲ့သူ အပိုအလိုမရှိတော်တော်လေး တင်ဆက် မှု ကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။Chain saw တခုရဲ့ ခပ်ကြမ်းကြမ်း အသံကနေ စလို့ အသံကြားရုံနဲ့ ဇောချွေးပြန်လာတဲ့အထိခြောက်လှန့်နေမယ့် နောက်ခံတီးလူံး၊ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အသံဗလံတွေ၊စူးစူးဝါးဝါး အော်ဟစ်လိုက်သံတွေ ဟာ သင့်ရဲ့ကြောက်စိတ်ကို ထုထည်ကြီးကြီးမားမားနဲ့ ဖန်တီး ထိုးဆွနေမှာ ဖြစ်ပါတယ်။Evil dead ရဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု အရည်အသွေးကတော့ ဒီဇာတ်ကားနဲ့ တော်တော်လေးလိုက်ဖက်ညီပြီး ပြောစရာ မရှိတာကိုတွေ့ရမှာပါ။ဟာသဇာတ်ဝင်ခန်းတွေဟာ ဒီလိုဇာတ်လမ်းမျိုးနဲ့ မအပ်စပ်သလို တခုကျေးဇူးတင်ဖို့ ကောင်းတာကEvil Dead မှာ ဟာသ အခန်းတွေမပါဝင်လာတာပဲ ဖြစ်ပါတယ်။
တင်စားညွှန်းဆိုပြိး ပြောရမယ်ဆိုရင် သင့်ကို တည်ခင်းဖို့အတွက် အပြင်းထန်အရက်စက်ဆုံးကြောက်မက်ဖွယ်အကောင်းဆုံး ဇာတ်ကွက်တွေကိုပဲ ဒီဇာတ်ကားက ယူဆောင်လာပေးမှာပါ။Evil Dead ရဲ့ သရုပ်ဆောင်တွေကို ဘယ်သူက ပိုကောင်း ပါတယ်လို့ နှိုင်းယှဉ်ဖို့ ခက်လောက်အောင်ပဲတစ်ဦးချင်းစီရဲ့ သရုပ်ဆောင်အရည်အသွေးက ပေါ်လွင်လှပါတယ်။ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ဦးနဲ့ တစ်ဦး တွဲဖက်ညီညီ ပန့်ပိုး သရုပ်ဆောင်သွားတာကိုလဲ သင့်အနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Horror Rating 9/10 အထိရထားတဲ့ မဖြစ်မနေကြည့်ရှုခံစား စီးမျောသင့်တဲ့ ရက်ပေါင်းများစွာအထိသင့်မြင်ကွင်းထဲမှာ စွဲထင် ခြောက်လှန့်နေမဲ့ Evil Dead (2013) ပဲ ဖြစ်ပါတော့တယ်။
(ရုပ်ရှင်အညွှန်းကိုFinal Girl-Horror Fanpageမှကူးယူဖော်ပြပါသည်။)

Honor Society (2022)
⭐IMDB: 6.5/10 (8 k Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honor Society (2022)================IMDb Rating – 6.5/10
လူကြီးတွေရော ကလေးတွေပါ ကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါးကျောင်းဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။2022 က ထွက်ရှိထားပြီး ကြည့်ရှုနှုန်း rating တွေ မြင့်ခဲ့တဲ့ဒါရိုက်တာ Oran Zagman ရဲ့ masterpiece လေးဖြစ်ပြီး AngourieRice,Gaten Matarazzo(stranger things ထဲက ဒတ်စတင်) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
အော်နာ(Angourie Rice) ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးဟာ သူ့ရဲ့အောင်မြင်မှုအတွက်ဆို ဘာမဆိုလုပ်မယ့် high archeiver,စီနီယာအထက်တန်းကျောင်းသူလေးပါ။ ဘယ်သူ့ရဲ့ ဖိအားပေးမှုကြောင့်မှမဟုတ်ဘဲ သူကိုယ်တိုင်က နေရာတိုင်းမှာ အဆင့် ၁ ဖြစ်ချင်နေတဲ့ သူပေါ့။သူ့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တဲ့ဟားဗတ်တက္ကသိုလ်ကို သူ့အရည်အချင်းနဲ့သူ တက်ရောက်နိုင်ဖို့ပါ။ သူ့ရဲ့ဆွေးနွေးအတိုင်ပင်ခံ ဖြစ်တဲ့ မစ္စတာကာဗင် (Christopher Mintz-Plasse)က ဟားဗတ်တက္ကသိုလ်နဲ့ အဆက်အသွယ်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့သူပေါ့။
သူက အော်နာ တို့အတန်းထဲက ထိပ်တန်း ၄ ယောက်ထဲက ထိပ်ဆုံးတစ်ယောက်ကို ဟားဗတ်မှာတက်နိုင်ဖို့ ထောက်ခံပေးမယ်လို့ ပြောပါတယ်။ မစ္စတာကာဗင်ရဲ့ထောက်ခံပေးတာကို လိုချင်တဲ့ အော်နာ တစ်ယောက် အဆင့်၄ ဖြစ်နေတဲ့အခါမှာသူ့အထက်က သုံးယောက်ကို ဖြုတ်ချဖို့ ကြံစည်ပါတော့တယ်။ ပြိုင်ဘက်တွေကိုယုံကြည်ချက်အပြည့်နဲ့ တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ရင်း မထင်မှတ်ဘဲအကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ ကောင်လေး မိုက်ကယ်(ဒတ်စတင်)ကိုချစ်မိသွားတဲ့အခါ…..
Comedy ဆိုပေမဲ့ ပေါတောတောကြီးမဟုတ်ဘဲ ငြိမ့်ငြိမ့်လေးနဲ့ ချက်ကျလက်ကျခွီပြီးကြည့်ရမှာပါ။ လူငယ်တွေအတွက် အတုယူသင့်တာယူ ရှောင်သင့်တာရှောင်ဖို့သင်ခန်းစာပေးထားတာတွေလည်း ပါတာမို့ ရည်မှန်းချက်ကိုယ်စီရှိကြတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ ဒီကားကနေ အထောက်အကူတစ်ခုခုရလိမ့်မယ်လို့ ယုံကြည်ပါတယ်…ကြည့်ကိုကြည့်သင့်တယ်နော်!!!
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khaing Khin ဖြစ်ပါတယ်)
Honor Society (2022)
⭐IMDB: 6.5/10 (8 k Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p

The Big Wedding (2013)
⭐IMDB: 5.6/10 (51 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2013 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒွန်နဲ့ အယ်လီဟာ တစ်ခါက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲပါ။
ချစ်စရာအိမ်လေးမှာ အတူနေခဲ့ကြပြီး သားသမီး သုံးယောက်ရှိပါတယ်။
သား ဂျဲရက်ဒ် သမီး လိုင်လာနဲ့ မွေးစားသား အယ်လ်ဟန်ဒရိုပါ။
လက်ရှိမှာတော့ အကြောင်းကြောင်းကြောင့် ကွာရှင်းလိုက်ကြပြီး
ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ အယ်လီကတော့ အိမ်ကနေ
ထွက်သွားပြီး အပြင်မှာ သီးသန့်နေပါတယ်။ ဒွန်ကတော့ အရင်အိမ်မှာပဲ
အယ်လီရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဘီနဲ့ တွဲခုတ်နေပါတယ်။
ဒွန်နဲ့ အယ်လီရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုက သူတို့သူငယ်ချင်းတွေဖြစ်တဲ့
ဘယ်ရီနဲ့ မက်ဖင်တို့ရဲ့ သမီး မယ်လီဆာနဲ့ လက်ထပ်ပါတော့မယ်။
လက်ထပ်ပွဲကို အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားလည်း ကိုလမ်ဘီယာ
ကနေလာမှာပါ။ ပြဿနာက အဲဒီမှာ စတာပါတယ်။ အယ်လ်ဟန်ဒရိုရဲ့
အမေရင်း မက်ဒေါနားက ကတ်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်း
ယုံကြည်သက်ဝင်သူပါ။ ကွာရှင်းတာကိုလည်း ပြစ်မှုကြီးလို့ ယုံကြည့်
လက်ခံထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေး
အယ်လ်ဟန်ဒရိုကို အပြစ်ကျူးလွန်တဲ့ အယ်လီနဲ့ ဒွန်က (၁၅) နှစ်ကြ
ာ ပျိုးထောင်ပေးထားတယ်ဆိုတာ သိသွားရင် တုန်လှုပ်သွားမှာစိုးလို့
ဒွန်နဲ့ အယ်လီ ကွာရှင်းထားတာကို မပြောဘဲ လိမ်ထားလိုက်ပါတယ်။
မင်္ဂလာပွဲ မပြီးခင်အထိ ဒွန်နဲ့ အယ်လီတို့ လက်ထပ်ထားတဲ့ စုံတွဲအဖြစ်
ဟန်ဆောင်ရပါတော့မယ်။
ဒွန်နဲ့ အယ်လီတို့ အောင်အောင်မြင်မြင် ဟန်ဆောင်နိုင်ပါ့မလား ဒွန်နဲ့တွဲ
ခုတ်နေတဲ့ ဘီဘီကရော လက်ခံပါ့မလား တလွဲတွေလုပ်ပြီး ဘယ်လို
တွေခွီရဦးမလဲ။ ကြည့်နေတဲ့အချိန်မှာ အပျော်တွေကူးစက်စေမယ့်
မိသားစုဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးဖြစ်တာမို့ ခံစားကြည့်လိုက်ကြပါဦးနော်။
(ဘာသာပြန်နဲ့ အညွှန်းကို Phu Myat Thwe ရေးသားထားပါတယ်)
Angels and Insects (1995)
⭐IMDB: 6.8/10 (5 k Votes)
🎬 #Drama #Romance
🗓️ 1995 🎞️ Movie 📺 480p
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 52 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.8/10
ဒီဇာတ်ကားက Don’t look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။
ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ မစ္စတာအမ်ဒမ်ဆမ် သူရေးတဲ့စာအုပ်ကို အဆုံးသတ်နိုင်ပါ့မလား၊ ဘယ်လိုတွေများရေးသွားမလဲ၊ စာအုပ်ရေးပြီးသွားတဲ့နောက်မှာ ယူဂျီနီးယားနဲ့ အင်္ဂလိပ် လူချမ်းသာတွေရဲ့ဘဝမှာ လျှို့ဝှက်ချက်တွေက ဘာများရှိမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့တွေလည်း အတော်လေး လေးနက်ပြီး Dramaဆန်ဆန်လေးဖြစ်တော့ ရုပ်ရှင်က ကောင်းပြီးရင် ကောင်းပေါ့ဗျာ။ ကဲ စကားတွေ ဖောင်ဖွဲ့မနေတော့ဘဲ ရုပ်ရှင်လေးကို ကြည့်ရှု့ခံစားလိုက်ရအောင်ဗျာ။
( တချို့အပိုင်းတွေက ပွင့်ပွင့်လင်းလင်း ရိုက်ပြထားတာတွေမို့ မိသားစု/၁၈နှစ်မပြည့်သေးသူများနဲ့ အတူကြည့်ရန် မသင့်တော်ပါ )
Soppana Sundari (2023)
⭐IMDB: 7.6/10 (431 Votes)
🎬 #Bollywood #Comedy #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 1 နာရီ 56 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Soppana Sundari 2023IMDb – 7.8/10
တေလဂူး မင်းသမီးချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်းကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။
ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ…ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့…အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား…သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်းလူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Gardens of Stone (1987)
⭐IMDB: 6.4/10 (6 k Votes)
🎬 #Drama #History #Romance #War
🗓️ 1987 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 52 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ … အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး
Gardens of Stone (1987)
⭐IMDB: 6.4/10 (6 k Votes)
🎬 #Drama #History #Romance #War
🗓️ 1987 🎞️ Movie 📺 1080p

Rebound (2023)
⭐IMDB: 7.0/10 (43 Votes)
🎬 #Drama #Sport
🗓️ 2023 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 2 နာရီ 2 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rebound (2023)
၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီ
ဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာနည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါ
တစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲ
အောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများဆွဲခေါ်သွားမလဲဆိုတာအပြင်ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါ
Casts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင်သရုပ်ဆောင်အားလုံးက Basketball ကိုပါ သင်ယူပြီး ရိုက်ကူးထားကြတာဖြစ်လို့ ကြည့်ရှုရတန်မယ့် ဇာတ်ကားတစ်ကားပါပဲ။
(ကိုရီးယားစကားမှ တိုက်ရိုက်ပြန်ဆိုထားခြင်း ဖြစ်သည့်အတွက်အားကစား အသုံးအနှုန်းများနှင့် ဒေသခံ လေယူလေသိမ်းတို့ လွဲချော်မှု ရှိခဲ့ပါကချစ်သောမျက်စိဖြင့် ကြည့်ရှု ခံစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်နော်)
အညွှန်းကိုတော့Hmwe Thet Winnက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။
Avatar: The Last Airbender (2005-2008)
⭐IMDB: 9.3/10 (330 k Votes)
🎬 #Animation #Action #Adventure #Family #Fantasy #Mystery
🗓️ 2005-2008 🎞️ Series 📺 1080p
🌎 #UnitedStates
⏰ 24 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Avatar: The Last Airbender (2005)
Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating – 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ “ရေ၊ မြေ၊ လေ၊ မီး” ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။
နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။
ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။
ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ
Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့တွေ
အတူတူပူးပေါင်းပြီး ကမ္ဘာကြီးကို မီးနိုင်ငံရဲ့လက်ထဲက အရ ပြန်ကယ်ကြတဲ့ စွန့်စားခန်းတွေကို
ဒီဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို William Maung မှ တင်ဆက်ထားပါတယ်။)File Size –(350 MB) Appx;@Episode
The Craft (1996)
⭐IMDB: 6.4/10 (99 k Votes)
🎬 #Drama #Fantasy #Horror #Thriller
🗓️ 1996 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း တော်တော်လှကြတဲ့အတွက် ပရိသတ် တော်တော်များများ အကြိုက်တွေ့ကြမှာပါ…။
The Craft (1996)
⭐IMDB: 6.4/10 (99 k Votes)
🎬 #Drama #Fantasy #Horror #Thriller
🗓️ 1996 🎞️ Movie 📺 1080p