en
Feedback
Dr. PhoneSithulwin

Dr. PhoneSithulwin

Open in Telegram
2 513
Subscribers
No data24 hours
No data7 days
-530 days
Attracting Subscribers
September '24
September '24
+12
in 0 channels
August '24
+2 536
in 0 channels
Date
Subscriber Growth
Mentions
Channels
25 September+3
24 September0
23 September+1
22 September0
21 September0
20 September+1
19 September0
18 September+2
17 September0
16 September+1
15 September0
14 September0
13 September0
12 September+2
11 September0
10 September0
09 September0
08 September0
07 September0
06 September+1
05 September0
04 September+1
03 September0
02 September0
01 September0
Channel Posts
#ညောင်းနေတာကြွက်သားတွေအားမရှိသလိုပဲ #ညနေပိုင်းလောက်ဆိုကြွက်သားတွေနာသလိုလို_အရိုးအဆစ်တွေကိုက်သလိုလိုနဲ့ #လူကလည်းနုံးချိနေရောပဲ 🤔 #ဘာဖြစ်လို့ ⁉️ - အဆစ်နာ၊ညောင်း/ကိုက်၊ - နုံး နေရတာလဲ လေးဖက်နာလား ငါးဖက်နာ/ခြောက်ဖက်နာလား ဆိုပြီး ASO တွေ လျှောက်စစ်ပြီး လမ်းလွဲသွားတတ်ပါတယ် 👉 မနက်မိုးလင်းတာနဲ့ အလုပ်သွား 👉 ည နေဝင်မှ ပြန် နေရောင်နဲ့မထိ အဲ့လိုဆိုရင်တော့ ကျိမ်းသေပါတယ် #Vitamin_D ချို့တဲ့လို့ပါ Vitamin D က - အရိုးတွေ၊ - ကြွက်သားတွေ၊ - အာရုံကြောတွေရဲ့ ဇီဝဖြစ်စဉ် မှာပါတော့ Vitamin D ချို့တဲ့ရင် 😞 အရိုး၊ အဆစ် နာပါမယ် (မရောင်ပါဘူး) 😞 ကြွက်သားတွေညောင်းပါမယ် ၊ နာပါမယ် 😞 ထုံသလိုလို၊ ကျဉ်သလိုလို ဖြစ်ပါမယ် 😞 လူကနုံးနေပါမယ် #Vitamin_D_ဘာလို့_ချို့တဲ့ရတာလဲ ⁉️ #နေရောင်နဲ့ မထိလို့ပါ မိုးလင်းမိုးချုပ် အိမ်ကနေ နေမထွက်ခင် အလုပ်သွား 👉 Aircon ခန်းထဲမှာနေ 👉 အလုပ်ပြန်တော့ နေဝင်နေပြီ 🤷‍♂️ နေရောင်ခြည်နဲ့ ထိဖို့ အချိန်မရှိပါ 👉 နို့ နဲ့ နို့ထွက် ပစ္စည်းမစားဘူးလေ ( Calcium ရတယ်လေ) 👉 ဝက်သား ၊ အမဲသား ကြိုက်ပေမယ့် Sea foods တွေ မစားဖြစ်ဘူး 👉 အားဆေးက တော့ သောက်ကြသလားမမေးနဲ့ ဒါပေမယ့် Vitamin-D က Fat soluble Vitamin လေ အဆီ နဲ့မှ အူက ရောစုပ်တာ ( အဆီချနေလို့ အူထဲကနေ အဆီမစုပ်အောင်တားတဲ့ဆေးတွေ သောက်ထားတော့ ယူတို့ သောက်တဲ့ Vitamin D အလုံးကြီးတွေက ခန္ဓာကိုယ်ထဲ မရောက်ပါဗျာ) အဲ့ဒါတွေကြောင့် Vitamin D ချို့တဲ့ပါတယ်။ ဗဟုသုတပြောရရင် “နေရောင်ကာတဲ့ Sun cream တွေ လိမ်းတဲ့အခါ Vitamin D ချို့တဲ့လား ❓” ဆိုရင် 👉 Vitamin D ထုတ်လုပ်မှုကို အထိုက်အလျောက်လျော့နည်းသွားစေပေမယ့် Sunscreen လိမ်းတဲ့သူတွေမှာ Vitamin D မချို့တဲ့ တတ်ပါဘူး (ဘာလို့လဲ ဆိုတော့ သူတို့က နေရောင်ထဲထွက်ကြသေးတယ်လေ) 👌👌👌👌👌👌👌 ဆိုတော့ကာ ဘာလုပ်ရမလဲ ⁉️ 1. မနက် ၆:၃၀-၇:၃၀ လောက်မှာ နေရောင်ရတဲ့ နေရာမှာ မိနစ် (၂၀) လမ်းလျှာက်ပေးပါ (အပြင်မထွက်ရဲရင်လည်း 👉 အိမ်ရဲ့ ဝရံတာတို့၊ ခြံထဲတို့ မှာ လျှောက်ပေါ့) 2. မနက်စာကို နို့၊ နို့ထွက်ပစ္စည်း နဲ့ ကြက်ဥ၊ ဘဲဥ စတာတွေ စားပေးပါ 3. ပင်လယ်စာစားပါ၊ Red meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) စားပါ 4. အသီးအရွက် များများစားပေးပါ 5. ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပါ 6. ဆေးသောက်ဖို့ကတော့ Vitamin D က ချို့တဲ့တဲ့သူများပေမယ့် Vitamin D level စစ်ပြီးမှ သောက်သင့်ပါတယ် (Vitamin D က overdose ဖြစ်ရင်လည်းကြောက်ဖို့ကောင်းပါတယ်) 7. လူမျိုးခွဲခြားတာ မဟုတ်ပါဘူးနော် 👉 အသားညို၊ မဲတဲ့သူတွေက နေရောင်ခြည်ထိလည်း Vitamin D ကို အသားဖြူတဲ့သူတွေလောက် မထုတ်နိုင်လို့ Vitamin D ပြည့်ဝတဲ့ အစာတွေ စားဖြစ်အောင်စားပါ။ 8. နေရောင်နဲ့ မတည့်တဲ့ (Photosensitivity ဖြစ်တတ်တဲ့ရောဂါ SLE လိုရောဂါမျိုးရှိပါက) ပြသထားတဲ့ ဆရာဝန်က Vitamin အားဖြည့်ဆေးပေးပါလိမ့်မယ် စိတ်မပူကြပါနဲ့ အဲ့လို သေသေချာချာ လိုက်နာရင် (၁-၂) ပတ်လောက်နဲ့ သိသာပါတယ်၊ - အဆစ်နာ၊ - အရိုးနာ၊ - ကြွက်သားနာ၊ - နုံးချိ၊ - ထုံကျဉ် ၊ - အထိုင်အထခက်၊ - လက်မြှောက်ရခက် တဲ့ ဝေဒနာ တွေသက်သာ လာပါလိမ့်မယ်။ လ နဲ့ချီရင် ပိုသိသာပါမယ်။ Vitamin D ချို့တဲ့တာ မဟုတ်ရင်။ #Inactivity (လှုပ်ရှားမှုနည်းလို့ပါ) - အိပ်တယ် အိပ်ယာပေါ်မှာပဲ - မနက်ထတယ် အိမ်သာတတ်၊မျက်နှာသစ် 👉 ဖုန်းသုံးမယ်၊ ရုပ်ရှင်ကြည့်မယ်၊အလုပ်လုပ်မယ် 🤷‍♂️ အိပ်ယာပေါ်မှာပဲ - နေ့လည်စာစားမယ် 🤷‍♂️ အိပ်ယာပေါ်မှာပဲ - Chit chat လုပ်မယ် 🤷‍♂️ အိပ်ယာပေါ်မှာပဲ - ညနေစာစားမယ် 🤷‍♂️ အိပ်ယာပေါ်မှာပဲ - Social media သုံးမယ် 🤷‍♂️ အိပ်ယာပေါ်မှာပဲ - Tik Tok တောင် 🤷‍♂️ အိပ်ယာပေါ်မှာ ရိုက်နေကြပြီ - ပြီးတော့ ပြန်အိပ်ပါမယ် 🤷‍♂️ လှုပ်ရှားမှု နည်းတော့ ကြွက်သားတွေ၊ အရိုးအဆစ်တွေ ဆီကို သွေးလည်ပတ်မှုနည်းတော့ Oxygen နဲ့ အာဟာရတွေ သိပ်မရောက်သလို၊ ကြွက်သားတွေ၊ အရိုးအဆစ်တွေ ဆီက Waste products (အညစ်အကြေးတွေ) ကလည်း စုပုံနေလို့ပါ။ #ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ (Photo credit; gendersenhealth) သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။ Dr ဘုန်းစည်သူလွင် 05:50 pm/05.06.2024

2
+1
No text...
1 883
3
😀 အနာအသစ်မဖြစ်ပဲ အနာဟောင်းတွေ အမြန် ကျက်ကာ #ယခင်ကြိုက်ရာစားလို့ရတဲ့ ***အစာအိမ်လေးပြန်လည် ပိုင်ဆိုင်ကြရမှာပါ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ Dr. ဘုန်းစည်သူလွင်
1 831
4
#အစာအိမ်ရောင်နေတယ်_ဘာစားရမလဲ #အသီးအရွက်မစားတာ_စဖြစ်ထဲကပဲ_နှစ်တောင်ချီနေပြီ #Probiotic_သောက်လို့ရလားဆရာ စိတ်ဖိစီးမှု နဲ့ အစားအသောက် မရှောင်နိုင်ကြတဲ့ ကျွန်တော်တို့တွေ ဟာ အစာအိမ်ရောင်တာကနေ ဘယ်တော့မှ သက်သာရာရဖို့ မရှိသလိုဖြစ်နေပါတယ်။ တချို့ဆိုနှစ်ချီပါတယ် (အံ့ဩဖို့ကောင်းလောက်အောင်ကို ဆယ်စုနှစ်နဲ့ချီနေတဲ့လူတွေ ရှိနေပါတယ်) အစာအိမ်ရောင်စေတာက အဓိက အချက်ကြီး (၄) ချက်ရှိတယ် 1. အစားအသောက်သောင်းကြမ်းတာ 2. စိတ်ဖိစီးမှုများတာ 3. အစာအိမ်ပိုးရှိတာ (H. pylori) 4. အကိုက်အခဲပျောက်ဆေးစတဲ့ အစာအိမ်ဒဏ်ဖြစ်စေတဲ့ ဆေးတွေသောက်နေတာ အဲ့ဒီ (၄) ချက်လုံးကို ဖယ်လိုက်နိုင်မှ အနာကျက်ပါလိမ့်မယ်။ ဗိုက်နာနေရင် ဆန်ပြုတ်သောက်၊ နည်းနည်းသက်သာတာနဲ့ - မာလာရှမ်းကောစား၊ - မနက်မိုးလင်းတာနဲ့ Coffee/Tea သောက်၊ - ဘော်ဒါတွေနဲ့ တွေ့ရင် Bar ထိုင် အရက်သောက်၊ - ဆေးလိပ်ကလည်းသောက် နေရင် အနာက အကင်းမသေပါဘူး #အစားအသောက်_ရှောင်တယ် ဆိုတာ #လနဲ့ချီပြီး ***သေသေချာချာရှောင်ရတာပါ။ {{ #ဗိုက်နာနေတုန်းပဲ_ရှောင်ရတာမဟုတ်ပါဘူး }} အနည်းဆုံး (၂) လ ရှောင်ရပါမယ်။ #ဘာတွေရှောင်ရမလဲ ⁉️ 👉 အပူ၊ အစပ်၊ အချဉ် ရှောင်ပါ - ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း - ရှောက်သီး၊ သံပရာသီး၊သံပယိုသီး၊ ဇီးသီး၊ ရှာလကာရည် - (မာလာဟင်း၊မာလာရှမ်းကော) 👉 #အရက်၊ ဘီယာ၊ Coffee၊ Tea ၊ Gas ပါတဲ့အချိုရည် 👉 အစာကြေမလွယ်တဲ့အစာများရှောင်ပါ - ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ထမနဲ - ဆီကြော် ( ခေါက်ဆွဲကြော်၊ကြာဆံကြော်၊ထမင်းကြော်၊ ကြေးအိုးဆီချက်၊ အကြော်စုံ) - ဒန်ပေါက် 👉 လေပွစာများရှောင်ပါ - လက်ဖက်၊ သခွါးသီး 👉 အဆီများလွန်းတဲ့ အစာများမရပါ - ရေခဲမုန့် ၊ Chocolate (( Keto Diet )) 👉 အကိုက်အခဲပျောက်ဆေး (NSAIDs)၊ စပ်ဆေး မသောက်ပါနှင့် (လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ အနည်းဆုံးလိုအပ်တဲ့ဆေးဝါးကိုသောက်ပါ) 👉 ဆေးလိပ် (လုံးဝ) မသောက်ရပါဘူး 😅😅😅 ဒီလောက်တောင်ရှောင်နေရရင် #ဘာတွေစားလို့ရလဲ ⁉️ 👉 အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေ - ငါး၊ အသား (အရေခွံမစားသင့်ပါ) 👉 အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ - ဟင်းသီးဟင်းရွက် - အသီး ( ပန်းသီး၊ ဖရဲသီး၊ ငှက်ပျောသီး) - ပဲအမျိုးမျိုး {ဒီနေရာမှာ #အသီးအရွက်စားရင် ဗိုက်တင်းတယ်ဆိုပြီး မစားကြတဲ့အတွက် အစာအိမ်ရောင်တဲ့လူတွေက ဝမ်းချုပ်ပါတယ် 👉 ဝမ်းချုပ်တဲ့အတွက် လိပ်ခေါင်းရောဂါ၊ စအိုကွဲနာ စတာတွေ ဖြစ်လာတတ်ပါတယ် ( ဖြစ်နေကြမှာပါ) } ​ ဟင်းသီးဟင်းရွက်ကစားရမှာလား ဆရာ ၊ ဗိုက်တင်းပြီး ပြန်နာရင် ဘယ်လိုလုပ်မလဲ လို့ မေးလာနိုင်တာအတွက် ကြိုဖြေထားပါရစေ။ - ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ် (မစားကြလို့လည်း ဝမ်းပြဿနာ တတ်နေကြပါတယ်) - မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ - (အရေးကြီးတာက စားတာ မစားတာ ***ကိုယ့်သဘောပါ) 👉 နို့ သောက်လို့ရပါတယ်၊ 👉 ( ဒိန်ချဉ်ရတယ်လို့ ညွှန်းထားပါတယ် ဒါပေမယ့် ဝယ်တဲ့ဆိုင်က မသန့်ရင်တော့ Acid ထွက်တာနည်းစေတဲ့ဆေးတွေသောက်ထားတဲ့ အတွက် ဝမ်းလျှောပါလိမ့်မယ်) 👉 Probiotic ဆိုတာ ဒိန်ချဉ်ပါပဲ 👍👍👍 မပူလွန်း၊ မအေးလွန်းသော အစာနွေးနွေးကို နည်းနည်းနှင့် ခဏခဏ စားပေးပါ။ စားရမယ့်အစာတွေကိုကြည့်ခြင်းအားဖြင့် 🤷‍♂️ ဆန်ပြုတ်ချည်းသောက်ရမယ်လို့ မဆိုလိုပါဘူး ဆန်ပြုတ်ချည်းသောက်နေခြင်းဟာ အဟာရချို့တဲ့ စေတဲ့အတွက် အစာအိမ်အနာလည်း မကျက်ပါဘူး ဆန်ပြုတ်မသောက်လို့ရလား ? ထမင်းစားရင် ရင်ပြည့်တယ် ဗိုက်တင်း တယ် ဆိုပြီး မေးလာမယ့်လူများအတွက် လည်းကြိုဖြေထားပါရစေ - ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ် - မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ - (အရေးကြီးတာက စားတာ မစားတာ ***ကိုယ့်သဘောပါ) 🤷‍♂️ ဆန်ပြုတ်တော့သောက်ပြီး အရသာရှိအောင် ကြက်သွန်တွေထည့်ပြုတ်ပြီး ငရုတ်ကောင်းမှုန့် ဖြူးစားကြတာဟာ ရည်ရွယ်ချက်ပျောက်နေတဲ့ သဘောပါပဲ 🤷‍♂️ ကျွန်တော် တတ်နိုင်သလောက် - စားသင့်တာရော - ရှောင်ရမှာရော စုထားပေးပါတယ်၊ ဒီထက်အပြင် ဒီထဲမပါတာ စားချင်ရင် တော့ကိုယ့်သဘောပါ၊ မတည့်ရင် ကိုယ်ပဲခံရပါမယ်။ 👉👉👉 #ဆေးပညာသည် သုတေသနများအပေါ်အခြေခံပြီး လူအများအတွက် သင့်တော်ရာကို ဆရာ့ဆရာကြီး အဆက်ဆက်ရှာဖွေပြီး စုဆောင်းထားခြင်းဖြစ်ပါသည်။ ဘုရားဟော တရားတော်များမဟုတ်သည့်အတွက် အလုံးစုံ မှန်ကန်ပါသည်ဟုလည်း အာမမခံထားကြပါ။ ကျွန်တော်သည်လည်း သာမန်လူတစ်ယောက်သာဖြစ်၍ မည်သူ့အတွက် မည်သည့်အရာဖြင့် ပျောက်ကင်းနိုင်သည်ဟူ၍ မသိပါ။ ကိုယ်ပိုင် Knowledge, experience များဖြင့် ကိုယ်ကျိုးအတွက်မဟုတ်ပဲ လူနာ အများစုအကျိုးရှိစေရန် စုစည်းပေးထားခြင်းပါ။ #ဘာဆေးသောက်ရမလဲမေးမည့်လူများအတွက်ကတော့ 👉 ပြသထားတဲ့ ဆရာဝန်ညွှန်းထားတာသောက်ပါ တကယ်သာရှောင်နိုင်လိုက်ရင် 👉 ဆေးသောက်ထားတဲ့ အတွက် အစာခြေရည်ထွက်တာနည်းပြီး အစာအိမ်နံရံကိုလည်း ဒဏ်ဖြစ်ရာမှ ကာကွယ်ထားတဲ့ အတွက်
1 990