en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
photo content

ဗျာဒိတ်ကျမ်းယနေ့ညသင်ခန်းစာ လူတော်တော်များများက ကမ္ဘာပျက်သည်ကို အိပ်မက်မက်ဖူးကြောင်း ကျွန်တော်ကလေးဘဝမှစ၍ ယနေ့တိုင်ကြားဖူးသည်။ ခရစ်ယာန်များသည်လည်း ဗျာဒိတ်ကျမ်းအား ကမ္ဘာပျက်သည့်ကျမ်းဟုထင်ကြသည်။ အမှန်တွင် ဗျာဒိတ်ကျမ်း၏ အဓိကပန်းတိုင်မှာ ၎င်း၏ဆန့်ကျင်ဖက်ပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းသည် သားဖွားခြင်းအားဖြင့် အဆုံးသတ်ပြီးချိန်၌ အသက်ရှင်ခြင်းအသစ်၊ ဘဝသစ်၊ ဝမ်းမြောက်ခြင်းအသစ်အစပျိုးခြင်းဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် ကမ္ဘာ့စစ်ဖြစ်ခြင်း၊ အန္တိခရစ် (ကမ္ဘာ့ခေါင်းဆောင်ဆိုးအသစ်) ကို ဘုရားသခင်၏ စီရင်ခြင်းအပြီး၌ အလွန်လှပငြိမ်းချမ်းသော ကမ္ဘာသစ်မွေးဖွားခြင်းပင်ဖြစ်သည်။ ဤအရာသည် အလွန်စစ်မှန်ပြီး ပြည့်စုံလာသည်ကိုတွေ့ရပေမည်။ ယနေ့ည ၇:၃၀ တွင် Zoom မှ ဗျာဒိတ်ကျမ်းအဆက်ဖြစ်သော အခန်းကြီး ၁၀ နှင့် ၁၁ အကြောင်းသင်ပေမည်။ သတ္တမတံပိုး (နောက်ဆုံးသောတံပိုး) မှုတ်ခြင်းအကြောင်း၊ ဂျူးလူမျိုးတို့၏ ဂျေရုဆလင် ဗိမာန်တော်သစ်အကြောင်း၊ သက်သေခံ ၂ ပါးအကြောင်း၊ ချီဆောင်ခြင်းနှင့် စီရင်ခြင်းအကြောင်းတို့ပါပေမည်။ ချီဆောင်ခြင်းသည် ယခင်သင်ကြားဖူးသောအရာနှင့် တူချင်မှတူပေမည်။ လုံးဝအသစ်လည်းဖြစ်နိုင်ပေသည်။ ဤအရာသည် ကျွန်ုပ်တို့ စိတ်လှုပ်ရှားစွာစောင့်ဆိုင်းသော ဘုန်းနှင့်ပြည့်စုံသောအရာပင်ဖြစ်ပေသည်။ ယုံကြည်သူများမလွတ်သင့်သော သင်ခန်းစာပင်ဖြစ်သည်။ ယနေ့ည သင်ကြားခြင်းကို ပါဝင်လိုပါက ရုံးဖုန်းမှဖြစ်စေ၊ social media မှဖြစ်စေ ဆက်သွယ်ကာ Zoom ID ရယူနိုင်ပါသည်။ ယခင်ပါဝင်နေကြသူများအဖို့ အသုံးပြုနေကြ Zoom ID ဖြစ်ပါသည်။ တစ်ခါမှ မပါဝင်ဖူးသူများ အချိတ်အဆက်မိစေရန် ယခင်အပိုင်းများကို YouTube Playlist မှ ပြန်လည်နားထောင်နိုင်ပါသည်။ ယနေ့ညတွင်လည်းပါဝင်နိုင်ပါသည်။ Zoom Video ကို ဖြစ်နိုင်လျှင်ဖွင့်ဖို့ မေတ္တာရပ်ခံပါသည်။ ကျမ်းစာအုပ် (စာအုပ်)၊ မှတ်စုစာအုပ်၊ ဘောလ်ပင် ပြင်ဆင်ကာပါဝင်နိုင်ပါသည်။ သင့်အားလှိုက်လှဲစွာကြိုဆိုပါသည်။ Dr. David Joy

Meet Our Head Intercessor (English below) သိက္ခာတော်ရဆရာမမာစီ သိက္ခာတော်ရဆရာမမာစီသည် မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်အဖြစ်မွ
Meet Our Head Intercessor (English below) သိက္ခာတော်ရဆရာမမာစီ သိက္ခာတော်ရဆရာမမာစီသည် မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်အဖြစ်မွေးဖွားလာခဲ့ပြီး၊ ငယ်စဉ်အရွယ်မှစ၍ ဘုရားသခင်ကို ကိုးစားသင်ယူအသက်ရှင်လျှောက်လှမ်းခဲ့သူဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် သိပ္ပံဘွဲ့ (ရုက္ခဗေဒ) ဖြင့် အောင်မြင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ခဲ့သည်။ အမှုတော်မြတ်သို့ ဘုရားသခင်၏ခေါ်ခြင်းကို ရရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှ စတင်ကာ Prophetic Revolution Ministries ၌ ဆက်ကပ်ပါဝင်ခဲ့သည်။ ၂၄၊ ၄၊ ၂၀၂၂ တွင် CMM World Missions နှင့် PRM တို့မှ လက်တင်မင်္ဂလာပေးခြင်းရရှိခဲ့ပြီး၊ PRM ဆုတောင်းသာသနာ၏ ကိုယ်စားပြုဆုတောင်းခြင်းခေါင်းဆောင်အဖြစ် ဆက်ကပ်ပါဝင်လျှက်ရှိသည်။ ဆရာမသည် PRM မှ သိက္ခာတော်ရဆရာရန်နိုင်ဦး၏ မိခင်၊ မြေး ၁ ဦး ဖြစ်သည့် ဆိုဖီ၏အဖွားဖြစ်ပြီး၊ ရန်ကုန်မြို့၌ အခြေချနေထိုင်လျှက်ရှိသည်။

PRM ဆုတောင်းခြင်းသာသနာ / PRM Prayer Ministry (on-site & online) ဘုရားသခင်သည် ကျွန်ုပ်တို့ ဆုတောင်းခြင်းများကို အောင်မြင်ခြင်း
PRM ဆုတောင်းခြင်းသာသနာ / PRM Prayer Ministry (on-site & online) ဘုရားသခင်သည် ကျွန်ုပ်တို့ ဆုတောင်းခြင်းများကို အောင်မြင်ခြင်းများဖြင့် အံ့ဖွယ်အဖြေများပေးလျှက်ရှိသည်။ PRM ဆုတောင်းခြင်းသာသနာသည် အပတ်စဉ် တန်ခိုးကြီးမားသော သက်သေခံချက်များရရှိလျှက်ရှိပေသည်။ PRM ဆုတောင်းအဖွဲ့များသည် Eagles’ Landing ရှိ Trust House ၌ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပဌနာပြုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းများပြုလျှက်ရှိသည်။ ညဖက်များတွင်လည်း online မှ ကိုယ်စားပြု ဆုတောင်းစည်းဝေးများရှိသည်။ ဆုတောင်းခံချက်များရှိပါက ကိုယ်စားပြုဆုတောင်းခြင်းခေါင်းဆောင်ဖြစ်သော သိက္ခာတော်ရဆရာမမာစီထံ ဖုန်းမှဖြစ်စေ၊ Telegram မှဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ Rev. Mercy’s contact number - 09254053294

Christianity မှ သွန်သင်သော တမလွန် (afterlife) အပိုင်း ၁ မရဏာနိုင်ငံ vs. အနက်ဆုံးသောတွင်း vs. မီးငရဲအိုင် https://youtu.be/jFPJph80dGU?feature=shared

Meet Our Youth Ministry Leaders (English in comment) ဆရာ စောဖလိုးမူးတော ဆရာ စောဖလိုးမူးတောသည် လူငယ်များငယ်ရွယ်စဉ်မှပင် အသက်တာ
Meet Our Youth Ministry Leaders (English in comment) ဆရာ စောဖလိုးမူးတော ဆရာ စောဖလိုးမူးတောသည် လူငယ်များငယ်ရွယ်စဉ်မှပင် အသက်တာအတွက် ဘုရားသခင်၏ခေါ်ခြင်းကို ရှင်းလင်းစွာသိရှိစေရန်နှင့် ဘုရားသခင်ပေးထားသော ဆုကျေးဇူးများကို ပြုစုကာ အသုံးပြုပြီး ဘုရားသခင်၏နိုင်ငံတော်၌ ဆက်ကပ်အစေခံစေရန် ဆန္ဒပြင်းပြသူဖြစ်သည်။ သူသည် ၂၀၁၇ မှစတင်ကာ Rhema Bible Training Center Thailand ၏ Ministerial Training Course ကို သင်ယူခဲ့ပြီး ၂၀၂၃ တွင် Diploma ရရှိခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဥပဒေဘွဲ့ကိုလည်း ၂၀၂၂ တွင်ရရှိခဲ့သည်။ PRM / GTC လူငယ်သာသနာ၌ တွဲဖက်ခေါင်းဆောင်အဖြစ် ၂၀၂၃ ဂျူလိုင်လ မှ စတင်လုပ်ဆောင်လျှက်ရှိသည်။ သူသည် စိတ်ထားဖြူစင်သူ၊ အစေခံခြင်း၌စိတ်အားထက်သန်သူ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သယ်ဆောင်သူတစ်ဦးပင်ဖြစ်သည်။

Meet Our Youth Ministry Leaders (English in comment) ဆရာ ထက်ဝေယံကျော် ဆရာ ထက်ဝေယံကျော်သည် ၂၀၁၈ ခုနှစ်တွင် The School of Resto
Meet Our Youth Ministry Leaders (English in comment) ဆရာ ထက်ဝေယံကျော် ဆရာ ထက်ဝေယံကျော်သည် ၂၀၁၈ ခုနှစ်တွင် The School of Restoration ၌ Dr. David Joy အားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ကောင်းမြတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိတွေ့ခံစားခဲ့ပြီး မီးမောင်းထိုးပြသကဲ့ ပိုမိုနားလည်လာခဲ့သည်။ Prophetic Revolution Mission School ၏ ၂၀၂၀ စာသင်နှစ်တွင် သင်ယူအောင်မြင်ခဲ့သည်။ ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ PRM / GTC လူငယ်သာသနာ၌ လူငယ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ မေလမှ စတင်ကာ ကျိုင်းတုံမြို့ရှိ သူ့မိဘနှစ်ပါးဖြစ်သော သင်းအုပ်ဆရာဦးအောင်ဇော် နှင့် ဆရာမဒေါ်သန်းဌေးတို့ ဦးဆောင်သော ကျေးဇူးတော်အသင်းတော်၏ သာသနာနယ်များတွင် အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ PRM / GTC လူငယ်သာသနာ၌လည်း တွဲဖက်ခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ သူသည် ချီးမွမ်းကိုးကွယ်မှု ဦးဆောင်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့၌ ထူးချွန်ကာ သူ့အား အစေခံရန်စိတ်အားထက်သန်သူ၊ ရက်ရောသူ၊ ပျော်ရွှင်တတ်သူတစ်ဦးအဖြစ် တွေ့ရပေမည်။

Meet Our Youth Ministry Leaders (English in comment) ဆရာမ နော်အဲလစ်ဇဘက် ဆရာမ နော်အဲလစ်ဇဘက်သည် ဦးစောမိုးဇက်ထွန်း နှင့် (ဒေါ်အမ
Meet Our Youth Ministry Leaders (English in comment) ဆရာမ နော်အဲလစ်ဇဘက် ဆရာမ နော်အဲလစ်ဇဘက်သည် ဦးစောမိုးဇက်ထွန်း နှင့် (ဒေါ်အမ်းရုန်း) တို့၏ သမီး ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်၌ ပညာသင်ကြားရန် သိက္ခာတော်ရဆရာ ဦးယောန နှင့် သိက္ခာတော်ရဆရာမ ဒေါ်အက်စတာအေးအေးသူတို့ တည်ထောင်သော Home of Blessings (ကောင်းကြီးစံအိမ်ကလေးများ) တွင် ရောက်ရှိလာခဲ့သည်။ ငယ်စဉ်ကတည်းက ဘုရားသခင်၏ အမှုတော်ဆောင် တစ်ဦးဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့တယ်။ Prophetic Revolution Mission School ၏ ၂၀၂၀ စာသင်နှစ်တွင် တက်ရောက်အောင်မြင်ခဲ့သည်။ ၂၀၂၂ခုနှစ်တွင် CEF Myanmar (Ygn) ကလေးများဧဝံဂေလိမေတ္တာရိပ်မြုံ မှာ Level -1 ထိတက်ရောက်ခဲ့သည်။ CMM ဓမ္မကောလိပ်၏ ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် Associate of Ministry in Biblical Studies (A.Min.) program တက်ရောက်အောင်မြင်ခဲ့သည်။ သူသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ PRM / GTC လူငယ်သာသနာ၏ တွဲဖက်ခေါင်းဆောင်အဖြစ်၎င်း၊ ၂၀၂၃ မေလမှစတင်ကာ လူငယ်ခေါင်းဆောင်အဖြစ်၎င်း အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ သူ့ကို စိတ်ထားဖြူစင်သူ၊ အစေခံခြင်း၌ ကြိုးစားသူ၊ လူငယ်တို့အားချစ်သောသူအဖြစ် တွေ့မြင်ရပေမည်။

လူငယ်သာသနာ / Youth Ministry လူငယ်အသက်တာသည် အလွန်တန်ဖိုးကြီးမားပြီး ဘုရားသခင်ထံမှ လမ်းပြမှုကိုခံယူရရှိရမည့်အရွယ်၊ စစ်မှန်သော တ
လူငယ်သာသနာ / Youth Ministry လူငယ်အသက်တာသည် အလွန်တန်ဖိုးကြီးမားပြီး ဘုရားသခင်ထံမှ လမ်းပြမှုကိုခံယူရရှိရမည့်အရွယ်၊ စစ်မှန်သော တစ်သက်တာမိတ်ဆွေကောင်းများ ရရှိရမည့်အရွယ်ပင်ဖြစ်ပါသည်။ ပါဝင်လိုပါက PRM / GTC လူငယ်သာသနာမှ လှိုက်လှဲစွာကြိုဆိုပါသည်။ Walking as a youth is so precious and the time to receive the direction from God. It is the time to bond genuine life-long friendship. You are so much welcome to PRM / GTC Youth Ministry if you are interested. PRM / GTC လူငယ်သာသနာ (၁) လူငယ်မိဿဟာယ (on-site & online) တနင်္ဂနွေ - နေ့လယ် ၁နာရီ မှ ၃နာရီထိ (၂) လူငယ်ဆဲလ်မိဿဟာယ (online) ကြာသပတေး - ညနေ ၈နာရီမှ ၉နာရီထိ PRM / GTC Youth Ministry 1. Youth Fellowship (on-site & online) Sunday - 1 PM to 3 PM 2. Youth Cell Meeting (online) Thursday - 8 PM to 9 PM

ဗျာဒိတ်ကျမ်း အခန်းကြီး ၄ အကြောင်းသင်ကြားခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ဝိညာဉ် ၇ ပါး အကြောင်းအဓိကသင်ကြားထားပြီး၊ အသက်ကြီးသူ ၂၄ ပါးနှင့် ကောင်းကင်သတ္တဝါ ၄ ပါးအကြောင်းပါ ပါဝင်ပါသည်။ ဤအကြောင်းအရာများကို ဘေးဖက်မှာလေ့လာသော တတိယလူများအနေဖြင့်မဟုတ်ဘဲ၊ မိမိတို့အသက်တာများအတွက် ဘုရားသခင်တိုက်ရိုက် ရည်ရွယ်သောအရာကို လေ့လာခြင်းဖြစ်ပါသည်။ သင်နှင့်ကျွန်တော်တို့ အသက်တာအတွက် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းလျှက်ရှိပေသည်။ ခံယူကြပါစို့။ https://youtu.be/hn0nrP0LoMM?feature=shared

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ တွင် အနောက်တူရကီ (ရောမအင်ပါယာခေတ်အခေါ် “အာရှိပြည်” / Asia Minor)၏ မြို့ ၇မြို့ရှိ အသင်းတော်များသို့လိပ်မူပြီး ပတ်မုတ်ကျွန်း (Patmos)မှ တမန်တော်ရှင်ယောဟန်က ရေးသားထားသော စာစောင်များအကြောင်းသင်ကြားခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ထိုခေတ်ကအသင်းတော်များအားပြောသောအရာသည် ယနေ့ကျွန်တော်တို့အသင်းတော်များနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပေသည်။ ဗျာဒိတ်ကျမ်းပါနောက်ဆုံးသောကာလအတွက် ကျွန်တော်တို့ မည်သို့ပြင်ဆင်ရမည်ဆိုသည်မှာ ဤစာစောင်များအတိုင်း ပြင်ဆင်ရပေမည်။ ခရစ်တော်ပြောလေ့ရှိတော်မူသည်အတိုင်း “ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ” ဆိုသည်မှာ သိနားလည်ကာနာခံလိုက်လျှောက်သောအသက်တာကို ဆိုလိုပေသည်။ အချိန်ရှိသောအခါ စာအုပ်နှင့်ဘောလ်ပင်ယူကာ နားထောင်နိုင်ရန် တင်ပေးလိုက်ပါသည်။ ယခုသင်ကြားပြီးသော ဗျာဒိတ်ကျမ်း အခန်းကြီး ၁ မှ ၉ ကို YouTube Playlist တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ အပတ်စဉ် ဗျာဒိတ်ကျမ်းသင်ကြားမှုကို စနေနေ့ ညနေ ၇:၃၀ တွင် Zoom မှ တိုက်ရိုက်ခံယူနိုင်ပါသည်။ https://youtu.be/cPiVX89XfiQ?feature=shared

According to the official announcements of the leaders of the nations, here is the list of the nations that side with Israel or Palestine. I personally made the list last night by checking the news. Let me know if I am wrong. Let me know if I have to add more to keep updated. (SEA = South-East Asia, * = neighbors of Myanmar) Israel 1. Albania 2. Andorra 3. Argentina 4. Australia 5. Azerbaijan 6. Belgium 7. Brazil (announced a rescued operation) 8. Bosnia and Herzegovina 9. Canada 10. Chile 11. Croatia 12. Cyprus 13. Czech Republic 14. Denmark 15. Ecuador 16. Finland 17. France 18. Georgia 19. Germany 20. Greece 21. Guatemala 22. Hungary 23. Iceland 24. India * 25. Ireland 26. Italy 27. Japan 28. Kenya 29. Lithuania 30. South Korea 31. Kosovo 32. North Macedonia 33. Moldova 34. Mexico 35. Montenegro 36. Netherlands 37. New Zealand 38. Norway 39. Panama 40. Peru 41. Poland 42. Portugal 43. Romania 44. Serbia 45. Singapore (SEA) 46. Slovakia 47. Sweden 48. Taiwan 49. Thailand (SEA) 50. Ukraine 51. UK 52. US 53. Uruguay Who stay in between 1. Armenia 2. Colombia 3. Jordan 4. Malta 5. Nigeria 6. Paraguay 7. Philippines (SEA) 8. Russia 9. Spain 10. Uganda 11. UAE 12. Vatican City 13. Vietnam (SEA) 14. Myanmar (SEA) Palestine 1. Afghanistan 2. Algeria 3. Bahrain 4. Bangladesh * 5. Bolivia 6. China * 7. Cuba 8. Egypt 9. Indonesia (SEA) 10. Iran 11. Iraq 12. Kuwait 13. Libya 14. Malaysia (SEA) 15. Morocco 16. Oman 17. Pakistan 18. Qatar 19. Saudi Arabia 20. South Africa 21. Sudan 22. Tunisia 23. Turkey 24. Venezuela 25. Yemen

“Womb of the Dawn” sermon https://youtu.be/Lq6Plc19QjM?feature=shared

ဗျာဒိတ်ကျမ်းအခန်း ၈ နှင့် ၉ ပါ တံပိုးစီရင်ချက်များ အကြောင်းသင်ကြားခြင်းဖြစ်ပါသည်။ https://youtu.be/gx--IPB3xOw?feature=shared

မကြာမီ ည ၇:၃၀ တွင် “တံပိုး ၇ လုံး” (ဗျာဒိတ်ကျမ်းအခန်းကြီး ၈ နှင့် ၉) ကို သင်ကြားခြင်းစပါတော့မည်။ ဗျာဒိတ်ကျမ်း သင်ကြားခြင်းစီး
မကြာမီ ည ၇:၃၀ တွင် “တံပိုး ၇ လုံး” (ဗျာဒိတ်ကျမ်းအခန်းကြီး ၈ နှင့် ၉) ကို သင်ကြားခြင်းစပါတော့မည်။ ဗျာဒိတ်ကျမ်း သင်ကြားခြင်းစီးရီးသည် ယုံကြည်သူများမလွတ်သင့်သော သင်ကြားမှုပင်ဖြစ်ပါသည်။ Zoom မှ ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ Join Zoom Meeting https://us02web.zoom.us/j/89081382959 Meeting ID: 890 8138 2959 (Photo by KAL VISUALS on Unsplash)

ရောမ ၁၂ ဒေသနာ https://youtu.be/aRQyxwOReNA?feature=shared

၂ တိ ၁:၇ ဒေသနာ https://youtu.be/FEB0AWbqVww?feature=shared

ဒေသနာ https://youtu.be/AC2c0PNL6_U?feature=shared

https://youtu.be/3SMMknFOYZ4?feature=shared ယခု ဤ link သည် လွန်ခဲ့သည့် စနေနေ့မှ သင်ခဲ့သော “ဗျာဒိတ်ကျမ်း အခန်းကြီး ၆ နှင့် ၇” ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ စာစောင်တံဆိပ် ၇ ချက်အကြောင်းဖြစ်ပါသည်။ ကျွန်တော်၏ ယုံကြည်ချက်မှာ Post-tribulation, historic premillennialism with a victorious church (ဘေးဒဏ်ကြီးအပြီး ချီဆောင်ခြင်းနှင့် နှစ်ပေါင်းတစ်ထောင်မတိုင်မီ ဒုတိယအကြိမ်ကြွလာခြင်း နှင့် အောင်မြင်သောအသင်းတော်) ဖြစ်ပါသည်။ ခရစ်တော်၏ ခန္ဓာ၌ နောက်ဆုံးသောကာလနှင့် သက်ဆိုင်သောအမြင်အမျိုးမျိုးရှိသော်လည်း ဤကျမ်းသည် အလွန်ခမ်းနားထည်ဝါလွန်းသောကျမ်းဖြစ်ပြီး ငြင်းခုံရန်အကြောင်းအရာသက်သက်လောက် လုံးဝမသေးငယ်ပါ။ ထို့ကြောင့် နူးညံ့နှိမ့်ချသောဝိညာဉ်သဘောဖြင့် သွားလာအသက်ရှင်ရန်ဖြစ်ပေသည်။ ဗျာဒိတ်ကျမ်းသည် နားမလည်နိုင်ရန် ဖုံးအုပ်ထားသောကျမ်းမဟုတ်ပါ။ အမည်အတိုင်း နားလည်စေရန် ဗျာဒိတ်ဖွင့်ပြသောကျမ်းပင်ဖြစ်ပေသည်။ ကြောက်ရွံ့စိုးရိမ်စရာကျမ်းမဟုတ်ပဲ၊ အလွန်ခွန်အားရစရာကျမ်းပင်ဖြစ်ပါသည်။ အန္တိခရစ်သည်အဓိကဇာတ်ဆောင်မဟုတ်ဘဲ၊ ယေရှုခရစ်တော်သည် အဓိကဇာတ်ဆောင်ဖြစ်တော်မူသည်။ ယခင်အခန်းကြီး ၁ မှ ၅ အထိ လွတ်သွားသောသူများလည်း ပြန်လည်နားထောင်ရန် အောက်ပါ YouTube Playlist ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://youtube.com/playlist?list=PLGX0f8KbSI4GU3S5i4uVYngHFBC46NNh2&feature=shared အပတ်စဉ် စနေနေ့တိုင်း ည ၇:၃၀ မှ ၉:၃၀ အထိ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကိုပါဝင်နိုင်ကြောင်းဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်တို့ အသက်တာများ ဒုတိယအကြိမ်မွေးဖွားကာ၊ ခရစ်တော်၌ ရင့်ကျက်ကာ ဘုန်းနှင့်ပြည့်စုံသောအသင်းတော်အဖြစ် နောက်ဆုံးသောကာလအတွက် ပြင်ဆင်ကြပါစို့။ ပါဝင်လိုသူများ ရုံးဖုန်း 0933535353 သို့ဆက်သွယ်နိုင်ပါသည်။ Dr. David Joy

Someone made our previous logo. Then I found out it was very similar to the logo of an organization. So I created this new one on my own. I will explain the logo. In 2012 while I was an intern medical doctor at a government hospital, my heart sought the Lord desperately for Him and His direction. When I prayed with a few believers at a place, suddenly I found myself in a vivid trance vision. A very big eagle snatched and took me into the heaven. A blue flame fire ball was swiftly flying into my direction, and thrusted into my chest. The eagle took me to the places where people were suffering like war victims and others. I knew I was called into the ministry of Christ. I was very hungry to learn more of the kingdom of God by the Holy Spirit. So I wrote to Patricia King Ministries to inquire about Glory School with my testimony of the vision. Bart Hadaway read my email and he talked with Patricia. Patricia and Bart discussed to invite me to join their mission trip to Cambodia. Long story short, I came to know Bart and he mentored me spiritually. Bart is so amazing. Eagle, blue flame and many scenes I saw in the vision have a lot of spiritual meanings. Beside from the powerful interpretations of spiritual meanings, the logo of Patricia King Ministries is blue flame. I attended CMM College of Theology for Master and Doctorate degrees in theology later. The president of our college is Dr. Jorge Parrott. He was the director of Eagle Missions at that time. Here I am today. So our logo color is blue flame color, and it has the cross, the eagle and the blue flame. The thing on the head of the eagle is not the other wing. It is the blue flame. The cross is the gospel of Jesus Christ to preach from Kengtung to the ends of the earth. Dr. David Joy General Overseer Prophetic Revolution Ministries https://t.me/DrDavidJoyPRM/1823