en
Feedback
Ko Zin Zae ( Active English )

Ko Zin Zae ( Active English )

Open in Telegram

ကြယ်ငါးကောက်သူ တစ်ယောက်မျှသာ

Show more
4 350
Subscribers
No data24 hours
-137 days
-6230 days
Posts Archive
( အမာခံ စာဖတ်သူတွေ RC S လုပ်ပေးကြပါဦး ) ဉာဏ ဗလ ရဲ့ ရုပ်ရှင် ခံစားမှု စာစု တစ်ခု ကို Post 74 အနေနဲ့ နွေဦးဖတ်စာမှာ တင်ပေးလိုက်ပ
( အမာခံ စာဖတ်သူတွေ RC S လုပ်ပေးကြပါဦး ) ဉာဏ ဗလ ရဲ့ ရုပ်ရှင် ခံစားမှု စာစု တစ်ခု ကို Post 74 အနေနဲ့ နွေဦးဖတ်စာမှာ တင်ပေးလိုက်ပါတယ် … Hacksaw Ridge ဆိုတဲ့ နာမည်ကြီး စစ်ပွဲ နောက်ခံ ဇာတ်ကားကောင်း တစ်ပုဒ် အကြောင်းပါ … ဒီ စာသားလေးက တော်လှန်နေသူတွေ အတွက် လက်တွေ့ကျတဲ့ အားပေး စကား တစ်ခွန်းပါပဲ … “ တကယ်တော့ သတ္တိကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေ မြောက်များစွာ ရှိပါတယ်။ တော်လှန်ရေးမှာ ပါဝင်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိသလို၊ ကိုင်ဆွဲလို့ရတဲ့ သေနတ်မဟုတ်တဲ့ တခြားလက်နက်တွေလည်း ရှိပါသေးတယ်။ ကလောင်လား၊ ကလစ်လား၊ ဆေးထိုးအပ်လား၊ မြေဖြူခဲလား၊ မောက်စ်လား စသဖြင့်ပေါ့။ “ •••••• ဒီလင့်ကနေ ဖတ်-ဖြန့် ပြီး စာစုကြားနဲ့ အပြီးမှာ ထည့်ပေးထားတဲ့ လင့်တွေကနေ C2D , P2D နဲ့ LWSR တို့ကို ပါ လမ်းကြုံ ဝင် က-လ-စ် ပေးသွားနိုင်ပါတယ် 👉 https://springreader.com/2023/09/29/post-74-nyarnabala-hacksaw-ridge-movie-review/ 👈

LWSR မှာ The 48 Laws of Power စာအုပ်ရဲ့ Law 10 အကျဉ်းချုပ်ကို ဝေါဟာရ မှတ်စု နဲ့ တွဲတင်ပေးထားပါပြီ ။ Post 87 ပါ ။ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/26/post-87-law-10-infection-avoid-the-unhappy-and-unlucky/ •••••

LWSR မှာ Post 86 အနေနဲ့ The Cranberries ရဲ့ Zombie သီချင်းကို တင်ပေးထားပါတယ် ။ နိုင်ငံတကာ သီချင်းတွေနဲ့ နားမစိမ်းတဲ့ ( ကျွန်တော်တို့ ခေတ်က ) လူတွေ အတော်များများကတော့ ဒီ သီချင်းကို သိပြီး ဖြစ်မှာပါ ။ ကျွန်တော့် အတွက်တော့ Chord Progression ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ အရသာ ရှိတဲ့ ၊ အဓိပ္ပာယ်ရှိတဲ့ သီချင်း တစ်ပုဒ် ဖန်တီးလို့ ရတာပဲ … ဆိုတဲ့ နမူနာကောင်း တစ်ခု ဖြစ်ခဲ့ပါတယ် ။ နားထောင် ၊ ပြန် နားထောင်ရင်း … သီချင်း စာသားတွေ လည်း လိုက်ဖတ် … Expressions မှတ်စု လေးတွေ လည်း လေ့လာကြည့်နိုင်ပါတယ် …. ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/23/post-86-the-cranberries-zombie-lyrics-expression-notes/ •••••

LWSR က Post 85 ထိ ရောက်နေပြီနော် … ကိုသာဒင်တို့ TDN က Post 72 မှာပဲ ကျန်နေခဲ့တာက ကြားထဲမှာ ကျွန်တော် Posts တင်တာကျဲသွားလို့ ပြန် စောင့်ပေးနေရင်း … ( ကျွန်တော် ပြန်တင်တော့ ) သူတို့ ပြန်ယူတင်ဖို့ မေးသွားတာနေမယ် 🤭🤭🤭 ဒီနေ့ … LWSR လေး ဝင်ပေးပါဦး ။ ( အမာခံ လူ ၂၅၀ နဲ့ Views ၁ ထောင် တောင် မပြည့်သေးလို့ 🙄 ) ခဏနေရင် သီချင်း တစ်ပုဒ် + စာသား + ဝေါဟာရ မှတ်စု တွဲတင်ပေးလိုက်ပါ့မယ် 😇💪 #ကိုဇင်ဇေ •••••• 🟧🟧🟧 ဖြည့်စွက် ။ ဝင်ပြီးပေမယ့် ( အားထပ်ဖြည့်တဲ့ အနေနဲ့ ) ပြန်ဝင်ပေးချင်ရင် 👉 VPN မှာ Location လေး ပြောင်းပေး ၊ အရင် ဝင်ထားတဲ့ Browser မဟုတ်တဲ့ 👉 နောက် Browser တစ်ခုနဲ့ ဝင်ပေးနော် ။ ( ဝဘ်ဆိုဒ်တွေကို က-လ-စ်ပေးနေကျ သူတွေနဲ့ က-လ-စ်တဲ့ အခါ သုံးနေကျ Browser ကို 👉 ပုံမှန်လေး Clear History လုပ်ပေးနေသင့် ။ )

သိုးရေခြုံတဲ့ ဝံပုလွေ … စတဲ့ အသုံးအနှုန်းလေးတွေ LWSR မှာ Post 85 အနေနဲ့ တင်ပေးထားပါတယ် ။ စာပဲ သီးသန့် ဖတ်လည်း ရသလို အဲ့ အကြောင်းဆိုထားတဲ့ ခပ်မြူးမြူး ပါးပါးလေး ပေါက်ကွဲတဲ့ သီချင်းလေးကို နားထောင်ရင်း ဖတ်လည်း ရပါတယ် လို့ 💪 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/20/post-85-personality-portraits-further-insights-through-idioms/ •••••

☘️ Websites တွေ အကြောင်း လက်တို့ပါရစေ ☘️ ကို က-လ-စ်တို့က Website တွေကို အရင်ထက် က-လ-စ်ရ ပို လွယ်အောင် လုပ်ပေးလိုက်ပါတယ် ။ ဒါကြောင့် အဲ့ ဆိုဒ်လေးတွေတော့ ၅ မိနစ်စာလောက် လုပ်ပေးကြပါ ။ 🟧 ကိုပဒေသာ တို့ ပို့ပေးနေတဲ့ တယ်လီက လင့်လေးတွေလည်း ၅ မိနစ်ပေါ့။ 🟧 ClickforTuuMee Click for Freedom တို့ကိုလည်း ၅ မိနစ် စီလောက် အချိန်ပေးမယ်ဆို အဲ့မှာ တင် ၄ ဖွဲ့ စာ မိနစ် ၂၀ ပေါ့ဗျာ ။ 🟧 နွေဦးဖတ်စာကို ဆက် ဝန်းရံပေးချင်သူတွေ ကတော့ မြန်မာ Site ကို က တလရ နဲ့ ပက်သက်တဲ့ စာတွေ စုပေးထားတာ ဖတ်ချင် ( တဆင့် က-လစ်ပေးချင် ) မှ ဝင်ပါ ။ အင်္ဂလိပ် Site ကို တော့ Post အသစ် မတက်ရင် ၂ မိနစ် ( ၂ Page ) လောက်ပဲ ဝင်ရင် ဝင်ပေးပါ ။ အသစ်တက်ရင်တော့ ၅ မိနစ်စာလောက်လေး ဝင်ပေးပေါ့ ။ 🟧 တစ်နေ့ နာရီဝက် Website တွေ အတွက် အချိန်ပေးမယ်ဆို ( အပေါ်က ဟာတွေ လုပ်ပေးပြီးလို့ ) ပိုတဲ့ ၅-၈ မိနစ်လောက်ကို က-လ-စ် ကာချင်း စကားပြော ၊ အားပေး - အားယူ နေကြတာ … သွေးအေးချင်နေသူတွေကို သွေးလှမ်းနွှေးပေး ၊ က-လ-စ်ကြည့်ဖို့ ပြောကြည့်တာ မျိုး လုပ်နေလို့ ရပါတယ် ။ ( လက်မှတ်ထိုး Campaigns တွေလည်း ရှိရင် ရှိသလို ပါဝင်စေချင်ပါတယ် ။ ) ••••••• တလရ က အတော် ကျယ်ပြန့် ၊ ရှုပ်တွေး ၊ ဝိဝါဒ ကွဲ စရာ များပါတယ် ။ ကိုယ် တကယ် လုပ်နိုင်တာကို သေချာ ထိရောက်အောင် လုပ်ပေးနိုင်ဖို့က အကြီးကြီးတွေ လိုက် ဖတ်/နားထောင် ပြန် ပြော နေရင်း စိတ်ရှုပ်ပြီး ဘာမှ မလုပ်ပဲ နေနေမိတာမျိုးထက်တော့ တလရကို ပို အကျိုးပြုပါလိမ့်မယ် ။ ( လုံးဝ မလေ့လာတဲ့ အစွန်းကိုလည်း မရောက်စေချင်တာတော့ … သတိပေးချင်ပါတယ် ) တလရမှာ ပေးဆပ်ခဲ့/ပေးဆပ်နေရတဲ့ အသက်ပေါင်း ဘဝပေါင်းများစွာအတွက် … တလရ ပြီးမှ အစက ပြန်စရမယ့် ဘဝတွေ အတွက် ကိုယ် တတ်နိုင်တာကို တတ်နိုင်သလောက် ဆက် ကြိုးစားကြတာပေါ့ဗျာ ။ ~ ကိုဇင်ဇေ

LWSR ကို ပုံမှန်လေး တစ်နေ့ ၅-၁၀ မိနစ်လောက် ဝင်ပေးနေသူတွေကို တကယ် ကျေးဇူးပါ ။ ဒီ ရက်ပိုင်း မှာ တလရ ကိစ္စ ၊ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ချို့ကြောင့် နွေဦးဖတ်စာ ( SR + LWSR ) အတွက် အားမထည့် နိုင် ဖြစ်နေသေးတာပါ ။ ကြေညာထားခဲ့တဲ့ အတိုင်း ဆက် လုပ်နေနိုင်အောင် ကြိုးစားပေးနေပါ့မယ် ။ တစ်နေ့ ၅ မိနစ် ( ၁၀ မိနစ် ) စာလောက် ဝန်းရံပေးနေရင် ကို ကျေနပ်ပါပြီဗျာ ။ ( နောက်ထပ် ၅ မိနစ်လောက် အချိန် ထပ်ပေးချင်ရင်တော့ နွေဦးဖတ်စာ အကြောင်း တခြားသူကို ပြောပြပေးနိုင်ပါတယ် ။ သူတို့ ဝင်သုံးဖြစ် - မဖြစ်က သူတို့ ကိစ္စ ၊ ပြောပြဖို့ကပဲ ကိုယ့် ကိစ္စလို့ သဘောထားပါ ခင်ဗျာ ) ~ ကိုဇင်ဇေ

မိသားစုထဲ စုန်းပြူး ( သိုးမည်း ) ဖြစ်နေတာ ၊ မရတဲ့ စပျစ်သီးမို့ ချဉ်တတ်တာ ၊ ငွေဇွန်း ကိုက် မွေးလာတာ ၊ ထော်လော်ကန့်လန့် ဖြစ်နေတာ ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တာ … စတဲ့ … လူတွေနဲ့ ပက်သက်တဲ့ အကျင့်စရိုက်တွေကို ဖော်ပြနိုင်တဲ့ Idiomatic Expressions တွေကို LWSR မှာ တင်ပေးထားပါတယ် ။ Post အသစ် ( 83, 84 ) ပါ ။ ဖတ်-မန့်-ဖြန့် ၊ က-လ-စ်ပေးကြပါဦး 💪💪💪 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/16/post-83-character-chronicles-exploring-the-language-of-personalities/ 👉 https://learnwithspringreader.com/2023/09/16/post-84-character-traits-unveiled-more-idiomatic-insights/ •••••

ဒီနေ့ LWSR မှာ Law 9 ( from “48 Laws of Power ) တင်ပေးထားတယ်နော် … အနည်းဆုံး အဲ့ Post အသစ်လေးတော့ ဝင်ဖတ်ပေးသွားပါဦး 😇💪 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/14/post-82-law-9-win-through-actions-never-through-argument-the-power-of-demonstrated-leadership/ •••••

LWSR မှာ ဒီ သီချင်းလေး သွားနားထောင်ရင်း စာသား နဲ့ ရီဗျူး လည်း ဖတ်ခဲ့နိုင်ပါတယ် ။ ကျွန်တော် ကြိုက်တဲ့ ၊ လေးစားတဲ့ မိန်းကလေး အဆိုတော် အတော် နည်းပါတယ် ။ Aurora က အဲ့ထဲက ရှားရှားပါးပါး တစ်ယောက်ပေါ့ ။ ကိုယ်တိုင် ရေး-ဆို ၊ စိတ်ကူး စိတ်သန်း ထူးခြားတဲ့ ( အဆိုသမား သက်သက် မဟုတ်တဲ့ ) ဂီတပညာ ရှင် လို့ ပြောရမှာပါပဲ ။ ဒီ သီချင်းကလည်း အဓိပ္ပာယ် အတော် လှပါတယ် … အရသာ အပြည့်မရမှာ စိုးလို့ ကိုယ်တိုင်သာ အရင် ခံစားကြည့်လိုက်ပါဗျာ ။ နောက်မှ အဲ့ အကြောင်းတွေ Live မှာ ပြောကြသေးတာပေါ့ 😇👌 ~ ကိုဇင်ဇေ ••••••• 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/12/post-81-auroras-the-seed-a-lyrical-journey-into-self-discovery/

☘️ က-လ-စ် သတင်းစဉ် ☘️ ၁။ C2.D က အိမ်ပြန်လမ်း App သုံးလို့ ပြန်ရနေပါပြီ။ Websites တွေကလည်း သူ့နှုန်းနဲ့သူ အဆင်ပြေနေပါတယ် ။ ၂။ Play2Donate က ၈ လပိုင်း ငွေစာရင်း ရှင်းတမ်း တင်ထားပါတယ် ။ နဂို သုံးနေကျ Apps တွေ ( နွေဦး Video , Candy ) အပြင် Website တစ်ခုကို ဝင်ပေးဖို့ တိုက်တွန်းနေပါတယ် ။ < အချိန် ပိုရင်တော့ Tap Tap တို့ Math Game တို့လည်း သုံးပေးနိုင်ပါတယ် > ၃။ ThaDin ကတော့ ထွေထူး မရှိ ၊ သုံးလက်စ Tha Din , The Daily News ( TDN ) , PD Fitness တွေ ဆက်သုံးနေဖို့ပါပဲ ။ ၄။ ကိုပဒေသာတို့ က သီချင်း အသစ် တစ်ပုဒ် တင်ပေးထားတာ ရှိသလို “စကားမစပ်” ဆိုတဲ့ စကားဝိုင်း အစီအစဉ်လေး တင်ပေးနေတာလည်း အတော် မိုက်ပါတယ် ။ စစ်ကိုင်း စစ်ရှောင်တွေအတွက် ရိက္ခာထုတ် လှုဖို့ ရန်ပုံငွေ Campaign လည်း လုပ်နေပါတယ် ။ ၅။ WOH or PD.F Game က Challenge အသစ် - ၁ ပတ်စာ ခေါ်ထားပါတယ် ။ စ တည်ကာစက ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ပေမယ့် NUG MOD ရဲ့ COC အောက်ကို ဝင်ရောက်ခဲ့တဲ့ ၊ တိုက်ပွဲ များစွာ ဖော်ဆောင်ထား ၊ အောင်ပွဲ တစ်ချို့ ရထားသလို ရဲဘော်တစ်ချို့ လည်း ကျဆုံးထားရတဲ့ MDF အဖွဲ့ အတွက် ပါ ။ ရန်ကုန်သား အများစု ပါတဲ့ အဖွဲ့ဆိုတော့ ရန်ကုန်ကို ပြန်ချင်လို့ ပြန်ဖို့ ကြိုးစားနေကြတာပေါ့လေ ။ •••••••• လောလောဆယ် တော့ … ကြီး ၅ ကြီး အဖွဲ့တွေ အတွက် အရင် ဦးစားပေး တင်ပေးလိုက်ပါတယ်။ တခြား က-လ-စ် အဖွဲ့တွေ လည်း တင်ပေးဖို့တော့ ရှိပါတယ် ။ စိစစ် - စောင့်ကြည့်ဖို့ မှာ အခက်အခဲ ရှိနိုင်လို့ က-လ-စ်အဖွဲ့ အဒ်မင်တွေ ကိုယ်တိုင်က လာမန့်ပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ် ။ ~ ကိုဇင်ဇေ 🟧🟧🟧 နွေဦးဖတ်စာ မြန်မာဆိုဒ်နဲ့ အင်္ဂလိပ်ဆိုဒ်လေးလည်း ပုံမှန်ပါပဲ ။ မြန်မာဆိုဒ် ( Spring Reader ) က C2.D ရဲ့ အိမ်ပြန်လမ်း Website ကို တဆင့် က-လစ် နိုင်ဖို့ ပဲ စီစဉ်ပေးထားတာမို့ တိုက်ရိုက် ငွေမရနိုင်ပါဘူး ။ တော်လှန် အသိ တွေ မျှဝေ ၊ သွေးနွှေးပေးနေနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ် ။ အင်္ဂလိပ်ဆိုဒ် ( LWSR - Learn with Spring Reader ) ကတော့ ကြော်-ငြာ ထည့်ထားလို့ တိုက်ရိုက် ငွေရနိုင်ပါတယ် ။ ( ဂူဂူ မဟုတ်တဲ့ ကြော်ငြာကွန်ရက်မို့ ငွေရနှုန်းကတော့ အတော် နည်းပါတယ် ။ ) ကြီး ၅ ကြီး အဖွဲ့တွေကို Content တွေ မျှပေးနေနိုင်ဖို့ အဓိက ရည်ရွယ်ထားပြီး လက်ရှိမှာတော့ ကိုသာဒင်တို့ ရဲ့ TDN App မှာ ဆောင်းပါးတွေ ပါနေပါပြီ ။

ဒီနေ့ LWSR မှာ စိတ်ခံစားချက်နဲ့ ပက်သက်တဲ့ Idiomatic Expressions တွေကို ဥပမာ စာကြောင်း ၅ ကြောင်းစီနဲ့ ရှင်းပြထားတဲ့ Post ၂ ခု ( 79,80 ) တင်ပေးထားပါတယ် ။ < ကိုသာဒင်တို့ TDN App မှာလည်း နောက်ကျ တက်လာမှာပါ > ဖတ် - ဖြန့် - က-လစ် ပေးရင်း … အင်္ဂလိပ်စာ လည်း လေ့လာ ၊ ထိတွေ့ရင်း နည်းပညာနဲ့ ဆန္ဒပြရမှာ ပါဝင်နိုင်ပါတယ် … ဒီ Post 👉 https://www.facebook.com/100000576790914/posts/pfbid02RoWc3UwisKaYSeSnAr9D3L9kSgPXMAhcsv7YTGQKfoeJV3vqfGjdvxvEnNKWSam4l/?mibextid=cr9u03 👈 ကို RC.S လုပ်ပေးတာကနေ စ ဝန်းရံ ပေးနိုင်ပါတယ် ခင်ဗျာ … ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/05/post-79-emotive-expressions-understanding-the-language-of-feelings/ 👉 https://learnwithspringreader.com/2023/09/05/post-80-language-of-emotions-delving-deeper-into-expressive-idioms/ •••••

ဒီနေ့ နွေဦးဖတ်စာမှာ ဉာဏဗလ ရဲ့ ( ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖြစ်စေဖို့ ) Boundary - ရုပ်ရှင် ခံစားမှု အသစ်နဲ့ … ဆရာကျူးရဲ့ တွမ်ဖားတွေ အကြောင်း သရော် စာ ကို တင်ပေးထားပါတယ် ။ တော်-လှန်စာတွေ ဖတ်-မန့်-ဖြန့် - သွေးနွှေးပေးနေရင်း C2.D ရဲ့ အိမ်ပြန်လမ်းကို က-လစ် ပေးလို့ ရအောင် လင့် ၃ ခု ထည့် ပေးထားပါတယ် ။ LWSR ပရိသတ်တွေ အတွက် သတိ​လေး ရမိအောင် LWSR လင့်လေးတစ်ခုပါ ထည့်ပေးထားပါတယ် ။ ဒီ Post ( 👉 https://www.facebook.com/100000576790914/posts/pfbid05TiMLLtBmM6QhVsML7Lei2BW1cD4rEoSwZY3uqvHkyY5L4Tf1wbswvKQYFzbC72Yl/?mibextid=cr9u03 👈 ) ကို RC. S လုပ်ပေးတာကနေ စ ဝန်းရံ အားဖြည့်ပေးနိုင်ပါတယ်ဗျာ ။ ~ ကိုဇင်ဇေ စာကြွင်း ။ 🟧🟧🟧 Website နာမည် Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://springreader.com/2023/09/02/nyarnabala_movie_boundary/ 👉 https://springreader.com/2023/09/02/kyuulipaung-suicide-missions/ •••••

LWSR မှာ ဒီနေ့ အတွက် လူ ၂ ရာကျော်ပဲ စာ လာဖတ်ဖြစ်သေးတယ် … မဖတ်ဖြစ်သေးရင် လာလည်ကြပါဦး … ( ဖတ်ပြီးလည်း Post အသစ် ၂ ခု < 77, 78 > ကို လာခံစားလို့ရပါတယ် ) ကျွန်တော် အတော် ကြိုက်မိတဲ့ ခေတ်ဟောင်း သီချင်း တစ်ပုဒ်ဖြစ်တဲ့ The Sound of Silence ဆိုတဲ့ သီချင်းကို အညွှန်း သဘော အနေနဲ့ တစ်ပုဒ် ( Post 77 ) … သီချင်း စာသား နဲ့ ဝေါဟာရမှတ်စု အနေနဲ့ တစ်ပုဒ် ( Post 78 ) တင်ပေးထားပါတယ် ။ Post 77 မှာ မူရင်း Version ကို နားထောင်နိုင်အောင် ထည့်ပေးထားပြီး Post 78 မှာ Metal သမား တွေ ဖြစ်တဲ့ Disturb က ပြန်ဆိုထားတဲ့ Version ကို ထည့်ပေးထားပါတယ် ။ နားထောင် ရင်း စာဖတ်လို့ ရပါတယ် … ဘယ်တော့မှ ဖျောက်ဖျက်မရ … အဖန်ဖန် ပြန်ကြားနေရနိုင်တဲ့ Sound of Silence တွေ … ပျံ့လွင့်နေတာကို ခံစားကြည့်ရတာ အရသာ ရှိကြလိမ့်မယ် ထင်ပါရဲ့ဗျာ … ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/09/01/post-77-a-timeless-elegy-the-sound-of-silence-by-simon-garfunkel/ 👉 https://learnwithspringreader.com/2023/09/01/post-78-the-sound-of-silence-lyrics-vocabulary-note/ •••••

လိုင်းရ - အချိန်ရရင် LWSR ရဲ့ Post အသစ် ၂ ပုဒ် ( 73,74 ) လေး သွားဖတ်ပေးပါဦး ။ 48 Laws of Power အဆက်ပါပဲ ။ 👉 https://bit.ly/lwsr-tele-6of48laws 👈

☘️ က-လ-စ် သတင်းစဉ် ( ၂၈ ဩဂုတ် ၊ ၂၀၂၃ ) ☘️ ( တခြား သိသင့်တယ် ထင်တဲ့ သတင်းတွေ လည်း မန့် သွားပေးကြပါဦး ) 👉👉👉 ကို သာဒင်တို့က Tha Din App လေး ကို ( လူဟောင်းတွေ ၊ ရံဖန်ရံခါ က-လ-စ်ကာတွေပါ ) ပြန် ဝင်သုံးပေးကြဖို့ ဖိတ်ခေါ်နေပါတယ် ။ ကိုတွတ် ( WOH Game ) က ArtStrike နဲ့ Student Ar-med Force အတွက် Challenge အသစ် တစ်ခု ခေါ်ထားပါတယ် ။ ကို ပဒေသာတို့ က ၂၈ ရက်နေ့မှာ Artists’ Shelter နဲ့ ပူးပေါင်းလုပ်တဲ့ ( ကိုဖိုးစံ နဲ့ တယောသမား ၄၀ ပါဝင်တီးခတ်ထားတဲ့ ) ကြယ် သီချင်း ( အော်ဂတ်စထရယ် ဟန် ) ကို တင်ပေးပါ မယ် ။ C2.D က အိမ်ပြန်လမ်း App က Server ပြင်နေတာမို့ ဖွင့်မရတာပါ ၊ ပြင်နေပါတယ် ။ Website တွေကတော့ ငွေဝင်နေဆဲပါပဲ ။ P2.D ကတော့ ( လိုင်းပေါ်က ပွဲ​တွေတင်မကပဲ 😆 ) ဘောပွဲ တွေ နွေဦး Video မှာ လာကြည့်ပေးဖို့ ဖိတ်ခေါ်နေပါတယ် ။ ••••• ကြီး ၅ ကြီးနဲ့ တခြား ကိုယ် ယုံကြည်ရာ အဖွဲ့တွေကို ဝန်းရံ အားဖြည့်ပေးပြီးရင် … LWRS မှာ လည်း စာ လာနွှေးပါဦး လို့ ဖိတ်ခေါ်ချင်ပါတယ် ။ ~ ကိုဇင်ဇေ

LWSR မှာ ( 24 August 2023 အတွက် ) 48 Laws of Power ရဲ့ Law 3 နဲ့ 4 အတိုချုံးကို ဝေါဟာရ မှတ်စု ၂၀ စီနဲ့ တင်ပေးထားလိုက်ပါပြီ ။ < Post 71, 72 အနေနဲ့ပါ > ဒီ စာအုပ်ထဲက စည်းမျဉ်းတွေက အာဏာ ( အမာ/အပျော့ ) ရယူ ၊ တည်ဆောက်လိုသူတွေ အတွက် အတော်ကို အသုံးဝင်တဲ့ စည်းမျဉ်းတွေပါ ။ နိုင်ငံရေး အာဏာကိုတင် ဆိုလိုတာမဟုတ်ပဲ စီးပွါးရေး ၊ လူမှုရေး ၊ ဘာသာရေး စသဖြင့် နယ်ပယ်တိုင်းမှာ သုံးလို့ ရနိုင်ပါတယ် ။ ( တခြား နယ်ပယ်တွေမှာတော့ အာဏာ အစား လွှမ်းမိုးနိုင်စွမ်း လို့ ပြောင်း ယူဆချင် ယူဆပေါ့ လေ ။ ) တစ်ချို့ နည်းလမ်းတွေက ကျင့်ဝတ် ရှုထောင့်က ကြည့်ရင် မေးခွန်းထုတ်စရာ ကောင်းနေပေမယ့် … အလုပ်ကျတော့လည်း အတော် ဖြစ်နေနိုင်လို့ ဒီ စာအုပ် အကြောင်း သင်ပေးရမှာ နည်းနည်းတော့ လန့်တယ် … လို့ ကျွန်တော် အတန်းထဲမှာ ပြောလေ့ရှိခဲ့တာပါ ။ လူလိမ် မခံရအောင် လိမ်နည်းမျိုးစုံ စုစည်းမှု ဆိုပြီး စာအုပ် ထုတ်သလိုပေါ့ ။ အလိမ်မခံစေချင်သူတွေ က သေချာမဖတ်ပဲ လိမ်စားချင်တဲ့ သူကပဲ သေချာဖတ်ပြီး တကယ် တစ်ခုပြီး တစ်ခု လုပ်ချသွားရင် မလွယိကျောကိုး … ။ ဒီ ( 48 Laws of Power ) စာအုပ်က လည်း အဲ့လိုပါပဲ ။ အာဏာ ( ဒါမှမဟုတ် ) လွှမ်းမိုးမှုကို ကောင်းရာ မွန်ရာမှာ အသုံးချချင်သူတွေကို များများဖတ်မိစေချင်တာပါ … တလွဲသုံးမယ့် သူတွေပဲ ဖတ်မိနေရင် - သူတို့ ကိုယ်ကျိုးသက်သက် အတွက်ပဲ အသုံးချသွားရင် ခေါင်းကြိမ်းစရာ ကြီး ပါပဲ ။ ဒါပေမယ့် ( အမေရိကား မှာတင် ၁.၂ သန်းကျော် ရောင်းရခဲ့တဲ့ ကမ္ဘာကျော်ပြီးသား စာအုပ်လည်း ဖြစ်တဲ့ အပြင် ) ဒီ ကာလ ဒီ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသားတွေလည်း ဒါမျိုးတွေ ပိုတောင် သိထားသင့်တယ်လို့ ယူဆလို့ တင်ပေးဖြစ်တာပါ ။ ကိုယ်တိုင် အာဏာ ၊ လွှမ်းမိုးမှု တည်ဆောက်ချင်လို့ပဲ ဖြစ်ဖြစ် ၊ ဘယ်သူတွေကတော့ ဘာကြောင့် ဘာကို လုပ်နေတာလဲဆိုတာ ပို မြင်တတ်လာဖို့ပဲ ဖြစ်ဖြစ် … ဒီ စာအုပ်က စည်းမျဉ်းတွေကို လေ့လာထားတာက အတော် အသုံးဝင်မှာပါ ။ စိတ်ဝင်စားရင် … ဖတ် - မန့် - ဖြန့် ရင်း … ကစ်သွားကြပါဦးဗျာ 💪 ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/24/post-71-law-3-conceal-your-intentions-the-enigmatic-dance-of-power-and-strategy/ 👉 https://learnwithspringreader.com/2023/08/24/post-72-law-4-always-say-less-than-necessary-the-power-of-economical-communication/ •••••

ဒီ ရက်ပိုင်း ပြန်လာမေးနေသူ တစ်ချို့ရှိလို့ မကြည့်ရသေးတဲ့ လူတွေ စိတ်ဝင်စားရင် ကြည့်လို့ ရအောင် ပို့ပေးလိုက်တာပါ ။ 🟧🟧🟧 ဒီ Video မှာ အင်္ဂလိပ် ဘာသာစကား လေ့လာချင်ရင် 👉 ဘယ်က စလေ့လာသင့်လဲ ? 👉 ဘာတွေ စလုပ်သင့်လဲ ? 👉 အခြေခံ အားနည်းရင် ဘယ်က စရမလဲ ? ဆိုတာကို သိချင်နေသူတွေအတွက် ရေရှည် အကျိုးရှိစေမယ့် အကြံပြုချက်တွေကို မိနစ် ၄၀ စာလောက် သေချာရှင်းပြပေးထားပါတယ် ။ ( အဲ့လို မိနစ် ၄၀ လောက် အကြံပြုချက်တွေ ရှင်းပြပြီးတဲ့ နောက်ပိုင်း ၁၅ မိနစ်လောက်မှာတော့ ကျွန်တော်တို့ Active English က စီစဉ်ပေးနေတဲ့ သင်တန်းတွေ အကြောင်း ထပ် ရှင်းပြပေးထားပါတယ် ) ! ဒီ Video က လွန်ခဲ့တဲ့ ၃ နှစ်လောက် - အာဏာမသိမ်းခင် က ဆိုတော့ သင်တန်းကိစ္စတွေက ဘောင်မဝင်တော့ပါဘူးဗျာ ။ ၅၀၅ - က နဲ့သတင်းစာ ၊ TV ထဲ ဝရန်း ပါလာချိန်က စပြီး သင်တန်း အားလုံး နားထားလိုက်ရပါပြီ ။ 👉 https://youtu.be/FpYX4GYWcNk 👈

သတိမပေး ၊ Post အသစ် မတင် လည်း LWSR ( Learn with Spring Reader ) ကို ပုံမှန် လာကြည့်ပေးနေတဲ့ သူ ၃ ရာ ကျော်လောက် ရှိမယ် ထင်တယ် … ( ကျွန်တော် Post တင် ၊ သတိပေးဖြစ်ရင် လူ ၇-၈ ရာ လောက် ဝင်လေ့ရှိပြီး ကျန်တဲ့ Influencers ၂ ယောက် ပါ တင်ပေးရင် လူ ၂-၃-၄ ထောင် ဝန်းကျင် ဖြစ်သွားတတ်ပါတယ် ) ဝင် အားပေး နေသူ အားလုံးကို ကျေးဇူးပါ … ဒီနေ့ ( 23 August 2023 ) အတွက် Posts အသစ် ၃ ပုဒ် ( 68, 69, 70 ) တင်ထားပေးပါတယ် ။ LPE System အရ ဆို L, P မဟုတ်ပဲ Exposure အတွက်ပါပဲ ။ ( ဒါပေမယ့် ဝေါဟာရ မှတ်စုတွေလည်း ၁၀ ခုစီ ထည့်ပေးထားတော့ တစ်ချို့တွေလည်း Learn လုပ်ချင် လုပ်နိုင်မှာပါ ) အရင် အပြင် သင်တန်းတွေမှာတုန်းက ကျွန်တော် သင်ပေးရမှာ နည်းနည်းလန့်တဲ့ စာအုပ် ဆိုပြီး Intermediate Level နဲ့ Business English သင်တန်းတစ်ချို့မှာ မိတ်ဆက်ပေးဖူးတဲ့ စာအုပ် အကြောင်းပါ … ဖတ်ကြည့်လို့ စိတ်ဝင်စားကြတယ်ဆို အခန်း ဆက် သဘောလေး အေးဆေး တင်ပေးသွားပါမယ် … ( ခုလည်း နမူနာ ၂ ခန်း တင်ပေးထားပါတယ် ) ဖတ် - ဖြန့် - မန့် - ကစ် လိုက်ကြပါဦး 💪 ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့်ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ 👉 https://learnwithspringreader.com/2023/08/23/post-68-embark-on-a-journey-of-wisdom-exploring-the-48-laws-of-power-series/ 👈

ကပ်မှ ထ လုပ်ပြီး နည်းပညာ လိုအပ်ချက်တစ်ခု မေ့နေလို့ ယူကျု Live ကို စောင့်နေသူတွေရှိရင် ၁၀ မိနစ်လောက်လေး စောင့်ပေးပါဦး 😅đŸ˜