ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Tori and Lokita (2022)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Belgium #France
⏰ 1 နာရီ 28 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tori and Lokita (2022)
~ IMDb – 7/10, RT – 89%, Meta – 75% ~
Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။
ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ လိမ်လည်ပြီး ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
တရားခွင်နေထိုင်ခွင့်လက်မှတ်ရရင်ဖြင့် အိမ်အကူသင်တန်းလေး တက်ပြီး အိမ်အကူလုပ်ရင်း မူလနိုင်ငံမှာကျန်ခဲ့တဲ့ မောင်အရင်း ၅ယောက်ရဲ့ ကျောင်းစားရိတ်အတွက် ပြန်ထောက်ပံ့ဖို့ စိတ်ကူးထားတဲ့ လိုကီတာလေးဟာတော့ အိပ်မက်နဲ့ ဝေးတဲ့အပြင် ၂ယောက်သား မူးယစ်ဆေးလိုက်ပို့ပေးတဲ့အလုပ်ကို လုပ်နေရပါတယ်။ အမေ့ဆီ ပြန်ပို့နိုင်ဖို့သာသာ သူတို့ကို နိုင်ငံထဲ ခိုးသွင်းပေးတဲ့ ပွဲစားတွေဆီလည်း အကြွေးတင်နေပါသေးတယ်။
ဘလ်ဂျီယံလို ဥရောပနိုင်ငံမျိုးဆီ လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်တို့ကို မျှော်ကိုးအိပ်မက်ပြီးရောက်လာကြတာပါပဲ။ မတော်တရားမှုတွေ မျှော်လင့်ချက်ပျက်သုဉ်းမှုတွေထဲ ပိတ်မိရင်း ဥပဒေပြင်ပကနေ ရာဇဝတ်မှုတွေရဲ့ ခြေကျင်းခတ်ခံရတဲ့ အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူလေး ၂ဦးကြားက သွေးမတော်သားမစပ်သည့်တိုင် အပြန်အလှန်ဖေးမရင်း တွယ်ခဲ့ကြတဲ့ သံယောဇဉ်လေးကို ရှုစားရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
Tori and Lokita (2022)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD

Iratta (2023)
⭐IMDB: 7.8/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 51 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Iratta (2023)IMDb 7.8/10
Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယတောင်ပိုင်းဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။
ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်းသေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာလူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။
အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကိုလူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အလီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ်တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။..
The Contract (2006)
⭐IMDB: 5.6/10 (25 k Votes)
🎬 #Action #Adult #Crime #Drama #Thriller
🗓️ 2006 🎞️ Movie 📺 720p HD
🌎 #UnitedStates #Germany
⏰ 1 နာရီ 36 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝါရင့်မင်းသားကြီး Morgan Freeman နဲ့ John Cusack တို့ရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီမင်းသားတွေရဲ့ဇာတ်ကားဆိုတော့ ဇာတ်ကားကောင်းပါတယ်ဆိုပြီး အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။
ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရေး ဟာ ဇနီးသည်မရှိတော့ဘဲ ကျန်ခဲ့တဲ့သားတဲ့အတူ နေထိုင်တဲ့သူဖြစ်ပါတယ်။ ဇနီးသည်သေဆုံးပြီးကတည်းက အဆင်မပြေနေခဲ့တဲ့ သူတို့ဘ၀ကို ပြန်ပြီးအဆင်ပြေအောင်လုပ်ဖို့အတွက် တောတွင်းစခန်းချဖို့ လာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကအနားယူပြီးနောက်ပိုင်း နာမည်တုတွေနဲ့လှုပ်ရှားတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ဟာ သူတို့စာချုပ်ချုပ်ထားတဲ့ အလုပ်တစ်ခုအတွက် လူတစ်ယောက်ကိုလုပ်ကြံဖို့ စီစဉ်နေကြပါတယ်။ ဒီလိုနဲ့ တောတွင်းစခန်းလာချကြတဲ့ရေးတို့သားအဖနဲ့ ကြေးစားလူသတ်သမားတို့ထိပ်တိုက်တွေ့ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ The Contract ဇာတ်လမ်းကြီး စတင်ပါတော့တယ်။
Wall Street: Money Never Sleeps (2010)
⭐IMDB: 6.2/10 (104 k Votes)
🎬 #Drama #Crime
🗓️ 2010 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wall Street: Money Never Sleeps(2010)
***********************************
Shia LaBeoufနဲ့Michael Douglasတို့လို ဆရာကြီးတွေ
အဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်…
ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါGordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် …
အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်း
ဆုံးရှုံးခဲ့ရပါသေးတယ်… အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ…တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် …
ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်…အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီး
သူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ…သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ….
Wall Street: Money Never Sleeps (2010)
⭐IMDB: 6.2/10 (104 k Votes)
🎬 #Drama #Crime
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wall Street: Money Never Sleeps(2010)
***********************************
Shia LaBeoufနဲ့Michael Douglasတို့လို ဆရာကြီးတွေ
အဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်…
ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါGordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် …
အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်း
ဆုံးရှုံးခဲ့ရပါသေးတယ်… အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ…တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် …
ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်…အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီး
သူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ…သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ….
The Contract (2006)
⭐IMDB: 5.6/10 (25 k Votes)
🎬 #Action #Adult #Crime #Drama #Thriller
🗓️ 2006 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Germany
⏰ 1 နာရီ 36 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝါရင့်မင်းသားကြီး Morgan Freeman နဲ့ John Cusack တို့ရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီမင်းသားတွေရဲ့ဇာတ်ကားဆိုတော့ ဇာတ်ကားကောင်းပါတယ်ဆိုပြီး အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။
ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရေး ဟာ ဇနီးသည်မရှိတော့ဘဲ ကျန်ခဲ့တဲ့သားတဲ့အတူ နေထိုင်တဲ့သူဖြစ်ပါတယ်။ ဇနီးသည်သေဆုံးပြီးကတည်းက အဆင်မပြေနေခဲ့တဲ့ သူတို့ဘ၀ကို ပြန်ပြီးအဆင်ပြေအောင်လုပ်ဖို့အတွက် တောတွင်းစခန်းချဖို့ လာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကအနားယူပြီးနောက်ပိုင်း နာမည်တုတွေနဲ့လှုပ်ရှားတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ဟာ သူတို့စာချုပ်ချုပ်ထားတဲ့ အလုပ်တစ်ခုအတွက် လူတစ်ယောက်ကိုလုပ်ကြံဖို့ စီစဉ်နေကြပါတယ်။ ဒီလိုနဲ့ တောတွင်းစခန်းလာချကြတဲ့ရေးတို့သားအဖနဲ့ ကြေးစားလူသတ်သမားတို့ထိပ်တိုက်တွေ့ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ The Contract ဇာတ်လမ်းကြီး စတင်ပါတော့တယ်။
Barbie: Skipper and the Big Babysitting Adventure (2023)
⭐IMDB: 6.9/10 (31 Votes)
🎬 #Family #Animation
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 4 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barbie: Skipper and the Big Babysitting Adventure(2023)
*****************************************************
ဘာဘီကားကြိုက်တဲ့သူတွေအတွက် လတ်လတ်ဆက်ဆက်အသစ်ထွက်ထားတဲ့
ဘာဘီကားလေးလာပါပြီ။ ဒါပေမဲ့ဒီကားလေးကတော့ ဘာဘီ့ညီမဖြစ်တဲ့
စကစ်ပ်ပါရဲ့ ဇာတ်ကားလေးပါ။ နွေရာသီပိတ်ရက်မှာ ကလေးထိန်းစင်တာလေးဖွင့်ထားတဲ့
စကစ်ပ်ပါတစ်ယောက် အဆင်ပြေပြေကလေးထိန်းနိုင်ပါ့မလား..
ဘယ်လိုပြဿနာတွေဖြစ်ပြီး သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကတော့…
Home Before Dark (2020- )
⭐IMDB: 7.5/10 (11 k Votes)
🎬 #Mystery #Drama #Crime
🗓️ 2020- 🎞️ Series 📺 1080p FHD
🌎 #UnitedStates
⏰ 46 မိနစ် 28 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Home Before Dark – Season (01)Home Before Dark – Season (01)
======================
IMDb Rating – 7.5/10ခင်ဗျားတို့ အသက် ၉ နှစ်အရွယ်မှာ ဘာလုပ်နေကြပြီလဲ၊
သံပြိုင်ကဗျာတွေ သီဆိုရင်း ဆော့ကစားလို့ ကောင်းတုန်း၊
ညောင်ပင်တစ္ဆေဝေလေလေ လုပ်လို့ကောင်းတုန်းပဲလား၊
ဒီထဲက ဟေလ်ဒီဆိုတဲ့ ၉ နှစ်အရွယ် ကလေးမကတော့
သတင်းစာတွေထုတ်ဝေပြီး အမှုတွေတောင် လိုက်ဖြေရှင်း
ပေးနေပြီဗျ။
အဖြစ်ကတော့ ဒီလိုဗျာ . ဟေလ်ဒီရဲ့ အဖေက မှုခင်းသတင်း
တွေကိုလိုက်တဲ့ သတင်းထောက်တစ်ယောက်။တစ်နေ့ သူတို့
မိသားစုက သူ့အဖေရဲ့ မြို့လေးကို ပြောင်းရွှေ့ခဲ့ရပြီး အဲဒီမှာပဲ
အခြေချဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမြို့
လေးမှာ သူ့အဖေက အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုရဲ့
ပါဝင်ပတ်သက်သူအဖြစ် နာမည်ကြီးနေတာကို သူတို့က
မသိကြဘူး။မြို့ကိုရောက်ရောက်ချင်းမှာပဲ ကလေးမရဲ့ ပထမဆုံးမိတ်ဆွေ
တစ်ယောက် အသတ်ခံရလိုက်ရပြီး ထူးဆန်းမှုတွေ ဆက်တိုက်ပဲ
ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီထူးဆန်းမှုတွေ၊ လူသတ်မှုတွေ၊ သူ့အဖေ
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အဖြေရှာမရတဲ့အမှုတွေ ဒါတွေ
အားလုံးက ဟေလ်ဒီ့အတွက် လက်မလွှတ်နိုင်စရာ အနံ့တွေဖြစ်
လာခဲ့ပြီး ပဟေဠိတွေ အဖြေညှိဖို့ ကြိုးစားတော့တာပါပဲ။ဒီဇာတ်လမ်းက ကြည့်ရှု့သူတွေကို သံသယဖြစ်စရာ တွေနဲ့ အဆုံး
ထိဆွဲခေါ်သွားပေးမယ့် crime and mystery ဇာတ်လမ်းမျိုးပါ။
Rating ကောင်းတွေလည်း ရရှိထားပြီး Season -2 ထိပါ ဆက်
တိုက်ထွက်ရှိထားပြီးပါပြီ ဆိုတော့ စောင့်ရတာမကြိုက်တဲ့ CM
ပရိသတ်တွေအတွက် Season 1 အစအဆုံးအကုန် တင်ဆက်ပေး
လိုက်ပါပြီခင်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(350 MB) / (880 MB)
The Romantics (2023- )
⭐IMDB: 8.0/10 (1 k Votes)
🎬 #⁉️️ #Documentary
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 49 မိနစ် 21 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Romantics(2023)The Romantics 2023IMDb-8/10
အမီတာဘဂျမ်း ရှာရွတ်ခန်း ဆယ်လ်မန်ခန်း ကာဂျိုးလ် ရန်ဘီးကပူး အာမီခန်း ရီသိက် ကတ်တရီးနား ရာနီး
ရန်ဗီးဆင်းဂ် တို့လို နာမည်ကြီးအနုပညာရှင်ပေါင်းများစွာလာရောက်ပြီး သူတို့ရိုက်ခဲ့ဖူးတဲ့ကားတွေအကြောင်း
အိန္ဒိယရုပ်ရှင်လောကသမိုင်းမှာ သူတို့ကိုယ်တိုင်ကြားသိကြုံတွေ့ခဲ့ရတာတွေကိုစုံစုံလင်လင်သိမြင်ခံစားရမယ့် Docuseries လေးခံစားကြည့်ပါဦး“အိန္ဒိယရုပ်ရှင်အကြောင်းပြောမယ်ဆိုရင် Deewar ရုပ်ရှင်အကြောင်း မပြောလို့မရဘူး”လို့ ပြောစမှတ်ပြုရလောက်တဲ့
Deewar ရုပ်ရှင်ဖန်တီးရိုက်ကူးခဲ့သူတွေရဲ့ စကားတွေ အောင်မြင်လွှမ်းမိုးခဲ့ပုံတွေ၂၀၁၈မှာ သေဆုံးခဲ့ရတဲ့ ရှရီးဒေဗီရဲ့ အအောင်မြင်ဆုံးကားဖြစ်ခဲ့တဲ့ ချန်ဒနီရုပ်ရှင်ရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေစတဲ့
ဇာတ်လမ်းပေါင်းများစွာရဲ့ နောက်ကွယ်ကအကြောင်းရင်း ဖန်တီးသူအနုပညာရှင်တွေရဲ့
ဖန်တီးဖြစ်ခဲ့တဲ့စိတ်ကူးတွေ အဲဒီချိန်ကရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်အိန္ဒိယအချစ်ဇာတ်လမ်းရုပ်ရှင်တွေရဲ့
ကနဦးထုတ်လုပ်ရေး Yash Raj Films ဖြစ်တည်လာပုံနဲ့ ယာ့ရှ်ချိုပရာရဲ့ ဘ၀ဇာတ်ခုံ ၊
ယာ့ရှ်ရဲ့ အစ်ကိုကြီးဘီအာချိုပရာစတင်တည်ထောင်လိုက်တဲ့ ရုပ်ရှင်လုပ်ငန်းတစ်ခုကို
ယာ့ရှ်ချိုပရာက အချစ်ဇာတ်လမ်းတွေနဲ့ပိုမိုထိုးဖောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့သားအာဒီချိုပရာက
လူငယ်တွေလိုချင်တမ်းတနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့တဲ့အကြောင်းတွေ
မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတိုးတက်အောင်မြင်ခဲ့ပုံတွေဘောလိဝုဒ်ရုပ်ရှင်လောကမှာလူပြောများတဲ့ ဆွေမျိုးကောင်းစားရေးဝါဒီဆိုတာရော
တကယ်လား တကယ်ရော ဆွေကြီးမျိူးကြီးဖြစ်တာနဲ့အောင်မြင်နိုင်သလားဆိုတာကို
ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ကိုစံထားရှင်းပြသွားတာကိုပါ သိရမှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်နေသူတွေရဲ့ ဘ၀အစမှာ
ခံစားဖြတ်သန်းခဲ့ရပုံတွေ ၊ သူတို့တွေလည်းတစ်ချိန်ကကိုယ်တွေလိုပဲ
ခံစားခဲ့ရတာပါလားဆိုတာကိုကြည့်ပြီး စိတ်ခွန်အားတွေယူနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ဘာကားကြည့်ရမလဲလို့ အမြဲမေးနေတဲ့ CM ပရိသတ်ကြီးတွေအတွက်လည်း
ဘယ်ကားတွေကိုဘာကြောင့်ကြည့်ရမလဲဆိုပြီး ဒီထဲမှာ သရုပ်ဆောင်တွေဒါရိုက်တာတွေထုတ်လုပ်သူတွေက ဖြေပေးပါလိမ့်မယ်Quality : 1080p NF WEB DL / 720pTotal Episodes : 4EpsFormat : mp4Genres :DocumentaryDuration :54mSubtitle : Myanmar Subtitle ( Hardsub )
Deadly Flower (2023)
⭐⁉️
🎬 #Action #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 20 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ်ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကိုရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။
အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲအမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ …?
❏ အကြီးဖြစ်သူ သမီးလေးဟာဆိုရင် ဂျပန်တော်လှန်ရေးအဖွဲ့မှာပါဝင်ဦးဆောင်နေပြီး ဖခင်ဖြစ်သူကို လုပ်ကြံဖို့ ကြံစည်နေတဲ့အခါ ?❏ တစ်ဖက်မှာလဲ အငယ်ဖြစ်သူ သမီးမှာတော့ ဖခင်ရဲ့ချစ်သမီးလေးအဖြစ်ရှင်သန်နေပြီး ဂျပန်ရဲ့ လက်အောက်မှာ ရှိနေတဲ့အခါ ?
မတူညီတဲ့ အမွှာညီမနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာ ဘယ်လိုဆက်ပြီးဖြစ်ကြမှာလဲ ။မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်က အမွှာညီအစ်မတွေပြန်လည်ဆုံတွေ့နိုင်ပါ့မလား ။ ရက်စက်လှတဲ့ဂျပန်တပ်တွေနဲ့ဖခင်ဖြစ်သူကိုရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရန်အတွက် ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။
Bruiser (2022)
⭐IMDB: 5.9/10 (484 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bruiser (2022)===========
ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရမလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော်ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ်သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိအဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီးဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။
သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်းတင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက်ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ်အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်းမတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

The Red Dress (2015)
⭐IMDB: 3.7/10 (129 Votes)
🎬 #Drama #Thriller
🗓️ 2015 🎞️ Movie 📺 720p HD
🌎 #Canada #Malta
⏰ 1 နာရီ 26 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Red Dress (2015)===============
ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့်ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလားဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။
ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့ဖောက်ပြန်ရေးဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေအားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံကစတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှုက အေးချမ်းနေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)
Mommy's Little Star (2022)
⭐IMDB: 4.6/10 (134 Votes)
🎬 #Drama #TVMovie #Thriller #Crime
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 26 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mommy’s Little Star (2022)====================
မိသားစုအတူတူ ဒါမှမဟုတ် မေမေနဲ့အတူကြည့်လို့ကောင်းမယ့်ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Thriller လို့ဆိုပေမဲ့ တကယ်တမ်းတော့ ဒီတိုင်းအပျော်လေးကြည့်လို့ကောင်းမယ့်ကားမျိုးပါ။
အော်လီဗီယာဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်မလေးဟာ မိဘတွေကွာရှင်းထားတာကြောင့် အဖေနဲ့ပဲ နေရသူပါ။ အမေနဲ့လည်းနေချင်ပေမဲ့သူ့အမေရဲ့ အခြေအနေတချို့ကြောင့် နေခွင့်မရသေးပါဘူး။ တစ်နေ့တော့ သူ့အမေနဲ့အချိန်များများနေခွင့်ရဖို့ သူအမေဆီက ချီကျူးခံရဖို့ကိုမျှော်လင့်ပြီး ဆိုရှယ်မီဒီယာကနေတဆင့် နာမည်ကြီးလုပ်ဖို့ စဉ်းစားမိသွားပါတယ်။
အဲဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ influencer ဖြစ်ခွင့်ရမယ့် ပြိုင်ပွဲတစ်ခုကို၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲဟာ ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ အော်လီဗီယာ့ပြိုင်ပွဲကို ကိုယ်ကျိုးရှာတဲ့မသမာသူတွေ ၀င်နှောင့်ယှက်တာခံနေရမှန်း မိခင်ဖြစ်သူလော်ရင်းန် ရိပ်မိသွားတဲ့အခါမှာတော့ အော်လီဗီယာတစ်ယောက် အကြီးအကျယ်မျှော်လင့်ထားခဲ့သလိုပြိုင်ပွဲမှာ အနိုင်ရပါ့မလား၊ သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ အန္တရာယ်တွေကို ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)
The Red Dress (2015)
⭐IMDB: 3.7/10 (129 Votes)
🎬 #Drama #Thriller
🗓️ 2015 🎞️ Movie 📺 1080p FHD

80 for Brady (2023)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Comedy #Drama #Sport
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
80 for Brady (2023)
ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ၂ဆုရထားတဲ့ မင်းသမီးကြီးပါပဲ။ လီလီကတော့ အော်စကာမရဖူးပေမဲ့ အမ်မီ၊ ဂရမ်မီနဲ့ တိုနီဆုတွေ ရထားတဲ့ မင်းသမီးပါပဲ။ ဒီလိုဒိတ်ဒိတ်ကြဲဖြစ်ခဲ့တဲ့ မင်းသမီးကြီးတွေရဲ့ ကြည့်လိုက်တာနဲ့ကို ရင်ထဲနွေးသွားစေမယ့် သူငယ်ချင်းတွေကြား ၅၂၈ လေးကို ပုံဖော်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
အသက် ၈၀ အရွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သူငယ်ချင်းလေးယောက် သူတို့အားပေးလာခဲ့တဲ့ အမေရိကန်ဘောလုံး အားကစားသမား တွမ်ဘရန်ဒီရဲ့ ဖိုင််နယ်ပွဲကို စူပါဘိုးမှာ သွားကြည့်ဖို့ ကြိုးစားရင်း သူငယ်ချင်းတွေရဲ့ အလွဲလေးတွေကို ရယ်ရယ်မောမောကြည့်ရမှာဖြစ်သလို သူငယ်ချင်းတွေကြားက အချစ်တွေမေတ္တာတွေကိုလည်း သေချာလေးရိုက်ပြထားတာဖြစ်လို့ ကြည့်နေရင်းနွေးထွေးစေမယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။
ကြည့်ရှုသူတွေထဲမှာရော အသက် ၈၀ကျော်တဲ့အထိ ကိုယ်နဲ့အတူကဲမယ့် သူငယ်ချင်းတွေရထားပြီလားပြန်လည်စဥ်းစားကြည့်ပါခင်ဗျ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
Royal Rendezvous (2023)
⭐IMDB: 6.0/10 (142 Votes)
🎬 #Romance #TVMovie
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #Ireland #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Royal Rendezvous(2023)
**********************
fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်
ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။
လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့
အမေရိကန် ကိုလမ်ဘီယား ကပြားမ လေးတစ်ယောက်
တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင်
ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင်
သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့……