Readerless Poetry Ebook Sharing
Open in Telegram
7 553
Subscribers
+324 hours
+17 days
+530 days
Posts Archive
ဒီနှစ် စာပေဆိုင်ရာ နိုဘယ်ဆုရှင်က Anne Carson ပါ။ ဝမ်းသာရကြောင်းပါပဲ။ ဂရိပြဇာတ်တွေ ဂန္ထဝင်စာပေတွေကို လေ့လာတဲ့ အလုပ်တွေ တသက်လုံး လုပ်ခဲ့တဲ့သူ ဆုရတာ ဝမ်းသာစရာပါ။
ဒါက Anne Carson နဲ့ ပတ်သက်ပြီးတော့ရော၊ သူလို ပညာရှင်တွေနဲ့ ပတ်သက်ပြီးတော့ရော ကိုယ် တွေးမိသလောက် ရေးထားတာပါ။ စိတ်ဝင်စားရင် မန့်ထဲကနေ တဆင့် ဖတ်ကြည့်လို့ ရပါတယ်။
Anne Carson (၁၉၅၀ ဖွား - အခု အသက် ၇၆) ရဲ့ စာအုပ်တွေပါ။ မနေ့က သူ့စာအုပ်တွေ ပို့မယ် ပြောထားလို့။ ဒါက သူ့စာအုပ်တွေပါ။ အဖုံးပုံတွေတော့ တကူးတက ပို့မနေတော့ပါဘူး။ ရှာတွေ့သလောက်ကို wiki က ထုတ်ဝေခုနှစ်တွေအလိုက် စီပေးထားပါတယ်။
အရှေ့က ဆရာမ နှစ်ယောက် ရရင် ကောင်းမယ်။ Can Xue ရရင် ပိုတောင်ကောင်း။ ချယ်နယ်ထဲမှာ သူ့စာအုပ်တွေ အကုန်ပို့ပေးပြီးသား ရှိတယ်။ ထပ်ပို့စရာ မလိုတော့ဘူး။ ချယ်နယ်ထဲ ပို့တုန်းက သူ့အကြောင်း ဝင်ဖတ်ထားပြီး သူ့စာအုပ်တွေ ဆက်မဖတ်ဖြစ်။
အောက်တိုဘာ ၈ ရက်နေ့ မြန်မာအချိန် ညနေ ၆ နာရီခွဲဆို ဘယ်သူ ရမလဲ သိရပြီ။ ပုံကလည်း chat က လုပ်ပေးတဲ့ပုံ။
- မိုးရဲ -
ဒီနှစ် စာပေဆိုင်ရာ နိုဘယ်ဆု ဘယ်သူ ရနိုင်လဲလို့ chat ကို သွားမေးတာ သူက သုံးယောက် ထုတ်ပြ။ Can Xue, Anne Carson, Amitav Ghosh တဲ့။
Can Xue ကိုက နာမည်ကြားဖူးပြီး ယောက်ျား စာရေးဆရာ ထင်တာ။ ခုရှာကြည့်မှ အမျိုးသမီး စာရေးဆရာမှန်း သိ။ မြန်မာပြန် ရှိပြီးသားလား မပြောတတ်။
ဒါက သူ့စာအုပ်တွေ။
https://t.me/readerlesspoetryebooks/9295
Anne Carson ကိုလည်း ခု ဝင်ကြည့်တော့ ဆရာမက ဂရိပြဇာတ်တွေ ဘာသာပြန်ဖူး။ ကနေဒါက။ နောက်ရက်ကျ သူ့စာအုပ်တွေ ချယ်နယ်ထဲ ပို့ပေးမယ်။ ဆု ရရ မရရ။
Amitav Ghosh က ရေကန်သာ ကြာတိုင်းအေး လေ။ ရွှေအမြုတေမှာ အခန်းဆက် ပါတုန်းကဆို သရုပ်ဖော် ပန်းချီပုံတွေနဲ့ နာမည်ကြီးတာ။ သူတော့ မရ (သေး) လောက်ဘူး ထင်။ သူ့စာအုပ်တွေ အကုန်လုံးက ချယ်နယ်ထဲ ပို့ပေးပြီးသားပဲ။
https://t.me/readerlesspoetryebooks/757?single
ဒါက Tom Hanks ရဲ့ ဒုတိယကမ္ဘာစစ်အကြောင်း ဒိုကူမန်ထရီ အပိုင်း (၂၀) အကုန်ပဲ။ အေးဆေး ကြည့်ကြည့်ကြပါဦး။
ဒါတွေကို ကိုယ်ကြည့်တဲ့အထဲမှာ စိတ်ထဲအစွဲနေဆုံးက ပိုလန်ရဲ့ ခုခံစစ် ကျရှုံးတဲ့ နေရာတွေ၊ ပြီးတော့ All War ဆိုတဲ့ စကားလုံးတွေ၊ Unconditional Surrender (ချွင်းချက်မရှိ လက်နက်ချရေး) ဆိုတဲ့ စကားလုံးတွေ။
ဒုတိယကမ္ဘာစစ်မှာ သေကြတဲ့ လူဦးရေ အရေအတွက်က အရပ်သားတွေ ပိုများ။ သန်း ၇၀ လောက် သေကြတယ်တဲ့။
ဆိုဗီယက် ယူနီယံက ၂၇ သန်း
တရုတ် ၂၀ သန်း
ဂျာမန် + ဂျပန် ၁၀ သန်း
ဂျုး ၆ သန်း
ဗြိတိန် + အမေရိကန် ၁ သန်း တဲ့။
ဒုတိယကမ္ဘာစစ်နောက်ခံနဲ့ဆိုင်တဲ့ ရုပ်ရှင်တွေထဲမှာဆို Saving Private Ryan တို့ Schindler's List, The Pianist, Jojo Rabbit, Malèna အဲဒါတွေကိုလည်း သိထားကြမယ် ထင်တယ်။ နောက် စာအုပ်တွေထဲမှာဆိုလည်း Anne Frank ဒိုင်ယာရီလို ရှိမယ်။
မြန်မာစာအုပ်တွေထဲမှာဆို ငယ်ငယ်က ဖတ်ဖူးတဲ့။ လင်းယုန်သစ်လွင် ရေးတဲ့ သေမင်းတမန် (ယိုးဒယား - မြန်မာ) မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း စာအုပ်က တော်တော် ကြောက်စရာ ကောင်းတယ်။ သူတို့ ချွေးတပ်အဆွဲခံရတဲ့သူတွေကို ဂျပန်တွေကို ဘယ်လို ညှင်းပန်းနှိပ်စက်ကြပြီး ရထားလမ်း ဖောက်ခိုင်းကြတယ်ဆိုတဲ့အကြောင်း ပြန်ရေးပြထားတာ။
ဂျပန်ခေတ် အကြောင်း ပြန်ရေးထားကြတဲ့ တခြားအုပ်တွေလည်း ရှိပါဦးမယ်။ ထားပါတော့။
World.War.II.With.Tom.Hanks.S01E18 Last Days of the Reich.mkv151.59 MB
World.War.II.With.Tom.Hanks.S01E14 Long Road to Tokyo.mkv162.23 MB
World.War.II.With.Tom.Hanks.S01E12 Battle for the Skies.mkv154.94 MB
