en
Feedback
Yangon Connect Hub

Yangon Connect Hub

Open in Telegram

Ygn Revolution News & Info t.me/Ch01Ygn

Show more
992
Subscribers
No data24 hours
-27 days
-1530 days
Posts Archive
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ်ဖ မ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။ YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။ RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ တဦးပါတယ်။ ကျိုက္ကဆံမှတ်တိုင်မှာ ၁ ဦး ထပ်တက်လာတယ်။ ဘုရားနဲ့ မှတ်တိုင်ကြားမှာ အဲဒီနှစ်ယောက်က ကောင်လေးတွေကို ဝင်ဖမ်းတာ” လို့ ပြောပါတယ်။ https://burmese.dvb.no/post/686600?fbclid=IwY2xjawH2ym1leHRuA2FlbQIxMAABHVrHpQZ5JwQMAXxhbC_Ng7ZmLwKVKK4jxF1RojOJFgNexZlsu6ZGGpn76g_aem_n0X3x0VdLii2qgsb-qkPbw

Repost from JUNTO CONTIGO
ပေါ်တာ/ လူပျောက်ကြော်ငြာ နဲ့ Post Engagement ====================== မအလ စကစ လော်ဘီ အောက်တန်းစားတွေရဲ့ Pages တွေကနေ လူပျောက်ကြ
ပေါ်တာ/ လူပျောက်ကြော်ငြာ နဲ့ Post Engagement ====================== မအလ စကစ လော်ဘီ အောက်တန်းစားတွေရဲ့ Pages တွေကနေ လူပျောက်ကြော်ငြာပုံစံ post တွေတင်ပြီး သူတို့ရဲ့ page ၊ engagement တက်အောင် လုပ်ဆောင်လာတာတွေ့ရပါတယ် ။ သူတို့ရဲ့ ရည်ရွယ်ချက်နောက်တခုက ပေါ်တာဆွဲခံရတာ မဟုတ်ပဲ ၊ သာမန်ပျောက်ဆုံးတာလိုလို လူမိုက်တွေကပဲ ပြန်ပေးဆွဲတာလိုလို ရေးသားဖော်ပြထားတာပါပဲ ။ အဓိက သူတို့ပေါ်တာဆွဲနေတာကို လူတွေယုံမှားသံသယဖြစ်အောင် သို့လော သို့လော နဲ့ ဝေဝါးသွားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ် .. အောက်မှာ အဲ့လို Pages တွေထဲက တခုရဲ့ အောက်တန်းကျစွာရေးသားဖော်ပြချက်များ 🤌 13-JAN 2025 | JuntoContigo

Repost from JUNTO CONTIGO
စကစ လော်ဘီ BBC ရဲ့ အရေးအသား 10-JAN 2025 အာဏာရူး မအလ ရဲ့ စကားကို သတင်းလုပ် ရေးသားထားပုံ BBC* သည် မအလ ကို အကြမ်းဖက်သမားအဖြစ် သတ
စကစ လော်ဘီ BBC ရဲ့ အရေးအသား 10-JAN 2025 အာဏာရူး မအလ ရဲ့ စကားကို သတင်းလုပ် ရေးသားထားပုံ BBC* သည် မအလ ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ရေးသားဖော်ပြရန် တရားဝင်ငြင်းဆန်ထားသော မီဒီယာဖြစ်သည် ။

မအလ အောက်မှာ နေရင် ဒီဇယား နဲ့ နေရမယ် .. တော်လှန် ပုန်ကန်မှ ငါတို့လွတ်လပ်မယ် .. အကြမ်းဖက် စကစ နဲ့ ပတ်သက်နေတဲ့သူမှန်သမျှကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကြပါ ။

မအလ အောက်မှာ နေရင် ဒီဇယား နဲ့ နေရမယ် .. တော်လှန် ပုန်ကန်မှ ငါတို့လွတ်လပ်မယ် .. အကြမ်းဖက် စကစ နဲ့ ပတ်သက်နေတဲ့သူမှန်သမျှကို ရတဲ
+2
မအလ အောက်မှာ နေရင် ဒီဇယား နဲ့ နေရမယ် .. တော်လှန် ပုန်ကန်မှ ငါတို့လွတ်လပ်မယ် .. အကြမ်းဖက် စကစ နဲ့ ပတ်သက်နေတဲ့သူမှန်သမျှကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကြပါ ။

ကေပေး ပြဿနာ သိကောင်းစရာ (02-Jan2025) လုပ်ငန်းငယ်လုပ်ကိုင်နေသူတစ်ဦးဆိုရင် Old Bank Account ရှိမယ် ။ Old* Special Bank Account ရှိမယ် ။ Special* PhNo. A* နဲ့ ကေပေး အကောင့် ရှိမယ် ။ PhNo. A* သာလျှင် Register လုပ်ထားတဲ့ PhNo. OTP ကျတဲ့ ဖုန်းနံပါတ် ဖြစ်တယ် ။ Old နဲ့ PhNo.A နဲ့ link* ချိတ်ထားမယ် ။ ပုံမှန်အားဖြင့် Old ထဲမှာ ငွေမထားဘူး အကယ်လို့ ကေပေးထဲငွေလိုတဲ့အခါ Special ကနေ Old ကို ရွေ့ Old ထဲကနေမှ ကေပေး ကိုရွေ့ ပြီးသုံးတယ် ။ Old ကော Special ကော Mobile Banking နဲ့ ငွေလွှဲတဲ့အခါ PhNo. A* ကိုပဲ OTP ကျတယ် ။ ကေပေး သုံးတဲ့အခါလည်း PhNo. A* ကိုပဲ sms ကျတယ် ။ ဒီအထိ ပုံမှန် ပါပဲ ။ ============= ပြဿနာ … ကေပေးထဲက ငွေတွေကော ကေပေး နဲ့ မချိတ်ထားတဲ့ Special Acc ထဲက ငွေတွေကိုကော အခိုးခံနေရတယ် ။ ============= ကေပေး PhNo. A* နဲ့ Old, Special Bank Acc တွေချိတ်ထားတဲ့ ကြားမှာ User တွေ မသိအောင် PhNo. B*** ကိုထည့်ထားလိုက်တယ် ။ ပုံမှန် သုံးနေရင် ဘယ်လိုမှ မသိနိုင်ပါဘူး အကယ်လို့ ကေပေး နဲ့ Bank Acc Link အကောင့် link ချိတ်ထားတာကို ဖြုတ်လိုက်မယ် ပြီးမှ ပြန်ချိတ်လိုက်မယ်ဆိုရင် OTP code က PhNo. B ကိုရောက်သွားမှာ ဖြစ်ပါတယ် ။ ‼️⚠️‼️ အဲ့အချိန်ထိ ကေပေး ကိုသုံးပြီး ငွေလွှဲ လို့ရနေသလို Old/Special ငွေလွှဲရင်လည်း OTP code က Register လုပ်ထားတဲ့ PhNo. A*ဆီကျနေ အုံးမှာပါ. ‼️⚠️‼️ အဲ့တော့ OTP code သည် User ပိုင်ရှင် ရဲ့ PhNo. A ကော ပိုင်ရှင် မဟုတ်တဲ့ PhNo. B ဆီပါ ပို့နေတဲ့သဘောပါ ။ ======= အကြောင်းအမျိုးမျိုးကြောင့် ကေပေး ကို မလွှဲမရှောင်သာ ဆက်လက်သုံးစွဲနေရအုံးမယ် ဆိုရင်တော့ အတတ်နိုင်ဆုံး ငွေလက်ကျန် အနည်းဆုံးထားပါ ။ ဘဏ်အကောင့် နဲ့ ကေပေး ချိတ်ဆက်ထားခြင်းမျိုး လုံးဝ မပြုလုပ်ထားသင့်ပါ ။ အကြံပြုချက်သာဖြစ်လို့ ပါသွားရင် ကိုယ်ဖြစ်ကိုယ်ခံပါ ..

03-Jan 2025 စံပပြုဖက်ဒရယ် ဖ ွဲ့စည််းပံုအုပ်ခ ြုပ်ပံုအခပခခံဥပခဒ

'ဟောင်စု' ပရုပ်ဆီ ကြော်ငြာရဲ့နောက်မှာ ဘယ်လို နိုင်ငံရေးလုပ်ကြံမှုတွေ ရှိနိုင်လဲ - DVB Talkshow https://www.youtube.com/watch?v=-KoQe2pXcwM

Repost from CHANNEL 16
မြန်မာပြည်ရဲ့ မြို့ပေါင်း ၉၁ မြို့အထိ EAOs, EROs များ တော်လှန်ရေး တပ်ဖွဲ့များ က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ် ..
မြန်မာပြည်ရဲ့ မြို့ပေါင်း ၉၁ မြို့အထိ EAOs, EROs များ တော်လှန်ရေး တပ်ဖွဲ့များ က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ် .. 20-Dec 2024

ရန်ကုန်ရဲ့ညတဲ့ ခါတိုင်းဆို ဘောလုံးပွဲတွေရှိတဲ့ညဆို လက်ဖက်ရည်ဆိုင်မှာလူတွေစုလို့ပေါ့ " ဟေးးးး "ခနဲ့ ထအော်ကြတာ အခုတော့ ည၈နာရီဆို အကုန်သိမ်းပါပြီ ဂိမ်းဆိုင်မှာ ညလုံးပေါက်ဆော့ခဲ့ကြသေးတာ လမ်းထိပ်အုတ်ခုံမှာ ဂစ်တာဝိုင်းလေးတွေ ဘီယာဘူးလေးတွေနဲ့ ညဦးပိုင်းခဏတဖြုတ်တော့ဆုံကြသေးတာ အခုတော့ အုတ်ခုံတွေအောက်မှာ မြက်တွေတောင်ပေါက်လို့ ညဈေးသည်တွေလည်း စောစောသိမ်းကြတယ် ညဆိုင်းအလုပ်ဆင်းတဲ့လူတွေ သိပ်မရှိတော့ဘူး ( မရှိသလောက်ပါပဲ ) Bar တွေမှာလူတွေအပြည့်တဲ့ Club တွေမှာ အပြည့်တဲ့ အင်းးးးဟုတ်မှာပါ အံဒီနေရာပဲရွေးကြည့်ရင် အဲဒီနေရာပဲမြင်မှာပေါ့ Bar တွေ club တွေကိုသွားကြည့်ပြီးရင် ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ ဆင်းခဲ့ပါဦး ဆင်ခြေဖုံးလမ်းတွေထဲ ပတ်ခဲ့ပါဦးနော် ၁% ကိုပဲရွေးကြည့်မနေပါနဲ့ ၉၉% ကိုမြင်အောင်ကြည့်ပါ " ကားတွေသွားလာနေကြတာပဲ "တဲ့ မဖြစ်မနေသွားလာနေရတဲ့ကားတွေကိုကြည့်ပြီးရင် အကြောင်းမဲ့တိတ်ဆိတ်ငြိမ်သက်သွားတဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေကို ထပ်ကြည့်ပါဦးးးး ဘယ်တော့မှ မိုးမချုပ်ခဲ့တဲ့ရန်ကုန်ဟာ အခုတော့ မည်းမှောင်တိတ်ဆိတ်သွားတယ် စောစောပြန်ကြ ငါ့ညီတို့ ....... Min Yel Kyaw Swar 20-Dec 2024

ခရိုနီသူဌေးကြီး ဦးစိန်ဝမ်သည် အဆိုတော် အာဘွိုင်း ခေါ် ကျော်ဖြိုးထွန်း၏အဖေဖြစ်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အဓိက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ ဖြစ်သည်။ Website တွင် ဖတ်ရန် https://bit.ly/3D0OWid

Repost from JUNTO CONTIGO
နေတန်ညာဟု ဖမ်းဝရမ်းထုတ်ခံရတာ နဲ့ မအလ ဖမ်းဝရမ်းထုတ်ခံရခြင်းကတော့ ဘယ်တူမလဲ .. ဥပမာပေးပြောရရင် မြို့မျက်နှာဖုံးသူဌေးကို ဖမ်းခိုင
နေတန်ညာဟု ဖမ်းဝရမ်းထုတ်ခံရတာ နဲ့ မအလ ဖမ်းဝရမ်းထုတ်ခံရခြင်းကတော့ ဘယ်တူမလဲ .. ဥပမာပေးပြောရရင် မြို့မျက်နှာဖုံးသူဌေးကို ဖမ်းခိုင်းတာနဲ့ လမ်းဘေးက ထမီသူခိုးကို ဖမ်းခိုင်းတာ မတူသလိုပေါ့ မမလ က ၁ယုတ် ခရီးစဉ်မှာ ရှိသမျှလူနဲ့သွားနှုတ်ဆက် ဓာတ်ပုံရိုက်တင်တော့ သူတောင်းစားက သူဌေးမ ကားနားကပ် selfie ဆွဲ ဖွဘုတ်ပေါ်ပြီး ကြွယ်သလိုသလိုပေါ့။ .. ဟိုသူဌေးမ ကလည်း သူ့အဖေ ပြန်တိုင် ဒယ်ဒီ အဲ့ကောင်ကြီးကိုရှင်းပေး မဟုတ်ရင် နောက်တခါ သမီးနားထပ်ကပ်လာမှာ ရွံတယ်ပြောမှာပေါ့ … နေတန်ညာဟု အတွက် ဖမ်းဝရမ်းထုတ်ခံရတာ ဘာမှ မဖြစ်ပေမယ့် မအလ လိုကောင်အတွက်ကျတော့ ကောဇောနီတို့ ကျည်ကာကားတို့ နဲ့ ဝေးပြီလေ .. တော်လှန်ရေးက ကြာအုံးမလား ပြီးတော့မလား ဆိုရင် လနက တလရ အနေနဲ့တော့ ပြီးဖို့နီးလာပြီထင်တယ် .. အရပ်ဝတ် တလရ ကတော့ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ် မျိုးဆက်အလိုက် အမြတ်ဖြတ်နိုင်မှ ရမယ် .. မဟုတ်ရင် ခရိုနီ သားသမီးတွေ အရွယ်ရောက်လာတဲ့တနေ့ ပြန်အာဏာသိမ်းတာခံရအုံးမယ် ။

ICO2 မှာ Token ဘယ်လို ဝယ်ရမလဲ? 👩‍🚀 SDB ဘဏ္ဍာရေးဝရဇိန်နဲ့ “ရှယ်ယာရှင်လည်း လုပ်မယ် ၊ အာဏာရှင်လည်း တုပ်မယ်” ဆိုတဲ့ ပြည်သူတို့
+7
ICO2 မှာ Token ဘယ်လို ဝယ်ရမလဲ? 👩‍🚀 SDB ဘဏ္ဍာရေးဝရဇိန်နဲ့ “ရှယ်ယာရှင်လည်း လုပ်မယ် ၊ အာဏာရှင်လည်း တုပ်မယ်” ဆိုတဲ့ ပြည်သူတို့ အတွက် နွေဦးဘဏ်နှင့်အတူ အိမ်ပြန်လှိုင်းသစ်ရဲ့ ခွင့်သာခိုက်မှာ လိုက်ပါဖို့ ICO Round 2 မှာ အနည်းဆုံး $10 နှင့် ညီမျှတဲ့ ပမာဏ ရှိရုံဖြင့် ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ဘဏ်အစုရှယ်ယာဝင်ဖို့ SDB အကောင့်တခု သာ ရှိဖို့ လိုပါတယ်၊ ပုံပါအဆင့်ဆင့် ရှယ်ယာတိုကင် ဝယ်ယူနည်း အသေးစိတ်ကို ရှယ်ယာရှင် ဖြစ်လိုတဲ့ မိတ်ဆွေတွေကို မျှဝေပေးလိုက်ပါဦးနော် ။ 📲 ICO 2 အတွက် SDB အကောင့် ဖွင့်ရန် bit.ly/m/SDB4all 💻 SDB ဖွင့်ဖို့ အခက်အခဲရှိပါက Zoom တွင် မေးမြန်းရန် bit.ly/openSDBforICO #ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB

FYI

Repost from Hlaing Info
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး နိုဝ
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး နိုဝင်ဘာလ ၂၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ မန္တ‌လေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်တဲ့ သိရှိလိုတာများကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆက် - ⤵️⤵️

နေရာစုံမှာ သူ့နာမည်တွေချည်းပဲ Small pretentious dictator and murderer-in-chief from Myanmar has finally attracted coverage he
နေရာစုံမှာ သူ့နာမည်တွေချည်းပဲ Small pretentious dictator and murderer-in-chief from Myanmar has finally attracted coverage he deserves. မြန်မာပြည်က လူသတ်တရားခံ၊ အယောင်ဆောင်သမား အာဏာရှင်ဟာ နောက်ဆုံးတော့ သူပြုခဲ့တာ‌တွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရရှိသွားပြီ ဖြစ်ပါတယ် မင်းအောင်လှိုင်ကြောင့် မြန်မာကို ကမ္ဘာကသိပြန်ပြီ...နိုင်ငံတကာမီဒီယာတွေမှာ နာမည်ကျော်ဖြစ်သွားတဲ့ မင်းအောင်လှိုင်... AP, AFP, Nikkei Asia, DW, The Strait Times, South China Morning Post, The Guardian, etc.

Repost from CHANNEL 16
❝ အယ်လဂိုရီသမ် စစ်ပွဲမှ ကြိုဆိုပါတယ်။ ❞ ခင်ဗျားကို အယ်လဂိုရီသမ် စစ်ပွဲ ( Algorithm War ) က ကြိုဆိုနေပါတယ်။ အယ်လဂိုရီသမ် စစ်ပွဲ ဆိုတာ တော်လှန်ရေး မောင်နှမ အချင်းချင်း သဘောထားကွဲအောင်၊ အာရုံလွဲအောင် စစစ်ကျွန်အုပ်စုက အွန်လိုင်းကနေ ပရိုပါဂန်းဒါး၊ ဆိုက်ဝါးထည့်တဲ့ တိုက်ပွဲ အသစ်ပါ။ မြန်မာ့ MI (စစ်ထောက်လှမ်းရေး) က အရင်ကလို ဝါယာကြိုးနဲ့ အလုပ်မလုပ်တော့ဘူး။ ဒစ်ဂျစ် တယ်စစ်ပွဲ (အယ်ဂရေသမ် စစ်ပွဲ) လုပ်နေတာ။ ဒီစစ်ပွဲမှာ အနိုင်အရှုံးက ‘ခင်ဗျား’ အပေါ်မှာ မူတည်တယ်။ သူတို့ပစ်မှတ်က ‘ခင်ဗျား’ မို့လို့ပဲ ။ သူတို့ အသုံးချနေတာ ‘ခင်ဗျား’ ကိုပဲ။ သူတို့က အကောင့်အတုတိုက်ပွဲတွေနဲ့ RCS လုပ်ကြတာ နှစ်နဲ့ချီနေပြီ။ လူတွေ စိတ်အနှောင့်အယှက်ဖြစ်စေ မယ့်သတင်း၊ စိတ်ဝင်စားမယ့်သတင်း၊ ငြင်းခုံစရာသတင်း၊ ရန်တိုက်ပေးမယ့်စတင်းတွေကို အချိန်ကိုက် အံဝင်ခွင်ကျ ဖွ ပြီ။ လူတွေကို အာရုံလွဲအောင် နည်းအမျိုးမျိုးနဲ့ လုပ်တယ်၊ လူ့စိတ်တွေကို လမ်းကြောင်းပြောင်းသွားမယ့် ဒရာမာတွေက ဒီကောင်တွေဆီမှာ အဆက်မပြတ်ရှိပြီသား။ လာမယ်— မြန်မာပြည်သူတွေ ရုန်းကနေရတယ်၊ သူတော်ကောင်းကြီးလုပ်ပြီး စာနာပြ၊ ဒီသတင်းမျှဝေပါဦးနော်လို့ ပန်းနုသွေး..။ အဲ့ဒီ့သတင်းထဲမှာ လူမျိုးရေးတင်းမာအောင်၊ အာရုံလွဲအောင်၊ ပွဲဖြစ်အောင် ဂျင်းထည့်ထားရော..။ လူပြောများတာနဲ့ သတင်းအမှန်မဟုတ်ဘူး။ အခုကြည့်— တရုတ်ကို ဆန္ဒပြမှုဖို့ ဘာဖို့ရေးရင် ဖတ်မယ့်သူတောင် မရှိဘူး။တော်လှန်ရေးနဲ့ မဆိုင်တဲ့ ဒရာမာတွေ၊ အရှုပ်တော်ပုံတွေ အုံးအုံးထနေတယ်။ ဟို ၁၈ နှစ်ကလေးမ အလှမယ်ပြိုင်ပွဲ အရှုပ်တော်ပုံကိုကြည့်၊ မပြီးနိုင်ဘူးနော်။ နောက်ထပ် Miss Universe အကြောင်း၊ ရေကျော်ပွဲက တစ်သက်လုံး သီတင်းကျွတ်မှာပဲ လုပ်တာ၊ အခုက ဇွတ်ကြီးနော်၊ ဘာနေ့ရက်မှ မဟုတ်ပဲ ဘလိုင်းကြီး ‘ပွဲ’ ထလုပ်တယ်။ တခြား ဘယ်တုန်းကမှ မလုပ်တဲ့ ရပ်ကွက် ပွဲဈေးအသေးလေးတွေလည်း ကွက်ကျား လုပ်တယ်။ ဒါတွေ ဟို MAL တရုတ်မသွားခင်ကစ အခုအထိ။တမင်ကြီး လုပ်နေမှန်း တအားသိသာတယ်။ အဲ့ဒါတွေက တိုက်ဆိုင်မှု မဟုတ်ဘူး။ တရုတ်နဲ့တိုင်ပင် ကမ္ဘာမှာ မြန်မာပြည်ကပြည်သူတွေ ပျော်နေကြတဲ့အကြောင်းပြတဲ့ နည်းဗျူဟာတွေ။ ကျမတို့ရဲ့ ဆိုရှယ်မီဒီယာ ( feed )ဖိဒ်တွေမှာ ပုန်းနေတဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးလုပ်ငန်းတွေ အောင်မြင်နေပါတယ်။ သူတို့ လုပ်ချင်တဲ့ “သတင်း” ဆို တကယ်ပဲ စောက်ရေးတွေကြီးနေသလို ဝေါကနဲ ဝေါကနဲ တက်လာတာ။ အယ်— အလွယ်ပြောရရင် ‘like’ တွေ အများကြီးဖန်တီးထားတဲ့ အာရုံပြောင်းစေတဲ့ အနုပညာ။ Facebook အတု၊ လူအတု၊ ချစ်မေတ္တာအတု၊စာနာမှုအတု၊ (သဲသဲဗြဲဗြဲရဲ့ ဖန်အတုလည်းပါတယ်။ အယ်ဂရေသမ် စစ်ပွဲရဲ့ ဒရမ်မာတွေမှာ ခင်ဗျားက ဇာတ်ညွှန်းရေးသူဖြစ်ပါ။ မင်းသားတွေရော လူကြမ်းတွေပါ ထိန်းချုပ်နိုင်တဲ့ ဒါရိုက်တာဖြစ်ပါ။ ထုတ်လုပ်သူဖြစ်ပါ။ ခင်ဗျား ရုပ်သေး အဖြစ်မခံနဲ့။ သူတို့ဇာတ်ညွှန်းကို လိုက် က စရာမလိုဘူး။ ခံယူချက်တွေ ခိုင်မာကြပါ။ အရေးကြီးသတင်း (သတင်းအမှန်) တွေကိုပဲ မျှဝေပါ။ အာဏာရှင်တွေ အကြောက်ဆုံးက စည်းလုံးညီညွတ်တဲ့ မျိုးဆက်သစ်လူငယ်တွေကိုပဲ။ အမှန်တကယ် အရေးကြီးတဲ့နေရာတွေကို အာရုံစိုက်ကြပါ။ ထက်မြက်နေဖို့၊ စည်းလုံးနေဖို့၊ ဘယ်တော့မှ မမေ့ပါနဲ့။ အနာဂတ်ဆိုတာ စောင်ပြဿနာရှုပ်တွေရဲ့ အရင်းအမြစ်ကို မြင်နေသူတွေက ပိုင်တယ်။ အမှန်တော့ ဒီအကြောင်းပြောရတာ အခန်းတစ်ခုထဲမှာ ဆင်ကောင်ကြီးဝင်နေတာကို လက်ညှိုးထိုး ပြရတာမျိုးကြီး။ ဒါပေမဲ့ လက်ညှိုးထိုးပြနေတာတောင် မမြင်ကြတော့ ပါးစပ်ကပါအော်လိုက်ပါတယ်။ ▬▬▬▬▬▬▬▬ မရွှေမိုး-ကိုရီးယား November 21st, 2024. #MaShweMoeKorea