en
Feedback
Ko Zin Zae ( Active English )

Ko Zin Zae ( Active English )

Open in Telegram

ကြယ်ငါးကောက်သူ တစ်ယောက်မျှသာ

Show more
4 350
Subscribers
No data24 hours
-137 days
-6230 days
Posts Archive
ည ၈:၄၅ ( မြန်မာ စံတော်ချိန် ) လောက်ကျရင် We Support MM ယူကျု ချယ်နယ် ကနေ Live လေး လွှင့် စကားလေး ပြောပါမယ် … ( ဥဩ Podcast လွှင့်နေကျ ၊ ဆရာဖြိုး စာတွေ တင်နေကျ ချယ်နယ်ပါ ။ ခုက နွေဦးဖတ်စာ နဲ့ ပူးပေါင်းလုပ်တဲ့ Project တစ်ခု သဘောပေါ့ ။ ) တလရ ကာလထဲ ၁။ အင်္ဂလိပ်စာ ဘယ်လို လေ့လာရင် ကောင်းမလဲ ၊ ၂။ Passion ပျောက်နေရင် ဘာလုပ်ရမလဲ … စတာလေးတွေ တို့ထိ ( အသေးစိတ်တော့ မဟုတ် ) ဆွေးနွေးပါမယ် … ကြားမှာ က-လစ် ကိစ္စလေးတွေ နည်းနည်း ညှပ်ညှပ် ပြောပါမယ် ၊ ( နွေဦးဖတ်စာ ရဲ့ ကလစ်သတင်းစဉ် ဆိုပါစို့ 😅 ) ဟိုနေ့က Live မှာ ပြောခဲ့တဲ့ ကိစ္စတစ်ချို့ ( တလရ လက်က အနုပညာ လှုပ်ရှားမှုတွေ ကိစ္စ ) ကို ပြန်နွှေးပေး ၊ ထပ်ပြောပေးပါမယ် … နာရီဝက် - ၄၅ မိနစ် လောက်ပဲ ပြောမယ် စဉ်းစားပါတယ် ၊ ခုက ယူကျု ကနေပဲ Live လွှင့်ရင်ရော ကြည့်ဖြစ်သူ ဘယ်လောက် ရှိနိုင်မလဲ ၊ ကိုယ် ပြောချင်တာ ပြောပြလို့ ရတဲ့ အပြင် တလရ ရန်ပုံငွေ ဘယ်လောက် ရနိုင်လဲ ဆိုတာ စမ်း ကြည့်ချင်တဲ့ သဘောပါ ။ ( Facebook Live က ပိုက်ဆံမရပေမယ့် ယူကျု Live က ပိုက်ဆံရနိုင်ချေရှိလို့ လူ မြင်နည်းနိုင်ပေမယ့် တမင် စမ်းကြည့်တာပါ ) နောက်မှ ( နားထောင်သူတွေ ဘက်က ) ခေါင်းစဉ် တစ်ခုချင်း အကြောင်း အသေးစိတ် သက်သက် ပြောစေချင်ရင် ထပ်ပြောပါ့မယ် ။ စိတ်ဝင်စားရင် အဲ့နာမည် ( We Support MM ) အတိုင်းသာ ယူကျု မှာ ရှာပြီး လာခဲ့ကြပါ လို့ … ~ ကိုဇင်ဇေ

“လူမှုအသိုင်းအဝိုင်းကိုက Inter-connected ဖြစ်နေတာပါ။ လူတွေက မမြင်ကြလို့သာ။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုက သွယ်ဝိုက်ပြီး ကိုယ့်
“လူမှုအသိုင်းအဝိုင်းကိုက Inter-connected ဖြစ်နေတာပါ။ လူတွေက မမြင်ကြလို့သာ။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုက သွယ်ဝိုက်ပြီး ကိုယ့်ဆီ ပြန်ရောက်လာတာချည်းပဲ။ (ဥပမာ စစ်တပ်ထုတ်ကုန် မသုံးပါနဲ့ဆို သုံးတယ်။ သုံးတော့ ဟိုကောင်တွေက သက်ဆိုးရှည်။ သက်ဆိုးရှည်တော့ တိုင်းပြည်က ပိုပိုပျက်လာပြီး ခုနက မြန်မာဘီယာ သောက်နေတဲ့သူပါ ခွေးဖြစ်။)” … စတဲ့ … စာသားတွေ ပါတဲ့ … ( Women at War ) စစ်အတွင်းက အမျိုးသမီးများ ဆိုတဲ့ ဉာဏဗလ ရဲ့ ရုပ်ရှင် ခံစားချက်ကို နွေဦးဖတ်စာ ( SR ) မှာ ဖတ်လို့ ရပါပြီ … 👉 https://springreader.com/2023/08/21/nyarnabala_women_at_war/ 👈 🟧 LWSR ( Learn with Spring Reader ) မှာလည်း စစ်နဲ့ ပက်သက်တဲ့ အသုံးအနှုန်း ၁၀ ခုကို Post ၂ ခု ( Post 66, 67 ) ခွဲပြီး တင်ပေးထားပါတယ် ။ 👉 https://learnwithspringreader.com/2023/08/21/post-66-unveiling-war-idioms-a-language-of-battle-and-metaphor/ 👉 https://learnwithspringreader.com/2023/08/21/post-67-war-idioms-unveiled-exploring-the-language-of-conflict/ ဖတ် - မန့် - ဖြန့် ရင်း တိုက်ရိုက် ၊ တဆင့်ခံ က-လစ် ပေးနိုင်ပါတယ် 💪 ~ ကိုဇင်ဇေ

LWSR ( Learn with Spring Reader ) ကို ကလစ်ပေးနေသူ ၊ ဝန်းရံပေးနေသူ ၊ စိတ်ဝင်စားသူတွေ ကို ဒီ Post လေး ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျာ 👉 https://www.facebook.com/100000576790914/posts/pfbid0MBcMvPQWY6HQUVEMjbJ7vkz2RNS8fF3DZ9m9Ptanwmz6o9yAZfaLEWJMF2oYYVHgl/?mibextid=cr9u03 👈

ဒီနေ့ ( 18 August 2023 ) အတွက်တော့ LWSR မှာ Forrest Gump ရုပ်ရှင် သုံးသပ်ချက်ကို ဝေါဟာရ မှတ်စု ၂၀ နဲ့ တွဲတင်ပေးထားပါတယ်ဗျာ … ဒီ ရုပ်ရှင် ကတော့ အတော်များများလည်း ကြည့်ဖူးကြ ၊ ကြိုက်ကြ … ပြောစရာ လေးတွေ ရှိတတ်ကြတဲ့ ရုပ်ရှင်ပါပဲ … ဒီတော့ … ဘာသာစကား လေ့လာ ၊ ထိတွေ့ဖို့ပဲ ဖြစ်ဖြစ် … ခံစားချက်လေးတွေ ပြန်နွှေးတဲ့ အနေနဲ့ ဖြစ်ဖြစ် သွားဖတ်လို့ ရပါတယ် …. အမာခံ ဝန်းရံပေးလိုသူတွေ ကတော့ ဖတ်ရုံတင် မက မန့် လည်း မန့် ၊ ဖြန့်လည်း ဖြန့်ပေးနိုင်ပါတယ်ဗျာ … 💪 ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/18/post-65-kindness-courage-and-chocolate-finding-inspiration-in-forrest-gump-movie-review-with-vocabulary-notes/ 👈 🟧🟧🟧 ကို က-လ-စ် ကြေညာထားတာ တစ်ခု သတိထားမိကြတယ်မလား … နောက်နေ့တွေ အဲ့မှာ လည်း တွေ့ကြမယ် 😇💪

၈ ခွဲ ( မြန်မာချိန် ) ကျရင် Live ခဏ လောက် လွှင့်ပြီး စကားပြောမလို့ … သီချင်း တစ်ပုဒ် ကောင်းတယ် ၊ မကောင်းဘူး ဆိုတာ ဘယ်လို သတ်မှတ်သင့်သလဲ … ထားခဲ့ပါ ဆိုတဲ့ Anonimous ဆိုတဲ့ ညီလေး ကိစ္စ နဲ့ ဥပမာ ပေး ရှင်းပြရင်း Perspective နဲ့ Opinion ဆိုတဲ့ … စကားလုံးလေးတွေ အကြောင်း … တော်-လှန်ရေး ၊ နိုင်ငံရေး နဲ့ လည်း ချိတ်ပြီး လျှောက်ပြောကြည့်ချင်လို့ပါ … Live မလွှင့်တော့တာ အာဏာသိမ်းပြီး ကတည်း က ဆိုတော့ သွေးပူ လေ့ကျင့်ခန်း ပြန်လုပ်ချင်တာလည်း ပါတာပေါ့လေ … ( “ ငါ ပြောချင်တာ ပြောမှာကို ပြန်တင်ရဲရင် ပြန်တင်လေ … “ 😅 ဆိုပြီး တလရ ရန်ပုံငွေ ချယ်နယ် တစ်ခုကို ပြောထားတော့ အဲ့ အတွက် သွေးတိုး စမ်း တဲ့ သဘောပါ ) စိတ်ဝင်စားရင် လာကြည့်ပါ … ( ကျွန်တော့် အကောင့်မှာပဲ လွှင့်မှာပါ ) တစ်ယောက်တည်း ဆိုတော့ လျှောက်ပြောမှာပါ 😅… မေးချင် ၊ သိချင် ၊ ထည့်ပြောစေချင်တာ ရှိလည်း မန့်ခဲ့နိုင်ပါတယ် … အချိန် နဲ့ စိတ် အခြေအနေပေါ် မူတည်ပြီး ထည့်ပြောချင် ပြောသွားပါ့မယ် … ~ ကိုဇင်ဇေ 🟧 Live လွှင့်မယ့် အကောင့် 👉 https://www.facebook.com/zin.zae 👈

ဒီနေ့ ( 17 August 2023 ) အတွက် LWSR မှာ နောက်ထပ် ရုပ်ရှင် သုံးသပ်ချက် + ဝေါဟာရ မှတ်စုလေးတွေ တင်ပေးလိုက်ပါတယ် … မင်းသားကြီး Tom Hanks ရဲ့ နောက်ထပ် ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်တဲ့ Cast Away ပါ …. ( LPE System အရ ) Exposure အတွက် ပဲ ဖတ်ဖတ် Learn and Practice အတွက်ပဲ ဖတ်ဖတ် တလ-ရ ရန်ပုံငွေ ကူရှာပေးနေတဲ့ က-လ-စ်လောကကို အားပေး ဝန်းရံ ချင်လို့ပဲ ဖတ်ဖတ် … ( ကျွန်တော့်ကို အားပေးချင်လို့ပဲ ဖတ် ဖတ် 😅) အကျိုး တစ်ခုခုတော့ ရှိသွားမှာပါ … ဖတ် - ဖြန့် - ကစ်လိုက်ကြပါဦးဗျာ … 😉💪 ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/17/post-64-surviving-solitude-a-deep-dive-into-cast-away-movie-review-with-vocabulary-notes/ 👈

သူများ RS ကို စဆရက လုပ်ပြီး ကိုယ်တိုင်ကျ အကွဲ အပြဲတွေ ဖြစ်ကြတဲ့ သူတွေထဲမှာ လှနု ထွန်း လောက် မပြောနဲ့ … ကမ္ဘာကျော် Tony Robbin တောင် ပါသေးတယ် 🫤 အဓိက က စဆရက တွေ ပြောတာပဲ စွတ်ယုံမနေနဲ့ ၊ မဒူကြနဲ့ ။ ကိုယ့် ကိစ္စ ကိုယ် ပိုသိတယ် ။ အရမ်း ယေဘူယ ဆန်တဲ့ အပေါစား အပေါ့စား အကြံပြုချက်တွေထက် သူ့ အကြောင်း ၊ ကိုယ့် အကြောင်း သေချာ ဇောက်နက်အောင် မေးမြန်းပြီးမှ ပညာရှင် ဆန်ဆန် ဆွေးနွေးအကြံပေးတာမျိုးကိုပဲ အလေးထား … သူ့ဟာသူတောင် စိတ်ဂယောက်ဂယက် ဖြစ်ပြီး Posts တွေ လျှောက်တင် စကားတွေ လျှောက်ပြောနေတဲ့ သူတွေကို ဆရာ သွားမတင် မိကြစေနဲ့ … •••••• တကယ် အရေးကြီးတာက လိုင်းသုံးလို့ ရနေသေးရင် နိုင်သလောက် က-လ-စ်ပေးဖို့ပဲ … LWSR မှာ Relationship အကြောင်း Idiomatic Expressions တွေ တင်ပေးထားတာ သွားဖတ်ရင်း က-လ-စ်လို့ ရတယ် … Spring Reader မှာတော့ လူပျို ( ဘာနဲ့ ပျိုလဲတော့ မသိ 🤭 ) ဆရာလေး ဆရာဖြိုးရဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေး ဆောင်းပါးတွေ ဖတ်ရင်း C2.D ရဲ့ အိမ်ပြန်လမ်းကို လမ်းကြုံ က_လ_စ်ပေးလို့ရတယ် ။ အော် … ပြီးတော့ နေပြည်တော်ကို မမ တွေနဲ့ ဝိုင်းကြိတ်မယ့် Project က ၁၀% လောက် လိုသေးလို့ ကူနိုင်ရင် ကူပေးဖို့ နဲ့ … စကစက အသည်းအသန် ပြန်လိုချင်လို့ လနကြီး တွေနဲ့ အပြင်းအထန် တောက်လျှောက် ထုနေတဲ့ လက်ခက်တောင်ကို ထိန်းထားနိုင်ဖို့ Cobra တွေကို ကူပေးဖို့လည်း တိုက်တွန်းချင်ပါတယ် ။ ~ ကိုဇင်ဇေ 🟧🟧🟧 LWSR မှာ ဒီနေ့ ( 16 August ) မှ အသစ် တင်ပေးထားတဲ့ Relationship အကြံပြုချက် ၅ ခု ကို ဝေါဟာရ မှတ်စုတွေနဲ့ တွဲပေးထားတဲ့ Post ( ယေဘူယ အကြံဉာဏ်တွေနော် 😅 ) > https://learnwithspringreader.com/2023/08/16/post-63-nurturing-awesome-relationships-5-golden-nuggets-of-advice-with-vocabulary-notes/ အရင်က တင်ပေးထားတဲ့ Relationship နဲ့ ပက်သက်တဲ့ Expressions တွေ > https://learnwithspringreader.com/category/relationship/ SR မှာ တင်ထားတဲ့ ဆရာဖြိုး ဆောင်းပါးတွေ > https://springreader.com/tag/phio-thiha/

ဒီနေ့ ( 15 August 2023 ) တော့ LWSR မှာ Content Style အသစ် တစ်မျိုး စ တင်ပေးထားပါတယ် ။ 😎 ရုပ်ရှင် အညွှန်း ၊ သုံးသပ်ချက်ကို ဝေါဟာရ မှတ်စု နဲ့ တွဲပြီး တင်ပေးတဲ့ ဟန်လေးပါ ။ ( ဖတ်နေရင်း မသိတာပါလာရင် အဓိပ္ပာယ်ကို တန်း မကြည့်ပဲ အရင် ညှစ်၊ခန့်မှန်း စဉ်းစားစေချင်လို့ ဝေါဟာရ မှတ်စုကို အောက်ဆုံးမှာမှ တမင် ထည့်ပေးထားပါတယ် 😉 ) မင်းသားကြီး Tom Hanks ကို ကြိုက်တဲ့ လူများစု သိပြီး ပေမယ့် ပြန်ကြည့် ၊ ပြန် ဖောက်သည်ချလို့ မရိုးနိုင်တဲ့ ရုပ်ရှင် တစ်ခု နဲ့ ဒီ အစီအစဉ်လေးကို စဖွင့်လိုက်ပါတယ် ။ စိတ်ဝင်စားရင် ၊ ဝန်းရံပေးချင်ရင် … ပြေးဖတ် ၊ ပြေးဖြန့် လိုက်ကြပါဦး … 😇💪 ~ ကိုဇင်ဇေ •••••• LWSR ရဲ့ စာတွေ > ကိုသာဒင်တို့ရဲ့ Tha Daily News နဲ့ > LWSR + WOH Game ( EFR တယ်လီ ဂရု ) မှာ အပြင် > ကို က-လစ် တို့ရဲ့ Eain Pyan Lann App မှာလည်း ဒီရက်ပိုင်း အတွင်း ပါလာတော့မှာပါ 😉💪 •••••• Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/15/movie_review_the_terminal_with_vocabulary_notes/ 👈 •••••

ဒါကတော့ YouTube Video link ပါ … Facebook မှာ ဆိုရင်တော့ Facebook Post/Video Link ကို အဓိက RCS လုပ်ပေးကြဖို့ အကြံပေးချင်ပါတယ် … YouTube link ဆို Facebook က တမင်ကို Reach ( ပျံ့နှုန်း ) ချနိုင်တယ်လို့ ယူဆမိလို့ပါ 👉 https://youtu.be/WW19CeIIdMA

PVTV က တင်ထားတဲ့ ဒီ ( ဘဏ္ဍာရေး တိုက်ပွဲ ) Video က တော်-လှန် ပြည်သူတွေ ကြားထဲ ဒီ့ထက် ပျံ့သင့်တယ် ဗျ … ဝိုင်းပြီး RC.S လုပ်ပေးလိုက်ကြပါဦး … ဒီ တိုက်ကွက်က တော်-လှန်ချင်စိတ် ရှိသူတိုင်း နီးပါး ဘေးကင်းကင်း နဲ့ ဝင် ပါ လို့ ရပါတယ် … 💪💪💪 👉👉👉 https://www.facebook.com/100000576790914/posts/7295164707179350/?mibextid=cr9u03

ကိုသာဒင်တို့ ရဲ့ TDN - The Daily News - App အကြောင်း .. သူတို့ တင်ပေးထားတဲ့ Post ပါ 👉 https://www.facebook.com/1000797583110
+1
ကိုသာဒင်တို့ ရဲ့ TDN - The Daily News - App အကြောင်း .. သူတို့ တင်ပေးထားတဲ့ Post ပါ 👉 https://www.facebook.com/100079758311019/posts/235089705826305/?mibextid=cr9u03 •••••• TDN မှာ LWSR ရဲ့ စာတွေလ ဖတ်လို့ ရပြီ ဖြစ်ကြောင်း တင်ထားတဲ့ Post ပါ 👉 https://m.facebook.com/story.php?story_fbid=pfbid02ADziekxW1MwYgNV4zyCbjDjmFeMeoGV8xWcVQMcxejUfXD63qGYwwE6K1xgwjxasl&id=100079758311019

ဒီနေ့ ( 15 August , 2023 ) အတွက် LWSR မှာ Post ၃ ခု ( 59, 60, 61 ) ထပ်တင်ပေးထားပါတယ် ။ Cinematic Expressions - ရုပ်ရှင်နဲ့ ဆက်စပ်တဲ့ အသုံးအနှုန်းတွေပါပဲ ။ 👉👉👉 Screen Time Curtain Call In the Spotlight Opening Act Scene-Stealer Plot Twist Cutting-Room Floor On Location Get the Picture … စတာတွေပါ … In the spotlight တို့ Get the picture တို့ လို အသုံးအနှုန်းတွေက နေ့စဉ် စကားပြောမှာလည်း သုံးလို့ကောင်းတဲ့ အသုံးအနှုန်းတွေ ဖြစ်မှာပါ ။ မသိသေးသူတွေက လေ့လာ ၊ သိပြီးသူတွေက ပြန်နွှေးရင်း … တလ-ရ ရန်ပုံငွေ ရှာပေးနေတဲ့ က-လ-စ် အဖွဲ့တွေကို အားပေးနေသေးကြောင်း လုပ်ရပ်နဲ့ သက်သေပြလို့ရပါတယ်ဗျာ ။ ~ ကိုဇင်ဇေ ••••••• LWSR - Main Website က အရှိန်ယူနေတုန်း ( ဝင်ငွေ နည်း ) ပေမယ့် … 🟧🟧🟧 အရှိန်ရနေပြီးသား ( ဝင်ငွေ အဆင်ပြေနေတဲ့ ) ကိုသာဒင်တို့ရဲ့ The Daily News - App မှာ LWSR ရဲ့ Posts တွေကို ဝင်ဖတ်ရင်းလည်း ရန်ပုံငွေ ကူရှာပေးနေနိုင်ပါတယ် ။ ••••••• Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/tag/cinematic-idioms/ 👈

ဒီနေ့ LWSR မှာ ဂီတ နဲ့ သက်ဆိုင်တဲ့ Idioms နောက်ထပ် ၁၅ ခု တင်ပေးလိုက်ပါတယ် … ( စာဖတ်သူ - ဝန်းရံနေ/လိုသူတွေ RC.S လုပ်ပေးကြပါဦး ) အေးဆေး အချိန်ယူ ဖတ်ရှုလေ့လာ ( သိပြီးသူတွေက ပြန်နွှေး ) ရာမှာ ပို အဆင်ပြေအောင် Leonard Cohen ရဲ့ You want it darker သီချင်းကိုပါ အတင်း အဓမ္မ ထည့်ပေးလိုက်ပါတယ် … ( LWSR မှာ ကျွန်တော် ကြိုက်တဲ့ သီချင်းတွေကို မသမသာရော ၊ အတင်း အဓမ္မရော လော်ဘီ လုပ်မယ်လေ … အကြံ မပိုင်ဘူးလား 😝 ) 🟧 ခု တင်ပေးလိုက်တဲ့ Post မှာ ထည့်ပေးထားတဲ့ Idiomatic Expressions တွေကတော့ ဒါတွေပါ ။ ရသလောက် ဖတ်ရှု လေ့လာ/ပြန်နွှေးနိုင်ပါတယ် ။ ကိုယ် သဘောကျမိတဲ့ Idiom တစ်ခုလောက် ရွေးပြီး မန့်မှာ ပြောပေးခဲ့နိုင်ပါတယ် ။ 👉 Off-key Harmony in Diversity Hit the high note In full swing In the same key One-hit wonder Drum-up Support Call the tune Whistle Dixie Strike the wrong note Play Second fiddle Change the tune In harmony Make beautiful music together Blow the whistle 🟧 အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ ဥပမာစာကြောင်းတွေ ပါပေမယ့် English လိုပဲ သီးသန့် တင်ပေးနေရတာမို့ အခြေခံအားနည်းသူတွေ အတွက် နည်းနည်း အလှမ်းကျယ်နေနိုင်တာ သိပါတယ် ။ ဒါကြောင့် … အခြေခံ အားနည်းသူတွေ အတွက် လိုတိုရှင်း မြန်မာလို ပြန်ရှင်းပြပေးထားမယ့် အသံဖိုင် ၊ ဗီဒီယို ဖိုင်လေးတွေလည်း စီစဉ်ပေးဖို့ … အဲ့ဒါတွေကို > နွေဦး Video App နဲ့ > ပဒေသာပင် Channel မှာ တင်ပေးဖို့လည်း ညှိနှိုင်း သဘောတူထားကြပြီးသားပါ ။ လောလောဆယ်က ( မိုးသံ မလုံတာရယ် ) ကျွန်တော့် ဘာသာ ပတ်ချာလည်နေသေးလို့ ရယ်ပါ 😅 ဝန်းရံ ရင်း ဆက် စောင့်ပေးပါ လို့ … ~ ကိုဇင်ဇေ •••••••• စာကြွင်း ။ Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/12/post-55-more-melodic-idioms-to-harmonize-your-conversations/ 👈

ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး … တဲ့ … ဆရာ ကျူး ရဲ့ သရော်စာ တစ်ပုဒ်ကို နွေဦးဖတ်စာ မှာ ပြန်တင်ပေးထားပါတယ် ။ ဖတ် - မန့် - ဖြန့် ရင်း C2.D ရဲ့ အိမ်ပြန်လမ်းကို လမ်းကြုံ က-လ-စ်ပေးနိုင်ပါတယ် ။ 🟧 ဒီ ၂ လ အတွင်း အဲ့လို လမ်းကြုံ က-လ-စ်ပေးသွားတဲ့ အကြိမ်ရေ ၅ ထောင် ကျော် ရှိပါတယ် … အချက်အလက်တွေ အရ စာဖတ်တဲ့ အကြိမ်ရေ ရဲ့ ၂၀-၂၅ % လောက်က လမ်းကြုံ က-လစ်ပေး သွားတဲ့ အကြိမ်ရေ ဖြစ်နေတာမို့ ၅ ယောက်မှာ ၁ ယောက် … ဒါမှမဟုတ် ၅ ခါ ဖတ် ၁ ခါ လောက်တော့ က-လစ်ပေးနေကြတာမို့ ကို က-လ-စ် တို့ ကိုယ်စား ကျေးဇူးတင်ပါတယ် … ~ ကိုဇင်ဇေ •••••• 🟧 Website နာမည် Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://springreader.com/2023/08/12/kyilipaung_satire2/ 👈

ဒီ ကိစ္စ ခင်ဗျားတို့ သိလိုက်ရဲ့လား … 🫤 ကို တေဇာစန်း ကလည်း ခိုင်မာတဲ့ Source ကနေ ရလို့ ပြောတာပါ … ၂ သောင်းတန် ထုတ်မှ ၊ လက်ကြီ
ဒီ ကိစ္စ ခင်ဗျားတို့ သိလိုက်ရဲ့လား … 🫤 ကို တေဇာစန်း ကလည်း ခိုင်မာတဲ့ Source ကနေ ရလို့ ပြောတာပါ … ၂ သောင်းတန် ထုတ်မှ ၊ လက်ကြီး သမားတွေ ငွေစျေး ကစားနေမှ … မြန်မာငွေ တန်ဖိုး ကျတာ မဟုတ်ပါဘူး … ဒီအချက်ကြောင့်ကို တအိအိ ကျနေတာပါ … 🟧 ဒီလို ကိစ္စတွေကြောင့် … စကစ မပြုတ်မချင်း ( ဒီ လောက်ထိ လုပ်ချင်သလို လုပ်နေတာတွေကို တားလို့ မရနိုင်ပဲ … ) တစ်နိုင်ငံလုံး စီးပွါးပျက်ကပ်ထဲ တအိအိ ဆင်းနေပါလိမ့်မယ် … လန ကိုင် တိုက်ပွဲ မဝင်နိုင်တဲ့ ပြည်သူတွေ အနေနဲ့ ဘဏ္ဍာရေး တိုက်ပွဲ တော့ သေချာ ဝင်တိုက်ကြဖို့ လိုပါလိမ့်မယ် ။ 🟧 ကိုတေဇာစန်း ပြောပြထားတဲ့ Video အစအဆုံးကိုတော့ ( မကြည့်ရသေးရင် ) နွေဦးဖတ်စာမှာ ဝင်ကြည့်နိုင်ပါတယ်ဗျာ 👉 https://springreader.com/2023/08/08/pvtv_tayzarsan_financial_warfare/ 👈

“ ပဋိပက္ခတွေ ပြေလည်ဖို့မှာ အဲဒီအချက်က သိပ်အရေးကြီးတယ်။ ငါပဲ မှန်တယ်၊ ငါတို့ပဲ နစ်နာနေတယ် လုပ်လို့မရဘူး။ တစ်ဖက်လူက ဘယ်လိုတွေးတယ်၊ ဘာကြောင့် သူ ဒီလိုမြင်တယ် သိအောင် နားထောင်တတ်ဖို့ လိုတယ်။ ဒါမှသာ ကိုယ်လိုချင်တာကို ညှိယူနိုင်မယ်။ ကိုယ်ပြောချင်တာကို သူနားဝင်အောင် ပြောနိုင်လိမ့်မယ်။” … ဆိုတဲ့ စာသားတွေပါဝင်တဲ့ ဉာဏဗလရဲ့ The Best of Enemies ရုပ်ရှင်ခံစားမှု ဆောင်းပါးကို နွေဦးဖတ်စာမှာ တင်ပေးလိုက်ပါတယ် … ဖတ် - မန့် - ဖြန့် ရင်း လမ်းကြုံ ကစ်ပေးခဲ့နိုင်ပါတယ် 💪 👉 https://springreader.com/2023/08/11/nyarnabala_best_of_enemies/ 👈

( ၈-၈-၂၀၂၃ ) အတွက် သတင်းတိုများ စုစည်းမှု https://springreader.com/2023/08/09/myanmar_news_inbrief_8august2023/

ဒီနေ့ LWSR မှာ ကျန်းမာရေး နဲ့ ပက်သက်တဲ့ Idiomatic Expressions တွေ ဆွေးနွေးပေးထားတဲ့ Post ၆ ခု တင်ပေးထားပါတယ် … Fit as a fiddle Break a leg In the pink of health A clean bill of health On the Mend Heart and Soul … စတဲ့ အသုံးအနှုန်းတွေကို ဆိုလိုရင်း တင်မကွ အသုံးချ ပုံ အပြင် ဥပမာ စာကြောင်း ၅ ကြောင်းစီနဲ့ လေ့လာ ၊ ထိတွေ့ နိုင်မှာပါ … စာဖတ်ရင်း … တော်-လှန် ဆန္ဒပြကြ ၊ ရန်ပုံငွေ ရှာ စနစ် တစ်ခုကို သွယ်ဝိုက် ပံ့ပိုးပေးချင်ရင် ဖတ် - မန့် - ဖြန့် ပေးကြပါလို့ 💪 ~ ကိုဇင်ဇေ 🟧 ( အချိန်ရ ၊ လိုင်း အဆင်ပြေ ၊ တဆင့်လောက်လေး စိတ်ပိုရှည်ပေးနိုင်ရင် ) Search Engine မှ တဆင့် ဝင်ရန် လင့် 👉 https://www.bing.com/search?q=learn+with+spring+reader&form=QBLH&sp=-1&lq=0&pq=learn+with+spring+read&sc=10-22&qs=n&sk=&cvid=5B4B5E4081CE4314BD24CBDBDA2A8862&ghsh=0&ghacc=0&ghpl= •••••• တိုက်ရိုက်ဝင်ရန် လင့် 👉 https://learnwithspringreader.com/category/health/

❗️စာဖတ်သူတွေ ၊ ပုံမှန် ၊ အမာခံ ဝန်းရံသူတွေ ၊ Cl-ick Buddies ( က-လ-စ်ဖော် က-လ-စ်ဘက် တွေ ) ကို သိစေချင်တာ … ❗️ ၁။ SR ( Spring Reader ) ကို ပုံမှန် မဝင်ပေးလည်း ရပါတယ် ။ SR က တင်ပေးနေတဲ့ Posts တွေရဲ့ အောက်ခြေမှာ လင့်ထည့်ပေးထားတဲ့ C2.D ရဲ့ EainPyanLann Web ကို ကိုယ့်ဘာသာ သွား က-လ-စ်နေဖြစ်တယ်ဆို SR ကိုက တကယ် ဖတ်ချင်တဲ့ အခါမှ ဝင် ဖတ်ရုံပါပဲ ။ ၂။ LWSR ( Learn with Spring Reader ) ကိုတော့ ( Posts အသစ် မရှိသေးရင်တောင် ) တစ်ရက် ၄-၅ Page လေး သွားဖတ် - နွှေးနေစေချင်ပါတယ် ။ Posts အသစ်လည်း တင်ပေးနေမှာပါ ။ ( တခြား က-လ-စ် အဖွဲ့ တွေအတွက် နည်းနည်းလေး ဖြစ်ဖြစ် မတူညီတဲ့ Contents တွေ စီစဉ်ပေးရဦးမှာမို့ LWSR မှာ Posts တင်တာ အရှိန် နည်းနည်း လျှော့လိုက်ရတာပါ ) ၃။ ကိုယ် ယုံကြည်ရာ ၊ အားသန်ရာ ၊ အဆင်ပြေရာ အဖွဲ့တွေကိုလည်း ပုံမှန်လေး က-လ-စ်ပေးနေပါ ။ ခုထိ အဖွဲ့ သေချာ မရွေးရသေးရင် က-လ-စ် လောက ရဲ့ ကြီး ၅ ကြီး ( ကျွန်တော့်ဘာသာ နာမည် ပေးထားတာနော် 😂 ) ဖြစ်တဲ့ > The PD-F Game > Tha Din > Cli-ck 2 Donate > Padaythar Pin > Play 2 Donate … တို့ကို ဦးစားပေး စောင့်ကြည့် ၊ ဝန်းရံနိုင်ပါတယ် ။ PCF Members တွေ ဖြစ်တဲ့ > AhluShin > Cl-ick for TuuMee > Cli-ck 4 Freedom > SuYadanar တို့ကိုလည်း အချိန်မျှပေးနိုင်ပါတယ် ။ PCF Member မဟုတ်ပေမယ့် စောင့်ကြည့် ဝန်းရံပေးစေချင်တာ တစ်ခုက > City Battle PD-F Game ပါ ( ပန်းလည်း သေချာ ပွင့်နေပါတယ် ) ကျန်တဲ့ ကျွန်တော် နာမည် ထည့်မရေးဖြစ်တဲ့ အဖွဲ့တွေ ယူTube Channels တွေ ကိုလည်း ကိုယ် ယုံကြည်ရင် ၊ အားသန်ရင် ၊ အချိန် ပေးဖို့ အဆင်ပြေနေသေးရင် ဝန်းရံ အားဖြည့်ပါ ။ ခု စာရင်း အတိုင်း တောင် တကယ် လုပ်မယ်ဆို အတော် အချိန်ပေးရနိုင်လို့ အဓိက ၅ ခုကို ဦးစားပေး ရွေးပေးတာပါ ။ က-လ-စ်တယ် ဆိုတာ > နည်းပညာ နဲ့ ဆန္ဒပြရင်း > ရန်ပုံငွေ ကူရှာပေးနိုင်တာမို့ ( ရှာပေးခဲ့တဲ့ ရန်ပုံငွေပေါင်း သိန်း ၆ သောင်း ဝန်းကျင် ရှိနေပြီ ဖြစ်တဲ့ ဆန္ဒပြနည်း တစ်ခု ဖြစ်တဲ့ အတွက် ) မမေ့ မလျော့ မပေါ့ မဆ နဲ့ အလေးအနက်ထား ပုံမှန် ဆက်ဆွဲကြတာပေါ့ဗျာ ။ ပုံမှန် ၊ အမာခံ က-လ-စ်ကာတွေဆိုတာ စကစ နဲ့ တလ-ရ အဖွဲ့တွေကြား တိုက်နေရတဲ့ Financial Warfare ( ဘဏ္ဍာရေး စ-စ်ပွဲ ) မှာ တစ်ထောင့်တစ်နေရာက ထိထိမိမိ ဖိဖိစီးစီး ဝင် တိုက်ပေးနေတဲ့ ရဲဘော်တွေပါပဲ … လေးစား ပါတယ် … ဆက်လည်း လေးစားပါရစေ … လို့ ~ ကိုဇင်ဇေ ( August 9, 2023 )

ဒီနေ့ နွေဦးဖတ်စာမှာ ကို မင်းကိုနိုင် ၊ ကို တေဇာဆန်း ၊ မ ပန်ဆယ်လို တို့ရဲ့ စာတွေ ၊ တော်-လှန်-ရေး အကြံပြုတိုက်တွန်းချက်တွေကို တ
ဒီနေ့ နွေဦးဖတ်စာမှာ ကို မင်းကိုနိုင် ၊ ကို တေဇာဆန်း ၊ မ ပန်ဆယ်လို တို့ရဲ့ စာတွေ ၊ တော်-လှန်-ရေး အကြံပြုတိုက်တွန်းချက်တွေကို တင်ပေးထားပါတယ် … ဖတ် - မန့် - ဖြန့် ရင်း အိမ်ပြန်လမ်းကို အားဖြည့်ပေးသွားနိုင်ပါတယ်ဗျာ ။ ( စာဖတ်သူ ၊ ဝန်းရံ သူတွေ အနေနဲ့ ဒီ Post ကို ပျံ့အောင် အရင် ဖြန့်ပေးနိုင်ပါတယ်ဗျာ ) 🟧🟧🟧 ပြည်သူတွေရဲ့ ဓမ္မတေး ( ကို မင်းကိုနိုင် ) 👉 https://springreader.com/2023/08/08/minkonaing_financial_warfare/ ဖက်ဆစ် ဝင်ငွေ ဖြတ်တောက် ၊ ပြည်သူ့ ဘဏ္ဍာတည်ဆောက် ( ကို တေဇာဆန်း - Video ) 👉 https://springreader.com/2023/08/08/pvtv_tayzarsan_financial_warfare/ လမ်းအားလုံး နေပြည်တော်သို့ ( မ ပန်ဆယ်လို ) 👉 https://springreader.com/2023/08/08/pencillo_lets_march_to_naypyidaw/ ••••••