The Standard Time Daily
Open in Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Show more6 561
Subscribers
+124 hours
-287 days
-8530 days
Posts Archive
◾️နောက်ဆုံးရသတင်းများ၊ ရုပ်သံသတင်း၊ ဆောင်းပါးစတဲ့ အစီအစဉ်ကောင်းများကို အချိန်နဲ့တစ်ပြေးညီ ကဏ္ဍစုံလင်စွာ စီစဉ်တင်ဆက်ပေးသွားမယ့် စံတော်ချိန်သတင်းဌာနရဲ့ တယ်လီဂရမ်ချန်နယ်အသစ်ဖြစ်တဲ့ https://t.me/sdtimech ကိုလည်း ထပ်မံ Subscribe လုပ်ထားပေးကြဖို ဖိတ်ခေါ်အပ်ပါတယ်။
အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတတို့ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များနှင့် ရုရှားသမ္မတ ပူတင်တို့၏ ထိပ်သီးညီလာခံကို ဇွန်လအတွင်း ရုရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက မေ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
အာဆီယံနှင့် ရုရှားသမ္မတပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲကိုရုရှားနိုင်ငံကာဇန်မြို့၌ ဇွန် ၁၇ ရက်မှ ၁၈
ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးညီလာခံ တွင်အာဆီယံ ခေါင်းဆောင်များနှင့် ရုရှားသမ္မတပူတင်တို့သည် အာဆီယံနှင့်ရုရှားနိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တိုးချဲ့နိုင်မည့်အလားအလာများကို ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် စတင်ခဲ့သော ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံအား ပြစ်တင်ရှုတ်ချထားသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်ကိုထောက်ခံမဲပေးထားသော နိုင်ငံများဖြစ်သည်။
သို့ရာတွင် အာဆီယံအဖွဲ့အနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီးရုရှားနိုင်ငံအား ဆွေးနွေးပွဲ မိတ်ဖက်နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်အပါအဝင် အာဆီယံနိုင်ငံ အချို့သည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပြီးနောက်ရုရှားရေနံစိမ်းများကို ဝယ်ယူတင်သွင်းလာရသလို ဝယ်ယူတင်သွင်းရန်လည်း စိတ်ဝင်စားလျက်ရှိသည်။
ရုရှားနိုင်ငံ ကာဇန်မြို့၌ ကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီးညီလာခံသို့ အာဆီယံခေါင်းဆောင်များအနက်စင်ကာပူဝန်ကြီးချုပ်လော့ရင့်စ်ဝေါင်တက်ရောက်ဖွယ်မရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် ရုရှား၏ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချထားပြီး ရုရှားနိုင်ငံအပေါ်တွင်လည်း
အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားသည်။အလားတူ အာဆီယံ-ရုရှားထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံ
သမ္မတ ဦးမင်းအောင်လှိုင်လည်းတက်ရောက်နိုင်ဖွယ် မရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု
၍ မြန်မာခေါင်းဆောင်များကိုအာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ထိပ်သီးညီလာခံများအပါ
အဝင် အာဆီယံထိပ်သီးဆွေးနွေးပွဲများ၌ ပါဝင်ခွင့်ပိတ်ပင်ထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-အေပီ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
Repost from The Standard Time Digital
◾️အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ ကျင်းပမည်
လာမည့်ခရီးသွားရာသီ၌ ပြည်ပနိုင်ငံများမှခရီးသွားများ မြန်မာ့အလှနှင့်ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန် အပြည်ပြည် ဆိုင်ရာ ခရီးသွားပြပွဲကို ဇွန်လဒုတိယပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားမှုကို ပြန်လည်ဖော်ဆောင် ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာ၀အ လှများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများနှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီ၀မျိုးစုံ မျိုးကွဲများ၊ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးအပင်မျိုးစိတ်များကို လေ့လာကြည့်ရှု အပန်းဖြေနိုင်ရန်အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာခရီးသွား ပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ပြင်သစ်၊ အီဂျစ်၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှခရီးသွားဆိုင်ရာကုမ္ပဏီများပါဝင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်မှုကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ငွေဆောင်ကမ်းခြေနှင့်အခြားခရီးသွားဒေသတို့ကို အဓိကထားဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြပွဲတွင် ပြည်တွင်း^ပြည်ပခရီးသွားဒေသများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များနှင့် အာမခံများ၊ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများနှင့် စွန့်ဦးတီထွင်ပြခန်းများကို ပြသသွားမည်ဖြစ်ပြီး ပြပွဲကို ဇွန် ၁၃ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ Sedona Hotel ၌ကျင်းပသွားမည်ဖြစ်သည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Repost from The Standard Time Digital
◾️တရုတ်သို့ မြန်မာ့ဒူးရင်းသီးတင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်
ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာမှုနှင့်အတူ တရုတ်ဒူးရင်းသီး ဈေးကွက်တွင် ဝေစုရရှိနိုင်ရန် ရည်မှန်း၍ ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မေ ၁၉ ရက်တွင် ကျင်းပသည့် ‘မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆’ တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ်အဓိကမှီခိုနေရသော်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့အလုံးအရင်းဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကြောင်းလည်း သိရသည်။
အာဆီယံဒေသတွင်း ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုတွင်ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ဈေးကွက်ကို ဦးဆောင်နေပြီးမြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထုတ်လု ပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်ရေးများ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့ဒူးရင်းသီးများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး မေ၊ ဇွန်နှင့် ဇူလိုင်လများသည်ဒူးရင်းသီးအထွက်လှိုင်သည့် ကာလများဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဒူးရင်းသီး တစ်ကီလိုလျှင် ကျပ် ၄၀၀၀၀ အထိ ဈေးဖွင့်ခဲ့ပြီးအလုံးကြီးများမှာ တစ်လုံးလျှင် ကျပ်နှစ်သိန်းကျော်အထိ ဈေးရရှိနိုင်ကြောင်းဈေးကွက်အတွင်းမှ သိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Repost from The Standard Time Digital
◾️ကျောက်တန်းအနီး ဗဟိုပြု၍ ငလျင်လှုပ်၊ သိသာစွာခံစားရ
ယနေ့ (မေ ၁၈ ရက်)နံနက် ၈ နာရီ ၃၀မိနစ် ခန့်က ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာကိုဗဟိုပြု၍ ပြင်းအား ၅ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
"ဟင်းချက်နေတုန်း ငလျင်စလှုပ်တာသိလိုက်တယ်။ပြီးကျ ခါရမ်းပြီးဆက်တိုက်လှုပ်သွားတာ။ဒီတခါ ရန်ကုန်မှာလှုပ်တာတော်တော်ကြမ်းတယ်။အကုန်တိုက်ပေါ်တွေကဆင်းပြေးရတယ်"ဟု ပုဇွန်တောင်မြို့နယ်နေသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်မြို့ရှိ သန်လျင်မြို့နယ်ပုဇွန်တောင်မြို့နယ်၊ဒေါပုံမြို့နယ်၊တာမွေမြို့နယ်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)၊အင်းစိန်မြို့နယ် အစရှိသည့်မြို့နယ်များအပါအဝင် ရန်ကုန်တမြို့လုံး နီးပါးသိသာစွာခံစားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
သတင်း-အင်ကြင်း
#ပြည်တွင်းသတင်း
Repost from The Standard Time Digital
◾️ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ၇၀ ကျော် ခေါ်ယူ
ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက်မြန်မာလုပ်သား ၇၀ ကျော်ကို ခေါ်ယူထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ၁၅ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ ကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင်တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိ ကြောင်း သိရသည်။
ယင်းတွင် အလုပ်ကမ်းလှမ်းစာ ၇၂ ခုရရှိခဲ့ပြီး မကြာခင် အလုပ်သမားများကို စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- MOI(ပုံဟောင်း)
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️နောက်ဆုံးရသတင်းများ၊ ရုပ်သံသတင်း၊ ဆောင်းပါးစတဲ့ အစီအစဉ်ကောင်းများကို အချိန်နဲ့တစ်ပြေးညီ ကဏ္ဍစုံလင်စွာ စီစဉ်တင်ဆက်ပေးသွားမယ့် စံတော်ချိန်သတင်းဌာနရဲ့ တယ်လီဂရမ်ချန်နယ်အသစ်ဖြစ်တဲ့ https://t.me/sdtimech ကိုလည်း ထပ်မံ Subscribe လုပ်ထားပေးကြဖို ဖိတ်ခေါ်အပ်ပါတယ်။
