en
Feedback
YANGON REVOLUTION FORCE - YRF

YANGON REVOLUTION FORCE - YRF

Open in Telegram

ရန်ကုန်တော်လှန်ရေးအင်အားစု

Show more
7 251
Subscribers
-224 hours
-267 days
-9630 days
Posts Archive
ငါတို့လို ပေါရဲလား ပေါတတ်လား ပေါနိုင်လား မအေလိုးလေး။
ငါတို့လို ပေါရဲလား ပေါတတ်လား ပေါနိုင်လား မအေလိုးလေး။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်ကာ လှုပ်ရှားမှုလုပ်ဆောင်ခြင်း ၂၀၂၃ မတ်လ ၂၇ ရက် ယခု တေ
+9
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်ကာ လှုပ်ရှားမှုလုပ်ဆောင်ခြင်း ၂၀၂၃ မတ်လ ၂၇ ရက် ယခု တော်လှန်ရေးနေ့ ( အာဏာရူးစစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်လည်း အကြမ်းဖက်စစ်အုပ်စုနှင့်အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက်အစီအရင်များကို YRF မှ ရဲဘော်များမှ လုပ်ဆောင်ခဲ့ကြသည် ။ ထိုအစီအရင်များသည် ယနေ့တွင် စစ်ကောင်စီတပ်သားများ နေပြည်တော်တွင် ပြုလုပ်နေသည့် ၄င်းတို့အခေါ် တပ်မတော်နေ့ အခမ်းအနားများနှင့် ၄င်းတို့စစ်တပ်၏ ကျဆုံးချိန်၊ နေ၀င်ချိန်ကို ရည်ရွယ်ကာ စီမံလုပ်ဆောင်ထားခြင်းဖြစ်သည်။

#အားလုံးစုစည်းနေရင်ဘာမှမဖြစ်
#အားလုံးစုစည်းနေရင်ဘာမှမဖြစ်

ရူပါစိုးဝင်းအကြောင်း သီချင်းလေးဖန်တီးထားပါတယ်။ နားဆင်ကြည့်ကြပါဦးဗျိူ့ ပြီးရင်လည်း အရှိန်မြှင့်နေတဲ့တိုက်ပွဲတွေအတွက် နိုင်ရာကူကြပါဦး။

ဟင်🥹🥹
ဟင်🥹🥹

ဒီလပိုင်းတွေမှာ ရှိုးပွဲတွေ၊ ပြပွဲတွေ၊ ပွဲလမ်းသဘင်တွေ ခပ်စိတ်စိတ် လုပ်လာကြပါတယ်။ တချို့သော အနုပညာရှင်များဆို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေထက် ဖျော်ဖြေပွဲတွေ ပိုများလာကြပါတယ်။ ဒီပွဲလမ်းတွေကိုမြင်ရင် ဒီနိုင်ငံမှာ ဘယ်တုန်းကမှ သွေးချောင်းမစီးခဲ့ဘူးလို့တောင် ထင်ရနိုင်ပါတယ်။ လူတိုင်းဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဘဝကိုဆုံးဖြတ်ခွင့်ရှိကြတယ်။ ပြည်သူတွေက ရှိုးမဆိုရဘူး၊ ပွဲမတက်ရဘူးလို့ မတားပါဘူး။ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အခမ်းအနားတွေ၊ တော်လှန်ရေးကို ပုံဖျက်စေနိုင်တဲ့ ပွဲလမ်းတွေကို ရှောင်ရှားဖို့တောင်းဆိုကြတာပါ။အနုပညာရှင်တွေအနေနဲ့လည်း ဝမ်းရေးက တိုက်တွန်းတဲ့အခါ အခကြေးငွေရ ပွဲလမ်းတွေကို ရှောင်လွှဲလို့ မရတာမျိုး ကြုံတွေ့ကြရ တယ်။ သို့ပေမယ့် မည်သို့၊ မည်ပုံ ဆက်လက်ရပ်တည်မလဲဆိုတာကတော့ မိမိဆုံးဖြတ်ချက်ဖြစ်ပါတယ်။ မဲဆောက်ဆိုတာမှာ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကြောင့် ဆင်းရဲကြီးစွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေ အများအပြား ရှိပါတယ်။ ဒီပြည်သူတွေရဲ့ မျက်နှာကို မထောက် မဲဆောက်မှာ လာရောက်ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တွေဟာ ကိုယ်ကျင့်တရား ပြဿနာရှိနေတယ်လို့ ဆိုရမယ်။ ပြည်သူတွေက ဘာလို့ ဒီလောက်စိတ်ဆိုးဒေါသထွက်လဲဆိုတာ သူတို့တွေသိသင့်တယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ထည့်သွင်းမစဉ်းစားနိုင်ကတည်းက ဒီလိုလူတွေရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ သိသာတယ်။ ခေတ်ပျက်တဲ့အခါ ငတ်မွတ်ဆင်းရဲမှုကို မိမိသီလနဲ့ လဲလှယ်ရတတ်တယ်။ ဘယ်အနုပညာရှင်က သူတို့သီလကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှာ လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ရေနံငွေတွေနဲ့ငါတို့ကိုသတ်နေတာ! ရဲဘော်တို့…… အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းက တတိယအကြိမ်မြောက် သွေးငွေ ဖြတ်တောက်ရ
+9
ရေနံငွေတွေနဲ့ငါတို့ကိုသတ်နေတာ! ရဲဘော်တို့…… အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းက တတိယအကြိမ်မြောက် သွေးငွေ ဖြတ်တောက်ရေး လူပ်ရှားမူကြီး စတင်ပါတော့မယ်။ အခုလာမယ့် မတ်လ ၁၁ ရက်နေ့ ကစပြီး ၁၉ ရက်နေ့အထိ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဓာတ်ပုံ ကမ်ပိန်းများ ( မတ်လ ၁၁ မှ ၁၃ရက်ထိ)၊Twitter Mass Trending လှုပ်ရှားမှုများ ( မတ်လ ၁၁ မှ ၁၂ထိ)၊Google Map ကမ်ပိန်းများ ( မတ်လ ၁၅ မှ ၁၆ ထိ)၊အီးမေး ကမ်ပိန်းများ ( မတ်လ ၁၈ မှ ၁၉ထိ )စတဲ့ အစီစဉ်တွေမှာ ပါဝင်ပေးခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ကြပါစို့။

ငမ့်……ငါတောင်ဘာမှမလုပ်ရသေးဘူး။
ငမ့်……ငါတောင်ဘာမှမလုပ်ရသေးဘူး။

ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည့် သူရဲကောင်း (၄)ဦး၏ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ခြင်း နွေဦး
+9
ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည့် သူရဲကောင်း (၄)ဦး၏ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ခြင်း နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ (၄) ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့မှာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုအား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ ပြုလုပ်ခဲ့ကြပါတယ်။

“ စစ်မှန်တဲ့ တော်လှန်ရေးကို ခမ်းနားတဲ့ အချစ်က ဦးဆောင်လမ်းပြတယ်” Valentine’s Day မှာ YRFက ရဲဘော်တဦးက သူနဲ့အတူပုန်ကန်တော်လှန်နေ
+1
“ စစ်မှန်တဲ့ တော်လှန်ရေးကို ခမ်းနားတဲ့ အချစ်က ဦးဆောင်လမ်းပြတယ်” Valentine’s Day မှာ YRFက ရဲဘော်တဦးက သူနဲ့အတူပုန်ကန်တော်လှန်နေဆဲ အမျိုးသမီးလေးအတွက် “ ချေ “ ရဲ့ စာသားကို ပိတ်စပေါ်မှာ ရေးဆွဲပြီး သူတို့ရဲ့ တော်လှန်သောချစ်ခြင်းကို ပြသခဲ့တဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။ “တော်လှန်ရေးကာလမှာ အမြဲအနားမှာရှိပြီး ဆက်လက်ပုန်ကန်ပေးလို့ကျေးဇူးပါ”ဆိုပြီးလည်း သူ့ကောင်မလေးကိုပြောပေးဖို့မှာထားလို့ ရဲဘော်ရဲ့ပုံတွေကိုဝေမျှပေးလိုက်ပါတယ်။

ရန်ကုန်မြို့ ရဲ့ အကျယ်လောင်ဆုံး တိတ်ဆိတ်သံကို ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ကြားရပါတယ်။ မျှော်လင့်ထားတာထက် ပြည်သူလူထု ပါဝင်
ရန်ကုန်မြို့ ရဲ့ အကျယ်လောင်ဆုံး တိတ်ဆိတ်သံကို ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ကြားရပါတယ်။ မျှော်လင့်ထားတာထက် ပြည်သူလူထု ပါဝင်မှုကိုမြင်ရတဲ့အခါ ကျနော်တို့အတွက် ပြောမပြနိုင်အောင် အားဖြစ်စေပါတယ်။ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြားကပဲ ပြည်သူလူထုရဲ့ ပေးဆပ်ပါဝင်မှုတွေကို အမြဲတမ်း ကျွန်ုပ်တို့နှလုံးသားထဲမှာ မှတ်ထားကာ ဆက်လက်ပြီး အသက်နဲ့ရင်းတိုက်ပွဲဝင်ရမယ့် ဆုံးဖြတ်ချက်တွေက ပိုမိုမှန်ကန်လာခဲ့ပါတယ်။ အရာရာကို ဆုံးရှုံးမှာကြောက်နေသူတွေက အရာရာစွန့်ထားပြီးသားသူတွေကို ဘယ်တော့မှ မနိုင်ပါဘူး…… ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည် 🔥 #yangonrevolutionforce #yrf

“သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေးမုချအောင်မြင်မည်” ဖေဖော်ဝါရီ ၁၊ ၂၀၂၃။ ယနေ့ဆိုလျှင် အကြမ်းဖက်စစ်ကောင်စီမှတိုင်းပြည်အာဏာအား
+4
“သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေးမုချအောင်မြင်မည်” ဖေဖော်ဝါရီ ၁၊ ၂၀၂၃။ ယနေ့ဆိုလျှင် အကြမ်းဖက်စစ်ကောင်စီမှတိုင်းပြည်အာဏာအား သိမ်းယူခဲ့သည်မှာ (၂)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှာ Yangon Revolution Force - YRF (Soft Strike Community) မှရဲဘော်များသည် အာဏာသိမ်းကာလ ၂ နှစ်ပြည့်အတွက် ပြည်သူများအတွက် အမှာစကားအား banner သွားရောက် ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း နွေဦးတော်လှန်ရေးသည် အရှိန်ဟုန်ကောင်းနေဆဲဖြစ်သည်။ ကျွန်ုပ်တို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားရှိ တော်လှန်ရေးရဲဘော်ရဲဘက်များမှလည်း အာဏာရှင် ပြုတ်ကျသည်အထိ ဆက်လက်တိုင်ပွဲဝင်နေဆဲဖြစ်သည်။ အားလုံး မျှော်မှန်းထားတဲ့ တော်လှန်ရေးအောင်ပွဲကို ရရှိနိုင်ရန်အတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းရဲ့ ပါဝင်ပံ့ပိုးမှုသည် အင်မတန် အရေးပါသည့်အတွက် “သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေးမုချအောင်မြင်မည်” ဆိုသော banner အား ရေးသားချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။ ရရာနည်းလမ်းဖြင့် တော်လှန်ရေးကို ပါဝင်အားဖြည့်ကြပါရန် ထပ်မံတိုက်တွန်းလိုက်သည်။ ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်။

တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ အတူချီတက်ကြမယ်လေ ရဲဘော်တို့ ✊🏻
တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ အတူချီတက်ကြမယ်လေ ရဲဘော်တို့ ✊🏻

စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် ပြည်သူများအား တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းစကားများပြောကြားကာ လှုံ့ဆော်မှုပြုလုပ်ခြင်း

YRF အဖွဲ့ဝင် လူငယ်(၃)ဦးနှင့် ပြည်သူတစ်ဦး မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ Yangon Revolution Force - YRFမှ တော်လှန်ရေးရဲဘော်
YRF အဖွဲ့ဝင် လူငယ်(၃)ဦးနှင့် ပြည်သူတစ်ဦး မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ Yangon Revolution Force - YRFမှ တော်လှန်ရေးရဲဘော်များဖြစ်ကြသော ကိုစစ်ဇော်ခံ၊ ကိုဗညားစိုးထက် နှင့် မဖြိုးအိကျော်တို့ကို အကြမ်းဖက်စစ်ကောင်စီ၏ တရားရုံးမှ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များမတရားချမှတ်ခဲ့သည်။ စစ်ကောင်စီချမှတ်သောပြစ်ဒဏ်များတွင် ကိုစစ်ဇော်ကံအား ထောင်ဒဏ် (၇၄)နှစ်၊ ကိုဗညားစိုးထက် အား ထောင်ဒဏ် (၇၄)နှစ် နှင့် မဖြိုးအိကျော်အား ထောင်ဒဏ် (၇)နှစ်ချမှတ်ခဲ့သည်။ ထို့အပြင် YRFမှ ရဲဘော်များနှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူတစ်ဦးဖြစ်သည့် ကိုစိုင်းစည်သူအား ထောင်ဒဏ် (၄၀)နှစ် အသီးသီး မတရားစွာဖြင့် အမိန့်ချမှတ်ခဲ့သည်။ သံတိုင်များနောက်တွင် ဆက်လက်တိုက်ပွဲဝင်နေသော မတရားအကျဉ်းကျခံရဲဘော်များအား အထူးလေးစားအသိမှတ်ပြုသတိရမိကြောင်းနှင့် မိမိတို့အနေဖြင့်လည်း စစ်အာဏာနာရှင်စနစ်အမြစ်ပြတ်ချေမှုန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက်သည်။

Long Exposure Photography ဖြင့် “အရေးတော်ပုံအောင်ရမည်” ဟူသောစာတန်းအား ပုံဖော်ရေးသားကာ လှုပ်ရှားမှုပြုလုပ်ခြင်း ၃၁ ဒီဇင်ဘာလ ၂၀
+1
Long Exposure Photography ဖြင့် “အရေးတော်ပုံအောင်ရမည်” ဟူသောစာတန်းအား ပုံဖော်ရေးသားကာ လှုပ်ရှားမှုပြုလုပ်ခြင်း ၃၁ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် ယနေ့ဟာ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး အာဏာသိမ်းကာလ ၂ နှစ်နီးပါးရှိသည်အထိ အားကောင်းနေသေးသည့် နွေဦးတော်လှန်ရေး အောင်မြင်ရမည်ဟူသော စိတ်ဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “အရေးတော်ပုံအောင်ရမည်” ဟုသော စာတန်းအား Yangon Revolution Force - YRF ၏ (Soft Strike Community) မှ ရဲဘော်များမှ ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ကရဝိတ်အား နောက်ခံထား၍ ဖုန်းမီးဖြင့် ရေးသားကာ long exposure ဖြင့် ဓာတ်ပုံရိုက်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြို့ပြညရဲ့ မအလ (Parody) ခရစ္စမတ်ညမှာ အပန်းပြေနားဆင်နိုင်ဖို့ Parody သီချင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီသီချင်းကို ပြည်သူတွေနဲ့အတူရပ်တည်ပြီး တော်လှန်တိုက်ပွဲဝင်နေတဲ့ ကိုကျော်(မင်းမော်ကွန်း) နဲ့အတူ ပူးပေါင်းဖန်တီးထားပါတယ်။ ရန်ကုန်ကိုပြန်လာမယ့် ရန်ကုန်သားကိုကျော်က ရန်ကုန်မြို့က တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့အတွက် ကိုကျော်ရဲ့တန်ဖိုးထားရတဲ့ ဂစ်တာလေးကိုမဲဖောက်ပေးဖို့ရှိပါတယ်။ Parody သီချင်းလေးကိုနားဆင်ပြီး ကိုကျော့်ရဲ့ Campaign ကိုလည်း ဝိုင်းကူပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါသည့် sticker များဖြင့် ရန်ကုန်မြို့ရှိ Bar နှင့် Club များတွင် လှုပ်ရှား
+9
“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါသည့် sticker များဖြင့် ရန်ကုန်မြို့ရှိ Bar နှင့် Club များတွင် လှုပ်ရှားမှုပြုလုပ်ခြင်း ၂၃ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် ရန်ကုန်မြို့ရှိ လူအများ သွားရောက်လေ့ရှိသည့် Bar နှင့် Club များတွင် “ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါ sticker များ ကပ်၍ Yangon Revolution Force - YRF ( Soft Strike Community ) မှ ရဲဘော်များမှ လူထုအား လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ Soft Strike Community Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

Repost from Khit Thit Media
နမ့်ဆန်တိုက်ပွဲတွင် စစ်သားများ သေဆုံးမှုများပြား၍ အလောင်းများကို ထမ်းထုတ်နေရ