en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ခရစ်သက္ကရာဇ် ၁၈၆၇၊ အမေရိကန်စာပေ၏ဖခင် Mark Twain သည် ဂျူးလူမျိုးတို့၏ပရောဖက် ရှင်မောရှေ၏ ပရောဖက်ပြုချက်အတိုင်း ဣသရေလနိုင်ငံသို့ရောက်လာ။ ကွဲလွင့်သောသူများကို ပြန်စုစည်းစေမည်။ https://fb.watch/o1Bul8edis/?mibextid=cr9u03

အစ္စရေး ၆ ရက် စစ်ပွဲအချိန်၊ ယုဘိလနှစ်ဖြစ်ပြီး၊ ဂျေရုဆလင်ခြင်္သေ့များ ပရောဖက်ပြုချက်ပြည့်စုံခြင်း။ ထာဝရဘုရားသည် သင်နှင့်ကျွန်တော့်အတွက် လုပ်ဆောင်ပေမည်။ သင်နားထောင်ရင်း ကောင်းချီးခံစားရပါစေဟု ဆုတောင်းပါသည်။ https://fb.watch/o0h8QkQ2oY/?mibextid=cr9u03

ကျန်းမာခြင်းနှင့် အနာရောဂါငြိမ်းခြင်းအတွက် အတူတကွဆုတောင်းခြင်း https://fb.watch/n-n1XM2A0p/?mibextid=cr9u03

We have healing prayer tonight LIVE. တစ်နာရီကြာ အတူဆုတောင်းကြပါစို့။ https://www.facebook.com/100064447909981/posts/pfbid02Y6QuKrRmCYqbx7GSaBQnpkKsoPPSc5jp6R9DJ3nMAgTuk4tpvacKr3xmExiVJs4Zl/?mibextid=cr9u03

အစ္စရေး၏ ပထမရာစုနှစ်က နောက်ဆုံးခံတပ်နှင့် ပရောဖက် ယေဇကျေလပြောသော အရိုးနှင့်ပြည့်သောချိုင့် ပရောဖက်ပြုချက်။ သင်နှင့် ကျွန်တော်တို့အသက်တာတွင် ကိုယ်တော်သည် အသက်ရှင်ခြင်းစီးဆင်းစေမည်။ https://fb.watch/n_ZmsnknYp/?mibextid=ZzysIy

ဆာလံကျမ်း series မှ ဆာလံ ၂၇ https://youtu.be/ApNqPUjkNw4?feature=shared

အတူတကွဆုတောင်းခြင်း လာမည့် တနင်္လာနေ့ (အောက်တိုဘာ ၃၀) မြန်မာစံတော်ချိန် ည ၇ နာရီတွင် “ကျန်းမာခြင်းနှင့်အနာရောဂါငြိမ်းခြင်း” အ
အတူတကွဆုတောင်းခြင်း လာမည့် တနင်္လာနေ့ (အောက်တိုဘာ ၃၀) မြန်မာစံတော်ချိန် ည ၇ နာရီတွင် “ကျန်းမာခြင်းနှင့်အနာရောဂါငြိမ်းခြင်း” အတွက် အတူတကွ ဆုတောင်းကြပါမည်။ Prophetic Revolution Ministries - Facebook page မှ Live လွှင့်မည်ဖြစ်သည်။ နာမကျန်းသောသူများ (ကျန်းမာခြင်းရောက်တော့မည့်သူများ) နှင့် မိသားစုဝင်များ၌ ကျန်းမာခြင်းလိုအပ်သူများ အတူတကွ ဆုတောင်းကြရန် ဖိတ်ခေါ်ပါသည်။ သမ္မာကျမ်းစာပါ ဘုရားသခင်၏ ကျန်းမာခြင်းနှင့်အနာရောဂါငြိမ်းခြင်း ကတိတော်များ တစ်ခုချင်းစီ အမိန့်ကြေညာရင်း ဆုတောင်းကြမည်ဖြစ်သည်။ ကမ္ဘာလောကကြီးသည် ဘုရားသခင်၏ အနာရောဂါငြိမ်းခြင်းကို ခေတ်ကာလအဆက်ဆက်ထက် သာ၍လိုအပ်လျှက်ရှိသည်။ ကျွန်တော်တို့သည် နှုတ်ကပတ်တော်အပေါ်ရပ်တည်ကာ၊ နှုတ်ကပတ်တော်ကို စားသုံးရင်း၊ နှုတ်ကပတ်တော်နှင့် အသက်မွေးရန်ရပ်တည်ရပေမည်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ သင့်ကိုထာဝရမေတ္တာနှင့် ချစ်တော်မူသည်။ (Photo by Ravi Pinisetti on Unsplash)

ယခင်အပတ်က သင်ခဲ့သော ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ မှ ၁၄ အထိဖြစ်ပါတယ်။ စာတန်နှင့် မိက္ခေလ၊ အစ္စရေးနှင့် နောက်ဆုံးသောကာလ၊ အန္တိခရစ်နှင့် သန့်ရှင်းသူများ၊ မိစ္ဆာပရောဖက်နှင့် သားရဲတံဆိပ်၊ ဂျူးလူမျိုးအဦးသီးများ၊ နောက်ဆုံးသောကာလရိတ်သိမ်းခြင်းများ အစရှိသည်တို့ ပါဝင်ပါသည်။ ယခု စနေနေ့တွင် အခန်းကြီး ၁၅ နှင့် ၁၆ ပါ အမျက်တော်ဖလား ၇ လုံးအားဖြင့် အန္တိခရစ်၏အင်ပါယာကို စီရင်ခြင်းအကြောင်းသင်ပါမည်။ စနေနေ့ည ၇:၃၀ တွင် Zoom မှာ ဆုံတွေ့ပါမည်။ သင့်ကို ဖိတ်ခေါ်ပါသည်။ https://youtu.be/d2G2qWRoy84?feature=shared

ယဇ်ပရောဟိတ်ကောင်းချီးမင်္ဂလာ - နောက်ဆုံးပိုင်း https://www.youtube.com/live/qSylt6SZEK4?feature=shared

ယဇ်ပရောဟိတ်ကောင်းချီးမင်္ဂလာ - အပိုင်း ၄ “ဘယ်သူတွေကပေးလို့ရလဲ။ ဆရာအကြီးကြီးတွေပဲ ပေးလို့ရတာလား။ အိမ်ထောင်ဝတ်ပြုမှာရောပေးလို့ရလား” အစရှိတဲ့ မေးခွန်းတွေ ကျွန်တော်ခဏခဏ အမေးခံရပါတယ်။ ကျွန်တော့်အဖြေ ဒီဗီဒီယိုမှာပါပါတယ်။ “ယနေ့ဘယ်သူတွေက ယဇ်ပရောဟိတ်လဲ။ ဓမ္မအမှုတော်ဆောင်တွေကို လေဝိလူလို့ပြောတာ သမ္မာကျမ်းစာကို အခြေခံခြင်းထက်၊ အရပ်သုံးစကားဖြစ်နေသလား။ မေလခိဇေဒက်ယဇ်ပရောဟိတ်ဆိုတာ ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်လဲ။ သခင်ယေရှုရဲ့ရှေ့တည့်တည့်မှာ ယဇ်ပရောဟိတ်မင်းက သူ့ဝတ်လုံသူဆုတ်ဖြဲလိုက်တာက ဝိညာဉ်ရေးရာမှာ ဘယ်လောက်ကြီးလေးတဲ့ အမှန်တရားကို ဖော်ပြသွားလဲ” အစရှိသည်တို့ ပါဝင်ပါသည်။ သင်နားထောင်ရင်း ကောင်းချီးမင်္ဂလာခံစားရပါစေ။ Dr. David Joy https://www.youtube.com/live/cOA6KbvQ8ms?feature=shared

“ထာဝရဘုရားသည် သင့်ကိုမြော်ကြည့်၍ ချမ်းသာ (shalom) ပေးတော်မူပါစေသော” ယဇ်ပရောဟိတ်ကောင်းချီးမင်္ဂလာ - အပိုင်း ၃ https://www.youtube.com/live/90-t-1SZQdM?feature=shared

မကြာခင်ညနေ ၇ နာရီမှာ အပတ်တိုင်းကဲ့သို့ Zoom မှ ဆုမတောင်းဘဲ၊ Facebook Live လွှင့်ကာ ဆုတောင်းပါမည်။ Live video ကြည့်ရင်း ကျွန်တော်နှင့်အတူ ဆုတောင်းနိုင်ပါသည်။ မိမိတို့ “သားသမီးများ” အတွက် အတူဆုတောင်းကြပါစို့။ live video တွင် comment များရေးကာ ဆုတောင်းချက်များတင်နိုင်ပါသည်။ video ကို ပြန် share နိုင်ပါသည်။ Live လွှင့်မည့် Facebook page - https://www.facebook.com/propheticrevolution?mibextid=LQQJ4d

ယဇ်ပရောဟိတ် ကောင်းချီးမင်္ဂလာ - အပိုင်း ၂ “ထာဝရဘုရားသည် သင်၌ မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူး ပြုတော်မူပါစေသော” ဘုရားသခင်၏ မျက်နှာတော်အလင်း၌ လျှောက်လှမ်းကြပါစို့။ ကရုဏာကျေးဇူးတော်ကြွယ်ဝစွာ အသက်ရှင်ကြပါစို့။ https://www.youtube.com/live/nfRkVt3trPg?feature=shared

ကျွန်တော့်ရဲ့ ညနေခင်းများ… Pollen က ကျွန်တော်ဆိုတာ သားချော့တေးနဲ့မတူလို့တဲ့… Love you so much Pollen and Justin. This is how my evenings look like lately. Pollen insisted that the way I sang didn’t sound like a lullaby. ပညတ္တိကျမ်းဖတ်၊ ဘုရားသခင်ကိုချီးမွမ်း၊ ကောင်းချီးပေး https://youtu.be/GZVCVfyki2I?feature=shared

ဘုရားသခင်ကိုယ်တိုင် ကောင်းကြီးပေး၍မြွက်ဆိုခိုင်းသော ယဇ်ပရောဟိတ်ကောင်းကြီးမင်္ဂလာကို နားလည်ခံယူခြင်း - အပိုင်း ၁။ ဤကောင်းကြီးမင်္ဂလာ၌ ယုံကြည်သူအယောက်တိုင်း သွားလာနိုင်ရန် ဘုရားသခင်အလိုတော်ရှိတော်မူသည်။ https://www.youtube.com/live/eLmxLNAVxl4?feature=shared

အပတ်စဉ် စနေနေ့တိုင်း မြန်မာစံတော်ချိန် ညနေ ၇:၃၀ တွင် သမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်ရှိပါသည်။ ယခုလက်ရှိတွင် ဗျာဒိတ်ကျမ်းစီးရီး
အပတ်စဉ် စနေနေ့တိုင်း မြန်မာစံတော်ချိန် ညနေ ၇:၃၀ တွင် သမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်ရှိပါသည်။ ယခုလက်ရှိတွင် ဗျာဒိတ်ကျမ်းစီးရီးကို လေ့လာနေချိန်ဖြစ်ပါသည်။ မနက်ဖြန် ၂၁၊ ၁၀၊ ၂၀၂၃ တွင် အခန်းကြီး ၁၂ မှ ၁၄ အထိ လေ့လာကြမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ အစ္စရေးနှင့် ဂျူးလူမျိုးများ အခန်းကဏ္ဍ၊ မိက္ခေလနှင့် စာတန်မာရ်နတ်တို့၏ ကောင်းကင်တိုက်ပွဲ၊ သန့်ရှင်းသူများနှင့် အန္တိခရစ်၏ မြေကြီးတိုက်ပွဲ၊ မိစ္ဆာပရောဖက်၏ ဗျူဟာ ၃ ခု၊ သခင်ယေရှုခရစ်တော်၏ ကူမတော်မူခြင်း ရူပါရုံ ၇ ခု တို့ပါဝင်ပါသည်။ Zoom Cloud Meeting မှ ပါဝင်နိုင်ရန် သင့်ကိုဖိတ်ခေါ်ပါသည်။ Zoom ID ကို messenger မှဖြစ်စေ၊ ရုံးဖုန်းမှဖြစ်စေ ဆက်သွယ်ရယူနိုင်ပါသည်။ ယခင်လွတ်သွားသော အပိုင်းများကိုလည်း Dr. David Joy ၏ YouTube Playlist မှ ပြန်လည်ကြည့်ရှုနိုင်ပါသည်။ (Photo by Ben White on Unsplash)

ပထမဆာလံ https://youtu.be/uroYKGo_ZfE?feature=shared

Shalom လွန်ခဲ့သော စနေနေ့မှာ Dr. David Joy ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀ နှင့် ၁၁ သင်တာ၊ နောက်ဆုံး မိနစ် ၃၀ မှာ မြန်သွားကြောင်း feedback များကြားရပါသည်။ ပြန်လည်နားထောင်နိုင်ရန် YouTube video ပြန်တင်ပေးလိုက်ပါသည်။ YouTube Channel ကိုလည်း subscribe လုပ်ထားနိုင်ပါသည်။ https://youtu.be/JK7NpbyxoNE?feature=shared

Tribute to Saya Maung Maung Thant ကျွန်တော်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျိုင်းတုံမြို့သစ်အသင်းတော်၌ အတူတကွ သင်တန်းပေးချိန်မှ ဆရာ​မောင်မောင်သန့်နှင့် ရင်းနှီးခဲ့ပါသည်။ ဆရာသည် ဘုရားသခင်၏လူဖြစ်ပြီး ဝိညာဉ်နိုးထမှုကိုဖြစ်လာစေရန် ယုံကြည်သူများအသက်တာကို မူလအမြစ်သို့ဆွဲခေါ်သူ၊ စစ်မှန်သောဝိညာဉ်မီးကို ပွါးများစေသူပင်ဖြစ်သည်။ ယေရှုခရစ်၏ ဧဝံဂေလိသတင်းစကားကိုလည်း ဝေငှသူဖြစ်သည်။ သမ္မာတရားကိုမြတ်နိုးပြီး အသက်တာအားဖြင့် လက်တွေ့ပြသသူပင်ဖြစ်သည်။ ထို့အပြင်ကျွန်တော့်အား နက်ရှိုင်းစွာတို့ထိသောအရာမှာ ဆရာသည် မိသားစုလူ (family man) ပင်ဖြစ်သည်။ ဇနီးသည်အားအလွန်ချစ်ကာ၊ သားသမီးများကိုလည်း အလွန်ချစ်မြတ်နိုးပေသည်။ သူခရီးသွားသည့်အခါ သူ့သားသမီးများက ပေးလိုက်သောစာကို လေယာဉ်ပေါ်တွင်ဖွင့်ဖတ်ရင်း ကြည်နူးမှုများကို တပွေ့တပိုက်ကြီးခံစားသူဖြစ်သည်။ ယနေ့မနက် Shabbat Bereishit -- "Shabbat of Beginning" ခေါ် “အစဦးဥပုသ်နေ့” တွင် ဆရာသည် သူချစ်မြတ်နိုးလွန်းသော ဘုရားသခင်နှင့် သခင်ယေရှုထံ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြန်သွားပေပြီ။ အစဦးဥပုသ်နေ့ဆိုသည်မှာ နှစ်တစ်နှစ်အစပျိုးတိုင်း (ယခု ၅၇၈၄ ခုနှစ်) ပညတ္တိကျမ်းကို ဂျူးလူမျိုးများက တရားဇရပ်တွင် အစမှပြန်ဖတ်သော ဥပုသ်နေ့ဖြစ်ပေသည်။ ဆရာသည် မြေကြီးပေါ်မှာ ပညတ္တိကျမ်းမဖတ်တော့ဘဲ၊ ပညတ္တိကျမ်း အနာဂတ္တိကျမ်းအားလုံး၏ အချုပ်ဖြစ်သော ယေရှုခရစ်တော်ကို ဖူးမြော်ပွေ့ဖက်လျှက်ရှိပေသည်။ ဆရာကတော်နှင့် ဆရာ့သားသမီးများနှင့် အတူ မြေကြီပေါ်၌ အတူရပ်တည်ကာ ထာဝရကာလအထိ အတူခရီးဆက်ဖို့ ကျွန်တော်တို့၏ မေတ္တာတာဝန်ဖြစ်လာပေပြီ။ ဆရာနှင့်မိသားစုအား အလွန်လေးစားမြတ်နိုးချစ်ခင်လျှက် PRM မိသားစုကိုယ်စား Dr. David Joy