cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Myanma Today (မြန်မာ့တူ​ဒေး)

နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ

Show more
Advertising posts
3 099
Subscribers
No data24 hours
+17 days
+530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

တိုက်ပွဲသတင်းထုတ်ပြန်ချက် ဇူလိုင် ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ====================== မိုးမိတ် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနေရာအား TNLA/PDF အင်အား ၇၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။ - လားရှိုး လားရှိုးမြို့နယ်ရှိ ၉ မိုင်၊ မက်မွန်း၊ ဖိုင်တောင်း၊ မိုင်းတင်း၊ လွယ်ပြေ၊ နမ့်နွမ်းနေရာများအား MNDAA သောင်းကျန်းသူများက Drop Bomb များ၊ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်တိုက်ခိုက်၍ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား။ အလားတူ ကုန်းညောင်ဒေသတွင်လည်း MNDAA သကသ အင်အား ၁၀၀ ဦးခန့်က Drone များ၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့ Drone ၁ စီး ပစ်ချနိုင်ခဲ့ကြောင်း သိရှိရ။ လက်ရှိအချိန်မှာတော့ MNDAA သကသများ အလောင်း၊ လက်နက်မကောက်နိုင်ဘဲ တဖြည်းဖြည်း ဆုတ်ခွာနေကြောင်း သိရှိရ။ - MNDAA အဖွဲ့၏ ရှော့တိုက်ဒုံးအချို့သည် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲသဖြင့် ရဟန်းရှင်လူ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရ။ - ကယားပြည်နယ် မိုးဗြဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KNPP/KNDF သောင်းကျန်းသူ ၄၀ ဦးခန့်တို့ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားကြောင်း သိရှိရ။ အလားတူ ဆောင်းပြောင်းဒေသတဝိုက်တွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် KNDF အဖွဲ့များ ၂ ကြိမ်ခန့် ထိတွေ့မှုအနည်းငယ် ဖြစ်ပွားကြောင်း သိရှိရ။ မိမိထိခိုက်မှုမရှိ။ (ရန်သူ စုံစမ်းဆဲ) - ဘောလခဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များသည် ဆိုင်ကယ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ။ အကြမ်းဖက်သမား ၂ လောင်း၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိကြောင်း သိရှိရ။ - စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် PDF ၆၅ ဦးတို့သည် ဖောင်းပြင်မြို့တောင်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရကာ ရန်သူ့ထံမှ (အလောင်း ၅ လောင်း၊ သေနတ် ၄ လက်၊ မိုင်း/ဗုံး ၁၆ လုံး၊ ကျည်ကာ ၅ ထည်၊ ကျည်ကာ ဦးထုပ် ၄ လုံး၊ တဲ ၁၃ လုံး၊ ပစ်ကျင်း ၁၄ ကျင်း)သိမ်းဆည်းရရှိကြောင်း သိရှိရ။ - မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်ရှိ အချို့နေရာများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မိမိဘက်မှ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများယူ၍ ရန်သူကို ချေမှုန်းသုတ်သင်လျက်ရှိကြောင်း သိရှိရ။ ၂၀၂၄ ဇူလိုင် ၆ Credit တိုက်ပွဲသတင်းစုံ
Show all...
👍 4👏 4
Photo unavailableShow in Telegram
တိုက်ပွဲသတင်းထုတ်ပြန်ချက် ဇူလိုင် ၅ ရက်၊ ၂၀၂၄ ခုနှစ်။👇👇👇👇👇
Show all...
ယနေ့ နံနက် ၁၀:၃၀ အချိန်က ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ကျွန်းလယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သည် ဦးတင့်စိုးသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်သွေးကြွများက မသေမချင်း သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်လိုက်သည်။ ယနေ့ ညနေ ၅:၁၀ အချိန်ထိ သေနတ်သမားများ လွတ်မြောက်လျက် ရှိနေသည်။ #PeopleMedia
Show all...
😢 3
ဒီလောက် သေတာတောင် လက်ရှိ ရွှေပြည်ရဲစခန်းကို ထပ်လုံးနေပြန်ပြီ။ ၁၂:၅၀ မှာ ရွှေပြည်ရဲစခန်းကို ထပ်လုံးနေတယ်။"ယနေ့ ညနေ ၃:၄၀ အချိန်မှာ စဉ့်ကူးမြို့ ရွှေပြည်ရဲစခန်းကို ထပ်မံ တိုက်ခိုက်ဖို့ PDF တွေ ဖောကား၄စီးနဲ့ တရော်ပင် ဘက်ကနေ လာပေါင်းထားပါတယ်။ ရွှေပြည်နဲ့ ပင်လယ်ကြီးဘက်က ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်တွေ အဆုံးရှုံးမခံနိုင်ပ။ တာဝန်ထက် တာဝန်ပို၍ ကျေပွန်တဲ့ အခြေအနေ မှာ ရှိနေတာပါ။ ဒါက နိုင်ငံတော် နဲ့ တိုက်ရိုက်ဆိုင်တဲ့ ကိစ္စပါ။ ဒီလို သူရဲကောင်းတွေ မြန်မာနိုင်ငံမှာ များစွာရှိနေပါတယ်" ၂၀၂၄ ဇူလိုင် ၆ Credit U Kyaw Soe Oo
Show all...
👍 11
Photo unavailableShow in Telegram
သာကေတအနော်မာနှင့်ထူပါရုံရပ်ကွက်များတွင်ကာလဝမ်းရောဂါဖြစ်ပွားနေ NOM၊ဇူလိုင်၆၊၂၀၂၄ သာကေတမြို့န ယ်ရှိ၁/အနော်မာရပ်ကွက်နှင့်၁/ထူပါရုံရပ်ကွက်တို့တွင်ဝမ်းပျက်ဝမ်းလျောရောဂါများဖြစ်ပွားနေသဖြင့်အဆိုပါရပ်ကွက်များအတွင်းမုန့်ဟင်းခါးဆိုင်များ၊ခွဲခြမ်းရောင်းချနေသောသစ်သီးဆိုင်များ၊ပြင်ဆင်ထားသောအစားအသောက်များ၊အကင်အမျိုမျိုး၊မုန့်တီလက်သုတ်စုံများ၊ယင်နားစာများရောင်းချသည့်ဆိုင်များကိုဇူလိုင်လ၅ရက်မှ၁၃ရက်အထိပိတ်ထားရန်ကြေညာထားကြောင်းသိရသည်။ ၂၀၂၄ ဇူလိုင် ၆ Credit News Of Myanmar NOM
Show all...
👍 4
Photo unavailableShow in Telegram
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဖျာပုံလမ်းထောင့် လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၆ ရက်နေ့လယ် ၁၂း၀၅ နာရီအချိန်၌ PDFအကြမ်းဖက်သမားတစ်ဦးက ​ေTနတ်ဖြင့်အနီးကပ် ၇ ချက်ပစ်ခတ်Tတ်ဖြတ်သွား​ကြောင်းသိရသည်။ ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးခင်စိုးသည်ဗဟိုလမ်းနှင့် ဖျာပုံလမ်းထောင့်ရှိ ANGELIN လက်ဘက်ရည်ဆိုင်၏လမ်းဘေးထိုင်ခုံတွင်တစ်ဦးတည်းထိုင်ပြီး လက်ဘက်ရည်သောက်နေစဥ် လမ်းလျှောက်လာသည့် PDF အကြမ်းဖက်သမားတစ်ဦးက ​ေTနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးခင်စိုးတွင် ရင်ညွန့်ထိမှန်ဒဏ်ရာတစ်ချက်၊ ယာရင်ဘတ်အောက်ထိမှန်နှစ်ချက်၊ ယာလက်ဖျံထိမှန်တစ်ချက်၊ ယာတံတောင်ထိမှန်တစ်ချက်၊ ယာလက်မောင်းထိမှန်နှစ်ချက်ဖြင့် ပစ်ခတ်ခံရသည့်နေရာတွင်ပင်​ေTဆုံးသွားကြောင်းသိရသည်။ ပစ်ခတ်သည့်နေရာမှ ၉ မမ လူဂါကျည်ခွံ ၅ ခုနှင့်ကျည် ထိပ်ဖူးသုံးခုတွေ့ပြီး ပစ်ခတ်သွားသူကိုပိတ်ဆို့ဖမ်းဆီး​နေကြောင်းသိရသည်။ ၂၀၂၄ ဇူလိုင် ၆ Credit News Of Myanmar NOM
Show all...
🤬 4
Photo unavailableShow in Telegram
မိစ္ဆာမျက်လုံးများနဲ့👁👁👁👁👁 🧐အများပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ အဆင်ပြေနေတာမျိုး အေးချမ်းနေတာမျိုး ပျော်ရွှင်နေတာမျိုးဆို မကျေနိုင် မချမ်းနိုင်တဲ့ လူတန်းစားတစ်ရပ်ဆိုတာ ဒီရက်ပိုင်းတွေ့တွေ့နေရတယ်။ 🥰အမှန်ဆိုရင်တော့ အများသူငှာ အေးချမ်းသာယာပြီးအဆင်ပြေနေတယ်ဆိုတာမျိးက မင်္ဂလာရှိတဲ့ကိစ္စပါ။ ကိုယ်အဆင်ပြေမနေရင်တောင်မှ မုဒိတာထားပြီး ဝမ်းသာပေးနေရမှာ။ 👁မိစ္ဆာမျက်လုံးနဲ့ကြည့်တော့လည်း ဒါတွေဟာ သူတို့အတွက် နေလိုမီးလိုပူစေတယ်ထင်ပါတယ်။ ဒါမျိုးကိုမြင်ရကြားရတာကို သူတို့က ဝမ်းမသာနိုင်တဲ့အပြင် အုပ်စုဖွဲ့ ဆူဆဲ အပြစ်တွေတင် ပိုဆိုးတာက ဖျက်လိုဖျက်ဆီးရန်ရှာဖို့ပါကြိုးစားကြတယ်။ ဒီလိုလူ့အသိုင်းအဝိုင်း ယဉ္ကျေးမှုတစ်ခုကို ဆန့်ကျင်နေတာကိုမှ သူတို့ကိုသူတို့ ဓမ္မလို့ ခေါင်းစဉ္တပ်လိုက်သေးရဲ့။ 😎မိစ္ဆာမျက်လုံးနဲ့ကြည့်ပြီး မိစ္ဆာစိတ်ဓာတ်ရှိသူတွေရဲ့ စကားကိုတော့ ဂရုစိုက်စရာ မလိုပါဘူး။ သူတို့တွေ အားကောင်းခဲ့ရင်လည်း ခဏပါ။ အချိန်တန်လို့ မိစ္ဆာမျက်လုံးတွေသာကွာကျသွားရင် ဘယ်ဟာက ဓမ္မလည်းဆိုတာ ငြင်းနေစရာမလိုပါဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သင့်တာဆက်လုပ်သွားရုံပါ။ ရွှေတိုက်စိုး ၆-၇-၂၀၂၄
Show all...
👍 7
Photo unavailableShow in Telegram
လားရှိုး ၂၀၂၄၊ဂျူလိုင် ၆ ၇က်၊ ၀၇၂၀ နာရီ လားရှိုးမြို့၏ အရှေ့မြောက်ဖက်၊ ခလရ ၆၈ ဖက်သို့ အကြမ်းဖက်များအလုံးအရင်းဖြင့်ချဥိးကပ်ခဲ့သည့်အတွက် ၂၄၀၀ နာရီခန့်မှ စတင် တိုကိပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ချေမှန်းပေး၊ နံနက် ၀၂၁၁ အချိန်တွင် လေကြောင်းမှဗုံးကျဲခဲ့သညိ့အတွက် အကြမ်းဖက်များ ( ထိခိုက်မှု့ရှိသည်ဟု ယူဆ) နောက်ပြန်ဆုတ်သွားခဲ့ ၀၇၀၀ နာရီခန့်တွင် အကြမ်းဖက်ကောင်များသည် ခလရ ၆၈ ဖက်နှင့် ၅၀၇ တပ်ရင်းများရှိရာဖက်သို့ ထပ်မံချဉ်းကပ် လာသည့်အတွက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ချေမှုန်းနေကြောင်းသိရ ရာသီဥတုအခြေအနေ = မိုးအနည်းငယ်ရွာ ၂၀၂၄ ဇူလိုင် ၆ Credit Kyaw Swar
Show all...
👍 13
Photo unavailableShow in Telegram
ကျောက်မီးသွေးနဲ့မောင်းတာနေမယ်
Show all...
👍 11
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.