Readerless Poetry Ebook Sharing
Відкрити в Telegram
7 566
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 день
Архів дописів
ချယ်နယ်ကိုလည်း မဖျက်ဘဲ၊ private channel လည်း မလုပ်ဘဲ ဒီအတိုင်းပဲ ဆက်ထားထားလိုက်ပါမယ်။
chat group ကိုတော့ နောက်ကျရင် ပိတ်ထားလိုက်ပါမယ်။ မဟုတ်ရင် spam, scam messages တွေ လာလာပို့ကြတာ များလို့ပါ။
အရင်ကတည်းက ခုချယ်နယ်ကို နားဖို့ တွေးထားတာတော့ ကြာပါပြီ။ ဒါမဲ့ နှစ်တိုင်း စာပေဆိုင်ရာ နိုဘယ်ဆု ပေးကြတဲ့အချိန်တိုင်း ပြန်ပေါ်လာမိလိုက်၊ ပျောက်သွားလိုက်နဲ့ပါပဲ။
တကယ်က ကိုယ် တကယ်သာ ဖတ်ချင်တယ်ဆိုရင် စာအုပ်တွေ ရှာဒေါင်းရတာ ခက်လားဆိုရင် အဲ့လောက်လည်း မခက်ပါဘူး။ ကျနော် ဒေါင်းလေ့ရှိတဲ့ website တွေလည်း ဒီထဲမှာ ခဏခဏ ပြောပြဖူးပါတယ်။ ဒီထဲတွေထဲမှာ လတ်တလော အသစ်ထွက်ထားတဲ့ စာအုပ်တွေကလွဲရင် ကျန်တဲ့ စာအုပ်တွေ မရှိဘူးဆိုတာ ရှားပါတယ်။ ဒါက တစ်ကြောင်းပါ။
ပြီးတော့ ခုချယ်နယ်ထဲမှာ ပို့ထားခဲ့တဲ့ စာအုပ်ပေါင်း ၅၀၀၀ နီးပါးလောက်ဆိုတာလည်း ကြုံရာစာအုပ်တွေကို ဖြစ်သလို ပို့နေတာမျိုး မဟုတ်ဘဲ နိုဘယ်ဆုရ စာရေးဆရာတွေ၊ စာအုပ်တိုက်တွေက ထုတ်ဝေတဲ့ စာအုပ်အမျိုးအစားအလိုက်တွေ စုစည်းထုတ်ဝေထားတာတွေ ပို့ထားတာဆိုတော့ တကယ်တမ်း သေချာဖတ်မယ်ဆို ဖတ်လို့ မကုန်နိုင်တဲ့ ပမာဏ မို့လို့ပါ။
နောက်တစ်ခုက ဟိုတခါက ပြောသလိုပဲ copyright ကိစ္စတွေနဲ့ပါ။ ဟိုတလောက တယောက် ရေးတင်ဖူးတာ တွေ့မိလိုက်တယ်။ ဘာမှ မတတ်နိုင်တဲ့လူတွေမို့လို့ အလကားယူဖတ်နေတာ တရားတယ် ဆိုပြီးတော့လား မသိပါဘူး။ အဲ့လို အယူအဆမျိုးတော့ မကြိုက်ပါဘူး။
ဘာနေနေ စာအုပ်ထုတ်ဝေရေးတိုက်တွေက ဘယ်လိုပဲ အမြတ်ထုတ်တယ် ဆိုဦးတော့ စာရေးဆရာတွေက ဒီလို စာအုပ်တစ်အုပ် ထွက်လာဖို့ ပေးခဲ့ရတဲ့အချိန်တွေ၊ သူတို့ အားစိုက်ထုတ်ထားရတဲ့ ခွန်အားတွေလည်း ရှိပါသေးတယ်။ အဲဒါတွေက လွယ်လွယ်ရလာတာမျိုးလည်း မဟုတ်ပါဘူး။ အဲဒါတွေကို အလကားရနေလို့ ဘာမှ အရေးမကြီးသလို လုပ်ကြတာမျိုးကျ ကိုယ့်ဘာသာလည်း လိပ်ပြာမလုံတာရောမို့လို့ပါ။
မြန်မာစာအုပ်တွေကို အဲ့လိုတွေ ebook လုပ်ထားတာတွေလည်း ကိုယ်လည်း အရင်က ဖတ်ခဲ့တာပါပဲ။ ကိုယ် ဝယ်ဖို့ အဆင်ပြေလာတော့လည်း ဝယ်ဖတ်တာပါပဲ။
အဲ့လို လုပ်ကြတဲ့အထဲ အရင်က ထုတ်ခဲ့တဲ့၊ ရှယ်ဖူးခဲ့ကြတဲ့ စာအုပ်တွေကတော့ ထားပါတော့၊ ခုနောက်ပိုင်း ထွက်လာတဲ့ စာအုပ်တွေကို စာရေးသူတွေရဲ့ ခွင့်ပြုချက် မရှိဘဲ ဖြန့်ဖြူးဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမျိုးကျ (ကိုယ်တိုင်လည်း စာရေးဆရာ ဖြစ်လာတာမို့လို့လား မသိ) ခံစားလို့ မရတော့ပါဘူး။
တကယ်တမ်းဆို မြန်မာစာအုပ် တစ်အုပ်ဆိုတာ အုပ်ရေ ၅၀၀ ထုတ်ရင်တောင် မကုန်တာ နှစ်ချီကြာပါတယ်။ ထားပါတော့ ဒါကတော့ ခုကာလ အခြေအနေမျိုးတွေမို့လို့လည်း ပါမှာပေါ့လေ။ အဲဒါမို့ အရင်ကတည်းက စာရေးဆရာတွေ၊ စာအုပ်တိုက်တွေကို အားနာလို့ ဒီချယ်နယ်ထဲမှာ မြန်မာစာအုပ်တွေ မပို့ခဲ့တာပါ။
ဒီလို အကြောင်းကြောင်းတွေနဲ့ ခုနောက်ပိုင်းဆို စာအုပ်တစ်အုပ်ပို့ဖို့ အတော်လေး စဉ်းစားမိနေတာနဲ့ ဆက်မပို့တာကပဲ ကောင်းမယ်လို့ တွေးမိလို့ပါ။
ချယ်နယ်ကို မဖျက်ဘဲ private channel လုပ်လိုက်ရင် တင်ထားတဲ့ ဖိုင်တွေကို ယူ save လို့ မရတော့တာမျိုးတော့ ဖြစ်မလား မသိ။ နောက်ကျရင်တော့ အဲ့လို လုပ်သွားဖို့ ရှိပါတယ်။ အဲဒါလေး အကြောင်းကြားချင်လို့ပါ။ ဒီချယ်နယ် မရှိတော့ပေမဲ့လည်း ဖတ်ချင်တဲ့သူကတော့ ကိုယ့်ဘာသာ လိုက်ရှာဖွေ ဖတ်နေမှာပါပဲ။
ချယ်နယ်စလုပ်ကတည်းက အခုအချိန် လေးနှစ်ကျော်လောက်အထိ တကူးတက လာပြောပြီး ကျေးဇူးတင်ခဲ့ကြသူတွေ၊ comment ထဲမှာ အားပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ရကြောင်းပါ။
အားလုံး စာတွေ အများကြီး ဆက်ဖတ်နိုင်ကြပါစေ ။ ။
The_Rise_and_Fall_of_Rational_Control_The_History_of_Modern_Political.pdf2.44 MB
+1
The Rise and Fall of Rational Control: The History of Modern Political Philosophy
Harvey C. Mansfield
This book is based on lectures from the Harvard University course History of Modern Political Philosophy (Government 1061), delivered in alternate years from 1968 to 2022. It is dedicated to those who could not or did not take the course.
ဒါက ချယ်နယ်ထဲမှာ ပို့ထားပေးပြီးသား Delphi Classics စာအုပ်တွေပါ။ ဟိုတစ ဒီတစ ဖြစ်နေတဲ့ အုပ်တွေကိုတော့ ချယ်နယ် Search ထဲမှာ Delphi Classics လို့ ရိုက်ရှာကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။
https://t.me/readerlesspoetrybook/3354
တစ်အုပ်၊ တစ်အုပ်ကို စာမျက်နှာပေါင်း ထောင်ကျော်ဆိုတော့ အေးဆေးဖတ်ကြပါဦး။
+9
ကိုယ့်ကိုယ်ကိုယ် စာတွေ အများကြီးဖတ်၊ စာရေးဆရာတွေ အများကြီးကို သိတယ်လို့ ထင်နေပေမဲ့ Delphi Classics ထဲက စာရေးဆရာတွေကို သွားကြည့်ရင် မသိသေးတာတွေ အများကြီးပဲ။ အဲ့လို သိလိုက်ရတဲ့အချိန်ကျရင် မာန်တက်ချင်တယ်ဆိုလည်း ကျသွားတာပေါ့လေ :3
မနေ့က ပြောသလို ပရင်စတန်တက္ကသိုလ်က တစ်နှစ်တည်း ထုတ်ဝေတဲ့ စာအုပ်ပေါင်းတောင် ၆၀၀ လောက် ရှိတာကို အကုန်လုံးကိုတော့ ဘယ်သိနိုင်တော့မလဲ။
အခုက ထပ်တွေ့မိတဲ့ Delphi Classics ထဲက စာရေးဆရာတွေရဲ့ complete works, collected works စာအုပ်တွေပါ။ အကုန်လုံး ပြည့်စုံအောင်တော့ လိုက်မစုထားနိုင်တော့ပါဘူး။ ဖတ်ချင်တဲ့အခါကျမှ လိုက်ရှာပြီးပဲ ဖတ်ပါတော့မယ်။
ခုကတော့ ချယ်နယ်ထဲကသူတွေလည်း ဖတ်ချင်ဖတ်ရအောင်လို့ ထပ်တွေ့မိတာတွေကို ပို့ထားလိုက်တာပါ။
+1
Albert Camus ဒီစာအုပ်နှစ်အုပ်စလုံးက မနှစ် (၂၀၂၅) တုန်းကမှ ထွက်ထားတာပဲ။ နှစ်အုပ်စလုံးလည်း စာမျက်နှာ ထောင်ကျော်ပဲ။
Delphi Classics စီးရီးစာအုပ်တွေက စာရေးသူ၊ အနုပညာရှင် တစ်ယောက်ချင်းစီရဲ့ လက်ရာတွေ အစအဆုံး အားလုံးနီးပါးလောက်ကို စုစည်းထားတာမျိုး။ သူ့ရဲ့ တခြားစာအုပ်တွေ အများကြီးကို ခုချယ်နယ်ထဲမှာ ပို့ထားပေးပြီးသား ရှိပါတယ်။
Camus ရဲ့ Notebooks တွေက အရင်က PDF ဗားရှင်းနဲ့ အရင်တုန်းက ထုတ်ထားတဲ့ မူပဲ ရှိခဲ့ပေမဲ့ အခုကျမှ မူအသစ် ပြန်ထွက်လာတာလို့ ပြောလို့ ရတယ်။ သူ့ရဲ့ တခြား လက်ရာတွေ အကုန်အစင်နီးပါးလည်း ဒီထဲမှာ ပို့ထားပေးပြီးသား ရှိပါတယ်။
အခုကတော့ အသစ်ထပ်ထွက်လာတဲ့ Albert Camus ရဲ့ လက်ရာနှစ်အုပ်ပေါ့။ ဖတ်ချင်ကြသူတွေအတွက်ပါ။
ဒါက ရှာတွေ့ထားတဲ့၊ ဖော်မတ်ကောင်းကောင်းနဲ့ အဆင်ပြေပြေ ဖတ်လို့ ရတဲ့၊ ကျနော့်မှာ ရှိတဲ့ DK Life Stories စာအုပ်တွေပါ။
+9
ဟိုးတစ်ခါက Jane Goodall ရဲ့ စာအုပ်တွေ ပို့ပေးရင်း DK Life Stories တွေလည်း ရှာပို့ပေးဦးမယ်လို့ ပြောဖူးထားလို့ အခုလိုက်ရှာကြည့်တာ ခုစာအုပ်တွေ တွေ့လို့ ထပ်ပို့လိုက်တာပါ။
သူတို့ရဲ့ ဘဝအကြောင်းတွေကို သရုပ်ဖော်ပုံတွေ အများကြီးနဲ့ဆိုတော့ ဖတ်ရတာလည်း လွယ်ပါတယ်။ ကလေးတွေရော၊ ခုမှ အင်္ဂလိပ်စာ စဖတ်ကြမယ့်သူတွေအတွက်ရော အဆင်ပြေမယ် ထင်တယ်။
ကိုယ့်ဘာသာက လူတွေအကြောင်းတွေ၊ သူတို့ဘဝမှာ ကောင်းတာလုပ်တာတွေ ရှိခဲ့သလို အမှားအယွင်းတွေ၊ ပေါက်ကရ လုပ်ခဲ့မိတာတွေ ရှိနိုင်တာပဲလို့ တွေးထားတော့ လူတစ်ယောက်အကြောင်း အမွှမ်းတင်ပြီး အများကြီး ရေးထားတဲ့ စာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဒါမဲ့ ဆိုးတဲ့လူတွေ အများကြီးကြားထဲမှာ ကောင်းတဲ့လူတွေရဲ့ ကောင်းတာလေးတွေ သိရတော့လည်း မိုက်မှာပါပဲ။
စိတ်ဝင်စားရင် ဖတ်ကြည့်ကြဖို့ပါ၊
+1
ပြီးတော့ ဒီစာအုပ်က မောင်သာနိုး ဘာသာပြန်ထားတဲ့ ဆိုဖီရဲ့ ကမ္ဘာ မူရင်းစာအုပ်ပါ။ ချယ်နယ်ထဲ မပို့ရသေးလို့ အခု ပို့လိုက်တာ။ နောက်မှ Jostein Gaarder ရဲ့ တခြားစာအုပ်တွေလည်း ထပ်ရှာပြီး ပြန်ပို့ပေးပါဦးမယ်။
နှစ်အုပ် ဖြစ်နေတာ အဖုံးမတူလို့ မူမတူဘူးထင်လို့ နှစ်မျိုး ပို့ထားတာပါ။ နှစ်အုပ် ရှိတာ မဟုတ်ပါဘူး။ ကျနော်က မြန်မာလိုရော အင်္ဂလိပ်လိုရော မဖတ်ဖူးသေးပါဘူး။
