en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Faraway (2023) ⭐IMDB: 6.6/10 (823 Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Germany ⏰ 1 နာရီ 49 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Faraway(2023) ************** Zeynep ဆိုတဲ့အမျိုးသမီးဟာ သူ့အမေ ဆုံးသွားလို့ စိတ်ထိခိုက်နေရတာပါ…. အဲ့ဒီလို အချိန်မှာတောင် သူ့ယောကျာ်းဖြစ်သူက သူ့ဘေးနာမှာမရှိနေပေးဘဲ ကောင်မလေးငယ်ငယ်နဲ့ ဖောက်လွှဲဖောက်ပြန် လုပ်ခဲ့ပါတယ်…ကံကောင်းတာ တစ်ခုက သူမ အမေက သူမအတွက် ကျွန်းတစ်ကျွန်းမှာ အိမ်တစ်လုံးဝယ်ထားပေးခဲ့ပါတယ် အမေဆုံးတာတစ်မျိုး ယောကျာ်း ဖောက်ပြန်တာက တစ်ကြောင်းနဲ့ သူဟာ အဲ့ဒီကျွန်းပေါ်ကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်…အဲ့ဒီကျွန်းက အိမ်မှာ လူတစ်ယောက်လည်းရှိနေပါတယ် အဲ့ဒီလူကရော ဘယ်လိုလဲ ကျွန်းပေါ်မှာ အဲ့ဒီလူနဲ့ရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့…

Royal Rendezvous (2023) ⭐IMDB: 6.0/10 (142 Votes) 🎬 #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Royal Rendezvous(2023) ********************** fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့ အမေရိကန် ကိုလမ်ဘီယား ကပြားမ‌ လေးတစ်ယောက် တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင် ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင် သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့……

အဆိပ်သင့်အနမ်း ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p FHD 🌎 #Myanmar ⏰ 1 နာရီ 8 မိနစ် 8 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 အိပ်မက်ထဲကချစ်သူကိုမျှော်လင့်စောင့်ဆိုင်းနေခဲ့တဲ့တောသူမလေးအဖြစ် နှင်းဆီ…အိပ်မက်ထဲကမင်းသားလေးကိုအပြင်မှာတွေ့ပြီးသိပ်ချစ်ကြတဲ့ ချစ်သူအဖြစ်ပြောင်းလဲသွားတဲ့ ရဲရင့် နဲ့ နှင်းဆီ…မိဘတွေကြောင့်အဆင့်အတန်းတူတဲ့ မီမီဦး ကိုလက်ထပ်ဖို့ဖြစ်လာခဲ့တဲ့ ရဲရင့်…မိဘတွေထက်အိပ်မက်ထဲက မင်းသားကိုပိုချစ်ခဲ့မိတဲ့ နှင်းဆီ အတွက် လောကဓံရဲ့ရိုက်ခက်မှုကဘယ်လောက် ဆိုးသွန်းမလဲဆိုတာ…သိပ်ချစ်တတ်တဲ့ နှင်းဆီ မှာ ရဲရင့် အတွက် အဆိပ်သင့်အနမ်း အဖြစ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ… သရုပ်ဆောင် ကျော်ရဲအောင်၊ ထူးအောင်၊ ညီထွဋ်ခေါင် စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရွှေသမီး ဒါရိုက်တာ နေပိုင်

Faraway (2023) ⭐IMDB: 6.6/10 (800 Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Germany ⏰ 1 နာရီ 49 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Faraway(2023) ************** Zeynep ဆိုတဲ့အမျိုးသမီးဟာ သူ့အမေ ဆုံးသွားလို့ စိတ်ထိခိုက်နေရတာပါ…. အဲ့ဒီလို အချိန်မှာတောင် သူ့ယောကျာ်းဖြစ်သူက သူ့ဘေးနာမှာမရှိနေပေးဘဲ ကောင်မလေးငယ်ငယ်နဲ့ ဖောက်လွှဲဖောက်ပြန် လုပ်ခဲ့ပါတယ်…ကံကောင်းတာ တစ်ခုက သူမ အမေက သူမအတွက် ကျွန်းတစ်ကျွန်းမှာ အိမ်တစ်လုံးဝယ်ထားပေးခဲ့ပါတယ် အမေဆုံးတာတစ်မျိုး ယောကျာ်း ဖောက်ပြန်တာက တစ်ကြောင်းနဲ့ သူဟာ အဲ့ဒီကျွန်းပေါ်ကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်…အဲ့ဒီကျွန်းက အိမ်မှာ လူတစ်ယောက်လည်းရှိနေပါတယ် အဲ့ဒီလူကရော ဘယ်လိုလဲ ကျွန်းပေါ်မှာ အဲ့ဒီလူနဲ့ရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့…

Buffaloed (2019) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Comedy #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။

A Rose for Her Grave: The Randy Roth Story (2023) ⭐IMDB: 6.3/10 (196 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Rose for Her Grave: The Randy Roth Story(2023) ********************************************* “လူယုံသတ်လို့သေ”၊“ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊“နောက်ကျောကို ဓါးနဲ့ထိုး”ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက် ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက် အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက် ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။ သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။ အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသား ဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

A Rose for Her Grave: The Randy Roth Story (2023) ⭐IMDB: 6.3/10 (196 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Rose for Her Grave: The Randy Roth Story(2023) ********************************************* “လူယုံသတ်လို့သေ”၊“ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊“နောက်ကျောကို ဓါးနဲ့ထိုး”ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက် ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက် အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက် ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။ သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။ အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသား ဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

Buffaloed (2019) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Comedy #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။

Innocent Blood (1992) ⭐IMDB: 6.2/10 (10 k Votes) 🎬 #Comedy #Crime #Horror #Thriller #Action #Romance 🗓️ 1992 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 56 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horrorသွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud(La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) ကSallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းအကျဉ်းမာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ..တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်ကမြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး..ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီကတခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့..ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်..ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့..သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ..ရဲအရာရှိဂျိုးတစ်ယောက် မာရီ့မာယာအောက်မျောပါပြီး သွေးစုတ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလေမလား..ဒါမှမဟုတ် မာရီနဲ့ နှစ်ယောက် လက်တွဲပြီးတော့ပဲ ဆယ်လီ့ကို နှိမ်နင်းနိုင်ကြမလား..ဆယ်လီကပဲ သူ့မူလအစီအစဉ်အတိုင်း မြို့ကိုလက်ဝါးကြီးအုပ်သွားနိုင်မလား ဆိုတာကိုတော့..ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါလို့..(P.S သွေးစုတ်ဖုတ်ကောင်ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုအခန်းတွေနဲ့သွေးစုတ်ဖုတ်ကောင်မလေးက မာယာနဲ့ဖျားယောင်းပြီး သွေးစုတ်တာမို့၊ပြောစရာမလိုအောင်ကို ဟိုအခန်း ဒီအခန်း ဘာအခန်း ညာအခန်းတွေက တချို့တလေပါနေတာမို့၊ ပါတဲ့အခန်းတွေကလည်း ကွက်ကွက်ကွင်းကွင်းရယ်မို့ မိသားစုနဲ့ ကြည့်ရှုဖို့မသင့်ပါဘူးနော်..တချို့တလေလို့ သေချာပြောလိုက်ပါတယ်နော်..တော်ကြာ ညိုကီတို့က အများကြီးလည်းမပါဘူးဖြစ်နေမှာစိုးလို့..Horror အခန်းတွေကြည့်ချင်ကြတဲ့ တချို့သော ညိုကီတို့အတွက်ပြောပါတယ်..) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

Have a Nice Day! (2023) ⭐IMDB: 6.0/10 (44 Votes) 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Mexico ⏰ 1 နာရီ 34 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Have a Nice Day!(2023) ********************** Enrique Guerrero ဆိုတဲ့ လူဟာ radio host အနေနဲ့ La bomba ဆိုတဲ့အမျိုးသမီးနဲ့အတူ Rock and roll သီချင်းတွေကို တင်ဆက်တဲ့လူ လုပ်ခဲ့ပါတယ်….. ဒါပေမယ့် တကယ့်တကယ် အစီအစဉ်အောင်မြင်လာတာတော့ ရေဒီယိုဌာနက သူ့ကိုပစ်လိုက်ပြီး La bomba နဲ့ပဲ ဆက်လက် လုပ်ဆောင်ပါတော့တယ်…La bomba ဟာ သူ့ဘဝရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ အမျိုးသမီးလေးလည်း ဖြစ်ပြန်ပါတယ်…တစ်နေ့တော့ ရေဒီယိုဌာနက သူတို့နှစ်ယောက်အတွက် ဂုဏ်ပြုပွဲလေးလုပ်ပေးဖို့ ဖိတ်စာရောက်လာပါတယ် … အဲ့ဒီပွဲလေးတက်မှ သူ့ငယ်ချစ်ဦးလေး La bomba နဲ့အတူ တွေ့နိုင်မှာမို့လို့ အဲ့ဒီပွဲကို သွားဖို့ ပိုက်ဆံတွေစုပါတော့တယ်…အဲ့ဒီပွဲနေ့ရောက်လာတဲ့နေ့မှာတော့  သူမမျှော်လင့်ထားတွေဖြစ်ပါတော့တယ်…

Innocent Blood (1992) ⭐IMDB: 6.2/10 (10 k Votes) 🎬 #Comedy #Crime #Horror #Thriller #Action #Romance 🗓️ 1992 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 56 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horrorသွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud(La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) ကSallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းအကျဉ်းမာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ..တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်ကမြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး..ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီကတခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့..ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်..ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့..သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ..ရဲအရာရှိဂျိုးတစ်ယောက် မာရီ့မာယာအောက်မျောပါပြီး သွေးစုတ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလေမလား..ဒါမှမဟုတ် မာရီနဲ့ နှစ်ယောက် လက်တွဲပြီးတော့ပဲ ဆယ်လီ့ကို နှိမ်နင်းနိုင်ကြမလား..ဆယ်လီကပဲ သူ့မူလအစီအစဉ်အတိုင်း မြို့ကိုလက်ဝါးကြီးအုပ်သွားနိုင်မလား ဆိုတာကိုတော့..ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါလို့..(P.S သွေးစုတ်ဖုတ်ကောင်ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုအခန်းတွေနဲ့သွေးစုတ်ဖုတ်ကောင်မလေးက မာယာနဲ့ဖျားယောင်းပြီး သွေးစုတ်တာမို့၊ပြောစရာမလိုအောင်ကို ဟိုအခန်း ဒီအခန်း ဘာအခန်း ညာအခန်းတွေက တချို့တလေပါနေတာမို့၊ ပါတဲ့အခန်းတွေကလည်း ကွက်ကွက်ကွင်းကွင်းရယ်မို့ မိသားစုနဲ့ ကြည့်ရှုဖို့မသင့်ပါဘူးနော်..တချို့တလေလို့ သေချာပြောလိုက်ပါတယ်နော်..တော်ကြာ ညိုကီတို့က အများကြီးလည်းမပါဘူးဖြစ်နေမှာစိုးလို့..Horror အခန်းတွေကြည့်ချင်ကြတဲ့ တချို့သော ညိုကီတို့အတွက်ပြောပါတယ်..) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

A New Old Play (2021) ⭐IMDB: 7.9/10 (212 Votes) 🎬 #Drama #History #Biography 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #China #HongKong #France ⏰ 3 နာရီ 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၉၈၀ ခုနှစ်နဲ့ ညနေခင်းလေးတစ်ခုမှ၂၀ရာစုရဲ့ စစ်ချွမ်းအော်ပရာ ထိပ်တန်းသရုပ်ဆောင် ချိုးဖူ ဆိုသူဟာဒီလောကကနေ စွန့်ခွာပြီး မြေအောက်ကမ္ဘာက အရာရှိကြီးနှစ်ဦးရဲ့ဦးဆောင်မှုနဲ့ အတူ “သစ္ဆေမြို့တော်” ကို သွားရောက်ခဲ့ရပါတော့တယ် ။ဒီလိုနဲ့ လမ်းမှာ မိတ်ဆွေဟောင်း ၂ ယောက်နဲ့တွေ့ဆုံပြီးသူတို့မသေခင်က အတိတ်ကို ပြန်လည်တမ်းတ ခဲ့ကြတဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ❏ အတိတ်မှာ ကံကြမ္မာ ကသောင်းကနင်းဖြစ်နေတဲ့ကြားကအော်ပရာ ပညာကို သင်ယူခဲ့ရှာတဲ့ ချိူးဖူ❏ စစ်ပွဲတွေ မတည်မငြိမ် ဂျပန်တွေအုပ်စိုးနေစဥ်ကာလမှာစစ်ချွမ်းရဲ့ ထိပ်တန်းအော်ပရာ ဆရာဖြစ်လာသူ ချိူးဖူ❏ အော်ပရာကတဲ့ သရုပ်ဆောင်ဖြစ်ပေမဲ့လို့ နိုင်ငံရေးအတွက်တော်လှန်မှုတွေပြုလုပ်ခဲ့တဲ့ နေရာမှာလဲ ပါဝင်ခဲ့ရရှာတဲ့ ချိုးဖူ ဝမ်းနည်းမှုတွေ ခါးသီးမှုတွေ နဲ့ပြည့်နှက်နေတဲ့ ဇာတ်ကောင် ချိုးဖူ ရဲ့အကြောင်းကိုရင်နင့်ဖွယ်ရာ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။ဒီ ““A New Old Play” ဆိုတဲ့ရုပ်ရှင်လေးကို ဒါရိုက်တာ ချိုးကျုံးကျုံး ကရိုက်ကူးထားပြီး ဇာတ်အိမ်လေးကတော့ သူ့ရဲ့ အဖိုးဖြစ်သူအကြောင်းဖြစ်ရပ်မှန် အခြေခံထားတာလေးပါ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်။

Luther: The Fallen Sun (2023) ⭐IMDB: 6.6/10 (8 k Votes) 🎬 #Crime #Drama #Mystery #Thriller #Action 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Luther: The Fallen Sun (2023)=======================Rotten Tomatoes 65%,IMDb Rating 6.7/10 ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။  IdrisElba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the RingTrilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန်ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ်ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာLuther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင်ကျအောင် လုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကိုလိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက်ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက်လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှ ရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)

Operation Fortune: Ruse de guerre (2023) ⭐IMDB: 6.5/10 (17 k Votes) 🎬 #Action #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #China #UnitedStates #UnitedKingdom #Turkey #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။

Steirerblut (2014) ⭐IMDB: 6.4/10 (279 Votes) 🎬 #Crime #Drama #TVMovie 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Austria ⏰ 1 နာရီ 30 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဆန်ဒရာမိုဟာ ဆိုတဲ့ ရဲအရာရှိတစ်ယောက်သူရဲ့မွေးရပ်မြေမှာဖြစ်တဲ့ လူသတ်မှုတစ်ခုကြောင့် သူ့ရဲ့ အထက်အရာရှိ ဆာချာ ဘက်ဂ်မန်း နဲ့အတူ မွေးရပ်မြေကို ပြန်လာစုံစမ်းဖို့ဖြစ်လာတယ် သေဆုံးသူကလဲ လှပပြီး ဖော်ရွေတဲ့အမျိုးသမီးသတင်းထောက်ဖြစ်နေတော့ သံသယရှိသူတွေအများကြီးရှိနေတယ် စုံစမ်းစစ်ဆေးခြင်းက တစ်ဖြေးဖြေးပိုရှုပ်ထွေးလာပြီးတော့ သူ့မောင်ကပါ သံသယရှိသူထဲပါလာတဲ့အခါမှာတော့ နောက်ပိုင်း လူသတ်မှုကိုဘယ်လိုဆက်ပြီးဖော်ထုတ်ကြမလဲဆိုတာကိုဇာတ်ကားလေးကိုဆက်လက်ပြီးကြည့်ပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်)

Tag-init (2023) ⭐TMDB: 48.0% User Score 🎬 #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင်သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူကအချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့ကမာတင့်ကို အတွေ့အကြုံတွေပေးသွားတော့မှာပါ။

Tag-init (2023) ⭐TMDB: 48.0% User Score 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင်သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူကအချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့ကမာတင့်ကို အတွေ့အကြုံတွေပေးသွားတော့မှာပါ။

Operation Fortune: Ruse de guerre (2023) ⭐IMDB: 6.5/10 (17 k Votes) 🎬 #Action #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China #UnitedStates #UnitedKingdom #Turkey #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။

Irrational Man (2015) ⭐IMDB: 6.6/10 (65 k Votes) 🎬 #Comedy #Crime #Drama #Romance 🗓️ 2015 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါအချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီးမတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား..အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါအဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်းအေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက်ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ..ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲသူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်…ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ ..ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီးဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာကသူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်…ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက်ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် ..ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက်တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်းတစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်..ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက်စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီးအရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား …အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ..အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ..အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ …ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်(P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်..Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

Arlington Road (1999) ⭐IMDB: 7.2/10 (88 k Votes) 🎬 #Action #Crime #Drama #Mystery #Thriller 🗓️ 1999 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ “မိုက်ကယ်ဖာရာဒေး”နဲ့ “အော်လစ်ဗာလန်း”ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ “မိုက်ကယ်ဖာရာဒေး”ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော်