en
Feedback
Ko Zin Zae ( Active English )

Ko Zin Zae ( Active English )

Open in Telegram

ကြယ်ငါးကောက်သူ တစ်ယောက်မျှသာ

Show more
4 350
Subscribers
No data24 hours
-137 days
-6230 days
Posts Archive
ဒီနေ့က … ၈-၈-၈၈ နှစ်ပတ်လည်ပေါ့ … ထွေထွေထူးထူး လုပ်စရာ တာဝန် ရှိရင် လုပ် ။ မရှိရင် - ပြီးသွားရင် ၈-၈-၈၈ နဲ့ ပက်သက်တဲ့ စာတွေ လိုက်ဖတ် ၊ တလ-ရတဲ့ ပက်သက်တဲ့ စာတွေ လိုက်ဖတ် ၊ ဆွေးနွေး ပွဲတွေ နားထောင် … က-လ-စ်လည်း က-လ-စ်နေရင်းပေါ့ … ( က-လ-စ်တယ် ဆိုတာ နည်းပညာ နဲ့ ဆန္ဒပြရင်း ရန်ပုံငွေ ကူရှာပေးနေတာပါ ) •••••••• 🟧🟧🟧 ဒီရက်ပိုင်း ခေါင်းထဲ သေချာထည့်ထားစေချင် ၊ လေ့လာ - အသုံးချစေချင်တာက … စကစ နဲ့ တိုက်နေရတဲ့ ( လန မကိုင်တဲ့ ပြည်သူတိုင်း နီးပါးလည်း ဝင်တိုက်လို့ရတဲ့ ) ဘဏ္ဍာရေး တိုက်ပွဲ … 👉 စကစ ဝင်ငွေ နည်းနိုင်သလောက် နည်းအောင် လုပ်ဖို့ ( စ-စ်တပ် ရယ် ၊ သူတို့နဲ့ ဆက်စပ်တာတွေရယ် က ထုတ်တဲ့ ထုတ်ကုန်တွေ ၊ ဝန်ဆောင်မှုတွေကို တတ်နိုင်သလောက် မသုံးဖို့ ၊ သပိတ်မှောက်ဖို့ ပေါ့ ) 👉 ကိုယ့် တလ-ရ ရဲဘော်တွေ အတွက် ရန်ပုံငွေတွေ များလာဖို့ရယ် ( လှု - ကူ - က-လ-စ် ၊ နွေဦးဘဏ် SDB Account ဖွင့် ၊ တခြား နည်းလမ်းသစ်တွေ လည်း တတ်နိုင်သလောက် ကြံဆ ၊ အကောင်အထည် ဖော်ကြရမှာပေါ့ ) ••••• လောလောဆယ်တော့ … ဒါပါပဲဗျာ … နွေဦးဖတ်စာမှာ စာလာဖတ်ဖို့လည်း ဖိတ်ခေါ်ပါတယ် … ဒီရက်ပိုင်း ဘဏ္ဍာရေး တိုက်ပွဲ အကြောင်းတွေ ဦးစားပေးပြီး ဆက်တင်ပေးနေပါ့မယ် … ~ ကိုဇင်ဇေ

ဘဏ္ဍာရေး တိုက်ပွဲ ( သို့မဟုတ် ) အရေးကြီးသော်လည်း အလေးထားမှု အားနည်းနေသေးတဲ့ တိုက်ပွဲ စာမျက်နှာကြီး … အကြောင်း ရှင်းပြ လှုံ့ဆော်ပေးထားတဲ့ ကို တေဇာဆန်း ရဲ့ Post ကို နွေဦးဖတ်စာမှာ တင်ပေးထားလိုက်ပါတယ် ။ ဖတ် - မန့် - ဖြန့် ရင်း အိမ်ပြန်လမ်း ကို အားဖြည့်ခဲ့နိုင်ပါတယ် 💪 👉 https://springreader.com/2023/08/07/tayzarsan_financial_warfare/ 👈 🟧 နွေဦးဖတ်စာ တယ်လီ 👉 https://t.me/springreader 👈 နွေဦးဖတ်စာ RCS Fans - Facebook Group 👉 https://www.facebook.com/groups/springreader 👈 ••••••

❗️LWSR ကို ဝန်းရံပေးနေသူတွေ ၊ ဝန်းရံပေးချင်သူတွေ သိစေချင်လို့ပါ ❗️ Site က ( ပိုက်ဆံရတဲ့ ) ကြော်-ငြာလေးတွေ စ တက် လာပါတယ် … တစ်ပတ်လုံးမှ $0.04 လောက်ပဲ ရခဲ့တာကနေ ဟိုနေ့က တစ်ရက်တည်းနဲ့ $0.10 စ ရပါတယ် ။ ဒါကြောင့် ပုံမှာ အားလုံးပေါင်း အနေနဲ့ $0.14 လို့ ပြနေတာပါ ။ ( သူတို့ ဘက်နဲ့ “ ဝင်ငွေ နည်းလွန်းကြောင်း “ စကားပြောကြည့်တော့ မင်းဆိုဒ်က သစ်လွန်းနေသေးလို့ ဆိုတဲ့ အကြောင်းပြချက်ပေးပါတယ် ။ ဒါကြောင့် ၁ လ အရင် စောင့်ကြည့်ပြီး B plan ပြောင်းပါမယ် ။ အဲ့ Plan နဲ့ ၃-၄ လ လုပ်ကြည့်လို့မှ အဆင်မပြေရင် C plan ပြောင်းထားလိုက်ပါမယ် ။ အဲ့ ၃-၄ လထိတော့ ဆက်ဝန်းရံပေးစေချင်ပါတယ် ။ လောလောဆယ် မှာ လမ်းကြုံဝင်လေ့ရှိသူက ၅ ရာ - ၁ ထောင်ကြား ရှိပေမယ့် .. ပုံမှန် အမာခံ ဝင်ပေးနေတာက ၂၀၀-၂၅၀ ပဲ ရှိပါသေးတယ် ။ ) 🟧 အစတုန်းက ကြေညာထားခဲ့သလိုပဲ ဒီ Site ကို အဓိက က-လ-စ် Site အနေနဲ့ Run သွားမှာတော့ မဟုတ်ပေမယ့် … ရသလောက်လေးတော့လည်း ယူကြတာပေါ့ 💪 🟧 ကိုသာဒင် တို့ ရဲ့ TDN App မှာ LWSR ရဲ့ စာတွေ စ ထည့်ပေးနေတာ ၃-၄ ရက်လောက် ရှိပါပြီ ။ 🟧 ကို က-လစ် တို့ C2.D က လည်း Site တစ်ခု စ တည် နေပါပြီ ။ အိမ်ပြန်လမ်း App မှာလည်း ပါရင် ပါလာဦးမှာပါ ။ လွတ်လွတ်ကင်းကင်း ဖြစ်အောင် မတူညီတဲ့ Contents တွေပဲ ခွဲပေးမလား စဉ်းစားနေရပါတယ် ။ ကိုယ်တော့ ပို အပင်ပန်းခံရမှာပေါ့ ။ 🟧 နွေဦး Video - App နဲ့ ကိုပဒေသာ တို့ Channel မှာ အတိုချုံး ရှင်းလင်းချက် Videos လေးတွေ ပါလာဖို့က ကျွန်တော့်ဘက်မှာ အသံဖမ်းရ သိပ်အဆင်မပြေသေးလို့ နှောင့်နှေးနေတာပါ ။ လဝက်လောက် နောက်ဆုံးထားပြီး စ ဖြစ်အောင် ကြိုးစားပါ့မယ် ။ 🟧 ဝိုင်းကူပေးချင်ရင် ၁။ RC.S ပုံမှန် လုပ်ပေးပါ ၂။ RC.S ထက် ပိုထိရောက်တဲ့ ဖြန့်နည်းတွေနဲ့ပါ ဖြန့်ပေးချင်ရင် “LWSRpromote” ဆိုပြီး ကျွန်တော့်ဆီ စာပို့ပေးထားပါ ။ 🟧 ၃။ LWSR နဲ့ SR ကို ပြန်ချိတ်ဖို့ အတွက် မှတ်စုထုတ် + အတိုချုံးဘာသာပြန် ဖို့ လူလိုပါတယ် ( ကျွန်တော်ပဲ စဆုံး လုပ်နေရရင် အချိန်မလောက်နိုင်လို့ပါ ) ဒါကြောင့် … WeLearn အတွက် ကူပေးဖို့ ပြောထား ၊ ညှိထားတဲ့ Assistants တွေ Volunteers တွေ အနေနဲ့ ( ဖြစ်နိုင်ရင် ) WeLearn ကိစ္စလေး ခဏရပ်ထားတုန်း ဒီ LWSR ကို ကူပေးစေချင်ပါတယ် ။ ကူချင်ရင် အရင်ဆက်သွယ်လက်စ နေရာကနေပဲ “LWSRnote”… လို့ စာပို့ပေးထားပါဗျာ ။ 🟧 ၄။ ကူတွန်းပေးချင် ၊ တွန်းပေးနေတဲ့ Influencers တွေ တကယ်လို့ ကြည့်ချင်တယ်ဆို Traffic ( လူဝင်နှုန်း ) အခြေအနေရော Ads revenue ( ကြော်ငြာ-ခ ဝင်ငွေ ) အခြေအနေရော သေချာ ပြပေးပါမယ် ၊ ကြည့်ချင်ရင် မေးရမှာ အားမနာပါနဲ့ ။ ကျွန်တော်လည်း အားမနာတတ်အောင် နေတာပါပဲ ။ စိတ်ရှင်းရှင်း နဲ့ဆို သေချာလေး လုပ်ချင်စိတ် ပိုပေါက်မယ် ထင်လို့ပါ ။ ပြီးတော့ … ငွေရေးကြေးရေအရ ယုံလို့ မကြည့်ချင်ပါဘူး ကိုဇင်ဇေ ရေ … ဆိုရင်တောင် Traffic ကို ကြည့်ပြီး တိုင်ပင်ချင် ၊ တွဲ ကစားချင်တာလေးတွေ ရှိပါတယ် ။ ဒါကြောင့် … Public ကို ဒီထက် ပိုပျံ့အောင် ၊ ပျံ့လို ရလာတဲ့ လမ်းကြုံ ပရိသတ်ကနေ အမာခံ ပရိသတ်တွေ ကျန်အောင် .. တကယ် ကူပေးချင်ရင် ပြောပါဗျာ … ( ဒီ Traffic ကိစ္စ ကူပေးစေချင်တာက LWSR ( ကြော်-ငြာလျှောက်ထားတဲ့ အင်္ဂလိပ် ဆိုဒ် ) အတွက်တင်မက SR ( နွေဦးဖတ်စာ မြန်မာ ဆိုဒ် ) အတွက်ရောပါ ။ မြန်မာ Site ကတော့ ကြော်-ငြာ လုံးဝ လက်မခံထားတော့ ဝင်ငွေ လုံးဝ မရှိဘူးပေါ့ ။ ) •••••• ဒါပါပဲဗျာ … ဖတ်ဖြစ်ကြပါ့မလား မသိပေမယ့် ဖတ်ဖြစ်ရင် အချင်းချင်း ကြားထဲတော့ ပျံ့အောင် RC.S လုပ်ပေးကြပါဦး … ( အာလူးဖုတ် ၊ အတင်းတုတ် ၊ စိတ်ရှုပ် ၊ စဆရက လုပ်နေကြမယ့် အစား ) တလ-ရ အတွက် တိုက်ရိုက် အထောက်အကူမဖြစ်နိုင်တောင် သွယ်ဝိုက် အထောက်အကူဖြစ်နိုင်တာတွေထဲက ကိုယ်နိုင်တာကို တကယ် သေချာ ဖိလုပ်ရင်း … တူတူ ရုန်းကြတာပေါ့ … ကျေးဇူးပါ … ~ ကိုဇင်ဇေ 🟧 စာကြွင်း ။ LWSR အကြောင်း သေချာ မသိသေးရင် ဒီ Post လေး သွားဖတ်ကြည့်နိုင်ပါတယ်ဗျာ 👉 https://www.facebook.com/100000576790914/posts/7236294959732992/?mibextid=cr9u03 👈

RCS လုပ်ပေးချင်ရင် ဒီ Facebook Post ကို လာလုပ်ပေးလို့ ရပါတယ် 👉 https://www.facebook.com/100000576790914/posts/pfbid0FmxA7Kw4
RCS လုပ်ပေးချင်ရင် ဒီ Facebook Post ကို လာလုပ်ပေးလို့ ရပါတယ် 👉 https://www.facebook.com/100000576790914/posts/pfbid0FmxA7Kw4zNnpqsohCiGqNwphbXJ1S8WYuTZKkt8rn2dFtwnWxXCU39aLPUkrVTKbl/?mibextid=cr9u03 👈

ဒီ ကိစ္စလေး သတိထားသင့်တယ် ထင်လို့ မပန်ဆယ်လို ရေးထားတဲ့ Post ကို နွေဦးဖတ်စာမှာ တင်ပေးထားလိုက်ပါတယ် ။ ဖတ် - မန့် - ဖြန့် ရင်း အိမ်ပြန်လမ်း ကို အားဖြည့်ခဲ့နိုင်ပါတယ် 👉 https://springreader.com/2023/08/07/pencillo_cautious_supporting/ 👈 ••••• နွေဦးဖတ်စာ တယ်လီ 👉 https://t.me/springreader 👈 နွေဦးဖတ်စာ RCS Fans - Facebook Group 👉 https://www.facebook.com/groups/springreader 👈

❗️မတူဂြိုလ် တွေက လာကြတာ 😅 ❗️ မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် … ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင် ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ … Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို ဒီ ( LWSR ) မှာ ဖတ်လို့ ရပါပြီ ဗျာ … 👉 https://learnwithspringreader.com/category/relationship/ 👈

ဒီ Post လေး လာဖတ်ကြည့်ပြီး ပျံ့စေချင်ရင် RCS လုပ်ပေးနိုင်ပါတယ်ဗျို့ 👉 https://www.facebook.com/100000576790914/posts/7265952683433886/?mibextid=cr9u03 👈 •••••• ဉာဏဗလ ( ဆရာ ဖြိုးသီဟ ) ရဲ့ ရုပ်ရှင် ခံစားမှု စာစုလေး တစ်ခု ပါ … ခေါင်းစဉ်လေး အတော် လှပါတယ် “ ကြင်နာဖို့ ကို အချိန် မဆိုင်းပါနဲ့ “ တဲ့ … ••••••

Barbie ထဲမှာ ပါးပါးလေး ထည့်ရွဲ့ထား ( … တယ်လို့ တစ်ချိူ့တွေ ယူဆကြ ) တဲ့ Extreme Feminists ( အစွန်းရောက် မ ဝါဒီ ) တွေဆိုတာ ဘယ်လို စကားပြောလေ့ရှိလဲ … သိချင်ရင် ကိုဇဏ်ခီ Oppenheimer ရုပ်ရှင်အကြောင်း ရေးထားတဲ့ Post အောက်က Comment တစ်ချို့ သွားဖတ်ကြည့် 😂 သူ ထည့်ရေးတာ … ပါးပါးလေး တစ်ကြောင်းတည်းနော် … ဒါလေးကိုတောင် မခံနိုင်ပဲ … ( Barbie ရုပ်ရှင်ရဲ့ ရုပ်ရှင် အနုပညာ အဆင့်အတန်း က ဘယ်လို မြင့်ပါတယ် ဆိုပြီး သေချာ ချေပတာမျိုး မဟုတ်ပဲ ) ကိုဇဏ်ခီ ကို Patriarchy ( မဟာဖိုဝါဒ ) ထောက်ခံသူ လိုလို Misogynist ( မိန်းမ မုန်းတီးသူ ) လိုလို စွပ်စွဲ ပလိုက်တာ … မြန်မာ နိုင်ငံက အငြင်းအခုန်တွေမှာ တွေ့ရ အများဆုံး ad hominem fallacy ပေါ့ … ( ချက်ကျလက်ကျ မငြင်းပဲ လူ ချ တာ 😅 ) ကျွန်တော် က စစခလ ဟာ အနုပညာသမား မဟုတ်ဘူးလို့ ပဲ မြင်တယ် … ဆိုတာကို Sai Sai Army က လာချကြတုန်းကလည်း အဲ့လိုပဲ … စစခလ ရဲ့ ဘယ်သီချင်းကတော့ ဘာ​ကြောင့် အနုပညာ လက်ရာကောင်း ဖြစ်ပါတယ် .. စစခလ ရဲ့ ဘယ်အကျင့်စရိုက်ကတော့ အနုပညာသမား ဆန်တယ် … စစခလ ရဲ့ ဖန်တီးမှု ဘယ် % လောက်ဟာ ဖျော်ဖြေရေး ဖြစ်နေပေမယ့် ဘယ် % လောက်က အနုပညာ မြောက်တယ် … ဒါကြောင့် ကိုဇင်ဇေ ထင်သလို စစခလ က အနုပညာ သမား မဟုတ်ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး … စစခလ ဟာ အနုပညာ သမား စစ်စစ်ပါ … ဆိုတာမျိုး တစ်ယောက်မှ တင်းပြည့် ကျပ်ပြည့် မဆွေးနွေးနိုင်ပဲ … အဲ့လို ပြောရအောင် မင်းက ဘာမို့လို့လဲ တို့ မင်း မျက်ခွက်လည်း မင်း ပြန်ကြည့်ဦး တို့ ယောကျာ်းကြီး တန်မဲ့ J ဝင်နေတာ တို့ … စတဲ့ … ad hominem fallacy ပဲ လာလာ လုပ်သွားကြတာ … •••••• အနုပညာ မြောက်မမြောက် ဆွေးနွေးပါတယ် ဆိုမှ ငွေ ဘယ်လောက် ရှာနိုင်တယ် … ဝင်ငွေ ဘယ်လောက်ရတယ် … ဆိုပြီး ပြောကြတာတွေ တွေ့တော့လည်း ရယ်ချင်တယ် .. ဒီလူတွေ ဘဝမှာ > အနုပညာ ( Art ) ဆိုတာ ဘာလဲ … > ဖျော်ဖြေရေး ( Entertainment ) ဆိုတာ ဘာလဲ … > အနုပညာနဲ့ ဖျော်ဖြေရေး ဘာကွာလဲ … > အနုပညာ မြောက်မမြောက် ဘာစံတွေနဲ့ တိုင်းသင့်လဲ … > ဖျော်ဖြေရေး လက်ရာ ကောင်းမကောင်း ဘာစံတွေနဲ့ တိုင်းသင့်လဲ … ဆိုတာတွေ ကို သေချာ ရော စဉ်းစားဖူးကြရဲ့လား လ်ို့ သံသယ ဝင်မိတော့တာပဲ … ••••• ဘာရယ် မဟုတ်ပါဘူး … ကိုယ့် အဆင့်လောက် မပြောနဲ့ … ကိုဇဏ်ခီ လို လူတောင် ခုလို အတင်း တံဆိပ် ကပ်ခံရတာ မြင်တော့ ဒီ လူ့ အဖွဲ့ အစည်းကို စိတ်ထဲ ရယ်ချင်မိလို့ရယ် … Podcast တစ်ခုတည်း ထည့်ပြောရင် ကောင်းမလား စာ ပြန်နွှေးချင်တာရယ် ကြောင့် Post အရင် တင်ဖြစ်တာပါ … 😅 ဒီလို ငြင်းခုံနည်း အမှားတွေကို အမှန်လိုလို ဆက် သယ်ဆောင်နေကြတာကိုလည်း သတိပေးချင်လို့ပေါ့ လေ … ( တကယ်က … ငြင်းရတာ ပျော်စရာ သိပ်ကောင်းတာ ၊ ကျွန်တော်ဆို ပျင်းနေရင် တစ်ယောက်တည်းနဲ့ ဆန့်ကျင်ဘက် အမြင် ၂ ခုကို ခေါင်းထဲ ထည့်ပြီး ငြင်းနေတာ ပဲ 😅 … တကယ် ငြင်းတတ်ရင် ၂ ဖက်လုံး အသိ ၊ အချက်အလက် တစ်ခုခု တိုးလာတတ်လို့ ကျွန်တော်ကတော့ များများ ငြင်းကြစေချင်တာပဲ … ခုနကလို ငြင်းပုံ အလွဲတွေတော့ ရှောင်စေချင်တာပေါ့လေ ) ~ ကိုဇင်ဇေ 🟧 ဖတ်ပြီးရင် ၄-၅ ချက်တော့ သွား က-လ-စ်ပေးကြပါဦး …

တောင်ပိုင်းက မြွေဟောက်တွေ လက်ခတ်တောင်ကို သိမ်းထားပြီး နောက်ပိုင်း အားပြန်ဖြည့်ဖို့ လိုနေတာမို့ နိုင်သလောက် မျှ ကူလိုက်ကြပါဦး ဗျာ 👉 https://m.facebook.com/story.php?story_fbid=296967176173973&id=100075820784506&mibextid=Nif5oz 👈

❗️SR နဲ့ LWSR ကို ဝန်းရံပေးနေ/ပေးလိုသူများအတွက် ❗️ SR - Spring Reader ( မြန်မာ လို Site ) ကိုက နေ့စဉ် မဖြစ်မနေ ဝင်ကြည့်ပေးစရာ မလိုပါ … စိတ်ဝင်စားတဲ့ ၊ ဖတ်ချင်တဲ့ စာလေးရှိရင် ဝင်ဖတ်ပြီး … အချိန်ပိုသေးရင် လမ်းကြုံ တဆင့် က-လ-စ်ပေးသွားဖို့ နဲ့ ဒီလို Site မျိုး ( တလ-ရနဲ့ ဆိုင်တဲ့ သုတ-ရသ စာတွေ ဖတ်ရင်း လမ်းကြုံ က-လ-စ် လို့ရတဲဲ့ Site ) ရှိတယ် ဆိုတာလေး တတ်နိုင်သလောက် လူတွေ သိအောင် လမ်းကြုံ ပြောပြပေးနေရင် ရပါပြီ ။ 🟧 LWSR - Learn with Spring Reader ( အင်္ဂလိပ်လို သီးသန့် Site ) ကိုတော့ တစ်နေ့ ၃ ပုဒ် ကနေ ၅ ပုဒ် နှုန်း < Posts အသစ် မတက်ရင်တောင် ၊ ကျွန်တော် မညွှန်ပေးဖြစ်ရင်တောင် > ဝင်ကြည့်ပေးနေစေချင်ပါတယ် ။ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ အင်္ဂလိပ် စကားလုံး ၊ အသုံးအနှုန်းတွေ လေ့လာချင်သူ ၊ ပြန် နွှေးနေချင်သူ ၊ အဖတ် စွမ်းရည် တိုးတက်အောင် လေ့ကျင့်နေချင်သူတွေ အတွက်ကတော့ ဝင်ဖတိ ဖြစ်ရင်ကို ( အတိုင်းအတာ တစ်ခုတော့ ) တန်မယ် ထင်ပါတယ် ။ အနည်းဆုံး ၃-၄ လ လောက်ထိ တောင့်ခံကြည့်ပေးပါ … အဲ့ ထိ လုပ်ကြည့်ပြီးမှ ကြော်-ငြာ ဝင်ငွေ သေချာ မရရင်တော့ LWSR ကိုလည်း SR လိုပဲ သဘောထားလိုက်ပြီး လမ်းကြုံ က-လ-စ်လို့ ရအောင်ပဲ ပြောင်း စီစဉ်ပေးပါတော့မယ် … တခြား က-လ-စ် Site , App , Channels တွေကို Contents တွေ မျှပေး ၊ ချိတ်ဆက်ပေးနေရင်းနဲ့ပေါ့ ။ ~ ကိုဇင်ဇေ ••••• 🟧🟧🟧 လူသိများအောင် ပြောပြပေးတာက ၂ ဆိုဒ် လုံးကို လုပ်ပေးနိုင်ပါတယ်ဗျာ ။ SR ဆိုရင် Android app ပါ ထွက်ပြီ ဆိုတော့ ညွှန်ပေးရတာလည်း ပို အဆင်ပြေမှာပါ ။ သတင်းတို စုစည်းမှု အစီအစဉ်လည်း ဒီနေ့ ည က စပြီး ထည့်ပေးထားပါပြီ ။ ••••• SR 👉 https://springreader.com LWSR 👉 https://learnwithspringreader.com ••••••

တစ်နေ့တာ သတင်းတွေကို လို-တို-ရှင်းလေး အမြန် သိချင်သူတွေ အတွက် ( အပြည့်အစုံ ဖတ်ချင်လည်း ဖတ်လို့ရအောင် မူရင်း လင့်တွေနဲ့ တကွ ) စုစည်းဖော်ပြပေးတဲ့ Knowledge Warriors ရဲ့ သတင်းတို စုစည်းမှု အစီအစဉ်ကို နွေဦးဖတ်စာ မှာလည်း ဖတ်လို့ ရပါပြီ … ဖတ် - ဖြန့် ရင်း … အိမ်ပြန်လမ်းကို အားဖြည့်ပေးသွားနိုင်ပါတယ် … 💪 ••••••• ဒီ လင့်မှာ ဖတ်နိုင်ပါတယ်ဗျာ 👉 https://springreader.com/2023/08/04/kw_news_4august2023/ 👈

ဒီနေ့ ဘာ ထပ် ငြိနေလဲ မသိ … ကျွန်တော့် အကောင့် သာမန်ထက်ကို Rea-ch ပက်ပက်စက်စက် ကျပါတယ် … ဒါကြောင့် ကျွန်တော့် စာဖတ်သူတွေ ၊ SR နဲ့ LWSR ဝန်းရံ သူတွေ … ( အဆင်ပြေမယ် ၊ လုပ်ပေးချင်တယ်ဆို ) ဒီ Posts တွေကို RC.S လေး လုပ်ပေးကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါရစေဗျာ … 🟧🟧🟧 Spring Reader အတွက်ဆို ဒီ Posts တွေကို RCS လုပ်ပေးပါ App ကိစ္စ 👉 https://www.facebook.com/100000576790914/posts/7258338514195303/?mibextid=cr9u03 အသစ်တင်ပေးထားတဲ့ ကိုဇဏ်ခီ့ Post အကြောင်း 👉 https://www.facebook.com/100000576790914/posts/7259422220753599/?mibextid=cr9u03 •••••••• မြွေဟောက်တွေကို အတောင်ပံ တပ်မယ် ဆိုတဲ့ Cobra + Federal Wings Campaign 👉 https://www.facebook.com/100000576790914/posts/7258143887548099/?mibextid=cr9u03 •••••• RCS ဆိုတာ ဘာလဲ ၊ ဘာကြောင့် လုပ်သင့်တာလဲ ၊ ဘယ်လို လုပ်ရမှာလဲ … စတာတွေ သေချာမသိသေးရင် ဒီ Post ကို ဖတ်နိုင်ပါတယ်ဗျာ 👉 https://www.facebook.com/100000576790914/posts/pfbid0jCA9PS51d1gKqThohcc8rgpPSMzJCUhJNFUNo7U6wN9D85MrHxd4CVP81EpQ4PKul/?mibextid=cr9u03 •••••

Oppenheimer ရုပ်ရှင်ကြည့်ပြီး ပြောထားတဲ့ ကို ဇဏ်ခီ ရဲ့ အနုပညာပိုင်း ၊ နိုင်ငံရေးပိုင်း သုံးသပ်ချက်ကို နွေဦးဖတ်စာ မှာ တင်ပေးထားပါတယ် ။ ဖတ် - ဖြန့် ရင်း … Post အောက်နားမှာ ထည့်ပေးထားတဲ့ C2D ရဲ့ အိမ်ပြန်လမ်းကို ဝင် က-လ-စ် ရင်း 👉 နည်းပညာနဲ့ ဆန္ဒပြ ၊ 👉 တလ-ရ ရန်ပုံငွေ ကူရှာပေးနိုင်ပါတယ် ။ ••••••• ဒီလင့်ကနေ တဆင့် ဝင် ဖတ်နိုင်ပါတယ် ဗျာ … 👉 https://springreader.com/2023/08/03/zennkyi_oppenheimer_movie/ 👈

ဒီနေ့ LWSR မှာ အသစ်တင်ပေးထားတဲ့ Post ၅ ခု ကတော့ နိုင်ငံတကာ သီချင်းကြိုက်တတ်တဲ့ အင်္ဂလိပ် ဘာသာစကား လေ့လာသူတွေ အတွက် အကျိုးရှိလိမ့်မယ် ထင်ပါတယ် … Imagine Dragons အဖွဲ့ရဲ့ နာမည်ကြီး သီချင်း တစ်ပုဒ်ဖြစ်တဲ့ Believer သီချင်းက စကားလုံး ၊ အသုံးအနှုန်း ၁၀ ခုကို အဓိပ္ပာယ် ဖွင့်ဆိုချက် အပြင် ဥပမာ စာကြောင်း ၅ ကြောင်းစီနဲ့ မျှဝေပေးထားတာ ပါ ။ > LWSR ဝန်းရံသူတွေ > ပုံမှန် နဲ့ အမာခံ က-လ-စ်ကာတွေ အပြင် > သီချင်း ကြိုက်သူ ၊ Rock ကြိုက်သူ ၊ နိုင်ငံတကာ သီချင်း တွေ နားထောင်လေ့ ရှိသူ တွေကိုပါ လက်တို့ ပြီး ဝင်ဖတ်ခိုင်းလို့ ရပါတယ် လို့ 😇👌 ~ ကိုဇင်ဇေ ••••• ဒီလင့်ကနေ လေ့လာနိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/category/expressions-in-songs/ 👈

( Reach အတော်နည်းလို့ ပြန်စမ်းတင်ကြည့်တာပါ RC.S လုပ်ပေးနိုင်ပါတယ် ) 👉 https://www.facebook.com/100000576790914/posts/pfbid0nPGWwFRhgsXkasVYfHZgWd6og14wNQcJ2QhAkk9kjG9TqwEYMXVGKMnG1ARqtrQ8l/?mibextid=cr9u03 👈 •••• 👉👉👉 LWSR ( Learn with Spring Reader ) Website က Posts တွေ … ကိုသာဒင်တို့ရဲ့ The Daily News - App မှာ စ ပါလာတာ သတိထားမိမှာပါ ။ ( TD မှာ မထည့်ပဲ TDN မှာ ထည့်တာက လိုအပ်လို့ ကိုသာဒင်တို့ ဆုံးဖြတ် စီစဉ်တာပါ ) လောလောဆယ်တော့ LWSR က Posts တွေ အတိုင်းပါပဲ ။ နောက်ကျရင်တော့ … TDN App မှာ ဖတ်ရင် ( LWSR မှာထက် ) ဘာလေးတွေ အပိုပါလာမယ် ဆိုတာမျိုးလေး စီစဉ်ပေးသွားမှာပါ ။ ကျန်တဲ့ < ကိုကလစ် + P2D + ပဒေသာပင် > အဖွဲ့ ၃-၄ ဖွဲ့ ရဲ့ Website , App , ယူTube မှာ ပါလာတဲ့ အခါလည်း အဲ့လို မတူ့-တတူလေးတွေ စီစဉ်ပေးမှာပါ ။ ( PD-F Game နဲ့လည်း အစီအစဉ် တစ်ခု တွဲလုပ်ဖို့ တည်ထားပါတယ် ။ နည်းနည်း ရုပ်လုံးပေါ်လာတဲ့ အခါ ကြေညာပေးပါ့မယ် ) က-လ-စ်ရင်း စာလုပ်ချင်တဲ့ သူတွေ အနေနဲ့ အဖွဲ့ ၄-၅ ဖွဲ့စာ က-လ-စ် ဖြစ်သွားစေချင်လို့ပါ ။ လည်ပတ် - ရပ်တည်ပုံ နဲ့ တင်ထားတဲ့ စာတွေကို သဘောကျ ရင် ( အရင်နေ့တွေက တင်ပေးထားတဲ့ နည်းအတိုင်း ) ဆက်ပြီး ဝန်းရံပေးနေနိုင်ပါတယ်ဗျာ ။ ~ ကိုဇင်ဇေ စာကြွင်း ။ Posts အသစ် မတင်ပေးနိုင်သေးလည်း တင်ပေးထားတဲ့ Posts အဟောင်း ( ၃၀ ) ထဲက အဆင်ပြေတဲ့ ၅ Posts ကို ဝင်ဖတ်ပေးနိုင်ပါတယ် ။ လူသစ်တွေကို ပြောပြ ၊ လူဟောင်း အချင်းချင်း သတိပေးတာလေးလည်း ပုံမှန် လုပ်ပေးနေရုံပါပဲ ။ အရှိန်မြှင့်စေချင်တယ်ဆို ဘာလုပ်ပေးစေချင်လဲ ဆိုတာ ကျွန်တော် Post တင် ကြေညာပေးပါ့မယ်ဗျာ ။ ဖြည့်စွက် ။ Spring Reader - Android App ကို Playstore ကနေ Download ယူနိုင်ပါပြီ ။ အဲ့ဒီမှာလည်း LWSR ( Learn with Spring Reader ) က စာတွေကို ပါ ဖတ်လို့ရအောင် ချိတ်ဆက်ပေးထားဦးမှာပါ ။ Spring Reader App က ( Spring Reader Website လိုပဲ ) က-လ-စ် App မဟုတ် ၊ ကြော်-ငြာမလျှောက်ပါဘူး ။ တလ-ရနဲ့ ပက်သက်တဲ့ သုတ-ရသ ဆိုင်ရာတွေ စုစုစည်းစည်း ပြန် ဖြန့်ဖို့ ၊ တလ-ရ စာရေးသူတွေ အနေနဲ့ မလိုအပ်တဲ့ Censor တွေ ဂရုစိုက်စရာမလိုဖို့ နဲ့ အကောင့် ကျတာ မျိုး ဖြစ်နေရင်တောင် သူတို့ စာတွေ တော်-လှန် စာဖတ်သူတွေဆီ ( အတန်အသင့်တော့ ) ရောက်နိုင်ဖို့ ကို အဓိက ရည်ရွယ်ပါတယ် ။ က-လစ် အဖွဲ့တစ်ချို့ကို ကြားခံ ကူတွန်းပေးဖို့ ၊ ( လောလောဆယ်ဆို ) C-2-D ရဲ့ အိမ်ပြန်လမ်း website ကို တစ်ခါတည်း ဝင် က-လ-စ်ပေးသွားလို့ ရဖို့ ကတော့ ကျွဲကူး-ရေပါ ရည်ရွယ်ချက်ပါပဲ ။

ဒီနေ့မှာ LWSR က Posts တွေ ကိုသာဒင်တို့ရဲ့ The Daily News - App မှာ စ ပါလာတာ သတိထားမိမှာပါ ။ < ကိုသာဒင်တို့ ကြေညာပေးထားတဲ့ Post 👉 https://www.facebook.com/100079758311019/posts/267414289260513/?mibextid=cr9u03 👈 > လောလောဆယ်တော့ LWSR က Posts တွေ အတိုင်းပါပဲ ။ နောက်ကျရင်တော့ … TDN App မှာ ဖတ်ရင် ဘာလေးတွေ အပိုပါလာမယ် ဆိုတာမျိုးလေး စီစဉ်ပေးသွားမှာပါ ။ ကျန်တဲ့ အဖွဲ့ ၂-၃ ဖွဲ့မှာ ပါလာတဲ့ အခါလည်း အဲ့လို မတူ့-တတူလေးတွေ စီစဉ်ပေးမှာပါ ။ က-လ-စ်ရင်း စာလုပ်ချင်တဲ့ သူတွေ အနေနဲ့ ၃-၄ ခုလုံး က-လ-စ် ဖြစ်သွားစေချင်လို့ပါ ။ သဘောကျ ရင် ( အရင်နေ့တွေက တင်ပေးထားတဲ့ နည်းအတိုင်း ) ဆက်ပြီး ဝန်းရံပေးနေနိုင်ပါတယ်ဗျာ ။ ~ ကိုဇင်ဇေ စာကြွင်း ။ Posts အသစ် မတင်ပေးနိုင်သေးလည်း တင်ပေးထားတဲ့ Posts အဟောင်း ( ၃၀ ) ထဲက အဆင်ပြေတဲ့ ၅ Posts ကို ဝင်ဖတ်ပေးနိုင်ပါတယ် ။ လူသစ်တွေကို ပြောပြ ၊ လူဟောင်း အချင်းချင်း သတိပေးတာလေးလည်း ပုံမှန် လုပ်ပေးနေရုံပါပဲ ။ အရှိန်မြှင့်စေချင်တယ်ဆို ဘာလုပ်ပေးစေချင်လဲ ဆိုတာ ကျွန်တော် Post တင် ကြေညာပေးပါ့မယ်ဗျာ ။

Qala ဆိုတဲ့ အိန္ဒိယ ရုပ်ရှင်ကို ဉာဏဗလ က ခံစား တင်ပြထားတဲ့ စာ တစ်ပုဒ် နွေဦးဖတ်စာ ( SR ) မှာ တင်ပေးထားပါတယ် … ဒီ စာသားတွေ ပါပါတယ် 👉 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ရှိတတ်ပါတယ်။ မြန်မာတွေကတော့ သားနဲ့သမီးကို အဲ့လောက်ကြီး ခွဲခြားလေ့မရှိပေမဲ့ အိပ်မက်တွေ၊ စိတ်ဒဏ်ရာတွေကို သားသမီးအပေါ် ပုံချတာမျိုးပေါ့။ ကိုယ်က ဆရာဝန်မို့ သားသမီးကိုလည်း ဆရာဝန်အတင်းလုပ်ခိုင်းတာ၊ ကိုယ့်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ သားသမီးကို ဆေးကျောင်းအတင်းတက်ခဲ့တာ စသဖြင့်။ ကလေးတွေကို သီးခြားသက်ရှိလူတစ်ယောက်လို မြင်မပေးနိုင်ကြရင် အဲဒီလို ဖြစ်သွားတတ်တယ်။ 👈 •••••• စိတ်ဝင်စားရင် … ဖတ် - ဖြန့် ပြီး အိမ်ပြန်လမ်း ကို တဆင့် က-လ-စ် ပေးသွားကြပါဦး 💪 •••••• ဒီလင့်ကနေ ဖတ်နိုင်ပါတယ် ဗျာ 👉 https://springreader.com/2023/07/31/nyarnabala_qala/ 👈

ဒီနေ့ အတွက် ( LWSR ရဲ့ ) Post အသစ် ၅ ခုကို တင်ပေးထားပြီးပါပြီ ။ ငွေကြေး ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပက်သက်ရင် နာမည် အတော်ကြီးတဲ့ ( Benjamin Graham ရဲ့ ) “The Intelligent Investor” စာအုပ်က အရေးကြီးတဲ့ အယူအဆ ၁၀ ခုကို ဆွဲထုတ်ပြီး Post ၅ ခုစာ Series အနေနဲ့ အတိုချုံးလေး မိတ်ဆက်ပေးထားတာပါ ။ က-လ-စ် အနေနဲ့တင် မဟုတ်ပဲ … အင်္ဂလိပ်စာ ၊ ငွေကြေး ၊ ရင်းနှီးမြှုပ်နှံမှု စာအုပ်ကောင်းတွေကို အနှစ်ချုပ် ထားတာ … စိတ်ဝင်စားရင် ဝင် ဖတ်ကြည့် … ဆိုပြီး ညွှန်ပေးနိုင်ပါတယ်ဗျာ ~ ကိုဇင်ဇေ •••••• ဒီလင့်မှာ Post ၅ ခုကို စုပေးထားပါတယ် 👉 https://learnwithspringreader.com/category/book-summaries/ 👈 •••••••• အမာခံ ဝန်းရံပေးချင်ရင် ဘာတွေ လုပ်ပေးရမလဲ ဆိုတာတော့ ဖတ်ပြီး - သိပြီး လောက်ပြီ ထင်ပါတယ် ။ မဖတ်ရ - မသိရသေးရင် ဒီ လင့် က Post ကို သေချာလေး ဖတ်ပေးပါ ။ အောက်ဆုံးနားမှာ ဝန်းရံလိုသူတွေ လုပ်ပေးနိုင်မယ့် ၃-၄ ချက် ပါပါတယ် ။ 👉 https://www.facebook.com/100000576790914/posts/7246209152074906/?mibextid=cr9u03 👈

❗️အရင်ရက်တွေ က LWSR ကို ကြည့်ပေးနေသူတွေ ဒီ Post ကို မဖြစ်မနေ ဖတ်စေချင် … RC.S လုပ်ပေးစေချင်ပါတယ် ❗️ ( 30 July , 2023 ) 👉 https://www.facebook.com/100000576790914/posts/pfbid02ks2MrZnLcagreVB17VEzg4m8Zy36jgR7vrSVJ1c6akr2o1fNZM39gi64VU3mprw9l/?mibextid=cr9u03 👈 ••••••• ဒါက … ကျွန်တော့်ရဲ့ တယ်လီ အကောင့် တစ်ခုပါ ။ LWSR ကို တကယ် သေချာ ဆက်ဝန်းရံပေးဖို့ စာရင်းသွင်း ၊ ဆက်သွယ်ချင်သူတွေ အတွက် ပို့ပေးတာပါ ။ ( Post သေချာ မဖတ်ပဲ … Hi တွေ Hello တွေ လာ မလုပ်ပါနဲ့ ခင်ဗျာ ) 👉 https://t.me/kozenith 👈 ••••••••

ဒီနေ့ အတွက် LWSR မှာ Social Media , Digital Lifestyle နဲ့ ပက်သက်တဲ့ အသုံးအနှုန်း ၅ ခုကို Post ၅ ခု အနေနဲ့ တင်ပေးထားလိုက်ပါပြီ … ( Lesson 26 ကနေ 30 အထိ ပါ ) ၁ Post ကို ၁ မိနစ်စာလောက် ဖတ်ပါ ။ ( ပိုကြာတာ ကိစ္စ မရှိပါ ) ၅ မိနစ် ကြာနိုင်ပါတယ် ။ နောက် ၂ မိနစ်ကို တခြားလူ ၂ ယောက် ဒီ အကြောင်း သိအောင် ပြောပြ ၊ မျှဝေပေးကြည့်ပါ ။ ကျန်တဲ့ ၃ မိနစ်ကိုတော့ ဒီ Post အပါအဝင် တလ-ရ ကို တိုက်ရိုက်/သွယ်ဝိုက် အထောက်အပံ့ဖြစ်စေမယ့် Posts တွေကို RC-S လိုက်လုပ်ပေးပါ ။ က-လ-စ်ကာတွေ ကတော့ LWSR အပြင် … တခြား Apps တွေနဲ့ ပက်သက်ပြီး Cl-ick Report လေး စနစ်တကျပေးပေးပါ လို့ 💪 ~ ကိုဇင်ဇေ •••••• RCS လုပ်ပေးဖို့ Post Link 👉 https://www.facebook.com/100000576790914/posts/pfbid0puVtmgTXRBuNmFxNUiFnT9DTwZKeCELwJreH8Zg4ac2QVEYFqimorBoS2pMEzdzCl/?mibextid=cr9u03 👈 စာသွားဖတ်ဖို့ Link 👉 https://learnwithspringreader.com/category/social-media/ 👈